← Chapters

မရေမရာတွေ မလုပ်တော့ဘူး

Vol. 8 Ch. 102

မရေမရာတွေ မလုပ်တော့ဘူး

Vol. 8 Ch. 102

အခန်း (၁၀၂) : မရေမရာတွေ မလုပ်တော့ဘူး

ငါးရက်ကြာပြီးနောက် ဝမ်ကျူက သိဒ္ဓိတောင်ပံမြို့သို့ ရောက်ရှိလာသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူမ၏ သခင်လေးဆီမှ အမြန်လာတွေ့ရန် အကြောင်းကြားစာ ကို ရရှိခဲ့လေသည်။

မြို့ရှေ့ ရောက်လာပြီးနောက် သူမ စီးနင်းလာသော နတ်ဆိုးသားရဲက မြေပြင်ပေါ်သို့ ပြုတ်ကျကာ အသက်ထွက်သွားသည်။ သူမ ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ဤသည်က သူမ၏ အပြန်ခရီးကြောင့် အမောဆို့ပြီး သေသွားခဲ့ရသည့် အကောင်ရေ ငါးဆယ်မြောက် နတ်ဆိုးသားရဲ ဖြစ်သည်။

အလယ်ပိုင်းနယ်မြေများမှ ဤနေရာထိ ရောက်လာရန်အတွက် သူမ သားရဲများ ဆက်တိုက် ပြောင်းစီး လာခဲ့ရပြီး မနားမနေ အမြန် လာခဲ့သည်။ သူမ၏ စွမ်းအားကြီးသော ကျင့်ကြံဆင့်ကြောင့်သာ မဟုတ်ပါက သူမကိုယ်တိုင်လည်း အမောဖောက်ပြီး သေသွားနိုင်သည်။

ခဏအကြာတွင် တစ်စုံတစ်ယောက်က သူမကို လာနှုတ်ဆက်ကာ အစည်းအဝေးရှိရာဆီ ဦးဆောင်ခေါ်သွားပေးသည်။ အထဲ ရောက်သွားသည့်အခါ တည်ငြိမ်သော အမူအရာဖြင့် ထိုင်နေသည့် ဝမ်ဝေ့ကို တွေ့လိုက်ရသည်။

ရုတ်တရက် ဝမ်ကျူ၏ နှလုံးခုန်နှုန်း မြန်ဆန်လာသည်။ စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် သူမ အတော်လေး အာရုံခံနိုင်စွမ်း ကောင်းလှသည်။ သူမ၏ သခင်လေးဆီမှ ကြောက်စရာကောင်းသော ဒေါသကို သူမ ရုတ်တရက် ခံစားလိုက်မိသည်။ ဒေါသက ကောင်းကင်နှင့် ကမ္ဘာမြေကြားရှိ အရာအားလုံးကို ဖျက်ဆီးနိုင်လောက်သည်အထိ အားကောင်းနေသည်။

သခင်လေးကို အခုလိုမျိုးဖြစ်အောင် လုပ်လိုက်သည့် ကံမကောင်းသည့်အရူးက ဘယ်သူလဲဆိုတာကို သူမ သိချင်နေမိသည်။ ဘယ်သူပဲဖြစ်နေပါစေ ကြီးမားသော အကျိုးဆက်ကို ခံစားရမည်။

သခင်လေးနှင့် အနီးကပ်ဆုံးလူထဲမှ တစ်ယောက်ဖြစ်ခဲ့သည့် သခင်လေး ဒီလောက်ထိ ဒေါသထွက်နေသည်ကို သူမ ယခင်က တစ်ခါမြင်ခဲ့ဖူးသည်။

ထိုအချိန်တုန်းက သူ ငယ်ရွယ်နေစဉ်ဖြစ်ပြီး ဝမ်မျိုးနွယ်စုခွဲမှ မျိုးနွယ်စုဝင်တစ်ယောက်က ဘာအကြောင်းပြချက်မှမရှိဘဲ အစေခံတစ်ယောက်ကို သတ်ဖြတ်ခဲ့စဉ်က ဖြစ်သည်။

