← Chapters

( လူပြောင်းရင်တောင် ရလဒ်က အတူတူပဲ!)

Vol. 11 Ch. 154

( လူပြောင်းရင်တောင် ရလဒ်က အတူတူပဲ!)

Vol. 11 Ch. 154

ကျန်းနန်းမြို့၏ အုပ်ချုပ်သူစံအိမ် အတွင်းတွင် ချင်မင်းသား ရှထိုက်အန်း ထိုင်နေခဲ့သည်။ စားပွဲပေါ်တွင် တင်ထားသော ကျန်းနန်မြို့ရဲ့ မြေပုံကို ဂရုတစိုက်လေ့လာနေ၏။

ထိုအချိန်တွင် တပ်သားတစ်ယောက် ဝင်လာခဲ့သည်။

“ချင်မင်းသားကို အရိုအသေပေးပါတယ်”

ရှထိုက်အန်း မော့ကြည့်လိုက်သည်။ ထို့နောက်မှာသူ့ရဲ့အကြည့်က ကျန်းနန်မြေပုံပေါ်ကို ပြန် လည်ရောက်ရှိသွားပြီး တည်ငြိမ်စွာပြောလိုက်၏။

“စစ်စခန်းတည်ဆောက်ခိုင်းတာ အခြေအနေ ဘယ်လိုရှိပြီလဲ?”

ထိုတပ်သားအနည်းငယ် အံ့ဩသွားခဲ့သည်။ ထို့နောက်မှာမှ အမြန်ဖြေကြားလိုက်လေ၏။

“အရှင့်သား စစ်စခန်းအတွက် ပြင်ဆင်မှုကပြီးခဲ့ပါပြီ။ ကျန်းနန်မြို့ရဲ့ ပြည်သူတွေကလည်း အရမ်းကိုပူးပေါင်းပါဝင်ပေးခဲ့တယ်။ သူတို့ရဲ့လုပ်အားကြောင့် အချိန်တိုအတွင်းမှာပဲ တည်ဆောက်နိုင်ခဲ့တယ်”

“ဟုတ်လား?”

ရှထိုက်အန်း အံ့သြစွာ မော့ကြည့်လိုက်သည်။

ရှထိုက်အန်းရဲ့ ရှုပ်ထွေးနေသောအကြည့်ကြောင့် ထိုတပ်သား အမြန်ရှင်းပြလိုက်လေ၏။

“အရှင့်သား မသိလောက်ပေမယ့် အရင်ရက်ပိုင်းက အရှင့်သား ရှင်းလင်းပေးခဲ့တဲ့ ကျန်းနန်းမြို့ရဲ့ အနိုင်ကျင့် ချယ်လှယ်တတ်တဲ့ ဂိုဏ်းတွေကြောင့် ပြည်သူတွေက အလွန်ကျေးဇူးတင်နေခဲ့တာပါ။ ဒါ့အပြင် ရေကြီးမှုကို ရှောင်လွဲဖို့ရန် ပြင်ဆင်တဲ့အချိန်တုန်းကလည်း အရှင့်သားက အများကြီးပံ့ပိုးကူညီပေးခဲ့တယ်။ ဒါကြောင့် အရှင့်သားက ပြည်သူတွေရဲ့နှလုံးသားထဲမှာ စစ်နတ်ဘုရားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်”

“ဒါကြောင့် ပြည်သူတွေက မတုံ့မဆိုင်း ပါဝင်ကူညီပေးခဲ့တဲ့အပြင် သူတို့ရဲ့ကလေးတွေကိုတောင် တပ်သားအဖြစ် စာရင်း သွင်းဖို့အတွက် ပို့ချင်နေတဲ့သူတွေအများကြီးရှိပါတယ်”

ထိုတပ်သားကပြောနေရင်းနဲ့ ရှထိုက်အန်းကို ကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ လေးစားမှုတို့ပြည့်နေ၏။

