← Chapters

ပြန်လည် တိုက်ခိုက်ခြင်း

Vol. 32 Ch. 440

ပြန်လည် တိုက်ခိုက်ခြင်း

Vol. 32 Ch. 440

အပိုင်း (၄၄၀) : ပြန်လည် တိုက်ခိုက်ခြင်း

ရေခဲနှင့် မြူနှင်း ကမ္ဘာတစ်ခုအတွင်း၌ အန်လင်းက ရှေ့ဆက်သွားနေရာ အေးစက်စက်လေများက သူ့မျက်နှာကို ဓားများကဲ့သို့ ဖြတ်သွားလေ၏။

အကာအကွယ်စည်းကို ဖြတ်သန်းလာသော ဗာမီလီယမ်ငှက်ဂိုဏ်းသား အများအပြား ရှိသော်လည်း ဤရေခဲနှင့် မြူနှင်းကမ္ဘာသို့ ရောက်သည့်အခါ ရုတ်တရက် မြူနှင်း နတ်မိမယ်များကို မျက်ခြေပြတ်သွားကြ၏။

"သူတို့မှာ ကိုယ်ဖျောက်မန္တန်တစ်ချို့ ရှိရမယ်။ ဒီလောက်အချိန်တိုလေးအတွင်းမှာ အဝေးကြီးကို ရောက်သွားဖို့က မဖြစ်နိုင်ဘူး။" သူက တည်ကြည်လှသော အသံဖြင့် အကြီးအကဲ ကျူ၏ မုတ်ဆိတ်က လေထဲမှ မီးတောက်များကဲ့သို့ ယမ်းခါနေလေ၏။

"အကြီးအကဲ လင်၊ မင်းကိုပဲ အားကိုးရတော့မှာ။" အကြီးအကဲ ကျိက အဖြူရောင် ဆံပင်ရှည်နှင့် အကြီးအကဲ တစ်ယောက်ဆီသို့ လှည့်လိုက်၏။

လူကြီးက ခေါင်းငြိမ့်ပြလိုက်ပြီး လူစု၏ အလယ်သို့ လျှောက်သွားလိုက်၏။

ထို့နောက် သူ့လက်ထဲတွင် ကြေးမုံတစ်ချပ် ပေါ်လာလေ၏။

"ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ ကြေးမုံ၊ အသင့်ရဲ့ ကြယ်များနှင့် အကျွန်ုပ်ကို လမ်းပြပေးပါ။"

ချန်လင်းက အသံတိုးတိုးနှင့် ဆိုလိုက်ပြီး တောက်ပသော အလင်းတစ်ခုက ကြေးမုံမှ စတင် ထွက်လာလေ၏။ ထို့နောက် ချက်ချင်းပင် လူတိုင်း၏ ရှေ့တွင် အနက်ရောင် ညကောင်းကင်ယံတစ်ခု ပေါ်လာလေ၏။

အလင်းတန်း၏ အတွင်း၌ ရွေ့လျားနေသော ကြယ် ၂၀၀ ခန့်ရှိနေပြီး ၆ခုက ထူးထူးခြားခြား တောက်ပနေသော်လည်း ၆ခုစလုံးမှာ မတူညီသော ဦးတည်ချက်များဆီသို့ ရွှေ့လျားနေကြ၏။ အဖွဲ့ ၂၀ကွဲနေသော ကြယ်ပွင့် ၆၀လည်းရှိပြီး အဖွဲ့ ၄၀ကွဲနေသော မြင်ရန်ခက်ခဲလှသည့် ကြယ်ပွင့် ၁၀၀ကျော်လည်း ရှိလေ၏။

အတောက်ပဆုံး ကြယ် ၆ခုက မြင့်မြတ်နန်းတော် ခေါင်းဆောင် ၆ယောက် ဖြစ်နိုင်ပြီး အနည်းငယ် ပို၍ မှိန်နေသော ကြယ်များက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် မြူနှင်းနတ်မိမယ်များ ဖြစ်ကာ၊ နောက်ဆုံး ကြယ်ပွင့် ၁၀၀ကျော်က စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် မြူနှင်းနတ်မိမယ်များ ဖြစ်လေ၏။

