← Chapters

သန္ဓေသားကျောက်စိမ်းတံဆိပ်ပြား

Vol. 13 Ch. 193

သန္ဓေသားကျောက်စိမ်းတံဆိပ်ပြား

Vol. 13 Ch. 193

စိတ်ဝိညာဥ်တစ်ရာဆေးလုံးတစ်လုံးကို တစ်သောင်းနှင့်ရောင်းချနိုင်ခဲ့၏။

ထို့ကြောင့် ပြန်လည်ရှင်သန်ဆေးက ဘယ်နည်းနှင့်မှ ထိုထက်မနည်းနိုင်ပေ။

အဆုံးမှာတော့ သူက လျိုချင်းရှန်ကို ၁၀ လုံး ပေးခဲ့တာဖြစ်သည်။

ချန်းလျိုယွဲ့ သလင်းကျောက် လေးသောင်းခုနှစ်ထောင့်ငါးရာ ယူလာမှုနှင့်အတူ...

ယခု သူ့လက်ထဲ၌ သလင်းကျောက် ခြောက်သောင်းသုံးထောင်လောက်ရှိပြီဖြစ်သည်။

(ဒီနားမှာခြောက်သိန်းဖြစ်နိုင်တယ်ဗျ။ ဂဏန်းတွေကမှားနေတာ။ဖြည့်တွေးလိုက်ကြပါဗျ။)

သူလိုချင်သည့်အရာတွေကို လေလံဆွဲဖို့ လုံလောက်၏။

ထိုအခိုက်အတန့်၌....

စုရှန်ချွမ်း စင်ပေါ်ကို တည်ငြိမ်စွာတက်လာခဲ့သည်။

သူလက်ထဲ၌ ကျောက်စိမ်းသေတ္တာတစ်ခု ကိုင်ထားခဲ့ပြီး မျက်နှာပြင်၌ ချိပ်ပိတ်အဆောင်စာရွက် ၇ခု ၈ခုလောက်ဖြင့် အပြည့်ကပ်ထားခဲ့သည်။

ကျောက်စိမ်းသေတ္တာထဲ၌ ထူးခြားသည့်တစ်စုံတစ်ခု ရှိနေသလိုပင်။

တည်ငြိမ်နေသည့်အကြီးအကဲတွေလည်း စိတ်လှုပ်ရှားလာကြ၏။

ရှင်းလင်းစွာပင်...

ထိုအရာက သူတို့လာရသည့်အကြောင်းအရင်းပင်။

စုချွမ်ရှန် အလေးအနက်ကြေညာလိုက်၏။

"ဒါဘာလဲဆိုတာ ဒီမှာရှိတဲ့အကြီးအကဲတွေ သိပြီးပြီလို့ ငါထင်တယ်...."

"ဟုတ်ပါတယ်၊ ဒါက သန္ဓေသားအဆင့်ရဲ့တိုက်ခိုက်မှုထုတ်လုပ်နိုင်တဲ့ သန္ဓေသားကျောက်စိမ်းတံဆိပ်ပါ...."

"ငါတို့ရဲ့စမ်းသပ်မှုတွေအရတော့ ဒါရဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေက အတော်မှိန်ဖျော့နေပြီး အတိတ်ကလောက် အားမကောင်းတော့ပါဘူး...."

"ဒါပေမယ့် သန္ဓေသားဖွဲ့ခြင်းအဆင့် ၁ ရဲ့ စွမ်းအားတော့ကျန်ပါသေးတယ်...."

"ဒါက ဘာလဲဆိုတာ ငါ ရှင်းပြစရာမလိုလောက်တော့ပါဘူး...."

ဝှစ်!

