← Chapters

လူသားဧကရာဇ်

Vol. 9 Ch. 113

လူသားဧကရာဇ်

Vol. 9 Ch. 113

အခန်း(၁၁၃)  :  လူသားဧကရာဇ်

ခဏကြာ စဉ်းစားနေပြီးနောက် ယန်းလီလင်းက လူသားဧကရာဇ်၏ မူလဇစ်မြစ်နှင့် ဇာတ်ကြောင်းအကြောင်း စတင်ရှင်းပြလိုက်သည်။

“ ဧကရီဆီကနေ ကမ္ဘာတွေရဲ့ ကွဲပြားချက်ကို သိထားပြီးပြီမလား ” ယန်းလီလင်းက မေးလိုက်သည်။

“ ဖန်းအာက အဆင့်နိမ့်ကမ္ဘာနဲ့ ဧရာမကမ္ဘာကြားက ကွာခြားချက်တွေကို ရှင်းပြဖူးပါတယ်။ သူမက ရှင်တို့တွေ မဟာဧကရာဇ် မွေးထုတ်ပေးနိုင်တဲ့ ကောင်းကင်အလိုဆန္ဒကမ္ဘာက ရောက်လာတဲ့အကြောင်းလည်း ပြောပြဖူးပါတယ်” ယူစစ်ယွီက အားကျမှုအပြည့်ဖြင့် ပြောလိုက်သည်။

“ အဆုံးမဲ့လေဟာနယ်ထဲ အဆင့်မြင့်ဆုံး ကမ္ဘာထဲက တစ်ကမ္ဘာအနေနဲ့ သမိုင်းကြောင်း ဘယ်လောက်ရှည်လျားတယ်ဆိုတာ တွေးကြည့်လို့ရမှာပါ” ယန်းလီလင်းက ဆက်ပြောလိုက်သည်။

“ ကျွန်မတို့ကမ္ဘာက ကျင့်ကြံသူတွေက သမိုင်းကြောင်းကို သေချာလေ့လာနိုင်ဖို့အတွက် ခေတ်အမျိုးမျိုး ပြန်ခွဲခြားထားတယ်။ အတိအကျဆိုရင် ခေတ်ကိုးခေတ်ပေါ့ … ပထမတစ်ခုက ဟွင်သွမ်းခေတ်ကာလ … ကျွန်မတို့တွေ ကမ္ဘာကြီး ဖြစ်တည်လာပြီး သက်ရှိ၊ သက်မဲ့တွေ နေထိုင်ကြတယ်ဆိုတဲ့အကြောင်းကလွဲရင် အဲဒီခေတ်ကာလအကြောင်းကို သိပ်မသိကြဘူး။

အဲဒီနောက်ကျ ကမ္ဘာဦးခေတ်ကာလ ရောက်လာတယ်။ အဲဒီခေတ်ကာလမှာ ကောင်းကင်တာအိုက ပြီးပြည့်စုံသွားပြီးတော့ သက်ရှိတွေလည်း ကျွန်မတို့ကမ္ဘာဆီ ရောက်လာကြတယ်။ ကျွန်မတို့ သိသလောက် အဲဒီအချိန်ကာလတုန်းက ကြမ်းတမ်းခက်ထန်တဲ့ သက်ရှိတွေ ဖြစ်ကြတဲ့ ကမ္ဘာဦးနတ်ဘုရား၊ နဂါးတို့၊ ဇာမဏီတို့ နေထိုင်ကြတယ်ဆိုတာပဲ …

ကျွန်မတို့ ကမ္ဘာရဲ့ လက်ရှိကုန်းမြေငါးခုလုံးရဲ့ နာမည်ကလည်း အဲဒီသက်ရှိတွေကို အစွဲပြုပြီး ပေးထားကြတာလို့ ကောလဟာလထွက်ဖူးတယ်”

