( မျက်နှာသာ ပေးရမယ်ဟုတ်လား?)
Vol. 11 Ch. 144
ထိုသူက သူ၏ အင်မတန်ခန့်ညားချောမောလှသည့် ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်ကာ ရုပ်ဖျက်ထားသည့် ရှကျိုးယွီပင်။ သူသည် နှင်းနဂါးတောင်ရဲ့ တောင်ခြေထိ ရောက်အောင် လာနိုင်ခဲ့သည်။ ဒါပေမဲ့ အခုချိန်မှာတော့ သူ့ရဲ့ မျက်နှာကို ပြောင်းလဲထား၏။
တရှားတိုင်းပြည်ရဲ့ ဘုရင်တစ်ယောက်လိုမျိူး အရှိန်အဝါတွေလည်း မရှိတော့ဘူး။ အရာအားလုံးကို လုပ်နိုင်သွားပြီ။
ထို့ကြောင့် ရှကျိုးယွီတစ်ယောက် အလွန်ကို ကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခုကို တွေးမိသွားခဲ့သည်။
….. ပုန်ကန်ရမယ်!
သိုင်းလောက တစ်ခုလုံးကို မွှေနှောက်ပြီးတော့ ပုန်ကန်ဖို့အတွက် ကြံစည်မယ်!
သိုင်းလောကသည် နဂိုထဲက ရုံးတော်ကို လွန်စွာမုန်းတီးကြသည်။ အကယ်လို့ အခုချိန်မှာ လူတစ်ယောက်ကသာ ရှေ့ထွက်ခဲ့ပြီး သိုင်းလောကကိုယ်စား တော်ဝင်နန်းတော်ရဲ့ မောက်မာမှုတွေကို ခုခံလာခဲ့မယ်ဆိုရင် တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို တိုက်ခိုက်ဖို့ မလွယ်ကူသွားဘူးလား?
ဒါ့အပြင် လီဖူ ပြောသွားခဲ့သည်။ သိုင်းလောကသည် အန္တရယ်များတဲ့ နေရာတစ်ခုတဲ့။
ဒါကြောင့် သူ့အနေနဲ့ ဘာကြောင့် အခွင့်အရေးမယူရမှာလဲ?
သိုင်းလောကကို ကိုယ်စားပြုရင်း ရှေ့ထွက်ပြီး ပြဿနာဖန်တီးမည်။ သိုင်းသမားတွေကို စုဝေးပြီး တိုင်းပြည်ကို ပုန်ကန်စေမည်။
နောက်ဆုံး တိုင်းပြည်က ဖရိုဖရဲ အခြေနေကို ရောက်လာခဲ့ရင် အိမ်နီးချင်းတိုင်းပြည်တွေကလည်း မြင်တွေ့သွားပြီး တရှားတိုင်းပြည်ကို စစ်ချီလာလိမ့်မည်။
ဒါဆိုရင် ကံကြမ္မာအမှတ်အနေနဲ့ လုံးဝပြိုကွဲရုံအပြင် ရွေးစရာမရှိတော့ဘူးမလား?
ထို့ကြောင့် ရှကျိုးယွီသည် နှင်းနဂါးတောင်ကို ရောက်လာသော်ငြား ကျောက်ကောင်းကို အသိမပေးခဲ့ပေ။ ထိုအစား သူက ကျောက်ကောင်းရဲ့ လှုပ်ရှားမှုတွေကို အသေးစိတ် လေ့လာခဲ့သည်။
ကျောက်ကောင်းက သူ့ကို လုံးဝ စိတ်မပျက်စေခဲ့ဘူး။ သိုင်းလောကထဲမှာ လွန်စွာ အာဏာပြပြီး နိုင်လိုမင်းထက်ပြုနေလေ၏။ ဒါ့အပြင် သူ့ရဲ့ အပြုမူတိုင်းက မှန်ကန်သလိုမျိုး ယုံကြည်ချက် ရှိနေသေးသည်။
'ကျောက်ကောင်းလို ရိုးသားပြီး တာဝန်သိတတ်တဲ့ မိန်းမစိုးတစ်ယောက်က ဒီလိုဘက်ခြမ်းမျိုး ရှိလိမ့်မယ်လို့ ငါလုံးဝမထင်ထားဘူး။ ငါ့ရဲ့ လုံးဝကို သစ္စာရှိ လူယုံတစ်ယောက်ပဲ! အခုလို အလုပ်ကြိုးစားတဲ့အတွက် နောက်မှ ဆုလာဘ်ပေးရမယ်’
ရှကျိုးယွီ တွေးနေခဲ့သည်။ တစ်ချိန်ထဲမှာပဲ သူကအခွင့်ရေးကို ရှာဖွေနေ၏။ ယနေ့မှာတော့ ကျောက်ကောင်းက စစ်မှန်စွာဖြင့် ပြောဆိုခဲ့တဲ့ ထန်းဝမ်ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ကို အပြစ်ပေးဖို့ ပြုလုပ်ခဲ့သည်။
ရှကျိုးယွီ နားလည်ပါသည်။ နောက်ဆုံးတော့ အခွင့်ရေးက ရောက်လာခဲ့ပြီ။
အခုသိုင်းလောကသားတွေ အများကြီး ကြည့်ရှုနေကြသည်။ ဒီအခွင့်ရေးကိုသာ အသုံးချပြီး ပုန်ကန်ဖို့အတွက် လှုံ့ဆော်လို့ရမယ်ဆိုရင် ကိစ္စကောင်းပဲမလား?