"အဲ့မြူနှင်း နတ်မိမယ်များက သူတို့ရဲ့ မြင့်မြတ်မြို့တော်ကို လမ်းကြောင်းအမျိုးမျိုးနဲ့ပျံသန်းပြီးတော့ ငါ့တို့ကို လှည့်စားနေတာ။ သူတို့က သူတို့ကို မန္တန်နည်းစနစ်ကို သုံးပြီး သူတို့ကို ခြေရာခံနိုင်မယ်လို့ ကြိုမှန်းပြီး ဖြစ်လောက်မယ်။ အဲဒါမို့ တမင်ကို လူစုခွဲပြီးတော့ ဘယ်အုပ်စုမှာ မီးတောက် စုဆောင်းအဝိုင်းရှိသလဲဆိုတာ ပြောလို့မရနိုင်အောင်လို့နေမှာ။" အကြီးအကဲကျူ၏ မုတ်ဆိတ်က ဒေါသကြောင့် လွင့်မျောတော့မလိုပင် ဖြစ်နေလေ၏။

ချန်လင်းက ကြယ်စင် ၆သွယ် အစီအရင်ကို ကိုင်ကာ ပျက်ပြယ်ခြင်းအဆင့် အကြီးအကဲ ခြောက်ယောက်ဆီသို့ ပျံသန်းသွားလေ၏။

ချန်လင်းအပါအဝင် ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူ ၇ယောက်ရှိလေ၏။

"အခု မင်းတို့အားလုံးရဲ့ တာဝန်ဖြစ်သွားပြီ။ အသက်ကို စတေးရမယ်ဆိုရင်တောင် မြင့်မြတ်မီးတောက်ကို ပြန်ယူလာခဲ့။" ချန်လင်းက သူတို့ကို ခပ်ဖွဖွ အရိုအသေပေးလိုက်လေ၏။

အကြီးအကဲ ၆ဦးစလုံးက စကားတစ်ခွန်းမှ မပြောပဲ ခေါင်းငြိမ့်လိုက်ကြသော်လည်း သူတို့မျက်လုံးထဲမှ စိတ်ပိုင်းဖြတ်မှုများက သူတို့အစား စကားပြောသွားလေ၏။

သူတို့က ကြယ်အစီအရင်တစ်ခုစီ အသီးသီးကိုင်ဆောင်ကာ သူတို့၏ ပစ်မှတ်ကို လိုက်ရန်အတွက် အကွာအဝေးတံခါးတစ်ခုကို ဖွင့်လိုက်လေ၏။

ထို့နောင် ချက်ချင်းပင် ကြယ်စင် အစီအရီ အခု၂၀က ကျန်ရစ်သော အကြီးအကဲများနှင့် အတွင်းစည်း တပည့်များဆီသို့ ပျံသန်းလာလေ၏။

စုရှောင်လန်သည်လည်း ကြယ်စင်အစီအရင်တစ်ခုကိာ လက်ခံရရှိပြီး ထိုအပေါ်တွင် သူမနှင့် အန်လင်း၏ အမည်ကို ထွင်းထားလေ၏။

အန်လင်းက ကြယ်စင်အစီအရင်ကို ကြည့်လိုက်ရာ ထိုအပေါ်တွင် တောက်ပသော ကြဟ်၆ခု ရှိနေသည်ကို တွေ့လိုက်ရကာ သူတို့၏ ပစ်မှတ်မှာ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် မြူနှင်း နတ်မိမယ် ၆ယောက်အုပ်စုဖြစ်သည်ဟု ဆိုလိုခြင်းပင်။

သို့ဖြစ်၍ ဗာမီလီယမ်ငှက်ဂိုဏ်းသားများအားလုံးက သူတို့၏ တာဝန်ကို လက်ခံရရှိပြီးဖြစ်၏။

