နောက်ဆုံးကျန်ရှိနေသော မျှော်လင့်ချက်
Vol. 8 Ch. 103
အခန်း (၁၀၃) : နောက်ဆုံးကျန်ရှိနေသော မျှော်လင့်ချက်
ဝမ်ဝေ့က သူ့လက်ထဲမှ သေဆုံးသွားသော စစ်သူကြီးကို စိုက်ကြည့်ကာ အမှိုက်ကဲ့သို့ ပစ်ထုတ်လိုက်သည်။ ထို့နောက် သူ့အကြည့်က ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော စစ်တပ်ဆီသို့ ရောက်သွားသည်။
စစ်သူကြီး သေသွားပြီ ဖြစ်သော်လည်း သူတို့က ရပ်တန့်မည့်ပုံမပေါ်ပေ။ ထိုအရာက လက်နက်များချကာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော သာမန်စစ်သားများနှင့် ကွဲပြားသော ခြားနားမှု ဖြစ်သည်။
ထိုလူများကို တော်ဝင်မိသားစုမှ သီးသန့်လေ့ကျင့်ပေးထားခြင်း ဖြစ်သည့်အတွက် သစ္စာတရားက သူတို့၏ အရိုးများနှင့် ဝိညာဉ်ထဲအထိ စွဲနေခြင်းဖြစ်လိမ့်မည်ဟု ဝမ်ဝေ့ ခန့်မှန်းလိုက်သည်။
သို့သော် ဝမ်ဝေ့က ထိုအားနည်းသည့်သူများနှင့် အချိန်ဖြုန်းမနေချင်ပေ။ ထိုအတွေးကြောင့် သူက ၁၃ လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်းနှင့် အကန့်အသတ်မဲ့ ကျယ်ပြန့်နေသော အံ့ဖွယ်ပင်လယ်ကို အစစ်အမှန်ဆန္ဒထဲသို့ ပေါင်းစည်းလိုက်သည်။
ထူးခြားဆန်းကြယ်သော စွမ်းအားက တိုင်းပြည်၏ ကျင့်ကြံသူစစ်တပ်အပေါ် လွှမ်းခြုံသွားသည်။
သူတို့အားလုံး သွေးများအန်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်ထဲရှိ သွေးချီတစ်စစီ ဖြစ်သွားကြောင်း သိလိုက်ရသလို အံ့ဖွယ်ပင်လယ်ရှိသူများလည်း လုံးဝ ဖျက်ဆီးခံလိုက်ရသည့်အတွက် သူတို့ ကြောက်လန့်တုန်လှုပ်သွားကြသည်။
သူတို့ အယောက် ၂၅၀လုံး သာမန်လူများ ဖြစ်သွားကြသည်။
ထိုကျင့်ကြံသူများကို ကြည့်မနေတော့ဘဲ ဝမ်ဝေ့က ၂၀၀မီတာရှိသော မြို့တံတိုင်းဆီသွားကာ လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးလိုက်ပြီးနောက် စစ်တပ်ကို မြို့ထဲသို့ ဝင်စေကာ မြို့ကို သိမ်းပိုက်လိုက်သည်။
ထိုအချိန်တွင် ပြည်နယ်တစ်ခုထဲတွင် ရှိသော နောက်ထပ် မြို့တစ်မြို့၌…
လီကျွင်းက သူ့ရှေ့မှာရှိနေသော စစ်တပ်ကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ဘယ်သူကမှ သူ သတိပေးတာကို အရေးမလုပ်သည့်အတွက် အားအင်သုံးပြီး ဖြေရှင်းရတော့မည် ဖြစ်သည်။
လှံတစ်ချက်ကို ဝှေ့လိုက်သည့်အခါ စစ်သားများနှင့် တိုင်းပြည်ဆီမှ မရေတွက်နိုင်သော အနီရောင် အစက်အပြောက်များက လေထဲသို့ မြင့်တက်သွားသည်။ ထိုအရာက စစ်သားများ၏ သတ်ဖြတ်ခြင်းချီ ဖြစ်သည်။