ဒီလိုဆိုရင် မကြာခင်မှာပဲ ဒီကိစ္စက ပျံ့နှံ့သွားပြီး သိုင်းလောက တစ်ခုလုံးအပေါ် သက်ရောက်သွားလိမ့်မည်။ ဒါဆိုရင် ဒီကိစ္စကို အရင်းပြုပြီး တရှားတိုင်းပြည် တစ်ခုလုံး ပြသနာထဲ ကျရောက်သွားမည်။ သေချာပေါက် တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်လည်း ရိုက်ခတ်ခံရမှာပဲ!
ရှကျိုးယွီ နောက်ဆုံးတော့ မတ်တပ်ထရပ်လိုက်သည်။ လူအားလုံးကို အရှေ့ထားပြီး ပြင်းထန်စွာ ပြောဆိုလိုက်၏။
ကျောက်ကောင်းကို ကြည့်နေတဲ့ သူ့ရဲ့မျက်လုံးထဲမှာ မာနတို့ ပြည့်နေခဲ့သည်။ သူ့ရဲ့ပုံစံက မကောင်းမှုကို မနှစ်မြို့တဲ့ ရဲရင့်သော စစ်သည်တော် တစ်ယောက်လိုမျိုးပဲ။
“မင်း ဘာပြောလိုက်တယ်?”
ကျောက်ကောင်းကလည်း ရှကျိုးယွီကို စူးစိုက်ပြီး ကြည့်နေခဲ့သည်။ ထိုအချိန်မှာ ရှကျိုးယွီကို သုံးကြိမ်တိုင်တိုင် စစ်ဆေးလိုက်၏။ ခေါင်းအစခြေအဆုံး အသေးစိတ် စစ်ဆေးလိုက်သည်။
ဒါပေမဲ့ ထိုလူငယ်နဲ့ ပတ်သက်ပြီး ဘာမှတ်ဉာဏ်မှ ထွက်မလာခဲ့ဘူး။ ဒါပေမဲ့ နှလုံးသားထဲမှာတော့ ရင်းနှီးတဲ့ ခံစားချက်ကို ခံစားနေရသည်။
“ငါပြောလိုက်တာ.. မောက်မာတဲ့ တရှားတိုင်းပြည်က ပြစ်ဒဏ်ခံသင့်ပြီး တရှားရဲ့ ပြည်သူတွေအားလုံးလည်း ဆိုးယုတ်တဲ့ အနာဂတ်နဲ့ ရင်ဆိုင်သင့်တယ်လို့ပဲ! ရှကျိုးယွီမှာ ဘုရင်တစ်ယောက်ဖြစ်လာဖို့ ဘာအရည်ချင်းတွေ ရှိနေလို့လဲ! သူက ထိုက်တန်လို့လား? ဒီမှာရှိတဲ့ လူတွေအားလုံးကို မေးကြည့်လိုက်၊ သူတို့တွေကမှ ရှကျိုးယွီထက် အဆပေါင်း သောင်းချီမက ထိုက်တန်အုံးမယ်”
ရှကျိုးယွီက ကျောက်ကောင်းကို ယုံကြည်မှုတို့ ပြည့်နေတဲ့ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ ယုံကြည်မှုအပြင် စစ်မှန်မှုတို့လက်ထနေ၏!
