← Chapters

ဝိညာဉ်

Vol. 9 Ch. 116

ဝိညာဉ်

Vol. 9 Ch. 116

အခန်း(၁၁၆) :  ဝိညာဉ်

ဝမ်ဝေ့က နှစ်များစွာဆင်ခြင်လေ့လာပြီးနောက် အံ့ဖွယ်သွေးကြောများကို သူ့အံ့ဖွယ်ပလ္လင်တွင်သာ မကဘဲ သူ့ဝိညာဉ်အထိပါ ရေးထွင်းဖို့ ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူ အောင်မြင်သွားပါက ဝိညာဉ်ချီအပေါ် ထိန်းချုပ်နိုင်စွမ်းက စိတ်ကူးမကြည့်နိုင်လောက်သည့် အဆင့်တစ်ခုသို့ ရောက်သွားမည် ဖြစ်ရာ သူ ကမ္ဘာဦးစိတ်ဝိညာဉ်နယ်ပယ်အဆင့်သို့ ဝင်ရောက်သည့်အခါတွင်လည်း ပို၍ အကျိုးထူးလာလိမ့်မည်မှန်း မှန်းဆမိလေသည်။

သို့သော်လည်း ဖြေရှင်းဖို့ လိုနေသည့် ပြဿနာတစ်ခု ရှိနေသေးသည်။

ဝိညာဉ်အထိ ဘယ်လိုရောက်အောင်သွားရမလဲ …

သူတို့၏ နိဝမ်ဆုံမှတ်ကို ဖွင့်ထားပြီး ကိုယ်ပိုင် အသိစိတ်ပင်လယ်ရှိထားသည့် ကျင့်ကြံသူများသာ သူတို့ဝိညာဉ်ထဲ အလွယ်တကူ ဝင်ရောက်နိုင်ကြသည်။ သဘာဝလွန်နယ်ပယ်အဆင့်ကသာ ကျင့်ကြံသူများအား သူတို့နိဝမ်ဆုံမှတ်ကို ဖွင့်နိုင်လေသည်။

သို့သော်လည်း ထိုပြဿနာက ဝမ်ဝေ့အတွက် မခက်ခဲပေ။ ဝိညာဉ်ပုံစံဖြင့် နေထိုင်ရမည်မှာ မည်သို့ခံစားရမှန်း သိသူအနေနှင့် နားလည်နိုင်စွမ်း နက်ရှိုင်းလှသည်။

ထို့ကြောင့် ဝမ်ဝေ့က မျက်လုံးမှိတ်ကာ အာရုံစိုက်ထားလိုက်သည်။ သူ ပြန်လည်မဝင်စားခင် ကမ္ဘာမြေတွင် သူ့ခန္ဓာကိုယ် ပျက်စီးသွားပြီး ဝိညာဉ်အဖြစ် ကျယ်ပြောကာ အကန့်အသတ်မဲ့လှသည့် အာကာပြင်ကြား မျှောလွင့်နေသည့် အခြေအနေကို ပြန်စိတ်ကူးကြည့်လိုက်သည်။

ဝမ်ဝေ့က အချိန်ဘယ်လောက်ကြာသွားမှန်း မသိတော့သည့်အချိန် သေးငယ်ကာ မှောင်မည်းနေသည့် နေရာတစ်ခုသို့ ရောက်သွားကြောင်း သိလိုက်ရသည်။ ထိုနေရာအလယ်၌ တိမ်တိုက်လိုမျိုး အရာတစ်ခု မျှောလွင့်နေသည်။

သူက သူ့ဝိညာဉ် ဖြစ်မှန်း ချက်ချင်း သိလိုက်၏။

သူက သေချာအနီးကပ် စစ်ဆေးကြည့်ပြီးနောက် သူ့ဝိညာဉ်သည် အနားစောင်းနားတွင် ခဲဖြူရောင်လိုင်းကြောင်းများ ပါရှိသည့် ခရမ်းရောင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူ ဖတ်ထားသလောက် အချက်အလက်အရ  ဝိညာဉ်သည် အဖြူရောင်ဖြစ်နေပါက ပင်ကိုယ်အားဖြင့် ဖြူစင်သန့်ရှင်းနေသည်ဆိုသော အဓိပ္ပါယ်ဖော်ဆောင်သည်။

