← Chapters

အဓိပတိနယ်ပယ် ထိုးဖောက်ပြီ

Vol. 12 Ch. 168

အဓိပတိနယ်ပယ် ထိုးဖောက်ပြီ

Vol. 12 Ch. 168

ခဏအကြာတွင် မိုးခြိမ်းသံများက ကောင်းကင်တခွင် ကျယ်လောင်စွာ မြည်လာတော့သည်။

လမ်းများပေါ်တွင် ဟွန်းသံများဖြင့် ကားတွေ ပြည့်ကျပ်နေပြီး ပြည်သူများသည် ၎င်းတို့၏ လက်ကိုင်ဖုန်းများကို မြင့်တင်ကာ ကောင်းကင်မြင်ကွင်းကို မှတ်တမ်းတင်နေကြသည်။ တချို့ကလည်း ၎င်းကို သူငယ်ချင်းများနှင့် မိသားစုထံ ထပ်ဆင့်ပေးပို့နေသဖြင့် သတင်းကို လျင်မြန်စွာ ပျံ့နှံ့စေခဲ့သည်။

ထိုစဥ် ဒါဇင်ပေါင်းများစွာသော ကြယ်စွမ်းအင်များနှင့် အရိပ်များသည် သူတို့ ခေါင်းပေါ်မှဖြတ်သွားကာ ဗီလာ၏ ရှုပ်ထွေးသော အရပ်ဆီသို့ အရှိန်ပြင်းပြင်း ဖြတ်သွားကြ၏။ ကြယ်ရောင်များ ဖြန့်ကျက်ကာ လမ်းသွားလမ်းလာများမှ အာမေဋိတ်သံများ ထုတ်မိကြသည်။

"ဒါက ဆရာကြီးလီနဲ့ သူ့ရဲ့ ဂိုဏ်းဆရာတပည့်ပဲ!"

"ဆရာကြီးလည်း ဒီမှာဘဲ!"

"ဝိုး ကျန်းဟိုင်က ဆရာကြီးတွေအားလုံး ဒီကို ရောက်နေကြပြီ"

အာမေဋိတ်စကားများကို နားထောင်ရင်း ဆရာကြီးလီ ငြိမ်သက်သွားသည်။ သူသည် လူစုလူဝေးကို လျစ်လျူရှုကာ လင်မော့ဖုန်းနှင့်အတူ ဆက်လက်၍ မကြာမီ အိမ်ရာဝင်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ တခြားကျန်းဟိုင်က ပညာရှင်များကလည်း အချိန်မီ ရောက်ရှိလာကြသည်။

ကြယ်သိုင်းရဲစခန်း ရဲဦးစီးချုပ်၊ မြို့တံခါးစောင့်အဘိုးကြီး၊ စာကြည့်တိုက်ပိုင်ရှင်၊ မွေးရာပါနယ်ပယ် ခြေလှမ်းတစ်ဝက်မှ လီချင်းဟဲပင်လျှင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်။

ဦးစီးချုပ်က ရှေ့ကို လှမ်းပြီး နှုတ်ဆက်လာသည်။

"လူအိုလီ....ဒီကို လာရမယ့်အချိန်ကို ရှာတွေ့မယ်လို့တောင် မမျှော်လင့်ထားဘူး"

"ဟား ဟား ဒီမြင်ကွင်းက အရမ်းခမ်းနားတယ်လေ... အခု ကျန်းဟိုင်မြို့တစ်ခုလုံးကို သိနေပြီ ငါသတိမထားမိဖို့ ခက်ပါတယ်..."

လူအိုလီက ခေါင်းတညိတ်ညိတ်နဲ့ သူ့မုတ်ဆိတ်ဖြူဖြူတွေကို ပွတ်သပ်ရင်း ပြုံးနေသည်။

"လူတိုင်း ဒီကို ရောက်နေပြီ ဒါက တကယ့်ကို ရှားပါးတဲ့ အခွင့်အရေးပဲ ဒီအမြင်က နိယာမရဲ့ စွမ်းအားကို အရိပ်အမြွက် ပြနေတယ်... အဲဒါကို နားလည်နိုင်ရင် လူတိုင်းအတွက် အခွင့်အရေးကြီးပဲ"

သူပြောပြီးတာနဲ့ သူ့ပတ်ဝန်းကျင်က လူတွေလည်း အံ့ဩသွားကြသည်။

နိယာမ အစွမ်းကို နားလည်ခြင်းလား ?!

