အကြပ်ကိုင်ခြင်း
Vol. 13 Ch. 194
မြင်လိုက်ရတာက....
နတ်ဆေးဆရာရှန်းဂွမ်လက်မောင်းရှိ အရိုးထိနက်သည့်ဒဏ်ရာက ဆေးမှုန့်အနည်းငယ်ဖြူးပြီးနောက် ထူးဆန်းစွာပဲ စတင်ပျောက်ကင်းလာခဲ့သည်။
အသက်ရူစာဆယ်ရိုက်အတွင်း အနာကလုံးဝပြန်ကောင်းသွားပြီး အမာရွတ်တစ်ခုတောင် မကျန်တော့ပေ။
နတ်ဆေးဆရာရှန်ဂွမ်း စိတ်လှုပ်ရှားနေ၏။
"အပြင်ပိုင်းဒဏ်ရာ ဆေးကြောင့်သွေးတိတ်သွားပြီ။ ဒါ တကယ့်ကို ပြန်လည်ရှင်သန်ခြင်းဆေးလုံးပဲ...."
"ကောလဟာလတွေက လုံးဝမမှားဘူးပဲ...."
လူတိုင်းမျက်လုံးတွေ တောက်လောင်လာခဲ့၏။
"ဒီစိတ်ဝိညာဥ်ဆေးလုံးက အရမ်းအံ့အားသင့်ဖို့ကောင်းတာပဲ။ ဒီလိုဒဏ်ရာမျိုးကို တကယ်ပဲ ချက်ချင်းပြန်ကောင်းသွားစေတယ်...."
"မင်းမှာသာတစ်လုံးရှိရင်, နတ်ဆိုးသားရဲတွေရဲ့လက်သည်းနဲ့ အစွယ်တွေကို ကြောက်စရာမလိုတော့ဘူး...."
"ဒီဆေးလုံးကတကယ်ပဲ ကောင်းကင်အဆင့် လေလံပစ္စည်းဖြစ်ဖို့ ထိုက်တန်တယ်...."
သို့ပေမယ့်...
ဤအရာက အဆုံးမဟုတ်သေးပေ။
နတ်ဆေးဆရာရှန်ဂွမ်း အစိမ်းရောင်စိတ်ဝိညာဥ်ဆေးသုံးလုံးကိုကြည့်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ပြန်လည်ရှင်သန်ခြင်းဆေးလုံးက ပြင်ပဒဏ်ရာတွေတင်ပျောက်ကင်းစေတာမဟုတ်ဘူး။ ကျိုးသွားတဲ့အရိုးတွေကိုလည်း နေ့ဝက်အတွင်း ပြန်ဆက်နိုင်ပြီး အတွင်းဒဏ်ရာတွေကိုလည်း ပြန်ကောင်းစေတယ်...."
"ဘယ်လိုဒဏ်ရာမျိုးမဆို အချိန်တိုအတွင်း ပြောက်ကင်းစေနိုင်တယ်...."
"သားရဲလှိုင်းနဲ့ရင်ဆိုင်ရင် ဒီလိုဆေးတစ်လုံးရှိတာက အသက်ပိုတစ်သက်ရှိနေတာနဲ့ အတူတူပဲ...."
ချန်းလျိုယွဲ့ အံ့အားသင့်သွား၏။
ပြန်လည်ရှင်သန်ခြင်းဆေးလုံးအာနိသင်က ဤလောက်ထိကောင်းကင်ဆန့်ကျင်နေမယ်လို့ သူမမမျှော်လင့်ထားပေ။
ပရိတ်သတ်၏ တက်ကြွတောက်လောင်နေသည့်မျက်လုံးတွေကို မြင်သည့်အခါ ချန်းလျိုယွဲ့ အသက်ပြင်းပြင်းရူကာ ပြောလိုက်သည်။
"စမ်းသပ်ပေးလို့ ကျေးဇူးတင်ပါတယ်, နတ်ဆေးဆရာရှန်ဂွမ်း...."
