တိုင်းပြည်အသစ်
Vol. 8 Ch. 109
အခန်း (၁၀၉) : တိုင်းပြည်အသစ်
တော်ဝင်မိသားစုကို ကွပ်မျက်ပြီး ရက်အနည်းငယ်အကြာတွင် တစ်စုံတစ်ယောက်က နဂါးပလ္လင်အခန်းထဲ သူ့ဆီ လာတွေ့လေသည်။
ထိုသူက ဆွေကြီးမျိုးကြီး အထက်တန်းလွှာ မဟာမိတ်အဖွဲ့ မှ ကျန့်ယီ ဖြစ်၏။
ပညာရှိဝိဇ္ဇာက သူတို့၏ သဘောတူညီချက်အကြောင်း ဘာမှမပြောသည့်အတွက် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ အတော်လေး စိတ်ဖိစီးနေခဲ့သည်။ သူ အထက်တန်းလွှာများကို ဆက်တိုက် မတိုက်ခိုက်ခဲ့လျှင်ပင် သူတို့ ကြီးမားသော ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။
ဝမ်ဝေ့ကို နဂါးပလ္လင်ပေါ်မှာ မြင်လိုက်ရသည့်အခါ သူ ၉၀ ဒီဂရီ ဦးညွှတ်၍ အရိုအသေပေးကာ ပြောလိုက်သည်
“ ဘုရင်ကြီး အသက်ရှည်ပါစေ။ ကျင့်ကြံဆင့် မြင့်မားလာပြီး သက်တော်ရာကျော်ရှည်ပါစေ။”
ဝမ်ဝေ့က သူ့ကို တည်ငြိမ်သော အကြည့်များဖြင့် စိုက်ကြည့်ကာ လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်
“ ထနိုင်ပါပြီ”
ထို့နောက် ကျန့်ယီက မတ်တပ်ရပ်ကာ ဝမ်ဝေ့နှင့် အကြည့်ချင်းဆုံပြီးနောက် သူ လာလည်ရသည့် အကြောင်းအရင်းကို ပြောပြလိုက်သည်။
“ ဘုရင်မင်းမြတ် ကျွန်တော်တို့ရဲ့ သဘောတူညီမှုက အခုထိ အကျုံးဝင်သေးလား”
“ ဒါပေါ့ ခင်ဗျား အပြစ်အစားခံပေးမဲ့ အထက်တန်းလွှာအုပ်စုကို ရွေးပေးတာနဲ့ အရာအားလုံးက အရင်အတိုင်းပဲ ဖြစ်နေဦးမှာပဲ”
ကျန့်ယီက ထိုအကြောင်းကို ကြားပြီး သက်ပြင်းချကာ မေးလိုက်သည်
“ ဒါဆိုရင် ကျွန်တော်တို့ ဘယ်အချိန်လောက် ဝိညာဉ်စာချုပ် ချုပ်ဆိုနိုင်မလဲဟင်”
“ အဲလိုလုပ်ဖို့ မလိုပါဘူး” ဝမ်ဝေ့က ပြုံးရင်း ဖြေလိုက်သည်။
“ ခင်ဗျားတို့က ကျုပ်ကို စကားတည်တဲ့သူဆိုပြီး ယုံကြည်ထားတယ်ဆိုတော့ အဲဒီယုံကြည်မှုကိုလည်း ဆက်လက် ခိုင်မာအောင် လုပ်သွားကြတာပေါ့”
ကျန့်ယီက ထိုစကားကို ကြားပြီး မျက်မှောင်ကြုတ်လိုက်မိသော်လည်း ထိုအကြောင်းနှင့် ပတ်သက်ပြီး သူ ဘာမှထပ်မပြောပေ။ သူ အရိုအသေ ထပ်ပေးကာ ပြောလိုက်သည်
“ ဒါဆိုရင် ဘုရင်မင်းမြတ်ရဲ့ စကားကို မဟာမိတ်အဖွဲ့ဆီ သတင်းပါးလိုက်ပါ့မယ်”
အကျဉ်းချုံး ပြောစရာရှိတာ ပြောပြီးနောက် ကျန့်ယီက မဟာမိတ်အဖွဲ့ကို သတင်းပေးဖို့ ပြန်သွားသည်။ ထိုအချိန်တွင် ဝမ်ဝေ့က ထိုမဟာမိတ်အဖွဲ့များကို လှောင်ရယ်လိုက်သည်။ သူ၏ အနာဂတ်တိုင်းပြည်ကို တည်ငြိမ်အောင် လုပ်ရန် သူတို့ကို လိုအပ်သေးသောကြောင့်သာ မဟုတ်လျှင် သူတို့ကို အရင်ကတည်းက သတ်ပစ်ခဲ့ပြီးလောက်လေပြီ။