ထိုအဖြစ်အပျက် ပြီးသွားသည့်အခါ ထိုလူနှင့် သူ၏ မိသားစုဝင်များ ဝမ်မျိုးရိုးနာမည်ကို ချက်ချင်း ဆုံးရှုံးလိုက်ရကာ ကျန်ရှိသည့် ဘဝတစ်လျှောက်လုံးအတွက် သာမန်လူများအဖြစ်သာ နေထိုင်သွားရသည်။

ဝမ်ဝေ့က ဝမ်ကျူကို မြင်ပြီးနောက် အစည်းအဝေးကို စတင်လိုက်သည်။ ပထမဆုံး သူ ပြောလိုက်သည့်အရာက ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများအား ဝမ်ကျူကို ပြောပြခြင်း ဖြစ်သည်။

သတင်းကို ကြားပြီးနောက် ဝမ်ကျူ သိပ်ပြီး အံ့ဩသွားခြင်း မရှိပေ။ သူမ၏ ပုံပန်းသွင်ပြင်က ငယ်ရွယ်သော်လည်း သာမန်လူများနှင့်အတူ ကြာရှည်စွာ နေထိုင်ဖူးခြင်းကြောင့် အတွေ့အကြုံများနေပြီ ဖြစ်သည်။

အထူးသဖြင့် သူမ အစေခံခေါင်းဆောင် အလုပ်အတွက် ယှဉ်ပြိုင်နေစဉ်အခါက ဖြစ်သည်။ အရည်အချင်း အသိအမှတ်ပြုခံရသော အစေခံခေါင်းဆောင်နှင့် အချက်အလက်စုဆောင်းသူ ဖြစ်လာဖို့အတွက် သူမ ကြုံတွေ့ခဲ့ရသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု ပမာဏကို သူမသာလျှင် သိလိမ့်မည်။

ထို့ကြောင့် သူမက စစ်ပွဲ၏ ကြောက်မက်ဖွယ်ရာများအကြောင်းကို သိသည်။ သူမက သခင်လေး၏ အမှားကိုလည်း သတိပြုမိသည်။ သတင်းစုဆောင်းသူ ဖြစ်သည့်အတွက် လူက အဝေးရောက်နေသော်လည်း အဖွဲ့၏ စစ်ရေးနှင့် အပြုအမူများကို သတိထားမိသည်။ သူမက တစ်ခါတစ်လေ ဆက်သွယ်ရေး အဆောင်များမှတဆင့် စစ်ရေးဆွေးနွေးပွဲများ တက်ရောက်လေ့ ရှိသည်။

သို့သော် သူမ ထုတ်မပြောခဲ့ခြင်းက အကြီးအကဲများက ဤစစ်ဆေးမှုတွင် ဝင်ရောက်မနှောင့်ယှက်ရန်နှင့် သခင်လေး ပေးသောအမိန့်များကို ဆောင်ရွက်ရန်သာ သတိပေးခံထားရသောကြောင့် ဖြစ်သည်။

ဤစစ်ဆေးမှုက သခင်လေးအတွက် ကံကောင်းမှု စုဆောင်းရုံအတွက်သာမက ဘဝအတွေ့အကြုံရရန် နည်းလမ်းတစ်ခု ဖြစ်သလို အခက်အခဲကို ခံနိုင်ရည် ရှိစေသည်။

အမှားတွေကနေ သင်ယူတာထက် အရွယ်ရောက်လာစေမဲ့ ပိုကောင်းတဲ့ နည်းလမ်းရော ရှိလို့လား။ အဲဒါကြောင့်မလို့ ဝမ်ကျူက သူတို့ရဲ့ စစ်ဗျူဟာမှာ ချို့ယွင်းချက်ကို တွေ့ပေမဲ့ ထောက်မပြခဲ့တာ …

