တပည့်အဖြစ်လက်ခံမိတာ ရှက်စရာလို့ထင်လား
Vol. 12 Ch. 163
"ဘာ? ဆရာ ထွက်သွားပြီလား"
လီကျစ်ရွှမ်း၏ မျက်လုံးများသည် မယုံကြည်နိုင်သော အရိပ်အမြွက်များဖြင့် ဝိုင်းစက်သွားခဲ့သည်။
ဘယ်လောက်ကြာပြီလဲ။
မနေ့ကတင် ဆရာက ဓားနတ်ဘုရားတောင်ကြားမှာ တိမ်မြုပ်နေတဲ့ ကောင်းကင် ကုလားကာကို အမိန့်ပေးနေတုန်းကို အခု မနက်ကျ ကျန်းဟိုင်မြို့ကနေ ရိုးရိုးရှင်းရှင်းနဲ့ ထွက်သွားပြီတဲ့လား။
ဘယ်လိုပဲတွေးနေပါစေ တကယ့် မယုံနိုင်စရာပါပဲ။ ဒါပေမယ့် ဆရာတူအစ်ကိုကြီးက သူမကိုလိမ်မှာ မဟုတ်ချေ။ လီကျစ်ရွှမ်း စိတ်ပျက်သွားဖြင့် နှုတ်ခမ်းစူသွားသည်။
"အစ်ကို... ဆရာက ညီကို မတွေ့ချင်ဘူးလား?"
"ဘာလို့အဲ့လိုပြောတာလဲ"
ချင်းယန် မျက်မှောင်ကြုတ်ကာ ရှောင်ပိုင်ခေါင်းကို ပွတ်သပ်ပေးနေသည်။
'ငါ မင်းကို မတွေ့ချင်ဘူးလို့ မပြောခဲ့ပါဘူး'
"မဟုတ်ရင် ကျန်းဟိုင်ကို လာပြီးမှ သူက ညီမကို ဘာလို့ မတွေ့ရတာလဲ"
လီကျစ်ရွှမ်း သူမ၏လက်ချောင်းများကို ဆုပ်ကိုင်ထားပြီး တုန်တုန်ယင်ယင် အသံဖြင့် ဆိုလေသည်။
"မိနစ်အနည်းငယ်ပဲ.. ဒါမှမဟုတ် စက္ကန့်အနည်းငယ်တောင်မရဘူး...ဆရာက ညီမကို သူ့တပည့်အဖြစ် လက်မခံချင်တော့...."
သူမ စကားမဆုံးခင် ချင်းယန် သူမ၏ ခေါင်းကို နူးညံ့စွာ ခေါက်လိုက်သည်။ လီကျစ်ရွှမ်း၏ မျက်လုံးများ ချက်ချင်း ကြည်လင်လာပြီး ခေါင်းကို အုပ်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
"ဘာတွေတွေးနေတာလဲ ဆရာတူညီမလေး"
ချင်းယန်က သူ့လက်ကို ရုတ်လိုက်ပြီး သက်ပြင်းချကာ :"ဆရာက အရမ်းအလုပ်များနေတာ သူ့မှာ လုပ်စရာတွေရှိလို့ လောလောဆယ် မလာနိုင်သေးတာ..."
"တကယ်လား?"
"အကိုကြီး မင်းကိုမလိမ်ပါဘူး"
ချင်းယန် အနည်းငယ် ခေါင်းညိတ်ကာ ရင်တွင်းထဲ သက်ပြင်းချလိုက်သည်။ ဒီကောင်မလေးက အပြင်မှာ တကယ်အေးစက်ပေမယ့် အတွင်းပိုင်းမှာတော့ အတော်လေး နုံအလေသည်။ သူမက အလွန်နုနယ်ပြီး သိမ်မွေ့သည်။
ဆရာနှင့်ပတ်သက်သော ကိစ္စများ ကြုံလာသောအခါတွင် သူမ၏ စိတ်ခံစားမှုသည် လွှမ်းမိုးသွားတတ်သည်။
မင်းကို ငါ့တပည့်အဖြစ် ဘယ်လိုလုပ် အသိအမှတ်မပြုဘဲ နေနိုင်မှာလဲ။
မင်းမရှိရင် စနစ်ကို ဘယ်လို သွားအသုံးချမလဲ။
"ဆရာတူအစ်ကို... ဆရာတည်နေရာကို ပြောပြပေးနိုင်မလား ဆရာ့ကို လွမ်းနေတယ်..."
