( စစ်ဆင်ရေးစမယ်!)
Vol. 11 Ch. 142
တရှားတိုင်းပြည်ရဲ့ နယ်စပ်တွင် ငွေတုံးသန်းနှစ်ဆယ်ကို သယ်ဆောင်လာသော ဝေ့တိုင်းပြည်ရဲ့ စစ်တပ်က လီလင်ပုတို့ ရောက်အလာကို တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေကြသည်။
ဝေ့တိုင်းပြည်ရဲ့ သံတမန်တပ်ဖွဲ့ကို စစ်သူကြီးမူရုံမှ ဦးဆောင်ထား၏။
စစ်သူကြီးမူရုံသည် ငွေရောင် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည်။ မြင့်မားသော ကြေးနီရောင် မြင်းပေါ်တွင် ထိုင်နေတဲ့ သူ့ရဲ့မျက်နှာက လွန်စွာ မောက်မာနေ၏။ တရှားတိုင်းပြည် အတွင်းကို စက်ဆုပ်မှု အပြည့်နဲ့ ကြည့်ရှု့နေခဲ့သည်။
တဖြည်းဖြည်းနဲ့ သူ့ရဲ့မျက်နှာက ပျက်ယွင်းလာသည်။ စောင့်ဆိုင်းနေရတဲ့အတွက် စိတ်မရှည်တော့ပုံပဲ။
စစ်သူကြီးမူရုံ ရေရွတ်လိုက်သည်။
“ဒီတရှားတိုင်းပြည်က တကယ်ကို မောက်မာတာပဲ၊ နေ့လည်တောင် ရောက်တော့မယ် တစ်ယောက်မှ ပေါ်မလာသေးဘူး”
ချက်ချင်းပဲ စစ်သူကြီးမူရုံက မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။
လက်ထောက်စစ်သူကြီး အမြန် ရှေ့တိုးလာကာ…
“စစ်သူကြီး ပြောတာ မှန်ပါတယ်။ တရှားတိုင်းပြည်က တကယ်ကို မောက်မာလွန်းတယ်။ သူတို့ဘက်က ကူးသန်း ရောင်းဝယ်မှုကို တောင်းဆိုခဲ့ပေမဲ့ အခု နေ့လည်တောင် ရောက်နေပြီး တစ်ယောက်မှ ပေါ်မလာသေးဘူး!”
စစ်သူကြီးမူရုံက သူ့ရဲ့လက်နှစ်ဖက်ကို ဖုန်ခါရင်း စက်ဆုပ်စွာဖြင့် တိုင်းပြည်အတွင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက်မှာ ဘေးတွင်ရှိနေသော မျက်နှာပျက်နေသည့် လက်ထောက် စစ်သူကြီးကို ကြည့်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။
“အပိုစကားတွေ ပြောနေတာ တော်တော့၊ မင်းသေချာ စီစဉ်ထားလား”
“စစ်သူကြီး၊ တရှားတိုင်းပြည်အတွင်းကို ကျင့်ကြံသူများစွာ ပို့ထားပြီးပါပြီ။ တရှားတိုင်းပြည်ရဲ့ သံတမန် အဖွဲ့ ရောက်လာတာကို စောင့်ရုံပဲ။ အချိန်ကျရင် ကျွန်တော်တို့ဘက်က လှုပ်ရှားမှုကို စတင်လို့ ရပြီ။ ဒါ့အပြင် မဟူရာ နတ်ဘုရား တပ်ဖွဲ့ကလည်း တိတ်တဆိတ် ဆောင်ရွက် ပေးနေတဲ့အတွက် ကျွန်တော်တို့ရဲ့ တာဝန်က ပြဿနာမရှိနိုင်ပါဘူး”
လက်ထောက် စစ်သူကြီးက တည်ကြည်စွာဖြင့် ဖြေကြားလိုက်သည်။
စစ်သူကြီးမူရုံ ခေါင်းငြိမ့်လိုက်၏။ ထို့နောက်မှာ တစ်ခုခုကို တွေးမိသွားဟန်ဖြင့် စစ်သူကြီးမူရုံက ပြောလိုက်သည်။
“တရှားတိုင်းပြည်ကကော ဘယ်လိုနေလဲ? သူတို့ဘက်က မူမမှန်တဲ့ လှုပ်ရှားမှု တစ်ခုခုရှိသလား?”
