( စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးနှစ်ဆယ်!)
Vol. 11 Ch. 149
"ဒါဆိုရင် မင်းက လူဘယ်နှယောက်လောက်ရှာဖို့ စဉ်းစားထားတာလဲ?"
ရှကျိုးယွီ မေးနေရင်းနဲ့ အရက်တစ်ငုံယူသောက်လိုက်သည်။ ထို့နောက်မှာ စားပွဲပေါ်က မြေပဲစေ့ကိုလည်း ယူစားလိုက်၏။ ရှကျိုးယွီရဲ့အပြုအမူက ပုံမှန်လိုပင်။
"အနည်းဆုံးတော့ လူအယောက်တစ်သောင်းလောက်တော့ စုရမှာပေါ့၊ အရမ်းလူနည်းမယ်ဆိုရင် ငါတို့တွေ မကိုင်တွယ်နိုင်မှာစိုးရတယ်"
ဟွမ်ပထျန်းက ပုံမှန်လိုမျိုး ပြောနေရင်းနဲ့ ရှကျိးယွီကို လှမ်းကြည့်လိုက်သည်။
"အမှန်အတိုင်းပြောရရင် လူအယောက်တစ်သောင်းကို စုဆောင်းရတာက မခဲယဉ်းဘူး၊ ပြဿနာက စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံး မရှိနေတာပဲ"
"သိတယ်မလား? အခုသိုင်းလောကမှာ အကုန်လုံးနီးနီးက ပိုက်ဆံမရှိကြဘူးလေ၊ ဒါ့အပြင် ပုန်ကန်တယ်ဆိုတာလည်း အသက်ကိုရင်းပြီး လုပ်ရတဲ့ ကိစ္စပဲ။ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ လူအများကြီး မရှိဘူးဆိုရင် အားကိုးလို့ရတဲ့အရာက ပိုက်ဆံပဲရှိတော့တယ်"
ပြောနေရင်းနဲ့ ဟွမ်ပထျန်းက လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာဖြင့် ပွတ်သပ်လိုက်သည်။
"ဟုတ်လား?"
ရှကျိုးယွီ အနည်းငယ် မှင်သက်သွား၏။
'စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံး မရှိနေလို့ဟုတ်လား?’
'ဒါဆိုရင် တစ်နည်းပြောရမယ်ဆိုရင် ပိုက်ဆံရှိလာရင် ပုန်ကန်မယ့်အစီအစဉ်က အောင်မြင်မယ်ပေါ့?’
'လွယ်ပါတယ်၊ ငါလည်း နည်းနည်းလောက် ယူလာခဲ့တာပဲဆိုတော့ ပေးလိုက်လို့ရတယ်၊ ပုန်ကန်ဖို့အတွက် ပေးရတာဆိုတော့ ပြဿနာမရှိဘူးလေ’
ဒါပေမယ့် စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေရဲ့ တန်ဖိုးကို စဉ်းစားမိသောအခါမှာ ရှကျိုးယွီ အလောတကြီး မပြောခဲ့ပေ။ ထိုအစား သူကပြုံးလိုက်ပြီး
"စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံး ဘယ်လောက်များလိုချင်လဲဆိုတာ သိချင်မိတယ်”
ထိုစကားကြောင့် ဟွမ်ပထျန်းက ကျယ်လောင်စွာရယ်လိုက်၏။
"ညီအစ်ကို စိတ်မပူပါနဲ့၊ ငါတို့ရဲ့ ထန်ဝမ်ဂိုဏ်းက အရမ်းကိုရက်ရောတယ်၊ ငါတို့ကို စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးနှစ်ဆယ် ထုတ်ပေးလာခဲ့တယ်။ ဘယ်လိုနေလဲ? ဒီလောက်ဆိုရင် ငါ့ဂိုဏ်းရဲ့သစ္စာရှိမှုကို မင်းမြင်ပြီလား?"
"နှစ်ဆယ်ဟုတ်လား?"