လီကျစ်ရွှမ်းသည် ချင်းယန်လက်ကို ခါယမ်းကာ လက်ချောင်းတစ်ချောင်းကို လှမ်းဆွဲလိုက်၏။
"လျှို့ဝှက်အစီအစဉ် လုံးဝမရှိပါဘူး ပြီးတော့ ညီမက ဆရာ့ကို အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး... ဆရာ ဘယ်မှာရှိလဲ ပြောပြပါလည်း ညီမကိုယ်တိုင် သွားရှာပါ့မယ်"
"ဒါဆို ငါမင်းကို ရိုးရိုးသားသား ပြောမယ်။ သူ အခု အလုပ်ရှုပ်နေလို့ မင်းကို မတွေ့နိုင်ဘူး..."
ချင်းယန် ခေတ္တရပ်ပြီး မေးစေ့ကို ပွတ်သပ်ကာ သူ့စကားလုံးများကို သေချာစဉ်းစားသည်။ သူက “သူ ကျင့်ကြံနေတာ” ဟု ဖြည်းညှင်းစွာ ဆက်ပြောလိုက်သည်။
"တံခါးပိတ် ကျင့်ကြံနေတာလား! ဆရာက ထိုးဖောက်တော့မှာလား"
"အင်း! မနေ့က နတ်ဆိုးပေါက်ကွဲတာကို ကြည့်ပြီးမှ သူနားလည်သဘောပေါက်သွားသလို ခံစားလိုက်ရတယ်တဲ့... သူ့နယ်ပယ်အတွက် ထိုးထွင်းဥာဏ်အသစ်တွေ ရသွားပုံရတယ်... သူက အခု တံခါးပိတ်ကျင့်ကြံဖို့ အလုပ်ရှုပ်နေတော့ တခြားဘာကိုမှ အချိန်မပေးနိုင်မှာကိုပဲ ကြောက်ရတယ်"
လီကျစ်ရွှမ်း အံ့အားသင့်သွားသည်။ နောက်ဆုံးအကြိမ် နတ်ဆိုး၏ ကိုယ့်ကိုကိုယ် ဖျက်ဆီးချင်ခဲ့တာကို ကြည့်ရှုပြီးနောက် ဆရာသည် အမှန်တကယ် အောင်မြင်မှုတစ်ခု ရရှိခဲ့ပုံရသည် ။
နတ်ဆိုးသာ ဒါကိုသိရင် ဒေါသထွက်ပြီး ထပ်သေသွားလိမ့်မည်။
နောက်ဆုံးတော့ သူက ဆရာ့ကို တိုက်ခိုက်ဖို့ သူ့အသက်ကိုစွန့်သွားခဲ့တာလေ။ ဆရာက သူ့ကို ခြေနင်းကျောက်အဖြစ် သုံးခဲ့တာလား။
"ဆရာကတော့ အံ့သြစရာပဲ..."
လီကျစ်ရွှမ်း မျက်လုံးများ တောက်ပလာပြီး ချင်းယန်၏ အဝတ်အစားထောင့်ကို ဆုပ်ကိုင်လိုက်သည်။
"ဆရာ ထွက်လာရင် သူ့ကိုတွေ့ဖို့ နောက်ထပ် အခွင့်အရေးရမှာလား"
"ဒါပေါ့"
ချင်းယန် ပြုံးကာ လီကျစ်ရွှမ်း ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"သူ အကြပ်အတည်း အောင်မြင်မှုတွေ နီးလာပြီ... အစ်ကိုက အမိန့်ကို လိုက်နာပြီး ဘယ်သူ့ကိုမှ မနှောင့်ယှက်စေချင်ဘူး.. ဒါပေမယ့် ဆရာ ထွက်လာတဲ့အခါကျရင် မင်းအတွက် ငါ သေချာပေါက် စီစဉ်ပေးမယ်"
"ကောင်းပါပြီ ကျေးဇူးတင်ပါတယ် အစ်ကို!"
