← Chapters

တရားစီရင်ခြင်း

Vol. 8 Ch. 106

တရားစီရင်ခြင်း

Vol. 8 Ch. 106

အခန်း (၁၀၆) : တရားစီရင်ခြင်း

သုံ့ဟောင်က ဘေးဘက်ရှောင်ကာ ပျံသန်းလိုက်ပြီး သူ့ကို တိုက်ခိုက်သည့် လေအားများကို ရှောင်ရှားလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်၊ ခြေ၊ လက်နှင့် မျက်နှာတွင် မရေတွက်နိုင်သော သင်္ကေတများ ထွက်ပေါ်လာသည်။

ထို့နောက် သူ့စွမ်းအားက အဆမတန် တိုးပွားသွားသည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါ ခန္ဓာကိုယ်ပေါ်ရှိ သင်္ကေတများ လင်းလက်သွားပြီး လေထဲတွင် တောင်ကြီးတစ်လုံး ထွက်ပေါ်လာကာ ရန်သူဆီသို့ ဦးတည်သွားသည်။

ဝမ်ဝေ့က သုံ့ဟောင်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သုံ့ဟောင်အပေါ်တွင် ဖြစ်လာသော ပြောင်းလဲမှုများကြောင့် မျက်မှောင်ကြုတ်လိုက်ခြင်း မဟုတ်ပေ။ ထိုအမှတ်အသားများက မူလသင်္ကေတများဖြစ်ပြီး သဘာဝလွန် နယ်ပယ်အဆင့် ကျင့်ကြံသူများအားလုံးတွင် ရှိကြောင်း သူ ကောင်းကောင်းသိသည်။

သူ မျက်မှောင်ကြုတ်လိုက်ရခြင်း အကြောင်းက မြို့တော်ထဲတွင် ဆက်လက်တိုက်ခိုက်ပါက သူတို့တိုက်ပွဲကြောင့် သာမန်လူများစွာ သေကြမည်ဖြစ်သည့်အတွက် ဖြစ်သည်။

သာမန်အားဖြင့် ဝမ်ဝေ့က ထိုကဲ့သို့သော အရာမျိုးကို ဂရုမစိုက်တတ်ပေ။ ကြားရသည်မှာ ရက်စက်ကြမ်းကြုတ်သော်လည်း ထိုအရာက ကိုယ်ကံကြမ္မာကို မထိန်းချုပ်နိုင်သည့် သေမျိုးများ၏ ကံကြမ္မာ ဖြစ်သည်။

ဒီနေ့မသေရင်လည်း တစ်နေ့ကျရင် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲအကျိုးဆက်ကြောင့် သေရဦးမှာပဲ

သို့သော် ယခုလက်ရှိတွင် ဝမ်ဝေ့၏ ရာထူးက တိုင်းပြည်တစ်ခု၏ အနာဂတ် အုပ်ချုပ်သူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ့မြို့သူမြို့သားများ၏ အသက်ကို ထည့်စဉ်းစားဖို့ လိုအပ်သည်။

တောင်က သူ့အနားသို့ နီးကပ်လာသည့်အခါ တောင်က နေရောင်အောက်တွင် ရွှေရောင်တောက်ပနေသည့်အတွက် ဝမ်ဝေ့က ထိုအရာ၏ သတ္တုအရည်အသွေးကို သတိထားလိုက်မိသည်။ ထိုအရာက သာမန်တောင်မဟုတ်ဘဲ ရွှေသတ္တုဖြင့် သွင်းလုပ်ထားသည့်တောင် ဖြစ်သည်။

ဝမ်ဝေ့က အားပြင်းသော လက်သီးတစ်လုံး ပစ်သွင်းလိုက်သည့်အခါ ပြင်းထန်သောအားက လေထုကို ဖြိုခွင်းပြီး တောင်ကို သွားရောက်ထိမှန်သည်။

ဝုန်း…

မီတာ နှစ်ထောင်မြင့်သော တောင်က တုန်ခါသွားကာ သတ္တုမျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်။ သို့သော် ဖျက်ဆီးခံရတာမျိုး မဟုတ်သေးပေ။

ဝုန်း…ဝုန်း…ဝုန်း…

ဝမ်ဝေ့က လက်သီးချက်များ ဆက်လက်လွှတ်ထုတ်နေသည့်အတွက် တောင်တွင် အက်ကြောင်းများစွာ ထွက်ပေါ်လာပြီးနောက် ပေါက်ကွဲကာ တစ်စစီ ဖြစ်သွားသည်။ ထို့နောက် နောက်ထပ်အားပြင်းသော လက်သီးတစ်လုံးကို ပစ်လွှတ်လိုက်သည်။

