← Chapters

ဟမ်? ဓားနတ်ဘုရားမှာ ကျိကျိလေးတွေ ရှိတာလား

Vol. 12 Ch. 171

ဟမ်? ဓားနတ်ဘုရားမှာ ကျိကျိလေးတွေ ရှိတာလား

Vol. 12 Ch. 171

ခဏအကြာ။

"သခင် ပြီးပြီလား"

အိမ်အတွင်းတွင် ရှောင်ပိုင်တစ်ယောက် ထိုင်ခုံပေါ်တွင်ထိုင်ကာ ခြေထောက်များကတော့ ဂနာမငြိမ်ဖြစ်နေသည်။

“သခင် ပုံပျက်ပန်းပျက် မဖြစ်ဘူးလား”

သူမ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"စိတ်မပူပါနဲ့... ရတော့မယ် မင်းသခင်ရဲ့ လက်ရာကို ယုံကြည်ရမယ်"

ချင်းယန် တည်ငြိမ်စွာပဲ ပြန်ဖြေလိုက်သည်။ သူက ကတ်ကြေးတစ်စုံကို ကိုင်ကာ ရှောင်ပိုင်နဖူးက ဆံကေသာများကို ကျွမ်းကျင်စွာ ညှပ်လိုက်သည်။ ကတ်ကြေး၏ ပြတ်သားသော အသံက ပဲ့တင်ထပ်နေကာ ပျော့ပျောင်းသော ဆံပင်ဖြူများက မိုးရွာသလို ကြွေကျသော်လည်း မြေပြင်ကို မထိမီမှာပင် လေထဲတွင် တဖျပ်ဖျပ်လွင့်ကာ ပျောက်ကွယ်သွားသည်။

မနက်ခင်း နေရောင်က ပြတင်းပေါက်ကနေ တိမ်းစောင်းစွာ ဖြာကျနေ၏။ ခဏအကြာတွင် ချင်းယန် ကတ်ကြေးကိုချကာ ရှောင်ပိုင်ကျောကို ပုတ်လိုက်သည်။

"ကောင်းပြီ... သွားကြည့်ရအောင်"

"ဟမ့်! ဒီနတ်သမီး သခင်ကို သတိပေးတယ် ဆိုးသွမ်းတဲ့သခင်! တကယ်မှားရင် ခွင့်မလွှတ်ဘူး..."

ရှောင်ပိုင် တခစ်ခစ်နှင့် ကုလားထိုင်ပေါ်မှ ဆင်းကာ အခန်းထောင့်ရှိ မှန်ဆီသို့ လျှောက်သွားစဉ်တွင် သူမ၏ တင်ပါးများကို တွန့်ပြသွားလေသည်။

"ဒီည အရမ်းကြီး မအိပ်ပါနဲ့... သေမလိုကြီး မအိပ်မိစေနဲ့..."

ရှောင်ပိုင် မှန်ရှေ့မှာရပ်ပြီး သူ့ကိုယ်သူကြည့်ကာ ရုတ်တရက် စကားရပ်သွား၏။

ပူနွေးသော နံနက်ခင်း၌ ရှောင်ပိုင် မှန်ရှေ့မှာရပ်လိုက်ပြီး ပန်းရောင်ညအိပ်ဝတ်စုံ ဝတ်ထားသည့် ချစ်စရာဆံပင်ဖြူဖြူလေးနှင့် မိန်းကလေးကို တွေ့လိုက်ရသည်။ သူမတွင် နူးညံ့သိမ်မွေ့သော အသွင်အပြင်၊ ခရင်မ်အသားအရည်နှင့် နှင်းဖြူဆံပင်များက သူမတင်ပါးအထိ ဖြာကျနေသည်။

"အိုး... သခင်.... သခင့်ရဲ့ အရည်အချင်းက တော်တော်ကောင်းတာပဲ"

ရှောင်ပိုင် လှည့်ကြည့်လိုက်ရင်း :"သခင် ကောင်းကောင်း လုပ်ပေးလိုက်တော့ ကျွန်မ အရင်ကထက်တောင် ပိုကြည့်ကောင်းနေတယ် ထင်တယ်..."