ထိုအထိပြောလိုက်ပြီးနောက် ယန်းလီလင်းက သူ့ရှင်းပြချက်သည် အချိန်အတော်ယူမည်မှန်း သတိပြုမိကာ ဆက်တိုက် တစ်ချိန်လုံးပြောနေ၍ မသင့်တော်ကြောင်း သတိပြုမိလိုက်သည်။ ထို့ကြောင့် သူမက လီကျွင်းအား ရုတ်ချည်း မျက်ခုံးပင့်ပြလိုက်သည်။ လီကျွင်းကလည်း သူမဆိုလိုရင်းကို နားလည်လေသည်။ ထို့ကြောင့် သူက မိနစ်အနည်းငယ် အချိန်ယူကာ သုံးယောက်လုံးအတွက် အဖန်ရည် ပြင်ဆင်လိုက်သည်။

သူက အဖန်ရည် ဧည့်ခံလိုက်ပြီးနောက်‌ ပြောလိုက်သည်  “ ဒါက အစ်ကိုကြီးဝမ်ဝေ့ဆီက တိတ်တိတ်လေး ယူထားတဲ့ လုံရွယ်အဖန်ရည်လေ .. ”

ယူစစ်ယွီက ထိုအရာကို ကြားပြီး ပျော်ပျော်ရွှင်ရွင် ပြုံးလိုက်ပြီး အဖန်ရည်ကို သောက်လိုက်သည်။ ဒီအဖန်ရည်ကို နောက်တစ်ကြိမ် သောက်ခွင့်ရသည်ကပင် ယနေ့ သူမခရီးအတွက် တန်နေလေပြီ။

“ အစ်ကိုကြီးဝမ်ဝေ့ ဒီလုံရွယ်အဖန်ရည် အရမ်း ကြိုက်တာကို နားမလည်နိုင်ဘူး။ ဒါက ကျွန်မတို့ကမ္ဘာမှာ အကောင်းဆုံး အဖန်ရည်ထဲက တစ်ခုဖြစ်ပေမဲ့ အဲထက် ပိုမကောင်းရင်တောင် အဲလိုမျိုး နောက်ထပ်ကောင်းတာတွေလည်း အများကြီး ရှိပါသေးတယ် ”ယန်းလီလင်းက ပြောလိုက်သည်။

“ အဲဒါက အစ်ကိုကြီး သူ့လျို့ဝှက်နည်းလမ်းနဲ့ ကျိုထားတဲ့ အဖန်ရည်ကို မင်း တစ်ခါမှ မသောက်ဖူးသေးလို့ ပြောတာ။ သူ ဘာပါဝင်ပစ္စည်းသုံးထားမှန်း မသိပေမဲ့ အဖန်ရည် အရသာက တကယ်ကို အံ့လောက်ဖွယ်ပြောင်းလဲသွားတာ ” လီကျွင်းက ပြန်လည်တွေးတောရင်း ပြောပြလိုက်သည်။

“ပထမဆုံး စစသောက်တုန်းက မှတ်မိသေးတယ်။ အရသာက တကယ်ကို နတ်သဒ္ဓါလိုပဲ။ အဲဒီနောက် အဖန်ရည်ကျိုနည်းပေးဖို့ တစ်နှစ်ကျော်လောက် အပူကပ်ခဲ့တာတောင် သူက ငြင်းခဲ့တယ်။ ပိုဆိုးတာက နောက်ပိုင်း သူ့သီးသန့်နည်းလမ်းနဲ့ အဖန်ရည် မကျိုပေးတော့ဘူး။ တကယ်လို့ ကိုယ်သာ ဦးလေးဝမ်ထျန်းဆီ သွားမပြောရင် သူ ကိုယ့်အတွက် အဖန်ရည် ထပ်ကျိုပေးမှာ မဟုတ်လောက်ဘူး ”