ရှကျိုးယွီရဲ့မျက်နှာကတော့ နေရာတင် အေးခဲသွားလေ၏။
နှစ်ဆယ်ဆိုတာ အရမ်းနည်းလွန်းနေတယ် မဟုတ်ဘူးလား? စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေက အဲလောက်တောင် တန်ဖိုးကြီးတာလား? ဒီလောက်ကြီးထိတော့ မဟုတ်လောက်ပါဘူးလေ။
ရှကျိုးယွီရဲ့ပုံစံကြောင့် ဟွမ်ပထျန်းပင် အနည်းငယ် အံ့ဩသွားခဲ့သည်။ ထိုသူက အမြန်ပြုံးလိုက်ပြီး ဆက်ပြောလာ၏။
"အရမ်းမအံ့ဩသွားပါနဲ့၊ ညီအစ်ကိုရဲ့။ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးလေးနှစ်ဆယ်ပဲကို၊ ငါတို့ဂိုဏ်းက ရက်ရောတဲ့ ဂိုဏ်းတစ်ခုပဲ။ ငါတို့ရဲ့ ကြီးမြတ်တဲ့ အစီအစဉ်အတွက် ဒီစွမ်းအင်ကျောက်တုံးနှစ်ဆယ်လုံးကို ငါအသုံးပြုပေးမယ်!"
ဟွမ်ပထျန်းရဲ့မျက်နှာက ယုံကြည်မှုရှိစွာဖြင့် အပေါ်ကို မြင့်တက်နေခဲ့သည်။ ကိုယ့်ကိုယ်ကို အလွန်ဂုဏ်ယူနေဟန်ရှိ၏။
ရှကျိုးယွီကိုကြည့်နေတဲ့ သူ့ရဲ့မျက်လုံးထဲမှာ တစ်လောကလုံးကို လူမထင်တဲ့အကြည့်တွေ ဝင်ရောက်လာသလိုပဲ။
ဟွမ်ပထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကဲ၊ ဒီလောက်ထိ ပြောပြီးပြီဆိုတော့ မင်း ငါတို့နဲ့ပူးပေါင်းဖို့ အစီအစဉ်ရှိလား? မင်းရဲ့နောက်ခံက မဆိုးဘူးဆိုတော့ မင်းမှာလည်း စိတ်ဝိညာဉ်ကျောက်တုံးတစ်ချို့ ရှိရမယ်။ ဒီတော့ ငါတို့ရဲ့အစီအစဉ်အတွက် မင်းရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုချင်သလား?"
ဟွမ်ပထျန်းက ပြောပြီးသည်နှင့် ရှကျိုးယွီကို အရှက်ရသွားစေမှာ စိုးမိသည့်အလား ခပ်မြန်မြန် ဆက်ရှင်းပြလာ၏။
"သေချာပေါက် မင်းက အခုလိုမျိုး အပြင်ထွက်လာရတာဆိုတော့ စိတ်ဝိညဉ်စွမ်းအင်ကျောက်တုံးအများကြီး မပါလောက်ဘူးလေ၊ ငါနားလည်ပေးလို့ရပါတယ်၊ ဒီတော့ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတစ်တုံးလောက်ပဲ ထည့်ရင်ကို အဆင်ပြေပါတယ်"
ထိုစကားကြောင့် ရှကျိုးယွီရဲ့နှုတ်ခမ်းတွေက အနည်းငယ် ပြုံးသွားခဲ့သည်။
ဟွမ်ပထျန်း အမြန်ပြောလိုက်၏။
"သေချာပေါက် မင်းက ကျင့်ကြံဆင့်မြင့်တဲ့အတွက် သေချာစဉ်းစားရမယ်ဆိုတာကို နားလည်ပါတယ်၊ ပြောရမယ်ဆိုရင် မင်းလိုမျိုး ထူးချွန်တဲ့လူတွေက သိုင်းလောကမှာ အလွန်ကို ရှားနေခဲ့ပြီလေ၊ ဒီတော့ မင်းသာပါမယ်ဆိုရင် ငါတို့ရဲ့အကြံအစည်ကြီးက တကယ်ကို ချောမွေ့သွားမှာကို ငါယုံကြည်တယ်"