"... မင်း ငါ့အကြောင်း ဘာပြောခဲ့တာလဲ သေမလိုကြီး အိပ်မပျော်နဲ့ ဆိုတာ ဘာလဲ.... ပြီးတော့ရော?"

မှန်ရှေ့မှာရပ်နေတဲ့ ရှောင်ပိုင် တခစ်ခစ်ရယ်ပြီး နောက်ပြန်လှည့်လာသည်။ သူမက ဆံပင်တွေထဲကို လက်ချောင်းတွေ ထိုးထည့်လိုက်၏။

"ဒါဆို ကျွန်မ အိပ်ယာပေါ်တက်ပြီး သခင့်ကို နွေးအောင် လုပ်ပေးမယ်လေ...သခင်.."

"ထွက်သွား!"

ချင်းယန် သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး စကားမပြောချင်တော့ကြောင်း သွယ်ဝိုက် ပြောလိုက်သည်။ နေရောင်အောက်မှာ ညာလက်က ကြယ်လက်စွပ်ကို ပွတ်သပ်နေ၏။ အရင်က ရိတ်သိမ်းပြီးနောက် လက်စွပ်သည် ယခုအခါ မြေခွေးမွေးများဖြင့် ပြည့်နေပြီး သူ့ကိုလည်း မယုံနိုင်လောက်အောင် ပျော်ရွှင်နေစေလေသည်။

"ဒီကုန်ကြမ်းတွေကို လက်ထဲမှာ ကိုင်ထားပြီး သစ်တော်ပန်းပွင့်မိုးအပ်တွေ အများကြီး ထုတ်လုပ်နိုင်နေပြီ"

ချင်းယန် ပျော်ရွှင်စွာ တွေးကာ သူ့ခေါက်ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ အနေအထားဖြင့် လှဲချကာ နွေးထွေးသော နေရောင်ခြည်ကို ခံစားနေလိုက်သည်။ ရှောင်ပိုင်ကို အာရုံစိုက်ရန်လည်း စိတ်မဝင်စားတော့ပေ။

"ဟေး သခင် စိတ်မဆိုးနဲ့!"

ရှောင်ပိုင် ခြေတစ်လှမ်းချင်း လှမ်းလျက် သူမဖုန်းကို ကောက်ကိုင်လိုက်သည်။ ထို့နောက် ချင်းယန်ကိုဖြတ်ကာ မီးဖိုချောင်ဘက်သို့ ဦးတည်သွားခဲ့သည်။

"အခု ဒီနတ်သမီးရဲ့ အမွေးတွေ ပြန်ပေါက်လာလို့ သခင့်ကို သေချာပေါက် ဆုချမှာပါ.... ဒီနေ့ မနက်စာ အားလုံးကို ဒီနတ်သမီးက ရှယ်ပြင်ပေးထားမယ်... ခဏပဲစောင့်...."

စကားလုံးတွေ ဆုံးသောအခါ မီးဖိုချောင်ထဲမှာ အိုးသံ၊ ဓားသံတွေ ထွက်ပေါ်လာတော့၏။ မကြာခင်မှာပဲ ရှောင်ပိုင်တစ်ယောက် အဲဒီနေရာမှာ အလုပ်ရှုပ်သွားတော့သည်။

……….

"ဒီမြေခွေးမိုက်ကတော့...."

ချင်းယန် မီးဖိုချောင်ထဲက ဆူညံသံကို နားထောင်ရင်း ခေါင်းကို အနည်းငယ် ငုံ့ထားပေမယ့် သူ ဂရုမစိုက်ပါ။ သူသည် မြေခွေး၏ အမွေးများကို ဆွတ်ပြီးပြီမို့ သူမဘာပြောပြော ဂရုမစိုက်ချင်တော့ချေ။

အချိန်ကို မော့ကြည့်လိုက်သည်။

စောနေသေးသည်။

မနေ့ညက မြို့ထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် အခုအချိန်မှာ အင်တာနက်ကလည်း တုန်လှုပ်ချောက်ချားနေလိမ့်မည်။

“….”

