ဆရာ အဲဒီမွေးရာပါ ဆေးလုံးတွေထဲက တစ်လုံးလောက် ပေးလို့ရမလား
Vol. 12 Ch. 173
"သားရဲနတ်ဘုရားအယူဝါဒ... အဓိပတိနယ်ပယ်က နတ်ဆိုး..."
စာကြည့်တိုက်ထဲတွင် ချင်းယန်ဘေးတွင် လီကျစ်ရွှမ်း ထိုင်နေသည်။ သူမ၏အသေးစိတ်သတင်းကို နားထောင်ပြီးနောက် သူ့မျက်ခုံးများ တွန့်သွား၏။ မျှော်လင့်ထားသလိုပဲ နောက်ဆုံးတော့ သူ့အိမ်တံခါးဝကို ရောက်လာကြပြီ..။
သူ မအံ့သြပါဘူး။
နောက်ဆုံးအကြိမ် ဓားနတ်ဘုရား တောင်ကြားတွင် ထိုလူဆိုးဂိုဏ်းဝင်နှစ်ဦးကို လူသိရှင်ကြား သတ်ပြီးနောက် ဤအရာကို သူမျှော်လင့်ထားပြီးသား ဖြစ်သည်။ အနှီအယူဝါဒမျိုးသည် ကြီးမားသော အမြစ်များရှိပြီး တစ်ရက်တည်းနှင့် ချေမှုန်းနိုင်သည့် အရာမဟုတ်မှာ သေချာပါသည်။
သူတို့သည် အဆင့်တစ်ဝက် အဓိပတိသခင်ကို ပြုစုပျိုးထောင်ရန် ငွေကြေးများစွာ သုံးစွဲထားသောကြောင့် ၎င်းတို့တွင် နက်နဲသော အခြေခံအုတ်မြစ်ရှိနေသည်ဟု ဆိုလိုချေ၏။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် နှစ်ဦးကို သတ်ဖြတ်လိုက်တာလောက်က ၎င်းတို့အား လုံးလုံးလျားလျား ဖျက်ဆီးရန် မလုံလောက်ပါ။
သို့သော် ယခုအချိန်တွင် ချင်းယန်သည် ထိုအဓိပတိ နယ်ပယ်ဆိုင်ရာ ကျွမ်းကျင်သူကို ပို၍ စိုးရိမ်နေပါသည်။
"ဒါက နည်းနည်းတော့ ခက်လိမ့်မယ်"
ချင်းယန် ခေါင်းယမ်းရင်း အတွေးပျက်သွားသည်။ သာမန် အဓိပတိများသာ ဖြစ်ပါက ပြဿနာဖြစ်မည် မဟုတ်ပေ။ အဓိပတိသို့ မရောက်မီပင် သူတို့ သေရွာက ပြန်မလာနိုင်စေရန် ပေသို့ခုနှစ်စင်ကြယ် အစီအရင် ဖွဲ့စည်းမှုကို ပြင်ဆင်ထားရန်သာ လိုသည်။
သူစိုးရိမ်တာက တစ်ခုတည်းသော အရာက အကြီးအကဲ အဓိပတိကြီးပင်။
ရာစုနှစ်များစွာ ရှိပြီဖြစ်သော ၎င်းတို့တစ်ဦးစီတွင် သူ့လက်ထဲမှ ရုန်းထွက်ရန် အဆင်သင့်ဖြစ်နေသော ၎င်းတို့၏လက်စွပ်များကို အဆုံးမရှိ လှည့်ကွက်များကို ကိုင်ဆောင်ထားသည်။ ဒါကသာ တကယ့်ကို ရွံရှာစရာ။ ချင်းယန် မျက်မှောင်ကြုတ်လိုက်သည်။
"တကယ် နည်းနည်းခက်တယ်..."
"အစ်ကို.. ဆရာ့ကိုတွေ့ရင် သေချာပြောပြပါနော်"
လီကျစ်ရွှမ်း သူမ၏ ခြေချောင်းများကို ကုပ်ကာ စိုးရိမ်သောက မျက်လုံးများဖြင့် ချင်းယန်ကို ကြည့်နေသည်။
“ဒီနတ်ဆိုးတွေက ထူးထူးခြားခြား လှုပ်ရှားနေတာ... ဆရာ့ရဲ့ အစွမ်းကို ကျွန်မ သေချာပေါက် ယုံကြည်ပေမယ့် ကြောက်တယ်… ဓားဘုရားတောင်ကြားမှာ နောက်ဆုံးအကြိမ်တုန်းက နတ်ဆိုးတွေက ကိုယ့်ကိုကိုယ် ဖျက်စီးပစ်ပြီး ဆရာ့ကို ဆွဲခေါ်သွားချင်ကြတယ်...."