ဝမ်ကျူကို နားလည်အောင် ရှင်းပြပြီးနောက် ဝမ်ဝေ့က နောက်ထပ် အစီအစဉ်ကို စတင်လိုက်သည်။ မို့ဖောင်းနေသော မျက်လုံးများ ရှိနေသေးသော လီကျွင်းနှင့် ယန်းလီလင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မရေရာတာမျိုးတွေ မလုပ်တော့ဘူး။ ဒီစစ်ပွဲကို မြန်မြန် အဆုံးသတ်ဖို့ လိုအပ်နေပြီ။ အခုကစပြီးတော့ တိုက်ခိုက်တဲ့အခါ ရလဒ်ကို သိရဖို့အတွက် စစ်တပ်အချင်းချင်း တိုက်ခိုက်ဖို့ မလိုတော့ဘူး”

“ စွမ်းအားကြီးတဲ့ ကျင့်ကြံဆင့်ကို အသုံးချပြီးတော့ စစ်တပ်ရဲ့ အမိန့်ပေးသူကို တိုက်ရိုက်သတ်မယ်။ မြို့တံခါးတွေ ဖွင့်ပြီးတော့ ရန်သူရဲ့ စစ်တပ်ကို လက်အောက်ခံအဖြစ် သိမ်းသွင်းကြမယ်။ သူတို့ ခုခံခဲ့ရင်တော့ လက်အောက်ခံ လုပ်ဖို့ ဖိအားပေးလို့ရတယ်”

စစ်တပ်ထဲရှိ လူအများစုက သာမန်လူများဖြစ်ပြီး အမိန့်ပေးသည့် တာဝန်ကို ထမ်းဆောင်ရကြောင်း ဝမ်ဝေ့ သိသော်လည်း ဤစစ်ပွဲ အဆုံးသတ်သွားစေရန် မြန်ဆန်ပြီး ရက်စက်သော နည်းလမ်းကို အသုံးပြုရန် ရွေးချယ်ခဲ့သည်။ ထိုအရာကို ရရှိရန် ထိခိုက်သေကြေသူ ပိုများမည်ဆိုလျှင်လည်း ရှိပါစေတော့ဟု တွေးထားလိုက်သည်။

ထို့နောက် ဝမ်ဝေ့က ဝမ်ကျူကို စိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်

“ ဝမ်ကျူကို မြို့တော်ဆီသွားပြီး တော်ဝင်မိသားစုတစ်ခုလုံးကို တစ်ချိန်လုံး စောင့်ကြည့်နေစေချင်တယ်။ တစ်ယောက်မှ ထွက်ပြေးတာမျိုး မရှိအောင် လုပ်ထား။ လိုအပ်လာရင် စည်းပိတ်ထားတဲ့ ကျင့်စဉ်ကို ချိုးဖောက်ဖို့အတွက် မတွေဝေနေနဲ့”

ဝမ်ဝေ့ ထိုစကားကို ပြောနေစဉ်အတွင်း မျက်လုံးထဲ၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို မြင်နေရသည်။ သူ တစ်ယောက်မှ အသက်ရှင်လျက် ထွက်သွားခွင့် မပေးနိုင်ပေ။

အစည်းအဝေးပြီးသွားသည့်အခါ ဝမ်ဝေ့တို့အဖွဲ့က မြို့လယ်ခေါင်ရှိ အထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ သွားလိုက်သည်။ ထိုအရာကို ချောမွေ့စွာ ဖြတ်တောက်ထားသော ကျောက်တုံးကြီး ကိုးခုဖြင့် ပြုလုပ်ထားသည်။ ထိုကျောက်တုံးများပေါ်တွင် နာမည် ၁၂.၆သန်းကို ထွင်းထားသည်။

