← Chapters

ပါးစပ်အဟောင်းသားနှင့် မန်ဇီ

Vol. 32 Ch. 438

ပါးစပ်အဟောင်းသားနှင့် မန်ဇီ

Vol. 32 Ch. 438

ရုတ်တရက် လေထုက အလွန်အမင်း ထူးဆန်းလာကာ လူတိုင်းက နေရာတွင် ကြောင်ရပ်နေကြပြီး လျှပ်စီးတိုင်က မန်ဇီကို အကျိုးအကြောင်း မဆီလျော်လှစွာ တိုက်ခိုက်လာသည်ကို နားမလည်နိုင်ပဲ ရှိနေလေ၏။

ထိုအချိန်များအတွင်းမှာပင် အန်လင်း၏ လက်ချောင်းထိပ်များမှ လျှပ်စီးက တဖြည်းဖြည်း ပျောက်ကွယ် သွားလေပြီ။

သူက မူလတွင် လျှပ်စီးဝိညာဉ်ကို ကြိုးကိုင်ရန် စီစဉ်ထားသော်လည်း လျှပ်စီး ဝိညာဉ်မှာ တာအိုနယ်ပယ်၏ စွမ်းအားများနှင့် ပြည့်နှက်နေသည်မို့ သူ့၏ လျှပ်စီး ခြယ်လှယ်နည်းစနစ်ကို ခံနိုင်ရည်ရှိနေပေ၏။ သို့ဖြစ်၍ ထိုအစား ထိုအရာက ထုတ်လွှတ်လိုက်သော လျှပ်စီးတိုင်ကြီးကို ကြိုးကိုင်ရန်သာ သူပြုလုပ်နိုင်ပေ၏။

မန်ဇီက လုံးဝ သတိလွတ်နေသည်ဖြစ်ရာ မမျှော်လင့်ထားသော တိုက်ခိုက်မှုမှ ဒဏ်ရာအသေးစားများ ရသွားပေ၏။

စုရှောင်လန်က မျက်နှာထက်တွင် အပြုံးဖွဖွဖြင့် အန်လင်းကို လှမ်းကြည့်လိုက်ပြီး သူမ၏ ပြိုင်ဘက်ဆီသို့ ပြန်လည် အာရုံစိုက်လိုက်လေ၏။

ချန်ရှင်းရန်ကလည်း သူ့၏ လှုပ်ရှားနိုင်စွမ်းကို ပြန်ရလာပြီး သူ့၏ ပတ်လည်ရှိ အထူးမြူနှင်း၏ အော်ရာက ပျောက်ကွယ်သွားပြီး ပျော်ရွှင်စွာ ရယ်မောလာလေ၏။ "ဟားဟားဟား... ဗာမီလီယမ်ငှက်ဂိုဏ်းက တကယ့်ကို ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးတာကို ခံရတာပဲ။ မင်းတို့လို တုံးအတဲ့ ခွေးမတွေ အခုချက်ချင်းကို အရှုံးပေးလိုက်သင့်ပြီ။"

ဗာမီလီယမ်ငှက်ဂိုဏ်း၏ အကြီးအကဲပင် မနေနိုင်တော့ပဲ ကျူယွမ်ကျိုးကဲ့သို့ ကြမ်းတမ်းသော စကားများ ဆိုလာလေ၏။ ထိုမြူနှင်း နတ်မိမယ်များက အလွန်ပင် ရွံရှာဖွယ် ဖြစ်၍ နောက်ဆုံးသော လျှပ်စီးတိုက်ခိုက်မှုက အလွန်ပင် ကျေနပ်စရာကောင်းလှ၏။

