နိယာမစွမ်းအင်ရဲ့ မူလအစကို ရပြီ
Vol. 12 Ch. 166
ညဘက်၊ ဖုဟိုင်ဗီလာ၌။
ဧည့်ခန်းထဲတွင် ကြည်လင်သော မျက်နှာကျက်သည် လင်းလတ် တောက်ပနေ၏။ ရှောင်ပိုင်သည် ဆိုဖာပေါ်တွင် ပြန့်ကျဲလျက် လှဲလျောင်းနေပြီး သူမ၏ ကြာဖြူရောင် ခြေထောက်များက ညင်သာစွာ ယိမ်းနွဲ့နေသည်။ သူမသည် ပင်လယ်မျိုးနွယ်ထံမှ ရရှိသော အမြန်ပို့သေတ္တာကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ဖောက်နေသည်။
မကြာပါ။ ပန်းရောင်ဖျော့ဖျော့ ဖုန်းလေးတစ်လုံး သူမလက်ထဲမှာ ပေါ်လာသည်။
"ဟမ့်... ငါ့သခင်ကို အကြာကြီး နမ်းလိုက်ရတာ... နောက်ဆုံးတော့ မင်းကို ငါဝယ်နိုင်ခဲ့ပြီ!"
ရှောင်ပိုင် ဖုန်းကို လှုပ်ယမ်းလိုက်ပြီး အားသွင်းကြိုးကို ချိတ်ဆက်ကာ ပါဝါခလုတ်ကို အကြာကြီး ဖိထားသည်။ သူမသည် ဖုန်းဖန်သားပြင်ကို ဖြည်းညှင်းစွာ လင်းလာသည်ကို ကြည့်ရင်း သူမ၏အမွေး ပြန်ပေါက်နေသော မြေခွေးအမြီးက စိတ်လှုပ်ရှားစွာ တွန့်လိမ်နေတော့သည်။
မလွယ်ဘူးနော်!
လွန်ခဲ့သည့် ရက်အနည်းငယ်က ချင်းယန်၏ဖုန်းကို ယူအသုံးပြုရာတွင် အမြဲတမ်း အဆင်မပြေခဲ့ပါ။ သူ့ကို ကြိမ်ဖန်များစွာ နှောင့်ယှက်ခြင်း၊ နမ်းခြင်း၊ ငိုခြင်း၊ ကမောက်ကမဖြစ်အောင် လုပ်ပြီးနောက်မှ ချင်းယန်သည် နောက်ဆုံးတွင် သူမအား အွန်လိုင်းမှ ဖုန်းအသစ်တစ်လုံးကို တုံ့ဆိုင်းစွာ ဝယ်ပေးခဲ့သည်။
"ငါ ဘာလုပ်သင့်လဲ?"
ရှောင်ပိုင် ဆိုဖာပေါ် လှဲချလိုက်ပြီး ဖုန်းကို ဆုပ်ကိုင်ကာ ခဏလောက် စဉ်းစားနေလိုက်သည်။ ထိုစဥ် ချင်းယန် နေ့စဉ်ကြည့်နေသည့် ဗီဒီယိုအတိုလေးကို ရုတ်တရက် သတိရမိသည်။
"အဲဒါတွေက တော်တော် ကောင်းပုံရတယ်"
ဒါကို စဉ်းစားရင်း ရှောင်ပိုင် မျက်နှာပြင်ကို နှစ်ကြိမ် ပွတ်ဆွဲလိုက်သည်။ အများအားဖြင့် ဤကဲ့သို့သော နာမည်ကြီးအက်ပ်များကို ရောင်းချသူမှ ကြိုတင်ထည့်သွင်းထားပြီး ဒေါင်းလုဒ်လုပ်ရန် မလိုအပ်ပါ။
နှစ်ချက်ပွတ်ဆွဲပြီးနောက် ဗီဒီယိုအတိုလေး ပေါ်လာသည်။
"ဟေ့.... အကောင့်တစ်ခု စာရင်းသွင်း... အကောင့်ဝင်၊ ပြီးပြီ!"