ဤအမြင်ကို အမှန်တကယ် နားလည်နိုင်ပါ့မလား။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤနားလည်သဘောပေါက်မှုကို ဆုပ်ကိုင်ထားပြီး ၎င်းမှ ဝိညာဉ်ပညာကို ရရှိမယ့်အထိ ကံကောင်းပါက ၎င်းသည် ကောင်းကင်မှ စစ်မှန်သောလက်ဆောင်တစ်ခု ဖြစ်လာပေလိမ့်မည်။

လူတစ်ယောက်၏ ဉာဏ်အလင်းရောင်သည် အလုံးစုံကို တက်မြောက်စေနိုင်သည်။ ဤအခိုက်အတန့်တွင် လင်မော့ဖုန်းလည်း ထွက်လာပြီး သူ့ပတ်ဝန်းကျင်မှ လူများကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"ဆရာပြောတာ မှန်တယ်! လူတိုင်း ဒီမှာရှိနေမှတော့ ကျေးဇူးပြုပြီး မျက်လုံးဖွင့်ပြီး ဒီရူပါရုံရဲ့ နက်နဲတဲ့အရာကို ဂရုတစိုက်ကြည့်ရှုကြပါ... ဒီရူပါရုံက အခွင့်အလမ်းရဲ့ ရောင်ခြည်ပဲ ဖမ်းဆုပ်နိုင်ရင် နောက်ဖွားနယ်ပယ်ကနေ မွေးရာပါနယ်ပယ် အထိ ဖြတ်သွားနိုင်တယ်... ဒါမှမဟုတ် မွေးရာပါနယ်ပယ်က သခင်အဆင့်ကိုတောင် ရောက်အောင်သွားနိုင်တယ် အရာအားလုံး ဖြစ်နိုင်တယ်!"

ဒီလိုကြားရတဲ့အခါ ပတ်ဝန်းကျင်က လူတွေရဲ့ မျက်လုံးတွေ တောက်ပလာပြီး လောဘဇောနဲ့ ကောင်းကင်က မြင်ကွင်းကို မျှော်ကြည့်လိုက်ကြတော့သည်။ နိယာမစွမ်းအင်ကို အမှန်တကယ် နားလည်သဘောပေါက်ပြီး အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါက ယင်းသည် သဘာဝအားဖြင့် အမြတ်ကြီး ဖြစ်ပေလိမ့်မည်။

သူတို့အားလုံးက ကျင့်ကြံသူများဖြစ်သည်။ အဓိပတိနယ်ပယ်ကို ရောက်ဖို့ မလိုလားသူ ဘယ်မှာရှိမှာလဲ။

လူတိုင်းက ကောင်းကင်မှာ ကခုန်နေတဲ့ လျှပ်စီးကြောင်းတွေကို မျှော်ကြည့်ရင်း လှုပ်ရှားဖို့ စိတ်အားထက်သန်နေကြပါသည်။ အချို့က ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး ရူပါရုံထဲသို့ နက်နဲစွာ စွန့်စားရန် ကြိုးစားနေကြသည်။

သို့သော်။

"အားလုံးပဲ စိတ်အေးအေးထားပါ... အရမ်းမကပ်သွားပါနဲ့!"

လူအိုလီက သူတို့၏ စိတ်အနှောင့်အယှက်ကို သတိပြုမိပြီး ဝင်ပြောလိုက်သည်။

"အဓိပတိနယ်ပယ် အတွင်းပိုင်းကို ထိုးဖောက် ဝင်ရောက်နေတဲ့သူက အကြီးအကဲ ဓားနတ်ဘုရား ဖြစ်နိုင်ပါတယ်... ငါတို့ သူ့ကို ဒီမှာ မနှောင့်ယှက်သင့်ဘူး သူ့ကို ကာကွယ်သင့်တယ်!"

