← Chapters

( မဟာမိတ်ဖွဲ့ရအောင်!)

Vol. 11 Ch. 147

( မဟာမိတ်ဖွဲ့ရအောင်!)

Vol. 11 Ch. 147

"သခင် ဘယ်လိုအဓိပ္ပါယ်မရှိတာတွေ ပြောခဲ့တာလဲ အခုနတုန်းက.."

"ဘာတဲ့… ရှကျိုးယွီကို အလွန်လေးစားတယ်ဆိုလားပဲ?"

ယူလျိုရှားရဲ့ အစောပိုင်းကစကားတွေကို ရွှမ်းအာစပ်စုစွာ မေးလိုက်သည်။ သူမက မေးနေရင်းနဲ့ ယူလျိုရှားရဲ့ မျက်နှာကိုခိုးကြည့်လိုက်သေး၏။

ချက်ချင်းပဲ ယူလျိုရှားရဲ့မျက်နှာက ရဲလာခဲ့သည်။

"ဒါတွေက လျှောက်ပြောခဲ့တာ၊ နင်ဘာလို့ အတည်မှတ်နေရတာလဲ?"

"သခင်မလေးရဲ့ ပုံစံက လျှောက်ပြောတဲ့ပုံစံနဲ့မတူပါဘူး၊ ဒါ့အပြင် သခင်မလေးရဲ့ဘေးမှာ ရွှမ်းအာနေလာခဲ့တာ အရမ်းကြာခဲ့ပြီ။ သခင်မလေးအခုလို သူများကိုချီးကျူးတာမျိုး မကြုံခဲ့ဖူးဘူး!"

ရွှမ်းအာ ရယ်လိုက်သည်။ ယူလျိုရှားနေရာမှာတင် အေးခဲသွားတော့သည်။

'တစ်စုံတစ်ယောက်ကို ချီးကျူးတယ်တဲ့လား? သူမ ချီးကျူးမိသွားလို့လား?’

ဖြစ်နိုင်တာတော့ ချီးကျူးမိသွားတယ်နဲ့ တူပါသည်…

အမှန်ပြောရမည်ဆိုလျှင် သူမပြောခဲ့သော စကားလုံးတွေအတိုင်းပဲ ရှကျိုးယွီအပေါ် ထင်မြင်ချက် ရှိခဲ့သည်။ ထိုအချိန်မှာ ရုတ်တရက် ရှကျိုးယွီကို စဥ်းစားမိသွားသည်။

သူမတို့ ပထမဆုံးတွေ့ခဲ့စဥ်က မိဖုရားဖူယွဲ့ကို ကာကွယ်ထားရင်းနဲ့ သူမကိုစနှောက်နေပုံများကို ပြန်လည်မြင်ယောင်လာခဲ့သည်။

ယူလျိုရှားရဲ့ နှလုံးသားက ချက်ချင်းပဲ လှုပ်ရှားသွားလေ၏။ ကာကွယ်မှုဆိုတဲ့ အရာကို ပါးစပ်က ထုတ်မပြောဘဲနဲ့ လုပ်ရပ်ဖြင့် အပြည့်အဝ သက်သေပြသွားခဲ့သည်။

ဒါက သစ္စာတရားပဲ..ဒါက ချစ်ခြင်းမေတ္တာပဲ!

ထိုအချိန်မှာ မိဖုရားဖူယွဲ့ကိုပင် ယူလျိုရှားအနည်းငယ် မနာလိုမိသွား၏။ ယူလျိုရှား အသက်တစ်ချက် ရှုသွင်းလိုက်သည်။

သူမရဲ့အတွေးတွေကို ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ငါ ချဲ့ကားပြီး ပြောခဲ့တာမဟုတ်ဘူး ငါပြောတဲ့ဟာတွေက အမှန်တရားတွေပဲ"

"မိန်းမစိုးကျောက်ကို ပြန်ခေါ်သွားလိုက်၊ သူ့ကိုအသုံးချပြီး ရှကျိုးယွီရဲ့အခြေအနေကို အနည်းငယ်မေးမြန်းလို့ရမယ်"

မြေကြီးပေါ်တွင် လှဲလျောင်းနေသော မိန်းမစိုးကျောက်ကို ကြည့်ပြီး ယူလျိုရှား စကားလမ်းကြောင်း လွှဲလိုက်၏။