ရှောင်ပိုင် ကျွမ်းကျင်စွာ နှိပ်လိုက်ပြီး မျက်နှာပြင်ကို ပွတ်ဆွဲလိုက်သည်။ နောက်အခိုက်အတန့်တွင် သူ့မျက်စိရှေ့တွင် အကြံပြုထားသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာသည်။
[ကျန်းဟိုင်ဓားနတ်ဘုရားထံမှ ဂန္တဝင်မြင်ကွင်းများ]
၎င်းသည် ကြည့်ရှုသူ သန်းဆယ်နှင့်ချီရှိခဲ့ပြီး ၎င်းဘေးတွင် မီးတောက်အိုင်ကွန်ငယ်ဖြင့် ထိပ်တန်း ရေပန်းစားသော ရှာဖွေမှုဆယ်ခုတွင် ပါဝင်နေခဲ့သည်။
"အိုး သခင်က ဘာဖြစ်လို့လဲ"
ရှောင်ပိုင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဒါဟာ ဆိုးရွားတဲ့ စတင်မှုတစ်ခုဖြစ်ပြီး ဒီနတ်သမီးလေးမှာ အွန်လိုင်းပေါ် ရောက်နေတာတောင် မကောင်းသော သခင်ကို မရှောင်နိုင်သေးချေ။
ဒါကိုတွေးပြီး သူမ ရုတ်တရတ် မပျော်မရွှင်ဖြစ်သွားပြီး အောက်ကို ဆက်ဆင်းသွားလိုက်သည်။
နောက်ဗီဒီယို။
[ဓားနတ်ဘုရား ဒေါသအမျက်ထွက်ပြီး ရန်သူကိုရှာဖွေဖို့ သူ့ရဲ့ ဓားစွမ်းအင်ကို လွှတ်လိုက်ခြင်း]
ထိုဗီဒီယိုတွင် ပြန်လည်တင်ခြင်းနှင့် ကြည့်ရှုမှု သန်းဆယ်နှင့်ချီ ရှိနေဆဲဖြစ်ပြီး အောက်ဖက်က မှတ်ချက်များသည် ကျန်းဟိုင် ဓားနတ်ဘုရားအား ကောင်းကင်အထိ ချီးမွမ်းနေသည့် စကားလုံးများဖြင့် ပြည့်လျှံနေပါသည်။
အင်တာနက် အသုံးပြုသူအများအပြားသည် ထိုနေရာ၌ ရှိနေခဲသည်ဟုဆိုကာ ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို မျှဝေနေရာ ကြိုက်နှစ်သက်သူ အများအပြား ရှိခဲ့သည်။
"ဟေ့! သူတို့အားလုံး ဘာလို့ သခင့်ကို နမ်းနေကြတာလဲ?"
ရှောင်ပိုင် စာမျက်နှာကို လှည့်၍ အောက်ခြေရှိ ဗီဒီယိုသို့ ရွှေ့လိုက်သည်။ သူမ သွားများကို အံကြိတ်ကာ ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွား၏။ ဒီနတ်သမီးသည် နောက်ဆုံးတွင် ဖုန်းဝယ်ပြီး အင်တာနက်သုံးနိုင်ခဲ့သည်။
ချင်းယန်ဆီကနေ နေ့တိုင်း အော့ဖ်လိုင်းမှာ အနိုင်ကျင့်ခံနေရတာထက်စာရင် ပိုကောင်းသည်လေ။ အခု အွန်လိုင်းမှာပါ ရှိနေ၏။
သူ့လက်ထဲကနေ ငါမလွတ်နိုင်သေးဘူးလား။ ! !
"လွန်သွားပြီ!"
ဒါကိုစဉ်းစားရင်း မှတ်ချက်များကို စိုက်ကြည့်လိုက်စဥ် ရုတ်တရက် သူမအတွက် ရဲရင့်သော အကြံတစ်ခု ထွက်ပေါ်လာသည်။
တကယ်လို့ ချင်းယန်က သူမကို နေ့စဉ်အနိုင်ကျင့်တဲ့ ဇာတ်လမ်းတွေ အားလုံးကို ထုတ်ဖော်ပြလိုက်ရင် ရန်ပွဲတောင် စလို့ ရသွားပြီမလား။
"ကောင်းပြီ... နင်တို့ကောင်တွေက သခင့်ကို အရမ်းကြိုက်တယ်ပေါ့ ဟုတ်လား ဒါဆို ဒီနတ်သမီးက နင်တို့ကို သူ ဘယ်လိုပုံစံနဲ့ ပြောပြရလိမ့်မယ်!"