သူ့အတွက် ကံမကောင်းစွာဖြင့် ဤတိုင်းပြည်၏ လူနေမှုအဆင့်အတန်းက သူ့ ယခင်ဘဝမှ ကမ္ဘာမြေ၏ ရှေးခေတ်အချိန်နှင့် အင်မတန် ဆင်တူနေသည်။
ဗဟုသုတ အများစုက ထိုအထက်တန်းလွှာများ၏ လက်ထဲတွင်သာ ရှိပြီး လူအများကို လျစ်လျူရှုကာ ပညာမတတ်အောင် ထားသလို ဘာသတင်းကိုမှလည်း ပေးမသိခဲ့ပေ။
ယခင်တိုင်းပြည်၏ အခြေအနေကို စစ်ဆေးလိုက်သည့်အခါ တိုင်းပြည်တစ်ခွင်ရှိ အမှုထမ်း ၉၅ ရာခိုင်နှုန်းက တော်ဝင်မိသားစုများနှင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် ပတ်သက်နေသည်။
ထိုအရာက တိုင်းပြည်၏ ပြောင်းလဲမှုနှင့် ပတ်သက်ပြီး မဟာမိတ်များ စိတ်မပူရသည့် အကြောင်းအရင်းထဲမှ တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနိုင်ရသူ ဘယ်သူပဲ ဖြစ်နေပါစေ တိုင်းပြည်ကို သေချာအုပ်ချုပ်နိုင်ရန် သူတို့၏ အကူအညီကို လိုအပ်နေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့က ဤနယ်မြေ၏ အစစ်အမှန် ထိန်းချုပ်သူဖြစ်ပြီး ယခင် ခေတ်ပေါင်းများစွာ ဖြစ်ခဲ့သလို ရောက်လာမည့် နှစ်များတွင်လည်း အတူတူ ဖြစ်နေဦးမည် ဖြစ်သည်။
ကျန်ရှိနေသော ၅ ရာခိုင်နှုန်းကို အထက်တန်းလွှာများ၏ အကျင့်ပျက်ခြစားမှုများကြောင့် ပူးပေါင်းရန် ငြင်းဆိုခဲ့သည့် စိတ်ရိုးသားဖြောင့်မတ်သောသူများဖြင့် ဖွဲ့စည်းထားသည်။
သို့သော် ကျန်ရှိနေသော ၅ ရာခိုင်နှုန်း၏ ကံကြမ္မာက အတော်လေး ခြောက်ကပ်နေသည်။ သူတို့က မြို့တော်၏ အဝေးတွင် မဟာမိတ်အဖွဲ့၏ ဖိနှိပ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ဝမ်ဝေ့၏ နောက်ထပ်ခြေလှမ်းက ထို ၅ ရာခိုင်းနှုန်းထဲရှိ လူများကို ရာထူးတိုးပေးဖို့ပင် ဖြစ်သည်။ သူ အရည်အချင်းရှိသော လူများကို စုဆောင်းရင်း တိုင်းပြည်မှ မဟာမိတ်အဖွဲ့များ၏ အဆက်အနွယ်များကို ဖြည်းဖြည်းချင်း ဖြတ်တောက်ပစ်မည်။
မြို့စားကြီးကျန့်စံအိမ်တွင်…
သူက ဘုရင်မင်းမြတ် ဝမ်ဝေ့နှင့် ဆုံတွေ့ပြီးနောက် ကျန့်ယီ မိသားစုရှိရာ အိမ်သို့ပြန်ကာ ရလဒ်ကို အစီရင်ခံလိုက်သည်။
မြို့စားကြီး ကျန့်ယုံက အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်ရှိ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်ပြီး ကျန့်မျိုးနွယ်၏ လက်ရှိ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်သည်။ အစီအရင်ခံမှုကို ကြားပြီးနောက် မျက်မှောင်ကြုတ်ကာ နောက်ထပ်လုပ်ရမည့် အစီအစဉ်အကြောင်း စဉ်းစားနေသည်။