သို့သော် ယခုတစ်ခေါက် တောင့်တင်းသော ခန္ဓာကိုယ်၏ အကြမ်းဖျင်းခွန်အားကိုသာ အသုံးပြုထားခြင်း မရှိပေ။ ထိုအစား ကြွက်သားများမှ တုန်ခါမှုကို ထိန်းချုပ်ကာ လေထဲသို့ ပစ်လွှတ်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြားတွင် ငလျင်တစ်ခုကို ဖန်တီးလိုက်သည်။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြို့တစ်မြို့လုံး တုန်ခါသွားကာ လေများကလည်း ငိုကြွေးနေသော တစ္ဆေများကဲ့သို့ အသံထွက်နေပြီး ကောင်းကင်ရှိ တိမ်များကလည်း တစ်စစီ ပြိုကွဲကုန်သည်။

ပြိုသွားသော တောင်၏ အပိုင်းအစများက အမှုန့်အဖြစ် ချက်ချင်း ပြောင်းလဲသွားကာ မြို့တော်ရှိ မြို့သူမြို့သားများကို မထိခိုက်ဘဲ လေထဲသို့ လွင့်ပြယ်သွားသည်။

သုံ့ဟောင်က လက်သီးချက်၏ တွန်းထုတ်မှုကြောင့် ပါးစပ်ထဲမှ သွေးအန်သွားသည်။ သူ့ကို ကာကွယ်ဖို့ အလွှာတစ်ခု ပြုလုပ်ထားသော်လည်း တုန်ခါမှုက သူ၏ အကာအကွယ်ကို ဖြတ်သန်းသွားနိုင်ကာ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်သွားစေခဲ့သည်။

လေထဲတွင် ဝမ်ဝေ့၏ ခဲဖြူရောင်ဆံနွယ် လွင့်မြောနေပြီး သူက လက်သီးကို စိုက်ကြည့်ကာ နေမိသည်။ သူ ယခုလေးတင် ဖန်တီးလိုက်သော တိုက်ကွက်အသစ်အတွက် သူ အရမ်းပျော်မိသည့်အတွက် ပြုံးလိုက်သည်။

ထိုတိုက်ကွက်ကို ငလျင်လက်သီးဟု ခေါ်ပြီး ထိုတိုက်ကွက်က သူ၏ စွမ်းအားကြီးခန္ဓာကိုယ်၏ အားသာချက်ကို အကုန်ထုတ်သုံးနိုင်သည်။ သူ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းနှင့် ပတ်သက်ပြီး အမြဲတမ်း အပြစ်တင်နေသည့်အချက်က အစောပိုင်းအဆင့်တွင် ဘာတိုက်ကွက်မှ မရှိခြင်း ဖြစ်သည်။

ကျမ်းထဲတွင် တိုက်ခိုက်နည်းများစွာ ရှိပြီး တချို့က ဝမ်ဝေ့ကို နေ့ရောညပါ သွားရည်ကျအောင်လုပ်နေသည်။ သူ ထိုတိုက်ကွက်များကို အသုံးမပြုခင် အရမ်းမြင့်သော နယ်ပယ်အဆင့်သို့ ရောက်အောင် ကျင့်ကြံထားဖို့ လိုအပ်သည်။

ဝမ်ဝေ့ ဖတ်ခဲ့ရသည့် မှတ်စုထဲတွင် အစောပိုင်းအဆင့်များ၌ စွမ်းအားကြီး တိုက်ကွက်များ မပါဝင်သော်လည်း ခွန်အားကို ဘယ်လိုမျိုး သေချာထိန်းချုပ်ရမလဲဆိုသည့် သူတို့၏ နားလည်မှု ပါဝင်သည်။

ထိုကျမ်းကို အောင်မြင်စွာ ကျင့်ကြံသွားနိုင်သူများက အစောပိုင်းအဆင့်တွင် များသောအားဖြင့် ခွန်အားအစား စွမ်းအားကြီး ခုခံမှုနှင့် ပင်မစွမ်းအားကိုသာ ဂရုစိုက်ကြသည်။

သူ၏ တိုက်ကွက်အသစ်ကို သေချာအာရုံစိုက်ရန် အချိန်အနည်းငယ် ယူပြီးနောက် ဝမ်ဝေ့က သုံ့ဟောင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ကျုပ်တို့ ဒီတိုက်ခိုက်မှုကို မြို့အပြင်မှာ လုပ်ရင် ဘယ်လိုလဲ”

