ဒီတပည့်ကို လက်ခံထားတာ အလကားတော့ မဖြစ်ဘူး
Vol. 12 Ch. 176
"ဆရာတူအကိုကြီးက အဲဒီလိုလူလား"
ဗီလာရှေ့တွင်တော့ လီကျစ်ရွှမ်းသည် ချင်းယန်ကို စိုက်ကြည့်နေပြီး သူမရှေ့တွင် သက်ဝင်လှုပ်ရှားနေသော ဆံပင်ဖြူဖြူ မိန်းကလေးကို တစ်ဖန် ပြန်ကြည့်လေသည်။ သူမနားရွက်များ အနည်းငယ် နီရဲသွားကာ အနီးနားရှိ အိုးရှင်းအပင်ကို ကြည့်ရန် ခေါင်းကို ရှက်ရွံ့စွာ လှည့်ကြည့်လိုက်သည်။
"မဟုတ်ဘူး ငါ..."
ချင်းယန်မှာလည်း ထိုရှုပ်ထွေးသော အကြည့်ကို ခံစားလိုက်ရသည်။
ထူးထူးခြားခြား အပြစ်ရှိသလို ခံစားလာရ၏။
အဖမ်းခံလိုက်ရသလိုပဲ။
"အဟမ်း... ဆရာတူညီမလေး မင်းထင်သလိုမဟုတ်ဘူး"
ချင်းယန်၏ အမူအရာမှာ တည်ငြိမ်နေပြီး လက်သီးကို တင်းတင်းဆုပ်ထားသည်။
"ငါ ရှင်းပြမယ်"
"ညီမထင်သလို မဟုတ်ဘူးလား?"
လီကျစ်ရွှမ်းမှာ ရှောင်ပိုင်ကို စိုက်ကြည့်ရင်း အံ့အားသင့်သွားကာ သူမ၏ နှင်းဖြူရောင်လည်ပင်းက နီမြန်းနေပြီဖြစ်သည်။
"အဲဒါဘာလဲ ဆရာတူအစ်ကို....လူတောင် ရပ်နေတာကို..."
"ဆရာတူအကိုကြီး ငါက ဘယ်လိုလုပ် အဲဒီလူဖြစ်နိုင်မှာလဲ"
ချင်းယန် သူ့ကြယ်စွမ်းအင်ကို အသုံးပြုပြီး ရှောင်ပိုင်ရဲ့ ပျော့အိနေတဲ့ အမြီးကို ဆွဲကိုင်ကာ ပြသလိုက်သည်။
"ပြောပြတာထက် ကြည့်တာ ပိုကောင်းပါတယ်... ဆရာတူညီမလေး ကြည့်စမ်း။"
"ဟမ်?"
လီကျစ်ရွှမ်း ရှောင်ပိုင်တင်ပါးပေါ်ရှိ သေးငယ်သော အမြီးကို စိုက်ကြည့်ကာ သူမ မျက်နှာက ပို၍ပင် နီမြန်းလာသည်။
"တကယ် ရိုက်လိုက်တာပဲ ဆရာတူအစ်ကိုကြီး..."
"???"
ချင်းယန် ခေတ္တ အံ့အားသင့်သွားသည်။
အဲဒါ .... မဟုတ်ဘူး...
ရိုက်လိုက်တာလား?! ဒီကောင်မလေးက ဘာတွေတွေးနေတာလဲ။
"ဘာတွေတွေးနေတာလဲ!"
ချင်းယန် စကားမပြောဘဲ သူ့ကို သစ်အယ်သီးလို ခေါင်းခေါက်ပစ်လိုက်သဖြင့် လီကျစ်ရွှမ်း ရုတ်တရက် လန့်နိုးလာပြီး။
"ကြည့်! သူမက လူသားမဟုတ်ဘူး လူသား ဟန်ဆောင်နေတာ...."
"ဟန်ဆောင်နေတာလား?"