"ကျွန်မဒီဆေးရဲ့ကြမ်းခင်းဈေးကို အထူးတလည်ပြင်ဆင်မထားပါဘူး..."
"လေလံစဆွဲလို့ရပါပြီ။ ကြမ်းခင်ဈေးကတော့..... လွတ်လွတ်လပ်လပ် လေလံဆွဲနိုင်ပါတယ်...."
ဈေးမခေါ်တာက ပုံမှန်အတိုင်း ပစ္စည်း၏တန်ဖိုးက အလွန်မြင့်မားနေသောကြောင့်ပင်။
အသေအချာပင်....
တစ်စုံတစ်ယောက်က ချက်ချင်းပဲ နှစ်သောင်း ဈေးပေးလိုက်၏။
သို့ပေမယ့် ထိုအရာက အစသာရှိသေး၏။
ဂိုဏ်းအသီးသီးက သူတို့၏ပါရမီအရှိဆုံးတပည့်တွေကို မသေစေချင်ကြပေ။
ထို့ကြောင့် သူတို့အားလုံးက ဈေးကြီးတာကို ထည့်တွက်နေမည်မဟုတ်ပေ။
အဆုံးမှာတော့...
အသင်္ချေဓားဂိုဏ်းက ပြန်လည်ရှင်သန်ခြင်းဆေးလုံး သုံးလုံးကို သလင်းကျောက်ခြောက်သိန်းဖြင့် ရရှိသွား၏။
ကောင်းကင်ထိမြင့်မာသည့်ဈေးနှုန်းပင်။
သိထားရမည်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်သည့် လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်တောင် သလင်းကျောက်ငါးသိန်းသာရ၏။
ထိုအရာက သားရဲလှိုင်းနှင့်မျက်နှာချင်းဆိုင်ရာ၌ အသက်ကယ်ပစ္စည်းတွေ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ပြသနေတာပဲဖြစ်သည်။
ကျောက်စိမ်းထိုင်ခုံမှာထိုင်နေသည့် လျိုချင်းရှန်လက်ထဲရှိ လက်ဖက်ရည်ခွက် ရုတ်တရက် လွတ်ကျသွားကာ အပိုင်းပိုင်းကွဲကျေသွားခဲ့သည်။
သူမ နားမလည်နိုင်ဖြစ်နေ၏။
မျက်နှာက အံ့အားသင့်မှုတွေအပြည့်ပင်။
"ဆေးတစ်လုံးကို နှစ်သိန်း..."
သူမက အလျှင်အမြန်ပဲ ပြန်လည်ရှင်သန်ခြင်းဆေးပုလင်းကိုထုတ်ယူကာ ဂရုတစိုက်ရေတွက်လိုက်၏။ စုစုပေါင်း ၁၀ လုံးပင်။
ထိုအရာက တစ်ပုလင်းလုံးဆို သလင်းကျောက် နှစ်သန်းဟု ဆိုလိုနေသည်မလား....
"ဂျန်ဖန်း, နင်... ငါ... ငါလက်မခံနိုင်ဘူး...."
သူမလက်က ထိုကျောက်စိမ်းပုလင်းကို နောက်ထပ်ကိုင်မထားနိုင်တော့ဘူးဟု ခံစားလိုက်ရ၏။
"ဒါက တန်ဖိုးကြီးလွန်းတယ်...."
ဂျန်ဖန်း ပေါ့ပေါ့ပါးပါးရယ်လိုက်သည်။
"ဒါက အရာဝတ္ထုတစ်ခုပါပဲ..."
"ဘယ်လောက်ပဲတန်ဖိုးကြီးကြီး, ဘယ်လိုလုပ်ပြီး စီနီယာအမနဲ့ယှဥ်လို့ရမှာလဲ...."