လူပမာဏများစွာ သေဆုံးသွားသည့်အတွက် ဝမ်ဝေ့ အကုန်လုံးကို မြှုပ်နှံတာမျိုး မလုပ်ပေးနိုင်ဘဲ အလောင်းများကို မီးသဂြိုလ်ကာ ဤကျောက်တိုင်ကို အမှတ်တရအဖြစ် ပြုလုပ်ပေးထားသည်။

အမွှေးတိုင်များ ထွန်းညှိပြီးနောက် ဝမ်ဝေ့က  အရိုအသေပေးကာ ပြောလိုက်သည်

“ ခင်ဗျားတို့အတွက် လက်စားချေပေးမှာမလို့ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း အနားကြပါ။ ပြန်ပြီးတော့ လူဝင်စားတဲ့အခါကျရင် ငါ တည်ထောင်မဲ့ ချမ်းသာပေါကြွယ်ဝတဲ့ တိုင်းပြည်မှာ ပြန်လည်မွေးဖွားလာဖို့ မျှော်လင့်ပါတယ်”

“ အကယ်၍ အဲလိုမဖြစ်ခဲ့ဘူးဆိုရင်လည်း နောက်ထပ်ခရီးမှာ ကျန်းမာပြီး ကံကောင်းဖို့ မျှော်လင့်ပါတယ်”

အသုဘပြီးသွားသည့်အခါ အဖွဲ့ထဲရှိ လူအားလုံးက ကိုယ့်အဖွဲ့နှင့်ကိုယ် ထွက်သွားကြသည်။ ဝမ်ကျူကလည်း တော်ဝင်မြို့တော်သို့ တိုက်ရိုက်ဦးတည်သွားလိုက်သည်။

ရက်အနည်းငယ် ချီတက်လာပြီးနောက် ဝမ်ဝေ့ တခြားတစ်မြို့ဆီ ရောက်ရှိသွားသည်။ ထိုနေရာတွင် သူ့ကို စောင့်နေသည့် လက်နက်အပြည့် ကိုင်ဆောင်ထားသော စစ်တပ်တစ်ခုကို တွေ့လိုက်ရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် စစ်သား ၂သိန်းခွဲကျော်ကြောင်း သိနိုင်သည်။

စစ်သူကြီးက မုတ်ဆိတ်မွေးရှိကာ အသက်သုံးဆယ်ကျော်ပုံပေါ်ပြီး  သူ့ကို စောင့်နေသည်။ သူက ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ ဘေးတွင် မှော်ပုဆိန်လှံတံကို ကိုင်ဆောင်ထားသည်။

စစ်သူကြီးက ဝမ်ဝေ့နောက်ရှိ ပင်ပန်းနေသော စစ်တပ်ကို ကြည့်ကာ ဘာမှကြိုတင်ပြင်ဆင်ခြင်းမရှိ ချီတက်သွားသည့် အမှားကြီးကို လုပ်လိုက်သည့်အတွက် ပညာရှိဝိဇ္ဇာဟု ခေါ်သူကို လှောင်ရယ်လိုက်သည်။ ဘာလို့ တော်ဝင်မိသားစုက ဤပုန်ကန်သူများကို ဒီလောက်ထိ အရေးပေးနေလဲဆိုတာကို သူ နားမလည်ပေ။

ဝမ်ဝေ့က သေချာလေ့ကျင့်ထိန်းကျောင်းထားသော စစ်တပ်ကို စိုက်ကြည့်ကာ စစ်သူကြီးကို ပြောလိုက်သည်

“ ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ် မသိဘူး။ ခင်ဗျား အညံ့ခံမယ်ဆိုရင်တော့ အသက်ကို ချမ်းသာပေးမယ်”

သူ အော်ပြောခြင်း မရှိသော်လည်း သူ့အသံက အလွှာတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေကာ ရန်သူ၏ စစ်တပ်နှင့် သူ့စစ်တပ်ရှိ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကြားသွားနိုင်စေသည်။