ဂျန်ဖန်း ရုတ်ချည်း ထရပ်လိုက်၏။

လျိုချင်းရှန်လည်း အံ့အားသင့်စွာမတ်တပ်ရပ်လိုက်ပြီး မှန်သားပြင်နားကိုကပ်သွားလိုက်သည်။

သူမ၏နူးညံ့သည့်မျက်နှာလေးက အံ့အားသင့်မှုတွေအပြည့်ပင်။

"သန္ဓေသားကျောက်စိမ်းတံဆိပ်..."

"ဒီကျောက်စိမ်းပြားနဲ့ဆိုရင် ဂိုဏ်း ၉ ဂိုဏ်းနယ်မြေမှာ ဘယ်သူက ခုခံနိုင်မှာလဲ...."

"ဂိုဏ်း ၉ ဂိုဏ်း ဂိုဏ်းချုပ်တွေတောင် သေဘေးကနေ မလွတ်မြောက်နိုင်ဘူး...."

"ဒီလိုပစ္စည်းမျိုးလေလံတင်လို့ ဂိုဏ်း ၉ ဂိုဏ်းကြား ဖရိုဖရဲဖြစ်သွားမှာ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက မကြောက်ဖူးလား...."

ဂျန်ဖန်းလည်း အတော်လေး အံ့သြတုန်လှုပ်နေခဲ့သည်။

ဤလေလံပွဲက ဂိုဏ်းကြီးတွေ၏စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ဆွဲဆောင်နေတာ အံ့သြစရာမရှိတော့ပေ။

လက်စသတ်တော့ ဤကဲ့သို့မယုံနိုင်လောက်သည့်ပစ္စည်းမျိုးဖြစ်နေတာပဲဖြစ်သည်။

သူ့မျက်လုံးထဲ၌ လိုချင်တပ်မက်မှုတွေ တောက်လောင်လာခဲ့သည်။

သူမှာသာ ထိုအရာရှိလျှင် သားရဲလှိုင်းကို ကြောက်စရာလိုနေတော့မည်မဟုတ်ပေ။

သူ၏ သလင်းကျောက် ခြောက်သိန်းသုံးသောင်းကို ရေတွက်လိုက်ပြီး ဂျန်ဖန်း မနေနိုင်ပဲ အကြီအကျယ်မျက်မှောင်ကြုတ်သွား၏။

ဤပမာဏက မလုံလောက်သေးပေ။

စုရှန်ချွမ်း အဖက်ဖက်မှ တုန့်ပြန်မှုကြောင့် အတော်လေးကျေနပ်နေခဲ့သည်။

သူက အသံမြင့်ပြီး ကြေညာလိုက်၏။

"သန္ဓေသားကျောက်စိမ်းတံဆိပ်- ကောင်းကင်အဆင့်လေလံပစ္စည်း...."

"ကြမ်းခင်းလေလံဈေး, တစ်သောင်း....."

"ငါတို့ဧရာမဂိုဏ်းက ငါးသောင်းနဲ့လေလံဆွဲတယ်...."

ဧရာမဂိုဏ်း၏လေလံဆွဲမှုက သိုင်းပညာမိသားစုတွေ၏မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည့် ဟောကိန်းတစ်ခုလိုပဲဖြစ်သည်။

သို့ပေမယ့် ဤနေရာမှာရှိနေသည့်အကြီအကဲအားလုံးက သူတို့ဂိုဏ်းတွေ၏ အမိန့်ကြောင့် ရှိနေကြတာဖြစ်သည်။

သူတို့က ဤပစ္စည်းကိုရဖို့ ဆုံးဖြတ်ထားကြ၏။

ကျောက်စိမ်းတံဆိပ်ကိုပိုင်ဆိုင်သည့်မည်သူမဆို ဂိုဏ်းအတွက်ပြိုင်ဘက်ကင်းလက်နက်တစ်ခုဖြစ်လာမှာပဲဖြစ်သည်။

ထိုအချိန်မှစ၍ အခြားမည်သည့်ဂိုဏ်းမှ သူတို့ကို ရန်စရဲတော့မည်မဟုတ်ပေ။

မဟုတ်လျှင် တံဆိပ်မှ တိုက်ခိုက်မှုတစ်ခုက ဂိုဏ်းချုပ်တစ်ယောက်ကို ဇန်ကြွသွားစေမှာပဲဖြစ်သည်။

"အသင်္ချေဓားဂိုဏ်း- ခြောက်သောင်း...."