လက်ထောက် စစ်သူကြီး အနည်းငယ် အံဩသွားပြီးမှ အမြန် ပြုံးလိုက်ကာ ဖြေကြားလိုက်သည်။
“စစ်သူကြီး စိတ်မပူပါနဲ့ ကျွန်တော် စုံစမ်းထားပြီပါပြီ။ လီလင်ပုက မောက်မာပေမဲ့ ဒီတစ်ခေါက်မှာတော့ တပ်သားတွေ မခေါ်လာခဲ့ဘူး။ သူတို့က ကျွန်တော်တို့ ဝေ့တိုင်းပြည်ကို ကြောက်နေမယ်လို့ ထင်နေပုံပဲ”
“ဟုတ်လား?”
စစ်သူကြီးမူရုံက အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့သည်။ ထို့နောက်မှာ ချက်ချင်းပဲ လက်ထောက် စစ်သူကြီးကို တည်တင်းနေတဲ့ မျက်နှာဖြင့် ကြည့်လိုက်သည်။
“တပ်သား တစ်ယောက်တောင် မခေါ်လာဘူးလား? ဒါတကယ် အမှန်လား?”
စစ်သူကြီးမူရုံက အေးစက်ကွာ မေးလိုက်သည်။
လက်ထောက် စစ်သူကြီး အမြန် ဖြေကြားလိုက်၏။
“သတင်းက တကယ်ကို မှန်ပါတယ်။ ကျွန်တော်တို့ဘက်က လွှတ်ထားတဲ့ သတင်းပို့တွေအရ လီလင်ပုက မြင်းတွေနဲ့ ကုန်တွေကိုပဲ သယ်ဆောင်လာတယ်။ တရှားတိုင်းပြည်ရဲ့ စစ်တပ်ကအခုထိ လုံးဝ လှုပ်ရှားမှု မရှိသေးပါဘူး!”
“ဟုတ်လား အဲ့ဒါထူးဆန်းနေတယ်၊ လီလင်ပုက ဒီလောက် မောက်မာတာ ဖြစ်နိုင်မလား?”
စစ်သူကြီးမူရုံ အတွေး များသွားခဲ့သည်။
ဒါပေမဲ့ လက်ထောက် စစ်သူကြီးက အမှုမထားစွာ ပြောလိုက်၏။
“အဲ့ဒါက ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး။ လီလင်ပုက စွမ်းဆောင်ရည် ရှိတယ်လို့ ထင်ရပေမဲ့ တကယ်မှာတော့ တိုင်းပြည်ကို လှည့်စားဖို့ ကြံစည်နေတဲ့ မကောင်းတဲ့ အရာရှိ တစ်ယောက်ပဲ မလား? အခုလိုမျိုး သူ့ဘက်က အားနည်းချက် ပြလာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ လှုပ်ရှားရ လွယ်ကူတာပေါ့”
လက်ထောက် စစ်သူကြီးက ပြောနေရင်းနဲ့ အနောက်က လူအုပ်ကို ကြည့်လိုက်သည်။
“ဒါပေမဲ့ အခု ကျွန်တော် စိတ်ပူနေတာ တစ်ခုက”
လက်ထောက် စစ်သူကြီးက အနောက်က မဟူရာ နတ်ဘုရား တပ်ဖွဲ့ကို ကြည့်လိုက်သည်။
စစ်သူကြီးမူရုံ အနည်းငယ် အံ့ဩသွား၏။ သူလည်းပဲ အနောက်ကို လှည့်ကြည့်မိသွားသည်။
“ဒါဆိုရင် မင်းရဲ့ ဆိုလိုရင်းက အခု လီလင်ပုရဲ့ ယုံကြည်မှုရှိနေတဲ့ အပြုအမူက မဟူရာ နတ်ဘုရား တပ်ဖွဲ့နဲ့ သက်ဆိုင်နေမယ်လို့လား?”