ရွှမ်းအာလည်း မေးခွန်း ဆက်မထုတ်တော့ပေ။ .တိတ်တဆိတ်ပဲ ကျောက်ကောင်းရှိရာကို သွားလိုက်ကာ ဆွဲထူပြီး စားသောက်ဆိုင်အတွင်းကို ဝင်သွားလေ၏။

အခန်းထဲက လူတွေအားလုံး ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့ရသည်။ ပြဿနာရှာတဲ့ ပုဂ္ဂိုလ်ထွက်သွားတဲ့ဘက်ကို ကြည့်နေရင်း အကုန်လုံးက စက်ဆုပ်စွာဖြင့် ခေါင်းရမ်းလိုက်ကြသည်။

ထိုအချိန်မှာ ထန်ဝမ်ဂိုဏ်းကလူရဲ့ မျက်လုံးထဲတွင် ဖျော့တော့တဲ့ အလင်းတစ်ချက် ဖြတ်ပေးသွားသည်။ ချက်ချင်းပဲ ရှကျိူးယွီ ထွက်သွားရာနောက်ကို လိုက်သွားလေ၏...

စားသောက်ဆိုင်အပြင်မှာ ရပ်နေရင်း ရှကျိုးယွီ အနည်းငယ်စိတ်ဓာတ်ကျနေခဲ့သည်။ လမ်းတစ်လျှောက်တွင် သာမန်လိုပဲ လျှောက်လှမ်းနေရင်း ရုတ်တရက် မြင့်တက်လာသော ကံကြမ္မာအမှတ်ရဲ့ ကိန်းဂဏန်းကြီးကိုပဲ စိတ်ပျက်စွာ ကြည့်နေမိတော့သည်။

ဒီအချိန်မှာ သူခါးသက်စွာပဲ ပြုံးနိုင်တော့သည်။ ရှကျိုးယွီ ခပ်တိုးတိုး ပြောလိုက်၏။

"ကံမကောင်းဘူး..ကံမကောင်းဘူး ကံမကောင်းဘူး! ငါလုံးဝကို ကံဆိုးနေတာပဲ"

ရှကျိုးယွီ ရေရွတ်နေချိန်မှာပဲ အနောက်ကနေ ခေါ်သံကိုကြားလိုက်ရသည်။

"ဟေး ညီကို!"

ရှကျိုးယွီ အနောက်ကို လှည့်ကြည့်လိုက်သည်။ သူမြင်လိုက်ရတာက ထန်ဝမ်ဂိုဏ်းက ဂိုဏ်းသားပင်..

ထိုသူရဲ့မျက်နှာက အလျင်စလိုပြေးလိုက်လာရသည့်အတွက် နီရဲကာ အသက်ရှုသံကလည်း ပြင်းထန်နေ၏။

ရှကျိုးယွီ မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

"မင်း ဘယ်သူလဲ?"

"ငါက ဟွမ်ပထျန်းပါ တွေ့ရတာဝမ်းသာပါတယ်"

"ဟွမ်ပထျန်းဟုတ်လား?"

ရှကျိုးယွီ မျက်စိရှေ့ကလူကို အကြိမ်ကြိမ်ကြည့်လိုက်သည်။ ဒါပေမယ့် ထိုလူကို ဘယ်နေမှာတွေ့ခဲ့ဖူးမှန်း လုံးဝမမှတ်မိပေ။

ထို့ကြောင့် မျက်မှောင်ကြုံ့ဖြင့် ဆက်မေးလိုက်၏။

"ဘာကိစ္စရှိလို့လဲ?"

ဟွမ်ပထျန်း ချက်ချင်းပဲ ပြုံးလိုက်ကာ

"အစောပိုင်းက စကားဝိုင်းကို ကြည့်ရသလောက် ဒီကသခင်လေးက တရှားတိုင်းပြည်အပေါ် အလွန်မကျေနပ်နေပုံ ရတယ်၊ ဟုတ်တယ်မလား?”

“တရှားတိုင်းပြည်အပေါ် မကျေနပ်ချက်တွေ ရှိနေသ၍ သခင်လေးနဲ့ ကျွန်တော်က မဟာမိတ်တွေပါပဲ!"

"အို ဟုတ်လား?"