လီကျစ်ရွှမ်းသည် ဒါကိုကြားရမှ ဝမ်းသာပီတိဖြစ်ပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ရရှိပြီးနောက် ချက်ချင်း ကျေနပ်သွားတော့သည်။
ဆရာ တံခါးပိတ်ကျင့်ကြံနေတာကနေ ထွက်လာတဲ့အခါ မြင်ကွင်းက ဘယ်လိုမျိုး ဖြစ်လိမ့်မလဲ။
ယခု သူသည် မိုင်တစ်ထောင် ပျံသန်းသော ဓားစွမ်းအင်နှင့် ကောင်းကင်ကန့်လန်ကာ အစီအရင် ဖွဲ့စည်းပုံမျဉ်းကို ကျွမ်းကျင်ပိုင်နိုင်ပြီဆိုလျှင် နောက်ထပ် မည်သည့်နည်းပညာများကို သူကျွမ်းကျင်မည်နည်း။
အရမ်းစိတ်လှုပ်ရှားစရာ ကောင်းနေမှာတော့ သေချာ၏။
လီကျစ်ရွှမ်း ၎င်းကိုမျှော်လင့်ရင်း ချင်းယန်ကို ဓားသွားလမ်းနှင့် ပတ်သက်၍ ခက်ခဲသောမေးခွန်းအချို့ကို မေးခဲ့သည်။ ထို့နောက် ကျေနပ်စွာဖြင့် စာကြည့်တိုက်မှထွက်ကာ အတန်းဆက်တက်ရန် ကိုယ်ခံပညာအကယ်ဒမီသို့ ပြန်သွားခဲ့သည်။
………..
"ဆရာဘိုးဘိုးက အောင်မြင်မှုတွေရဖို့ နီးနေပြီလား"
လီချင်းဟဲ စာအုပ်စင်နောက်ကွယ်မှ လှမ်းချောင်းရင်း စာအုပ်ကို ပြန်ထည့်လိုက်ပြီး သူမ ကြားလိုက်သမျှကို ပြန်တွေးကြည့်ရင်း အတွေးပျက်သွားသည်။
ဆရာဘိုးဘိုး အားကောင်းလေလေ သူအအတွက် ပိုကောင်းလေပင်။
"ငါသူ့ကိုတွေ့ရမယ်!"
ဒါကိုတွေးပြီး လီချင်းဟဲသည် ဧရိယာတစ်မှာရှိတဲ့ ချင်းယန် ငါးဖမ်းတဲ့နေရာကို ချက်ချင်း သွားလိုက်သည်။ အနား ရောက်ရှိသည်နှင့် ချင်းယန်၏ အဝတ်အစားထောင့်ကို ဆွဲကာ မေးလိုက်သည်။
"ဆရာဘိုးဘိုး ထွက်လာရင် ပေးတွေ့လို့ရမလား?"
သူစကားပြောနေစဉ်တွင် သူမသည် သူ့ဘေးတွင် ငုတ်တုတ်ထိုင်ကာ: "ဆရာ... ဆရာက အတော်ဆုံးပါပဲ... ဆရာ သွားတဲ့အခါ တပည့်ကိုပါ ခေါ်သွားပေးနိုင်မလား...တပည့်လည်း သိပ်မကွာပါဘူး"
"မင်း?"
ချင်းယန် သူမကို ငုံ့ကြည့်ကာ မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။
"မင်းက ကွာလွန်းလို့မှ... မင်းမှာ ရောက်နိုင်တဲ့ နယ်ပယ် မရှိဘူး အောင်မြင်မှု တွေ မရှိဘူး ဒါကြောင့် မင်း သွားလို့မရဘူး"
"ကျွန်မနယ်ပယ်က မမြင့်သေးလို့လား"
လီချင်းဟဲ အံ့အားသင့်သွားပြီး သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်သည်။
"ဘာတွေပြောနေတာလဲ ဆရာ... ကျွန်မက မွေးရာပါနယ်ပယ်ကို ဝင်ခါနီးနေပြီ မျိုးဆက်သစ်တွေရဲ့ ရှေ့တန်းမှာနေနေတာ... ဆရာက ကျွန်မကို အရည်အချင်းမရှိဘူးလို့ ပြောနေတာလား?"
"ဘာပြဿနာရှိလို့လဲ? မင်း သတ်မှတ်ချက်ဘောင်ကို မဖြတ်ကျော်နိုင်ရင် ဘယ်လောက် အောင်မြင်ခဲ့ပါစေ အသုံးမဝင်ဘူး... မင်းကို နောက်ဖွားနယ်ပယ်မှာ အငယ်တန်းတစ်ယောက်အဖြစ်ပဲ သတ်မှတ်ရလိမ့်မယ်"
"နောက်ဖွားနယ်ပယ်က အငယ်တန်းလေး?"
