( ငါကအဲ့လောက်ကောင်းတဲ့ လူတစ်ယောက်လား?)
Vol. 11 Ch. 146
"ယူအိမ်တော်ရဲ့ အကြီးဆုံးသမီးက ရှကျိုးယွီကို တကယ်ကိုလေးစားတာပါလား?
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ရှကျိုးယွီက ဘာအရည်အချင်းတွေ ရှိနေလို့လဲ?"
"ဒါဆိုရင် ဖြစ်နိုင်တာက သတင်းတွေထဲကလိုမျိုး ရှကျိုးယွီက တိုင်းပြည်အရေးကို ဂရုမစိုက်ဘဲ အနောက်ဆောင်မှာပဲ ပျော်မွေ့နေတဲ့သူ မဟုတ်တာများလား?"
"ဒါက..."
"ဘာတွေဖြစ်နေလဲဆိုတာ တစ်ယောက်ယောက် ငါ့ကိုပြောပြပေးနိုင်မလား?"
အခန်းထဲက လူတွေအားလုံးရဲ့ မျက်လုံးက ချက်ချင်းပဲ သံသယများဖြင့် ပြည့်နှက်သွားခဲ့သည်။
အဆုံးမရှိတဲ့ ဆွေးနွေးသံတွေက စားသောက်ဆိုင်တစ်ခုလုံးမှာ ပဲ့တင်ထပ်လာ၏။
ရှကျိုးယွီ အနည်းငယ် အံ့သြသွားခဲ့သည်။ အများအမြင်တွင် သူ့ရဲ့ပုံရိပ်သည် ဘုရင်ဆိုးတစ်ယောက်သာ ဖြစ်ခဲ့သည်။ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖျက်ဆီးနေသည့် အရည်အချင်းမပြည့်ဝသော အုပ်ချုပ်သူတစ်ယောက်သာ ဖြစ်ခဲ့၏။
'အခုယူလျိုရှား သူ့ကိုဘယ်လိုတောင် ဖော်ပြလိုက်တာလဲ?’
'ယူလျိုရှားပြောသွားခဲ့တဲ့ သူ့ရဲ့ပုံစံက အလွန်ပြီးပြည့်စုံနေသည်။ နှိုင်းယှဥ်လို့မရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လိုမျိုးပဲ!’
'ဒီဇာတ်ကြောင်းက တစ်ခုခုများနေတာလား? ယူလျိုရှား ဘာတွေဖြစ်နေတာလဲ? သူမ အိပ်ချင်မူတူးနဲ့ လျှောက်ပြောနေတာလား? ဒီလိုဖြစ်လို့မရဘူးလေ!’
'သူမ အခုလိုမျိုး ရည်ရွယ်ချက်ရှိရှိနဲ့ ပြောခဲ့တာပဲ ဖြစ်ရမယ်!’
'ဒီကောင်မလေးက ငါရုပ်ဖျက်ထားတာတောင်မှ မှတ်မိလိမ့်မယ်လို့ မထင်ထားမိဘူး။ ကြောက်ဖို့ကောင်းလိုက်တာ!’
ရှကျိုးယွီ တွေးမိလေလေ ဒီကိစ္စက ပိုပြီးဖြစ်နိုင်ခြေရှိသည်ဟု ထင်မိလာသည်။ သူ့ရဲ့မျက်နှာကလည်း အနည်းငယ်တည်ငြိမ်လာရတော့၏။
'ဒီကောင်မလေးက ဘယ်လိုလုပ် တရှားတိုင်းပြည်အတွက် ရှေ့ထွက်ပြီး စကားတွေအများကြီးပြောခဲ့ရတာလဲ? သေချာပေါက် ငါ့ရဲ့သရုပ်မှန်ကို သိနေလို့ပဲ!’
'ရတယ် အရေးမကြီးဘူး၊ မင်းဘယ်လောက်ထိ ဟန်ဆောင်နိုင်မလဲဆိုတာ ငါကြည့်မယ်!’
တွေးနေရင်းနဲ့ ရှကျိုးယွီကျယ်လောင်စွာ ရယ်လိုက်သည်!
"ဟားဟားဟား!"
"ဘာ ရယ်နေတာလဲ?"
