အခိုးခံရသော မြင့်မြတ်မီးတောက်
Vol. 32 Ch. 439
ထိုအချိန်၌ အကြီးအကဲ၅ဦးက အန်လင်း၏ဘေးတွင် စုစည်းနေပြီးဖြစ်ကာ သူတို့အားလုံးက အလွန်အမင်း အစွမ်းထက်လှသော အကာအကွယ် မန္တန်နည်းလမ်းများ ထုတ်လွတ်နေကြလေ၏။
အန်လင်းက အံ့ဖွဟ်တာအိုသေတ္တာ ချိတ်ပိတ်ခြင်း၏ ပြည့်စုံမှုအတွက် သော့ချက်ဖြစ်လေ၏။ သူတို့က သူ့ကို ကာကွယ်ပေးရန် တာဝန်အား တစ်ကြိမ် ကျဆုံးပြီး ဖြစ်၏။ သို့သော် သူတို့က ဤတစ်ကြိမ်တွင်တော့ တူညီသောအမှားမျိုး ထပ်မံ ပြုလုပ်မည် မဟုတ်ပါချေ။
သူမ၏ အထူမြူနှင်း နယ်ပယ်မှာ ၁၀ကီလိုမီတာနီးပါး ကျယ်ပြန့်ထားပြီး ဖြစ်ကာ ထိုနယ်မြေအတွင်း ပိတ်မိနေသော ဗာမီလီယမ်ငှက်ဂိုဏ်း၏ တပည့်များအားလုံးက ရေခဲရုပ်ထုများအဖြစ် ပြောင်းလဲသွားပြီး ဖြစ်သည်။
သူမက ကီလိုမီတာပေါင်းများစွာကို တစ်လှမ်းခြင်း ဖြတ်သန်းကာ အန်လင်းဆီသို့လျှောက်လာလေ၏။
"နင့်မှာ ကာကွယ်ပေးနေတဲ့ လူတွေရှိလို့ ငါနင့်ကို မသတ်နိုင်တော့ဘူးလို့ ထင်နေလား။"
သူမက တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်ရန် ပြင်ဆင်သည့်အနေဖြင့် သူမ၏ တောင်ဝှေးကို မြှောက်လိုက်လေ၏။
ခလွမ်း...
ကြွပ်ဆပ်သော အက်ကွဲသံတစ်ခုက လေထုကို ဖြတ်သန်းကာ ပျံ့နှံ့လာလေ၏။
မန်ဇီက နောက်ဆက်တွဲ တုန့်ပြန်မှုတစ်ချို့ ခံစားလိုက်ရပုံရပြီး သူမ၏ ပါးစပ်ထောင့်မှ သွေးအပြာများ စီးကျလာလေ၏။
ရေခဲနတ်သား၏ ပုံရိပ်ပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်ကို လူအများအပြားက မြင်နိုင်ပေ၏။
မြင့်မြတ်မီးတောက်က သူ့၏ ဘောလုံသဏ္ဍန်မှ ပြန်လည် ပြန့်ပြူးစပြုလာပြ ညကောင်းကင်ယံကို တစ်ဖန် အလင်းပေးနေပြန်၏။
ထိုသည်ကို မြင်သည်နှင့် ဗာမီလီယမ်ငှက်ဂိုဏ်းတပည့်များ အားလုံးထံမှ ကျယ်လောင်လှသော လက်ခုပ်သံများ ထွက်လာပေ၏။
မန်ဇီ၏ မျက်နှာထက်တွင် ခါးခါးသီးသီး အမူအရာတစ်ခုပေါ်လာပြီး ရေခဲနတ်သမီးထံသို့ လှည့်ကြည့်လိုက်ပြီး ဘေးကျပ်နံကျပ် ဖြစ်နေဟန်ရ၏။
သူမက အန်လင်းကို သတ်ရန်အတွက် သူမ၏ စွမ်းအင်များကို အသုံးပြုလိုက်ပါက ရေခဲနန်သမီး၏ ပုံရိပ်က ကြေမွသွားမည်ဖြစ်သည်။ သူမက ပုံရိပ်ကို ဒုတိယတစ်ကြိမ် ဆင့်ခေါ်ရန်အတွက် စွမ်းအင်အလုံးအလောက်ရှိမည် မဟုတ်ပါချေ...။
"အဲဒါဆိုလဲ ထားလိုက်ပါတော့..."