မန်ဇီ၏ အမူအရာက အနည်းငယ် ပြောင်းသွားပြီး စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုပ်ထားလေ၏။ အံ့ဖွယ်တာအိုသေတ္တာ၏ ချိတ်စည်းကို အသက်သွင်းခြင်းက စွမ်းအင်ပမာဏ အမြောက်အများနှင့် အချိန်ကို ကျယ်ပြန့်လာစေ၏။ ချိတ်စည်းကို ပြန်လည်အသက်သွင်းရန်မှာ မဖြစ်နိုင်ပါပေ။ သို့သော် အရေးကြီးသော အရာမှာ သူမ၏ ထိုသို့ပြုလုပ်မှုကို မည်သူက ဝင်နှောက်ယှက်သည်ကိုပင် သူမက မသိပါချေ။ ထိုသို့ နောက်တစ်ကြိမ် ထပ်ဖြစ်ပါက မည်သို့လုပ်မည်နည်း။

သူမက အတန်ကြာအောင် တုန့်ဆိုင်းနေပြီးမှ စွမ်းအင် ပမာဏ အမြောက်အများက သူမ၏ ကိုယ်မှ ထပ်မံထွက်လာလေ၏။

"လျှပ်စီး ဝိညာဉ်၊ နေရာယူ..."

လျှပ်စီးငှက်က တစ်ဖန် လျှပ်စီးတိုင်ကြီးတစ်ခုကို ထုတ်လွတ်လိုက်ပြန်ပြီး ကြမ်းတမ်းလှသော စွမ်းအားက လျှပ်စီးတိုင်ကြီးမှ ထွက်လာပြီး အချင်းဝက် ပေတစ်ရာပတ်ဝန်းကျင်ရှိ အရာရာကို ဖျက်ဆီးပစ်လိုက်၏။

ချန်ရှင်းရန်၏ အမူအရာက မှောင်မဲလာပြီး မန်ဇီဆီသို့ ဦးတည်သွားလိုက်ပေ၏။

သို့သော်လည်း မြင့်မြတ် နန်းတော်ခေါင်းဆောင် ၃ဦးက သူ့ထံသို့ စုပြုံလာကာ တားဆီးလိုက်ပြန်၏။

လျှပ်စီးတိုင်ကြီးက ကောင်ကင်သို့ ရောက်ရောက်ချင်းမှာပင် လမ်းကြောင်းက ထပ်မံပြောင်းသွားပြန်ကာ မတားဆီးနိုင်သော ဓားတစ်ချောင်းကဲ့သို့ လေထုကို ဖြတ်သန်းသွားကာ မန်ဇီဆီသို့ ပေါက်ကွဲသွားလေ၏။

မန်ဇီ၏ မျက်လုံးထဲတွင် ကြယ်စုတန်းများ ရုတ်တရက် ပေါ်လာပြီး သူမနောက်မှ ရေခံနံရံဆေးရေးပန်းချီဆီမှ တောက်ပသောအလင်းက ထိုးထွက်လာကာ သူမ၏ ရှေ့တွင် သက်တန့်အကာအကွယ်တစ်ခုကို ဖန်တီးလိုက်၏။

ဘုန်း...

လျှပ်စီးက ဝင်းလက်သွားပြီး ကြောက်မက်ဖွယ် စွမ်းအင်က ကီလိုမီတာပေါင်းများစွာ အချင်းဝက်ဆီသို့ ထိုးထွက်လာကာ မဲနက်လှသော အကွာအဝေးအက်ကြောင်းလေးများ ချန်ရစ်ထားခဲ့ပေ၏။

သို့သော်လည်း သက်တန့်အကာအကွယ်က ပြင်းထန်စွာသာ တုန်ခါသွားပြီး မအက်ကွဲသွားပါချေ။

မန်ဇီ၏ နောက်တွင် နတ်သမီးတစ်ပါး၏ အပြာရောင် ပုံရိပ်တစ်ခုက ပေါ်လာပြီး သူမက သူမ၏ အရာရာကို လွှမ်းခြုံနိုင်သော မျက်လုံးများကို ဖွင့်ပြီး သူမပတ်လည်မှ အရာအားလုံးကို တစ်ကြိမ်တည်း ကြည့်လိုက်ပြီး အမျိုးသားငယ်တစ်ယောက်ဆီသို့ စိုက်ကြည့်လိုက်လေ၏။

ပုံရိပ်က စတင်ပျောက်ကွယ်သွားပြီး မန်ဇီက သူမ၏ မျက်လုံးများကို အမျိုးသားငယ်ဆီသို့ ပို့လိုက်လေ၏။