ကျန်းနန်မြို့မှာ ရှထိုက်အန်းရဲ့ အောင်မြင်မှုက အံ့ဩဖွယ်ရာကောင်းလှသည်လေ။

“ဒါပေမယ့် ၁၅-ရက်နဲ့တည်ဆောက်ရမယ့်အရာကို ၃-ရက်နဲ့ပြီးသွားတာတော့ နဲနဲလေးမဖြစ်နိုင်ရာကျတယ်။ ဒီစစ်စခန်းတည်ဆောက်တဲ့ကိစ္စက အမှားအယွင်းရှိလို့မရဘူး။ အရှင်မင်းကြီးကိုယ်တိုင် တိုက်ရိုက်အမိန့်တော်နဲ့ ညွှန်ကြား ထားတဲ့ကိစ္စတစ်ခုပဲ”

ရှထိုက်အန်း မျက်မှောင်ကြုတ်ဖြင့် မေးလိုက်၏။

ထိုတပ်သားအမြန်ဖြေကြားလိုက်သည်။

“အခုလိုမျိုး လျင်လျင်မြန်မြန်နဲ့ပြီးမြောက်သွားခဲ့တာက အရှင့်သားရဲ့အောင်မြင်မှုကြောင့်ပါ။ ကျန်းနန်မြို့အပေါ် အရှင့်သား ပြုလုပ်ပေးခဲ့တဲ့ ကျေးဇူးတရားက အလွန်မြင့်မားတယ်။ ဒါကြောင့် သူတို့အတွက် ဒီနေရာက စစ်စခန်းတည်ဆောက်တယ် ဆိုတာထက် အဲ့ဒီဂိုဏ်းတွေကို ပြန်လည်တွန်းလှန်ဖို့ရန် အင်အားတစ်ခုကို ဖန်တီးလိုက်တာနဲ့တူပါတယ်။ ဒါ့အပြင် အရှင့်သား ခိုင်းစေခဲ့တဲ့နေရာကလည်း ကြမ်းတမ်းတဲ့ သစ်တောတစ်ခုဆိုတော့ သစ်ပင်တစ်ချို့ရှင်းလင်းရုံအပြင် လုပ်စရာအများကြီးမရှိခဲ့ပါဘူး”

ရှထိုက်အန်း နောက်ဆုံးတော့ အသက်တစ်ချက်ရှုသွင်းလိုက်သည်။ သူ့ရဲ့မျက်လုံးတွေက အတွေးများလာပုံပဲ။ အချိန်အကြာကြီးနေပြီးမှသာ ရှထိုက်အန်း ပြောလိုက်လေ၏။

“ငါနားလည်ပြီ။ မင်းအရင်သွားလို့ရပြီ”

“အမိန့်အတိုင်းပါ”

ထိုတပ်သားက အများကြီးမပြောတော့ပဲ ထွက်သွားဖို့ပြင်လိုက်သည်။

“ဒါနဲ့ မင်းသွားတဲ့အချိန်ကျရင် လျိုယွင်ကို ခေါ်ခဲ့”

ရှထိုက်အန်း ပြောလိုက်သည်။

…..

မကြာခင်မှာပဲ လျိုယွင်အခန်းထဲကို ဝင်လာခဲ့သည်။ လျိုယွင်သည် ရှထိုက်အန်း၏ ကိုယ်ပိုင်အစောင့်ဖြစ်သည်။ ကိစ္စအများစုကို ရှထိုက်အန်းက သူနဲ့ဆွေးနွေးလေ့ရှိသည်။

“ကျွန်တော်မျိုးရောက်ပါပြီ ချင်မင်းသား”

“ကျန်းနန်မြို့ရဲ့အခြေအနေကို သေချာစောင့်ကြည့်ထား။ ဒီကိစ္စက အရှင်မင်းကြီးကိုယ်တိုင် ခိုင်းထားခဲ့တာ။ ဒါကြောင့် ငါတို့ ပေါ့ဆလို့မရဘူး”

ရှထိုက်အန်းက လျိုယွင်ကို သတိပေးလိုက်၏။

“ချင်မင်းသား ဒီလောက် ကြီးမားတဲ့အောင်မြင်မှုကြီး ရထားခဲ့တာတောင်မှ မြို့တော်ကိုဘာကြောင့် အရမ်း စိတ်ပူနေ ရတာပါလဲ?”