ရှောင်ပိုင်သည် သူမ၏ကိုယ်ရေးကိုယ်တာ ဆက်တင်များကို ဖွင့်ကာ စခရင်ပေါ်ထိပုတ်၍ သူမ၏အမည်ပြောင်ကို စတင်ပြောင်းလဲလိုက်သည်။
သူမ၏ အွန်လိုင်းအမည်ပြောင်ကို ပြောင်းပြီးနောက် ၎င်းသည် [ဓားနတ်ဘုရား၏ နံပါတ်တစ် မနှစ်သက်သူ] ဖြစ်လာခဲ့သည်။ ထို့နောက် သူမသည် ကျန်းဟိုင်ဓားနတ်ဘုရားအကြောင်း ဗီဒီယိုအတိုလေးကို တွေ့ပြီး သူ့ကို အသရေပျက်စေရန် မှတ်ချက်များပေးခဲ့သည်။
"ဓားနတ်ဘုရားက အမှိုက်!!!"
"သူက အိမ်မှာ တိရစ္ဆာန်တွေကို တစ်နေကုန် နှိပ်စက်နေတာ"
"သူက ဆေးအတု ပညာရှင်ကလွဲလို့ ဘာမှ မဟုတ်ဘူး!"
မှတ်ချက်ပေါင်း တစ်ဒါဇင်ကျော် တင်ပြီးနောက် ရှောင်ပိုင်သည် ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး လက်ထဲက ဖုန်းကို ငုံ့ကြည့်နေလိုက်၏။ စိတ်ထဲက စိတ်ပျက်စရာတွေအားလုံးကို ရှင်းထုတ်ပြီးတဲ့ နောက်မှာတော့ သူမ စိတ်အခြေအနေက ပိုကောင်းလာခဲ့သည်။ စိတ်ခံစားမှုတွေ များလာတဲ့အခါ ချက်ချင်းထုတ်လိုက်တာ အကောင်းဆုံးပဲ။
စက္ကန့်အနည်းငယ် ကြာသွားသည်။
တင်း—
သူမသည် အွန်လိုင်းမိတ်ဆွေတစ်ဦးထံမှ ပထမဆုံး အွန်လိုင်းချက်တင် တောင်းဆိုမှုကို လက်ခံရရှိခဲ့သည်။
"***!!"
"ဟင်? ဒီလူက ငါ့ကို ဘာလို့ ကြယ်ပွင့်တွေ ပေးလိုက်တာလဲ"
ရှောင်ပိုင် အံ့အားသင့်သွားကာ အနည်းငယ် စိတ်ရှုပ်သွားကာ ခေါင်းကို ငုံ့လိုက်သည်။ သူမ ရေတွက်ပြီး ကြယ်နှစ်လုံးတိတိကို မြင်လိုက်ရသည်။
"ဒါဘာကိုဆိုလိုတာပါလဲ?"
ဒါပေမယ့် မဖြေခင်မှာ အသံတွေ ထပ်ကြားလာရပြန်၏။
တင်း တင်း တင်း တင်း!!
သူမ ထည့်သွင်းထားသည့် တုံ့ပြန်မှုသတိပေးချက်များသည် ရူးသွပ်သော မှတ်ချက်များဖြင့် ဖန်သားပြင်ကို ချက်ချင်းလွှမ်းမိုးသွားသည်။
ကျန်းဟိုင်ဓားနတ်ဘုရား ယုံကြည်သူများသည် သူမအား မှတ်ချက်များဖြင့် ဗုံးကြဲခဲ့ကြပြီး ရှောင်ပိုင်၏ဖုန်းသည် 99+ နှင့် ပြည့်နေသော မက်ဆေ့ချ် အကြောင်းကြားချက်ဘားတန်းနှင့်အတူ ချက်ချင်း တုန်ခါပြီး အသံမြည်သွားသည်။
"အမည်းလေး... မင်းရူးပြနေတာလား?!"
"မဟုတ်ဘူး.. အဲဒီနာမည်က crossover နဲ့တူတယ် မင်း troll ဖို့ကြိုးစားနေတာလား။"
"စိတ်မကောင်းစရာပဲ... အင်တာနက်က မျိုးစိတ်တိုင်းရဲ့ ကွဲပြားမှုကို သက်သေပြနေပြီ.."