ရှကျိုးယွီရုတ်တရက် ရယ်လိုက်သောကြောင့် ယူလျိုရှား ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
"ဟာသပဲ ရှကျိူးယွီဆိုတာ အနောက်ဆောင်မှာပဲ အချိန်ဖြုန်းနေပြီး အာဏာကိုအလွှဲသုံးစားလုပ်နေတဲ့ ဘုရင်ဆိုးတစ်ယောက်ပဲ!
မင်းက အများအမြင်မှာတော့ သူ့ကိုလေးစားတယ်လို့ ပြောခဲ့ပေမယ့် တကယ်က စနောက်နေတာပဲ ဖြစ်ရမယ်!"
"အသုံးမကျဘူး? အနောက်ဆောင်မှာပဲ ပျော်မွေ့တယ်?"
ယူလျိုရှား အနည်းငယ်အံ့သြသွားခဲ့သည်။ ထို့နောက်မှာ သူမ ရယ်လိုက်သည်။
"ရှကျိုးယွီနဲ့ ပတ်သတ်ပြီး သခင်လေး တော်တော်အထင်လွဲနေပုံရတယ်"
"ဟုတ်လား?"
ရှကျိုးယွီ ရှုပ်ထွေးသွားခဲ့သည်။ ယူလျိုရှားကို အေးစက်စွာဖြင့် စိုက်ကြည့်လိုက်သည်။ သူမဘက်က စကားသံကိုစောင့်နေခဲ့တာပင်။
ယူလျိုရှားကလည်း သူ့ကိုစိတ်မပျက်စေခဲ့ဘူး....
"အဲဒီ ပုံရိပ်တွေက အပြင်လောကကို လှည့်စားဖို့ ရှကျိူးယွီ ဖန်တီးထားတဲ့ လုပ်ဇာတ်တွေပဲ၊ သူက တကယ်ပဲ မိန်းမလိုက်စားတဲ့ သူတစ်ယောက်ဆိုရင် သူ့ရဲ့အနောက်ဆောင်ထဲမှာ မိန်းမတွေ ရာချီပြီး ရှိတယ်”
“ဒါပေမယ့် ဘာကြောင့် ဖူယွဲ့နန်းဆောင်တစ်ခုတည်းကိုပဲ သွားခဲ့ရတာလဲ? ဒါပြီးတော့ ဒီကိစ္စကိုကော သိရဲ့လား?”
“အန္တရာယ်ကြုံခဲ့တဲ့ အချိန်မှာ ရှကျိုးယွီက သူ့ရဲ့ချစ်လှစွာသော မိဖုရားကို အနောက် ပို့ပြီးကာကွယ်ခဲ့တယ်!”
“ဒါ့အပြင် သူသာ တိုင်းပြည်အရေးကို ဂရုမစိုက်ဘူးဆိုရင် တစ်လတည်းနဲ့ ကံကြမ္မာအမှတ်ကို ခြောက်ဆတက်အောင်လုပ်နိုင်ခဲ့ပါ့မလား?!”
“ကမ္ဘာကြီးက ရှကျိုးယွီကို အသုံးမကျတဲ့ အရူးတစ်ယောက်လို့ပဲ သိကြတာ...ဒါပေမယ့် သူ့ရဲ့ဖုံးကွယ်ထားတဲ့တကယ့် ရည်ရွယ်ချက်ကို ဘယ်သူမသိကြဘူး!”
“ကဲပါ ပိုက်ဆံရှိတဲ့မိသားစုက သခင်လေးတစ်ယောက်ကို အများကြီးရှင်းပြနေတော့ကော ဘာထူးလို့လဲ? ရှကျိုးယွီနဲ့ ယှဥ်လိုက်ရင် ရှင်က သာမန်လူတစ်ယောက်ပဲ”
“ကံကောင်းပြီး ချမ်းသာတဲ့အိမ်မှာ မွေးဖွားလာတဲ့ သာမန်လူတစ်ယောက်ပေါ့!
လာလေ လာချလိုက်!”
