ကောင်းကင်မှာ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု ပေါ်လာတယ်
Vol. 12 Ch. 167
ဖုဟိုင်ဗီလာ လူနေရပ်ကွက်၏ မြင့်မားသော ကောင်းကင် အထက်တွင် မိုးကြိုးမုန်တိုင်းတစ်ခု စုစည်းကာ လျှပ်စစ်စီးကြောင်းများ ရောယှက်နေပြီး လေထုကို ခြိမ်းခြောက်နေသလို ငှက်ထောင်ချီ အတူတကွ ပျံသန်းနေသကဲ့သို့ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလို မိုးကလည်း သဲသဲမဲမဲ ရွာချလာသည်။ ချင်းယန် ခြံဝင်းထဲတွင် ရပ်နေကာ မြူခိုးများက သူ့ပတ်ဝန်းကျင်တွင် ဝေ့ဝဲနေသည်။ လျှပ်စီးကြောင်းပုံစံက သူ့မျက်ခုံးကြားတွင် ပေါ်လာပြီး အစိမ်းရောင်ဖျော့ဖျော့ အလင်းတို့ကို ရစ်ဝဲနေ၏။
ဤသည်မှာ ဟိုးရှေးရှေးကတည်းက သူနားလည်ခဲ့ပြီးဖြစ်သော သစ်သားနိယာမ၏ အပိုင်းအစ ဖြစ်သည်။ မိုးကြိုးနိယာမ အပိုင်းအစကို ပေါင်းထည့်လိုက်ရာ နိယာမစွမ်းအင် အပိုင်းနှစ်ပိုင်းက ယခုအခါ ပြီးပြည့်စုံသွားပြီ ဖြစ်သည်။
နိယာမစွမ်းအင် အပြည့်အဝ နားလည်သဘောပေါက်ပြီးသောအခါ ဤသည်မှာ အောင်မြင်မှုတစ်ခုအတွက် ပြီးပြည့်စုံသော အခိုက်အတန့်မှန်း သိလိုက်ပါ၏။
နယ်ပယ်သစ်သို့ ဖြတ်ကျော်နိုင်တော့မည်မို့ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ပေ။
"ဒီနေ့ အဓိပတိနယ်ပယ်ကို ဖြတ်ကျော်ရမယ်!"
ဒါကိုတွေးရင်း ချင်းယန်က သူ့အရှိန်ကို နှေးကွေးစေလိုက်ကာ ဖြည်းဖြည်းချင်း နှိမ့်ချရင်း ခြံဝင်းထဲမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ကောင်းကင်ကို မျက်နှာမူထားရင်း နိယာမစွမ်းအင်ကို ခံစားလိုက်သည်။
ဝုန်း!
သူ့မျက်ခုံးကြားရှိ ငွေရောင်သွေးပြန်ကြောများသည် တဒုန်းဒုန်း ခုန်ကာ လျှပ်စီးလက်၍ တဖျပ်ဖျပ် တောက်နေသည်။ ဖုဟိုင် အိမ်ရာ အဆောက်အအုံ အထက်တွင် မိုးကြိုးမုန်တိုင်းက ပိုမိုပြင်းထန်လာသည့်အလျောက် မိုးကလည်း ပိုမို သည်းထန်လာသည်။
မိုးနတ်ဘုရား နိုးထလာသကဲ့သို့ မြစ်များနှင့် ပင်လယ်များကို ဖြတ်ကျော်ကာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သည်။
ကမ်းရိုးတန်းမြို့ကို မိုးရေများ တဖွဲဖွဲကျကာ လမ်းများပေါ်တွင် ကားများ၏ ဟွန်းတီးသံများဖြင့် ဆူညံလာသည်။ ကောင်းကင်နဲ့ မြေကြီးက အလွန်အမင်း အုံ့မှိုင်းနေ၏။
ဗုန်း!