ဝိညာဉ်က အရောင်ပြောင်းလဲနိုင်လေသည်။ ဥပမာအားဖြင့် အနီရင့်ရင့်ဝိညာဉ်သည် လူတစ်ယောက်က အပြစ်ကြွေးများစွာ ကျူးလွန်ထားပြီး ကံကြမ္မာဝဋ် စွန်းထင်းနေသည်ဆိုသော အဓိပ္ပါယ်ကို ကိုယ်စားပြုသည်။

ဝိညာဉ်များကို အရောင်ပြောင်းလဲနိုင်သည့် ကျင့်စဉ်မျိုး ရှိသော်လည်း ပုံမှန်အားဖြင့် ရွှေရောင် ဖြစ်ကြလေသည်။

ခရမ်းရောင် ဝိညာဉ်အတွက်မူ သူ မကြားဖူးပေ။ သူက ခဲဖြူရောင် လိုင်းများသည် သူ့ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာနှင့် သက်ဆိုင်နေတာမျိုး ဒါမှမဟုတ် ကံကြမ္မာ စည်းမျဉ်းအပိုင်းအစကြောင့် ဖြစ်လိမ့်မည်ဟု မှန်းဆမိသော်လည်း ခရမ်းရောင်ကိုတော့ မှန်းဆဖို့ရာ သဲလွန်စပင် မရှိချေ။

ဝမ်ဝေ့က ရုတ်ချည်းဆိုသလို တိုက်ပွဲရူး ဧကရာဇ်ကိုယ်ပွားသည် သူ့ဝိညာဉ်တွင် စံပြပါရမီအဆင့်ရှိသည်ဟု ပြောခဲ့ဖူးကြောင်း အမှတ်ရသွားသည်။ ထိုကြောင့် သူ့ဝိညာဉ်က ခရမ်းရောင် ဖြစ်နေနိုင်သည်။

သူ့မှတ်ဉာဏ်များကို ထပ်မံ စစ်ဆေးလိုက်ပြီးနောက် ဝမ်ဝေ့က သူ့ဝိညာဉ်သည် ကမ္ဘာမြေမှ အက်ကြောင်းထဲ ဝါးမျိုခံလိုက်ရစဉ်အခါက အဆုံးမဲ့လေဟာနယ်ထဲ မျှောလွင့်နေတုန်း အပြာရောင်အလင်းများကို ဝါးမျိုစုပ်ယူလိုက်စဉ် စတင်အရောင်ပြောင်းလာကြောင်း သတိပြုမိလိုက်သည်။

ထိုစဉ် သူက နောက်ထပ် အပြာရောင်အလင်းဆီ ရောက်ဖို့သာ အာရုံစိုက်ထားသောကြောင့် ဒီလိုအသေးစိတ်ကို အာရုံမစိုက်ခဲ့မိပေ။

ဝမ်ဝေ့က ဒီအပြာရောင်အလင်းပြောက်များသည် မည်မျှထူးခြားကြောင်း သတိမထားမိသည့်အတွက် သူ့ကိုယ်သူသာ တိတ်တဆိတ် အပြစ်တင်မိသည်။ သူ့ဝိညာဉ်က ယခင် သူ တွေးထားသည်ထက် ပို၍ ဆန်းကြယ်နေလောက်သည်။