"မင်းတို့ရဲ့ ပစ်မှတ်က မြင့်မြတ်မြို့တော်ကိုဝင်သွားတာနဲ့ တာဝန်ကို အရှုံးပေးဖို့ သတိပေးချင်တယ်။ မြင့်မြတ်မြို့တော်ထဲမှာ အမြဲတမ်းနေထိုင်နေတဲ့ မြင့်မြတ်နန်းတော် ခေါင်းဆောင် အယောက် ၂၀ရှိတယ်။ သူတို့က မြင့်မြတ်မြို့တော်ကို မစွန့်ခွာနိုင်ပေမဲ့ သူတို့အားလုံးက တမူထူးတဲ့ အစွမ်းထက် ခွန်အားကြီး ပုဂ္ဂိုလ်တွေပဲ။ ကျန်တဲ့ အဖွဲ့၄၀ကို ငါတာဝန်ယူလိုက်မယ်။"  ချန်လင်းက အသံတိုးတိုးနှင့် ပြောလိုက်၏။

အန်လင်း၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သောအလင်းမှုန်များ ထွက်လာပြီး ချန်လင်း၏ ကိုယ်ပွား အယောက်၄၀ အဖြစ် ​စုစည်းသွားကြလေတော့၏။

ထိုသည်မှာ တစ်စုံတစ်ယောက်က ကိုယ်ပွား အများအပြားကို တစ်ချိန်တည်းတွင် ဖန်တီးသည်အား အန်လင်းပထမဆုံး မြင်ဖူးခြင်းဖြစ်ပြီး သူ့၏ မျက်လုံးများက အံ့ဩတကြီး ပြူးကျယ်သွားလေ၏။

သူ့အတွက် အံ့အားအသင့်ရဆုံး အရာမှာ ကိုယ်ပွား ၄၀လုံးက အလွန်အမင်း အစွမ်းထက်လှသော အော်ရာများထုတ်လွတ်နေကြပြီး သူတို့၏ သက်ဆိုင်ရာ ပစ်မှတ်များကို လိုက်ရန်အတွက် အကွာအဝေးဂိတ်များကို ဖွင့်လိုက်လေ၏။

အန်လင်းက ကျန်ရစ်သော မြူနှင်း နတ်မိမယ်များကိုယ်စား မပူဆွေးပဲ မနေနိုင်တော့ပါချေ။ သူတို့၏ ကံတရားမှာ ချန်လင်းသူတို့ကို လိုက်ရန် ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ ချိတ်ပိတ်ပြီးသွားပြီ ဖြစ်၏။

ထိုသည်ကို မြင်သောအခါ ယန်ယွမ်၏ မျက်လုံးများထဲတွင် ဝမ်းနည်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာသော်လည်း ထိုခံစားချက်များက သူ့၏ ပစ်မှတ်ကို ဖမ်းရန်အတွက် သူ့ဓားပေါ်တက်လိုက်သည့်အချိန်တွင် ပျောက်ဆုံးသွားလေ၏။

အန်လင်းနှင့် စုရှောင်လန်တို့က သူတို့၏ ပစ်မှတ် ၆ယောက်ကို လိုက်ရန် ရှေ့ဆက်လာကြ၏။

ထိုသည်က မြင့်မြတ် ရေခဲ ကုန်းမြေဆီသို့ လာသော အန်လင်း၏ ပထမဆုံး အကြိမ်ဖြစ်ပြီး သူက ပတ်ဝန်းကျင်သို့ ကြည့်လိုက်သောအခါ အဖြူစွတ်စွတ်ကို မြင်ရပြီး ဤသည်မှာ သန့်ရှင်းလှသော ကောင်းကင်ဘုံတစ်ခုကဲ့သို့ ဖြစ်နေ၏။