"စိတ်ဝိညာဥ်သားရဲဂိုဏ်း- ခုနှစ်သောင်း...."

"မြင့်မြတ်ဂိုဏ်း- ရှစ်သောင်း...."

.....

လေလံဆွဲခြင်းက ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ဂျန်ဖန်း ခါးသီးစွာပြုံးလိုက်သည်။

သလင်းကျောက် ခြောက်သောင်းက လုံလောက်ဖို့ အတော်လိုသေး၏။

ဂိုဏ်း ၉ ဂိုဏ်း သဘောကျသည့်တစ်စုံတစ်ခုကို ယှဥ်ပြိုင်ဖို့က သူလို့ တပည့်တစ်ယောက်တတ်နိုင်တာကို ကျော်လွန်နေခဲ့သည်။

အဆုံးမှာ, ဧရာမဂိုဏ်းအကြီးအကဲက သလင်းကျောက် နှစ်သိန်းဆိုသည့် အံဖွယ်လေလံဆဈေးကို အော်ပြောလိုက်သည်။ ထိုအရာက ကတိုက်ကရိုက်လေလံဆွဲသူတွေကို ရပ်တန့်သွားစေခဲ့သည်။

လျိုချင်းရှန် အံ့အားသင့်သွား၏။

"နှစ်သိန်း, ငါတို့တိမ်စိမ်းဂိုဏ်းရဲ့ နှစ်စဥ်ကုန်ကျစရိတ်တောင် နှစ်သိန်းမရှိဘူး...."

"ဧရာမဂိုဏ်းက အမှန်တကယ်ပဲ အကုန်ပုံအောလိုက်တာပဲ...."

ဂျန်ဖန်း မှတ်ချက်ပြုလိုက်၏။

"သန္ဓေသားကျောက်စိမ်းတံဆိပ်၊ နှစ်သိန်းကတန်ပါတယ်။ လုံးဝမများပါဘူး...."

"ဒီကျောက်စိမ်းတံဆိပ်သာလက်ထဲမှာရှိရင် ဧရာမဂိုဏ်းပြန်ရမဲ့အကျိုးကျေးဇူးက နှစ်သိန်းထက်အများကြီးပိုလိမ့်မယ်...."

"တွေးကြည့်လေ။ ဧရာမဂိုဏ်းက အခြားဂိုဏ်း ၈ ဂိုဏ်းနဲ့ နယ်မြေလုတဲ့အခါမှာ ကျောက်စိမ်းတံဆိပ်သာထုတ်လာရင် ဘယ်သူက ယှဥ်ပြိုင်ရဲတော့မှာလဲ....."

"ပြီးတော့ နယ်မြေတစ်ပိုင်းကရတဲ့အကျိုးကျေးဇူးက ရေရှည်မှာ နှစ်သိန်းထက်ပိုးများမှာ အသေအချာပဲ...."

"ကျောက်စိမ်းတံဆိပ်မသုံးသရွေ့ ဧရာမဂိုဏ်းက လူများစွာကို ခြိမ်းခြောက်နိုင်လိမ့်မယ်...."

ထိုရှင်းပြချက်ကိုကြားသည့်အခါ လျိုချင်းရှန် ဖုန်းဂုချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"အဲ့ဒါဆိုရင် ဘာလို့ မဟာအကြီးအကဲက ဝင်မပြိုင်ပဲနဲ့ သစ်သားရုပ်ထုကြီးလို ထိုင်နေရတာလဲ..."