အချိန်တစ်ခနကြာသည်အထိ ထိုနှစ်ယောက်သည် အချင်းချင်း စိုက်ကြည့်နေကြသည်။ တစ်ချိန်ထဲမှာပဲ ရှကျိုးယွီ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
‘ကျောက်ကောင်း ကျောင်ကောင်း၊ ဒီနေ့တော့ ငါမင်းကို ခံစားရအောင် လုပ်ရတော့မယ်။ မင်းအလုပ်ကြိုးစားတယ်ဆိုတာ ငါသိပေမဲ့ ငါ့မှာလည်း ရွေးစရာမရှိလို့ပါ။ စိတ်မပူပါနဲ့ နည်းနည်းပဲ နာကျင်မှာပါ။ မင်းရဲ့ အရိုးတွေထိ မနာကျင်စေရဘူး။ ဒါကိုအသုံးပြုပြီးတော့ မင်းရဲ့သွေးကြောကို ငါပြန်ပြီး ကုစားပေးနိုင်တယ်။ ဒါဆိုရင် မင်းရဲ့သန်မာမှုလည်း မြင့်တက်လာလိမ့်မယ်’
ကျောက်ကောင်းကို ပညာပြဖို့ တွေးနေရင်းနဲ့ တစ်ဆက်တည်းထဲမှာပဲ သိုင်းပညာကို အသုံးပြုလိုက်တဲ့အခါ အရိုးကို မထိခိုက်စေဘဲ စွမ်းဆောင်ရည်ကို တစ်ဖက်တစ်လမ်းကနေ မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းကို ရှကျိုးယွီ စဉ်းစားနေခဲ့သည်။
အခုလိုမျိုး စွမ်းဆောင်ရည်ရှိတဲ့ လူတစ်ယောက်ရလာဖို့ဆိုတာ လွယ်ကူတဲ့အရာမှ မဟုတ်တာ။
ကျောက်ကောင်းကသူ့ရဲ့ လူယုံတွေထဲက တစ်ယောက်ပဲ။ အထိခိုက်ခံလို့ မဖြစ်ဘူး။
ရှကျိုးယွီရဲ့ စကားတွေကို ကျောက်ကောင်း ကြားသောအခါမှာတော့ ချက်ချင်းပဲ ဒေါသထွက်သွား၏။
“မင်းဘယ်က လာတာလဲ? ဆံပင်အဝါနဲ့ သူဖုန်းစားကောင်! ငါတို့ရဲ့ အရှင်မင်းကြီးကို ဘာကိစ္စ မကောင်းပြောရဲတာလဲ? သေချင်နေတာလား!”
ကျောက်ကောင်းရဲ့ ခန္ဓာကိုယ်ကနေ ချက်ချင်းပဲ စွမ်းအားကြီးတဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာခဲ့သည်။ သူ့ရဲ့ပုံရိပ်က ချက်ချင်းဆိုသလို အရိပ်အဖြစ် ပျောက်ကွယ်သွားပြီး ရှကျိုးယွီ ရှေ့ကို ရောက်လာလေ၏။
ဒါပေမဲ့ ရှကျိုးယွီက မျက်နှာကို မဲ့လိုက်သည်။ မတုံ့ပြန်ခဲ့ဘူး။ ရောက်ရှိလာသော ကျောက်ကောင်းရဲ့ တိုက်ခိုက်မှုကို ရိုးရှင်းစွာပဲ အရှေ့တိုးပြီး ရှောင်လိုက်သည်။
“ဘန်း!”