မန်ဇီက သူ့ကို ကြည့်လိုက်သောအခါ အန်လင်က  ဒူးများပင် အနည်းငယ် တုန်လာလေ၏။

"နင်ပဲ။" မန်ဇီက အန်လင်းကို လှည့်ကြည့်လိုက်ပြီး သူ့မ၏ အသံက ရေခဲလေများကဲ့သို့ အေးစက်နေလေလ၏။

အန်လင်း ပတ်လည်ရှိ တိုက်ပွဲအတွင်းမှ လူတိုင်းက အနည်းငယ် တုံ့ဆိုင်းသွားလေ၏။

ထို့နောက် သူတို့က အန်လင်းကို အံ့ဩတကြီး လှည့်ကြည့်လိုက်ကြ၏။

လျှပ်စီး ဝိညာဉ်က ထုတ်လွှတ်လိုက်သော လျှပ်စီးတိုင်ကြီးကို မည်သည်က ကွဲပြားစေကြောင်းကို စောင့်ကြည့်နေသူ အများအပြားရှိလေ၏။ တစ်ချို့က ဂိုဏ်းအတွင်းရှိ တစ်ချို့သော ဆန်းကြယ်ရတနာများကြောင့်ဟု ထင်နေကြပြီး တစ်ချို့က လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက် အကြီးအကဲတစ်ဦးက ကြားဝင်ပေးသည်ဟု ထင်နေသည်ဖြစ်၏။ သို့သော် ထိုသည်က ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့် ကျင့်ကြံသူတစ်ဦးနှင့် သက်ဆိုင်လိမ့်မည်ဟု မည်သူကမှ မတွေးမိခဲ့ပါပေ။

"အရှင် နတ်သမီး၊ မင်း လူမှားနေပြီ။"

အန်လင်းက လက်နက်ချသည့် အမူအရာဖြင့် လက်နှစ်ဘက်စလုံးကို လေထဲသို့ မြှောက်ကာ မန်ဇီကို အပြစ်ကင်းစင်သည့် အမူအရာဖြင့် ကြည့်လိုက်လေ၏။

မန်ဇီ၏ အမူအရာက အနည်းငယ်မျှပင် မတုံ့ဆိုင်းသွားပါချေ။ "နင်ဆိုတာ ငါ ၁၀၀ရာခိုင်နှုန်း တော့မသေချာဘူး။ ဒါပေမဲ့ ရေခဲနတ်သမီး ပုံရိပ်က ညွှန်ပြတာကို ကောက်ချက်ဆွဲရရင်တော့ နင်က အဖြစ်နိုင်ဆုံးပဲ။"

သူမက သူမ၏ တောင်ဝှေးကို အန်လင်းဆီသို့ ညွှန်ပြကာ သူမ၏ နောက်မှ ရေခဲ နံရံဆေးရေးပန်းချီက  ရုတ်တရက် တစ်ကီလိုမီတာကျော်ကျော် ကျယ်ပြန့်လာပြီး အံ့ဖွယ် ခွန်အားများ ထိုးထွက်လာကာ သူမပတ်လည်ရှိ နေရာလပ်ကို ပြင်းထန်စွာ တုနခါလာစေ၏။

အဖြူရောင် အလင်းတိုင်ကြီးက တောင်ဝှေးမှ ထိုးထွက်လာပြီး ချက်ချင်းပင် ကီလိုမီတာပေါင်းများစွာကို ထိုးဖောက်သွားကာ အန်လင်းပေါ်သို့ ပြိုင်ဘက်ကင်း ဖျက်ဆီးစွမ်းအားဖြင့် ကျဆင်းလာလေ၏။

အဖြူရောင် အလင်းတိုင်ကြီးက လေထုကို ဖြတ်သန်းသွားကာ အန်လင်း၏ နှလုံးသို့ ထိမှန်စေနိုင်လောက်အောင် စွမ်းအင် အလုံအလောက်ပါရှိလေ၏။ ထိုသည်က ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးကို သတ်ဖြတ်နိုင်သည်အထိ လုံလောက်သော စွမ်းအားပြည့် တိုက်ခိုက်မှုဖြစ်ပြီး ထိုတိုက်ခိုက်မှုသက်ရောက်ပါက အန်လင်းက သေဆုံးနိုင်ပေသည်။

"အန်လင်း..."