ဟွမ်ပထျန်းရဲ့မျက်လုံးတွေက အနည်းငယ် စိတ်ပျက်စပြုလာပေမယ့် သူ့ရဲ့စကားလုံးတွေကတော့ စွမ်းအင်အပြည့်ဖြင့် မြှူဆွယ်နေလေရဲ့။
ဟွမ်ပထျန်းရဲ့ စကားလုံးတွေကြောင့် ရှကျိုးယွီ ချက်ချင်းပဲ သိုလှောင်ဧရိယာအတွင်းမှ စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်လုံးကို ထုတ်ယူကာ ကောက်ပေါက်ချင်စိတ် ပေါက်လာခဲ့သည်။ ဒါပေမယ့် အချိန်တစ်ခဏလောက် လေ့လာဖို့ ဆုံးဖြတ်လိုက်၏။
'ဘယ်လိုပဲ ပုန်ကန်ဖို့ကြံစည်တယ်ဆိုဆို သေချာပေါက် ပုန်ကန်ဖို့အတွက် သင့်တော်တဲ့လူကိုတော့ အကောင်းဆုံးရွေးချယ်ရမည်လေ။ တွေ့ကရာလူကို လက်ခံပြီးတော့ ထောက်ပံ့လို့မှမဖြစ်တာ!’
"သောက်ကြမယ်!"
ရှကျိုးယွီ တစ်ခြားဘာမှ ထပ်မပြောခဲ့ဘူး။ ပြုံးပဲပြခဲ့သည်။
"အရက်သောက်ကြရအောင်၊ ဒီအရက်က ငါတို့ရဲ့ မိတ်ဆွေဆက်ဆံရေးကို တိုးလာစေလိမ့်မယ်"
ဟွမ်ပထျန်းကလည်း အခွင့်အရေးကိုယူကာ ရှကျိုးယွီနဲ့ အရက်ခွက်ချင်းတိုက်လိုက်သည်။
ဒီလိုနဲ့အချိန်တွေကုန်ဆုံးလာခဲ့သလို အရက်ပုလင်းတွေလည်း တစ်စတစ်စ များပြားလာခဲ့သည်။ ဟွမ်ပထျန်းရဲ့မျက်နှာက နီရဲလာ၏။ သူရဲ့မျက်နှာပေါ်ရှိ ကိုယ့်ကိုယ်ကိုအထင်ကြီးမှုတွေကလည်း ပိုပြီးအရိပ်ထင်လာခဲ့သည်။ တရှားတိုင်းပြည်ကို ဘယ်လိုဖျက်ဆီးရမလဲ စတင်စဉ်းစားနေလေပြီ။
ထိုအချိန်မှာ သူတို့ရဲ့အရက်သောက်ပွဲထဲကို ပါဝင်လာတဲ့သူတွေက တစ်စတစ်စ များပြားလာခဲ့ပြီး အကုန်လုံးသည် ပူးပေါင်းပြီး ပုန်ကန်မယ့် အစီအစဉ်ကို ဆွေးနွေးနေကြသည်။ လူနှစ်ယောက်နှင့်အစပြုခဲ့သော စားပွဲဝိုင်းသည် မကြာခင်မှာပဲ လူဆယ်ယောက်ကျော် ဖြစ်ပေါ်လာခဲ့သည်။
ရှကျိုးယွီကတော့ လူအုပ်ရဲ့အလယ်ကနေ တဖြည်းဖြည်း ဘေးဘက်ကို ရွေ့သွားလိုက်သည်။ အကုန်လုံးက စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးနှစ်ဆယ် ပိုင်ဆိုင်ထားပြီး အလွန်ချမ်းသာလှတဲ့ ဟွမ်ပထျန်းရဲ့ဘေးမှာ ဝိုင်းနေကြတာ အဆက်မပြတ် စကားပြောနေကြသည်။ ထိုအချိန်တွင် ဟွမ်ပထျန်းရဲ့ပုံစံသည် ကြယ်တွေဝန်းရံထားသော လတစ်စင်းလိုမျိုး တောက်ပဝင်းလက်နေခဲ့ပြီး လူတွေရဲ့ချီးကျူးသံကို ဆက်တိုက်ခံယူနေခဲ့သည်။ သူ့ရဲ့မောက်မာမှုက အချိန်နှင့်အမျှ ပိုမိုကြီးထွားလာ၏။ တရှားတိုင်းပြည်ကို ဘယ်လိုမျိုးကောင်းမွန်အောင် ပြုလုပ်ပေးမည့်အကြောင်းနှင့် ရှကျိုးယွီကို ဘယ်လိုဖျက်ဆီးမည့်အကြောင်းကို အင်အားတက်ကြွစွာဖြင့် ပြောဆိုနေခဲ့သည်။