ယန်းလီလင်းက လီကျွင်းနှင့် ဝမ်ဝေ့တို့နှစ်ယောက်လုံး ဒီအဖန်ရည်နှင့် ပတ်သက်ပြီး အဘယ်ကြောင့် အရူးအမူးဖြစ်နေကြကြောင်း သဘောပေါက်သွားလေသည်။ သူတို့နှစ်ယောက်လုံး အတူတူ ဝေမျှထားသည့် လျို့ဝှက်နည်းလမ်းရှိနေ၍ ဖြစ်လောက်သည်။

သူမက အံ့ကြိတ်ကာ သူတို့နှစ်ယောက် သူမကို ဖယ်ထားသည့်အတွက် လက်စားပြန်ချေရမည်ဟု တေးထားလိုက်သည်။

လီကျွင်းက ရုတ်ချည်းဆိုသလို သူ့လက်တွဲဖော် တစ်ခုခုပြောင်းလဲသွားကြောင်း ခံစားမိလိုက်၍ ကြည့်လိုက်သော်လည်း ဘာမှမတွေ့ပေ။ ထို့ကြောင့် သူက အတွေးလွန်နေသည်ဟု ထင်လိုက်မိသည်။

ယန်းလီလင်းက အဖန်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် အဖန်ရည်ကို ပျော်ပျော်ကြီး သောက်နေသည့် ယူစစ်ယွီအား ဆက်ရှင်းပြလိုက်သည်။

“ ရှင်းပြတာ ဘယ်ရောက်သွားပါ့လိမ့် ”

“ ကမ္ဘာရဲ့ သမိုင်းကြောင်းတစ်လျှောက် ခေတ်ကာလအကြောင်း ပြောနေတာပါ။ ကမ္ဘာဦးခေတ်ကာလ အကြောင်း ရောက်နေပါပြီ ”

“ ဟုတ်တယ်။ ကမ္ဘာဦးခေတ်ကာလ …အဲဒီခေတ်ကာလပြီးသွားတော့ ဧကရာဇ်ခေတ်ကာလ အစပြုလာတယ်။ အဲဒီခေတ်ကာလအကြောင်းကို လုံကောနာမည်နဲ့ လူသားတစ်ယောက်က ပထမဆုံး တာအိုသက်သေပြတဲ့လူ ဖြစ်လာပြီးတော့ ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်ရလာခဲ့တယ်ဆိုတာက လွဲရင် ကျန်တာ မသိရဘူး။

အဲဒီနောက် ဗလာခေတ်ကာလလို့ ပြောရမယ်။ ကျွန်မတို့ လက်ရှိခေတ်ကာလမှာ နာမည်အတိုင်း အဲဒီခေတ်ကာလအကြောင်း ဘာမှမသိရဘူး။ ဒါပေမဲ့ နှစ်များစွာလေ့လာပြီးတဲ့နောက်မှာ ကျင့်ကြံသူတွေက ကျွန်မတို့ကမ္ဘာကို လွှမ်းခြုံသွားခဲ့တဲ့ ကြောက်မက်ဖွယ် ကပ်ဘေးကြီး ဖြစ်ခဲ့တယ်လို့ ယုံကြတယ်။

ရလဒ်အနေနဲ့ ကမ္ဘာဦးနတ်ဘုရားနဲ့ နဂါး၊ ဇာမဏီနဲ့ ချီလင်လိုမျိုး သက်ရှိတွေက မျိုးတုန်းသွားကြတယ်။ အတိအကျဆိုရရင် သူတို့ ပျောက်ကွယ်သွားကြတယ်။

ပိုဆိုးတာက အဲဒီခေတ်ကာလအပြီး ကျွန်မတို့ကမ္ဘာရဲ့ လူနေမှုအဆင့်အတန်းက လုံးဝ ပျက်စီးသွားတယ်။ ကျင့်စဉ်လည်း မရှိဘူး၊ ဆေးလုံးလည်း မရှိ၊ အစီအရင်လည်း မရှိတော့ အစကနေ အရာအားလုံး ပြန်စတင်ရတယ်”

