နိယာမစွမ်းအင်က အရမ်းအားကောင်းတယ်
Vol. 12 Ch. 169
"ဒါက အဓိပတိနယ်ပယ်လား"
ခြံဝင်းထဲက ချင်းယန်သည် သူ့အတွင်းမှ ကြယ်စွမ်းအားများ တဟုန်ထိုး တက်လာသည်ကို ခံစားလိုက်ရပြီး သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ကြီးမားကျယ်ပြန့်သော ကြယ်စွမ်းအင်သည် သူ့အတွင်း၌ စုစည်းကာ အဆုံးမရှိသော သမုဒ္ဒရာကဲ့သို့ အရှိန်အဟုန်ဖြင့် လှိုင်းထန်ပြီး အဓိပတိ နယ်ပယ်သို့ ရောက်ရှိသွားပါ၏။
နောက်ဆုံးတွင်တော့ သူ နယ်ပယ်နိမိတ်ကို ဖြတ်ကျော်ပြီး မြင့်မြတ်သော ဘုံအထက်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ။
"တကယ်ကို မလွယ်ခဲ့ဘူး"
ချင်းယန် သူ၏ ယခင်အတွေ့အကြုံများကို ပြန်တွေးကာ ခေါင်းခါယမ်းလိုက်မိသည်။ နိယာမနှစ်ခု၏ စွမ်းအားကို အပြည့်အ၀နားလည်ရန် သူတစ်လခန့် အချိန်ယူခဲ့ရပြီး မျက်နှာဖုံးစွပ်ထားသော အဘိုးအို၏ ကြီးမားသော အကူအညီဖြင့်သာ အောင်မြင်မှုများကို ရရှိခဲ့သည်။
ခရီးက ခက်ခဲကြမ်းတမ်းလှသည်။
ချင်းယန် သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားပြီး ခြံဝင်းထဲမှာ ရပ်နေ၏။ သူသည် အပြင်သို့ ပျံ့နှံ့သွားသော ကြီးမားလှသော ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ ခဏတာမျှ ငေးကြည့်နေမိသည်။
"ဒီအပိုင်းကို အခုစမ်းကြည့်ရအောင်"
ချင်းယန် သူ့အာရုံကို စူးစိုက်ကြည့်နေသည့် နောက်အခိုက်တွင် စိတ်စွမ်းအားများ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။ စွမ်းအားများက စိမ့်စမ်းမိုးရွာချလိုက်သကဲ့သို့ အရာအားလုံးကို တိတ်တဆိတ် စိုစွတ်သွားစေပြီး တခဏအတွင်း ဧရိယာအစွန်းသည် ခြံဝင်းမှ မိုင်တစ်ရာပတ်လည်အထိ ကျယ်ပြန့်လာသည်။
တခြားလူများ၏ နှလုံးခုန်သံကိုပင် သူကြားနေရပါပြီ။ မြို့တော်၏ ရှုပ်ယှက်ခတ်မှု၊ တောက်ပသော မီးရောင်များနှင့် လမ်းသွားလမ်းလာများ၏ စကားပြောဆိုမှုများသည် သူ့စိတ်ထဲတွင် စွဲထင်နေသည်။ လီကျစ်ရွှမ်းနှင့် အခြားလူများသည် အိမ်ကြီး၏အပြင်ဘက်တွင် သူ့ခံယူချက်အတွင်း သဘာဝအတိုင်း ရောက်လာကြသည်။
"မျှော်လင့်ထားသလိုပဲ... သူတို့အားလုံး ဒီကိုရောက်နေကြပြီ... ဟမ် ဘာလို့ အကုန်လုံး မြေပြင်ပေါ်မှာ ထိုင်နေကြတာလဲ"
ချင်းယန် မအံ့သြဘဲ မနေနိုင်တော့ဘဲ စိတ်စွမ်းအားကို ရုပ်သိမ်းလိုက်သည်။
ဒီညီအကိုကြီးတွေ အားလုံးဟာ စိတ်နေစိတ်ထားကို ဆင်ခြင်နေပုံရတဲ့ အနေအထားအမျိုးမျိုးနဲ့ ထိုင်နေကြတာ ဘာကြောင့်လဲ။ သူတို့ရဲ့ စိတ်နေသဘောထားကို ကြည့်ရင် သူ အဓိပတိနယ်ပယ်ကို ဖြတ်ကျော်သွားတုန်းကထက်တောင် ပိုလေးနက်နေသလိုပင်။
"ကျစ်!"