“ ဒီဘုရင်အသစ်က ငါတို့ရဲ့ မိသားစုနဲ့ ပတ်သက်ပြီး တကယ်ကို တစ်ခုခု လုပ်ချင်နေတဲ့ပုံပဲ” ကျန့်ယုံက ရေရွတ်လိုက်သည်။
“ ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ။ အစီအစဉ်က ကျွန်တော်တို့အတွက် အကျိုးယုတ်သွားပြီ” မြို့စားကြီး၏ ဘေးတွင် ထိုင်နေသော မြို့စားလေးလန်ကျန့်က မေးမြန်းလိုက်သည်။
“ အခုတော့ သဘောတူညီမှုအတိုင်း လုပ်တာ အကောင်းဆုံးပဲ။ ကျုပ်တို့ရဲ့ မိသားစုကို ခဏလောက် စောင့်ခိုင်းထားကြတာပေါ့။ ပြီးတော့ နယ်ခြားနတ်ဆိုးတွေက စစ်ဆေးမှုပြီးသွားတဲ့အခါ ဒီကမ္ဘာကနေ ထွက်သွားမှာပဲလေ” နယ်စားချန်လျူက ပြန်ဖြေလိုက်သည်။
“ ဒီတိုင်းပြည်မှာ ငါတို့ပိုင်ဆိုင်ထားတဲ့ အာဏာကြောင့် ဘုရင်လည်း ငါတို့ကို အလွယ်တူ သတ်ရဲမယ်လို့ မထင်ပါဘူးကွာ”
ကျန်သည့်နှစ်ယောက်က သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်သည့်အခါ မြို့စားလေး လန်ကျန့်က ရုတ်တရက် မေးမြန်းလိုက်သည်
“ ဒီတစ်ခေါက် ဘယ်မိသားစုကို စတေးဖို့ စဉ်းစားထားလဲ”
အခန်းက ချက်ချင်း ငြိမ်ကျသွားပြီး အသက်ရှူသံမှလွဲ၍ ဘာမှ မကြားရတော့ပေ။
မြို့စားကြီး ကျန့်ယုံက လက်ဖက်ရည် တစ်ငုံလောက် သောက်ပြီးနောက် ပြုံးရင်း ပြောလိုက်သည်
“ ကြည့်ရတာ ဘုရင်မင်းမြတ်က ငါတို့ရဲ့ မဟာမိတ်ကို ကွဲစေချင်နေတဲ့ပုံပဲ။ ဒီနည်းလမ်းကို အသုံးပြုပြီးတော့ ငါတို့ကို သွေးခွဲဖို့ ကြိုးစားနေတာ။ ဘယ်လောက်တောင် ဉာဏ်များလိုက်တဲ့ ဘုရင်လဲ။ ငါ စုဆောင်းထားတဲ့ အချက်အလက်အရဆိုရင် သူက အသက်တစ်ရာတောင် မပြည့်သေးဘူး။ ငါ့သားသာ သူ့ အရည်အချင်းတစ်ဝက် … မဟုတ်သေးဘူး လေးပုံတစ်ပုံလောက် ရှိရင်တော့ကွာ … ”
မြို့စားကြီးက ဆယ်စက္ကန့်ကျော် သက်ပြင်းချပြီးနောက် ဆက်ပြောလိုက်သည်
“ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ငြင်းခုန်နေစရာ မလိုပါဘူး။ ဒါကို အခွင့်ကောင်းယူပြီးတော့ မြို့စားကြီး အိမ်ထောင်စုနှစ်ခုကို ရှင်းထုတ်ပစ်လို့ရတယ်။ ဒါပေမဲ့ ငါတို့ကို အနိုင်ကျင့်ဖို့ လွယ်ကူတဲ့သူတွေလို့ ဘုရင်မင်းမြတ်အသစ် မြင်သွားမှာမျိုးကို ခွင့်မပြုနိုင်ဘူး”
နောက်တစ်နေ့တွင် ဝမ်ဝေ့က သူ့ ထိန်းချုပ်မှုအောက်တွင်ရှိသော အမတ်များနှင့် အစည်းအဝေးတစ်ခုကို ပြုလုပ်နေသည်။ သူက တိုင်းပြည်အသစ် တည်ထောင်ရန်အတွက် အစီအစဉ်များ ပြုလုပ်နေသည်။