လီကျွင်း၏ ထိန်းချုပ်မှုအောက်တွင် သတ်ဖြတ်ခြင်းချီက ၅၀မီတာ ရှည်လျားပြီး ၅မီတာကျယ်သော လှံအဖြစ် ပြောင်းလဲသွားသည်။ သူ တွေဝေခြင်းမရှိဘဲ တစ်ဖက်စစ်တပ်၏ ခေါင်းဆောင်ဖြစ်သော အမျိုးသမီးဆီ ဦးတည်သွားလိုက်သည်။
ဧရာမလှံက စစ်တပ်ကို ဓားဖြင့်ထောပတ်ကို ဖြတ်သလို ဖြတ်လိုက်သည်။ လှံဖြတ်သွားသည့်နေရာတိုင်းတွင် အသားစနှင့် သွေးများ ကျန်နေခဲ့သည်။
ပိုပြီးဆိုးသည့်အချက်က လူပိုပြီးများများ သေသွားလေလေ လှံက ပိုရှည်ပြီး ပိုသန်မာလေ ဖြစ်သည်။ သို့သော် ခဏအကြာတွင် လှံတံက ကျင့်ကြံသူများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် ဖျက်ဆီးခံလိုက်ရသည်။
သို့သော် လီကျွင်းက စစ်တပ်၏ ခုခံမှုအများစုကို ဖောက်ထွင်း ထွက်လာပြီး ဖြစ်သည့်အတွက် ခေါင်းဆောင်အနား နီးကပ်နေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ ကိုယ်ပိုင်တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။
သူက စစ်မြေပြင်ထဲရှိ သတ်ဖြတ်ခြင်းချီအားလုံးကို စုဆောင်းကာ လှံတံကို ပိုမိုခိုင်မာတောင့်တင်းအောင် လုပ်ကာ ခွန်အားအကုန်သုံးပြီး ပစ်လိုက်သည်။
လှံတံက လေထုကို ဖြိုခွင်းကာ လျင်မြန်စွာ ရွေ့လျားနေသည်။ အမြောက်သံနှင့်အတူ လှံတံက ခေါင်းဆောင်အနားသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
သို့သော် သူမနှင့် မီတာအနည်းငယ်သာ ဝေးသည့်နေရာသို့ ရောက်သွားသည့်အခါ နံရံကြီးများ မြေကြီးထဲမှ ထိုးထွက်လာကာ သူမကို ကာကွယ်ပေးထားသည်။ ကံမကောင်းစွာဖြင့် ထိုကာကွယ်ပေးမှုက ဘာမှအသုံးမဝင်ပေ။
လှံတံက နံရံကို လွယ်ကူစွာ ထိုးဖောက်သွားကာ ရပ်တန့်ခြင်းမရှိသလို အရှိန်လျော့သွားခြင်းမရှိဘဲ ခေါင်းဆောင်၏ လည်ပင်းကို ထိုးဖောက်သွားသည်။ လှံတံ၏ အားကြောင့် သူမက မြင်းပေါ်မှ ပြုတ်ကျပြီး မီတာအနည်းငယ် ဝေးသည့်နေရာထိ လွှင့်စင်သွားသည်။
လီကျွင်းက လက်ယမ်းလိုက်သည့်အခါ လှံတံက သူ့လက်ထဲ ပြန်လည်ရောက်ရှိသွားသည်။ ထို့နောက် သူက ကျင့်ကြံသူ စစ်တပ်ကို ရင်ဆိုင်လိုက်သည်။
သူက မူလစွမ်းရည်၏ ပထမဆုံးလှိုင်းကို ရှောင်ရှားရန် လျင်မြန်သော လှုပ်ရှားမှုကို အသုံးပြုပြီးနောက် သူတို့ နောက်ထပ်ဂါထာများ မရွတ်ဆိုနိုင်ခင် လှံဖြင့် သူတို့ကို ဖြတ်လိုက်သည်။
ယန်းလီလင်းကလည်း သူမ၏ ကိုယ်ပိုင်စစ်တပ်ကို ဦးဆောင်သွားသည်။ သူမ၏ တိုက်ခိုက်သည့်ပုံစံက ဝမ်ဝေ့၊ လီကျွင်းတို့နှစ်ယောက်လုံးထက်ပိုပြီး အကျိုးသက်ရောက်မှု ရှိသည်။
သူမက သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ကာ ကြိတ်ချေလိုက်သည်။ ထို့နောက် ရနံ့တစ်ခုက အရှေ့ဘက်မိုးတိုင်းပြည်၏ စစ်တပ်ကို လွှမ်းခြုံသွားသည်။ ခဏအကြာတွင် စစ်တပ်၏ လေးပုံတစ်ပုံက ကြမ်းပြင်ပေါ်တွင် မေ့လဲသွားသည်။