ထောင်ပေါင်းများစွာသော လျှပ်စီးကြောင်းများသည် နဂါးများအလား တိမ်များထဲကို ထိုးဖောက်ဝင်ရောက်ကာ အိမ်ကြီး၏အထက်တွင် စုရုံးနေပြီး ညဘက်ပေမယ့် နေ့ဘက်ကဲ့သို့ တောက်ပစေသည်။
"အံ့သြစရာ ကောင်းလိုက်တာ"
"ဒီနေ့ မိုးမရွာဘူးလို့ မိုးလေဝသခန့်မှန်းချက်က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်... တစ်ယောက်ယောက်များ ကောင်းကင်ဘုံ အမတအဆင့်အထိ ရောက်တော့မှာလား"
မိုးခြိမ်းသံက လေထဲမှာ ပဲ့တင်ထပ်နေဆဲ။ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကြောင့် ပြည်သူတွေက နေအိမ်များမှ ထီးများကိုင်ဆောင်ရင်း ထွက်လာကြည့်ကြသည်။ အကြောင်းမှာ တစ်သတ်မှာ ဘယ်လိုမှ စိတ်ကူးမယဉ်နိုင်သော ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေလို့ပင်။
ကောင်းကင်မှာ ဘယ်လိုမျိုး တည်ရှိနေမလဲဆိုတာ သူတို့ စောင့်ကြည့်ချင်ကြ၏။
သူတို့ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ လမ်းပေါ်မှာ စီတန်းနေတဲ့ မေပယ်ပင်တွေမှာ တစ်ခုခု လွဲနေတာကို ရုတ်တရက် သတိထားမိလိုက်သည်။
ညှိုးနွမ်းနေသော အကိုင်းအခက်များမှ အရွက်အသစ်များ အညှောက်ပေါက်ပြီး အရွက်စိမ်းများ အစုလိုက်အပြုံလိုက် ပေါက်လာသည်။ ခဏတာအတွင်း နွေဦးသည် အသက်စွမ်းအင်ကို ယူဆောင်လာခဲ့လေသည်။
ဗီလာအသိုက်အဝန်းကို ဗဟိုပြုသော ကျန်းဟိုင်မြို့၏ ကျယ်ပြန့်သော ဧရိယာသည် နိယာမစွမ်းအင်၏ ကောင်းချီးများဖြင့် ဖုံးအုပ်ခံထားရလျက် ရှိသည်။
……….
ပြတင်းပေါက်ရှေ့မှ ရှောင်ပိုင်တစ်ယောက် သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကွဲအက်နေတဲ့ စခရင်ကို နာကျင်တဲ့အကြည့်နဲ့ ပွတ်လိုက်သည်။ သူမ အသစ်ဝယ်ထားတဲ့ဖုန်းက ကွဲသွားပြီ။
အဲဒီလျှပ်စီးကြောင်းအားလုံးရဲ့ အပြစ်ပဲ။
"ဒါ သခင်ဖြစ်ရမယ်... ခြံထဲမှာ တစ်ခုခု လုပ်နေတာလား!"
ဒါကိုစဉ်းစားရင်း ရှောင်ပိုင် သူ့ဖုန်းကိုချပြီး ပြတင်းပေါက်ဆီ လှမ်းကြည့်လိုက်သည်။ သူသည် ထူးဆန်းသော မြင်ကွင်းကို ရိုက်ယူပြီးနောက် ချင်းယန်ရှိရာ အောက်ဖက်သို့ ငုံ့ကြည့်လိုက်သည်။
ဒီအချိန်မှာ ခြံဝင်းသည် ပန်းများပွင့်လန်းနေသော ပန်းပင်လယ်ဖြစ်နေပြီး အသီးအရွက်များ ပြည့်နေသည်။ ချင်းယန်က အလယ်ဗဟိုတွင် ထိုင်ကာ အဓိပတိနယ်ပယ် တက်လှမ်းဖို့ နောက်ဆုံးအောင်မြင်မှုကို ရယူနေခဲ့သည်။
သူ့မျက်ခုံးကြားတွင် မိုးကြိုးပုံစံများ စုစည်းကာ သူ့လက်ဖဝါးပေါ်ရှိ သစ်သားစေ့များနှင့် အလင်းအစက်များ ထွန်းလင်းတောက်ပကာ ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများကို ဆွဲဆောင်နေသည်။
"သခင် ဘာလုပ်နေတာလဲ?!"