ယူလျိုရှား တည်ငြိမ်စွာ ပြောလိုက်သည်။ အခန်းထဲက လူတွေအားလုံး သတိဝင်သွားကြ၏။ ထိုအဖြစ်အပျက်က သူတို့ရဲ့နှလုံးသားထဲကို တိုက်ရိုက်ဝင်ရောက်လာခဲ့သည်။
ဘယ်သူမှ မမျှော်လင့်ထားခဲ့ဘူး... ယူလျိုရှားရဲ နှလုံးသားထဲမှာရှိတဲ့ ရှကျိုးယွီက အလွန်ကို ပြီးပြည့်စုံနေတာပါလား?
အချိန် တစ်ခဏလောက်ထိ အခန်းထဲက လူတွေအားလုံး အသံမထွက်ကြတော့ပေ။ သူတို့ရဲ့စိတ်ထဲမှာ တွေးတောနေမိတော့သည်။
တကယ်ပဲ သူမပြောခဲ့သလိုမျိုး ဖြစ်နေတာလား? ရှကျိုးယွီက တကယ်ကောင်းတာလား?
အကုန်လုံး ထိုမေးခွန်းကိုပဲ ထပ်တလဲလဲ မေးခွန်းထုတ်နေမိတော့၏။ ယူလျိုရှားရဲ့ စကားလုံးတွေကို အကုန်လုံး ပြန်စဥ်းစားလိုက်သည်။
အပြင်မှာ ရှိကျိုးယွီနဲ့ပတ်သတ်ပြီး မကောင်းတဲ့ သတင်းတွေ ဘယ်လိုပဲထွက်နေပါစေ အခုချိန်မှာ ယူလျိုရှားထောက်ပြခဲဲ့တဲ့ အချက်တွေက အမှန်ပဲဖြစ်သည်။
ထိုအချက်တွေကို ဘယ်သူမှငြင်းချက်မထုတ်နိုင်ဘူး..ကမ္ဘာကြီးက ရှကျိုးယွီကို အသုံးမကျတဲ့ ဘုရင်တစ်ယောက်ဟု သတ်မှတ်ခဲ့သည်။ ဒါပေမယ့် အခုချိန်မှာ သူတို့မသိကြတော့ပေ။
တရှားတိုင်းပြည်အတွက် ရှကျိုးယွီက ဘယ်လောက်တောင် စတေးခဲ့တာလဲ? ဒီကိစ္စကို ရှကျိုးယွီတစ်ယောက်ပဲ သိနိုင်လိမ့်မည်။
အကုန်လုံး အံ့သြနေတော့၏။
'ယူလျိုရှား မင်းဘာလို့ပိုပြီးရှုပ်ထွေးအောင် လုပ်နေတာလဲ? မင်းပြောနေတာ ငါ့အကြောင်းကော ဟုတ်ရဲ့လား?’
'မင်းပြောတဲ့ကိစ္စတွေကို ငါဘာလို့ ဘာမှမသိရတာလဲ?’
'အနောက်ဆောင်မှာ မိန်းမလှလေးတွေ ရာကျော်ပြီးတောင် ရှိတာလား? မိန်းမတွေအများကြီးရှိပေမယ့် ငါဖူယွဲ့နန်းဆောင်ကိုပဲ သွားခဲ့တာက နန်းတော်ထဲလျှောက်သွားနေရမှာ ပျင်းလို့လေ’
'ပြီးတော့ ဖူယွဲ့ကို ကာကွယ်တယ်တဲ့လား?’
‘၂၁ ရာစုကလာခဲ့တဲ့ အမျိုးသားတစ်ယောက်အနေနဲ့ လှပတဲ့ မိန်းကလေးတစ်ယောက်ကို ကာကွယ်တာ ဖြစ်သင့်တဲ့ ကိစ္စပဲ မဟုတ်ဘူးလား?!’
'မဟုတ်သေးဘူး မင်းရဲ့အမြင်က အရမ်းကိုအားကောင်းလွန်းနေတယ်…’
'ဒါပေမယ့် သူမရဲ့လေသံကို နားထောင်ကြည့်ရတာတော့ ငါ့ရဲ့ပုံရိပ်မှန်ကို သတိထားမိပုံ မရသေးဘူး.. ကြည့်ရတာ ရှကျိုးယွီဆိုတဲ့ ငါ့ရဲ့ ပုံရိပ်က သူမအတွက် အတော်လေး ဆွဲဆောင်မှုရှိနေတာပဲ ဖြစ်ရမယ်!’