ထိုစကားလုံးတွေကနေ ကြည့်မည်ဆိုလျှင် ရှကျိုးယွီအပေါ်မှာ သူမနာလိုနေသည်ဆိုတာကို မြင်တွေ့နိုင်၏။
"ဘာလို့လဲ? ဘာကိစ္စ ရှကျိုးယွီကကျ နဂါးပလ္လင်ထက်မှာ ထိုင်လို့ရပြီး ငါတို့ကကျ ထိုင်လို့မရတာလဲ?!"
"မင်းပြောတာမှန်တယ်၊ ရှကျိုးယွီက ဘာကောင်မှမဟုတ်ဘူး၊ သူ့မှာ မိသားစုကောင်းရှိလို့ပဲ အခုလိုအခြေအနေကို ရောက်လာရတာ"
"ဟုတ်တယ်၊ ငါတို့ထဲက ဘယ်သူကများ သူ့ထက်မသာလို့လဲ? ငါတို့က သိုင်းလောကမှာ အထင်ကရပုဂ္ဂိုလ်တွေပဲ!"
....
တဖြည်းဖြည်းကျယ်လောင်လာသော စကားဝိုင်းက စားသောက်ဆိုင်အတွင်းရှိ လူများစွာရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ဒီလိုနဲ့ပဲ သူတို့ရဲ့စားပွဲဝိုင်းထဲကို ဝင်ရောက်လာသူတွေ များပြားလာ၏။ ရှကျိုးယွီသည် စားပွဲဝိုင်းတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး သူတို့ရဲ့အစီအစဉ်တွေကို နားထောင်နေခဲ့သည်။ ဒီလူတွေရဲ့ ကျင့်ကြံဆင့်ကို ကြည့်မိသောအခါမှာ အကြိမ်ကြိမ်သာ မျက်မှောင်ကြုတ်မိသည်။ နောက်ဆုံးတွင် ရှကျိုးယွီ မနေနိုင်စွာ ခေါင်းယမ်းလိုက်တော့သည်။
...
တရှားတိုင်းပြည်၏ နယ်စပ်ဒေသတွင် လီလင်ပုဦးဆောင်သော ကုန်ယာဉ်တန်းကြီးသည် ကျန်းပိုင်မင်းသားတို့ စခန်းချရာနေရာကို ဦးတည်နေခဲ့သည်။
သူတို့တစ်ဖွဲ့လုံးတွင် တပ်သားတစ်ယောက်မှ မပါရှိဘူး။ ဒါပေမယ့် လျှို့ဝှက်လိုက်ပါလာသော သိုင်းလောကရဲ့ အကြီးအကဲများစွာကိုတော့ ဘယ်သူမှ မမြင်ကြရပေ။
မြင့်မားသော မြင်းကြီးပေါ်တွင်ထိုင်နေပြီး ဂုဏ်ယူမှုတို့ပြည့်နေသော သူ့ရဲ့မျက်နှာသည် တရှားတိုင်းပြည်ရဲ့ လှပသောရှုခင်းကို ကြည့်ရှုနေခဲ့သည်။ လီလင်ပုရဲ့နှလုံးသားထဲတွင် တက်ကြွမှုတို့ ပြည့်နေ၏။ အားအင်တွေပြည့်ဝနေပေမယ့် ဘယ်နေရာမှာအသုံးချရမှန်း မသိတော့ပေ။ ထို့ကြောင့် အတတ်နိုင်ဆုံး ခေါင်းကို ခပ်မြင့်မြင့်ထားလိုက်၏။
"အမတ်လီ၊ ဒီငွေတွေအားလုံးကို ကျန်းပိုင်မင်းသားဆီ ပို့ပေးမှာလား? အရှင်မင်းကြီးဆီကို အရင်တင်ပြဖို့ မလိုဘူးလား?"