ထိုလူက စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် စစ်သူကြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ ထိပ်သီး မူလမြစ်ကျင့်ကြံဆင့်ဖြင့်ပင် ထိုကဲ့သို့ မလုပ်နိုင်ပေ။ ဝမ်ဝေ့ကတော့ အရမ်းသက်တောင့်သက်သာဖြစ်စွာဖြင့် ပြုမူနေသည်။

သို့သော် သူက ဂရုမစိုက်ပေ။ စွမ်းအားကြီး ကျင့်ကြံသူများကို သတ်ဖြတ်ရန် အရေအတွက်အားကောင်းမှုကို အသုံးချခြင်းက ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

စစ်သူကြီးက သူ သတိပေးခြင်းကို အတည်မယူသည့်အတွက် စစ်သားများကိုသာ တိုက်ရိုက် ပြောဆိုလိုက်သည်

“ ဒီစကားက စစ်သားတွေအတွက်လည်း အတူတူပဲ။ မင်းတို့ကို အချိန်မရွေး လွှင့်ပစ်လို့ရတဲ့ အရာဝတ္ထုလိုမျိုး သဘောထားနေတဲ့ ဒီလိုအရာထမ်းတွေအတွက် နာကျင်စွာ သေပေးဖို့ မလိုပါဘူး”

“ မင်းတို့အားလုံးမှာ အိမ်မှာစောင့်နေတဲ့ အမေတွေ၊ မိန်းမတွေ၊ ကလေးတွေ ရှိမှာပဲ။ မင်းတို့ လက်နက်ချတာနဲ့ မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးပြီး အိမ်ပြန်ခွင့်ပေးမယ်လို့ ငါ ကတိပေးတယ်။ မင်းတို့က ငါ့ကို ပညာရှိဝိဇ္ဇာဆိုပြီးတော့ သိထားလိမ့်မယ်။ ငါက အမြဲတမ်း ငါ့စကားငါ တည်တယ်”

ထိုနူးညံ့ပြီး အားကောင်းသည့်အသံကို ကြားလိုက်ပြီးနောက် စစ်သားများက သူတို့၏ အသက်ကို ကယ်တင်နိုင်ဖို့ အညံ့ခံရမလားဆိုတာ တွေဝေနေကြသည်။ ဤစစ်ပွဲတွင် သူတို့အတွက် အကျိုးအမြတ်ဆိုတာလည်း မရှိပေ။

သို့သော် စစ်သူကြီးက အတွေ့အကြုံရှိသူတစ်ယောက် ဖြစ်သည့်အတွက် ချက်ချင်းအော်ပြောလိုက်သည်

“ သစ္စာဖောက်ဖြစ်လာတဲ့သူက စစ်ရေးဥပဒေရဲ့ အရေးယူခြင်းခံရမယ်။ မင်းတို့ရဲ့ မိသားစုတွေကိုတောင် ချမ်းသာပေးမှာ မဟုတ်ဘူး”

စစ်သားများက သူတို့၏ ခေါင်းထဲမှ အန္တရာယ်များသော အတွေးကို ချက်ချင်းဖယ်ထုတ်လိုက်သည်။ သူတို့မိသားစု၏ အသက်က ယခု at stake ဖြစ်နေသည်။

ထိုအရာကို မြင်ပြီးနောက် ဝမ်ဝေ့က ချက်ချင်း လက်လျှော့လိုက်တာမျိုး မရှိဘဲ စစ်သားများ အညံ့ခံလာစေရန် စွမ်းအားကြီး အရှိန်အဝါ ထုတ်လွှတ်ရင်း ဖိအားပေးလိုက်သည်။