သူတို့၏ နားထဲတွင် ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထပ်လာသည်။ အနှီအသံက တောင်ဗိမာန်ထဲက ရှေးခေါင်းလောင်းသံ ကဲ့သို့ပင်။ အိပ်မက်မှ နိုးထလာသကဲ့သို့ လူတိုင်း၏မျက်လုံးထဲတွင် တယူသန်စိတ်များ ပျောက်ကွယ်သွားသည်။ သူတို့ လူအိုလီကို မယုံနိုင်စွာ စိုက်ကြည့်နေကြသည်။

အကြီးအကဲ ဓားနတ်ဘုရားက အောင်မြင်မှုတစ်ခုကို တွေ့ကြုံနေသူလား။

ဒီလိုသာဆိုရင် အခြေအနေက လုံးဝ ပြောင်းသွားလိမ့်မယ်။

အောင်မြင်မှုတစ်ခုအတွက် အခွင့်အလမ်းက ဆွဲဆောင်မှုရှိသည်။

ကျန်းဟိုင်ဓားနတ်ဘုရားသည် သူတို့၏ စိတ်နှလုံးထဲရှိ ဘုရားသခင်လို အဆင့်အတန်း၊ ကောင်းကင်က နေမင်းနှင့် နှိုင်းယှဉ်နိုင်သည်။ နည်းနည်းလေးမှ မလေးမစား မလုပ်ဝံ့ပေ။

သို့နှင့် ရောက်ရှိလာသော တန်ခိုးကြီး စစ်သည်များသည် အကြီးအကဲလီ၏ အဆိုပြုချက်ကို သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ သဘောတူညီချက် တစ်ခုရရှိပြီးနောက် ၎င်းတို့အားလုံးသည် ဗီလာအဆောက်အအုံ အပြင်ဘက်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ထူးဆန်းသည့်ဖြစ်စဉ်ကို စောင့်ကြည့်ရန် အချိန်ကို ဆန့်ကျင်ကြသည်။

အချိန်တွေ တဖြေးဖြေး ကုန်ဆုံးသွားသည်။ ကောင်းကင်မှ မိုးခြိမ်းသံက အဆက်မပြတ် ဟောက်နေသဖြင့် လူတိုင်း၏ စိတ်အားထက်သန်သော မျက်နှာများကို လင်းထိန်စေပါသည်။

ဝုန်း!

လီကျစ်ရွှမ်း နောက်ကျနေပြီးမှ နောက်ဆုံးတွင် ဖုဟိုင်ဗီလာ လူနေရပ်ကွက်ထဲသို့ ရောက်ရှိခဲ့သည်။ ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ကျန်းဟိုင် သခင်များကိုမြင်တော့ သူမ အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။

"အားလုံး ဘာလုပ်နေကြတာလဲ?"

"ဘာလို့ မြေကြီးပေါ် ထိုင်နေတာလဲ"

လီကျစ်ရွှမ်း သူတို့ကို မနှောင့်ယှက်ဝံ့ဘဲ လှည့်ကြည့်လိုက်သည်။ သူမက လင်မော့ဖုန်းဆီသို့ ရိုးရှင်းစွာ လျှောက်သွားကာ အခြေအနေကို မေးမြန်းလိုသည်။ လမ်းတွင် သူမသည် အနည်းငယ် မော့ကြည့်ကာ ကောင်းကင်က ထူးဆန်းသော ဖြစ်စဉ်ကို အမှတ်မထင် ဖမ်းမိလိုက်သည်။

ထိုအချိန်တွင် ကောင်းကင်တွင် တိမ်မည်းများနှင့် မိုးကြိုးနဂါးများ စွန်းထင်းနေပြီး မြေကြီးကို ပန်းများနှင့် အပင်များဖြင့် ဖုံးအုပ်ထားသည်။ သူမနှလုံးသားရဲ့ တစ်နေရာရာမှာ ရုတ်တရက် တစ်စုံတစ်ခုက သူမကို ထိမှန်သွား၏။

လီကျစ်ရွှမ်းသည် သူ့ဆရာနှင့် ကုန်ဆုံးခဲ့သည့်အချိန်ကို ပြန်သတိရကာ သူမ၏ နှလုံးသားထဲတွင် တစ်စုံတစ်ခု ပွင့်သွားခဲ့သည်။ တခဏချင်းမှာပဲ သူမရဲ့နယ်ပယ် ပိတ်ဆို့မှုတွေ ပြေလျော့သွားပြီး အောင်မြင်မှုတွေ အမှန်တကယ် ဖြစ်လာခဲ့ပါ၏။ သူမပတ်ဝန်းကျင်က အငွေ့အသက်တွေက ရုတ်တရက် ပြောင်းလဲသွားသည်။

"ဟမ်... ဆရာတူညီမလေး ဘာဖြစ်နေတာလဲ?"