သူမက သက်ပျင်းခပ်ဖွဖွ ချလိုက်လေ၏။
သူမက အန်လင်းဆီမှ အကြည့်ရွေ့လိုက်ပြီး ထိုအစား မြင့်မြတ်မီးတောက်ဆီသို့ ပျံသန်းသွားကာ သူမနောက်မှ အံ့ဖွယ် သေတ္တာက တစ်ဖြန်ပြန် လင်းလာပေ၏။
လျှပ်စီး ငှက်က မမြင်နိုင်သော အားအင်တစ်ခုဖြင့် တာအိုသေတ္တာထဲသို့ ပြန်ဆွဲခေါ်ခြင်း ခံလိုက်ရ၏။
"သူမက လက်လျော့လိုက်တော့တာလား။" အကြီးအကဲ ကျိက မျှော်လင့်တကြီး မေးလိုက်၏။
ချန်ရှင်းရန်က မူလက အန်လင်းကို ကာကွယ်ပေးမည့် အကြီးအကဲများကြားတွင် ဖြစ်သော်လည်း ကြက်သွေးရောင် မီးတောက်များက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မန်ဇီထံသို့ မီးတောက် ဥက္ကာခဲတစ်ခုကဲ့သို့ တိုးဝင်သွားကာ မန်ဇီကလည်း မြင့်မြတ်မီးတောက်ဆီသို့သွားနေသော သူမ၏ ဦးတည်ချက်အား ပြောင်းလဲပစ်လိုက်၏။
"ကျန်တာတွေကို နင်တို့တာဝန်ယူလိုက်ကြ။" မန်ဇီက ညင်သာစွာပြောလိုက်၏။
ပျက်ပြယ်ခြင်းအဆင့် မြူနှင်း နတ်သမီး ၁၀ယောက်နီးပါးက မန်ဇီ၏ရှေ့တွင် နေရာယူလိုက်ပြီး ချန်ရှင်းရန်နှင့် တခြားသော အကြီးအကဲများကို တားဆီးရန်အတွက် အစွမ်းထက် ရေခဲမန္တန်များ အမြောက်အများကို ထုတ်လွှတ်နေပေ၏။
မန်ဇီက မူလတွင် လျှပ်စီးငှက် ရှိခဲ့သော နေရာကို ရောက်သွားပြီး ရွှေရောင် အလင်းတိုင်ကြီးတစ်ခုက ထွက်ပေါ်လာ၏။
"ငါ့ရဲ့ခန္ဓာကိုယ်က လျှပ်စီး တာအို၏ နေရာကို ယူခွင့် ပေးပါလေ။"
သူမက စိတ်ပိုင်းဖြတ်ထားပြီးသော အမူအရာဖြင့် ရေခဲနတ်သမီး ပုံရိပ်ဆီသို့ လှည့်လိုက်၏။
အဝေးတစ်နေရာတွင် ရွှေရောင်မီးတောက်များနှင့် မြင့်မြတ်ရေခဲက ကမ္ဘာမြေ အက်ကွဲစေလောက်သည့် တိုက်ပွဲထဲတွင် တိုက်ခတ်မိသွားကြ၏။
ကြီးမြတ်ဧကရီက မြင့်မြတ်မီးတောက်၏ ဘေးရှိ ရွှေရောင် အလင်းတိုင်ကြီးကို လှည့်ကြည့်လိုက်ပြီး လေးလံသော သက်ပြင်းတစ်ခုကို ချလိုက်ကာ တစ်စုံတစ်ခုကို လွမ်းဆွတ်ပူဆွေးနေသော်လည်း တစ်ခုခုကို ပြုလုပ်ရန်လည်း အစွမ်းမဲ့နေလေ၏။
ရေခဲနတ်သမီးပုံရိပ်ပေါ်ရှိ အက်ကြောင်းများက တဖြည်းဖြည်း ကုသပြီးသွားပြီး မန်ဇီကို ဖြေးညင်းစွာ ခေါင်းငြိမ့်ပြလိုက်လေ၏။