အခြားဂိုဏ်း ၈ ဂိုဏ်း အပြင်းထန်ယှဥ်ပြိုင်နေကြပေမယ့် တိမ်စိမ်းဂိုဏ်းကတော့ တိတ်ဆိတ်နေခဲ့သည်။

ဂျန်ဖန်း သူ့ခေါင်းကို ခါယမ်းလိုက်သည်။

"ကျောက်စိမ်းတံဆိပ်ကို ရသွားရင် ဘယ်သူက ထိန်းသိမ်းမှာလဲ...."

"သေချာပေါက် တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်ပေါ့...."

လျိချင်းရှန် အလိုအလျောက် ပြန်ဖြေလိုက်၏။

ပြောပြီးမှသာ ဖုန်းဂုချန်း ဘာကြောင့်မယှဥ်ပြိုင်ရလဲဆိုတာ နားလည်သွား၏။

ယခု ကျောက်စိမ်းတံဆိပ်မရှိတာတောင် လျိုဝူချန်းက သူ့ကို ဖိနိပ်ထားခဲ့သည်။

ကျောက်စိမ်းတံဆိပ်သာရသွားလျှင် သူ,ဖုန်းဂုချန်း နာလန်တောင်ထူနိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် သူ့အကျိုးအတွက် တိမ်စိမ်းဂိုဏ်းကို ကျောက်စိမ်းတံဆိပ်ရခွင့်ပြုမည်မဟုတ်ပေ။

"အဲ့လူအိုကြီး, သူ့အကျိိုးအတွက် ဂိုဏ်းအကျိုးကို လျစ်လျူရှုရဲတယ်...."

ဂျန်ဖန်း ပြန်ပြောလိုက်သည်။

"ဘယ်သူက သူ့ကို လေလံဆွဲခိုင်းခဲ့တာလဲ...."

ထိုအခိုက်အတန့်၌...

ချန်းလျိုယွဲ့ ကြီးမားသည့်ဖိအားနှင့် စင်မြင့်ပေါ်တက်လာခဲ့သည်။

သူမက လေပြင်းပုလဲ၊ စမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်တို့လို ရတနာတွေကိုမှီခိုပြီး ကြီးမားသည့်လေလံဈေးပမာဏကိုရရှိခဲ့ပြီး စုရှန်ချွမ်းကို ကျော်နိုင်ခဲ့၏။

ယခု, သန္ဓေသားကျောက်စိမ်းတံဆိပ်တစ်ခုနှင့် စုရှန်ချွမ်းက တဖန်မြင့်တက်လာရုံသာမက သူမထက်တောင် သလင်းကျောက် လေးသောင်းသာသွားခဲ့သည်။

နောက်ဆုံးကျန်သည့်ပြန်လည်ကုသဆေးသုံးလုံးက အလှည့်အပြောင်းဖြစ်နိုင်လောက်မည်လား....

တုန်ယင်စွာဖြင့် သူမက ပြန်လည်ကုသဆေးသုံးလုံးကို ထုတ်ယူလိုက်သည်။

အောက်ရှိပရိတ်သတ် စိတ်ရှုပ်သွားကြ၏။

"ဒါက ဒုဥက္ကဠချန်းရဲ့ နောက်ဆုံးလေလံပစ္စည်းမဟုတ်လား...."

"ကျောက်စိမ်းတံဆိပ်လို အံဖွယ်ပစ္စည်းတစ်ခုဖြစ်မယ်လို့ထင်ထားခဲ့တာ..."

"ဆေးလုံးအချို့ပဲကို သူမက ကောင်းကင်အဆင့် လေလံပစ္စည်းလို့ပြောရဲသေးတယ်...."

"စိတ်မဝင်စားဘူး, နှုတ်ဆက်ပါတယ်...."

ထုတ်ပြပြီးပြီးချင်းပဲ...