လင်မော့ဖုန်း သူမဆီက ထူးထူးခြားခြား တစ်ခုခုကို ခံစားလိုက်ရပြီး မျက်လုံးများ မှိတ်ကာ အံ့သြစွာ မေးလိုက်သည်။

"အခွင့်အရေးကို မင်း နားလည်သွားပြီလား"

"ကံကောင်းသွားတာပါ"

လီကျစ်ရွှမ်း ညင်သာစွာပြောပြီး ကောင်းကင်မှ လျှပ်စီးကြောင်းနဲ့ မိုးကြိုးတွေကို မော့ကြည့်လိုက်သည်။ သူ့ဆရာနဲ့ အချိန်တွေ အများကြီးကုန်ပြီး တခြားသူတွေရှေ့မှာ အခွင့်အလမ်းကို သူမ သိခဲ့တာ အံ့သြစရာတော့ မဟုတ်ပါ။

"ကံကောင်းလိုက်တာ!"

လင်မော့ဖုန်း ငြူစူသော မျက်လုံးများဖြင့် တောက်ပနေသည်။

"ညီမငယ်လေး... မင်းက တကယ်ကို ဥာဏ်ကောင်းတယ် ဒီအခွင့်အရေးက မင်းအတွက် ရည်ရွယ်တာပဲ"

သူမသည် အခြားသူများထက် များစွာနောက်ကျပြီးမှ ရောက်ရှိလာသည်မှာ ထင်ရှားပြီး မြို့တွင်းမှမဟုတ်ဘဲ မြို့ပြင်မှ အပြေးအလွှား လာခဲ့ရသည်။ သို့ပေမယ့် ရောက်တဲ့ ခဏလေးအတွင်းမှာပဲ သူမဟာ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ဆုပ်ကိုင်ထားပြီးပြီ..။

ဒီအရှိန်က တကယ်ကြောက်စရာကောင်းတယ်!!

"လူငယ်တွေက တကယ် ကြောက်စရာကောင်းတယ်..."

"အဲဒါ လီမိသားစုထဲက မိန်းကလေး မဟုတ်ဘူးလား"

"သူမက ပါရမီရှင်..."

ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ ကျန်းဟိုင် စစ်သည်တော်များသည် လီကျစ်ရွှမ်း ရှိရာဆီသို့ ကြည့်လိုက်ကြပြီး အားလုံးက မနာလိုစိတ်ဖြင့် ချီးမွမ်းလိုက်ကြပေ။ အဓိပတိနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ခွင့်ရခြင်းသည် ရတနာ ပေါ်ထွန်းခြင်းတစ်ခု၊ ရှားပါးသောအခွင့်အရေး တစ်ခုနှင့်တူသည်။

ယခု လီကျစ်ရွှမ်းသည် ဉာဏ်အလင်းရရှိပြီ ဖြစ်သောကြောင့် ၎င်းသည် အကြီးအကဲလီ ပြောခဲ့သည့်အမှန်တရားကို ပိုမိုသက်သေပြခဲ့ပါပြီ။

"ကျစ်ရွှမ်းရဲ့ အရည်အချင်းက ပြင်းထန်လွန်းတယ်..."

လူအုပ်ထဲမှ လီချင်းဟဲသည် သူမကို တိတ်တဆိတ် စိုက်ကြည့်ရင်း စိတ်ဓာတ်ကျပြီး အနည်းငယ် ချဉ်သွားသည်။

သူ၏ဝမ်းကွဲသည် မယုံနိုင်လောက်အောင် ပါရမီရှင်ဖြစ်ပြီး လက်တွေ့မှာလည်း ဘီလူးတစ်ကောင်ဖြစ်သည်။ သူမသည် အစီအရင် ဖွဲ့စည်းမှုများအတွက် ထူးထူးခြားခြား အရည်အချင်းရှိသော်လည်း ကျင့်ကြံမှုမှာတော့ သူ့နောက်တွင် များစွာ နောက်ကျကျန်ခဲ့သည်။

မိမိကိုယ်ကို တခြားသူများနှင့် နှိုင်းယှဉ်ခြင်းက ဒေါသထွက်စေတယ် ဆိုတာ အမှန်ပင်။

သူမတို့က တူညီသော အဆင့်တွင် မရှိနေချေ။

"ဆရာဘိုးဘိုးက သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာ အံ့သြစရာ မရှိပါဘူး... ငါက ငတုံး... ပိုကြိုးစားနိုင်မှပဲ..."