တစ်စုံတစ်ဦး၏ ကိုယ်ပိုင်ခန္ဓာကိုယ်အား လျှပ်စီး ဝိညာဉ် ၏ စွမ်းအားကို အစားထိုးရန် အပြည့်အဝ အသုံးချခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များမှာ အစပိုင်းတွင် သူ့ကိုယ်တိုင်ပင် ကြောက်မက်ဖွယ် တုန့်ပြန်ထိခိုက်မှုတစ်ခု ဖြစ်တည်လာပြီး မန်ဇီ၏ အသားများကို တဖြည်းဖြည်း ပွင့်ထွက်လာစေကာ သွေအပြာများ စိမ့်ထွက်လာစေသည်။
"အရှင် နတ်သမီး..." မရေမတွက်နိုင်သော မြူနှင်း နတ်သမီးများက မန်ဇီဆီသို့ ဝမ်းပန်းတနည်း အမူအရာဖြင့် လှည့်လာကြ၏။ သူတို့၏ ပူဆွေးမှုက သူတို့၏ စွမ်းအားများကို ဆတိုးသွားစေကာ သူတို့ပတ်ဝန်းကျင်မှ အပူချိန်ကို ပို၍ပင် လျော့ကျသွားစေတော့သည်။
မန်ဇီ၏ အော်ရာက အားပျော့ပျော့လာသော်လည်း မြင်မြတ် မီးတောက်၏ ပတ်လည်ရှိ ချိ်တ်စည်း စွမ်းအားမှာ ပိုပို၍ အစွမ်းထက်လာတော့သည်။
ရေခဲနတ်သမီးက သူမ၏ လက်များကို တစ်ဖန်ပြန်စုစည်းလိုက်ကာ မြင့်မြတ်မီးတောက်ကို အဖြူရောင် ဘောလုံးတစ်လုံးအဖြစ်သို့ ဖိနှိပ်လိုက်ပြီး မီးတောက်စုစည်း အဝိုင်းထဲတွင် ချိတ်ပိတ်လိုက်လေ၏။
အဆုံးမရှိသော ဗာမီလီယမ်ငှက်ဂိုဏ်း အကြီးအကဲများနှင့် တပည့်များက မြင့်မြတ် မီးတောက်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာသော်လည်း အစွမ်းထက် မြူနှင်း နတ်မိမယ်များ၏ တားဆီးခြင်းကို ခံလိုက်ရ၏။
အန်လင်းက အံတင်းတင်းကြိတ်လိုက်ပြီး မန်ဇီကို စိုက်ကြည့်လိုက်၏။ မန်ဇီက သူ့ခန္ဓာကိုယ်ကို လျှပ်စီး ဝိညာဉ်၏ နေရာတွင် အစားထိုရန် အသုံးပြုလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါချေ။
သူတို့ကြားတွင် စွမ်းအင် အဆင့်များ အလွန်ကွာခြားနေသည်မို့ သူက မန်ဇီကို မည်သို့ ရပ်တန့်ရမည်ကို အမှန်တကယ်ပင် မသိတော့ပါချေ...။
အန်လင်းက ဗာမီလီယမ်ငှက်ဂိုဏ်း၏ တပည့်ဖြစ်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း မြင့်မြတ်မီးတောက်ကို လုယူခံလိုက်ရသည်ကို မြင်သောအခါ စော်ကားခံရမှုနှင့် ဒေါသများက သူ့နှလုံးသားထဲတွင် ဖြစ်တည်လာလေတော့၏။
သူက သူ့၏ သိုလှောင်လက်စွပ်ထဲမှ အဆင့် ၇ အင်မော်တယ် ဆေးတောင့်တစ်တောင့်ကို ထုတ်လိုက်ပြီး သောက်သုံးလိုက်၏။