ချင်းယန် သူ့ဖုန်းကိုဖွင့်ကာ ရှာဖွေမှုရလဒ်များကို စကင်န်ဖတ်ကြည့်သည်။ မျှော်လင့်ထားသည့်အတိုင်း ခေတ်စားနေသော ရှာဖွေမှုများသည် မနေ့ညက သတင်းဗီဒီယိုများ အကြောင်းသာ ဖြစ်ပေသည်။ ကျန်းဟိုင် မြို့ခံအချို့သည် တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းကို ဖမ်းယူပြီး ရှုထောင့်အမျိုးမျိုးမှ အွန်လိုင်းတွင် တင်ကြသည်။

ဗီဒီယိုထဲမှာတော့ ကမ်းရိုးတန်း မြို့တစ်ခွင်တွင် မိုးခြိမ်းသံများ ကျယ်လောင်လာပြီး မိုးသည်းထန်စွာ ရွာသွန်းချကာ သံမဏိတောနက်များကို တုန်ခါသွားစေသည်။ နံနက်နှစ်နာရီတွင်ပင် ကောင်းကင်ကြီးက နေ့ဘက်ပမာ တောက်ပနေပေမယ့် မိုးကတော့ သဲသဲမဲမဲကို ရွာနေ၏။

မြေပြင်ပေါ်ရှိ မြက်ပင်များနှင့် သစ်ပင်များသည် နွေဦးရာသီ ရောက်နေသလို ပေါက်ရောက်ကြသည်။ တစ်ဖန် အရွက်များ ကြွေကျသည့် ဆောင်းဦးရာသီအလား ပန်းများပွင့်လာကြပြန်သည်။

ကျန်းဟိုင်၏ ထူးဆန်းသော ဖြစ်စဉ်များအကြောင်း ခေါင်းစဉ်များက သတင်းအများစုကို လွှမ်းမိုးနေခဲ့သည်။ နံနက်ခင်း၏ ခေတ်စားနေသော သတင်းများမှာ ထိုလှုပ်ရှားမှုများကြောင့် ရင်ခုန်စရာပင် ကောင်းနေ၏။

ချင်းယန် ဗီဒီယိုတစ်ခုအား ပေါ့ပေါ့ပါးပါး နှိပ်ကြည့်ရုံသာ လုပ်ကာ မှတ်ချက်များကို ဖြတ်သွားခဲ့သည်။

"ကျန်းဟိုင်မှာ အတိဒုက္ခများ ကြုံနေတာလား... မိုးကြိုးက တစ်ညလုံးကို ပစ်နေတာပဲ!"

"အံ့ဩစရာပဲ.... ငါ မနေ့ညက ပြတင်းပေါက်နားမှာ ထိုင်ပြီး တစ်ညလုံး ကြည့်နေတာ..."

"တစ်ညလုံး မိုးရွာနေတာများ ကျန်းဟိုင်ရဲ့ ရေနုတ်မြောင်းစနစ် ပြိုကျလုနီးပါးပဲ... အဲဒါက ကျန်းဟိုင်ဓားနတ်ဘုရားနဲ့ ဆက်စပ်နေတယ်လို့ ကြားနေရတယ်။ ကောလာဟလတွေအရတော့ သူ့ရဲ့ အောင်မြင်မှုက ဒီဖြစ်စဉ်ကို ဖြစ်ပေါ်စေတာတဲ့"

"အဲဒါ ငါလည်း ကြားတယ်... မနေ့ကမြို့က သခင်တွေ အားလုံးစုပြီး အံ့သြစရာကောင်းတဲ့ မြင်ကွင်းကို သွားကြည့်ကြတာ... လူအိုလီတောင် ငါ့ခေါင်းပေါ်က ချက်ချင်း ပျံသွားတာ!"