ရှကျိူးယွီ ချက်ချင်းပဲ စိတ်ဝင်စားသွားခဲ့သည်။ ဟွမ်ပထျန်းကိုပင် တစ်ကြိမ်ထပ်ကြည့်လိုက်၏။

တတိယအဆင့် ကျင့်ကြံဆင့်ရှိပြီး မကြာခင်မှာ အဆင့် တက်လှမ်းနိုင်မယ့် အရိပ်အယောင်များ မြင်တွေ့နေရသည်။

လက်ရှိအရည်အချင်းသည် သာမန်သေးငယ်တဲ့ ဂိုဏ်းများအတွင်းတွင် ထူးချွန်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားသည်ဟု ပြောလို့ရသည်။

ဒါပေမယ့် အရမ်းအသိအမှတ်ပြုလောက်စရာ အရည်အချင်းတော့ မဟုတ်ခဲ့ဘူး။

ရှကျိုးယွီမနေနိုင်စွာ မေးလိုက်သည်။

"မင်းမှာ အကြောင်းအရင်းရှိလို့လား?"

ရှကျိူးယွီရဲ့ စိတ်ဝင်တစား အပြုအမူကို မြငိတဲ့အခါမှာ ဟွမ်ပထျန်းရဲ့ မျက်နှာက ချက်ချင်းပဲ ဝင်းလက်သွားသည်။

"သေချာပေါက်ရှိတာပေါ့ တရှားတိုင်းပြည်က အရမ်းကိုမောက်မာတယ် အဲ့တာကို ငါကိုယ်တိုင် တွေ့ခဲ့ရတာ”

“ဒါ့အပြင် တရှားတိုင်းပြည်ရဲ့ နယ်စပ်မှာ အင်အားကြီး ကျင့်ကြံသူတွေလည်း မရှိဘူး၊ ကျောက်ကောင်းကလွဲရင် ယူအိမ်တော်က ဆက်ခံသူရှိမယ်။ ဒါပေမယ့် မပူပါနဲ့ ယူအိမ်တော်ဘက်ကလည်း ယူလျိုရှားတစ်ယောက်ကပဲ တရှားတိုင်းပြည်ကို ထောက်ပံ့ပေးနေတာ"

"ဒါပေမယ့် ငါတို့စောင့်ကြည့်ဖို့ ထိုက်တန်တဲ့ တစ်ဦးတည်းသော သူကတော့ ထျန်းချီတာဝါက ပုဂ္ဂိုလ်ပဲ!”

“ထျန်းချီတာဝါက အရမ်းကို အင်အားကြီးတယ် ဒါပေမယ့် သတင်းတွေကို အခြေခံရသလောက် တရှားတိုင်းပြည်နဲ့ ထျန်းချီတာဝါက ပူးပေါင်းနေတယ်ဆိုပေမယ့် သူတို့ရဲ့ ပူးပေါင်းမှုက သေးငယ်တယ်”

“ဒါကြောင့် ငါတို့အရမ်းကြီး ဂရုစိုက်ဖို့တော့ မလိုဘူး!"

ဟွမ်ပထျန်းက အာပေါင်အာရင်းသန်သန်ဖြင့် ရှင်းပြနေသည်။ သူ့ရဲ့မျက်လုံးတွေက ဝင်းလက်နေပြီး တစ်ခါတရံ အပြင်ကိုထွက်လာသော တံတွေးစများပင် မြင်နိုင်သည်!

ဟွမ်ပထျန်းရဲ့ စကားတွေကို နားထောင်နေရင်း ရှကျိုးယွီ စိတ်ပျက်လက်​ပျက်ဖြစ်ရမယ့်အစား သူ့ရဲ့မျက်နှာက အနည်းငယ် တောက်ပလာခဲ့သည်။

ရှကျိုးယွီရဲ့ ပုံစံကြောင့် ဟွမ်ပထျန်းပိုပြီး ပျော်ရွှင်သွားရ၏။

မျက်စိရှေ့က လူက သူရှာနေတဲ့ ပုဂ္ဂိုလ်နဲ့ တစ်ပုံစံတည်းပဲ...

ရှကျိုးယွီပေါ်ကိုလည်း မကောင်းပြောသည်။ အပြုအမူကလည်း ရိုင်းသေးသည်။ ဒါ့အပြင် လျှာစောင်းကလည်း ထက်သေးသည်!

"အဲဒီ ရှကျိုးယွီက လုံးဝကိုအရှုံးသမားပဲ တရှားတိုင်းပြည်က နဂိုရှိတဲ့ပိုင်ဆိုင်မှုတွေကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီနှစ်တွေထဲမှာ သူ့ရဲ့ ဖြုန်းတီးမှုတွေကြောင့် တိုင်းပြည်က မွဲပြာကျနေတာ ကြာလောက်ပြီ!”