လီလင်ပုရဲ့နောက်တွင်ရှိနေသော အစေခံက မနေနိုင်စွာ မေးလာခဲ့သည်။
"မလိုဘူး၊ ဒါက အရှင်မင်းကြီးရဲ့ ညွှန်ကြားချက်ပဲ။ ကျန်းပိုင်မင်းသားက အခု ငွေလိုနေခဲ့တယ်၊ အရင် ငွေကိုပို့ပြီးမှ အရှင်မင်းကြီးဆီကို တင်ပြချက်တင်တော့မယ်!"
လီလင်ပုက ပြောနေရင်းနဲ့ သူ့ရဲ့အနောက်ရှိ ယာဉ်တန်းများစွာကို ကြည့်လိုက်သည်။ ထို့နောက်မှာ သိုင်းအကြီးအကဲများစွာ ပုန်းခိုလိုက်ပါလာသောနေရာကို လှမ်းကြည့်လိုက်၏။
"ဒါ့အပြင် အဲဒီလူတွေကို မင်းအထင်မသေးနဲ့၊ သူတို့ကို ထျန်းချီတာဝါရဲ့ပုဂ္ဂိုလ်က ဦးဆောင်ပြီး ခေါ်လာခဲ့တာ။ ဒီနေရာထိရောက်လာပြီးမှ ငါတို့က ငွေတွေကို မြို့တော်ဆီပြန်သယ်သွားမယ်ဆိုရင် သူတို့ပျော်မယ်လို့ထင်လား? အခြေအနေအရပြုမူတတ်ဖို့ သင်ယူစမ်းပါ!"
ထိုအစေခံက ခေါင်းညိတ်ကာ နားလည်ကြောင်းပြောလိုက်သည်။
"မှန်ပါတယ်၊ သခင်ကြီးဆုံးဖြတ်ချက်က မှန်တယ်"
"ဒါပေမယ့် ဒီတိုင်း...."
ထိုအစေခံက အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီးနောက်တွင် လီလင်ပုရဲ့နားနားကိုကပ်ကာ ခပ်တိုးတိုးပြောလိုက်၏။
"ကျွန်တော်တို့သတင်းပေးတွေဆီကနေ သတင်းရထားတယ်၊ ဝေ့တိုင်းပြည်ရဲ့ စစ်သားအများစုက သူတို့ကိုယ်သူတို့ ဓားပြတွေအဖြစ် ဖုံးကွယ်ပြီး တရှားတိုင်းပြည်ထဲ ဝင်ရောက်လာခဲ့တယ်။ သူတို့ရဲ့လှုပ်ရှားမှုတွေက သိသာတယ်၊ သူတို့က သေချာပေါက် ဒီငွေတွေရဲ့နောက်ကို လိုက်နေတာပဲ။ အဲဒီလူတွေသာ လှုပ်ရှားလာမယ်ဆိုရင် ကျွန်တော်တို့..."
ထိုအစေခံက တွန့်ဆုတ်နေခဲ့သည်။ သူ့ရဲ့မျက်နှာတွင် ယုံကြည်ချက်မရှိပေ။
ဒါပေမယ့် လီလင်ပုကတော့ လက်တစ်ဖက်ယမ်းကာ ပြုံးလိုက်လေ၏။
"မင်း ဘာတွေကြောက်နေတာလဲ? ထျန်းချီတာဝါက ဂရုစိုက်ပေးလိမ့်မယ်၊ ဘာမှ အမှားအယွင်း ရှိလာမှာမဟုတ်ဘူး။ ဒါကြောင့် စိတ်ပူစရာမလိုအပ်ဘူး၊ စိတ်အေးအေးနဲ့ ငွေတွေသာပို့လိုက်စမ်းပါ!"