ထိုသည်က ယန်ယွမ်သူ့ကို ပေးထားသော စိတ်ဝိညာဉ် ပြန်လည် ကောင်းမွန်စေသည့် ဆေးေတာင့်ဖြစ်သည်။ ထိုသည်က အလွန်အမင်း များပြားလှသော ပြန်လည် ကောင်းမွန်စေသည့် အကျိုးသက်ရောက်မှုများ ရှိကာ အပိုအကျိုးသက်ရောက်မှုအနေဖြင့် အသက်စွမ်းအင်ကိုလည်း တိုးပွားစေ၏။ သူက သူ့၏ ဖရိုဖရဲ သတ္ထုအုတ်ခဲကို အသုံးပြုကာ မန်ဇီ၏ တိုက်ခိုက်မှုကို အသက်ရှင်နိုင်ခဲ့ပ်သော်လည်း တိုက်ခိုက်မှု၏ လှိုင်းများကြောင့် အပြင်းအထန် ဒဏ်ရာရနေဆဲ ဖြစ်၏။
သူ့၏ ပထမဆုံး ဦးစားပေးချက်မှာ အကောင်းဆုံး အနေအထားသို့ ပြန်လည် ကောင်းမွန်ရနနဖြစ်ပြီး ယခုထိ အရှုံးမပေးနိုင်သေးပါချေ။
အမြဲစိမ်းနည်းစနစ်က ဆေးတောင့်နှင့် စုပေါင်း အလုပ်လုပ်ကာ အန်လင်း၏ ခန္ဓာကိုယ်အား ပြုပြင်ပေးလေ၏။
မြင့်မြတ်မီးတောက်က အဖြူရောင် ဘောလုံးတစ်ခုအဖြစ် ဖိနှိပ်ခြင်းခံလိုက်ရပြီး မီးတောက် စုစည်း အဝိုင်းထဲသို့ ချိတ်ပိတ်ခြင်း ခံလိုက်ရ၏။
အံ့ဖွယ် သစ်ပင် ပေါ်ရှိ စစ်ပြေပြင်ရှိ အပူချိန်မှာ ရုတ်တရက် သိသိသာသာ လျော့ကျသွားလေ၏။
ဂိုဏ်းတပည့်များအားလုံးက သူတို့နှလုံးသားထဲမှ တစ်စုံတစ်ခုကို ထုတ်ယူခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။
တချို့သော တပည့်များက လေထဲရှိ မီးတောက်စုစည်းအဝိုင်းကို မော့ကြည့်ပြီး စတင် ငိုကြွေးလာကြတော့၏။
စုရှောင်လန်က လက်သီး တင်းတင်းဆုပ်ကာ သူမ၏ ခန္ဓာကိုယ်က မထိန်းနိုင်လောက်အောင် တုန်ယင်လာလေ၏။ အန်လင်းက သူမကို ဖက်ထားသည်မဟုတ်ပါက သူမက မန်ဇီဆီသို့ သူမ၏လုံခြုံရေးကို သတိမမူဘဲ တန်ဟုန်ထိုးပျံသန်းသွားပေလိမ့်မည် ဖြစ်သည်။
ရေခဲနတ်သမီး ပုံရိပ်က ပျောက်ကွယ်စပြုနေလေပြီး အင်မော်တယ် စိတ်ဝိညာဉ် ၆ခုသည်လည်း တာအို သေတ္တာထဲသို့ ပြန်ဝင်သွားကြလေ၏။
တစ်ချိန်တည်းမှာပင် မီးတောက် ချိတ်စည်း အဝိုင်းက မန်ဇီဆီသို့ ပျံသန်းသွားလေ၏။
မန်ဇီက မီးတောက် စုစည်း အဝိုင်းကို ဖမ်းလိုက်ပြီး သူမ၏ သွင်ပြင်များက အလွန်အမင်း ဖြူဖျော့နေသော်လည်း သူမ၏ မျက်လုံးများကမူ ကွဲပြားလှစွာ တောက်ပနေပေ၏။
"ဒီဟာက ငါတို့မျိုးနွယ်စု တစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲ။ ငါက နောက်ဆုံးတော့ အောင်မြင်သွားပြီ..."