"မင်း ဓားနတ်ဘုရားကိုတောင် မုန်းတီးနေတာလား မင်းက လူသားရော ဟုတ်ရဲ့လား"
ဒေါသထွက်နေသော မှတ်ချက်များ ပေါက်ကြားလာကာ ထိုမှတ်ချက်များ အောက်တွင် စာစောင် ရာနှင့်ချီ ရောက်ရှိလာသည်။ တချို့က ဖိုရမ်တွေမှာတောင် တင်ထားကြ၏။
အသွားအလာများပြားပြီး လူကြိုက်များမှုက သူမ၏မှတ်ချက်များကို မြှင့်တင်ပေးကာ ထိုဗီဒီယိုများအောက်တွင် ခေတ်စားနေသော မှတ်ချက်များ၏ ထိပ်ဆုံးသို့ တွန်းပို့ကာ လူများကြား ပိုမိုရောက်ရှိသွားခဲ့သည်။
ဖန်သားပြင်ပေါ်က ဒေါသထွက်နေတဲ့ မှတ်ချက်တွေကို မြင်တော့ ရှောင်ပိုင်ခမျာ ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးတဲ့အတွက် သူမတစ်ကိုယ်လုံး ထိတ်လန့်စွာ တုန်သွားသည်။
"???"
ကျန်းဟိုင်ဓားနတ်ဘုရား အရမ်းနာမည်ကြီးလား?
အားလုံးက ငါ့ကို ဝေဖန်ဖို့ လာတာလား။
"ငါ အကောင့်အသစ်ဖွင့်ထားတယ်... ဒီလိုအရှက်တရားမျိုး ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ"
ရှောင်ပိုင် ဒေါသထွက်သွားသည်။ အံကြိတ်ရင်း စခရင်ကို ပုတ်ပြီး မှတ်ချက်အရှည်ကြီး ရိုက်ထည့်လိုက်သည်။ အရာအားလုံး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူမသည်မှတ်ချက်ဘေးရှိ 'စက္ကူလေယာဉ်' ခလုတ်ကိုချက်ချင်း နှိပ်လိုက်သည်။
ပို့လိုက်စမ်း!
တင်း—
[ပေးပို့ရန် မအောင်မြင်ပါ။]
"ဟင်???"
ရှောင်ပိုင် ခဏလောက် အံ့အားသင့်သွားပြီး သူမခေါင်းထဲတွင် ပေါ်လာသည့် မေးခွန်းအမှတ်အသားပါသော အကြောင်းကြားစာပေးပို့မှုကို စိုက်ကြည့်နေသည်။
ဘာတွေဖြစ်နေတာလဲ?
ကွန်ရက်က ပြဿနာရှိနေတာလား။
သူမ မျက်စောင်းထိုးကာ မက်ဆေ့ချ်ဘားကို ပွတ်ဆွဲကာ ရှုံးနိမ့်ရခြင်း အကြောင်းရင်းကို ရှာဖွေနေသည်။ ထို့နောက် သူမ၏ကိုယ်ရေးကိုယ်တာ နေရာကို ဖွင့်ကြည့်မိခါမှ တရားဝင်မက်ဆေ့ခ်ျတစ်ခု ပေါ်နေတာ တွေ့လိုက်ရသည်။
[သင့်အကောင့်သည် အစိုးရ သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်။]
[အမြဲတမ်း တားမြစ်လိုက်ပါပြီ]
အပြီးတိုင် ပိတ်ပင်ထားသည်။
"ဟမ့် ဒီနတ်သမီးကို ဒီလိုမျိုး အပြီးတိုင် တားမြစ်လိုက်တယ်ပေါ့?"
စာကိုဖတ်ရင်း ရှောင်ပိုင် မျက်လုံးများ ပြူးကျယ်သွားသည်။
မဟုတ်ဘူး! ဒီနတ်သမီးက အကောင့်အသစ်ကို အခုပဲ ဖန်တီးထားရတာကို အပြီးအပိုင် ပိတ်ပင်လိုက်တာလား။
ဘာလို့လဲ?!
စိတ်ဆိုးလွန်းလို့ သေတော့မယ်!