အဝေးတွင် မြင့်မားသော နှင်းဖြူဖြူတောင်များရှိနေပြီး သူတို့အားလုံးမှာ ပေတစ်ထောင်ကျော် မြင့်မားပေ၏။

သူက ရန်ဖန်ရန်ခါ အဖြူရောင် အမွေးများနှင့် မြူနှင်းသားရဲများကို တွေ့ရပြီး အောက်ဘက်မြေပြင်ပေါ်တွင် လမ်းလျှောက်နေကြသော အဝတ်အစား ပါးပါးနှင့် မြူနှင်း နတ်မိမယ်တစ်ချို့ကိုလည်း တွေ့ရလေ၏။

မြင့်မြတ်ရေခဲကုန်းမြေတစ်ခုလုံးက အလွန်အမင်း အေးလှ၏။ အကယ်၍ ကျင့်ကြံခြင်း အခြေခံမရှိသော လူသားတစ်ယောက်သာ ဤနေရာသို့ လာခဲ့ပါက သူတို့က မြူထူထူအော်ရာက မည်မျှပင် အဝတ်များများ ဝတ်သော်လည်း သူတို့၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ကာ  အေးခဲသွားစေပေလိမ့်မည်။

ဤနေရာတွင် နှင်းပွင့်များက အလွန်အမင်း ကြီးမားလှပြီး ကိုးပြည်ထောင် တိုင်းပြည်မှ နှင်းပွင့်များခက် နှစ်ဆခန့်ပင် ကြီးမားလေ၏။ ထိုသည်များကို အနီးကပ်ကြည့်ပါက နှင်းပွင့်များပေါ်တွင် ရှိနေသော ရူပ်ထွေးလှသည့် ပုံစံများကို မြင်နိုင်ပေ၏။

အင်မော်တယ် ဆေးတောင့် ၁ခု သောက်ပြီး အချိန်အတန်ကြာ ပျံသန်းလာပြီးနောက် အန်လင်း၏ ဒဏ်ရာမျက အပြည့်အဝပင် ပြန်ကောင်းလာချေပြီ။ ထို့အပြင် သူ့၏ ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံခြင်းက သူက အုတ်ခဲတစ်ခုပေါ်မှ လေထုကို ဖြတ်သန်းနေရာကာ စုရှောင်လန်က သူမ၏ ဓားပျံဖြင့် လေထုကို ချဲ့ထွင်နေသော်လည်း စုရှောင်လန်၏ အရှိန်ကို လိုက်မီစေရန်ခွင့်ပြုလေ၏။

သူတို့၏ ပစ်မှတ်များနှင့် ၁၀ီလိုမီတာခန့်သာ ဝေးတော့ပြီး သူတို့ကြားမှ အကွာအဝေးက ဆက်တိုက်ပင် နည်းလာပေ၏။

အန်လင်းက ၁၅မိနစ်အတွင်း သူတို့ကို ဖမ်းမိလိမ့်မည်ဟု တွင်ချက်မိလေ၏။

သူက ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်သို့ ထိုးဖောက်ပြီးနောက် သူ့၏ စနစ်ကို ကြည့်ရှုရန် အခွင့်အရေးမရသေးပါပေ။ သို့ဖြစ်၍ သူက ထိုသို့လုပ်ရန် အခွင့်အရေးယူလိုက်လေ၏။

သူ၏ ကျင့်ကြံခြင်း အခြေခံ နေရာတွင် အသစ်တစ်ခု ရှိနေပြီး ဖြစ်၏။

"ဝိညာဉ် ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် - အခြေအနေ : အန်ကီရင် ဝတ်ဆင်ရန်အတွက် ကြည့်ကောင်းသော ပစ္စည်းတစ်ခု ပေးပါ။"

အန်လင်း : "..."