လီကျစ်ရွှမ်း သူမခေါင်းကို အုပ်ကာ ရှောင်ပိုင်ရဲ့ အိမ်ဖော်ပုံစံကို ပြန်ကြည့်လိုက်သည်။ သူမ စောစောက အာရုံစိုက်မိတာက စိတ်လှုပ်ရှားလွန်းနေခဲ့လို့ ဖြစ်မည်။ ယခုအချိန်တွင် ချင်းယန်သည် သူမအမြီးကို ဆွဲထုတ်လိုက်ရာ အရိပ်အယောင်များ ထပ်မံထွက်ပေါ်လာခဲ့သည်။
ပျော့ပျောင်းသော မြေခွေးအမြီး၊ အမွေးရှိသော မြေခွေးနားရွက်နှင့် ကြယ်သားရဲ၏ ထူးခြားသော အငွေ့အသက်က ဖျတ်ခနဲ ဆံပင်ဖြူဖြူလေးတစ်ဝိုက်တွင် ပေါ်ထွက်လာသည်။
"ဒါက အသွင်းပြောင်းနိုင်တဲ့ ကြယ်သားရဲလား"
လီကျစ်ရွှမ်းရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး အရင်က စာအုပ်တွေထဲမှာ သူမဖတ်ဖူးတာကို ပြန်သတိရသွား၏။ သူမ အနည်းငယ် မယုံနိုင်သလို ဖြစ်သွားခဲ့သည်-
"မွေးရာပါ အဆင့်... ဒါက ဘုရင်အဆင့် ကြယ်သားရဲ တစ်ကောင်ပဲ..."
"မဆိုးပါဘူး ဆရာတူညီမလေး..မင်း သူမကို မြင်ဖူးပါတယ် နေ့တိုင်း ပျော်စရာကောင်းတဲ့ စာကြည့်တိုက်ကို လိုက်လာဖူးတယ်လေ...."
"အဲဒါ အစ်ကို နေ့တိုင်း ခေါ်လာတဲ့ မြေခွေးလေးလား"
လီကျစ်ရွှမ်းရဲ့ မျက်လုံးတွေ ထပ်မံ ပြူးကျယ်သွားပြီး သူမရဲ့ နှလုံးခုန်သံက ချက်ချင်းပဲ မြန်ဆန်လာ၏။
အဲဒီမြေခွေးဖြူလေး ?
ကြယ်သားရဲကျွန်က ဆရာတူအစ်ကို အနားမှာ နေ့တိုင်း ရှိနေကာ ၎င်းက ဘုရင်အဆင့် ကြယ်သားရဲ တစ်ကောင်လည်း ဖြစ်နေသေးသည်။ ဒါပေမယ့် ဆရာတူအစ်ကိုတစ်ယောက်သာ ဒီလို ကြယ်သားရဲတစ်ကောင်ကို ထိန်းနိုင်မယ်လို့ သူမ တွေးမိပါ၏။
လီကျစ်ရွှမ်း နာခံမှုရှိသော ရှောင်ပိုင်ကို ကြည့်လိုက်သည်။ သူမ ထိတ်လန့်သွားသော်လည်း စိတ်လှုပ်ရှားမှုဟာ ယခင်ကလောက် မပြင်းထန်တော့ပါ။
"အခုနားလည်ပြီလား?"
ချင်းယန်သည် လီကျစ်ရွှမ်း အမူအရာကို ကြည့်ကာ ရှောင်ပိုင်ကို စိုက်ကြည့်လိုက်သည်။
"မင်းဘာရပ်နေတာလဲ မြန်မြန်သွားပြီး လက်ဖက်ရည်ပြင်!"
"အိုး..."
ရှောင်ပိုင် ရှက်ရွံ့စွာ ခေါင်းညိတ်ပြရင်း မီးဖိုချောင်ဘက်သို့ သွားနေစဉ် သူမရဲ့မြေခွေးနားရွက်လေးက ကုပ်သွားသည်။
"လာပါ ညီမလေး...."
ချင်းယန် စင်္ကြံရှိ အိမ်စီးဖိနပ်တစ်ရံကို ပြောင်းစီးကာ ဆိုဖာပေါ်သို့ ခုန်တက်သွားသည်။
"မင်း ကြိုဆိုပါတယ် မင်းကြိုက်တဲ့နေရာမှာ ထိုင်.... စားပွဲပေါ်မှာ သစ်သီးပန်းကန်တစ်လုံး ရှိတယ် ကြိုက်သလို ယူစားလို့ရတယ်"
"အသ်း..."
လီကျစ်ရွှမ်းကတော့ ထိုပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမပတ်ဝန်းကျင်ရှိ မည်သည့်လက္ခဏာရပ်ကိုမဆို ရှာဖွေနေ၏။ ယခု သူမပို၍ ဂရုစိုက်သည့်အရာမှာ သူမ၏ ဆရာကြီးဖြစ်နေသည်။
"အစ်ကို... ဆရာ ရှိသေးလား... ကျွန်မ သူ့ကို တွေ့ဖို့ လိုတယ်..."