လျိုယွင်စကားမဆုံးခင်မှပဲ ရှထိုက်အန်းရဲ့မျက်လုံးထဲက စူးရှတဲ့ဒေါသတွေကို အာရုံခံမိလိုက်သည်။ ဒါကြောင့် ချက်ချင်းပဲ ပါးစပ်ပိတ်သွားတော့၏။

“အောင်မြင်မှု ဟုတ်လား? ငါ့မှာ ဘယ်လိုအောင်မြင်မှုရှိလို့လဲ? ငါက ကြမ်းတမ်းတဲ့သူတစ်ယောက်ပဲ!”

ရှထိုက်အန်းက လျိုယွင်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

လျိုယွင် နားထောင်နေ ခဲ့ပြီး မငြင်းခဲ့ဘူး။ ဒါပေမယ့် အဆုံးမှာတော့မနေနိုင်စွာ ပြောလိုက်သည်။

“အခု ကျန်းနန်မြို့ရဲ့ပြည်သူတွေက ထိုက်အန်းမြို့တော်ကပြည်သူတွေထက် အရှင့်သားအပေါ်မှာ လေးစားမှုရှိတယ်”

“ဒါဆိုရင် အခုငါ့ရဲ့အောင်မြင်မှုရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲ မင်းသိသလား?”

“အဲ့ဒီသူက မင်းပြောနေတဲ့လူပဲ!”

ရှထိုက်အန်း စိတ်တိုစွာပြောလိုက်သည်။

“ငါမင်းကိုပြောမယ်။ ကျန်းနန်မြို့မှာ ငါလုပ်ခဲ့တဲ့အရာအားလုံးကိုပဲ ကြည့်လိုက်။ ဘယ်လောက်ပဲ သေးငယ်တဲ့အရာဖြစ်နေပါစေ၊ အားလုံးကို ငါ့ရဲ့တူတော်မောင်စီစဉ်ထားခဲ့တာပဲ။ အရှင်မင်းကြီးက မြို့တော်မှရှိနေတာနဲ့ပဲ ဘာမှမသိဘူးလို့ မင်းမထင် လိုက်နဲ့! ဒီကျန်းနန်တစ်မြို့လုံးကို တကယ်ထိန်းချုပ်ထားတဲ့သူက အရှင်မင်းကြီးပဲ! ငါက သူဖန်တီးထားတဲ့ ပုံရိပ်တစ်ခုပဲ!”

ရှကျိုးယွီ ရယ်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ ဒေါသတွေမရှိဘူး။ ထိုအစားရှကျိုးယွီအပေါ်မှာ လေးစားမှုတို့ရှိနေ၏။

လျိုယွင်ကတော့ သဘောမတူလိုဟန်ဖြင့် ဆက်ပြောလာသည်။

“ဒါပေမယ့် အရှင့်သား၊ အရှင့်သားက တော်ဝင်မျိုးရိုးတစ်ယောက်ပါ။ ကျန်းနန်မြို့ရဲ့အခက်အခဲတွေအားလုံးကို အရှင့်သား သေချာလေး ကြိုးစားပြီးဖြေရှင်းခဲ့တာကို အကုန်လုံးသိပါတယ်။ ဒီရက်ပိုင်းမှာ အရှင့်သားအရမ်းပူပင်နေခဲ့တယ်”

“ အရှင့်သားပြောတာလဲ မှန်ပါတယ်။ အရှင်မင်းကြီးက တကယ်ကိုလုပ်နိုင်စွမ်းရှိတဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် အရှင့်သားရဲ့လုပ်နိုင်စွမ်းကိုလည်း မငြင်းသင့်ပါဘူး။ အခုဆိုရင် ကျန်းနန်ရဲ့ပြည်သူတွေ အားလုံးက အရှင့်သားကို ယုံကြည်တယ်။ သူတို့က အရှင့်သားရဲ့နောက်မှာ လိုက်ဖို့အတွက် ဆန္ဒရှိကြတယ်။ ဒါတွေအားလုံးက အရှင့်သားကြောင့်…”