“ရှကျိုးယွီက ဘုရင် ဘယ်လိုလုပ်ရမှန်းတောင်မသိတဲ့ ပုဂ္ဂိုလ်လို့ပဲ ပြောရမယ်!"

ရှကျိုးယွီ ထိုစကားကိုကြားတဲ့အခါမှာ ရယ်လိုက်၏။

‘နောက်ဆုံးတော့ ငါ့ရဲ့ရင်းနှီးတဲ့ သူငယ်ချင်းကို ရှာတွေ့ပြီ။’

'ထင်တဲ့အတိုင်းပဲ ရင်းနှီးတဲ့သူငယ်ချင်းကို ရှာချင်ရင် ရှိနေပြီးသားပုံစံကို စွန့်လွှတ်ရမယ်ဆိုတဲ့ စကားကအမှန်ပဲ’

'ကောင်းကင်ဘုံက နောက်ဆုံးတော့ ငါ့ဘက်မှာရှိသေးတာပဲ…’

ရှကျိုးယွီ စိတ်ထဲကနေ ရေရွတ်လိုက်၏။

"မင်းပြောတာမှန်တယ် ညီကို၊ ငါ့ရဲ့အတွေးကလည်း အဲ့အတိုင်းပဲ"

ရှကျိုးယွီ ဆက်ပြောလိုက်သည်။

"ဒါဆိုရင် ညီကို ရှကျိုးယွီအနေနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို ​လျော့အောင် ဘယ်လိုလုပ်သင့်တယ်လို့ မင်းထင်လဲ?"

ဟွမ်ပထျန်းရဲ့ မျက်နှာက ချက်ချင်းပဲ ပြုံးရွှင်သွားခဲ့သည်။

"တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်အကြောင်းကို ပြောနေတယ်ဆိုရင်တော့ ငါ့မှာ တကယ်ပဲ စဥ်းစားထားတဲ့ နည်းလမ်းတစ်ခုရှိတယ်"

ထိုစကားကြောင့် ရှကျိုးယွီစိတ်ဝင်စားသွားပြီး မျက်လုံးများပါ လင်းလက်သွားလေရဲ့...

"ဟုတ်လား ပြောပါအုံး"

ရှကျိုးယွီရဲ့ စိတ်ဝင်စားနေတဲ့ မျက်နှာကိုမြင်တဲ့အခါမှာ ဟွမ်ပထျန်းချက်ချင်းပဲ လည်ချောင်း ရှင်းလိုက်သည်။

"ခဏ နားမယ်"

"ခဏနားမယ်??"

ရှကျိုးယွီ ရှုပ်ထွေးသွားခဲ့သည်။

"ငါတို့စကား ပြောနေတာကြာပြီလေ..ငါနည်းနည်း ရေငတ်လာပြီ၊ ငါတို့က ဘယ်လိုပဲဆိုဆို တွေ့ဆုံဖို့ ရေစက်ပါလာတဲ့သူတွေပဲ။ အရှေ့က စားသောက်ဆိုင်ကိုသွားပြီးတော့ အရက်လေးနှစ်​ခွက်လောက် သောက်ရင်းနဲ့ စကားပြောကြမလား?"

ဟွမ်ပထျန်းဘက်က ကမ်းလှမ်းလိုက်သည်။

ထိုစကားကို ကြားတဲ့အခါမှာ ရှကျိုးယွီလည်း မငြင်းခဲ့ဘူး။

"ဒါဆိုရင် ငါတို့လမ်းလျှောက်ရင်းနဲ့ စကားပြောကြတာပေါ့"

"ကောင်းတယ် လမ်းလျှောက်ရင်း စကားပြောကြမယ်"

ဒီလိုနဲ့ပဲ သူတိုနှစ်ယောက်သည် အနီးရှိ စားသောက်ဆိုင်တစ်ခုကို ခြေဦးတည်လိုက်သည်။ ဟွမ်ပထျန်း ဆက်ပြောလိုက်၏။

"တိုင်းပြည်အရေးနဲ့ ပတ်သတ်ပြီးတော့ ငါနားမလည်ဘူး ဒါပေမယ့် ဂိုဏ်းတစ်ခုနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ ကြောက်စရာအကောင်းဆုံး အချက်က ဘာလဲဆိုတာကိုတော့ သိတယ်"

ဟွမ်ပထျန်းက ပြောနေရင်းနဲ့ ရှကျိုးယွီကို လှမ်းကြည့်လိုက်သည်။ ရှကျိုးယွီရဲ့ စပ်စုနေတဲ့ မျက်နှာကို မြင်တဲ့အခါမှ ဆက်ပြောလိုက်သည်။

"အဲ့တာက ရလဒ်မဟုတ်ဘူး၊ တိုးတက်မှုပဲ!"