သို့သော် ပြောခဲ့သည့်အတိုင်း စစ်သူကြီးက စစ်ပွဲတွင် အတွေ့အကြုံရှိသူတစ်ယောက် ဖြစ်သည့်အတွက် တွေဝေခြင်းမရှိဘဲ အမိန့်ပေးလိုက်သည့်အခါ ဒရမ်သံများ စစ်မြေပြင်ထဲတွင် ဆူညံစွာ ထွက်ပေါ်လာသည်။

ထို့နောက် စစ်သားများအပေါ်တွင် အနီရောင် အခိုးအငွေ့တစ်ခု ထွက်ပေါ်လာကာ ဝမ်ဝေ့၏ အရှိန်အဝါကို ထိရောက်စွာ ပိတ်ဆို့ထားလိုက်သည်။ ထိုအခိုးအငွေ့က စစ်သားသတ်ဖြတ်ခြင်း အငွေ့အသက် သို့မဟုတ် ချီ၏ ပုံရိပ်သဏ္ဌာန် ဖြစ်သည်။ တိုင်းပြည်က စွမ်းအားကြီး ကျင့်ကြံသူများကို ခုခံရန် သာမန်စစ်သားများ၏ သတ်ဖြတ်ခြင်းအရှိန်အဝါကို အသုံးပြုဖို့ နည်းလမ်းများ ရှာတွေ့ခဲ့သည်။

ထိုအရာကို မြင်ပြီးနောက် ဝမ်ဝေ့ သက်ပြင်းချကာ ဘာမှထပ်မပြောတော့ပေ။ သူက တွေဝေခြင်းမရှိ စစ်သားများဆီသို့ ပြေးသွားလိုက်သည်။

သူ့အရှိန်က အရမ်းမြန်သည့်အတွက် လမ်းကြောင်းတစ်လျှောက် သူ့ပုံရိပ်များစွာသာ ကျန်နေခဲ့သည်။ ထို့နောက် မရေတွက်နိုင်သော မြားများ သူ့ဆီ ဦးတည်လာနေသည်။

မြားများ အရမ်းများလွန်းသည့်အတွက် တိမ်တိုက်ထဲမှ နေ၏ အလင်းရောင်ကိုပင် ခဏတာ ဖုံးကွယ်သွားသည်။ သို့သော် ဝမ်ဝေ့ ဂရုမစိုက်ပေ။

သူက အံ့ဖွယ်သွေးကြောများကို စုစည်းက ကောင်းကင်မြေကမ္ဘာ၏ စိတ်ဝိညာဉ်ချီကို ထိန်းချုပ်ပြီး သူ့ကိုယ်သူ ဒိုင်းကာဖြင့် ကာထားလိုက်သည်။

မြားအားလုံးက ဝမ်ဝေ့၏ ဝိညာဉ်ချီဖြင့် ပြုလုပ်ထားသော ဒိုင်းကာကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။ ထိုအရာကို မြင်ပြီးနောက် စစ်သူကြီးက လေးသမားများကို ချက်ချင်းထပ်ပစ်ဖို့ အမိန့်ပေးလိုက်သည်။

သို့သော် အသုံးမဝင်ပေ။ ဘယ်တိုက်ခိုက်မှုကမှ ဒိုင်းကာကို မချိုးဖောက်နိုင်ပေ။ ထိုအချိန်တွင် ဝမ်ဝေ့က အရှေ့ဘက်မိုးတိုင်းပြည်စစ်တပ်၏ ဒိုင်းကာအစီအရင်နှင့် ရင်ဆိုင်နေရစဉ်မှာလည်း ပြေးသည်ကို ရပ်တန့်ခြင်း မရှိခဲ့ပေ။

သူတို့နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ခိုက်ပြီး သူက အနိုင်ရသူဖြစ်ကြောင်း သေချာနေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်နှင့် ထိတွေ့သွားသည့်အခါ သံမဏိကဲ့သို့သော သတ္တုဖြင့် ပြုလုပ်ထားသည့် ဒိုင်းကာနှင့် ချပ်ဝတ်တန်ဆာများအားလုံး ကြေမွသွားသည်။