သို့သော် လေထဲတွင် ရှိနေသော သုံ့ဟောင်က သူ့ကို လုံးဝလျစ်လျူရှုကာ ခန္ဓာကိုယ်ပေါ်ရှိ သင်္ကေတများ တစ်ဖန်ထပ်မံ လင်းလက်လာပြီး နောက်ထပ်တိုက်ခိုက်မှုတစ်ခုအတွက် ပြင်ဆင်နေသည်။

ထို့ကြောင့် ဝမ်ဝေ့ ဆက်ပြောလိုက်သည်

“ ခင်ဗျား ဒီမြို့က လူတွေအတွက် ဂရုမစိုက်ဘူးလား”

သူ့စစ်တပ်၏ တိတ်ဆိတ်မှုကို မြင်ပြီး ဝမ်ဝေ့ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ထို့နောက် အားအကုန်သုံးကာ သုံ့ဟောင်ဆီ တည့်တည့်ခုန်တက်သွားသည်။ သူ့ခန္ဓာကိုယ်ကြောင့် မြေပြင်တွင် မရေတွက်နိုင်သော အက်ကြောင်းများစွာ ဖြစ်ပေါ်နေပြီး သူ ထွက်ခွာအပြီးတွင် စွမ်းအားကြီးလှိုင်းများ ပျံ့နှံ့သွားသည်။

ဝမ်ဝေ့ သူ့ဆီကို အမြောက်ဆံတစ်ခုကဲ့သို့ လာနေသည်ကို သုံ့ဟောင်က ပါးစပ်ဖွင့်ကာ မရေတွက်နိုင်သော သေးငယ်သည့် ဓားများစွာကို ပစ်လွှတ်လိုက်သည်။

သူ့ခန္ဓာကိုယ်မှ ထိုဓားများ ထွက်လာပြီးနောက် သာမန်အရွယ်အစားအဖြစ် ပြောင်းလဲကာ ဝှီးဆိုသော အသံနှင့်အတူ ဝမ်ဝေ့ကို အလျင်အမြန် တိုက်ခိုက်နေကြသည်။

ချွင်…ချွင်…

ထိုဓားများ ဝမ်ဝေ့၏ အရေပြားနှင့် သွားထိသည့်အခါ သတ္တုများ ပွတ်တိုက်သံ ထွက်ပေါ်လာပြီး ခြစ်ရာလေးတစ်ခုပင် ထင်အောင် မလုပ်နိုင်ဘဲ အောက်ပြုတ်ကျသွားသည်။

ဝမ်ဝေ့က သုံ့ဟောင်နှင့် တိုက်ခိုက်တော့မည့်အချိန်တွင် သုံ့ဟောင်က သူ့ကို လှောင်ရယ်ကာ အလွယ်တကူ တိုက်ခိုက်လိုက်သည်။

ပညာရှိဝိဇ္ဇာအနေဖြင့် ယခုလိုအမှားမျိုး လုပ်လိမ့်မည်ဟု သုံ့ဟောင် မျှော်လင့်မထားခဲ့ပေ။ လေထဲတွင် ပျံသန်းနိုင်သည့် စွမ်းရည်မရှိဘဲ လေပေါ်တိုက်ပွဲတွင် ပါဝင်နေခဲ့သည်။ သို့သော် သုံ့ဟောင်၏ မျက်နှာပေါ်မှ လှောင်ပြောင်မှုက ကြာရှည်မခံလိုက်ပေ။

သူ ဓားဖြင့်ခုတ်လိုက်သည့်အချိန်တွင် ဝမ်ဝေ့က ထိုတိုက်ကွက်ကို ကြိုတင်ခန့်မှန်းထားသကဲ့သို့ လေထဲတွင် နောက်ကျွမ်းပစ်လိုက်သည်။ ထို့နောက် လေထဲတွင် မတ်တပ်ရပ်နိုင်ရန်အတွက် ဝိညာဉ်ချီကို ထိန်းချုပ်ရန် အံ့ဖွယ်သွေးကြောကို အသက်သွင်းလိုက်သည်။

ဝုန်းဆိုသော အသံနှင့်အတူ သုံ့ဟောင်ရှိရာသို့ အရှိန်အပြည့်ဖြင့် ပြေးသွားလိုက်သည်။ ထိုအပြုအမူကြောင့် သုံ့ဟောင် အရမ်းအံ့ဩထိတ်လန့်သွားသည့်အတွက် ဘာမှမတုံ့ပြန်နိုင် ဖြစ်နေသည်။ သို့သော် နှစ်ပေါင်းများစွာ ရရှိထားသော အတွေ့အကြုံများကြောင့် ချက်ချင်း အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။