ပရိတ်သတ် စိတ်ဝင်စားမှုရှုံးဆုံးကာ ထွက်ခွာသွားကြ၏။

ချန်းလျိုယွဲ့စိတ်လှုပ်ရှားမှု ပိုကြီးလာပြီး ချက်ချင်းမိတ်ဆက်လိုက်၏။

"ဒါက ရှေးဟောင်ကုသဆေးကိုးမျိုးထဲက တစ်ခုဖြစ်တဲ့ ပြန်လည်ရှင်သန်ခြင်းဆေးပါ...."

(ပြန်လည်ကုသဆေးကို ပြန်လည်ရှင်သန်ခြင်းဆေးလုံးလို့ပြောင်းထားပါသည်။)

"ဒီဆေးလုံးက အတွင်းအပြင်ဒဏ်ရာနှစ်လုံးပေါ်မှ အံ့ဖွယ်အကျိုးသက်ရောက်မှုရှိပါတယ်...."

သို့ပေမယ့် ပရိတ်သတ် ထူးမခြားနား ရှိနေဆဲပင်။

သူတို့က အသက်ကယ်ဆေးလုံးလိုအပ်လျှင်တောင် မည်သူကမှ မတန်မဆပေးပြီး မဝယ်ချင်ကြပေ။

တဖြည်းဖြည်း ပိုပိုများသည့်ဧည့်သည့်တွေ မတ်တပ်လာကြသည်။

အကြီးအကဲအချို့လဲ သူတို့အခန်းတွေမှ စတင်ထွက်ခွာလာကြသည်။

သို့ပေမယ့် ထိုအခိုက်အတန့်၌....

သီးသန့်ခန်းတစ်ခုထဲမှ သံသယအသံတစ်ခု ထွက်ပေါ်လာ၏။

"ပြန်လည်ရှင်သန်ခြင်းဆေးလုံး? ဒုဥက္ကဠချန်း ဒါက အဲ့ဒီဆေးလုံးဆိုတာ မင်းသေချာလား...."

"ငါတစ်ခါက ဒီဆေးလုံးအကြောင်းကို ကောင်းကင်ဘုံစက်ယန္ဒယားခန်မက ကြယ်သုံးလုံးဝိညာဥ်သခင်နဲ့ ဆွေးနွေးဘူးတယ်...."

"သူပြောတာတော့ ဒီဆေးလုံးက အင်မော်တယ်ဆေးလုံးနဲ့ယှဥ်နိုင်ပြီး ဆေးတစ်လုံးရှိတာက အသက်တစ်သက်အပိုရှိတာနဲ့ညီမျှတယ်တဲ့...."

ချန်းလျိုယွဲ့ အလျှင်အမြန် အတည်ပြုပေးလိုက်သည်။

"ဒါအမှန်ပါပဲ။ ကျွန်မတို့ဒါကို စစ်ဆေးပြီးပါပြီ။ ဒါက တကယ်ကို ပြန်လည်ရှင်သန်ခြင်းဆေးလုံးပါ..."

ရှန်ဂွမ်းရှန် စဥ်းစားလိုက်၏။

"ငါ အခုစစ်ဆေးကြည့်လို့ရမလား...."

"ပြန်လည်ရှင်သန်ခြင်းဆေးလုံး အမှန်သာဆိုရင် ဈေးမြင့်မြင့်ပေးပြီးဝယ်မှာပါ...."

ချန်းလျိုယွဲ့ နာမည်ကျော်အကြီးအကဲတစ်ယောက်က ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို အာမခံပေးမှာအား အတော်လေး စိတ်အားထက်သန်နေခဲ့သည်။

သူမ ချက်ချင်းပဲ သဘောတူလိုက်သည်။

ဤသို့ဖြင့်...