ရှကျိုးယွီ တွန့်ဆုတ်နေချိန်မှာပဲ စနစ်ရဲ့ အသိပေးသံကို ကြားလိုက်ရသည်။
(ယူလျိုရှားရဲ့ ကောင်းမွန်သော ရှင်းပြချက်ကြောင့် တရှားတိုင်းပြည်ရဲ့ ဘုရင်အပေါ်မှာ ရှိသော ဂုဏ်သတင်းသည် သိုင်းလောကမှာ မြင့်တက်သွားခဲ့ပါတယ်။ ထို့ကြောင့် တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် ၅ သောင်းတက်တယ်)
'သောက် ပဲဟေ့!’
'ထပ်ပြီး တက်တာလား? ငါသည်းမခံနိုင်တော့ဘူးနော်!’
'ဘာတွေဖြစ်နေတာလဲ?!’
'သူက စကားလေးနည်းနည်းပဲ ပြောတာကို ဘာကိစ္စကံကြမ္မာ အမှတ်က လိုက်လိုက်တက်နေရတာလဲ?’
'အခုလည်း ၅ သောင်းတောင်! ငါ့ကိုလာနောက်နေတာလား? ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရတော့မှာလဲ?’
'အဖျက်သမား!! ဒီကောင်မလေးက တကယ်ကို အဖျက်သမားပဲ!’
ထိုအချိန်မှာ ယူလျိုရှားက ထပ်မံ စကားပြောဖို့ ပြင်လိုက်သည်။ ဒါပေမယ့် ရှကျိုးယွီက သူမရဲ့စကားတွေကို နားမထောင်ရဲတော့ဘူး..
သူမသာ ဆက်ပြီးစကားပြောနေမယ်ဆိုရင် ကံကြမ္မာအမှတ်က ကောင်းကင်ထိတက်သွားလိမ့်မည်!
ရှကျိုးယွီ ချက်ချင်းပဲပြောလိုက်တော့သည်။
"ကောင်းပြီကောင်းပြီ တော်ပါတော့ ပြောနေတာတွေ... မင်းက ဒီအသုံးမကျတဲ့ မိန်းမစိုးကို လာကယ်တာမဟုတ်ဘူးလား?”
“ရော့ ကယ်သွားလိုက်တော့ ပျင်းဖို့ကောင်းလိုက်တာ!"
ရှကျိုးယွီ ချက်ချင်းပဲ အရိပ်အဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ ထိုအခါမှပဲ ယူလျိုရှား စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။
သူမ၏ နောက်ခံကြောင့် ရှကျိုးယွီ ထွက်ပြေးသွားသည်ဟု အလွယ်ပဲ ထင်မှတ်လိုက်တော့သည်။
"သခင် ကျွန်မကြောက်လွန်းလို့ သေတော့မှာပဲ"
ထိုအချိန်မှပဲ ရွှမ်းအာလည်းစိတ်သက်သာစွာ သက်ပြင်းချနိုင်တော့တာပင်။ သူမ ခပ်တိုးတိုးရေရွတ်လိုက်သည်။
"အရင်ဦးဆုံး ဒီမိန်းမဆိုးရဲ့ ဒဏ်ရာတွေကို စစ်ဆေးပေးပြီး ကုသပေးလိုက်!”
ယူလျိုရှားကတော့ ရွှမ်းအာကို ဂရုမစိုက်ခဲ့ပေ၊ ထိုအစား ကြမ်းပြင်ပေါ်မှာ လဲနေတဲ့ ကျောက်ကောင်းကို လက်ညိုးထိုးပြလိုက်သည်။
သခင်မလေးရဲ့ လျစ်လျူရှုမှုကြောင့် ရွှမ်းအာအနည်းငယ် တွန့်ဆုတ်သွားပေမယ့် ကျောက်ကောင်းကို ဂရုတစိုက် စစ်ဆေးလိုက်သည်။
ကျောက်ကောင်းကို ထိတွေ့လိုက်တာနဲ့ ရွှမ်းအာချက်ချင်းပဲ သတိထားမိသွား၏။ အနည်းငယ် ဆူပုတ်နေခဲ့သော သူမရဲ့ မျက်နှာသည် ချက်ချင်းပဲ အံ့သြတကြီးအသွင်ကို ပြောင်းသွားခဲ့သည်။
"ဘာဖြစ်လို့လဲ? ဘာဖြစ်တာလဲ? ဘာလို့အဲ့မှာပဲ ရပ်နေတာလဲ? မကုဘူးလား?"