ရှထိုက်အန်ရဲ့ချက်ချင်းပြောင်းလဲသွားတဲ့ မျက်နှားထားကြောင့် လျိုယွင် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့သည်။

“အတင့်ရဲလိုက်တာ…မင်းက ငါ့ရဲ့အနီးကပ်အစေခံမလို့ ဒီကိစ္စကို ဒီအတိုင်းပဲထားပေးလိုက်မယ်။ ဒါပေမယ့် အနာဂါတ်မှာ ထပ်ပြောခဲ့မိရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

ရှထိုက်အန်း တည်ငြိမ်စွာပြောလိုက်သည်။

လျိုယွင် ချက်ချင်းပဲ ကြောက်ရွံ့စွာဖြင့် အကြိမ်ကြိမ်ခေါင်းငြိမ့်ပြလိုက်၏။

ထိုအခါမှသာ ချင်မင်းသား စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။

“တကယ်တော့ မင်းတွေးနေတာကို ငါနားလည်ပေးလို့ရတယ်။ အရှင်မင်းကြီးက မြို့တော်က နဂါးပလ္လင်ထက်မှာ အေးချမ်းစွာထိုင်နေပြီး ငါက ဒီရက်ပိုင်းအတွင်းမှာ တော်တော်လေးပူပင်နေခဲ့ရတယ်လို့ မင်းထင်နေတာမလား?”

“ကျွန်တော်မျိုးမထင်ရဲပါဘူး!”

လျိုယွင် ချက်ချင်းပဲဖြေကြားလိုက်သည်။

ထိုသို့ဖြေကြားခဲ့ပေမယ့် သူ့ရဲ့နှလုံးသားထဲမှာတော့ ရှထိုက်အန်း ပြောနေသလိုတွေးနေခဲ့တာပင်။

“ဒါဆိုရင် ကျန်းနန်မြို့ရဲ့အခြေအနေတွေအားလုံးကို ရှကျိုးယွီက ထိန်းချုပ်ထားတယ်လို့ ငါဘာလို့အမြဲပြောနေလဲ မင်းနားလည်လား?”

ချင်မင်းသားက ဒေါသထွက်ရမယ့်အစား ပြုံးလိုက်သည်။

“အကယ်လို့ ငါမဟုတ်ဘဲ တစ်စုံတစ်ယောက်ကသာ တာဝန်ယူခဲ့မယ်ဆိုရင် ကျန်းနန်မြို့ရဲ့အခြေအနေက ပြောင်းလဲမယ်လို့ မင်းထင်လား?”

လျိုယွင်အနည်းငယ် အံ့ဩသွားခဲ့သည်။ ထို့နောက်မှာတော့ မျက်မှောင်ကြုတ်သွား၏။

‘လူပြောင်းရမယ်။ ဒီလိုကိစ္စက ဘယ်လိုလုပ် လူပြောင်းလို့ရမှာလဲ?’

ဒါပေမယ့် ချင်မင်းသားရဲ့ဆိုလိုရင်းကို ချက်ချင်းပဲသဘောပေါက်လိုက်သည်။ တကယ်လို့ ချင်မင်းသားနေရာမှာ အခြား တစ်ယောက်ကိုစေလွတ်ခဲ့ပြီး သူတို့က ကျန်းနန်မြို့ကိုရောက်လာခဲ့မယ်ဆိုရင်လည်း တစ်ပုံစံထဲပဲလုပ်ဆောင်ခဲ့လောက်သည်။ ကျန်းနန်မြို့ရဲ့အခြေအနေက အခုလိုမျိုးပဲတည်ငြိမ်နေလောက်သည်။ ကျန်းနန်မြို့ကို ထိုသူကပဲ အပြီးတိုင် ထိန်းချုပ်နိုင်လောက်သည်။ တကယ်လို့ တခြားသူတစ်ယောက်သာ ရောက်လာခဲ့မယ်ဆိုရင် ကျန်းနန်မြို့ကို ထိုသူက ထိန်းချုပ်သွားမှာလို့ကိုပြောလို့ရ၏။