သူ ဝိညာဉ်အကြောင်း သိထားသလောက် အသိပညာများအရ သာမန်သေမျိုးတစ်ယောက်၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားပြီးနောက် ကြာကြာမနေနိုင်ပေ။ ဝိညာဉ်က သဘာဝအားဖြင့် ယင်ဓာတ် ဖြစ်ပြီး နေမင်းက ယန်ဓာတ် ဖြစ်လေသည်။ ဝိညာဉ်က ယန်ဓာတ် နေရောင်နှင့် ထိတွေ့မိသွားပါက ချက်ချင်း ပျောက်ကွယ်သွားလိမ့်မည်။

ဝိညာဉ်က သူ့ဘာသာ ကျန်ရှိနေအောင် ထိန်းထားနိုင်ဖို့အတွက် ခန္ဓာကိုယ်က ပေးသည့် အာဟာရ သို့မဟုတ် စွမ်းအင်ကို လိုအပ်လေသည်။

ကမ္ဘာဦးစိတ်ဝိညာဉ်နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများ၏ ဝိညာဉ်ကသာ ခန္ဓာကိုယ်မလိုအပ်ဘဲ နေနိုင်စွမ်းရှိ၏။ အကြောင်းအရင်းမှာ ထိုအချိန်ကျ ဝိညာဉ်သည် ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် အသွင်ပြောင်းသွား၍ ဖြစ်သည်။

သို့သော်လည်း ထိုသို့ဆိုလျှင်ပင် ဝိညာဉ် သို့မဟုတ် ကမ္ဘာဦးစိတ်ဝိညာဉ်သည် တခြားအကူအရာတွေ မပါရှိလျှင် သူတို့မပျောက်ကွယ်သွားခင် လပိုင်းမျှသာ ခံနိုင်ရည်ရှိကြသည်။

သူတော်စင်နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများသာ သူတို့ခန္ဓာကိုယ်ကို ပစ်ပယ်ပြီး ဝိညာဉ်အဖြစ် ထာဝရနေထိုင်နိုင်ကြ၏။

ဝမ်ဝေ့အတွက်မူ  သူ အက်ကြောင်းထဲ ဝါးမျိုခံလိုက်ရပြီးနောက် သူ့ဝိညာဉ်သည် အာကာပြင်ထဲ အချိန်အတော်ကြာ မျှောလွင့်နေခဲ့ကြောင်း ပြောနိုင်လေသည်။

သူ့မှတ်ဉာဏ်ကို ပြန်လည်စစ်ဆေးပြီးသည့်အခါမှ အဆုံးမဲ့လေဟာနယ်ထဲ ကမ္ဘာအသင်္ချေ အချိန်များစွာကုန်ဆုံးခဲ့ရကြောင်း သတိပြုမိသွားသည်။ အသက်ဆက်ရှင်လိုသည့် စိတ်ဆန္ဒနှင့် လိုလားမှုတို့ကြောင့် အချိန်ကုန်ဆုံးမှုကို လျစ်လျူရှုထားမိခဲ့သည်။ ထိုသို့မဟုတ်ပါက သူ့အနေနှင့် ပန်းတိုင်မရောက်ခင် ရူးသွပ်သွားနိုင်သည်။

ထိုအပြာရောင်အလင်းပြောက်များက ဝမ်ဝေ့၏ ဝိညာဉ်အား အံ့လောက်ဖွယ် သက်တမ်းပမာဏ ပေးခဲ့ရုံသာမက ကြောက်မက်ဖွယ် ပတ်ဝန်းကျင်မျိုးတွင် တည်ရှိနေနိုင်အောင်ပါ အင်အား ပေးခဲ့သည်။

ထိုအပြာရောင် အလင်းပြောက်များက သူ့ဝိညာဉ်အား တုနှိုင်းမဲ့ အရည်အသွေးနှင့် ပမာဏကိုပါ တိုးလာစေပုံရသည်။

ထိုအရာများကို ဆင်ခြင်လေ့လာပြီးနောက် ဝမ်ဝေ့က ရုတ်ချည်း ရပ်တန့်လိုက်သည်။ အကြောင်းမှာ သူ့ဝိညာဉ်နှင့် ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေသည်ကို သတိပြုမိလိုက်၍ ဖြစ်သည်။