ထို့နောက် ယန်းလီလင်းက မူလစွမ်းရည်တစ်ခုကို အသုံးပြုရန်အတွက် စကားလုံးအနည်းငယ်ကို ရွတ်ဆိုလိုက်သည်။ ထို့နောက် သူမ၏ ရှေ့တွင် မီးဖြင့် ပြုလုပ်ထားသော နဂါးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။ သူမ လက်ယမ်းလိုက်သည့်အခါ နဂါးက ကောင်းကင်သို့ ပျံသန်းသွားသည်။
စစ်သူကြီးရှေ့သို့ ရောက်ရှိသွားပြီးနောက် မီးမှုတ်လိုက်သည်။ သူ့လူများ ရုတ်တရက်လဲကျသွားသော ထိတ်လန့်မှုမှ ပြန်လည်မနိုးထသေးခင် မီးမှုတ်ခြင်း ခံလိုက်ရသည့်အတွက် ပြာအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် နဂါးက ကျင့်ကြံသူစစ်တပ်ရှိရာဘက်သို့ ကြည့်ကာ သူတို့ကို တုံ့ပြန်ချိန်မပေးပဲ ဖြေရှင်းရန် ဦးတည်လိုက်သည်။
တခြားမြို့နှစ်မြို့တွင် စစ်သူကြီး(၄)နှင့် စစ်သူကြီး(၅)တို့လည်း တိုက်ခိုက်လို့ ပြီးဆုံးသွားပြီဖြစ်သည်။ သို့သော် သူတို့က အံ့ဖွယ်ပလ္လင် ကျင့်ကြံသူသုံးယောက်နှင့် မတူဘဲ သူတို့၏ တိုက်ခိုက်မှုများက အတော်လေး ရက်စက်သည်။
သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်တွင် မြားများ စိုက်နေပြီး နေရာတိုင်းမှ သွေးများထွက်နေသည်။ တချို့နေရာတွင် မီးလောင်ဒဏ်ရာ၊ တချို့နေရာတွင် ရေခဲအမှတ်၊ တချို့နေရာတွင် မိုးကြိုးလောင်ဒဏ်ရာများ တွေ့နေရသည်။ သို့သော် သူတို့က သနားစရာကောင်းသော အခြေအနေသို့ ရောက်နေသော်လည်း သူတို့ တိုက်ပွဲတွင် အနိုင်ရကာ မြို့ကို သူတို့ကိုယ်တိုင် သိမ်းပိုက်နိုင်သည့်အတွက် ပျော်နေမိသည်။
ထို့အပြင် ပြင်းထန်သော တိုက်ခိုက်ခြင်းက သူတို့၏ အတွေ့အကြုံကို တိုးတက်သွားစေသလို သူတို့၏ အုတ်မြစ်ကိုလည်း ခိုင်မာသွားစေသည်။ ယခုစစ်ပွဲကဲ့သို့ စစ်ပွဲအနည်းငယ် ကြုံတွေ့ပြီးပါက သူတို့၏ အုတ်မြစ်သည် အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်ထဲ ရောက်နိုင်လောက်သည်အထိ သန်မာလာသည်။
ကုသရေးဆေးလုံး အနည်းငယ်စားသုံးပြီးနောက် စစ်သူကြီး(၄)နှင့် စစ်သူကြီး(၅)က သူတို့ အုပ်ချုပ်ရမည့် မြို့အသီးသီးထဲသို့ ဝင်သွားသည်။
ညဘက်တွင် အညံ့ခံသော စစ်သားများနှင့် မြို့သူမြို့သားများကို ဖြေရှင်းပြီးနောက် ဝမ်ဝေ့က မြို့အရှင်စံအိမ်ထဲတွင် ထိုင်ကာ ကျင့်စဉ်တစ်ခုကို ဖတ်နေသည်။