ချင်းယန် သက်ပြင်းချလိုက်သည်။ အဓိပတိနယ်ပယ် ရောက်ပြီးနောက် သူ့အတွေးအမြင်က အနည်းငယ် ပြောင်းလဲသွားသည်။ သူ့အမြင်က ကျယ်ပြန့်လာပြီး အရင်ကလို စိတ်ကျဉ်းကျပ်မနေတော့ပါ။
"ထားလိုက်တော့... အဲဒီမိုက်မဲတဲ့ ကောင်မလေး လီကျစ်ရွှမ်းကိုပဲ မောင်းထုတ်ခိုင်းလိုက်တော့မယ်"
ချင်းယန် လှည့်၍ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ တခဏအတွင်း ဗီလာအစွန်းသို့ ရောက်သွားပြီ ဖြစ်ကာ သူ့ရောက်ရှိနေတာကို ဖုံးကွယ်ရင်း အောက်မှာစုဝေးနေတဲ့ ကျန်းဟိုင်ရဲ့ သခင်တွေကို စိုက်ကြည့်နေလိုက်သည်။
ဖုဟိုင်ဗီလာ လူနေရပ်ကွက်ရဲ့ အပြင်ဘက်မှာတော့ ကောင်းကင်က ထူးဆန်းသော ဖြစ်စဉ်များ ပျောက်ကွယ်သွားပြီး မိုးလင်းနေပါပြီ။
ထိုသခင်များသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အမျိုးမျိုးသော ကိုယ်ဟန်အနေအထား၊ ၎င်းတို့၏ နှလုံးသားငါးခုကို ကောင်းကင်ယံသို့ မျက်နှာမူကာ လက်စည်းတံဆိပ်များကို ပုံဖော်ရင်း ထိုရခဲယဉ်းသော အခွင့်အရေးကို ရှာဖွေရန် ကြိုးစားနေကြသည်။
လီကျစ်ရွှမ်း သူတို့ကို ဘေးကနေကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူ့ဆရာနဲ့ အဆက်အသွယ်မရှိရင် သူမလည်း သူတို့လိုပဲ တွေးနေမိလိမ့်မည်။
"တပည့်လေး..."
သူမ နားထဲတွင် ရင်းနှီးသော အသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာသည်။
"ဆရာ!?"
လီကျစ်ရွှမ်း မျက်လုံးများ ပြူးကျယ်သွားပြီး သူမ လှည့်ကြည့်လိုက်သည်။ စိတ်စွမ်းအား အကျိုးသက်ရောက်မှုကို သူမ ချက်ချင်း သဘောပေါက်လိုက်သည်။
"ဆရာ ထိုးဖောက်သွားပြီလား?"
"အင်း"
"ဂုဏ်ယူပါတယ် ဆရာ!"
လီကျစ်ရွှမ်း နားရွက်များ အနည်းငယ် နီမြန်းသွားပြီး သူမ အနည်းငယ် စိတ်လှုပ်ရှားနေပါသည်။
"ဘယ်တော့ တွေ့လို့ရလဲ ဆရာ... မတွေ့တာကြာပြီ"
သူမ တိုးတိုးလေး ပြောလိုက်သည်။
"စိတ်မပူနဲ့... အလျင်စလိုလည်း မလုပ်နဲ့ အချိန်တန်ရင် အကြောင်းကြားလိုက်မယ် ဆရာ့မှာ အရေးကြီးကိစ္စရှိလို့ အခု ဖယ်ပေးကြတော့"
နောက်တော့ အသံက တိတ်သွား၏။ လီကျစ်ရွှမ်း သတိဝင်လာပြီး သူမပတ်ဝန်းကျင်ရှိ ကျန်းဟိုင် သခင်များကို လှည့်ပတ်ကြည့်ရှုရင်း စိတ်လှုပ်ရှားမှုများက မြင့်တက်လာတော့သည်။
ခဏနေရင်တော့ ဆရာကြီးကို ပြန်တွေ့နိုင်တော့မှာ! ဆရာတူအစ်ကိုက တကယ် မလိမ်ဘူး။
"ဆရာ ပြောပြီးကတည်းက ဒီသခင်တွေ လူစုခွဲရမယ့် အချိန်ရောက်ပြီ"
ဒါကိုတွေးရင်း သူမ စိတ်ခံစားချက်တွေကို ထိန်းကာ လူအိုလီဆီ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
"ဆရာ.... တပည့်မှာ လုပ်စရာရှိသေးလို့ အရင်ထွက်သွားပါရစေ...."