စစ်သားများက သူတို့လက်နက်နှင့် တူညီသော ကံကြမ္မာကို မျှဝေကြသည်။ ပထမဆုံး လွှမ်းမိုးမှုကြောင့် သူတို့အများစု တစ်စစီပေါက်ကွဲသွားကြသည်။ တချို့ကတော့ ဝမ်ဝေ့၏ လျင်မြန်သော လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသည့် လေပြင်းအားကြောင့် အဝေးသို့ လွင့်ထွက်သွားသည်။

လမ်းကြောင်းတစ်လျှောက်တွင် သွေးများ ကျန်ရှိနေပြီး ဝမ်ဝေ့ စစ်သူကြီးဆီ မရပ်မနား ဦးတည်သွားလိုက်သည်။

ဝမ်ဝေ့ သူနှင့် တစ်ထောင်မီတာ အကွာအဝေးသို့ ရောက်ရှိသွားသည့်အခါ စစ်သူကြီးက ကြောက်လန့်တကြားဖြင့် သူနှင့် အရမ်းနီးကပ်နေသော အထူးတပ်အား စွမ်းအားအကုန်သုံးကာ တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်။

ခဏအကြာတွင် ဝမ်ဝေ့ဆီ မရေတွက်နိုင်သော မူလစွမ်းရည်များဖြင့် တိုက်ခိုက်လာကြသည်။ ကမ္ဘာပျက်ကပ်ဘေး ဇာတ်ကားများထဲကကဲ့သို့ မီး၊ ရေ၊ နွယ်ပင်၊ မိုးကြိုးနှင့် ရေခဲများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ထိုအရာကို မြင်လိုက်ရပြီးနောက် ဤစစ်တပ်က ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားကြောင်း သိလိုက်ရသည်။ သို့သော် ဝမ်ဝေ့ ဂရုမစိုက်ပေ။ ထိုတိုက်ခိုက်မှုများက ဝိညာဉ်ချီဒိုင်းကာကို မဖြတ်သန်းလာနိုင်သည့်အတွက် သူ့ ခန္ဓာကိုယ်ဆိုလျှင် စကားထဲ ထည့်ပြောစရာပင် မလိုတော့ပေ။

ထိုတိုက်ခိုက်မှုများ ဝမ်ဝေ့နှင့် ထိတွေ့သွားသည့်အခါ မရေတွက်နိုင်သော ပေါက်ကွဲမှုများစွာ ဖြစ်ပေါ်သွားသည်။ ထိုပေါက်ကွဲမှုကြောင့် စစ်သားအများစု ထိခိုက်ဒဏ်ရာ ရသွားကြသည်။ သို့သော် ဘယ်တိုက်ခိုက်မှုမှ သူ့အပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

မီးတောက်၏ မြင့်မားသော အပူချိန်ဖြစ်စေ၊ ရေခဲ၏ အေးခဲခြင်းဖြစ်စေ၊ မိုးကြိုး၏ ထုံထိုင်းစေမှုဖြစ်စေ၊ နွယ်ပင်များ၏ တွယ်ငြိခြင်းဖြစ်စေ ဘယ်အရာမှ ဝမ်ဝေ့ကို ရပ်တန့်အောင် မလုပ်နိုင်ပေ။

ထို့ကြောင့် စစ်သူကြီးရှိရာဆီ ဆက်လက်ဦးတည်လိုက်သည်။ မီတာအနည်းငယ်သာ ကွာဝေးတော့သည့်အချိန်တွင် စစ်သူကြီး၏ ဘေးပတ်လည်၌ မရေတွက်နိုင်သော နံရံကြီးများ ပေါ်ထွက်လာကာ စစ်သူကြီးကို ကာကွယ်ပေးထားသည်။