ရှောင်ပိုင် လှေကားမှ ခုန်ဆင်းသွားသော်လည်း ချင်းယန်နှင့် အနီးနားတွင် မနေရဲပေ။ မဟုတ်ပါက ဝန်းရံထားသော နိယာမ ဥပဒေသများ၏ ဒဏ်ကို ခံရမည်ဖြစ်သည်။ ယခု လေထုက သိသိသာသာ ကွဲအက်သွားသော အတားအဆီးတစ်ခု ဖြစ်လာချေပြီ။
အကယ်၍ မွေးရာပါနယ်ပယ်က တစ်စုံတစ်ယောက်သည် မတော်တဆ ဝင်ရောက်လာမိပါက ၎င်းတို့၏ဝိညာဉ်များ ထိုနေရာ၌ပင် ကွဲအက်သွားကာ ၎င်းတို့အား ပြန်ယူ၍ မရနိုင်သော အခြေအနေသို့ ကျဆင်းသွားမည် ဖြစ်သည်။
……………
ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ။
ထန်ဖေး အပေါ်ဆုံးထပ်တွင်။
ရုံးခန်းထဲတွင် လက်ဖက်ရည်၏ သင်းပျံ့သောရနံ့က လေထဲသို့ လွင့်ပျံလာသည်။ ရုတ်တရက် ပြင်းထန်လှသော လေအေးလေးသည် ပြတင်းပေါက်မှ လွင့်လာကာ အခန်းထဲသို့ ပြေးဝင်လာပြီး လက်ဖက်ရည်ရနံ့ကို ပြင်းထန်စွာ ဖြန့်ကျက်ပစ်လိုက်သည်။
"ဒါဘာလဲ?!"
လူအိုလီ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် အတွင်းမှ ပြင်းထန်သော လေကို ထိန်းထားရန် လက်ဖဝါးကို လှည့်ကာ ပြတင်းပေါက်ဘက်ကိုလည်း အံ့အားသင့်စွာ လှမ်းကြည့်လိုက်သည်။
"ဒီလောက် ပြင်းထန်တဲ့ ကြယ်စွမ်းအင်က ဘယ်က လာတာလဲ..."
ဤအခိုက်အတန့်တွင် လေသည် ကြယ်များ၏ လျှို့ဝှက်ဆန်းကြယ်သော နိယာမစွမ်းအင်များကို ပါ၀င် သယ်ဆောင်လာခဲ့လေ၏။
တကယ်ကို သူ့စိတ်ထဲ ကြောက်စိတ်တွေ ပြည့်နှက်နေသည်။ ကြယ်စွမ်းအင်ကို ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းဖြင့် ပေါင်းစပ်၍ နိယာမတရား၏ စွမ်းအားဖြင့် သွယ်ဝိုက်စွာ ဖုံးကွယ်ထားနိုင်သည်။
သံသယဖြစ်စရာ မလိုအောင် ဤအမည်မသိ ပုဂ္ဂိုလ်သည် အဓိပတိနယ်ပယ်အဆင့်သို့ ရောက်ရှိနေပြီ ဆိုတာ သေချာပါသည်။
ဖြစ်နိုင်ပါ့မလား...
အဲဒီ သားရဲနတ်အရှင် လက်အောက်က နတ်ဆိုးတွေ အကြီးအကျယ် တိုက်ခိုက်လာပြန်ပြီလား။
"ဆရာ လာကြည့်ပါဦး!"
လင်မော့ဖုန်း ပြတင်းပေါက်နားသို့ ချဉ်းကပ်ကာ အဝေးက တိမ်တိုက်များကို ငေးကြည့်ရင်း ရုတ်တရက် အော်လိုက်သည်။
"မြို့ထဲမှာ တစ်ယောက်ယောက်က အောင်မြင်မှုတွေ ရနေပြီထင်တယ်!"