ယနေ့တိုက်ပွဲထဲတွင် စစ်ပွဲထဲရှိ ကျင့်ကြံသူအများစုက ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်သာ ရှိသော်လည်း ဂါထာများ အသုံးပြုနိုင်နေသည်ကို ဝမ်ဝေ့ သိရှိခဲ့ရသည်။ အံ့ဖွယ်ပင်လယ်အဆင့် ရှိသူများသာ ထိုကဲ့သို့ လုပ်နိုင်သည်ဟု ဝမ်ဝေ့ သိထားသည့်အတွက် အနည်းငယ် အံ့ဩသွားမိသည်။
သူ အနားယူချိန်ရသည်နှင့်တစ်ပြိုင်နက် မြို့အရှင်စံအိမ်သို့ ပြန်ကာ အဖြေကို ရှာဖွေတော့သည်။ ဤကမ္ဘာရှိလူများက ဂါထာများ၊ ပင်ကိုယ်စွမ်းရည်များကို နှစ်သက်စွဲလမ်းသည့်အတွက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများ သူတို့၏ သွေးချီကို ပေါင်းစပ်ကာ အသုံးပြုနိုင်အောင် နည်းလမ်း ဖန်တီးထားခြင်း ဖြစ်သည်ဟု သိလိုက်ရသည်။
ထိုအကြောင်းကို ဖတ်ပြီးနောက် ဝမ်ဝေ့က လူများ၏ ဉာဏ်ရည်ကြောင့် သက်ပြင်းချလိုက်မိသည်။ ဤကမ္ဘာရှိလူများက အဆင့်နိမ့်သော အလွှာမှဖြစ်သော်လည်း သူတို့ကို ပေးလာသော အခြေအနေတွင် အကောင်းဆုံး လုပ်တတ်ကြသည်။
ဝမ်ဝေ့က သူ့ကမ္ဘာတွင် သွေးချီကို အသုံးပြုပြီး ဂါထာအသုံးပြုသည့် နည်းလမ်းကို မကြားခဲ့ဖူးပေ။ ထိုကဲ့သို့ ဖြစ်ရခြင်းကလည်း အသင်္ချေအင်ပါယာကမ္ဘာရှိ လူများက ဤကမ္ဘာရှိလူများလောက် ဖန်တီးနိုင်စွမ်း မရှိသောကြောင့်လည်း မဟုတ်ပေ။
သူတို့က ထိုကဲ့သို့ အရာမျိုးကို ဂရုမစိုက်သောကြောင့်သာ ဖြစ်သည်။ အဆင့်မြင့်အလွှာများရှိ လူများအတွက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများ ဂါထာအသုံးပြုနိုင်လျှင်ပင် ပုရွက်ဆိတ်တွေလိုမျိုး အားနည်းနေဆဲ ဖြစ်သည်။
ထိုကဲ့သို့ ကောင်းမွန်သော နည်းလမ်းကို အသင်္ချေအင်ပါယာကမ္ဘာဆီ ယူဆောင်သွားပါကလည်း ကျင့်ကြံသူအများစုက ထိုကဲ့သို့ အဆင့်နိမ့်နည်းလမ်းကို လှောင်ပြောင်နေမှာ သေချာသည်။
သို့သော် ဝမ်ဝေ့အနေနှင့် ထိုကဲ့သို့ မထင်ပေ။ အဆုံးမဲ့လေဟာနယ်ထဲတွင် ရှိနေသော ကမ္ဘာတိုင်း၊ အလွှာတိုင်းတွင် မတူညီသော အလေ့အထ၊ အကြံဉာဏ်နှင့် ဗဟုသုတများရှိကြောင်း သတိထားမိသွားစေသည်။
သူတို့၏ နည်းလမ်းများကို လျစ်လျူရှု အထင်သေးနေမည့်အစား အသင်္ချေအင်ပါယာကမ္ဘာ၏ ကျင့်ကြံသူများက ထိုဗဟုသုတများကို မှတ်သားထားကာ ကိုယ်ပိုင်ကျင့်စဉ်ကို အားကောင်းအောင် လုပ်သင့်သည်။
ထိုအကြံကို စိတ်ထဲတွင် မှတ်သားထားကာ ဝမ်ဝေ့က သူ မဟာဧကရာဇ် ဖြစ်လာသည့်အခါ လုပ်မည့် အစီအစဉ်များကို ပြုလုပ်ထားလိုက်သည်။
ဝမ်ဝေ့က ရက်အနည်းငယ် အနားယူပြီးနောက် အရှေ့ဘက်မိုးတိုင်းပြည်ကို အုပ်စိုးဖို့အတွက် ရှေ့ပြေးတပ်များစေလွှတ်လိုက်သည်။
သူခရီးစဉ်တစ်လျှောက် မရေတွက်နိုင်သော စစ်ပွဲများနှင့် မတူညီသော ပိုင်နက်များ၏ ချုံခိုတိုက်ခိုက်မှုများစွာကို ကြုံတွေ့ခဲ့ရသည်။