ထို့နောက် အကြံပေးသူ ကျောက်ဖုန်းက တွေ့ခွင့်တောင်းနေကြောင်း တစ်စုံတစ်ယောက်က လာပြောသည်။ သူ ခေါင်းညိတ်ပြလိုက်သည့်အခါ ကျောက်ဖုန်းက သတင်းအသစ်များကို ယူဆောင်ကာ ဝင်ရောက်လာသည်။
မဟာမိတ်အဖွဲ့မှ မြို့စားကြီးချိုးနှင့် မြို့စားကြီးယွင်တို့၏ မိသားစုဝင်များ အားလုံးကို ဘယ်လိုခေါ်ဆောင်လာကြောင်း အားလုံးကို အသိပေးလိုက်သည်။ မရေတွက်နိုင်သော စည်းစိမ်ဥစ္စာများ ပါဝင်သည့် သိုလှောင်လက်စွပ်များကိုလည်း သိမ်းဆည်းခဲ့ကြသည်။ ထိုသိုလှောင်လက်စွပ်များတွင် မရေတွက်နိုင်သော ရွှေများ၊ ငွေများ၊ ကျောက်စိမ်း၊ လက်ဝတ်ရတနာများနှင့် ပိုင်ဆိုင်မှုများ ပါဝင်သည်။
သို့သော် ထူးဆန်းသည့်အချက်က ထိုပစ္စည်းများကို ပျံသန်းနေသော အမျိုးသမီးတစ်ယောက်က ယူဆောင်လာပေးခြင်း ဖြစ်သည်။ ထို့နောက် အမျိုးသမီးက တော်ဝင်နန်းတော်၏ ဘေးရှိ အဆောက်အဦးတစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။
ထိုအကြောင်းကို ကြားပြီး အခန်းတစ်ခုလုံး တိတ်ဆိတ်သွားကာ အားလုံး စတင် စဉ်းစားကြတော့သည်။ ထိုအချိန်တွင် လူတစ်ယောက်က ရုတ်တရက် ထမေးလိုက်သည်
“ တစ်ခုလောက် မေးလို့ရမလား။ မဟာမိတ်အဖွဲ့က ဘာကိုဆိုလိုချင်တာလဲ”
“ ဒါက သတင်းစကားလေ။ ပိုပြီး ရှင်းအောင် ပြောရမယ်ဆိုရင်တော့ သတိပေးတာပဲ” လီကျွင်းက မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်သည်။
“ သတင်းစကားဟုတ်လား။ သတိပေးတာလား။ ဘာကို သတိပေးတာလဲ”
“ သူတို့မိသားစုရဲ့ နောက်ဆုံးကတ်ကလည်း သဘာဝလွန် နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း ပြချင်လို့လေ” နောက်ထပ် တစ်ယောက်က ဝင်ဖြေလိုက်သည်။ ယခုတစ်ခေါက် ရှင်းပြလိုက်သူက ဝမ်ဝေ့ ဖြစ်သည်။
သို့သော် မေးခွန်းကို မေးလိုက်သော အမတ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း ဆက်လက်မေးမြန်းလိုက်သည်
“ ဘုရင်မင်းမြတ်… အရှင်က လူသား သာလွန်အဆင့်မှာရှိတဲ့ ဘယ်ကျင့်ကြံသူထက်မဆို စွမ်းအားကြီးကြောင်း ပြသပြီးသွားပြီတာတောင် သူတို့က ဘာလို့ အဲဒီနည်းလမ်းကို အသုံးပြုပြီးတော့ ကျွန်တော်တို့ကို သတိပေးချင်နေရတာလဲ။ တကယ်ကို အဓိပ္ပာယ်မရှိဘူး”