သို့သော် ဝမ်ဝေ့ ထိုအရာကို ဂရုမစိုက်ပေ။ ပြိုင်ဘက်ကင်းအရှိန်နှင့်အတူ လက်မှ လက်သည်းထွက်လာကာ ရွှေရောင်အလွှာ အကာအကွယ်ကို အလွယ်တကူ ဖျက်ဆီးလိုက်ပြီး သုံ့ဟောင်မျက်နှာကို ဖမ်းဆုပ်လိုက်သည်။

လေဟုန်ဆန်ရင်း သုံ့ဟောင်ကို သေချာကိုင်ထားရင်း မြို့အပြင်ဘက်သို့ အရှိန်ဖြင့် ထွက်သွားသည်။

ဝုန်း…

ဝမ်ဝေ့က လေထဲမှာ သွားလာနေရင်း အသံအကာအကွယ်အလွှာကို ဖျက်ဆီးလိုက်သည်။

မြို့သူမြို့သားများ ပေါက်ကွဲသံကို ကြားပြီးနောက် လေထဲရှိ စက်ဝိုင်းပုံစံ အငွေ့ထဲတွင် မြို့ပြင်သို့ ထွက်သွားသည့် အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။

မီတာရာချီအောင် သွားလာပြီးနောက် ဝမ်ဝေ့က သုံ့ဟောင်ကို မြို့အပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်။

သဘာဝလွန် ကျင့်ကြံသူက မြေပြင်နှင့် ထိတိုက်မိကာ အက်ကြောင်းများစွာကို ဖြစ်ပေါ်သွားစေသည်။ သူ သွေးအန်ကာ သီးနေသည်။ သူ ပြုတ်ကျသွားသည့်အတွက် ထိုနေရာတွင် ဖုန်ထသွားကာ ဖုန်အချို့က သူ့အဆုတ်ထဲသို့ ဝင်ရောက်သွားသည်။

ထို့နောက် သူက မူလအဆီအနှစ်ဖြင့် ကျောဘက်တွင် ကျိုးနေသော အရိုးများကို ကုစားကာ ကျောရိုးကို ကာကွယ်လိုက်သည်။ ထို့နောက် သူက လေထဲတွင် ပျံသန်းနေသော၊ မဟုတ်သေးဘူး … လေထဲတွင် လမ်းလျှောက်နေသော ဝမ်ဝေ့ကို ကြည့်ကာ အံ့ဩထိတ်လန့်နေသည်။

အံ့ဖွယ်စင်မြင့် နယ်ပယ်အဆင့်တွင် ရှိသူများ လေထဲတွင် မပျံသန်းနိုင်ကြောင်းကို အားလုံးသိသည်။ သို့သော် ပညာရှိဝိဇ္ဇာက ထိုပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ့သွားပုံရသည်။ တချို့လူများကလည်း ထိုနည်းလမ်းကို မစဉ်းစားမိဘဲ နေခဲ့ခြင်းမျိုးတော့လည်း မဟုတ်ပေ။

သို့သော် ယခုကဲ့သို့ လုပ်နိုင်ရန်အတွက် စိတ်ဝိညာဉ်ချီကို ထိန်းချုပ်နိုင်ရန် လိုအပ်သည်။ ဤကမ္ဘာရှိ အဆင့်နိမ့်သော စိတ်ဝိညာဉ်ချီကြောင့် လုပ်ရန် မဖြစ်နိုင်သည့်အရာဟု သုံ့ဟောင် ယခင်က သတ်မှတ်ထားခဲ့မိသည်။

လေထဲတွင် မတ်တပ်ရပ်နိုင်ရန် ခန္ဓာကိုယ်မှ ခံနိုင်ရည်ရှိဖို့ လိုအပ်သည်ကို မဆိုထားနှင့် ဤပျံသန်းနည်းကို အသုံးပြုရန် အံ့ဖွယ်သွေးကြောများကို အသက်သွင်းဖို့ များပြားသော မူလချီပမာဏကို လိုအပ်သည့်အတွက် ဤကမ္ဘာရှိ ကျင့်ကြံသူများ လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။

လက်ချောင်းများလှုပ်သကဲ့သို့ လွယ်ကူလှသော သဘာဝလွန် နယ်ပယ်အဆင့်တွင် ပျံသန်းခြင်းနှင့် နှိုင်းယှဉ်လိုက်လျှင် ဤပျံသန်းနည်းက ရှုပ်ထွေးပြီး လူတိုင်းလုပ်နိုင်သည့်အရာမျိုး မဟုတ်ပေ။