ယူစစ်ယွီက ထိုအကြောင်းကို ကြားကာ အဖန်ရည်သီးမလိုပင် ဖြစ်သွားရသည်။ သူမတပည့် ပြောကြားချက်အရ ထိုလူများ၏ ကမ္ဘာက မည်မျှအားကောင်းကြောင်း သိထားလေသည်။

သို့သော်လည်း သူတို့၏ အမွေအနှစ်ကို ပြတ်တောက်သွားပြီး ပြင်းထန်လောက်သည့် ကိစ္စရပ်မျိုး အမှန်တကယ် ဖြစ်ခဲ့ကြောင်း ယခုမှ သိခဲ့ရသည်။

ထို့နောက် ယူစစ်ယွီ ကျောပြင်မှ ချွေးအေးများစီးကျလာသည်။ အကယ်၍ ဒီလိုမျိုး အားကောင်းသည့်ကမ္ဘာပင် ကပ်ဘေးခံရလေရာ သူမတို့လိုမျိုး အဆင့်နိမ့်ကမ္ဘာက အထက်မှ ခြိမ်းခြောက်မှုနှင့်ပင် ပျက်စီးသွားနိုင်သည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။

အဆုံးမဲ့လေဟာနယ်က ဘာမဆိုဖြစ်ပွားသွားနိုင်သည့် အန္တရာယ်အပြည့်ရှိနေသော နေရာတစ်ခု ဖြစ်ပေသည်။

ယူစစ်ယွီက သူမဘာသာ တွေးလိုက်မိသည်။

ထိုစဉ် ယန်းလီလင်းက ဆက်ပြောပြလိုက်သည်။

“ အဲဒီဗလာခေတ်ကာလပြီးတဲ့နောက်ပိုင်း ပါရမီရှင် ကျင့်ကြံသူတွေက ကျွန်မတို့ကမ္ဘာရဲ့ လူနေမှု၊ ယဉ်ကျေးမှုအားလုံးကို အစကနေ ပြန်ထူထောင်ရတယ်။ တကယ်လည်း အောင်မြင်ခဲ့ကြတယ်။

ပထမဆုံးက ကျွန်မတို့ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဝမ်ချီရှန်းကို ဧကရာဇ်ချီယွမ်လို့ ခေါ်ကြတယ်။ သူက မူလလမ်းစဉ် ကျင့်စဉ်ကို ဖန်တီးပြီးတော့ ဖြန့်ဝေပေးခဲ့တယ်။ သူက တာအိုကို သက်သေပြပြီးတော့ ပထမဆုံး မဟာဧကရာဇ် ဖြစ်လာခဲ့တယ်။ ဧကရာဇ်ချီယွမ်က ရှေးဟောင်းဧကရာဇ်ခေတ်ကာလကို အောင်အောင်မြင်မြင် စတင်နိုင်ခဲ့တယ်”

“ တည် …တည်ထောင်သူလား … ”

“ဟုတ်တယ်လေ … ကျွန်မတို့ဂိုဏ်းရဲ့ တည်ထောင်သူဘိုးဘေးပေါ့ ”

“ အဲဆို ကျွန်မတို့ကမ္ဘာမှာ အခုသုံးနေတဲ့ ကျင့်စဉ်ကို ဖန်တီးခဲ့တာက ရှင်တို့ဂိုဏ်းရဲ့ တည်ထောင်သူလို့ ပြောနေတာလား”

“အတိအကျပဲ …” ယန်းလီလင်း၏ အပြုံးထဲ ဂုဏ်ယူမှုတို့ ပါဝင်နေသည်။

ထိုစဉ် ယူစစ်ယွီ စိတ်ထဲ ကယက်ရိုက်နေလေ၏။ သူမက ထိုလူငယ်များသည် ထူးခြားသည့် အဆင့်အတန်းရှိထားကြောင်း မှန်းဆမိသော်လည်း အဆင့်အတန်းက ဒီလောက်တော်ဝင်ဆန်နေလိမ့်မည်ဟု မထင်ထားပေ။