"အောင်မြင်မှု?"
ဒါကိုကြားတာနဲ့ လူအိုလီရဲ့ အမူအရာလည်း ပြောင်းလဲသွားလေ၏။ သူ လင်မော့ဖုန်းနံဘေးသို့ လျင်မြန်စွာ ရောက်လာပြီး သူနှင့်အတူ ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
အပြင်မှာတော့ ကောင်းကင်က ညဘက်လို တောက်ပနေ၏။ တိမ်တိုက်များမှ လျှပ်တစ်ပြက် အလင်းတန်းများစွာ ထွက်ပေါ်လာကာ မြို့ထဲရှိ မြက်ပင်များနှင့် သစ်ပင်များ ကြီးထွားလာပြီး ထူးဆန်းသော ဖြစ်စဉ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
"ဆရာ! တစ်ယောက်ယောက် အထွတ်အထိပ်ကနေ ထိုးဖောက်တော့မယ်...."
လင်မော့ဖုန်း မြို့ထဲကို ငုံ့ကြည့်ကာ စိတ်အားထက်သန်စွာ ဆက်ပြောနေခဲ့သည်။
"အဓိပတိနယ်ပယ် ကျွမ်းကျင်ပညာရှင် တစ်ဦးကပဲ ဒီလိုဖြစ်စဉ်ကို အစပျိုးနိုင်တာလို့ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်... အခုလောလောဆယ် မြို့ထဲက တစ်ယောက်ယောက်က အဓိပတိနယ်ပယ်ဆီ တွန်းဝင်နေပြီ!"
လင်မော့ဖုန်း လေသံမှာ စိတ်လှုပ်ရှားသွားသည်။ အဓိပတိနယ်ပယ်ကို ထိုးဖောက်နေသူကို သူ့မျက်လုံးနဲ့သူ အမှန်တကယ် မြင်ရလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပါ။
"အဓိပတိနယ်ပယ်ကို ဖြတ်ကျော်သွားမှာလား?"
လူအိုလီသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားနေခဲ့သည်။
“ဒါ အကြီးအကဲ ဓားနတ်ဘုရား ထိုးဖောက်နေတာများလား”
သို့သော် ထိုအတွေးဝင်လာသည်နှင့် တပြိုင်နက် သူ မသေချာမရေရာ ဖြစ်လာသည်။ ထိုသူ့ရဲ့ ယခင် စွမ်းဆောင်မှုအပေါ် အခြေခံပြီး ဆိုရလျှင် ဓားတစ်ချောင်းတည်းကိုသာ မှီခိုအားထားရသော အကြီးအကဲ ဓားနတ်ဘုရားသည် ဂိုဏ်းဆရာကိုတောင် လွယ်ကူစွာ ခေါင်းဖြတ်နိုင်၏။
သူ့မှာ အဲဒီလို ခွန်အားတွေ ပိုင်ဆိုင်ထားလို့ ယုတ္တိနည်းအရပြောရရင် သူ အဓိပတိနယ်ပယ် ရောက်နေပြီ မဟုတ်လား ။
"ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကများ အဓိပတိနယ်ပယ်ကို ဖြတ်သွားတာလား"
ဒီလိုတွေးနေရင်း လူအိုလီသည် ကောင်းကင်က နိယာမစွမ်းအင်များ စုပုံနေသည့်နေရာကို စေ့စေ့ကြည့်နေသည်။ ဤကိစ္စသည် အလွန်အရေးကြီးပြီး ၎င်းကို လျှော့တွက်ထားလို့ မရပေ။ ထို့နောက် သူ လင်မော့ဖုန်းအား တိုးတိုးလေး ပြောလိုက်သည်။
"လာ မော့ဖုန်း...ငါ့နောက်ကို လိုက်ခဲ့..."