လီကျစ်ရွှမ်း ဆက်မပြောချင်တော့ပါ။ ဓားနတ်ဘုရားတောင်ကြားရဲ့ အမှတ်ရစရာတွေက သူမစိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲ ဖြစ်လေသည်။ ဆရာသာ သူ့ကိုယ်ပွားများကို လိမ္မာပါးနပ်စွာ အသုံးမပြုခဲ့ပါက ကျန်းဟိုင်မြို့၏ ဝမ်းနည်းစရာစာရင်း၏ ထိပ်တွင် ဆရာ့နာရေးသတင်း ရှိနေလောက်ပြီ။
အဲဒီ စိတ်ပျက်အားငယ်မှုမျိုး သူမ ထပ်ပြီး မကြုံချင်တော့ပါ။
လီကျစ်ရွှမ်း စိုးရိမ်တကြီးနဲ့ :"ဆရာတူအစ်ကို... ဆရာ့ကို သတိထားခိုင်းပါနော်"
"စိတ်မပူပါနဲ့ ဆရာတူညီမလေး... ငါ သေချာပေါက် ပြောပြလိုက်မယ်"
ချင်းယန် ခေါင်းညိတ်လိုက်သည်။ သူ ဒီလိုပြောတော့မှ လီကျစ်ရွှမ်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ရုတ်တရက် သူမ တစ်ခုခုကို သတိရသွားပြီး။
"အစ်ကို နောက်တစ်ခုရှိသေးတယ်... ဆရာ ကျွန်မကို ဘယ်တော့ တွေ့ခွင့်ပေးမလဲ မေးပေးပါလား... ဖုဟိုင်ဗီလာမှာတုန်းက ကတိပေးခဲ့သေးတယ်..."
"..."
ဤစကားကိုကြားသူ ချင်းယန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ဟုတ်လား...
ဒီမိုက်မဲတဲ့ ကောင်မလေးက အဲဒါကို မမေ့သေးဘူလား?
သူမရဲ့ ကိုယ်ရည်ကိုယ်သွေး အတိုင်းဆို သူသဘောမတူရင် နေ့တိုင်း နှောင့်ယှက်ခံရလိမ့်မယ်။
ဒါကိုစဉ်းစားရင်း ချင်းယန် သက်ပြင်းချလိုက်တယ်။
"ကောင်းပြီ အစ်ကို အချိန်တစ်ခု သတ်မှတ်လိုက်ရအောင်"
သူက စားပွဲပေါ်ကို မှီပြီး လက်သုံးချောင်းကို ထောင်ပြလိုက်သည်။
"သုံးရက်... သုံးရက်နေရင် ငါ့အိမ်ကို လာခဲ့... ဆရာနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်... ငါ့ကတိကို မဖျက်ဘူး"
"တကယ်လား? ကောင်းပြီ ဆရာတူအစ်ကိုကြီး အစ်ကို့အိမ်မှာ သုံးရက်အတွင်း တွေ့ကြမယ်... ဒါဆို အစ်ကို့ကို မနှောင့်ယှက်တော့ဘူး"
သူမ ဝမ်းသာအားရ အော်ဟစ်သွားသည်။
သူမ၏ ပန်းတိုင်ကို ပြီးမြောက်အောင် မြင်သောအခါ မတ်တပ်ထရပ်ကာ ထိုင်ခုံပြောင်းဖို့ ဧရိယာတစ်မှ နာခံမှုရှိရှိဖြင့် ထွက်ခွာကာ ဆိတ်ငြိမ်သော နေရာတစ်ခုကို ရှာဖွေခဲ့သည်။
ခဏအကြာ။
စာကြည့်တိုက်ထဲ တိတ်ဆိတ်သွားသည်။
ချင်းယန်သည်လည်း လီကျစ်ရွှမ်း၏ စကားများကို တွေးတောရင်း သူ့နေရာသို့ ပြန်သွားခဲ့သည်။
အဲဒီလိုဖြစ်ခဲ့ရင် အယူဝါဒသမားများသည် သူတို့ ပိုမိုတန်ပြန်ရန် ပြင်ဆင်ရမည့် စွမ်းအားများဖြင့် လာနေနိုင်သည်။
ဒါကိုတွေးနေစဥ် ဧရိယာနှစ်ရဲ့ စာအုပ်စင်နောက်ကနေ ပြေးထွက်လာတဲ့ လီချင်းဟဲကို တွေ့လိုက်ရသည်။ လက်နှစ်ဖက် နောက်ပစ်လျက် ခပ်သွက်သွက် ခြေလှမ်းသေးသေးလေးတွေနဲ့ ပြေးနေ၏။
"ဆရာ-"
လီချင်းဟဲ ပြုံးပြီး။
"ဆရာနဲ့ ညီမကျစ်ရွှမ်း.... အမ်... ဆရာတူဒေါ်လေး ကျစ်ရွှမ်းက ဆရာဘိုးဘိုးကို သွားတွေ့မယ်ဆိုရင် ကျွန်မကိုပါ ခေါ်သွားလို့ရမလား"
"မင်း သူ့ကို တကယ်တွေ့ချင်နေတာလား?"