အထူးသဖြင့် အရှင်ဝမ်ဝေ့နှင့် ပတ်သက်လာသည့်အခါတွင် ဖြစ်၏။ သူက အဖွဲ့ခေါင်းဆောင် ဖြစ်ကြောင်း သတိထားမိလေသည်။ ထို့အပြင် သူက ဧကရာဇ်ချီယွမ်နှင့် မျိုးရိုးတူ ဖြစ်သောကြောင့် တိုက်ရိုက်မျိုးဆက် ဖြစ်နိုင်ခြေ မြင့်မားလေသည်။

သူမက အဖန်ရည်တစ်ငုံသောက်ကာ စိတ်အေးအေးထားလိုက်ပြီးနောက် ဆက်မေးလိုက်သည်  “အဲဆို ရှင်တို့ပြောနေတဲ့ လူသားဧကရာဇ်ဆိုတာကရော ”

“ လူသားဧကရာဇ်က ရှေးဟောင်းဧကရာဇ် ခေတ်ကာလကပဲ။ တကယ်တော့ သူက အဲဒီခေတ်ကာလရဲ့ နောက်ဆုံး မဟာဧကရာဇ်လို့ ပြောရမယ်။ အတိအကျဆိုရင် သူက အဲဒီခေတ်ကာလကို အဆုံးသတ်ခဲ့တာ …

ရှေးဟောင်းခေတ်ကာလ အဆုံးသတ်ခါနီးမှာ ကျွန်မတို့ကမ္ဘာက နောက်ထပ်ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ နတ်ဆိုးမျိုးနွယ်က ပထမ မဟာဧကရာဇ် မွေးဖွားလာခဲ့တယ်လေ … ”

“နတ်ဆိုးမျိုးနွယ်လား ”

“ ဟုတ်သား ရှင်တို့ကမ္ဘာမှာ နတ်ဆိုးမျိုးနွယ် မရှိတာ မေ့သွားလို့။ ဒါပေမဲ့ နတ်ဆိုးသားရဲတွေကိုတော့ သိမှာပါ ”

ယူစစ်ယွီက ခေါင်းညိတ်လိုက်သည်။ သူတို့ကမ္ဘာတွင် တောတောင်နှင့် မြစ်ချောင်းများတွင် နေထိုင်သည့် နတ်ဆိုးသားရဲများ ရှိလေသည်။ သားရဲအများစုက သာမန်ကျင့်ကြံသူများထက် ပိုအားကောင်းကြ၏။

“ နတ်ဆိုးသားရဲတစ်ကောင် အဆင့် ၄ သို့မဟုတ် သဘာဝလွန်အဆင့်ထဲ ရောက်သွားရင် လူသားအဖြစ် ပြောင်းလဲဖို့ ကောင်းကင်စမ်းသပ်ချက် ခံယူကြရတယ်။ ဒါပေမဲ့ အားကောင်းတဲ့ သွေးမျိုးဆက်နဲ့ နတ်ဆိုးသားရဲတွေက မွေးလာလာချင်း လူသားအဖြစ် ပြောင်းလဲနိုင်ကြတယ်။

ဒါပေမဲ့ အဲဒီနတ်ဆိုးသားရဲတွေက အင်မတန် မောက်မာပြီးတော့ သွေးမျိုးဆက် အဆင့်နိမ့်ပြီး ဉာဏ်ရည်နိမ့်တဲ့ တခြားနတ်ဆိုးသားရဲတွေနဲ့ အတူတူဆိုတာကို အသိအမှတ်မပြုချင်ကြဘူး။ အဲဒါကြောင့် သူတို့က သူတို့ဘာသာ နတ်ဆိုးမျိုးနွယ်လို့ ခေါ်ဝေါ်ခဲ့တယ်”