……………
ဓားနတ်ဘုရားတောင်ကြား။
ချောက်ကမ်းပါးများက မြင့်မားလှသည်။ ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များ ပေါင်းစည်းကာ တောင်ကြား ကြမ်းပြင်ကို ဖြတ်သွားသည့် အေးစိမ့်သော လေအဖြစ် ပြောင်းလဲသွားသည်။
လီကျစ်ရွှမ်းကလည်း ကျောက်နံရံတစ်ခုရှေ့တွင် ရပ်ကာ ဓားလမ်းစဥ်ကို နားလည်သဘောပေါက်ကာ ဓားသွားများကို ခြေရာခံရန် ဓားသိုင်းကနေခဲ့သည်။ မွေးရာပါနယ်ပယ်ထဲသို့ ဝင်ရောက်လာကတည်းက သူမ၏ ကျင့်ကြံမှုအပေါ် နားလည်မှုမှာ အနည်းငယ် ရပ်တန့်သွားခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဓားတောင်ကြားသို့ လာရန် အချိန်ယူခဲ့ပြီး အောင်မြင်မှု အခွင့်အလမ်းကို ရှာတွေ့ရန် မျှော်လင့်ခဲ့သည်။ ဒါပေမယ့် ကံမကောင်းစွာပဲ တိုးတက်မှုက အနည်းငယ် လွဲချော်နေပါသေး၏။
“မလုံလောက်သေးဘူး” သူမ ခေါင်းယမ်းလိုက်ပြီး သက်ပြင်းအနည်းငယ် ချလိုက်သည်။
"ငါ့ရဲ့ အရည်အချင်းတွေ အားနည်းနေသေးတာလား... ငါ့ဆရာကို ဒီလိုမျိုးနဲ့ ဘယ်လို ရင်ဆိုင်ရမလဲ..."
ထိုစဥ် ခရမ်းရောင် လျှပ်စီးကြောင်း အလင်းတန်းများသည် ညကောင်းကင်ယံကို ဖြတ်၍ ကျယ်ပြောသော ကောင်းကင်တစ်ခွင် ဖြန့်ကျက်သွားလေ၏။ လီကျစ်ရွှမ်း လန့်သွားပြီး အလိုလို အပေါ်ကို မော့ကြည့်လိုက်သည်။
ကနဦး လျှပ်စီးလက်မှုက ပျောက်ကွယ်သွားပြီး ကောင်းကင်တစ်ခုလုံး လင်းထိန်နေသော ငါးများ ပြောင်းရွှေ့နေသည့်အလား အလင်းတစ်ခု လျှပ်တစ်ပြက် လင်းလက်လာသည်။
"ဘာတွေဖြစ်နေတာလဲ?!"
ဒါကိုမြင်တော့ လီကျစ်ရွှမ်း လျှပ်စီးကြောင်းကို ရှင်းရှင်းလင်းလင်း မြင်တဲ့ ချောက်ရဲ့ အမြင့်ဆုံးနေရာအထိ တည့်တည့် တက်သွားခဲ့ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ မှိန်ဖျော့နေသော မီးရောင်များအပြင် လျှပ်စီးကြောင်းများက မြို့ပေါ်၌ စုစည်းနေ၏။
လျှပ်စီးလက်နေတဲ့ နေရာကို စိုက်ကြည့်ရင်း အနည်းငယ် မှင်တက်သွားကာ ဝမ်းကွဲအစ်မဖြစ်သူ ပြောတာကို သတိရသွားသည်။
ဖုဟိုင်ဗီလာ လူနေရပ်ကွက်!
အဲဒါက ဆရာတူအစ်ကိုရဲ့ နေရာမလား?
"ဟိုမှာ အစ်ကိုကြီးရှိရင်..နေဦး ...သူ့ရဲ့ ခွန်အားနဲ့ ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်မှာ မဟုတ်ဘူး"
မိုးခြိမ်းသံကို မျှော်ကြည့်ရင်း လီကျစ်ရွှမ်း၏ မျက်လုံးများက အဖြူရောင်ညအား ရောင်ပြန်ဟပ်နေခဲ့သည်။
"ဒါတွေအားလုံး ဆရာ့ကြောင့်များလား"