သို့သော် ရလဒ်က အတူတူပင် ဖြစ်သည်။ ဝမ်ဝေ့၏ ခန္ဓာကိုယ်က ဆယ်မီတာကျော်အထူရှိသည့် နံရံကို ထိုးဖောက်ကာ စစ်သူကြီးဆီ တည့်တည့်ဦးတည်သွားလိုက်သည်။

နံရံကြီးများက ခဏတာ ကာပေးထားသည့်အချိန်တွင် စစ်သူကြီးက ကိုယ့်ကိုယ်ကို စိတ်ငြိမ်အောင် လုပ်ကာ ပြန်လည်တိုက်ခိုက်ရန် လက်နက်ကို အသင့်ပြင်ထားလိုက်သည်။

ပညာရှိဝိဇ္ဇာနံရံထဲမှ ဒိုင်းကာမပါဘဲ ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ မျက်နှာတွင် ပျော်ရွှင်မှု အရိပ်အယောင်လေး ဖြတ်ပြေးသွားကာ လက်ထဲရှိ ပုဆိန်လှံတံဖြင့် အားကုန်သုံးကာ တိုက်ခိုက်တော့သည်။

သို့သော် ဝမ်ဝေ့က သူ၏ တိုက်ခိုက်မှုကို လက်ဗလာဖြင့် ဟန့်တားလိုက်သည့်အတွက် စစ်သူကြီး ထိတ်လန့်ခြောက်ခြားသွားမိသည်။

ထိုအရာက စစ်သူကြီးအတွက် အမှန်ကတယ် ကြောက်စရာကောင်းသော အတွေ့အကြုံ ဖြစ်သည်။ ဤလက်နက်က သူ မတော်တဆရရှိထားသော အဆင့်နိမ့် မြေကမ္ဘာအဆင့် လက်နက်ဖြစ်ပြီး သူ၏ လျှို့ဝှက်လက်နက် ဖြစ်သည်။

ဤလက်နက်က အင်မတန် အဖိုးတန်သည့်အတွက် သူ ထိန်းသိမ်းမထားနိုင်တာမျိုး ဖြစ်တော့မလို ဖြစ်သွားခဲ့သေးသည်။ သူ့မိသားစုထဲရှိ အကြီးအကဲများက ထိုလက်နက်ကို မျိုးနွယ်စုဆီ လက်လွှဲပေးစေချင်နေကြသည်။ သူ့အဖေသာ ကြားဝင်ပြီး ဤလက်နက်က သူ့ဝိညာဉ်နှင့် ဆက်နွယ်နေသည်ဟု မပြောပါက ယနေ့ထိ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

ဝမ်ဝေ့က သူ့အနား ရောက်နေပြီဖြစ်သည့်အတွက် စစ်သူကြီး စိတ်ခြောက်ခြားသွားသည်။

စစ်သူကြီး အသိစိတ်ပြန်ဝင်လာသည့်အခါ သူက မြင်းပေါ်မှာ ရှိမနေတော့ဘဲ လေထဲတွင် ပေါလောပေါ်နေကြောင်း သိလိုက်ရသည်။

သူ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ သွေးပေနေသော လက်က သူ့ခန္ဓာကိုယ်ရှေ့မှ ကျောဘက်အထိ ထိုးဖောက်ကာ သူ့ကို မြေပြင်ပေါ်မှ မ ထားခြင်း ဖြစ်သည်။

အကြည့်က လက်ပိုင်ရှင်ဆီသို့ ရောက်သွားသည့်အခါ သူ့ကို စိုက်ကြည့်နေသည့် အေးစက်သော ခဲဖြူရောင် မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။

ထိုမျက်လုံး၏ အတွင်းပိုင်းတွင် သူ့ခန္ဓာကိုယ်ကို ဆက်နွယ်ထားသော ခဲဖြူရောင်မျဉ်းလေး ပြတ်သွားသည်ကို စစ်သူကြီး မြင်လိုက်ပြီးနောက် အရာအားလုံး အမှောင်ကျသွားသည်။

All Chapters