ထို့ကြောင့် သူက မှတ်ဉာဏ်များကို တဖန်ပြန်လည်စစ်ဆေးလိုက်သည်။ အထူးသဖြင့် သူ အသင်္ချေအင်ပါယာကမ္ဘာတွင် ပြန်လည်မဝင်စားမီ တောက်ပသည့် အလင်းရောင်ထဲ မဝင်ခင်အချိန်ကို ဖြစ်၏။

တိမ်တိုက်လို သူ့ဝိညာဉ်က တကယ်တမ်း အရွယ်အစားအားဖြင့် ကြီးမားလှကြောင်း သတိထားမိလိုက်သည်။ အထူးသဖြင့် လက်ရှိ ဝိညာဉ်အရွယ်အစားနှင့် ယှဉ်ကြည့်လိုက်သည့်အခါတွင် ဖြစ်၏။  ကမ္ဘာမြေနှင့် နဂါးငွေ့တန်းကို နှိုင်းယှဉ်ကြည့်သလိုမျိုး ဖြစ်နေလိမ့်မည်။

သူက မျက်မှောင်ကြုတ်စဉ်းစားလိုက်ပြီးနောက် သူ့ဝိညာဉ် ပမာဏနည်းပါးသွားခြင်းမှာ ပြန်လည်ဝင်စားခြင်း ဖြစ်စဉ်ကို ဖြတ်ကျော်ပြီးသည့်နောက်တွင် ဖြစ်ကြောင်း မှန်းဆမိသွားသည်။ ပြောရလျှင် ထိုအရာက သူ့အတိတ်ဘဝမှ မှတ်ဉာဏ်များကို သိမ်းထားနိုင်သည့် အကြောင်းအရင်းလည်း ဖြစ်နေနိုင်သည်။

ဝမ်ဝေ့က သူ့အတိတ်ဘဝမှ မှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်ဖို့ သူ့ဝိညာဉ်ပမာဏကို စတေးလိုက်ရသည်ဟု သဘောပေါက်သွားသည်။ ကံမကောင်းစွာဖြင့် သူ အလင်းစူးစူးထဲ ဝင်ရောက်ပြီးနောက် ဘာမှမမှတ်မိပေ။

တော်သေးတာက ငါ့ဝိညာဉ်ရဲ့ အရည်အသွေးက ကျန်နေသေးလို့ …

ဝမ်ဝေ့က သူ့ကံကောင်းမှုကို တွေးရင်း သက်ပြင်းချလိုက်သည်။

တကယ်တော့ ဝမ်ဝေ့က ထိုဆုံးရှုံးမှုကို ဒီလောက် ဝမ်းနည်းမနေပေ။ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကြား သိသာသည့် ဆက်နွယ်မှု ရှိနေပေသည်။ တစ်ခုက အားကောင်းလေလေ နောက်တစ်ခုအနေနှင့် ကျန်တစ်ခုကို လက်ခံနိုင်ဖို့အတွက် အားကောင်းဖို လိုအပ်သည်။

အကယ်၍ ဝမ်ဝေ့သာ ဒီလိုမျိုး အားကောင်းသည့် ဝိညာဉ်နှင့် မွေးဖွားလာခဲ့လျှင် သူ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ ပြဿနာသာ ဖြစ်စေလိမ့်မည်။ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ် လက်ခံနိုင်လာအောင် ဖြည်းဖြည်းချင်း အားကောင်းလာနေခြင်း ဖြစ်၏။ အားကောင်းသည့် ခန္ဓာကိုယ်က ဝိညာဉ်ကို အားပြုနေသလိုမျိုး ဖြစ်သည်။

သို့သော်လည်း ဖြစ်စဉ်အတွင်း ဝမ်ဝေ့က အတော်လေး ကံဆိုးလှသည်။ ဒီလိုမျိုး အားကောင်းသည့် ဝိညာဉ်ဖြင့်ဆိုလျှင် သူ့ခန္ဓာကိုယ်နှင့် စိတ်တို့က ကောင်းကောင်းအလုပ်လုပ်နိုင်မည် မဟုတ်ဘဲ ဉာဏ်ရည်နိမ့်သူ ဖြစ်သွားနိုင်သည်။