"ဟမ်? ရွှမ်းရွှမ်း မင်း အခုထွက်သွားမှာလား"
လူအိုလီ အနည်းငယ် အံ့သြသွားသည်။ ယုတ္တိဗေဒအရဆို သူမက ယခု ဓားနတ်ဘုရားကို မြင်လိုစိတ် အရှိဆုံးသူဖြစ်သင့်သည်။
သူမဘာလို့ အရင်ထွက်သွားတာလဲ။
"ဆရာ... ဓားနတ်ဘုရားက သူ့တပည့်တွေဆီ မက်ဆေ့ချ်ပေးလာတယ်... လူတိုင်း လူစုခွဲဖို့နဲ့ အချိန်မဆိုင်းပါနဲ့တဲ့... ဒီမှာ လူတွေစုဝေးနေတာ အရမ်းများနေတော့ သူရဲ့ အနားယူချိန်ကို အနှောက်အယှက် ဖြစ်စေမယ် ထင်တယ်..."
"ဟုတ်လား..."
ဒါကိုကြားပြီးနောက် အကြီးအကဲလီက ခဏလောက် စဉ်းစားနေခဲ့သည်။
"ကောင်းပြီ ငါနားလည်ပါပြီ... အကြီးအကဲ ပြောမှတော့ ငါလမ်းပြရတော့မှာပေါ့... တခြားသူတွေလည်း ထွက်သွားကြလိမ့်မယ်..."
"ဒါဆို ကျေးဇူးတင်ပါတယ် ဆရာ"
လီကျစ်ရွှမ်း ခေါင်းညိတ်ပြပြီး လှည့်ထွက်သွား၏။ လူအိုလီလည်း အနီးနားရှိ ကျန်းဟိုင် သခင်များကို စိုက်ကြည့်ကာ အသံနက်ကြီးဖြင့် အော်လိုက်သည်။
"လူတိုင်း!"
"အကြီးအကဲ ဓားနတ်ဘုရားက ငါ့ကို မက်ဆေ့ချ်ပို့ပြီး အားလုံးကို အရင် ထွက်သွားခိုင်းပါတယ် မနေ့ညက ထိုးဖောက်တာ နည်းနည်း ရုတ်တရတ် ဖြစ်သွားလို့ နောက်ကျသွားတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်တဲ့...."
မိုးခြိမ်းသံတစ်ခုက လူတိုင်းနားထဲ ပဲ့တင်ထပ်နေသည်။ တခြားဆရာကြီးများက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခဏလောက်စဉ်းစားပြီးနောက် ခေါင်းညိတ်သဘောတူကြသည်။
"အကြီးအကဲ ဓားနတ်ဘုရားက အမိန့်ပေးမှတော့ ငါတို့ မနာခံဘဲ မနေဝံ့ပါဘူး"
"သွားကြစို့!"
"ရှက်လိုက်တာဗျာ... နိယာမစွမ်းအင်တွေရဲ့ နက်နဲတဲ့ စွမ်းအားကို အများကြီး နားမလည်ခဲ့ဘူး... ဘာမှမရဘဲ တစ်ညလုံး ဒီမှာပဲ ထိုင်နေခဲ့တာပါ..!"
ခဏအကြာတွင် တဟုန်းဟုန်း ခြေသံများ လေထဲတွင် ပြည့်လျှံနေပြီး အမြန်ပြေးလာခဲ့သော သခင်များ အားလုံး လူစုခွဲကာ အိမ်ကြီးအတွင်းမှ အမြန် ထွက်ခွာသွားကြသည်။
"ထွက်သွားပြီလား?"
လီချင်းဟဲ ပြန့်ကျဲနေသော လူအုပ်ကို ကြည့်လိုက်ပြီးနောက် အိမ်ကြီးဆီသို့ ပြန်လှည့်ကာ ထွက်ခွာရန် လေးလေးနက်နက် တွန့်ဆုတ်သွားခဲ့သည်။
. . . ငါ့ဆရာနဲ့ မ တွေ့ရသေး ဘူး !