"ဟုတ်တယ် တကယ်!!!"
လီချင်းဟဲ၏ မျက်လုံးများ တောက်ပလာပြီး တောင့်တစွာ ပြောလိုက်သည်။
"ကျွန်မပါ ခေါ်သွားပါနော်"
"ဒါဆို အခုချက်ချင်း စဉ်းစားလိုက်ဦးမယ်... နောက်မှပြောရအောင် မင်းအခုထိ အခွင့်အရေး မရသေးဘူး"
ချင်းယန်သည် သူ၏ ပြောင်မြောက်သော တုန့်ပြန်မှုကို ပြီးမြောက်ပြီးနောက် သူ့ထိုင်ခုံလေးကို ဆွဲထုတ်လိုက်သည်။
"ဟင့်အင်း... ဆရာကလည်း ဘယ်လိုဖြစ်ရတာလဲ?"
လီချင်းဟဲ အံ့ဩသွားပြီး အနီးသို့ တိုးလာကာ ဝမ်းနည်းလာသည်။
"လူတိုင်းက ကျစ်ရွှမ်းကို သဘောကျကြတယ်... အဲဒါကြောင့် ကျွန်မအတွက် နည်းနည်းလေး အခွင့်အရေး မပေးနိုင်ဘူးလား ဆရာဘိုးဘိုးကို တွေ့သွားရင် ဆရာ့ရဲ့ အသားတစ်ပိုင်း ဆုံးရှုံးသွားမှာမလို့လား!"
ချင်းယန်ကတော့ သူ့မျက်လုံးတွေကို မှိတ်ထားပြီး ကျေနပ်စွာနဲ့ :"မင်းရဲ့ ကျင့်ကြံမှုက မွေးရာပါနယ်ပယ် မရောက်သေးဘူးလို့ ငါပြောထားပြီးသား သွားရလည်း အသုံးမဝင်ဘူး မင်းရဲ့နယ်ပယ်က မမြင့်သေးဘူး...
ဥပမာတစ်ခုပေးပါရစေ ချင်းဟဲ.. အစီအရင် တစ်သောင်း ပုံကြမ်းကို ရထားရုံနဲ့ လုံလောက်ပြီထင်လား... မင်းရဲ့လက်ရှိအောင်မြင်မှုတွေက မလုံလောက်ဘူး။ မင်းကို ကြည့်လိုက်ရင် ဒုတိယအဆင့် တတိယအဆင့်ပဲ ဆိုတာ ထင်ထင်ရှားရှားကို မြင်ရတယ်... ဆရာမင်းကို ဆက်ဖတ်ဖို့ အတင်းအကြပ်လုပ်နေတာက မင်းကို အဖွင့်စာအုပ် စာမေးပွဲ ဖြေစေချင်လို့.... ဒီဆရာအခု အစီအရင် ချလိုက်ရင် မင်း နားမလည်မှာ ကြောက်ရတယ်!"
သူပြောပြီးတာနဲ့ လီချင်းဟဲလည်း တိတ်ဆိတ်သွားတော့သည်။ လိမ်ညာခြင်းက မထိခိုက်ပါ။ အမှန်တရားကသာ ထက်မြက်သော ဓားဖြစ်သည်။
ဘယ်လောက်တောင် ကြေကွဲစရာ ကောင်းလိုက်လဲ။
"အခုနားလည်ပြီလား?"
ချင်းယန်သည် သူမ ငိုတော့မည့်ပုံပေါ်သည့် အမူအရာကို တစ်ချက်ကြည့်လိုက်သည်။
"ဒါကြောင့် မင်းဆရာက မင်းကို အစပြုသူဖြစ်ရင်တောင် ပိုပြီးလေ့ကျင့်ခိုင်းချင်တယ်... မွေးရာပါနယ်ပယ် အထိရောက်အောင် လေ့ကျင့်ပါ... ပြီးရင်တော့ ဒီကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို မင်းပြန်မြင်ရလိမ့်မယ်... နယ်ပယ်တိုင်းက ကမ္ဘာကြီးနဲ့ မတူတဲ့ ရှုထောင့်တွေကို ပြသတယ်!"