သူ့ဝိညာဉ်က မည်မျှအားကောင်းစေကာမူ သူ့ခန္ဓာကိုယ်ကို ကောင်းကောင်းအလုပ်လုပ်နိုင်ရန် ထိုအဆင့်ရောက်အောင် အားကောင်းလာစေဖို့ နှစ်သန်းပေါင်းများစွာ ကြာမြင့်လောက်သည်။ ဤသည်မှာ လျော့ပေါ့ထားသည့် ခန့်မှန်းချက်မျှသာ ဖြစ်၏။

ဝမ်ဝေ့က သက်ပြင်းအရှည်ကြီးချလိုက်ပြီးနောက် သူ လုပ်ဖို့လိုအပ်သည်များကို စတင်လိုက်သည်။

ထို့နောက် သူက အတွေးတစ်ချက်ဖြင့် သူ့အံ့ဖွယ်ပလ္လင်ပေါ် လုပ်ခဲ့သလိုမျိုး သူ့ဝိညာဉ်ပေါ် အံ့ဖွယ်သွေးကြော စတင်ရေးထွင်းလိုက်သည်။

သူက ဝိညာဉ်အပေါ် ကြုံရာကျပန်း သွေးကြောများ ရေးထွင်းနေခြင်း မဟုတ်ပေ။ သူက အံ့ဖွယ်သွေးကြောများသည် သဘာဝလွန်နယ်ပယ်အဆင့်ရှိ ရှေးဟောင်းမီးအိမ်ပေါ်မှ မူလသင်္ကေများဖြင့် ပေါင်းစပ်သွားမည့်အချက်ကို ကောင်းကောင်း သိထားလေသည်။ ထို့ကြောင့် သူ့ဝိညာဉ်အံ့ဖွယ်သွေးကြောများကို အံ့ဖွယ်ပလ္လင်ရှိ လုံးဝ ပြီးပြည့်စုံနေအောင် သို့မဟုတ် ဆက်နွယ်နေအောင် စုစည်းထားသည်။

သူ့ဝိညာဉ်ပေါ် နောက်ထပ်အံ့ဖွယ်သွေးကြော ၃၅၅ ခု ရေးထွင်းပြီးနောက် ဝမ်ဝေ့က ဆက်လက် ရေးထွင်းနေခြင်းက သူ့အတွက် အကျိုးမရှိဘဲ အချိန်ကုန်မည်သာ ဖြစ်ကြောင်း သဘောပေါက်လာ၍ ရပ်တန့်လိုက်သည်။

နောက်ထပ် သွေးကြောသည် မူလသင်္ကေတ ဖန်တီးမှုအပေါ် သက်ရောက်မှုရှိပြီး ခွန်အားကို တိုးမြင့်လာစေမည် မဟုတ်ပေ။

သူ ရေးထွင်းပြီးသွားသည့်နောက်တွင် အံ့ဖွယ်ပလ္လင်နှင့် ဝိညာဉ်ရှိ အံ့ဖွယ်သွေးကြောများက အတူတကွ တောက်ပလာပြီး သူတို့ကြား နက်နဲသည့် ဆက်နွယ်မှုတစ်ခု ဖြစ်တည်လာသည်။

ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်သည့်အခါ ယခင်နှင့် ကွဲပြားနေသည့် ကမ္ဘာကြီးကို မြင်လိုက်ရသည်။ သူက လေထဲ ဝိညာဉ်ချီများသည် ကခုန်နေသည်ကို မြင်တွေ့နေရ၏။