လီကျစ်ရွှမ်း တိုးတိုးလေး မေးလိုက်သည်။
"စိတ်မပူပါနဲ့ သူက အထဲမှာ..."
ချင်းယန် အေးအေးဆေးဆေး ပြောပြီး သူမဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကြည့်လေ.. ဆရာက အဲဒီမှာပဲ မဟုတ်ဘူးလား"
သူစကားပြောပြီးတာနဲ့ ရှောင်ပိုင်ကလည်း လက်ဖက်ရည်တွေယူကာ အမြီးတွန့်ရင်း မီးဖိုချောင်မှ ထွက်လာသည်။ ချင်းယန်၏ အနက်ရောင် ၀တ်စုံကို မြင်လိုက်ရတော့ သူမ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
သခင်နှစ်ယောက်လား?
သူမ မသိစိတ်က အော်ဟစ်ချင်လာပေမယ့် သူ့လည်ချောင်းထဲက စကားလုံးတွေ ကျဆင်းလာသည်နှင့်အမျှ ရုတ်တရက် စူးရှသော အေးစက်မှုတစ်ခုက သူမနောက်တွင် စုရုံးလာပြီး တစ်ဆက်တည်း ချင်းယန်အသံကိုပါ ကြားလိုက်ရသည်။
"မင်း ဘာမှမပြောနဲ့... မဟုတ်ရင် ဒီည မင်းကို အရေခွံခွာပြီး အင်္ကျီတစ်ထည် လုပ်ပေးလိုက်မယ်..."
ရှောင်ပိုင် ကြောက်လန့်တကြား ခေါင်းခါကာ ချင်းယန်၏ လူသတ်အကြည့်ကို မော့ကြည့်လိုက်သည်။ သူမ ပါးစပ်ကို လက်နှင့် အမြန် အုပ်လိုက်ကာ သူမ၏ မြေခွေးနားရွက် ကွေးကျသွားသည်။ သူမ လက်ဖက်ရည်ကြမ်းကို ကော်ဖီစားပွဲပေါ်တွင် တိတ်တဆိတ် ချထားလိုက်သည်။
လက်ဖက်ရည် အနံ့က ဧည့်ခန်းထဲ ပျံ့နှံ့သွားသည်။
"မင်းငါ့ဆီလာလည်ဖို့ အချိန်ဘယ်လို ရှာခဲ့တာလဲ"
ချင်းယန် စားပွဲပေါ်မှ လက်ဖက်ရည်ကိုယူကာ တစ်ငုံသောက်လိုက်သည်။
"ငါ မကြာသေးခင်က နယ်ပယ် ဖြတ်ကျော်နေရလို့ အလုပ်ရှုပ်နေခဲ့တာ... မင်းကို သေချာဂရုမစိုက်မိဘူး"
"မဟုတ်ပါဘူး... လုံးဝမဟုတ်ပါဘူး ဆရာ!"
လီကျစ်ရွှမ်း ခေါင်းယမ်းလိုက်ပြီး လက်ကို အမြန်ဝှေ့ယမ်းလိုက်ကာ: "ဆရာ့ကို မတွေ့တာကြာပြီ... ဒါပေမယ့် ဆရာ့ရဲ့ ဓားနတ်ဘုရားတောင်ကြားမှာ နောက်ဆုံး တွေ့ပြီးကတည်းက ဆရာ့ကို ထပ်တွေ့ချင်နေခဲ့တာ...အဲဒါကြောင့် ဆရာ့ဆီကိုလာဖို့ နှောင့်ယှက်မိတာပါ… အဓိကကတော့ တပည့်ရဲ့ ကြည်ညိုမှုကို ပြသဖို့ပဲ”
"ကြည်ညိုမှု?"
ဒါကိုကြားတော့ ချင်းယန် မျက်ခုံးပင့်လိုက်သည်။
"တပည့်လေး... ငါတို့အတွက်က ဘာလို့ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်တွေ လိုအပ်နေမှာလဲ"
"မဟုတ်ပါဘူး ဆရာ ကျွန်မရဲ့ လေးမြတ်မှု အမှတ်အသားလေးတစ်ခုပါ... နောက်ဆုံးတော့ ဆရာ တပည့်ကို အများကြီး ကူညီပေးခဲ့တယ်လေ..."