“ ကျုပ်က အဲဒီနယ်ပယ်အဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေထက် စွမ်းအားကြီးတယ်ဆိုပေမဲ့ တစ်ခုတည်းသော ချို့ယွင်းချက်က သူတို့တွေ လေပေါ်မှာ ပျံသန်းနေသလိုမျိုး အလွယ်တကူ မြန်မြန်ဆန်ဆန် ပျံသန်းနိုင်ခြင်း မရှိတာပဲ။ အဲဒီနယ်ပယ်အဆင့်ကလူတွေ ထွက်ပြေးဖို့ ကြိုးစားရင် သူတို့ အဲလိုလုပ်တာကို တားနိုင်ပါမယ်လို့ အာမ မခံနိုင်ဘူး”
“ တကယ်လို့ အဲဒီ သဘာဝလွန် နယ်ပယ်အဆင့် ကျင့်ကြံသူတွေထဲက ပုန်းကွယ်ပြီးတော့ ပြောက်ကျားနည်းကို သုံးပြီး ကျုပ်တို့ ပိုင်နက်ထဲမှာရှိတဲ့ မြို့တွေရဲ့ တိုင်းသူပြည်သားတွေကို တိုက်ခိုက်မယ်ဆိုရင် ကျုပ် တတ်နိုင်တာ ဘာမှမရှိဘူး”
ထိုအခါမှ အမတ်လည်း ဤသတိပေးချက်၏ အရေးပါမှုကို သတိထားမိသွားသည်။ ထို အထက်တန်းလွှာများက သာမန်လူများကို လုံးဝ ထည့်သွင်းစဉ်းစားခြင်း မရှိသည့်အတွက် ထိုနည်းလမ်းအတိုင်း လုပ်နိုင်ချေ များပြားသည်။
ယန်းလီလင်းက ရုတ်တရက် စကားဝင်ပြောလိုက်သည်
“ အထက်တန်းလွှာ မဟာမိတ်အဖွဲ့ရဲ့ နည်းလမ်းက တကယ်ကို ပြောင်မြောက်တယ်။ အရှေ့ဘက်မိုးတိုင်းပြည်မှာ စွမ်းအားအကြီးဆုံးနဲ့ ရှေးအကျဆုံး အထက်တန်းလွှာမျိုးနွယ်တွေဖြစ်တဲ့ ကျန့်၊ ချန်၊ လန်သုံးခုရဲ့ အာဏာကြီးထွားလာခြင်းကို ထိန်းညှိပေးဖို့ အရင်အုပ်ချုပ်သူက တိတ်တဆိတ် ပျိုးထောင်ထားတဲ့ တော်ဝင်မျိုးနွယ်စုနှစ်ခု … မြို့စားကြီးချိုးနှင့် မြို့စားကြီးယွင်အိမ်ထောင်စု နှစ်ခုလုံးကို ကျွန်မတို့ရဲ့ သဘောတူညီချက်ကို အသုံးချပြီး ရှင်းထုတ်ပစ်ချင်နေတာပဲ ”
“ သူတို့ အဲလိုလုပ်ပြီးတော့ ချမ်းသာမှုတွေကို လက်လွှဲပေးတယ်ဆိုတာက တိုင်းပြည်အသစ်အပေါ်မှာ အညံ့ခံတယ်ဆိုတာကို ပြသတာ။ တစ်ချိန်တည်းမှာပဲ သူတို့က ခြိမ်းခြောက်ဖို့အတွက် စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်ကို လွှတ်လိုက်တယ်ဆိုတာက အနာဂတ်အတွက် သူတို့ရဲ့ နေရာနဲ့ ရာထူးကို ကာကွယ်လိုက်တာပဲ”
“ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပေါ့။ ဒီအကြံကို ပေးတဲ့သူက ဘယ်သူပဲ ဖြစ်ဖြစ် သူက ဉာဏ်နီဉာဏ်နက်များပြီးတော့ နိုင်ငံရေးကို ကောင်းကောင်း နားလည်တဲ့သူပဲ”
“ ကြည့်ရတာ မြေခွေးအိုကြီး ကျန့်ယုံ ဖြစ်လိမ့်မယ်” ဝမ်ဝေ့က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်
“ ကျုပ် သိထားသလောက်တော့ အထက်တန်းလွှာတွေထဲမှာ အဲဒီအဘိုးကြီး ဉာဏ်အများဆုံးပဲ”
“ ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး။ ကျုပ်မှာ ဒီဉာဏ်များတဲ့ အဘိုးကြီးတွေနဲ့ ကစားဖို့ အချိန် အများကြီး ရှိပါတယ်။ ကျုပ် ဒီတိုင်းပြည်ရဲ့ ပိုင်နက်ကို အပြည့်အဝ ထိန်းချုပ်နိုင်တာနဲ့ သူတို့ကို ရှင်းထုတ်ပစ်မယ်”