မရေမတွက်နိုင်သော ငိုကြွေးသံများက ထွက်ပေါ်လာလေ၏။

အရှင်နတ်သမီး မန်ဇီက ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ် ကျင့်ကြံသူတစ်ဦးသာဖြစ်သည့် အန်လင်းကို တိုက်ခိုက်ရန် ထိုမျှအထိ စွမ်အားကြီး တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်လိမ့်မည်ဟု မည်သူကမှ မထင်ပါချေ။

အကြီးအကဲအ​မြောက်အများက သူတို့၏ ရန်သူများကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေနိုင်သည်ကို စွန့်စားကာ အန်လင်းဆီသို့ အကာအကွယ်မန္တန်နည်းလမ်းများ တစ်ဒါဇင်ခန့် ပို့လွှတ်လိုက်ကြပေ၏။

ဘုန်း ဘုန်း ဘုန်း...

အဖြူရောင် အလင်းတိုင်ကြီးက အံ့ဖွယ် အပြစ်ဒဏ်၏ ဓားသွားတစ်ခုကဲ့သို့ အကာအကွယ် မန္တန်ဖွဲ့စည်းခြင်းများကို မရပ်တန့်နိုင်သော စွမ်းအားများဖြင့် ဖြတ်သန်းလာပေ၏။

မန်ဇီ၏ တိုက်ခိုက်မှုနောက်ကွယ်မှ စွမ်းအင်က သိသိသာသာ ပျက်ပြယ်သွားသော်လည်း ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးကို ဒဏ်ရာရလောက်သည်အထိတော့ ပြင်းထန်နေဆဲပင်။ အန်လင်းကဲ့သို့ ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ ထိုတိုက်ခိုက်မှုကို ခံရပါက ဗလာသာ ကျန်ရစ်ပါပေလိမ့်မည်။

အန်လင်းက ထိုအခိုက်အတန့်လေးမှာပင် သူ့၏ ဖရိုဖရဲ သတ္တုအုတ်ခဲကို ထုတ်လိုက်၏။

ထို့နောက် သူက လုံးဝ မရွေ့လျားနိုင်ဖြစ်ကာ သူ့ပတ်လည်မှ နေရာလပ်က အစွမ်းထက် အကွာအဝေး မန္တန်နည်းလမ်းတစ်ခုနှင့် ချိတ်ပိတ်ခြင်း ခံလိုက်ရ၏။

ဘုန်း...

အလင်းတိုင်ကြီးက ကောင်းကင်နှင့် မြေကြီး​ကို ထိုးဖောက်ပြီး အံ့ဖွယ် သစ်ပင်၏ မျက်နှာကြက်တွင် အဆုံးမရှိသော တွင်းကြီးတစ်ခု ဖောက်ပစ်လိုက်လေ၏။

"အန်လင်း..." စုရှောင်လန်က အံ့ဖွယ် သစ်ပင်၏ မျက်နှာကြက်တွင်ရှိ အပေါက်ကြီးဆီသို့ သူမ၏ ကိုယ်ပိုင် ဘေးကင်းမှုကို မမှုပဲ ပျံသန်းလာပေ၏။