သူမက သွေးအပြည့် မအန်မီ ပြုံးလိုက်ပြီး သူမ၏ ခန္ဓာကိုယ်က လေထဲရှိ ဖယောင်းတိုင်မီးတစ်ခုကဲ့သို့ ယိမ်းထိုးနေလေသည်မှာ မည်သည့်အချိန်တွင်မဆို လဲကျသွားတော့မလိုပင် ဖြစ်နေ၏။
"အရှင် နတ်သမီး..." မြူနှင်း နတ်မိမယ်တစ်ချို့က မန်ဇီဆီသို့ တွဲပေးရန် ပျံသန်းလာကြ၏။
"အခုထိ မပြီးသေးဘူး။ လုပ်စရာ ကိစ္စတွေ ကျန်နေသေးတယ်။" မန်ဇီ၏ ရွှေရောင်မျက်လုံးများက အနည်းငယ် မှိန်မှိုင်းနေသော်လည်း အဆုံးမရှိ အံ့ဖွယ် အလင်းတစ်ခုက သူမ၏တောင်ဝှေးဆီမှ ထွက်လာပြီး သူမခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးကို ထုတ်ယူနေသကဲ့သို့ ဖြစ်နေလေ၏။
"မြင့်မြတ် ကုန်းမြေများ၏ ဝင်ပေါက်၊ ဖွင့်စေ..."
သူမ၏ တောင်ဝှေးဆီမှ အထူးခွန်အားများ ထိုးထွက်လာပြီး လေထဲရှိ နေရာတစ်ခုအား ဆောင်တိုးသွားပြီး အချင်းဝက် ပေတစ်ထောင်ရှိသော စက်ဝိုင်းပုံ အကွာအဝေး တစ်ခါးပေါက်တစ်ခု ပွင့်သွားလေ၏။
လူတိုင်းက စက်ဝိုင်းပုံ အကွာအဝေး တံခါးပေါက်မှ ရေခဲနှင့် မြူနှင်း ကမ္ဘာတစ်ခုကို မြင်နိုင်လေ၏။
အကွာ အဝေး တံခါးကို ဖြတ်သန်းကာ ဗာမီလီယမ်ငှက်ဂိုဏ်းအတွင်းသို့ ဝင်ရောင်လာသော မြူနှင်းပွင့်လေးများပင် ရှိလေ၏။
"တာဝန် ပြီးမြောက်ပြီ။ တပ်ဆုပ်မယ်..."