"ဓားနတ်ဘုရား အတိဒုက္ခ ဖြတ်ကျော်တာများလား.. ဒါ သတင်းကြီးပဲနော်... အဲဒီ ယုတ်မာတဲ့ အစွန်းရောက်တွေတော့ ကြောက်သွားလိမ့်မယ်"

အရှိန်ပြင်းသော အွန်လိုင်းဆွေးနွေးပွဲများ ကြားတွင် မနေ့ညက ကိစ္စဟာလည်း လူကြိုက်များလာခဲ့သည်။ #ကျန်းဟိုင်ဓားနတ်ဘုရား၊ #မိုးသည်းထန်စွာ ရွာသွန်း ၊ #အတိဒုက္ခ စတာတွေက ခေတ်စားနေသော ရှာဖွေမှုများတွင် အဓိကစကားလုံးအဖြစ် ထိပ်ဆုံးမှ ရပ်တည်နေခဲ့သည်။

ချင်းယန် တိတ်ဆိတ်နေပြီး ဗီဒီယိုများကို ဆက်ကြည့်နေ၏။ ဒါတွေအားလုံးက ဖျော်ဖြေရေး သက်သက်ပါပဲ။

ဓားနတ်ဘုရားကို ဘာကြောင့် ကြည့်နေတာလဲ။ မိန်းမပျိုလေးတွေ ကနေတာကိုလည်း ဆက်ကြည့်လို့ရတယ်လေ။

ချင်းယန် ဗီဒီယိုများကို လှည့်ကြည့်ရင်း ပျင်းရိငြီးငွေ့လာကာ ရုတ်တရက် မျက်လုံးများ ကျဉ်းမြောင်းလာပြီး ထူးခြားသော မှတ်ချက်တစ်ခုကို တွေ့လိုက်ရသည်။

[ဓားနတ်ဘုရားမှာ ရှောင်ကျိကျိလေး ရှိတယ်!!]

"ဟင်???"

"ဘာတွေဖြစ်နေတာလဲ?"

ချင်းယန် အံ့အားသင့်သွားသည်။ ဒီဓားနတ်ဘုရားမှာ တကယ်ပဲ မှင်စာရှိလို့လား။

ဒါ မျက်နှာပြောင်တိုက်တာလား?

ဘာတွေဖြစ်နေတာလဲ!

"ဒါဘယ်သူလဲ... ငါကလူကောင်းပါ ငါသူ့ကိုသတင်းပို့ရမယ်"

ချင်းယန် မျက်မှောင်ကြုတ်ကာ မှတ်ချက်ပေးသူ၏ ပရိုဖိုင်ကို နှိပ်ပြီး အောက်သို့ ဆင်းသွားသည်။ ထိုမှတ်ချက်ကိုမြင်သောအခါ ချက်ချင်းပင် အံ့အားသင့်သွားသည်။

ဒီကောင်က တကယ်တော့ ပရော်ဖက်ရှင်နယ် တိုက်ခိုက်သူ တစ်ယောက်ပဲ။

ပရိုဖိုင်စာမျက်နှာတွင် ကျန်းဟိုင်ဓားနတ်ဘုရားကို ဆဲဆိုခြင်းများ အားလုံးကို တင်ထားကာ ချင်းယန်လည်း မှတ်ချက်ပေါင်း တစ်ဒါဇင်ကျော်ကို လိုက်ကြည့်ခဲ့သည်။

"ဆေးအတု လိမ်လည်သူ!"

"တိရိစ္ဆာန်စော်ကားသူ!"

"ပျင်းရိပြီး မလှုပ်မရှားတဲ့ အကွက်!"