ယူစစ်ယွီက ဒီကမ္ဘာတွင်လည်း တူညီသည့် အရာမျိုးရှိသောကြောင့် သူမ၏ ဆိုလိုရင်းကို တန်းနားလည်လိုက်သည်။ ဒီနေရာတွင် နတ်ဆိုးသားရဲ သွေးကို သောက်ကာ အသက်ရှင်ကျန်သည့် လူသားအဖွဲ့ ရှိလေသည်။ ထိုနည်းလမ်းက သူတို့အား သာမန်လူသားများ သို့မဟုတ် ကျင့်ကြံသူများ မရှိနိုင်သည့် ထူးခြားစွမ်းရည်ကို ရလာစေသည်။ ထို့ကြောင့် ထိုအဖွဲ့က သူတို့ကိုယ်သူတို့ လူသားဟု သတ်မှတ်ဖို့ ငြင်းဆန်ကြပြီး သွေးလူသားမျိုးနွယ်ဟု ခေါ်ဝေါ်ကြသည်။

ယန်းလီလင်းက ရှင်းပြပြီးနောက် ဇာတ်ကြောင်းကို ဆက်ပြောလိုက်သည်။

“ နတ်ဆိုးမျိုးနွယ်က သူတို့ပထမဆုံး မဟာဧကရာဇ် မွေးထုတ်လာပြီးတဲ့နောက်မှာ သူက တခြားလူသားဧကရာဇ်တွေလိုမျိုး ဖြောင့်ဖြောင့်မတ်မတ် မပြုမူဘူး။ သူက တစ်ကမ္ဘာလုံးကို အုပ်စိုးပြီးတော့ လူသားတွေကို သတ်တယ်။ သူ သွားလေရာတိုင်းမှာ လူသားတွေကို နတ်ဆိုးမျိုးနွယ်ဆီမှာ ကျွန်ခံခိုင်းတာမျိုး ဒါမှမဟုတ် သတ်ပစ်တာမျိုးတွေ ဆက်တိုက်လုပ်တယ်။

အဲဒီမှာ အားကောင်းတဲ့ ဧကရာဇ်မျိုးနွယ်ဝင် ကျင့်ကြံသူတွေက သူတို့ရဲ့ ဧကရာဇ်လက်နက်တွေ၊ အသုံးအဆောင်တွေနဲ့ ရွှေလူဝံမဟာဧကရာဇ်ကို ဝိုင်းတိုက်ခဲ့ကြတယ်။ ဒါပေမဲ့လည်း အသုံးမဝင်ဘူး”

ယန်းလီလင်းက ခဏတာ ရပ်လိုက်ပြီး အဖန်ရည်တစ်ငုံ သောက်လိုက်သည်။ ထိုစဉ် ယူစစ်ယွီက သူမ တည်ငြိမ်ပုံကို ကြည့်ကာ အတွေးများနေမိသည်။

“အဲဒီအချိန်တုန်းက ကမ္ဘာမှာ ရွေလူဝံမဟာဧကရာဇ်က အားအကောင်းဆုံး ကျင့်ကြံသူဆိုတော့ တားဆီးလို့ မရနိုင်လောက်အောင်ပဲ။ သူ့ကို တိုက်တဲ့သူတိုင်း အသတ်ခံလိုက်ရတာမျိုး ဒါမှမဟုတ် ဖိနှိပ်ခံလိုက်ရတာချည်းပဲ …

ကျွန်မတို့ကမ္ဘာက ကျင့်ကြံသူအားလုံးက စိတ်ဓာတ်ကျပြီးတော့ လူသားမျိုးနွယ် အဆုံးသတ်တော့မယ်လို့ တွေးခဲ့ကြတယ်။ လူသားဧကရာဇ် ပေါ်ထွက်မလာခင်အထိပေါ့ … သူ့ဇစ်မြစ်ကို မသိရသလို အရမ်းလည်း ဆန်းကြယ်တယ်။ ဒါပေမဲ့ သူက အကြံကောင်းတစ်ခုနဲ့ ပေါ်လာခဲ့တာ …