ယူလျိုရှား မနေနိုင်စွာ မေးလိုက်တော့သည်။ ထို့နောက်မှာ ရွှမ်းအာ အဖြေပေးတာကိုပင် မစောင့်တော့ဘဲ သူမဘေးမှာထိုင်ချလိုက်ပြီး ကျောက်ကောင်းကို ကိုယ်တိုင်စစ်ဆေးလိုက်သည်။
မကြာခင်မှာပဲ သူမရဲ့မျက်နှာကလည်း ပုံပျက်သွားတော့၏။ ကြည့်လိုက်မည်ဆိုရင် ကျောက်ကောင်း၏ ဒဏ်ရာက ပြင်းထန်ပုံရသည်။
ဒါပေမယ့် သူ့ရဲ့ခန္တာကိုယ်တစ်ခုလုံးက လုံးဝကို ဒဏ်ရာမရနေတာပင်!
အရာအားလုံးက ပုံမှန်ဖြစ် နေခဲ့ပြီး အခုချိန်မှာ ကျောက်ကောင်းရဲ့ ခန္ဓာကိုယ်အတွင်းမှာ စီးဆင်းနေသည့် စိတ်ဝိညာဥ်စွမ်းအင်တစ်ချို့ကိုပင် အာရုံခံလို့ ရနေသေး၏။
ထိုစွမ်းအင်က နှလုံးပတ်လည်ရှိ သွေးကြောများကို ကာကွယ်ပေးထားသည်။ အလွန်ထူးဆန်းလှ၏။
အခုချိန်မှာ ကျောက်ကောင်းရဲ့ သွေးကြောစနစ်အားလုံးသည် နှေးကွေးစွာဖြင့် ပြောင်းလဲနေခဲ့သည်။
"ဒါက...."
"သခင် ဘာတွေဖြစ်နေတာလဲ?"
"မိန်းမစိုးကျောက်ရဲ့ ခန္တာကိုယ်က ဘာကြောင့် အခုလိုမျိုး ပြောင်းလဲနေရတာလဲ?"
ရွှမ်းအာ ရှုပ်ထွေးစွာပြောလိုက်သည်။ ယူလျိုရှား နားထောင်နေပြီး ပြန်မဖြေခဲ့ပေ။ ထိုအစား သူမက နောက်တစ်ကြိမ် ထပ်မံစစ်ဆေးခဲ့သည်။
"ကြည့်ရတာ ဒါက ရှကျိုးယွီဘက်က စီစဥ်ပေးထားတဲ့ အစီအစဥ်တစ်ခုနေမယ် အရေးကြုံလာတဲ့အချိန်မှာ ကျောက်ကောင်းရဲ့ နှလုံးပတ်လည်က သွေးကြောတွေကို ကာကွယ်နိုင်အောင်လို့ပေါ့။ ဒါ့အပြင် အခုနက စကားပြောခဲ့တဲ့သူဆီမှာ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ဆီက တုံ့ပြန်မှုတချို့ကို ငါခံစားလိုက်ရတယ်”
“ရှကျိုးယွီက အသုံးအဖြုန်းကြီးပြီး ညဏ်များပေမယ့် အခုလိုမျိုးသူ့ရဲ့ လက်အောက်ခံတွေနဲ့ ပတ်သတ်တဲ့အချိန် ရက်ရောလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး…”
“တကယ်ကို အတုမရှိတဲ့ပုဂ္ဂိုလ်ပဲ!"
"ဒါဆိုရင် သခင်..ဒီမိန်းမစိုးကျောက်ကို ကုသပေးဖို့ လိုသေးလား?"
"မလိုတော့ဘူး ရှကျိုးယွီမှာ အစီအစဥ်ရှိထားပုံပဲ"
"ဒါဆိုရင် ရှကျိုးယွီက ဒီနေရာကို ရောက်လာခဲ့ပြီး နှင်းနဂါးတောင်ထဲကိုတောင် ဝင်သွားပြီးပြီလို့ ဆိုလိုတာလား?"
………..