ကျယ်လောင်တဲ့ အသံကြီးထွက်ပေါ်လာခဲ့သည်။
ကျောက်ကောင်းရဲ့ တိုက်ခိုက်မှုက နံရံကိုသာ ထိသွား၏။ ပြောင်ချောနေသော နံရံထက်တွင် ကြီးမားတဲ့ အပေါက်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
စားသောက်ဆိုင်ထဲက လူတွေအားလုံး အံ့သြသွားကြ၏။ ဘယ်သူကမှ မမျှော်လင့် ထားခဲ့ဘူး။
သာမန်ဆန်လွန်းတဲ့ ပုဂ္ဂိုလ်ထံမှ အခုလိုမျိုး စွမ်ရည်ကို တွေ့ရမယ်လို့ ဘယ်သူကမှ မထင်ထားကြပေ။ ကျောက်ကောင်းရဲ့ တိုက်ခိုက်မှုကိုတောင် အလွယ်လေး ရှောင်နိုင်ခဲ့သည်။
ရှကျိုးယွီရဲ့ ခန္ဓာကိုယ်ကနေ အစကနေအဆုံးထိ စိတ်ဝိတ်ညာဥ်စွမ်းအင် တစ်စက်ကိုမှ အာရုံခံလို့ မရခဲ့ဘူး။ မသိရင် သာမန်လူ တစ်ယောက်လိုမျိုးသာ ထင်ရသည်။
ထို့ကြောင့် အကုန်လုံး အံ့သြသွားကြ၏။
“ဘန်း!”
အကုန်လုံး စဉ်းစားနေစဉ်မှာပဲ ရှကျိုးယွီ၏ လက်သီးတစ်ချက်သည် ကျောက်ကောင်းရဲ့ ရင်ဘတ်တည့်တည့်ကို ကျရောက်လာ၏။
ချက်ချင်းပဲ ခန္ဓာကိုယ် အနှံ့ကို ပျံ့နှံ့လာသော ပူလောင်မှုကြီးအား ကျောက်ကောင်း ခံစားလိုက်ရသည်။ မသိရင် ထောင်ချီတဲ့ အပ်တွေက သူ့ကို ထိုးစိုက်နေသလိုမျိုးပဲ!
ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကြွက်သားတွေအားလုံးကို အဆက်မပြတ် ဖျက်စီးနေသလိုမျိုး ခံစားရသည်။
“အား!”
ကျောက်ကောင်း နာကျင်စွာ ငြီးငြူလိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်က နေရာမှာတင် မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက်မှာ အနည်းငယ် တုန်ယင်သွားခဲ့သည်။
ရှကျိုးယွီကို စိုက်ကြည့်ပြီး လက်ကျန်အင်အားနဲ့ အော်လိုက်လေ၏။
“အရှင်မင်းကြီး ကျွန်တော်မျိူး အရင်သွားရတော့မယ်။ အရှင်မင်းကြီးကို အဖော်မပြုနိုင်တော့ပါဘူး။ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”
ထို့နောက်မှာပဲ..
“ပွက်!”
ချက်ချင်းပဲ ကျောက်ကောင်း ကြမ်းပြင်ပေါ်ကို လဲကျသွား တော့သည်။ သတိမေ့သွားပြီပင်။ သူ့ရဲ့ခန္ဓာကိုယ်ကနေ သွေးမဲတွေ ထွက်လာခဲ့သည်။
ဒါကိုမြင်တော့ ရှကျိုးယွီ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။ အရှေ့တိုးကာ အခြေနေစစ်ဆေးတော့မယ့် အချိန်မှာပဲ ရုတ်တရက် အနောက်ဘက်ကနေ အေးစက်တဲ့လေထုကို ခံစားလိုက်ရသည်။ ထို့ကြောင့်မနေနိုင်စွာ မျက်မှောင်ကြုံ့သွား၏။
ထိုအချိန်မှာပဲ ကျောက်ကောင်းရဲ့ အရှေ့ကို လူနှစ်ယောက် ပိတ်ရပ်လာခဲ့သည်။ သူတို့က ရှကျိုးယွီကို တားမြစ်လာ၏။
ရှကျိုးယွီ အံ့သြသွားခဲ့သည်။ ထိုနှစ်ယောက်က ယူလျိုရှားနဲ့ ရွှမ်းအာ ဖြစ်နေတာပဲ!
‘ဒီနှစ်ယောက်က ထိုက်အန်းမြို့မှာ မရှိဘဲ ဘာလို့ ရောက်လာတာလဲ?’
ထိုအချိန်မှာပဲ ယူလျိုရှားက အရင်ပြောလာသည်။
“ဒီလောက်ငယ်တဲ့အရွယ်မှာ အခုလိုသန်မာမှုမျိုး ရှိတာ အရည်ချင်းမဆိုးဘူး။ သေချာပေါက် ပင်မဂိုဏ်းတစ်ခုရဲ့ ဆက်ခံသူဖြစ်ရမယ်။ မင်းရဲ့ဆရာက ဘယ်သူများလဲ? ဒီလူရဲ့အသက်ကို ကျေးဇူးပြုပြီး ချမ်းသာပေးလို့ရမလား?”