လီလင်ပုက အနောက်ရှိ တောအုပ်စပ်ရှိရာကို လှမ်းကြည့်ပြီး ဆက်ပြောလိုက်သည်။
"ဒါ့အပြင် ဒါတွေအားလုံးက ငါတို့ ကြိုတင်မှန်းဆထားပြီးသားပဲ၊ ဝေ့တိုင်းပြည်ဘက်က ရိုးရိုးသားသားနဲ့ လုပ်လာရင်တောင်မှ ငါတို့စိုးရိမ်နေရဦးမှာ၊ အခုတော့ ငါတို့စိတ်သက်သာလို့ရပြီ"
ထို့နောက်မှာ လီလင်ပုက တစ်ခုခုကို တွေးမိသွားကာ ဆက်ပြောလာခဲ့သည်။
"အကုန်လုံးကို သတိပေးထား၊ ငါတို့မကြာခင်မှာ ဖန်းလင်မြို့ကို ဖြတ်ရတော့မယ်။ ငါတို့ မဖြစ်မနေ အဲဒီမြို့ကို ဖြတ်သွားမှရမယ်၊ ဒါ့အပြင် ဝေ့တိုင်းပြည်ဘက်က လှုပ်ရှားလာချင်တယ်ဆိုရင် ဒါက သူတို့အတွက် အခွင့်အရေးကောင်းပဲ။ ဒါကြောင့် အကုန်လုံးကို အထူးသတိထားပြီး အမှားအယွင်းမရှိစေဖို့ ပြောထား"
ထို့နောက်မှာ လီလင်ပုက ဆက်ပြောလိုက်သည်။
"ဒါနဲ့ မင်းစစ်ဆေးထားလား? အဲဒီသတင်းကို ဘယ်သူပို့ခဲ့တာလဲ? ငါတို့ရဲ့ဘက်တော်သားထဲမှာ ဝေ့တိုင်းပြည်ဘက်ကလူတွေ တစ်ယောက်မှ ပါစေလို့မဖြစ်ဘူး!"
ထိုလက်ထောက်အစေခံက အနည်းငယ် အံ့ဩသွားခဲ့သည်။ ချက်ချင်းပဲ ပြန်ဖြေလိုက်၏။
"သူတို့ပြောခဲ့တဲ့ သတင်းအရတော့ ဟန်ဆောင်ပြီးဝင်ရောက်လာတဲ့ သူတွေက ဝေ့တိုင်းပြည်ရဲ့ မဟူရာနတ်ဘုရားတပ်သားတွေပါတဲ့၊ ဒါ့အပြင် ဝေ့တိုင်းပြည်ဘက်ကလာခဲ့တဲ့ တပ်သားအများစုလည်း ပျောက်နေခဲ့တယ်။ ဒါကြောင့်မို့လို့ အဲဒီသတင်းက အမှန်ဖြစ်မယ်လို့ ယူဆရပါတယ်။ ပြီးတော့ သတင်းစုံစမ်းပေးတဲ့သူတွေကတော့ မိန်းမစိုးကျောက်ဘက်က စီစဉ်ပေးထားတဲ့ သူတွေပါ"
လီလင်ပု အနည်းငယ် အံ့ဩသွားခဲ့သည်။ ချက်ချင်းပဲ ရေရွတ်လိုက်၏။
"အရှင်မင်းကြီးရဲ့ အစီအစဉ်တွေက တကယ်ကို ခန့်မှန်းရမလွယ်ကူလိုက်တာ၊ ဝေ့တိုင်းပြည်ရဲ့ လက်ရွေးစင်တပ်ဖွဲ့ထဲမှာတောင်မှ အရှင်မင်းကြီးရဲ့လူယုံတွေ ရှိနေလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး!"
………….