အဲဒီအကြံက ကြမ္မာတိုင်းပြည်တစ်ခု တည်ထောင်ပြီးတော့ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ကံကောင်းမှုကို စုစည်းပြီး ရွှေလူဝံမဟာဧကရာဇ်ကို တိုက်ခိုက်ဖို့ပဲ။”

ယူစစ်ယွီက ထူးထူးဆန်းဆန်း အမူအရာမျိုး ဖြစ်သွားလေသည်။ သူမက ထိုကမ္ဘာတွင်  ကြမ္မာတိုင်းပြည် တည်ထောင်လိုက်ခြင်းက မည်သို့အကြံကောင်းဖြစ်နေမှန်း နားမလည်နိုင်ပေ။

“ ဒါကို သာမန်အတွေးတစ်ခုလို့ပဲ ထင်ရင်ထင်နေလောက်တယ်” ယန်းလီလင်းက ပြုံးကာ ရှင်းပြလိုက်သည်။

“ ဒါပေမဲ့ အရင်တုန်းက ကျွန်မတို့ကမ္ဘာမှာ အဲဒီကြမ္မာတိုင်းပြည်တွေ မရှိတဲ့အကြောင်း သိထားရမယ်။ ဒါက တိုင်းပြည်တစ်ခု ဖန်တီးရုံ အပြုအမူတစ်ခုတင် မကဘူး။ ဒါပေမဲ့ လူသားဧကရာဇ်က ကျွန်မတို့ကမ္ဘာအတွက် သီးသန့်ဖန်တီးပြီး တာအိုအသစ်တစ်ခု လက်ဆင့်ကမ်းပေးခဲ့တာပဲ။

ဒီနေ့ကျင့်ကြံသူအများအပြားက ဗလာခေတ်ကာလမတိုင်ခင် ကြမ္မာတိုင်းပြည် တည်ထောင်တဲ့ နည်းလမ်းတွေ ရှိလောက်တယ်လို့ အငြင်းအခုံ ဖြစ်နေကြပေမဲ့ အဲလိုမျိုး ပြောနိုင်တဲ့ သက်သေမျိုးတော့ မရှိသေးဘူး”

ထိုအခါမှ ယူစစ်ယွီက လူသားဧကရာဇ်၏ အပြုအမူ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်သွားလေသည်။ ယခု သူမအတွက် ကြမ္မာတိုင်းပြည်က ပုံမှန်မြင်တွေ့နေကျ ဖြစ်သည့် ပုံမှန်အရာမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။  သို့သော်လည်း ယခင်တုန်းက ထိုနည်းလမ်းက အင်မတန် ထူးခြားကာ သက်ရောက်မှု ပြင်းထန်ခဲ့လိမ့်မည်။ မည်သူကမှ ဒီလိုအကြံကောင်းမျိုး တွေးမိကြမည် မဟုတ်ပေ။ အထူးသဖြင့် ထိုအချိန် လူသားဧကရာဇ် ရှိနေခဲ့သည့် သေရေးရှင်ရေးအခြေအနေမျိုးတွင် ဖြစ်၏။

ထိုအရာက သူမကမ္ဘာနှင့် အသင်္ချေအင်ပါယာကမ္ဘာတို့အား ဆက်သွယ်ပေးခဲ့သည့်အကြောင်း ထည့်မပြောရသေးပေ။ ကြမ္မာတိုင်းပြည် တည်ထောင်သည့် နည်းလမ်းကတည်း ထိုနေရာမှ အစပြုလာနိုင်ခြေ မြင့်မားလေသည်။

All Chapters