ဗာမီလီယမ်ငှက်ဂိုဏ်း၏ အကြီးအကဲများက သူတို့၏ မျက်နှာထက်တွင် ခက်ထန်သော အမူအရာများ ဆင်မြန်းထားလေ၏။ အန်လင်းက အံ့ဖွယ် တာအိုသေတ္တာကို မြင့်မြတ်မီးတောက်အား ချိတ်ပိတ်ခြင်းမှ ကာကွယ်နိုင်မည့် နောက်ဆုံးမျှော်လင့်ချက်ဖြစ်ရာ မန်ဇီ၏ ခိုင်မာသော ဆုံးဖြတ်ချက်က သူတို့ကို သတိလစ်သွားစေ၏။ ယခုတွင် အန်လင်းက သေဆုံးသွားပြီ ဖြစ်ရာ သူတို့က မြင့်မြတ်ဗာမီလီယမ်မီးတောက်ကို မြူနှင်း နတ်မိမယ်များထံမှ ကာကွယ် နိုင်မည့် တစ်ခုတည်းသော အခွင့် အရေးကို ဆုံးရှုံးသွားလေပြီ။

မန်ဇီက သူမ၏ အံ့ဖွယ်တာအိုသေတ္တာ၏ ချိတ်စည်းကို ထူထောင်ရန် ကြိုးပမ်းမှုတွင် နှစ်ကြိမ်တိုင်တိုင် နှောက်ယှက်ခြင်း ခံထားရပြီး ဖြစ်၍ အန်လင်းကို တိုက်ခိုက်ရန်အတွက် စွမအင်အမြောက်အများ ကျယ်ပြန့်ရန်လိုအပ်ပေ၏။ သို့ဖြစ်၍ သူမက မောပန်းပြီး အားကုန်သော လက္ခဏာများ ကြုံတွေ့စပြုလာပြီ ဖြစ်သော်လည်း ဗာမီလီယမ် မီးတောက်အတွက် ထိုက်တန်ပါပေသည်။

သူမက မြင့်မြတ်မီးတောက်ကို ထပ်မံကြည့်လိုက်ကာ သူမကျန်နေသော နေရာမှ ဆက်လက်လုပ်ဆောင်လိုက်၏။ "လျှပ်စီး ဝိညာဉ်၊ နေရာယူ..."

ဘုန်း...

လျှပ်စီးတိုင်တစ်ခုက ကောင်းကင်ဆီသို့ ပေါက်ကွဲသွားပြီး မြင့်မြတ်ဗာမီလီယမ်မီးတောက်က ပို၍ပင် ထပ်မံ မှေးမှိန်လာကာ ချိတ်ပိတ်ခြင်း စွမ်းအားက မြင့်တက်လာလေ၏။

အလင်းပေါက်နိုင်သော လူပုံစံ လေဝိညာဉ်တစ်ခုက လျှပ်စီးငှက်၏ ဘေးသို့ ဆင်းသက်လာပြီး အဖြူရောင် လေဆင်နှာမောင်း တစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော မြွေတစ်ကောင်နှင့် ဆင်တူလာပြီး ကြီးမားလှသည့် ဖျက်ဆီးစွမ်းအားကြီးနှင့် လေများ တိုက်ခတ်လာပေတော့သည်။

"လေဝိညာဉ်၊ နေရာယူ..."

"အံ့ဖွယ်တာအို ချိတ်စည်း၊ စတင်စေ..."

မန်ဇီ၏ တောင်ဝှေးက ထပ်မံ တောက်ပလာပြီး ဟုန်းဟုန်းတောက်နေသော အဖြူရောင် အလင်းက အဆုံးမရှိစွမ်းအားဖြင့် ထိုးထွက်လာပေ၏။

အံ့ဖွယ် တာအိုသေတ္တာက လေထုကို ဖောက်ထွင်းသွားသော သက်တန့်လှိုင်းလေးတစ်ခုကို ထုတ်လွှတ်ကာ တာအိုနယ်မြေအင်မော်တယ် စိတ်ဝိညာဉ် ၇ခုနှင့် ပေါင်းစည်းသွားလေ၏။

အင်မော်တယ် စိတ်ဝိညာဉ်များက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး သက်တန့်ဝတ်ရုံဖြင့် အမျိုးသမီး ပုံရိပ်တစ်ခုက ကောင်းကင်နှင့် မြေကြီး ကြားတွင် ထွက်ပေါ်လာလေ၏။