အချိန် နှစ်နှစ်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ ယနေ့က အရှေ့ဘက်မိုးတိုင်းပြည်မှ လူဟောင်းများအတွက် ထူးခြားသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်ဟောင်း၏ ပြာပုံပေါ်တွင် တိုင်းပြည်အသစ်ကို စတင်တည်ထောင်မည့်နေ့ ဖြစ်သောကြောင့် ဖြစ်သည်။
တော်ဝင်နန်းတော် ရှေ့တွင် ခရမ်းရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး သရဖူဆောင်းထားသည့် ဝမ်ဝေ့ မတ်တပ်ရပ်နေသည်။ သူ့ရှေ့တွင် ပလ္လင်တစ်ခုရှိပြီး မရေတွက်နိုင်သော သူ့နောက်တွင် အစိုးရ အရာရှိများနှင့် သုံ့လီဖန်းက မတ်တပ်ရပ်နေကြသည်။
သူမက ဇာမဏီငှက်များစွာ ပါဝင်သည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သရဖူကိုလည်း ဇာမဏီငှက်များဖြင့် အလှဆင်ထားသည်။ သူမက အသက်ရှူမှားလောက်အောင် လှပနေသော်လည်း အနည်းငယ် ကြောက်ရွံ့နေပုံပေါ်သည်။
ထိုအချိန်တွင် ဝမ်ဝေ့က တော်ဝင်စည်းတံဆိပ်ဟု ခေါ်သည့် နဂါးပုံစံထွင်းထားသော တော်ဝင်ကျောက်စိမ်းကို ထုတ်ယူလိုက်သည်။ ထိုအရာက တော်ဝင်အာဏာ၏ သင်္ကေတဖြစ်ပြီး ကြမ္မာတိုင်းပြည်၏ ကံကောင်းမှုကို သိပ်သည်းအောင် ပြုလုပ်ထားသည့် ရတနာတစ်ပါးလည်း ဖြစ်သည်။
ဤအရာက စစ်ဆေးမှုအတွက် အသင်္ချေအင်ပါယာကမ္ဘာမှ အထူးယူဆောင်လာသည့်အရာ ဖြစ်သည်။ ထိုကဲ့သို့ မယူဆောင်လာပါက ဤကမ္ဘာရှိ သက်ရောက်မှုနည်းသည့် တစ်ခုကို အသုံးပြုနေရမည် ဖြစ်သည်။
ဝမ်ဝေ့က ပလ္လင်ရှေ့ လျှောက်လှမ်းလာပြီး လူသန်းပေါင်းများစွာကလည်း ကိုယ်တိုင်သော်လည်းကောင်း စက္ခုပသာဓ အစီအရင်မှလည်းကောင်း ကြည့်ရှုနေကြသည်
“ အထက်တွင် ရှိသော ကောင်းကင်တာအိုခင်ဗျာ…ပြီးခဲ့တဲ့နှစ်တွေကတည်းက ကျွန်ုပ် နယ်မြေတွေကို အုပ်ချုပ်ပြီး ငြိမ်းချမ်းရေး၊ စားစရာ၊ ဗဟုသုတနဲ့ ပေါကြွယ်ဝမှုကို ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။ အခု “ မဟာရှား”ဆိုတဲ့ နာမည်နဲ့ ကြမ္မာတိုင်းပြည်တစ်ခု တည်ထောင်ချင်ပါတယ်။ ကျေးဇူးပြုပြီးတော့ ခွင့်ပြုပေးပါ”
မူလတုန်းက ဝမ်ဝေ့က တိုင်းပြည်၏ အမည်ကို “ မဟာဝေ့”ဟု ပေးချင်သော်လည်း ထိုနာမည်နှင့် တိုင်းပြည်ရှိပြီးသား ဖြစ်သည့်အတွက် လေးခုမြောက် မျှော်နန်းဆောင် စစ်ဆေးမှုတွင် သူ အုပ်ချုပ်ခဲ့သည့် အင်ပါယာ၏ အမည်ကို ပေးလိုက်ခြင်း ဖြစ်သည်။