“ဒီကိစ္စက မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး”
“အကယ်လို့ မဟူရာ နတ်ဘုရား တပ်ဖွဲ့သာ ပါဝင်နေမယ်ဆိုရင် ဒီကိစ္စက ပြဿနာ အကြီးကြီး ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ လီလင်ပုရဲ့ အပြုအမူကို မြင်တဲ့အချိန်မှာ ကျွန်တော် သံသယတွေ အနည်းငယ် ပျောက်ကွယ် သွားခဲ့တယ်”
လက်ထောက် စစ်သူကြီးက ပြောနေရင်းနဲ့ မဟူရာ နတ်ဘုရား တပ်ဖွဲ့ကို အသေးစိတ် ကြည့်ရှုလိုက်သည်။ သူက သံသယဖြစ်ဖွယ် တစ်ခုခုကို အကဲခတ် နေတာပင်။ ဒါပေမဲ့ ဘယ်လောက်ပဲ စစ်ဆေးပါစေ၊ ဘာကိုမှ ရှာမတွေ့ ခဲ့ဘူး။ တရှားတိုင်းပြည်ဘက်က အခုလိုမျိုး တပ်သား တစ်ယောက်မှ ခေါ်မလာတဲ့ အပြုအမူသည် မဟူရာ နတ်ဘုရား တပ်ဖွဲ့နှင့် သက်ဆိုင်နေသည်ဟု သူထင်မှတ် မိသည်။
ဝေ့တိုင်းပြည်ဘက်က အခုလိုမျိုး ငွေတွေ ထုတ်နိုင်အောင် အလွန် ကြိုးစားခဲ့ရတာပင်။
မဟူရာ နတ်ဘုရား တပ်ဖွဲ့အတွက်နဲ့ သူတို့ရဲ့ အကြံအစည်ကို လက်လျော့လိုက်လို့ မဖြစ်ဘူး။
ဒီကိစ္စတွေ အားလုံးကို စစ်သူကြီးမူရုံ ဖြေရှင်းပေးမှ ဖြစ်တော့မည်။
“စစ်သူကြီး ကျွန်တော်တို့အရင် လက်ဦးမှု ယူပြီးတော့ မဟူရာ နတ်ဘုရား တပ်ဖွဲ့ တစ်ခုလုံးကို ရှင်းပစ်လိုက်ရမလား”
လက်ထောက် စစ်သူကြီးက မနေနိုင်စွာ မေးလိုက်သည်။
စစ်သူကြီးမူရုံက ခေါင်းရမ်းလိုက်ရင်း…
“မလိုအပ်ဘူး။ စိတ်မပူနဲ့။ ငါလုံလောက်တဲ့ လူအင်အားကို စီစဉ်ထားခဲ့ ပြီးပြီ။ မဟူရာ နတ်ဘုရား တပ်ဖွဲ့ အနေနဲ့ ဘယ်လိုမှ ပြဿနာရှာနိုင်မှာ မဟုတ်ဘူး။ အခု ငါသိချင်တဲ့ တစ်ခုတည်းသော အရာက အခု ငါတို့ရဲ့ အပေးအယူ ကိစ္စသာ ပြီးသွားပြီ ဆိုရင် တိုင်းပြည် အသီးသီးရဲ့ ဒေါသတွေကို တရှားတိုင်းပြည် အနေနဲ့ ဘယ်လို ဖြေရှင်းမလဲဆိုတာပဲ”
လက်ထောက် စစ်သူကြီးရဲ့ မျက်လုံးတွေက ယုံကြည်မှုတို့ ပြည့်နှက်နေ၏။ သူ့ရဲ့ မျက်နှာထက်မှာ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်မှာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
............
ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးသွားရင်း နောက်ထပ် တစ်နာရီခွဲ ကြာသွားခဲ့သည်။ ထိုအချိန်မှာ လီလင်ပုနဲ့အတူ ကုန်ပစ္စည်းတွေ ရောက်လာလေ၏။
လီဖူ ခေါ်ဆောင်လာပေးခဲ့သော သိုင်းပညာရှင်များကိုတော့ လီလင်ပုက နောက်ကွယ်တွင်သာ ပုန်းနေစေခဲ့သည်။
တစ်ဖက်က ဝေ့တိုင်းပြည်၏ အင်အားများပြားလှသော စစ်တပ်ကို ကြည့်နေရင်း လီလင်ပု မနေနိုင်စွာ အံ့ဩနေခဲ့သည်။
“တောင်းပန်ပါတယ် တောင်လမ်းက အနည်းငယ် ကြမ်းတမ်းတဲ့အတွက် ကြာသွားခဲ့တယ်။ ဒီကို လာနေတဲ့အချိန် ပြဿနာတစ်ချို့ တက်သွားလို့ပါ! အခု ရောက်လာတဲ့သူက ဝေ့တိုင်းပြည်ရဲ့ နာမည်ကျော် စစ်သူကြီးမူရုံ မှတ်လား”
“စစ်သူကြီးမူရုံနဲ့ ပတ်သက်ပြီး ကျွန်တော် ကြားထားတာ ကြာပါပြီ။ အခုလိုမျိုး တွေ့ရတော့မှ တကယ်ပဲ ဂုဏ်သတင်းနဲ့ ထိုက်တန်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ဆိုတာ လက်ခံလိုက်ရတယ်”
လီလင်ပုက ပြောနေရင်းနဲ့ မျက်နှာထက်မှာ တောင်းပန်သည့် အပြုံးတစ်ခုကို ဆင်မြန်း ထားခဲ့သည်။ ထို့နောက်မှာ တဆက်တည်း အရှေ့တိုးလိုက်၏။ ယဉ်ကျေးမှု ဖလှယ်သည့် အနေဖြင့် လက်ဆွဲ နှုတ်ဆက်ရန် ပြင်လိုက်သည်။
“အမတ်လီ ဘာတွေ ပြောနေတာပါလဲ? တရှားတိုင်းပြည်ရဲ့ ဒုအမတ်ချုပ် တစ်ယောက်နဲ့ အခုလိုမျိုး ပူးပေါင်းခွင့်ရတာကို ကျွန်တော် ဂုဏ်ယူရမှာပါ။ အခုလိုမျိုး တရှားတိုင်းပြည်နဲ့ ပူးပေါင်း ခွင့်ရတဲ့အတွက် တကယ်ပဲ ဝေ့တိုင်းပြည် ကိုယ်စား ဂုဏ်ယူမိပါတယ်။ ဝေ့တိုင်းပြည်နဲ့ တရှားတိုင်းပြည် ဆိုတာ စစ်ဖြစ်လာခဲ့တာ အလွန်ကြာခဲ့ပြီ။ ကျွန်တော်တို့သာ တတ်နိုင်မယ်ဆိုရင် ဒီပူးပေါင်းမှုကနေ စတင်ပြီး တိုင်းပြည်တွေကြားက အမုန်းတရားတွေကို ပယ်ဖျက် လိုက်ကြရအောင်။ ဒါဆိုရင် ပြည်သူတွေအတွက် များစွာ အကျိုး ဖြစ်လာလိမ့်မယ်”
စစ်သူကြီးမူရုံက တိုက်ရိုက်ပဲ ပြောဆိုလိုက်သည်။ အချိန် တစ်ချို့ကြာသည်အထိ သူတို့နှစ်ယောက်သည် ငယ်ပေါင်းတွေလိုမျိုး ပျော်ရွှင်စွာ စကားပြောဆို နေကြသည်။ အချင်းချင်းရဲ့ မျက်နှာထက်တွင် လေးစားမှုကို ဆင်မြန်းထား၏။
ထိုနှစ်ယောက်ရဲ့ ပုံစံကို ကြည့်လိုက်လျှင် အချိန်အကြာကြီး စစ်တိုက်ခဲ့သည့် ရန်သူတွေဆိုတာကို ဘယ်သူမှ ပြောနိုင်လိမ့်မည် မထင်ပေ။
တိုတောင်းသော နှုတ်ဆက်မှု အပြီးမှာ စစ်သူကြီးမူရုံက ပြောလိုက်သည်။