ပုံရိပ်မှာ ပေတစ်သန်းနီးပါး ရှည်လားပြီး အံ့ဖွယ်တာအို၏ စွမ်းအားများနှင့် ပြည့်နှက်နေသော အော်ရာတစ်ခုက နေရာလပ်တစ်ခုလုံးကို ထိုးဖောက်လာပြီး လူတိုင်းကို အထူးနတ်ဘူရားတစ်ပါး၏ တည်ရှိမှုတစ်ခု ကဲ့သို့ အံ့ဩတကြီးနှင့် အကူအညီမဲ့သော ခံစားချက်တစ်ခု ပေးနေလေ၏။

ထိုအမျိုးသမီးက မြင့်မြတ်ရေခဲကုန်းမြေများ၏ တည်ထောင်သူ ရေခဲအရှင်မ မှလွဲ၍ တခြားသူ မဟုတ်ပါပေ။

ရေခဲအရှင်မက သူမ၏ လက်များကို မြင့်မြတ်ဗာမီလီယမ်မီးတောက်ဆီသို့ ဖြေးညင်းစွာ ဆန့်ထုတ်လိုက်ပြီး လက်နှစ်ဖက်ကို နီးကပ်စေလိုက်၏။

စင်ကြယ်လှသော မြင့်မြတ်မီးတောက်က အလွန် ကြောက်မက်ဖွယ် ချိတ်စည်း စွမ်းအားတစ်ခုဖြင့် ချက်ချင်းပင် အဖြူရောင် ဘောလုံးတစ်ခု အဖြစ် ဖိနှိပ်ခြင်း ခံလိုက်ရ၏။

အဖြူရောင် ဘောလုံးက မီးတောက် စုစည်းခြင်း အဝိုင်းဆီသို့ မမြင်နိုင်သော အားအင်တစ်ခု၏ ဆွဲယူခြင်းကို ခံရနေရ၏။

ထိုသည်က နောက်ဆုံးအဆင့်ဖြစ်၏။ ရေခဲအရှင်မ၏ စွမ်းအားကို ဆင့်ခေါ်ခြင်းက အလွန်အမင်း စွမ်းအင် ကုန်ခမ်းစေသော်လည်း မန်ဇီက အံတင်းတင်း ကြိတ်ကာ သူမ၏ အံ့ဖွယ်တာအို ​သေတ္တာဆီသို့ သူ့မ၏ ခွန်အားများအကုန်  လောင်းထည့်နေပေ၏။

ထိုအချိန်မှာပင် ကြောက်မက်ဖွယ် လျှပ်စီးတိုင်ကြီးက ထပ်မံ လမ်းလွဲလာကာ မန်ဇီကို ဖျက်ဆီးနိုင်သော စွမ်းအားဖြင့် ဝင်တိုက်ခတ်ပစ်လိုက်လေ၏။

ဘုန်း...

လျှပ်စီးက လင်းလက်သွားပြီး ကောင်းကင်က လျှပ်စစ်ဓာတ်အား နယ်မြေ အဖြစ်သို့ ပြောင်းလဲသွားကာ မန်ဇီက ကီလိုမီတာပေါင်းများစွာ ထပ်မံ လွင့်ကျသွားလေ၏။

လူတိုင်က ထပ်မံ၍ တုန့်ဆိုင်းသွားပြန်ကာ မန်ဇီကို အံ့ဩတကြီး လှည့်ကြည့်လိုက်ပေ၏။

မန်ဇီ၏ တောက်ပနေသော ဆံပင်ရှည်ကြီးက မီးကျွမ်းနေကာ ဖရိုဖရဲ ဖြစ်နေပြီး သူမ၏ ကြီးမြတ်အရှင်မ ဝတ်ရုံက လုံးဝပင် စုတ်ပြဲကာ သူမ၏ ခန္ဓာကိုယ်မှ အနက်ရောင် မီးခိုများထွက်နေကာ သူမ၏ ခန္ဓာကိုယ်က သနားစဖွယ် ဖြစ်နေလေ၏။