တစ်ခြားသူရဲ့ကျင့်ကြံမှုက ချင်မင်းသားလောက်မမြင့်ဘူးဆိုရင်တောင်မှ ကျန်းနန်မြို့ရဲ့အခြေအနေကို သေချာပေါက် ထိန်းချုပ်နိုင်သည်။

“ဒါက …”

လျိုယွင် ပြောစရာဆွံ့အသွားခဲ့၏။ သူဘယ်လို တုံ့ပြန်ရမလဲ မသိတော့ပေ။

ချင်မင်းသား ရယ်လိုက်လေကာ…

“ဒီကိစ္စကို အများကြီးစဉ်းစားဖို့မလိုပါဘူး။ လူသားတစ်ယောက်အနေနဲ့ ရလာတဲ့အရာပေါ်မှာ ကျေးဇူးတင်ပြီး ရောင့်ရဲ သင့်တယ်။ ကြည့်လိုက်ရင်ငါက အရှင်မင်းကြီးကို ကူညီနေသလိုမျိုးထင်ရပေမယ့် တကယ့်လက်တွေ့မှာ ကူညီပေးနေတဲ့ သူက အရှင်မင်းကြီးပဲ”

“နှစ်တွေအများကြီး ငါက နန်းတော်ထဲမှာပဲပိတ်မိနေခဲ့တယ်။ သိုင်းပညာကိုပဲလေ့ကျင့်နေရတယ်။ ငါ့ရဲ့ရည်ရွယ်ချက်က သိုင်းလောကရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့ပဲ။ ဒါကြောင့် တရှားရဲ့နယ်မြေတစ်ခွင်ကို သွားလာရပြီး အခုလိုမျိုး ရှုခင်းကောင်းတွေကို ကြည့်ရှုခွင့်ရတာက ငါ့အတွက်တော့ တကယ်ကောင်းမွန်တဲ့ အခွင့်အရေးတခုလို့ပြောရမယ်။ အခု ကျန်းနန်မြို့မှာရရှိထားတဲ့ ငါ့ရဲ့ဂုဏ်ပုဒ်နဲ့ပြည်သူတွေရဲ့နှလုံးသားကတော့ ရှကျိုးယွီငါ့ကိုပေးအပ်ခဲ့တဲ့အရာတွေပဲ!”

“မင်းဒါကိုမှတ်ထား”

“တချိန်လုံး ဒီကိစ္စကိုပဲ အာရုံစိုက်မနေနဲ့။ စစ်စခန်းတည်ဆောက်တဲ့ကိစ္စကို အာရုံစိုက်ထား။ အဲ့ဒါက မင်းရောငါရော လုပ်ရမဲ့အရာပဲ”

ချင်မင်းသားပြောနေရင်းနဲ့ ရှကျိုးယွီကိုတွေးလိုက်သည်။ သူရဲ့အာရုံထဲက ရှကျိုးယွီရဲ့ပုံရိပ်က အရပ်ပိုရှည်ပြီး ပိုမိုခန့်ငြား လာသလိုပဲ။

ရှထိုက်အန်းရဲ့မျက်နှာထက်မှာ အပြုံးတစ်ခုထင်ဟပ်လာခဲ့သည်။

ရှထိုက်အန်း မနေနိုင်စွာခေါင်းယမ်းလိုက်တော့၏။

“တကယ်ကို ကြီးလေ..အရည်အချင်းရှိလေ..ပါလား”

“ဒါနဲ့တရှားတိုင်းပြည်အတွင်းက သိုင်းလောက က ဒီရက်ပိုင်းအတွင်း အနည်းငယ် မတည်ငြိမ်သလိုပဲ။ ဒီရက်ပိုင်းထဲ ကိစ္စကြီးတစ်ခုဖြစ်ခဲ့လို့လား?”

စာစဉ်ပြီး၏

All Chapters