သူ့စကား ပြီးသွားပြီ။ ထို့အတူ စကားလုံးတိုင်းသည် လီချင်းဟဲ၏ နှလုံးသားကို လေးလေးနက်နက် သက်ရောက်သွားခဲ့သည် ။
"..."
လီချင်းဟဲ မျက်နှာ မည်းမှောင်သွားသည်။နှလုံးသားက ချိန်ခွင်လျှာပေါ် ရောက်နေသလိုမျိုး လုံးဝ သေသွားပြီ။
ချင်းမျိုးရိုးက နှုတ်အကြောပြတ်သူ ဖြစ်သည်။ အကြီးအကျယ် ဒေါသထွက်အောင် ပြောတတ်လွန်း၏။
"ဆရာပြောတာ နားလည်ပါတယ်! ကျွန်မက အရမ်းအားနည်းနေတယ် ဆရာ... ကျွန်မကို နည်းနည်းလောက် ကူညီပေးနိုင်မလား... မဟုတ်ရင် ကျွန်မ မွေးရာပါနယ်ပယ်ကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ပါ့မလား"
"ဘယ်လိုအကူအညီမျိုး လိုချင်တာလဲ။"
ချင်းယန် ရှောင်ပိုင်ရဲ့ အမွေးထူတဲ့ ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးနေ၏။
"ဆရာ... ညီမကျစ်ရွှမ်းကို မွေးရာပါနယ်ပယ်အတွက် ဆေးလုံးကို ပေးခဲ့ဖူးတယ်မလား?"
လီချင်းဟဲ မျက်လုံးများကို မှိတ်ထားကာ ရှေ့ကို ငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။
"အခြေအနေပေါ် မူတည်ပြီး တပည့်ကိုရော ပေးလို့ရမလား... တပည့် မွေးရာပါနယ်ပယ် ရောက်တာနဲ့ ဆရာ့ကို သေသေချာချာ ကျေးဇူးဆပ်ပါ့မယ်!"
"တစ်လုံး ပေးရမှာလား..."
ချင်းယန်သည် ထိုစကားကို ကြားသောအခါ လီချင်းဟဲကို ပြုံးပြလိုက်သည်။
"မင်းငါ့ကို ဘာပေးမလဲ"
ဒါကိုကြားတော့ လီချင်းဟဲ အရမ်းဝမ်းသာသွားပြီး :"မမေ့နဲ့နော် ဒီစာကြည့်တိုက်က တပည့်တို့မိသားစုပိုင်တယ်... ဆရာ လိုချင်တာမှန်သမျှ ငပေးနိုင်တယ် ရာထူးတစ်ခု၊ ဘောနပ်စ်လား...ဘာမဆိုရတယ်!"
"..."
ချင်းယန်: "မေ့လိုက်တော့ စိတ်မဝင်စားဘူး... လက်ရှိအခြေအနေနဲ့တင် ကျေနပ်တယ်... ဒီလို ပေါ့လျော့တဲ့ အနေအထားက အဆင်ပြေပါတယ် မပြောင်းချင်ဘူး"
"ဒါဆို ဘာလိုချင်သေးလဲ ဆရာ...."
လီချင်းဟဲ သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမအသွင်ကို အကာအကွယ်ပေးနေတဲ့ မှော်ပညာကို တိတ်တဆိတ် ဖယ်ထုတ်လိုက်ပြီး သူ့ပုံစံအစစ်အမှန်ကို ထုတ်ဖော်လိုက်ပါ၏။ တင်းတင်းကျပ်ကျပ် ဂျင်းဘောင်းဘီက သူ့တင်ပါးတွေကို ထုပ်ပိုးထားကာ ခြေတံရှည်တွေက စွဲမက်စရာ ကောင်းသည်။ သူမက တကယ့်ကို မျက်စိဖမ်းစားနိုင်သူပင်။
"ဆရာ တောင်းသမျှ တတ်နိုင်ပါတယ်~"
"ဘာကိုဆိုလိုတာလဲ?"
"ဘာမဆို..."
"ထွက်သွား!"
ချင်းယန် မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။ သင့်လျော်သော ဆရာကြီးနှင့် တပည့်ဆက်ဆံရေးက သူမရဲ့ ယဇ်ပူဇော် ဝတ်ပြုကိုးကွယ်မှုကြီး ဖြစ်လာတော့မည့်နှယ်။
မင်းက ငါ့ခန္ဓာကိုယ်ကို မက်မောနေတာလား။
စက်ဆုပ်စရာ ကောင်းလိုက်တာ။