လျိုချင်းရှန် နှလုံးသား လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
ထိုအရာက သလင်းကျောက်နှစ်သန်းတောင် တန်တာဖြစ်သည်။
သို့ပေမယ့် ဂျန်ဖန်းမျက်လုံးထဲ၌ သူမလောက်တန်ဖိုးမရှိပေ။
တန်ဖိုးထားခံရသည့်ခံစားချက်က သူမစိတ်ထဲမှာ ထွက်ပေါ်လာခဲ့သည်။
"ဒါပေမယ့် ငါဘယ်လိုပြန်ပေးရမှာလဲ...."
ကျောက်စိမ်းပုလင်းကိုကိုင်ထားပြီး လျိုချင်းရှန် လေးလံမှုကို ခံစားလိုက်ရသည်။
ဂျန်ဖန်း ညင်သာစွာပြုံးလိုက်သည်။
"စီနီယာအမ နားလည်မှုလွဲနေပြီ...."
"ငါကသာ အမကို ပြန်ပေးသင့်တာပါ...."
"ဂိုဏ်းကိုစရောက်ကတည်းက စီနီယာအမက ကျွန်တော့်ကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တယ်။ ကျွန်တော်တကယ် ကျေးဇူးတင်နေခဲ့တာပါ..."
"ဒီလိုအန္တရာယ်များတဲ့သားရဲလှိုင်းမှာ ကျွန်တော်တို့နှစ်ယောက်လုံး သေသွားနိုင်တယ်..."
"အမကို ဒီဆေးလုံးတွေပေးတာက ကျွန်တော့ကျေးဇူးတင်မှုရဲ့ သင်္ကေတပါ..."
"ကျွန်တော်တို့နှစ်ယောက်လုံး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ကောင်းပြန်လာနိုင်တာပေါ့..."
ထိုအရာကိုကြားသည့်အခါ...
လျိုချင်းရှန် ပိုလိုတောင် ခံစားသွားရ၏။
အမှန်ပင်။ ဤသားရဲလှိုင်းက အတော်လေးကြီးမား၏။
ဂိုဏ်း ၉ ဂိုဏ်းတောင် လွတ်မြောက်ဖို့ မသေချာပြီး လူတိုင်း အသက်ရှင်လျက် ပြန်လာနိုင်မှာမဟုတ်ပေ။
သူမနှင့် ဂျန်ဖန်း နောက်ဘယ်တော့မှမတွေ့ရတော့ဘူးဆိုတာကိုတွေးပြီး ဝမ်းနည်းသည့်ခံစားချက်တစ်ခု သူမရင်ထဲမှာ ထွက်ပေါ်လာခဲ့သည်။
သူမ၏အနီရောင်နှုတ်ခမ်းလေးကို ညင်သာစွာကိုက်ပြီး ရုတ်တရက်ပြောလိုက်သည်။
"ငါလည်းနင့်ကို လက်ဆောင်တစ်ခုပေးမယ်။ မျက်လုံးမှိတ်လိုက်...."
အို?...
တကယ်?....
ဂျန်ဖန်းပြုံးလိုက်ပြီး သူ့မျက်လုံးတွေကို မျှော်လင့်တကြီးပိတ်လိုက်သည်။
ထို့နောက် သင်းပျံသည့်လေပြေတစ်ခု တိုက်ခတ်သွားပြီး သူ့နှုတ်ခမ်းတွေကို ပျော့ပျောင်းစိုစွတ်သည့်နှုတ်ခမ်းနှစ်ခုက ထိတွေ့လာခဲ့သည်။
မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ လျိုချင်းရှန်၏လှပသည့်မျက်နှာက သူ့ရှေ့မှာရောက်နေခဲ့သည်။
ပျော့ပျောင်းသည့်နှုတ်ခမ်းနှစ်ခုက ထိတွေ့ပြီး ခွဲခွာသွားခဲ့သည်။
ဂျန်ဖန်း လျိုချင်းရှန်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီး သူ့စိတ်က လုံးဝဗလာကျင်းနေခဲ့သည်။