"ကောင်းလိုက်တာ လူတိုင်းက ကျန်းဟိုင် ဓားနတ်ဘုရားကို စွဲလန်းနေကြတာပဲ မဟုတ်လား"
ဒေါသတကြီးဖြင့် သူမအကောင့်ကို ချက်ချင်းဖျက်လိုက်သည်။ ထို့နောက် သူမသည် လိုင်စင်မဲ့ အကောင့်အသစ်တစ်ခုကို ဖန်တီးပြီး စွဲချက်တင်ရန် ဆက်လက် လုပ်ဆောင်တော့မည် ဖြစ်သည်။
ဒီနေ့ သူတို့ကို ကောင်းကောင်းမရိုက်ရင် ဒီနတ်သမီးက ပိုင်မျိုးရိုး မဟုတ်တော့ဘူး။
ဗုန်း!
ပြတင်းပေါက်အပြင်ဘက်က ညကောင်းကင်ယံ၌ မိုးခြိမ်းသံများ ရုတ်တရက် ကျယ်လောင်လာသည်။ အုံ့မှိုင်းနေသော ကောင်းကင်ကို စူးရှသော အဖြူရောင် အလင်းတန်းများက ဖြာထွက်၍ ပြင်းထန်သော ရောင်ဝါတစ်ခု ဆင်းသက်လာသည်။ သူမလက်က ကြောက်ရွံ့တုန်လှုပ်သွားပြီး ဖုန်းအသစ်ကို ခါထုတ်လိုက်မိရာ ၎င်းက စားပွဲထောင့်ကို ထိသွားတော့၏။
ခရက်...
ဖုန်းမျက်နှာပြင် ကွဲသွားပြီ....
……………
ခြံဝင်းထဲတွင်း ချင်းယန်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မိုးကြိုးနိယာမအပေါ် နားလည်ရန် စေ့စေ့တွေးနေသည်။ မိုးခြိမ်းသံနှင့် လျှပ်စီးတို့က သူ့ခေါင်းပေါ်ရှိ ညကောင်းကင်ယံ၌ လင်းလက်လာသည်။
ဒီရက်တွေ ကြာလာပြီးနောက်မှာတော့ သူ့ရဲ့ လျှပ်စီးကြောင်း အပိုင်းအစကို နားလည်သဘောပေါက်မှုက နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။
ဒီညက နောက်ဆုံးအဆင့်ပါပဲ။
"ငါဖြတ်ကျော်နိုင်မလား ဆိုတာ ဒီတစ်ကြိမ်ပေါ်မှာပဲ မူတည်တယ်"
ချင်းယန် အတွင်းစိတ်လောကထဲ နစ်မြုပ်သွားပြီး သူ့စိတ်ထဲတွင် လျှပ်စီးကြောင်း အပိုင်းအစများကို လိုက်ရှာနေသည်။ လျှပ်စီးကြောင်းတွေက သူ့ပတ်ဝန်းကျင်တွင် လျှပ်စီးလက်နေပြီး ခရမ်းရောင်လျှပ်စစ်ဓာတ်က သူ့ခန္ဓာကိုယ်အား ဖုံးအုပ်ထားသည်။
အငွေ့အသက်များ မြင့်တက်လာပြီး ဉာဏ်အလင်းတွေ တဖြည်းဖြည်း ကျုံ့၍ ထွက်ပြေးလာသော လျှပ်စီးကြောင်း အပိုင်းအစများကို စုဆောင်းလိုက်သည်။
ခဏအကြာ၌။
ဗုန်း!
လျှို့ဝှက်ဆန်းကြယ်သော အစီအရင် ခင်းကျင်းမှုပုံစံတစ်ခု ထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်တွင် ခရမ်းရောင် လျှပ်စီးကြောင်းများ ငြိမ်းသွားခဲ့သည်။ ချင်းယန် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး မျက်ခုံးကြားတွင် ငွေရောင်အမှတ်အသားတစ်ခု ပေါ်လာသည်။
လျှပ်စီးကြောင်းများကို စုဆောင်းပြီးပြီ။
မိုးခြိမ်းသံ၏ ကြီးမားသော စွမ်းအားကို အတွင်းထဲ၌ ချုပ်ကိုင်ထားပြီပဲ ဖြစ်သည်။
"မိုးကြိုးနိယာမရဲ့ မူလအစ... နောက်ဆုံးတော့ ရပြီ!"