ချင်းယန် ချက်ချင်း ဒေါသထွက်သွားသည်။ အကောင့်သည် အသစ်စာရင်းသွင်းထားသော၊ မှတ်ပုံတင်ထားခြင်းမရှိသော အကောင့်ဖြစ်သည်။ စာမျက်နှာပေါ်က နာမည်ပြောင်ကို တစ်ချက် ကြည့်လိုက်စဥ်။

[ဓားနတ်ဘုရား၏ ဒုတိယလူသိနည်းသော ဆန့်ကျင်ပရိသတ်များ]

နာမည်ပြောင်အောက်တွင်၊ ပရိုဖိုင်-

"ဓားနတ်ဘုရားက ကြောင်သူတော်ပဲ... သူက တိရိစ္ဆာန်တွေကို အနိုင်ကျင့်ဖို့ပဲ သိတယ် ဒီနတ်သမီးကို အဝတ်လျှော်ပြီး ထမင်းချက်ခိုင်းရုံမက သူ့အိပ်ယာကိုတောင် နွေးထွေးအောင် လုပ်ခိုင်းတယ်... ဒါက မြေခွေးတစ်ကောင်အတွက် တကယ် ရွံရှာစရာကောင်းတယ်"

ချင်းယန် တိတ်ဆိတ်သွားသည်။

"သူ့အမှားကို ဖုံးကွယ်ဖို့ကြိုးစားနေတာပဲ.."

သူ မျက်လုံးကို အနည်းငယ်မှိတ်လိုက်ပြီး မီးဖိုချောင်ထဲမှာ မနက်စာပြင်နေတဲ့ ရှောင်ပိုင်ကို လှမ်းကြည့်လိုက်သည်။

ဒီမိုက်မဲတဲ့ မြေခွေး...

အင်တာနက်က တရားမဲ့နေရာလို့များ သူမ တကယ်ထင်ခဲ့တာလား။

  ………

မီးဖိုချောင်ထဲမှာတော့ အိုးထဲရှိ ဟင်းရည်က ပွက်ပွက်ဆူပြီး မွှေးပျံ့တဲ့ ရနံ့တွေက သင်းပျံ့နေ၏။ ရှောင်ပိုင်သည် မီးဖိုချောင်ကောင်တာသို့ မှီ၍ ကွဲသွားသော ဖုန်းကို ဆုပ်ကိုင်လိုက်ပြီး လျှင်မြန်စွာ ပုတ်လိုက်သည်။

မနေ့ညက ချင်းယန်ကို ကာကွယ်ရင်းနဲ့ အင်တာနက် ဗဟုသုတ အတန်အသင့် ရခဲ့၏။ နောက်ဆုံးတွင် သူမသည် အင်တာနက် အသုံးပြုသူများနှင့် ထိတွေ့ခဲ့ပြီး ဆဲဆိုစကားများနှင့် ညစ်ညမ်းသော ဘာသာစကားအားလုံးကိုပါ နားလည်ခဲ့သည်။

"ဟမ့် ဒီနတ်သမီးက မြန်မြန်ဆန်ဆန် သင်ယူတတ်သူပါဆို!"

ပို့စ်တင်ပြီးနောက် ရှောင်ပိုင် ဟင်းချိုအိုး တည်ထားတာကို အခွင့်ကောင်းယူကာ မှတ်ချက်အသစ်တစ်ခု တင်လိုက်၏။ ပြီးတာနဲ့ သူမ၏ ဆံပင်စွန်းများကို လက်ချောင်းထိပ်များဖြင့် ဆော့ကစားနေခဲ့သည်။

ထိုစဥ်

တင်း!

မက်ဆေ့ခ်ျအသစ်တစ်ခု ပေါ်လာသည်။ ရှောင်ပိုင် မှတ်ချက်ပြန်ကြားချက်ကို နှိပ်လိုက်သည်။ သူမ၏ မက်မွန်ပွင့်မျက်လုံးများ ကျဉ်းမြောင်းသွားကာ ပါးစပ်ထောင့်များ၌ ကောက်ကျစ်နေသော အပြုံးတစ်ခု ပေါ်လာသည်။

တစ်စုံတစ်ယောက်က စာပြန်ထား၏။

[Netizen- မင်းက ဓားနတ်ဘုရားကို အဆက်မပြတ် ပုတ်ခတ်ပြောဆိုနေတဲ့ ပရော်ဖက်ရှင်နယ် troll တစ်ယောက်လား... မင်းမှာ အသိတရားရော ရှိလား။ 】

【ရှောင်ပိုင် :**!!!】

All Chapters