“ကဲ ဒါဆိုရင် စကားတွေများပြီး အချိန်ကုန် မခံကြရအောင်။ တရှားတိုင်းပြည်နဲ့ ဝေ့တိုင်းပြည်ရဲ့ ပူးပေါင်းမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ အရက်အစား ရေ သောက်ပြီးတော့ ဂုဏ်ပြုကြတာပေါ့။ ကျွန်တော့မှာ ကိစ္စတစ်ချို့ရှိတယ်။ အမတ်လီရေ ငွေကို ဒီမှာခဏထားလိုက်ရအောင်။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် တစ်ခုကိုသွားပြီး အေးဆေး စကားပြောကြမလား”
လီလင်ပု အများကြီး မတုံ့ပြန်ခဲ့ပေ။ ခပ်ပြုံးပြုံးနဲ့ပဲ လက်တစ်ဖက် ယမ်းပြလိုက်သည်။
“စစ်သူကြီးမူရုံ ဘာတွေ ပြောနေတာလဲ? အနာဂတ်မှာလည်း မကြာမကြာ ပတ်သက်ရအုန်းမှာပဲကို။ ဒီနေ့တော့ တစ်ခါထဲ ပူးပေါင်းမှုကို အပြီးသတ် လိုက်ကြရအောင်။ ရုံးတွင်း အခြေအနေတွေက သိတဲ့အတိုင်းပဲ အရေးကြီးတယ်လေ။ ကျွန်တော့ အနေနဲ့ ဒီငွေတွေကို အချိန်မှီ ကျန်းပိုင်မင်းသားဆီ ပို့ပေးရမှာပါ။ ဒါမှ တိုင်းပြည်ရဲ့ မဟာတံတိုင်း တည်ဆောက်တဲ့ စီမံကိန်းက ရှေ့ဆက်နိုင်မှာ မို့လို့လေ။ ဝေ့တိုင်းပြည်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က သဘောတူပေးထားတဲ့ အခြေအနေတွေကိုတော့ စစ်သူကြီးမူရုံ စိတ်ပူဖို့ မလိုပါဘူး။ ကျွန်တော့်ကို အပြည့်အဝ ယုံကြည်လို့ ရတယ်။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ကူညီပေးမယ်။ စီးပွားရေးက အရေးကြီး နေတာမလို့ နောက်မှ အေးဆေး စကားပြောကြတာပေါ့”
လီလင်ပုက ပြောပြီးတာနဲ့ အနောက်ကို လှည့်ကာ အော်လိုက်သည်။
“လာကြ ကုန်ပစ္စည်းတွေ သယ်လာခဲ့ကြ”
စစ်သူကြီးမူရုံက ဘာမှမပြောတော့ပဲ ပြုံးလိုက်သည်။ လီလင်ပုကိုလည်း မတားမြစ် ခဲ့ဘူး။
ဒီလိုနဲ့ပဲ အားလုံးက ချောမွေ့ သွားခဲ့သည်။ ထိုအချိန်မှသာ လီလင်ပု စိတ်သက်သာစွာ သက်ပြင်းချနိုင် တော့သည်။
“ဒါဆိုရင် အကုန်လုံး အဆင်သင့် ဖြစ်ပြီ”
........
ဒီလိုနဲ့ပဲ ပူးပေါင်းမှုက အဆင်ပြေ သွားခဲ့သည်။ လီလင်ပုတို့လည်း ထွက်ခွာဖို့ ပြင်လိုက်၏။
လီလင်ပုရဲ့ နောက်ကျောကို ကြည့်နေရင်း စစ်သူကြီးမူရုံက လက်တဖက်ယမ်းကာ အချက်ပြလိုက်သည်။ ထိုအချိန်မှာ လက်ထောက်စစ်သူကြီးက အမြန်ရှေ့ တိုးလာခဲ့ပြီး..
“စစ်သူကြီး!”
“အကုန်လုံးကို အခုပဲ သတင်းပေးလိုက်။ စစ်ဆင်ရေး စတင်မယ်!”
အမိန့်ပေးပြီးမှသာ စစ်သူကြီးမူရုံတစ်ယောက် စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့၏။
……….