ရှကျိုးယွီ ချက်ချင်းပဲ စိတ်တိုသွားခဲ့သည်။
‘ယူလျိုရှား ရူးသွားပြီလား? ကျောက်ကောင်းအတွက် ဘာကိစ္စ အသနားခံနေရတာလဲ? ကျောက်ကောင်းနဲ့ သူမမှာ ဘယ်လိုဆက်ဆံရေး ရှိတာလဲ?’
‘ဘာကိစ္စ နှင်းနဂါးတောင်ပေါ်ကို ရောက်လာရတာလဲ? ဒါ့အပြင် ထိုက်အန်းမြို့တော်မှာ ရှိမနေဘူး!’
ရှကျိုးယွီ မနေနိုင်စွာ ကျောက်ကောင်းကို ထပ်ကြည့်လိုက်သည်။
တစ်ဖက်လူဆီမှ စကားပြန်မလာသေးတာမလို့ စိတ်အခြေအနေ မကောင်းသေးဘူးဟု ယူလျိုရှား ယူဆလိုက်ပြီး အမြန်ပြောလိုက်တော့သည်။
“တရှားတိုင်းပြည်နဲ့ ပတ်သက်ပြီးသခင်လေး အထင်မှားနေပုံပဲ။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မတို့ အေးဆေးထိုင်ပြီး စကားပြောလို့ရပါတယ်။ သခင်လေးရဲ့ စိတ်ရူပ်ထွေးမှုနဲ့ ပတ်သက်ပြီးတော့လဲ ကျွန်မဖြေရှင်း ပေးလို့ရတာပေါ့”
“သခင် ဘာလုပ်နေတာပါလဲ?”
ယူလျိုရှားရဲ့ စကားတွေမဆုံးခင်မှာပဲ ရွှမ်းအာ ကတားမြစ်လာခဲ့သည်။ ဒါပေမဲ့ ယူလျိုရှားရဲ့ စူးရဲတဲ့အကြည့်ကိုသာ လက်ခံလိုက်ရ၏။
“ပါးစပ်ပိတ်ထား!”
“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်မက ယူအိမ်တော်က ယူလျိုရှားပါ။ သခင်လေးအနေနဲ့ ကျွန်မတို့ရဲ့ အိမ်တော်အကြောင်းကို သိထားမယ်လို့ထင်ပါတယ်။ ဟုတ်တယ်မလား?”
ယူလျိုရှားရဲ့ မျက်နှာမှာ ချက်ချင်းပဲ ဂုဏ်ယူမှုတို့ ထင်ဟပ်လာခဲ့သည်။
ယူအိမ်တော်လို့ ကြားလိုက်ရတာနဲ့ ကျန်တဲ့လူတွေအားလုံး ပင့်သက်ရိူက်မိသွားကြ၏။
ထန်းဝမ်ဂိုဏ်းနဲ့ ယှဉ်ရမယ်ဆိုရင်ယူအိမ်တော်က ပိုပြီးတော့မြင့်မြတ်သည်။ ယူအိမ်တော်က ရှေးကျတဲ့ဂိုဏ်းတစ်ခုပင်။ ရေကိုထိန်းချုပ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး နာမည်အကြီးဆုံး ဂိုဏ်းတစ်ခုဖြစ်သည်။
ရှကျိုးယွီကတော့ တော်တော်လေး စိတ်တိုနေခဲ့သည်။ ချက်ချင်းပဲ လက်နောက်ပစ်လိုက်သည်။ ထို့နောက်မှာ အပြုံးတစ်ခုနှင့် ပြောလိုက်၏။
“မင်းကို မျက်နှာသာပေးရမှာလား? ကောင်းပြီလေ ဒါဆိုရင် ငါဘာကိစ္စ မင်းကို မျက်နှာသာပေးသင့်လဲဆိုတဲ့ အချက်ပြောပြ။ ပြောရမယ်ဆိုရင် မင်းမှာ ဘာအရည်ချင်းတွေရှိလို့ ငါက လိုက်လျောပေးရမှာလဲ?”
………….