တစ်ခါက ဝမ်ဝေ့၏ စစ်တပ်ကို တိုက်ခိုက်ရန် မြစ်ထဲတွင် အသက်အောင့်ကာ ပုန်းနေသော ကျင့်ကြံသူအဖွဲ့နှင့်လည်း ကြုံတွေ့ခဲ့ရသည်။
သို့သော် စစ်ဆေးမှုနှင့် စမ်းသပ်မှုများစွာကြောင့် ဝမ်ဝေ့၊ လီကျွင်းနှင့် ယန်းလီလင်းတို့ သုံးယောက်လုံးက သူတို့လမ်းကြောင်းတွင် ပိတ်ဆို့နေသည့် အခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်ဖို့ အားအင်အကုန်စိုက်ထုတ်လေ့ ရှိသည်။
ယခုလိုနှင့် သုံးနှစ် ကုန်ဆုံးသွားသည်။ ဝမ်ဝေ့တို့အဖွဲ့က အရှေ့ဘက်မိုးတိုင်းပြည်တွင် ပြည်နယ် ၇၂ ခုကို အုပ်စိုးပြီးနေပြီ ဖြစ်သည်။
ကျန်ရှိနေသည့် တစ်ခုတည်းသော နေရာက တော်ဝင်မြို့တော် ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်နေရသည့်အကြောင်းအရင်းကလည်း ဝမ်ဝေ့က တိုင်းပြည်၏ အလယ်တွင် ရှိနေသော မြို့တော်ကိုချန်ထားခဲ့ပြီး အရှေ့ဘက်တွင်ရှိသော မြို့များကို သိမ်းပိုက်ခဲ့သည်။ ဒါမှ သူက ပင်လယ်ကမ်းခြေကို အပိုင်သိမ်းနိုင်မည် ဖြစ်သည်။
သမုဒ္ဒရာအနီးအနားရှိ မြို့များကို သိမ်းပိုက်ပြီးနောက် ဝမ်ဝေ့က ဤစစ်ပွဲကို အဆုံးသတ်ရန် မြို့တော်သို့ ပြန်သွားလိုက်သည်။
ဝမ်ဝေ့က မြို့တော်နှင့် သိပ်မဝေးသော စစ်တန်းလျားထဲတွင် ထိုင်နေသည်။
ပို့ဆောင်ရေး အဆောင်တွေမရှိဘဲ ဒီလောက်ကြီးတဲ့ကမ္ဘာမှာ လျှောက်သွားရတာ တကယ်ကို ခက်ခဲတာပဲ
ဝမ်ဝေ့ တစ်ယောက်ထဲ တွေးနေမိသည်။
ဤကမ္ဘာတွင် ပို့ဆောင်ဆက်သွယ်ရေးစနစ်သာ ရှိပါက သူ ထိုတိုင်းပြည်ကို လအနည်းငယ်အတွင်း သိမ်းပိုက်နိုင်သည်။ သို့သော် စစ်တပ်များကို ပြောင်းရွှေ့ဖို့အတွက် များပြားသည့် နတ်ဆိုးသားရဲများကို အသုံးပြုဖို့ လိုအပ်သည်။ ဝမ်ဝေ့တို့အတွက် ထိုကဲ့သို့ သွားလာရသည်က အင်မတန် နှေးကွေးသည်ဟု ယူဆသည်။
သူက တစ်စစီ လွင့်ပြယ်နေသော အတွေးများကို စုစည်းကာ အခန်းထဲရှိ လူများကို မေးလိုက်သည်။
“ မြို့တော်တစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ စွမ်းအားကြီးအစီအရင်ကို အလျင်အမြန်ဖျက်ဆီးနိုင်မဲ့ နည်းလမ်းကို သိတဲ့သူရှိလား”
သို့သော် ဘယ်သူမှ သူ့ကို အဖြေမပေးနိုင်ပေ။ လူအများစုက သူနှင့် အကြည့်ချင်းပင် မဆုံရဲသည့်အတွက် ခေါင်းများ ငုံ့ထားကြသည်။
ဝမ်ဝေ့က သူကိုယ်တိုင်ပင် အကြပ်ရိုက်နေသည့်အတွက် ထိုလူများကို အပြစ်မတင်ပေ။ သူ၏ တွက်ချက်မှုအရ သူ၊ လီကျွင်းနှင့် ယန်းလီလင်း သုံးယောက်လုံး ထိုအစီအရင်ကို တိုက်ခိုက်လျှင်ပင် အနည်းဆုံး သုံးလလောက် ဆက်တိုက်ဗုံးကြဲနေသလိုမျိုး တိုက်ခိုက်နေမှသာ ချိုးဖောက်နိုင်လိမ့်မည်မှန်း သိသည်။