လီကျစ်ရွှမ်း သူမ ယူလာခဲ့တဲ့ လက်ဆောင်သေတ္တာကို ကော်ဖီစားပွဲပေါ်တင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်ပါ၏။ အနီရောင်ကြိုးကို ဖြည်းညှင်းစွာ ဖြည်ချရင်း ချင်ယန်ကို ပေးအပ်လိုက်သည်။ လက်ဆောင်သေတ္တာ အတွင်းတွင် ထောင်စုနှစ် ဂျင်ဆင်း၊ ကြာပန်း နှင့် ဈေးကြီးသော ဆေးဖက်ဝင်အပင်မျိုးစုံကို စုစည်းထားသည်။
အထူးခြားဆုံးအပိုင်းမှာ အနီရောင်နဂါးပုံစံဖြင့် ချယ်လှယ်ထားသော ၀တ်စုံဖြစ်သည်။ ရွှေရောင်ချထားသော အကြေးခွံများသည် အသက်စွမ်းအင်များနှင့် ထုံမွှမ်းနေပုံရကာ အဝတ်ပေါ်မှာ အသက်ဝင်နေသလိုပင်။
"ဆရာ.... ဒါက ဆရာ့တွက် အထူးပြုလုပ်ထားတဲ့ အထည်ပါ... လျှို့ဝှက်ကြယ် နဂါးသွေးနဲ့ ပြုလုပ်ထားပြီး ရွှေကြေးခွံတွေကိုတော့ ကျွမ်းကျင်တဲ့ လက်သမားဆရာက စေ့စေ့စပ်စပ် ဖန်တီးထားတာပါ... ကြယ်စွမ်းအား အတက်အကျ ရှိရုံနဲ့ နဂါးပုံစံက စတင်ရွေ့လျားလာလိမ့်မယ်"
လီကျစ်ရွှမ်း သူမဆံပင်များကို နားရွက်နောက် သပ်ယူကာ ချင်းယန်ကို စေ့စေ့ကြည့်ကာ လက်ဆောင်သေတ္တာကို ပေးလိုက်သည်။
"ဆရာ ကျေးဇူးပြုပြီး ဒီလက်ဆောင်လေးကို ဆရာ့ကျေးဇူး အမှတ်အသားအနေနဲ့ လက်ခံပေးပါ"
"ငါ့အတွက်..."
ချင်းယန် ၀တ်ရုံကိုယူကာ ချည်မျှင်ပေါ် ပွတ်သပ်လိုက်သည်။ “လက်နက် သန့်စင်ခြင်း စစ်မှန်သော ရှင်းလင်းချက်” စာအုပ်မှ နှိုင်းယှဥ်ဆွဲကာ အတွင်းပိုင်း လုပ်ငန်းစဉ်များကို လေ့လာခဲ့သည်။
နဂါးပုံစံက ဝေ့ဝဲနေပြီး ရွှေရောင်အကြေးခွံများ ရောယှက်ကာ ခြေလှမ်းတိုင်းက ရှုပ်ထွေးနေသည်။ ဤဝတ်စုံကို စိတ်ကြိုက် ပြင်ဆင်လိုက်မယ် ဆိုရင်တောင် အနည်းဆုံး လပေါင်းများစွာ ကြာလိမ့်မည်။
တစ်သက်လုံးမှာ တစ်စုံတစ်ယောက်က သူ့ကို အဝတ်အစား ပေးဖူးတာ ဒါပထမဆုံးပင်။
"ဆရာ သဘောကျလား"
ချင်းယန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေစဉ် လီကျစ်ရွှမ်း မျက်လုံးများ တဖျပ်ဖျပ်ခတ်ကာ နှလုံးခုန်နှုန်းတွေ မြန်လာသည်။ နားရွက်များကလည်း နီမြန်းလာသည်။
"ကောင်းတယ်... ဆရာ ကျေနပ်ပါတယ် တပည့်လေး.... မင်းက ဆင်ခြင်တုံတရား အရမ်းရှိတယ်"
ချင်းယန် ခေါင်းညိတ်လိုက်ပြီး သူ့လက်ချောင်းတွေက နဂါးဝတ်ရုံကို ပွတ်တိုက်နေ၏။ ၀တ်ရုံပေါ်ရှိ နဂါးသည် သူ့လက်ချောင်းထိပ်များကို ချည်နှောင်ထားကာ လန်းဆန်းတက်ကြွမှုကို ခံစားရစေလေသည်။
မဆိုးဘူး!
ဒီတပည့်ကို လက်ခံထားတာ အလကားတော့ မဖြစ်သွားဘူး။