ငါက သူ့တပည့် ဘယ်လိုဖြစ်လာနိုင်မလဲ။
"သွားကြစို့ ချင်းဟဲ... ငါ့နောက်ကလိုက်... မင်းဒီမှာ မနေပါနဲ့ ဓားနတ်ဘုရားရဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက်မိမယ်!"
လီတောက်မင် မျက်နှာ တင်းတင်းမာမာနဲ့ သူမကို ဆွဲထုတ်လိုက်သည်။ ထို့နောက် တိုက်ခန်းအပြင်ဘက်တွင် ဆောင်းဦးရွက်များ လွင့်ပျံလာကာ လူအုပ်ကြီးလည်း ပျောက်ကွယ်သွားခဲ့သည်။
…………
"နောက်ဆုံးတော့ သူတို့ထွက်သွားကြပြီ"
ချင်းယန်သည် ခြံဝင်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ အပြင်ဘက်မှ အသံများကို နားထောင်ရင်း သူ့နားများ ကြည်လင်လာသည်။ သူ့နောက်ထပ် နားလည်မှု မပြီးသေးပါ။ အခုလေးတင် သူအောင်မြင်မှု ရလာချိန်မှာတော့ သူက ဝိညာဉ်စွမ်းအင်ရဲ့ အရိပ်အမြွက်ကို ဖမ်းဆုပ်မိခဲ့၏။
"ခြေလှမ်းတစ်ဝက်နဲ့ အဓိပတိနယ်ပယ်ကြားက ကွာဟချက်က တော်တော် ကြီးမားတာပဲ!"
အကြီးမားဆုံး ကွာခြားချက်ကတော့ နိယာမစွမ်းအင် အာဏာကို အသုံးပြုခြင်းပဲ ဖြစ်ပါ၏။ ခြေလှမ်းတစ်ဝက်က ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆွဲယူကာ မြေပြင်ကို မှီခိုအားထားရုံမျှသာ ဖြစ်သည်။ အစီအရင်ကလည်း ဤသဘောတရားကို အခြေခံ၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံး ခွဲခြမ်းစိတ်ဖြာလိုက်ပါက ၎င်းသည် ပြင်ပအင်အားစုများ အပေါ်တွင်သာ မှီခိုနေရခြင်းဖြစ်သည်။
ဒါပေမယ့် နယ်ပယ်ကတော့ လုံးဝ ခြားနားပါသည်။ လေ၊ မိုးကြိုး၊ ရေ၊ မီး နိယာမတွေကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ကမ္ဘာငယ်လေးတစ်ခုလို အသုံးချပြီး ဒီနယ်ပယ်ကို ရောက်ရှိလာသူတိုင်းဟာ နိယာမစွမ်းအင် အသစ်တွေကို ချုပ်ကိုင်ထားတဲ့တိုင် ပိုမိုနက်နဲတဲ့ ထိန်းချုပ်မှုအဆင့်ကိုပါ ရရှိနိုင်ပါ၏။
ဥပမာအားဖြင့် သစ်သားနိယာမက ဂိုဏ်းဆရာ အဆင့်တွင် ဒဏ်ရာများကိုသာ ကုသနိုင်ပြီး အပင်များနှင့် သစ်ပင်များ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်သည်။ အဓိပတိနယ်ပယ် အဆင့်တွင် ၎င်းသည် ဖြတ်ထားသော ခြေလက်အင်္ဂါများကို ပြန်လည်ရှင်သန်စေပြီး အသက်ကို ရှည်စေသည်။
"ဒီလိုဆိုရင် ဒါက ငါ့ရဲ့မသေနိုင်တဲ့ အမတဘဝလို ဖြစ်နေပြီမလား"
ချင်းယန်က ခဏလောက် စဉ်းစားလိုက်သည်။
သူဆက်မတွေးနိုင်ခင်...
အနီးနားမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"သခင်!!!!"
သေးငယ်သော ဆံပင်ဖြူ ကောင်မလေးက ချုံပုတ်ထဲမှ ရုတ်တရက် ထွက်လာပြီး ချင်းယန်လက်နှစ်ဖက်ကို ပွေ့ဖက်ကာ သူမ၏ အမွေးအမြီးများကို လှုပ်ယမ်းလိုက်သည်။
ပြီးတာနဲ့ စနမ်းတော့၏။