"ဘာလို့ဆိုရင် ရလဒ်ထွက်လာပြီဆိုတာနဲ့ လုပ်ခဲ့သမျှ အရာအားလုံးက အဆုံးသတ်ပြီ။ ပြောရမယ်ဆိုရင် ကိစ္စတွေက နှောင့်နှေးနေသရွေ့.. အကျိုးက တဖြည်းဖြည်း သူ့အလိုလိုလျော့နည်းသွားမှာပဲ”

“ဒါဆိုရင် လျော့နည်းသွားတဲ့ ပမာဏကို တိုင်းပြည်တစ်ခုလုံး ကြုံတွေ့ရလိမ့်မယ် ဒီဖြစ်စဥ်ကို တိုးတက်မှုပိုင်းနဲ့ ပတ်သတ်တဲ့ ဖြစ်စဥ်လို့ ပြောလို့ရတယ်"

ရှကျိုးယွီ အနည်းငယ်အံ့သြသွားခဲ့သည်။ ထိုသူရဲ့ စကားတွေက အဓိပ္ပါယ်ရှိပုံရ၏။

ဒါဆိုရင် ကြီးမားတဲ့ တိုးတက်မှုကိုရအောင် မလုပ်သရွေ့ ဘာရလဒ်မှ ထွက်မလာနိုင်ဘူး၊ ဒီလိုဆိုရင် နောက်ဆုံးဆုံးဖြတ်ချက်ကို ကြုံတွေ့ရတာထက် ပိုပြီးကောင်းမွန်တဲ့ အခြေအနေကို ရရှိမည်။

'ငါ စနစ်နဲ့စတင်ပြီး ပတ်သတ် ကတည်းက ငါ့ရဲ့ဂရုစိုက်မှုက ကံကြမ္မာအမှတ်ကို ဖျက်ဆီးဖို့ပဲ.. ငါကအခြေအနေတွေ ဆိုးဝါးလာဖို့ပဲ မျှော်လင့်ခဲ့မိတာ’

'ကြည့်လိုက်ရင်တော့ အမှားမရှိဘူးလို့ ထင်ရပေမယ့် တရှားတိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို ကြည့်ရသလောက် ငါ့ရဲ့လုပ်ရပ်က အမှားကြီးမှားသွားပုံပဲ! ငါရဲ့အကျင့်ကို ပြင်မှရတော့မယ်’

ရှကျိုးယွီခေါင်းငြိမ့်လိုက်သည်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်သည် စားသောက်ဆိုင်ကို ရောက်လာခဲ့ပြီး အတွင်းမှာ ဝင်ထိုင်လိုက်တော့၏။

ထိုအချိန်မှာ ဟွမ်ပထျန်းက သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်သည်။

"ဒါပေမယ့် ဒါတွေအားလုံးက အရေးမပါတော့ပါဘူး၊ တရှားတိုင်းပြည်ရဲ့ သိုင်းလောကက ကြည့်လိုက်ရင် တည်ငြိမ်သယောင် ထင်ရပေမယ့် လက်တွေ့ကတော့ မတူညီဘူး”

“လက်တွေ့မှာ မင်းနဲ့ ငါ့လိုမျိုး ရည်မှန်းချက်ကြီးမားတဲ့ လူတွေရှိပြီး သူတို့တွေက တရှားတိုင်းပြည်ရဲ့ အခြေအနေကို ပြောင်းလဲပေးပြီး ရှကျိုးယွီရဲ့ ဂုဏ်မောက်တဲ့ အပြုအမူတွေကို ရှင်းလင်းချင်ကြတယ်!”

“မင်းဘယ်လိုထင်လဲ ညီကို... မင်းငါတို့ရဲ့ ကြီးမားတဲ့ ကြိုးပမ်းမှုမှာ ပါဝင်ချင်လား?"

"ကြည့်ရတာ မင်းရဲ့ နောက်ခံက ထူးခြားတဲ့ပုံပဲ၊ သခင်လေးလည်း အခုလိုမျိုး ကောင်းမွန်တဲ့ လုပ်ရပ်ကို မလုပ်ချင်ဘူးလား?"

………..

All Chapters