မန်ဇီ၏ အသံမှာ ဧကရာဇ် တစ်ပါး၏ ခွန်အားများနှင့် ပြည့်နှက်နေပြီး နေရာတစ်ခုလုံးကို မြည်ဟီးသွားလေ၏။ ကျန်ရစ်သော မြူနှင်းနတ်မိမယ် ၂၀၀ကျော်မှာ သူမ၏ အသံကြောင့် တက်ကြွသွားပြီး အကွာအဝေးတံခါးပေါက်ဆီသို့ တပ်ဆုပ်သွားကြတော့၏။
"ငါလူတိုင်းကို တားထားလိုက်မယ်။"
တော်ဝင် အင်ပါယာ ခွန်အားများနှင့် ပြည့်နေသော အသံတစ်ခုက ထွက်ပေါ်လာကာ အကွာအဝေး တံခါးပေါက်၏ ရှေ့တွင် အချင်းဝက် မီတာ တစ်ထောင်ရှိသော ဧရိယာကို ရေခဲနှင့် မြူနှင်းတို့၏ သေစေနိုင်လောက်သော နယ်မြေအဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။
ဂိုဏ်းအကြီးအကဲများထဲမှ တစ်ယောက်က မြူနှင်း နတ်မိမယ်များဆီသို့ တိုးဝင်သွားသော်လည်း ရေခဲနှင့် မြူနှင်း နယ်မြေအတွင်းသို့ဝင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က ချက်ချင်းပင် ရေခဲရုပ်ထုအဖြစ် ပြောင်းလဲသွားပေတော့၏။
"အကြီးအကဲ စုန်းရန်..." ကျူယွမ်ကျိုးက ဝမ်းနည်းစွာ အော်ဟစ်လိုက်၏။
အကြီးအကဲ စုန်းရန်မှာ ဝိညာဉ် ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ကြီးမြတ် ဧကရီ ပြုလုပ်ထားသည့် ရေခဲနှင့် မြူနှင်း နယ်ပယ်တွင် တစ်စက္ကန့်တောင် မခံပါချေ။
ရေခဲနတ်မိမယ်အများစုက ထိုရေခဲနှင့် မြူနှင်း နယ်မြေအတွင်းသို့ တပ်ဆုတ်သွားကြပြီး အကွာအဝေးတစ်ခါပေါက်ဆီသို့ တိုးဝင်သွားကြတော့၏။
ဗာမီလီယမ်ငှက် ဂိုဏ်းတပည့်များ အားလုံးက မြူနှင်းနတ်မိမယ်များ တပ်ဆုပ်သွားသည်ကို စိတ်ပျက်စွာ ကြည့်နေကြရလေ၏။ တချို့သော အတွင်းစည်း တပည့်များက ရေခဲသေဆုံးခြင်း နယ်မြေဆီသို့ တိုးဝင် သွားလို စိတ်များ ပြင်းထန်နေသော်လည်း သူတို့ပတ်လည်မှ ကျိုးကြောင်းသင့်သော လူများ၏ တားဆီးခြင်းကို ခံလိုက်ရ၏။
ပျက်ပြယ်ခြင်းအဆင့် မဟုတ်ပါက မည်သူကမှ ထိုနယ်မြေဆီသို့ မဝင်နိုင်ပါချေ။
မန်ဇီက နောက်ဆုံးတွင် ရေခဲနှင့် မြူနှင်းနယ်မြေမှ ဗာမီလီယမ်ငှက်ဂိုဏ်းသားအားလုံးကို တားဆီးထားသောအခါ သက်ပျင်းချလိုက်လေ၏။ သူမက မီးတောက်ချိတ်စည်း အဝိုင်းကို သူမဘေးမှ မြင့်မြတ်နန်းတော် ခေါင်းဆောင်ဆီသို့ ကမ်းပေးလိုက်၏။ "ချင်လီ၊ ဒီဟာကို မြင့်မြတ် နိုင်ငံတော်ဆီကို ပြန်ယူသွားတော့။"
"ကြီးမြတ် အရှင်မ..."
ချင်လီက မန်ဇီကို စိုးရိမ်ပူပန်သော အမူအရာဖြင့် ဖမ်းထားလိုက်၏။
မြူနှင်းနတ်မိမယ် အများအပြားက အကွာအဝေး တံခါးကို ဖြတ်ကျော်လာပြီး ဖြစ်ကာ ချင်လီက မန်ဇီကို မန္တန်နည်းစနစ်တစ်ခုနှင့် လွှမ်းခြုံထားလိုက်၏။
သို့သော်လည်း ထိုအချိန်မှာပင် သန့်စင် ယန်စွမ်းအားနှင့် ပြည့်နှက်နေသော ခွန်အားကြီး အားအင်ကြီး တစ်ခုက ကောင်းကင်မှ ဆင်းသက်လာကာ ရေခဲသေဆုံးခြင်း နယ်ပယ်ကို ချွန်ထက်လှသော ဓားတစ်ခုကဲ့သို့ ဖြတ်သန်းကာ အကွာအဝေး တံခါးပေါက်ဆီသို့ ဆက်လက်ဦးတည်သွားလေ၏။
ဘုန်း...