လျိုချင်းရှန်မျက်နှာ နီရဲနေပြီး ကြည်လင်သည့်မျက်လုံးတွေထဲ၌ ရှက်ရွံ့မှုတွေ အပြည့်ပင်။
ပုံမှန်အားဖြင့် ရှင်းရှင်းလင်းလင်းစကားပြောနိုင်သည့် သူမက ယခုမှာတော့ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေခဲ့သည်။
သူမအနီရောင်နှုတ်ခမ်းတွေ အကြိမ်များစွာပွင့်လာပေမယ့် စကားတစ်လုံးမှ မပြောနိုင်ဖြစ်နေခဲ့သည်။
အဆုံးမှာတော့ "ဂရုစိုက်ပါ" ဆိုသည့်စကားတစ်ခွန်းသာပြောလိုက်နိုင်ပြီး အလျင်အမြန်ထွက်ခွာသွားခဲ့သည်။
ဂျန်ဖန်း သူ့နှုတ်ခမ်းပေါ်ရှိစိုစွတ်မှုကို ထိကြည့်လိုက်ပြီး အိမ်မက်မက်နေသလို ခံစားနေရဆဲဖြစ်သည်။
ချန်းလျိုယွဲ့ သလင်းကျောက်တွေယူပြီိး ရောက်မလာခင်အထိပင်။
"သခင်လေးဂျန်, မင်းရဲ့ထောက်ပံမှုကြီးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ လေလံပွဲမှာ စုရှန်ချွမ်ထက်သာသွားပြီ...."
"ဒါကြောင့် ကျွန်မနဲ့သူ့ကြားက ဥက္ကဠနေရာအတွက် ယှဥ်ပြိုင်မှုက ဘယ်သူနိုင်မယ်ဆိုတာ မသေချာတော့ဘူး...."
အဓိပ္ပာယ်ကိုနားလည်ပြီး ဂျန်ဖန်းပြောလိုက်သည်။
"အနာဂတ်မှာပစ္စည်းကောင်းတွေရှိခဲ့ရင် လေလံတင်ဖို့ မင်းကို ပေးမှာပါ...."
ချန်းလျိုယွဲ့ ပျော်ရွင်သွား၏။
စုရှန်ချွမ်းကိုတစ်ကြိမ်နိုင်ရုံနှင့် လူတိုင်းကို စည်းရုံးဖို့မလုံလောက်ပေ။
သို့ပေမယ့် အကြိမ်တိုင်းသာနိုင်လျှင် သူမ ဥက္ကဠနေရာရဖို့က သေချာသွားပြီပင်။
"ကျေးဇူးတင်ပါတယ်, သခင်လေးဂျန်။ ကျေးဇူးတင်ပါတယ်, သခင်လေးဂျန်...."
"ဒါနဲ့စကားမစပ်, ဒီသလင်းကျောက်တွေကို သလင်းကျောက်တုံကင်အဖြစ်ပြောင်းဖို့ ကျွန်မ သခင်လေးကိုကူညီပေးရမလား...."
"ဒါဆိုသယ်ဆောင်ဖို့ ပိုအဆင်ပြေလိမ့်မယ်..."
ဂျန်ဖန်း မငြင်းဆန်ပဲ သဘောတူလိုက်၏။
အစောပိုင်း ခြောက်သိန်းသုံးသောင်းငါးထောင်ကို ယခု ငါးသိန်းခုနှစ်သောင်းနှင့်ပေါင်းလိုက်လျှင် စုစုပေါင်း ၁၂ သိန်း ငါးထောင် ပဲဖြစ်သည်။
ချန်းလျိုယွဲ့ ၁ သန်းတန် သလင်းကျောက်တုံကင်တစ်ခုနှင့် ၁သိန်းတန် တုံကင်နှစ်ခုကို ပြောင်းလဲလိုက်၏။
ကျန်ရှိသည့် သလင်းကျောက် ငါးထောင်ကိုတော့ ဂျန်ဖန်း အိတ်ဆောင်ပိုက်ဆံအဖြစ်ယူလိုက်သည်။
ထိုသို့ဆိုလျှင်တောင် သူ့အိိတ်က ဖောင်းကားနေသေးသည်။
သူ့ကျင့်ကြံရေးတိုးလာသည်နှင့်အမျှ သယ်ရသည့်ပစ္စည်းတွေကလည်း ပိုပိုများလာခဲ့သည်။
ချန်းလျိုယွဲ့လည်းထိုအရာကိုနားလည်ပြီး ပြောလိုက်သည်။
"သခင်လေးဂျန်...."