ဝိညာဉ်ချီများက အသက်ဝင်နေသည့်အလား ဝမ်ဝေ့၏ တည်ရှိမှုကို သတိထားမိကာ သူ့ဆီ ခွင့်ပင်မတောင်းဘဲ ခန္ဓာကိုယ်ထဲ ပျံသန်းသွားကြလေသည်။ သူက ဝိညာဉ်ချီနှင့် နှီးနွယ်မှု မြင့်မားလာသလို ခံစားလိုက်ရ၏။ ထိုနှီးနွယ်မှုက ကြောက်ခမန်းလိလိ ထိန်းချုပ်မှုဖြင့် ဖြစ်တည်လာသည်။

သူ့အယူအဆကို စမ်းသပ်ကြည့်ဖို့ ဝမ်ဝေ့က နန်းတော်ထဲမှ ခိုးထွက်ကာ လူသူမရှိသည့် တောင်တစ်လုံးဆီ သွားလိုက်သည်။ သူက အံ့ဖွယ်သွေးကြော ၇၂၀ လုံးကို အသက်သွင်းလိုက်ပြီး ဘေးနားရှိ ဝိညာဉ်ချီများကို ထိန်းချုပ်ကြည့်လိုက်သည်။

ဝမ်ဝေ့က ချက်ချင်းဆိုသလို လေထဲ တည်တည်ငြိမ်ငြိမ်ဖြင့် ပျံသန်းသွားလေသည်။ သူ့အမြန်နှုန်းက အတော်လေး မြန်ဆန်လှ၏။

သူက သဘာဝလွန်နယ်ပယ်အဆင့် ကျင့်ကြံသူများကဲ့သို့ အမြင့်ကြီး မပျံသန်းနိုင်သေးသော်လည်း လေထဲ တိုက်ခိုက်နိုင်ပြီ ဖြစ်၏။ ထို့အပြင် ဒီကမ္ဘာထဲ ချီစွမ်းအား နည်းပါးမှုကြောင့် ပထမဆုံးအကြိမ် ပျံသန်းတုန်းက ပြုတ်ကျလုမတတ် ဖြစ်သွားသည်နှင့် ယှဉ်လိုက်လျှင် ဒီတစ်ခေါက်က လွယ်ကူလှသည်။

ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ ကောင်းကင်ထဲ ပျံသန်းလိုက်ပြီးနောက် လေထု ဒုတိယအလွှာ ရောက်ခါနီးတွင် ပြန်ငုံ့ကြည့်လိုက်သည်။

ထိုအမြင့်ဖြင့် ဝမ်ဝေ့က တစ်ကမ္ဘာလုံးကို မြင်နိုင်လေသည်။ ဒီကမ္ဘာကြီးကို မြေဆွဲအားကို ဆန့်ကျင်နေသည့် သမုဒ္ဒရာကြီးက ဝန်းရံထားသည့် နယ်မြေတစ်ခုသာ ဖြစ်ကြောင်း မြင်လာသည်။

အသင်္ချေအင်ပါယာကမ္ဘာနှင့် မတူညီသည်က ဒီကမ္ဘာတွင် ကာကွယ်ပေးထားသည့် အကာအရံအလွှာ မရှိသော်လည်း ဝမ်ဝေ့က ကမ္ဘာအဆုံးတွင် အဆုံးမဲ့လေဟာနယ်နှင့် ဒီကမ္ဘာအား ပိုင်းခြားထားသည့် အားကောင်းသော အစီအရင်တစ်ခုကို မြင်တွေ့နေရသည်။

သူက ကျင့်ကြံရေးကမ္ဘာများသည် မည်မျှဆန်းကြယ်ကြောင်း သက်ပြင်းချလိုက်ပြီးနောက် နန်းတော်ဆီ ပြန်လာလိုက်၏။ သူက သူ့သီးသန့်လေ့ကျင့်မှုက မည်မျှအချိန်ကြာမြင့်သွားကြောင်းနှင့် အနာဂတ် အစီအစဉ်များကို မည်သို့ချမှတ်ထားရမည်ကို သိချင်နေမိသည်။

All Chapters