ကြောင်မက်ဖွယ် စွမ်းအင်က ရေခဲသေဆုံးခြင်း နယ်ပယ်ကို လမ်းကြောင်းတစ်ခု ဖောက်လိုက်ပြီး အစွမ်းထက် မြူနှင်းနတ်မိမယ် တစ်ဒါဇင်ခန့်ကို လောင်ကျွမ်းနေသော ပြာများအဖြစ် လျော့ချလိုက်လေ၏။ မီးတောက်များက ရွှေရောင် လမ်းကြောင်းတစ်ခု ဖန်တီးကာ စက်ဝိုင်းပုံ အကွာအဝေး တံခါဆီသို့ ဦးတည်သွားလေ၏။
"ငါတို့ အခုထိ မရှုံးသေးဘူး။ သူတို့နောက်ကို လိုက်ကြ။"
အကြီးအကဲ စစ်တုဖန်၏ အသံက အဝေးမှ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ဂိုဏ်းတပည့်များကို အားသစ်လောင်းပေးနေ၏။
"သူတို့နောက်ကို လိုက်ကြဟေ့..."
ဂိုဏ်းတပည့် သောင်းချီက တစ်ပြိုင်နက်တည်း အော်ဟစ်ကာ သူတို့၏ အစွမ်းထက် မန္တန်ဖွဲ့စည်းခြင်းများကို ထုတ်လွှတ်ပြီး သူတို့ ပတ်လည်ရှိ ရေခဲနှင့် မြူနှင်းများကို အရေပျော်သွားစေလေ၏။
အစွမ်းထက် ဂိုဏ်းတပည့် တစ်ရာကျော်က အကွာအဝေး တံခါးဆီသို့ တိုက်ပွဲဆန္ဒများ လောင်မြိုက်နေသော မျက်လုံးများဖြင့် တိုးဝင်သွားကြ၏။
ချင်လီ၏ အမူအရာက ပြောင်းလဲသွားပြီး မန်ဇီကို ပွေ့ကာ မြူနှင်းနတ်မိမယ် တစ်ရာကျော်နှင့်အတူ အကွာအဝေး တံခါးပေါက်ကို ဖြတ်သန်းသွားလေ၏။
နောက်ပိုင်းကို တာဝန်ယူရန် နေခဲ့ကြသော မြင့်မြတ်နန်းတော် ခေါင်းဆောင်၁၀ယောက်မှ လွဲ၍ တခြားသော မြူနှင်း နတ်မိမယ်များ အားလုံးနီးပါးက အကွာအဝေး ဂိတ်ပေါက်ကို ဖြတ်ကျော်လာပြီး ဖြစ်၏။
အကြီးအကဲ ၁၅ယောက်နှင့် အစွမ်းထက် အတွင်းစည်း တပည့် ၅၀ကျော်က မြင့်မြတ်နန်းတော်ခေါင်းဆောင်များ၏ အကာအကွယ်ကို ချိုးဖောက်ကာ မြင့်မြတ်ရေခဲနယ်မြေဆီသို့ အကွာအဝေးတံခါးကို ဖြတ်သန်းကာ ဆက်သွားနေပေတော့သည်။
ထိုအချိန်မှာပင် အကြီးအကဲ ချန်ရှင်းရန်နှင့် တခြားသော ပျက်ပြယ်ခြင်းအဆင့် အကြီးအကဲ နှစ်ဦးက မြင့်မြတ်နန်းတော် ခေါင်းဆောင်များကို တားဆီးရန် ဂိုဏ်း၏ မန္တန်ဖွဲ့စည်းခြင်း စွမ်းအားကို ဆင့်ခေါ်လိုက်လေ၏။
အန်လင်းနှင့် စုရှောင်လန်သည်လည်း ပြန်လည် တိုက်ခိုက်မှုတွင် ပူးပေါင်းကာ အကွာအဝေးတံခါးဆီသို့ ဦးတည်လိုက်ကြပေ၏။
---------------