ဟုတ်ပေ၏။ ယခုတွင် ကလေးက ၁ကီလိုဂရမ်ထိရောက်အောင် ကြီးထွားလာပြီ။ သူက ဝတ်ရန် အဝတ်အစားတစ်ချို့ လိုအပ်ပေ၏။

သို့သော် အန်ကီရင်က မည်သည့် အဝတ်အစား စတိုင် ဝတ်ဆင်ရမည်ကို မည်သူက ပြောပြမည်နည်း။

ထို့ပြင် သူက အန်ကီရင်အား မည်သို့ အဝတ်အစား ဝတ်ပေးရမည်နည်း။

အန်လင်းက သက်ပြင်းချလိုက်ပြီး သူ့၏ ထူးထူးဆန်းဆန်း အခြေအနေကြီးကို လျစ်လျူရှုလိုက်ကာ ကျင့်ကြံခြင်း နေရာသို့ ကြည့်လိုက်လေ၏။

အံ့ဖွယ်ခွန်အား နည်းစနစ်နှင့် အံ့ဖွယ် စစ်မေးခြင်း နည်းစနစ်တို့မှ လွဲ၍ သူကျင့်ကြံနိုင်သော မန္တန်နည်းစနစ်အသစ်တစ်ခု ရှိနေလေ၏။ : အံ့ဖွယ် အယောင်ဆောင် နည်းစနစ်။

"အံ့ဖွယ် အယောင်ဆောင် နည်းစနစ်- အခြေအနေ : ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူ ၂ဦးကို အနိုင်တိုက်ပါ။"

ထိုအခြေအနေကို မြင်သောအခါ အန်လင်းက အနည်းငယ် တုန်လှုပ်သွားပြီး သူ့မျက်လုံးများ အဝေးသို့ ပို့လိုက်လေ၏။

အတိတ်တွင် သူ့ထက် ကျင့်ကြံခြင်း အခြေခံ ပိုမြင့်သော ရန်သူ အများအပြားကို အနိုင်တိုက်ခဲ့ပြီး ဖြစ်ကာ သူ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်၌ အနိုင်ရခဲ့သော ဝိညာဉ် ဖွဲ့စည်းခြင်း ကျင့်ကြံသူအရေအတွင်မှာ ရေတွင်ရန်ပင် များပြားလွန်းလှပေ၏။ သို့သော် ပျက်ပြယ်ခြင်းအဆင့်နှင့် ဝိညာဉ် ဖွဲ့စည်းခြင်းကြားမှ ကွာခြားချက်မှာ အလွန်များလွန်းလှ၏။ ပျက်ပြယ်ခြင်း အဆင့် ကျင့်ကြံသူများက သူတို့ကိုယ်တိုင် အကွာအဝေးကို ထိန်းချုပ်နိုင်သည်ဟူသော အချက်ကပင် အန်လင်းကို မျှော်လင့်ချက် လုံးဝ မဲ့စေလေ၏။ ကျော်လွှား၍ မရနိုင်သော စွမ်းအင်ကွာခြားချက်ရှိနေသည်ဟု ပြောနိုင်ပေ၏။

သူက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ပျက်ပြယ်ခြင်း စဦးအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးကိုပင် တိုက်ခိုက်နိုင်သည်ဟု ယုံကြည်ချက်မရှိပါပေ။

သို့ဖြစ်၍ အကောင်းဆုံး လုပ်ရပ်မှာ ဤအံ့ဖွယ်အယောင်ဆောင်နည်းစနစ်ကို သူပျက်ပြယ်ခြင်းအဆင့် ရောင်သည့်အချိန်ထိ သိမ်းထားလိုက်ခြင်းပင်။

သူက အနည်းငယ် စိတ်ပျက်သည့် အမူအရာဖြင့် ခေါင်းခါလိုက်၏။ စနစ်အတွင်းမှာ ရှိသည့် မစ်ရှင်အသစ်များကို လာမည့်အနာဂတ်တွင်သာ ပြီးမြောက်နိုင်ပြီး ယခုလောလောဆယ်တော့လျစ်လျူရှုထားရန်သာ တတ်နိုင်ပေ၏။