လီချင်းဟဲ သူ့သွားတွေကို အံကြိတ်လိုက်သည်။
"ဒါဆို ဆရာ ပြောချင်တာက... ကျွန်မကို တပည့်လက်ခံထားရတာ ရှက်စရာကောင်းတယ်ပေါ့?"
"ရှက်စရာထက်... ဒါဟာ အရှက်ရစရာပဲ"
ချင်းယန် ခုံတန်းလျားမှာထိုင်ပြီး သူမကို မထီမဲ့မြင် အကြည့်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေသည်။
“အခုစဉ်းစားကြည့်တော့ မင်းကို ငါ့တပည့်အဖြစ် ခေါ်ထားတာ ငါတကယ်မှားသွားပြီ... မင်း ဆရာတူအဒေါ်က မွေးရာပါနယ်ပယ်ကို ရောက်နေပြီ မင်းဒီမှာပဲ ကပ်နေသေးတယ်... ဒါကို ပြန်စဉ်းစားပါ တပည့်လေး.…”
"ရှင်!"
လီချင်းဟဲ လက်ချောင်းများကို ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ကာ တိတ်ဆိတ်နေခဲ့သည်။
ချင်းမျိုးရိုး ငါ့ကို ထပ်ပြီး တိုက်ခိုက်နေပြီ!
မွေးရာပါနယ်ပယ် ဟုတ်လား?!
ကျိန်းသေပေါက် ထိုးဖောက်ပြပါ့မယ်။
ဒါကိုတွေးပြီး ချင်းယန်ကို တစ်ချက် စိုက်ကြည့်ကာ ဒေါသတကြီး လှည့်ထွက်ပြေးသွားတော့သည်။
သူမ ထွက်သွားပြီးနောက် ရှောင်ပိုင်သည် သူမ၏ အမြီးကို လှည့်ကာ မြေခွေးမျက်လုံးများကို စောင်းကာ ပြုံးစိစိနဲ့ လုပ်နေ၏။
"သခင် သခင့်ရဲ့တပည့်နှစ်ယောက်က အရမ်းမိုက်တာပဲ"
"ဘာကိုဆိုလိုတာလဲ?"
"သူတို့က လွယ်လွယ်နဲ့ အလိမ်ခံနေရတာလေ... အရမ်းယုံလွယ်တာပဲ..."
ရှောင်ပိုင်က ဂုဏ်ယူစွာနဲ့ နှာခေါင်းကို မြှောက်လိုက်ပြီး။
"သခင့်ရဲ့လှည့်ကွက်က ဒီနတ်သမီးအပေါ် မသက်ရောက်ဘူး..."
"ကောင်းပြီ ရှောင်ပိုင်က ဉာဏ်ကောင်းတုန်းပဲ"
ချင်းယန် ပြုံးပြီး သူမခေါင်းကို ကိုင်ကာ လက်ဖဝါးဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"ဒါဆို မင်းက တော်တော် ဉာဏ်ကောင်းသလောက်ပါပဲ"
သူပြောပြီးတာနဲ့ ခြေရာမဲ့ ပျံလွှားတွေ ဖြတ်သွားသလိုမျိုး မြေခွေးမွေးတချို့ကို အညှာအတာမဲ့စွာ နှုတ်ပစ်လိုက်သည်။
"တော်တော် စမတ်ကျတာလား?!"
ဒါကိုကြားလိုက်တာနဲ့ ရှောင်ပိုင်ရဲ့နှလုံးသားက ရုတ်တရက် နိုးကြားလာခဲ့ပါ၏။ အမွေးတွေ ကျွတ်ပြီးကတည်းက ဒီစကားလုံးတွေကို အရမ်းအလေးအနက် ထားခဲ့သည်။ ရှောင်ပိုင်သည် ချင်းယန်အိတ်ကပ်ထဲမှ ဖုန်းကို လုယူကာ ကင်မရာကိုဖွင့်ကာ မှန်အဖြစ်အသုံးပြုရန် ဆယ်လ်ဖီကင်မရာကို လှန်လိုက်သည်။ ပြောင်နေသောနေရာကို ချက်ချင်း မြင်လိုက်ရပြီး အံ့အားသင့်စွာ ထအော်လိုက်တော့သည်။
"အား! ငါ့အမွေးတွေရော!!!"