နောက်ထပ်တစ်ခါ သွေးအန်ပြီးနောက် သုံ့ဟောင် မတ်တပ်ထရပ်လိုက်သည်။ သူ့အဝတ်အစားများ စုတ်ပြဲနေပြီး ဆံပင်များ ရှုပ်ပွနေသော်လည်း သူ ဂရုမစိုက်ပေ။

ရုတ်တရက် သုံ့ဟောင်၏ ခန္ဓာကိုယ်ကို ရွှေရောင်ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်သွားကာ မျက်နှာနှင့် မျက်လုံးများကိုပါ အုပ်သွားသည်။

ထိုအရာကို မြင်ပြီးနောက် မူလအဆီအနှစ်၏ လှုပ်ခတ်မှုကို မခံစားရသည့်အတွက် ဝမ်ဝေ့ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအရာက မူလစွမ်းရည် မဟုတ်ကြောင်း ဆိုလိုနေခြင်းဖြစ်သည်။

ရုတ်တရက် သူ မွေးရာပါအရည်အချင်း ဆိုသည့်အရာကို စဉ်းစားမိသွားသည်။ စွမ်းအင်အရင်းအမြစ်က မွေးရာပါ အရည်အချင်းရှိသူများအတွက် တစ်စိတ်တစ်ပိုင်း ဖြစ်နေသည့်အတွက် စွမ်းအင် အများကြီး မလိုအပ်ပေ။

သဘာဝလွန် နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူအားလုံးတွင် ကိုယ်ပိုင် မွေးရာပါအရည်အချင်း ရှိခြင်း မဟုတ်သည့်အတွက် ဝမ်ဝေ့ အတော်လေး အံ့ဩသွားမိသည်။ ထိုအရာက အရည်အချင်းနှင့် ကံကောင်းမှု နှစ်ခုလုံး လိုအပ်သည်။

အရည်အချင်းမရှိဘဲ ကံကောင်းမှုနှင့် ပြည့်နှက်နေပါက သဘာဝလွန် နယ်ပယ်အဆင့်သို့ ရောက်သည့်အခါ အရည်အချင်းတစ်ခုကို ရရှိမည် မဟုတ်ပေ။ အရည်အချင်းရှိပြီး ကံမကောင်းပါက ရရှိလာသော အရည်အချင်းက အတော်လေး ဆိုးရွားလိမ့်မည်။

ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် သုံ့ဟောင်က ဝမ်ဝေ့ဆီ ဦးတည်ပျံသန်းလာသည်။ ဤတိုက်ပွဲကို အလွယ်တကူ အနိုင်ရရန် ပျံသန်းစွမ်းရည်ကို အသုံးမပြုနိုင်တော့သည့်အတွက် အနိုင်ရသူကို ဆုံးဖြတ်ရန် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

သုံ့ဟောင် သူ့ဆီ ဦးတည်လာနေသည်ကို မြင်လိုက်ရပြီးနောက် စိတ်လှုပ်ရှားစရာကောင်းသော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ဝမ်ဝေ့ အင်မတန် စိတ်လှုပ်ရှားနေမိသည်။

ထို့ကြောင့် သူ လေထဲ ဝင်ရောက်ကာ သူ့ဆီ အမြန်ပြေးဝင်သွားပြီး လက်သီးတစ်ချက် ထိုးလိုက်သည်။ သူက ငလျင်လက်သီးကို တွေဝေခြင်းမရှိ အသုံးပြုလိုက်သည်။

ဝမ်ဝေ့၏ လက်သီးက ရွှေရောင်သုံ့ဟောင်နှင့် သွားရောက်တိုက်မိသည်။ သူတို့၏ ထိတိုက်မှုအပြီး လေထုတုန်ခါသွားသည်ကိုပင် မြင်နိုင်သည်။

သုံ့ဟောင်၏ ရွှေရောင် ချပ်ဝတ်တန်ဆာ အက်ကြောင်းထင်သွားကာ အထဲရှိ သွေးများကို ဖယ်ထုတ်လိုက်သည်။ ခဏအကြာတွင် အက်ကြောင်းများ ပြန်လည်ကောင်းမွန်သွားပြီး သူလည်း ဝမ်ဝေ့နှင့် ထိပ်တိုက် တိုက်ခိုက်တော့သည်။

မြို့တော်ထဲတွင် တော်ဝင်မိသားစုနှင့် မဟာမိတ်အဖွဲ့မှ အထက်တန်းလွှာများက ဤတိုက်ပွဲကို မတူညီသော စိတ်သဘောထားများဖြင့် စောင့်ကြည့်နေကြသည်။ ထိုတိုက်ပွဲက အရှေ့ဘက်မိုးတိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်လိမ့်မည်ဟု အားလုံးက သတ်မှတ်ထားကြသည်။

All Chapters