"အတွင်းသတင်းတွေအရ, ဒီတစ်ကြိမ်ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ဆုလဒ်တွေထဲမှာ လေဟာနယ်သိုလှောင်ပစ္စည်းပါတယ်တဲ့....."
"အတွင်းပိုင်းအကျယ်က သုံးကိုက်လောက်ကျယ်ပြီး ပစ္စည်းအများကြီးထည့်ဖို့ လုံလောက်တယ်...."
"သခင်လေးဂျန်မှာသာ လုံလောက်တဲ့ အကျိုးပြုမှတ်တွေရှိရင် လဲလှယ်ကြည့်နိုင်ပါတယ်...."
အို?...
ဂျန်ဖန်း နှလုံးသားတုန်လှုပ်သွား၏။
သိုလှောင်ရတနာ၊ သူက ထိုအရာကို ရှေးဟောင်းစာအုပ်တွေထဲမှာ မရေမတွက်နိုင်အောင်မြင်ဖူး၏။
ကမ္ဘာကြီးထဲမှာ ထိုအရာ တကယ်ရှိနေမယ်လို့ သူမထင်ထားခဲ့ပေ။
ထို့ပြင် ဤတစ်ကြိမ်လဲလှယ်မှုအတွင်းမှာဖြစ်သည်။
သူ၌ အခြားလူမြင်ခံလို့မရသည့်ပစ္စည်းများစွာရှိ၏။ ဥပမာ, သူ့ကျောရှိခရမ်းဓား၊ သူ့အဖေထားခဲ့သည့်အံဖွယ်သစ်သားသေတ္တာနှင့် ထိုက်ယင်ဝိညာဥ်နည်းလမ်း ကျောက်စိမ်းစာလိပ်၊ အစရှိတာတွေပဲဖြစ်သည်။
ကောင်းကောင်းသာထိန်းသိမ်းမထားနိုင်လျှင် တစ်နေ့မှာ မတော်တဆဆုံးရှုံးသွားနိုင်၏။
သိုလှောင်ရတနာရှိမှသာ သူ အေးအေးဆေးဆေးနေနိုင်မှာဖြစ်သည်။
နတ်ဆိုးသားရဲတွေကို အမဲလိုက်မည့် စိတ်ခွန်အားက ပိုတိုးလာခဲ့သည်။
ထုတ်ပိုးပြီးနောက်...
သူက ပျော်ရွင်စွာပဲ ဂိုဏ်းကို ပြန်ရောက်လာခဲ့သည်။
မမျှော်လင့်စွာပဲ....
ဂိုဏ်းသခင်တောင်ထိပ်ကို ခြေချချခြင်း အပြင်စည်းတပည့်တစ်ယောက်အပြေးရောက်လာပြီး သတင်းပို့လိုက်သည်။
"စီနီယာအကိုဂျန်, အခုတောင်ထိပ်ကို မပြန်နဲ့အုန်း...."
"ဧရာမဂိုဏ်းက အကြီးအကဲတိုင်ပုဖန်းက မင်းကို လက်လွဲပေးဖို့ ဂိုဏ်းချုပ်ကို ခြိမ်းခြောက်နေတယ်...."
ဤအရာက အရင် ဂျန်ဖန်းဆီက အဆင့်နိမ့်အခြေခံတည်ဆောက်ခြင်းဆေးလုံးရဖူးသည့် အပြင်စည်းတပည့်ဖြစ်ပြီး အတော်လေးကျေးဇူးတင်နေခဲ့တာဖြစ်သည်။
ယခု သူက ချက်ချင်း သတင်းပို့ဖို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
ဂျန်ဖန်း ကြောင်သွား၏။
"ဘာလို့လဲ? ငါ ဧရာမဂိုဏ်းကို ရန်မစမိပါဘူး...."