ရှန်ဂွမ်းရှန် သီးသန့်ခန်းထဲမှထွက်ကာ စင်မြင့်ပေါ်သို့တက်လာခဲ့လိုက်သည်။

ထွက်ခွာနေသည့်ဧည့်သည်တွေလည်း နာမည်ကျော်ရှန်ဂွမ်းရှန်ကို မြင်သည့်အခါ လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။

ထိုပြန်လည်ရှင်သန်ခြင်းဆေးလုံး၌ တစ်ခုခုထူးခြားတာရှိရမည်ကို သူတို့နားလည်လိုက်ကြသည်။

ထို့ကြောင့် သူတို့က ထိုင်ခုံမှာပြန်ထိုင်လိုက်ပြီး ရှန်ဂွမ်းရှန်အတည်ပြုတာကို စောင့်နေလိုက်ကြသည်။

ရှန်ဂွမ်းရှန် ကျောက်စိမ်းဓားသေးသေးလေးတစ်ခုကို ထုတ်ယူပြီး ပြန်လည်ရှင်သန်ခြင်းဆေးလုံးမှ အမှုန့်အနည်းငယ်ကို ညင်သာစွာ ခြစ်ယူလိုက်၏။

သူက လူတိုင်းကိုပြလိုက်ပြီး ပြောလိုက်သည်။

"သိုင်းပညာလမ်းကြောင်းနဲ့ ဆေးပညာလမ်းကြောင်းက မတူပေမယ့် အချို့တူတာတွေလည်း ရှိပါတယ်...."

"ငါ ကျင့်ကြံရေးတိုးမြှင့်ပေးတဲ့ဆေးလုံးတွေကို အကဲမဖြတ်ရဲပေမယ့် ကုသေးဆေးဆိုရင်တော့ ယုံကြည်မှုရှိတယ်..."

သူ့စကားတွေက လူအများကို ယုံကြည်သွားစေခဲ့သည်။

ဂိုဏ်း ၉ ဂိုဏ်းနယ်မြေမှာ ရှန်ဂွမ်းရှန်က ထိပ်တန်းအာဏာရှိသူတစ်ဦးဖြစ်သည်။

လူတိုင်း စိတ်ရှည်စွာဖြင့် စောင့်ကြည့်နေကြ၏။

ရှန်ဂွမ်းရှန် အမှုန့်ကို ဂရုတစိုက်အနံ့ခံကြည့်လိုက်သည့်အခါ သူ့မျက်နှာ၌ လက်ခံသည့်အမူအရာတွေ ပြသလာ၏။

"ရနံ့က သင်းပျံ့ပြီး ရှင်သန်ခြင်းစွမ်းအားတွေ ကြွယ်ဝနေတယ်...."

"တကယ်ကို ထူးခြားတဲ့ ကုသဆေးတစ်လုံးပဲ..."

"ဒါပေမယ့် အာနိသင်ကတော့ စမ်းသပ်ဖို့လိုနေသေးတယ်...."

ထို့နောက် သူ့လက်မောင်ကို ဆန့်ထုတ်ကာ လူတိုင်းအကြည့်အောက်မှာပဲ ဓားနှင့်ဖြတ်ချလိုက်သည်။ သူက ကိုယ့်ကိုယ် အစမ်းသပ်ခံပစ္စည်းအဖြစ် အသုံးပြုလိုက်ခြင်းပင်။

ချက်ချင်း သွေးတွေပန်းထွက်လာပြီး ဒဏ်ရာက အရိုးထိအောင်နက်၏။

ရှန်ဂွမ်းရှန် နာကျင်မှုကို တောင့်ခံပြီး အမှုန့်ကို အနာပေါ်ဖြူးလိုက်၏။

ထို့နောက် လူတိုင်းကို မတ်တပ်ရပ်သွားစေသည့်မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့သည်။

သူတို့မျက်နှာတွေက အံ့သြတုန်လှုပ်မှုတွေနှင့် ပြည့်နှက်နေကြ၏။

သူတို့က သူတို့မျက်စိရှေ့မှာဖြစ်ပျက်နေသည့်အရာကို မယုံနိုင်ဖြစ်နေကြသည်။

All Chapters