ဒါကိုတွေးပြီး လီချင်းဟဲ သက်ပြင်းချပြီး အပေါ်က ထူးဆန်းတဲ့ လျှပ်စီးကြောင်းကို စိုက်ကြည့်လိုက်သည်။ လီကျစ်ရွှမ်းရဲ့ ရှေ့ဆောင်ဥပမာကြောင့် အခြား ကျန်းဟိုင် စစ်သည်များသည် အခွင့်အလမ်းကို နားလည်ရန် ပို၍ပင် အာရုံစူးစိုက်မှုပြုကာ စိတ်အားထက်သန်လာကြသည်။

………….

အိမ်အတွင်းပိုင်းမှ ရှောင်ပိုင်သည် မှန်တံခါးကို ဖွင့်လိုက်ပြီး ဗီလာအဆောက်အအုံအပြင်ဘက်တွင် လူအုပ်ကြီး ရှိနေသည်ကို သတိထားမိလိုက်သည်။ သူမ မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလို့ လူတွေ ဒီလောက်များနေတာလဲ"

"အားလုံး မြေပြင်ပေါ်မှာ ထိုင်နေကြတာလား?"

"သူတို့ စာတမ်းဖတ်ပွဲ ရှိလို့များလား"

"ဘယ်လို အရူးတွေလဲ!"

ရှောင်ပိုင် မထီမဲ့မြင်ပြုကာ နှာခေါင်းရှုံ့ကာ ချင်းယန် အနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွား၏။ သူမ၏ ဝိညာဉ်စွမ်းအင်ကို ဖြတ်သွားချိန်တွင် ကာကွယ်ရန် ထုတ်လွှတ်ထားလိုက်သည်။

သူမသည် ချင်းယန်ဆီက မကြာခဏ စိတ်ဆိုးပြီး နေ့တိုင်း အနိုင်ကျင့်ခံရသော်လည်း၊း ဤအရေးကြီးသော အခိုက်အတန့်တွင် သူမအကူအညီ လိုအပ်သောကြောင့် သူမဘက်က သဘာဝကျကျ အကူအညီပေးရမည်။

နောက်ဆုံးတွင်တော့ သူမဆီမှာ မကောင်းသောသခင်က တစ်ဦးတည်းသာ ရှိသည်။

"ငါတစ်ယောက်တည်းပဲ သခင်ကို ဆဲဆိုနိုင်တာ!!!"

....

ထိုညတွင် ကျန်းဟိုင်မြို့၌ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်။ တစ်ညလုံး မိုးကြိုးမုန်တိုင်း ၊ လေ ၊ မိုး ၊ လျှပ်စီးကြောင်းတွေကြောင့် မြို့တော်၏ ရေနုတ်မြောင်းစနစ်သည် ဝန်ပိလုနီးပါးဖြစ်ကာ ပြိုကျလုနီးပါး ဖြစ်ခဲ့သည်။

မိုးလင်းမှသာ ကောင်းကင်၌ မိုးခြိမ်းသံ တိတ်သွားကာ အရှေ့မိုးကုပ်စက်ဝိုင်းမှ နေထွက်ပြီး အာရုဏ်အလင်းက ကမ္ဘာမြေပေါ်သို့ ပြန်ရောက်လာသည်။

အိမ်ဝင်းထဲမှ ချင်းယန် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ခရမ်းရောင်လေကို ရှူထုတ်လိုက်သည်။ လက်တွေကို သက်တောင့်သက်သာ ဆန့်ထုတ်ရင်း မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် အနီးကပ် ကြည့်လိုက်တော့ နိယာမစွမ်းအင် ပြေးလိုင်းတွေက သူ့မျက်လုံးထဲ နက်နက်နဲနဲ စီးဆင်းနေပုံပေါ်တာကို တွေ့လိုက်ရ၏။

All Chapters