သူ့စိတ်ထဲသိချင်သွား၏။
ရှုဂန်လီသေဆုံးမှုများ ပေါ်သွားပြီလား...
သို့ပေမယ့် ထိုအရာက မဖြစ်နိုင်ပေ။
ရှုဂန်လီက တောင်နက်ပိုင်းထဲမှာ သေဆုံးသွားတာဖြစ်ပြီး သူနှင့် ချင်းဝမ်ယွမ်သာသိ၏။
ပေါက်ကြားသွားတာက မဖြစ်သင့်ပေ။
အပြင်စည်းတပည့် ဒေါသတကြီးပြောလိုက်သည်။
"အဲ့တာ ဂိုဏ်းချုပ်ကုန်းရဲ့တူ ကောင်းဝူရွမ်း အကို့ကိုစိန်ခေါ်ပြီး ရှုံးသွားတာကြောင့်လေ...."
"ဘာကြောင့်မှန်းတော့မသိဘူး၊ သူက ဒဏ်ရာအပြင်းအထန်ရပြီး ခုချိန်ထိ မနိုးသေးဘူးတဲ့...."
"ဒါနဲ့ ဧရာမဂိုဏ်းက အကို့ကို အပြင်းအထန်လုပ်လိုက်လို့ဆိုပြီး အပြစ်တင်နေတယ်။ မေးမြန်းဖို့ ဧရာမဂိုဏ်းကို ခေါ်သွားချင်တယ်တဲ့လေ...."
ဂျန်ဖန်း ဒေါသတကြီးရယ်လိုက်၏။
ကောင်းဝူရွမ်းက မေ့လဲသွားရုံသာဖြစ်ပြီး ဒဏ်ရာအပြင်းအထန် မရသွားပေ။
တကယ်သာ ဒဏ်ရာအပြင်းအထန်ရသွားလျှင် ကောင်းယွမ်ဘ နေရာမှာချက်ချင်းမြင်နိုင်ပြီး တိမ်စိမ်းဂိုဏ်းကို တိုက်ခိုက်ပြီးနေပြီး ဖြစ်သည်။
ထိုမျှလောက်နောက်ကျမှ ရှာတွေ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
နောက်ပိုင်းမှ ကောင်းဝူရွမ်းဒဏ်ရာသွားလားဆိုတာ ဘယ်သူမှမသိနိုင်ပေ။
သူတို့က ထိုအရာကို တိမ်စိမ်းဂိုဏ်းပေါ်သို့ အပြစ်ပုံနေခြင်းသာဖြစ်သည်။
သူက အေးစက်စွာ နှာမှုတ်လိုက်၏။
"အကြီးအကဲတစ်ယောက်က ငါ့တိမ်စိမ်းဂိုဏ်းမှာ မောက်မောက်မာမာ ပြုမူရဲတယ်ပေါ့...."
အပြင်စည်းတပည့်အကူအညီမဲ့စွာပြောလိုက်သည်။
"တိုင်ပုဖန်းက တကယ်ပဲ အကြီးအကဲတစ်ယောက်ပါပဲ...."
"ဒါပေမယ့် သူက ခုလေးတင် သန္ဓေသာကျောက်စိမ်းတံဆိပ်ကို လေလံအောင်ထားတယ်လေ...."
တရားလွန်လွန်းလှ၏။
ဂျန်ဖန်းမျက်လုံးတွေ အေးစက်သွား၏။
ဧရာမဂိုဏ်းကတကယ်ကို မောက်မာလှ၏။ သန္ဓေသားကျောက်စိမ်းတံဆိပ်တစ်ခုလေးရှိရုံဖြင့် တိမ်စိမ်းဂိုဏ်းကို သူများလက်ညိုးထိုးခံရအောင်လုပ်ချင်နေ၏။
ထို့ပြင် သူတို့က သူဆီကို ဦးတည်လာတာဖြစ်သည်။