အခမ်းအနား ပြီးဆုံးအောင် လုပ်ပြီးနောက် ဝမ်ဝေ့က ပလ္လင်အထက်တွင် ကျယ်ပြန့်ပြီး စွမ်းအားကြီးသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ထိုအရှိန်အဝါက သူ၏ စည်းမျဉ်းအောက်တွင် ပိုင်နက်တစ်ခုလုံးကို စစ်ဆေးလိုက်သည်။
ပိုင်နက်၏ အရွယ်အစား၊ လူအများ၏ နေထိုင်မှုအခြေအနေ၊ သူတို့၏ အုပ်ချုပ်သူအသစ်အပေါ် ပျော်ရွှင်မှုနှင့် ကျေနပ်မှု စသည်တို့ကို စစ်ဆေးလိုက်သည်။ ထို့နောက် ကုန်းမြေပေါ်မှ လူအားလုံးဆီမှ ရွှေရောင်အလင်းတန်းများစွာ ကောင်းကင်သို့ တက်သွားကာ လက်သည်းကိုးခုရှိသော ရွှေနဂါးတစ်ကောင်ကို ဖန်တီးလိုက်သည်။ နဂါး၏ ခန္ဓာကိုယ်ပေါ်တွင် လှပပြီးစွမ်းအားကြီးသော ကြေးခွံများလည်း ပါရှိသည်။
ဤနဂါးက မဟာရှားတိုင်းပြည်၏ ကံကောင်းမှုပုံရိပ် ဖြစ်သည်။ ယခုတစ်ခေါက်တွင် ထိုနဂါးကို ဝမ်ဝေ့ တစ်ယောက်တည်း မဟုတ်တော့ဘဲ မြို့သူမြို့သားအားလုံးပါ မြင်နေရသည်။
ချီကံကောင်းမှုကို စုဆောင်းခြင်းနှင့် ပုံရိပ်ထွက်ပေါ်လာခြင်းက ကြမ္မာတိုင်းပြည်နှင့် သာမန်တိုင်းပြည်တို့၏ ကွာခြားချက် ဖြစ်သည်။
ခဏအကြာတွင် တိုင်းသူပြည်သားအားလုံး ဒူးထောက်ကာ ပြိုင်တူ ရွတ်ဆိုလိုက်သည်
“ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ။ ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ”
ထိုအသံများက တိုင်းပြည်တစ်ခွင်လုံး ပျံ့နှံ့သွားကာ ကောင်းကင်မြေကမ္ဘာ၏ လှပသော သံဇဉ်တစ်ခုကို ဖန်တီးနေသည်။ အသံက ကောင်းကင်နှင့် ရောထွေးသွားကာ ကောင်းကင်တွင် မျက်စိပသာဓ ဖြစ်စေသော တိမ်တိုက်များ ထွက်ပေါ်လာပြီး ကောင်းကင်ကို ရွှေရောင်အဖြစ် ပြောင်းလဲနေသည်။
ခဏအကြာတွင် ရွှေနဂါးက ကောင်းကင်သို့ မျက်နှာမူကာ ဟိန်းဟောက်လိုက်ပြီးနောက် ပါးစပ်ထဲမှ “ ရှား”ဆိုသည့် သင်္ကေတထွက်ပေါ်လာကာ ဝမ်ဝေ့၏ လက်ထဲသို့ ရောက်သွားပြီး " နတ်ဘုရား အမည်စာရင်း”ဟု ခေါင်းစဉ်ရေးထားသည့် စာလိပ်အဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ထွင်းထားသည့် စကားလုံးများကို ဖတ်လိုက်သည်။
နတ်ဘုရားအမည်စာရင်း…
ဧကရာဇ် ?????
ဧကရီ…
ပထမ ကြင်ရာတော်…
အမတ်ချုပ် စသည်ဖြင့်…
စာရင်းပေါ်ရှိ ရာထူးများကို ဖတ်ပြီးနောက် ဧကရာဇ်နာမည်၏ နောက်တွင် မေးခွန်းအမှတ်အသားကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ အကြောက်ဆုံးအရာ ဖြစ်လာပြီဆိုတာကို သိလိုက်သည့်အတွက် သက်ပြင်းချလိုက်မိသည်။