ကြယ်စင်အစီအရင်ပေါ်ရှိ ကြယ်များက ပိုပို၍ နီးကပ်လာကာ သူတို့က နောက်ဆုံးတွင် ပစ်မှတ် ၆ယောက်နှင့် ၅ကီလိုမီတာသာ ကွာဝေးတော့ပေ၏။

"ရှေ့ဆက်သွားဖို့ ငါတို့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားရအောင်။ အဲ့လိုမှ မဟုတ်ရင် သူတို့ ၆ယောက်က ငါတို့ ချဉ်းကပ်လာတာကို သတိထားမိပြီး အခြား ဦးတည်ရာကို လွတ်မြောက်သွားလိမ့်မယ်။ အဲဒါဆို ငါတို့ သူတို့ကို လိုက်လို့ မရလောက်တော့ဘူး။" စုရှောင်လန်က ရုတ်တရက် တောင်းဆိုလာ၏။

အန်လင်းက ထိုသည်မှာ ကျိုးကြောင်းသင့်လျော်သော အကြံပြုချက်တစ်ခု ဖြစ်သည်ဟု ခံစားရပြီး သူ့၏ တည်ရှိမှုကို ဖုံးကွယ်လိုက်လေ၏။

တစ်ချိန်တည်းမှာပင် သူက သူနှင့် စုရှောင်လန်၏ အပေါ်တွင် မြူနှင်းမှုန်အလွှာပါးလေးတစ်ခု ဖြစ်ပေါ်လိုက်စေပြီး ရန်သူ၏ မန္တန်နည်းစနစ်များနှင့် အံ့ဖွယ် အာရုံတို့မှ လွတ်မြောက်ရန်ခွင့်ပြုပေးလေ၏။

ထိုသည်က မြူခိုးအင်မော်တယ်သိုင်း၏ တစ်ခြားသော စွမ်းဆောင်ရည်တစ်ခုဖြစ်သော်လည်း ထိန်းသိမ်းထားရန် သက်ရှိစွမ်းအင် အတော်မျများ လိုအပ်ပေ၏။

သူတို့က ပစ်မှတ်များနှင့် နီးလာသောအခါ အန်လင်းက သူ့၏ မိစ္ဆာရှင်းဓားကို ဆွဲထုတ်ကာ သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းများ တောက်ပနေပေ၏။

သူတို့က မြူနှင်းနတ်မိမယ် ၆ယောက်နှင့် တစ်ကီလိုမီတာပင် မဝေးတော့သောအခါ စုရှောင်လန်၏ မျက်ဆံများက ရုတ်တရက် ကျုံ့သွားပြီး အန်လင်း၏ အဝတ်အစားများကို ဆွဲထားလိုက်ပြီး မြူနှင်း နတ်မိမယ်တစ်ဦးကို ညွှန်ပြလိုက်လေ၏။

အန်လင်းက သူမညွှန်ပြသောနေရာသို့ ကြည့်လိုက်ပြီး သူ့နှလုံးခုန်သံက လျှင်မြန်လာပေ၏။

မြူနှင်းနတ်မိမယ်တစ်ယောက်က ရှေးဟောင်း ကြေးညိုအဝိုင်းတစ်ခုကိာ လက်ထဲတွင် ကိုင်ထားပြီး ထိုသည်က မြင့်မြတ်ဗာမီလီယမ်မီးတောက်က ချိတ်ပိတ်ခြင်း ခံထားရသော မီးတောက်စုစည်းအဝိုင်း ဖြစ်လေ၏။

တစ်ချိန်တည်းမှာပင် မီးတောက်စုစည်း အဝိုင်းကို ကိုင်ထားသော မြူနှင်း နတ်မိမယ်က တစ်ခုခုကို အာရုံခံမိပုံရပြီး အန်လင်းရှိနေသော နေရာသို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ အဝေးမှ မြူနှင်းနှင့် တိမ်တစ်ချို့ကိုသာ တွေ့လိုက်ရလေ၏။

--------------

All Chapters