အထူးသဖြင့် ဝမ်ဝေ့လိုမျိုး အက္ခရာစာကျွမ်းကျင်သူအတွက် ထိုအစီအရင်ကိုယ်တိုင်က စွမ်းအားကြီးနေတာ မဟုတ်ကြောင်း သိသည်။ အစီအရင်ကို ယခုလောက်ထိ အားကောင်းစေသည့် အကြောင်းအရင်းက ဘုရင်က တိုင်းပြည်၏ ကျန်ရှိနေသော ကံကောင်းမှုကို အစီအရင်ပေါ်တွင် ပေါင်းထည့်ထားခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ခုခံစွမ်းအားက စိတ်ကူးမယဉ်နိုင်သောအဆင့်အထိ မြင့်တက်သွားသည်။
အခြေအနေကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို စဉ်းစားပြီး ဝမ်ဝေ့ မေးလိုက်သည်
“ အထဲကနေ လက်နက်သိမ်းနိုင်မဲ့နည်းလမ်း ဝမ်ကျူဆီမှာ ရှိလား”
“ လွန်ခဲ့တဲ့တစ်လကျော်လောက်က သူမ နောက်ဆုံးဆက်သွယ်တော့ သူမရဲ့ ခွန်အားက တိုင်းပြည်ရဲ့ ကံကောင်းခြင်းနဂါးရဲ့ ဖိနှိပ်ခြင်းကို လုံးဝခံနေရပြီး အခုလုံးဝပုန်းကွယ်နေရတယ်လို့ ပြောပါတယ်”
လွန်ခဲ့သော သုံးနှစ်က ဝမ်ဝေ့ လက်အောက် ခိုဝင်ထားသည့် အကြံပေးသူတစ်ယောက်က ဖြေကြားပေးလိုက်သည်။
ဝမ်ဝေ့ ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေစဉ် အကြံပေးသူ ကျောက်ဖုန်းက ရရှိလာသော သတင်းနှင့်အတူ အခန်းထဲသို့ ဝင်လာသည်။
ဝမ်ဝေ့က ထိုသစ္စာဖောက်တတ်သည့်သူကို နှစ်ပေါင်းများစွာ သူ့လက်အောက်မျာ ထားရှိခဲ့သည်။ ထိုလူက ပိုင်ရှင်ကိုပင် ပြန်ကိုက်တတ်သည့် မြွေဖြစ်လည်း ဝမ်ဝေ့ ဂရုမစိုက်ပေ။ ထိုကဲ့သို့သော လူများကို ဘယ်လိုထိန်းချုပ်ရမည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ ထို့အပြင် သူ စည်းမျဉ်းဘောင်၏ အပြင်ထွက်သွားသည်ဟု သံသယရှိသည်နှင့် တစ်ပြိုင်နက် ထိုလူကို ချက်ချင်း သတ်ပစ်မည် ဖြစ်သည်။
အကြံပေးသူ ကျောက်ဖုန်းက ဝမ်ဝေ့ကို အရိုအသေပေးကာ ပြောလိုက်သည်
“ပညာရှိဝိဇ္ဇာ မြို့တော်ရဲ့ အထက်တန်းလွှာမျိုးနွယ်တွေထဲက တစ်ယောက်က စကားပြောဆွေးနွေးဖို့ စေလွှတ်လိုက်ပါတယ်”
“ ငါနဲ့ စကားပြောချင်တာလား။ ဘာအကြောင်းလဲ”
“ သူတို့က သဘောတူညီချက်တစ်ခု လုပ်ချင်နေကြတယ်။ အဲဒါက မြို့တော်ရဲ့ အစီအရင်ကို အလွယ်တကူ ချိုးဖျက်နိုင်ဖို့နဲ့လည်း သက်ဆိုင်တယ်တဲ့”
ထိုစကားကို ကြားလိုက်ရပြီးနောက် ကျောက်ဖုန်းကို စေ့စေ့ စိုက်ကြည့်လိုက်သည်။ ဤသဘောတူညီချက်က သူနှင့်သက်ဆိုင်နေသည်ဟု ခန့်မှန်းလိုက်သော်လည်း သူ ဂရုမစိုက်ပေ။
ကျောက်ဖုန်းသာ သူ ယခုခံစားနေရသော ပူပင်သောကကို ဖြေရှင်းပေးနိုင်ပါက သူ ဆုပင် ချီးမြှင့်ပေးလိုက်မည်။
ထို့နောက် သူ ပြောလိုက်သည်
“ သူ့ကို ဝင်ခွင့်ပေးလိုက်”