သူမ၏ သိမ်မွေ့နူးညံ့သော သွင်ပြင်များက သွေးများစွန်းနေပြီး စိတ်ရှုပ်ထွေးစွာ လှည့်ပတ်ကြည့်နေပေ၏။ နောက်ဆုံးတွင်တော့ သူမက အံ့ဖွယ်သစ်ပင်၏ မျက်နှာကြက်ရှိ အပေါက်ဆီမှ မိန်းမလှလး တစ်ဦး၏ အကူအညီဖြင့် ထွက်လာသော အလွန်အမင်း ဒဏ်ရာရနေသည့် အမျိုးသားငယ်တစ်ဦးကို တွေ့လိုက်ရ၏။

အမျိုးသားငယ်က သူမကို သူ့၏ လက်ခလယ်ကို ထောင်ပြကာ မိုးကြိုးကဲ့သို့ အော်ဟစ်လာ၏။ "ခွေးမ မြူနှင်းနတ်မိမယ်၊ ငါ့လို ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူလေးတစ်ယောက်ကို အဲ့လိုမျိုး အစွမ်းထက် တိုက်ချက်တစ်ခု ပြုလုပ်တာ မရှက်ဘူးလား။ မင်းနဲ့ညီတဲ့ တစ်ယောက်ကို ဘာလို့ မရွေးတာလဲ။"

"အဲ့စောက်တုံးငှက်က ဘယ်နှကြိမ်ပဲ လျှပ်စီးတိုင်ကို ထုတ်ထုတ် ငါကတော့ နင့်မျက်နှာကို ပစ်ခိုင်းပစ်မယ်။"

အန်လင်း၏ စကားများ ကြားပြီးနောက် လူတိုင်းက တိတ်ဆိတ်သွားလေ၏။

မန်ဇီ၏ ရင်ဘတ်က ဒေါသဖြင့် တင်းကြပ်သွားပြီး ခွန်းတုံ့ပြန်ရန် ပါးစပ်ဖွင့်လိုက်သော်လည်း ပြောစရာ စကားမရှိပါချေ။ သူမကဲ့သို့ ဂုဏ်သိက္ခာရှိသူ တစ်ဦးအတွက် စကားစစ်ထိုးရန်မသင့်လျော်သည်မို့ ဒေါသများ လောင်ကျွမ်းနေသော မျက်လုံးများဖြင့်သာ အန်လင်းအား စိုက်ကြည့်နိုင်ပေ၏။

မြူနှင်း နတ်မိမယ်များက အန်လင်းကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေပြီး ပြောစရာစကားများ ပျောက်ဆုံးနေပေတော့သည်။

"မ...မကောင်းတဲ့ကောင်..." မိုဟိုင်က ​နာမဝိသေသနများ ပျောက်ဆုံးနေပေ၏။

"သောက်ကျိုးနည်း..." လုကျီဇီက အသက်ရှုမမှန်ပါချေ။

"အန်လင်းက မကျော်လွှားနိုင်ဘူးပဲ။"

"ဗာမီလီယမ်ငှက်ဂိုဏ်းကတော့ မကျော်လွှားနိုင်ဘူးပဲ။"

ဂိုဏ်းတပည့်များ အားလုံးထံမှ ကျယ်လောင်လှသော အော်သံက ထွက်ပေါ်လာပြီး သူတို့၏ တိုက်ပွဲဆန္ဒများက အရင်က တစ်ခါမှ မဖြစ်ဘူးသလိုပင် တောက်လောင်လာပေ၏။

သူတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် နီရဲနေ၏။ အန်လင်းက သူတို့ ကျဆုံးခါနီး ဆဲဆဲတွင် သူတို့အတွက် ရပ်တည်ပေးခဲ့၏။ ယခုတွင် သူ့ကို ပြန်ထောက်ပံ့ပေးရန် အချိန်ဖြစ်ပြီး သူတို့၏ ရန်သူများကို ခွန်းအားရှိသမျှ တုန့်ပြန်တိုက်ခိုက်ရပေမည်။

ဂိုဏ်းတပည့်များ အားလုံး၏ မျက်လုံးထဲတွင် အန်လင်းက လက်တွေ့ကျကျပင် တောက်ပလာလေတော့သည်။

----------------

All Chapters