ကြားဝင်နှောင့်ယှက်မှု
Vol. 9 Ch. 121
အခန်း(၁၂၁) : ကြားဝင်နှောင့်ယှက်မှု
ဂိုဏ်းသခင်ရန်လျူက သူ့ကိုယ်သူ သတ်သေသွားပြီးနောက် လီကျွင်းက သူ့ကတိအတိုင်း တပည့်များနှင့် အကြီးအကဲများကို အညံ့ခံခိုင်းခဲ့သည်။ ဂိုဏ်း ကျရှုံးသွားပြီးနောက် ပညာရှင်များနှင့် အရာထမ်းများစွာက မဟူရာလမင်းဂိုဏ်း ပိုင်နက်ကို ထိန်းချုပ်ဖို့ အလျှင်အမြန် နေရာယူလိုက်ကြသည်။ ဖြစ်စဉ်က လျှင်မြန်လွယ်ကူလှသည်။
အခြားသော တိုင်းပြည်များနှင့် မတူသည်က ထိုပိုင်နက်အတွင်း နေထိုင်ကြသူများတွင် မဟူရာလမင်းဂိုဏ်းမှ ဟူသော ခံစားချက်မျိုး မရှိကြပေ။ အထူးသဖြင့် မဟူရာလမင်းဂိုဏ်းက သာမန်လူများအပေါ် သူတို့နယ်မြေကို ဂရုစိုက်ပေးသည့် လယ်စိုက် အလုပ်ကြမ်းသမားအဖြစ်သာ မြင်ကြသည့်အချက်ကြောင့်လည်း ဖြစ်၏။
ထို့ကြောင့် သာမန်လူများက အားကောင်းသည့်တိုင်းပြည်တစ်ခုက မဟူရာလမင်းဂိုဏ်းကို သိမ်းပိုက်သွားကြောင်း ကြားသိသည့်အခါ ပိုပျော်ရွင်နေကြသည်။
ထိုစဉ် ဝံပုလွေရိုင်းတိုင်းပြည်အတွင်း နေ့ရက်တချို့ ဆက်တိုက် တိုက်ခိုက်ကာ မြို့များစွာ သိမ်းပိုက်ပြီးသည့်နောက်တွင် စစ်သူကြီး(၂) ဦးဆောင်သည့် တပ်ဖွဲ့အကြောင်း သိသွားကြလေသည်။
ဝံပုလွေရိုင်းတိုင်းပြည်ရှိ လူများက ပျံဝဲဇာမဏီယာဉ်နေရာကို သိစေရန် လေ့ကျင့်ပေးထားသည့် နတ်ဆိုးသားရဲပျံများကို အသုံးပြုလာကြသည်။ ထို့ကြောင့် စစ်သူကြီးသုံးယောက်လုံး တိုင်းပြည်၏ စစ်တပ်ဖြင့် ထိပ်တိုက်ရင်ဆိုင်ကြရတော့သည်။
လွင်ပြင်တစ်ခုတွင် စစ်သူကြီး(၂)၊ (၄)နှင့် (၅)တို့က စစ်သားအယောက်တစ်သိန်းရှေ့တွင် နေရာယူထားကြသည်။ ထိုစဉ် သူတို့နှင့် မျက်နှာချင်းဆိုင်ဘက်တွင် သူတို့ထက် သုံးဆပိုများသည့် စစ်တပ်ကို ဦးဆောင်လာသည့် စစ်သူကြီးငါးယောက် ရှိနေသည်။ သူတို့က ဝံပုလွေပုံ ခေါင်းဆောင်းကို ဝတ်ဆင်ထားကြသည်။
စစ်သူကြီး(၂)က သူတို့ရှေ့မှ စစ်တပ်ကို ကြည့်ကာ ဂရုမစိုက်ပေ။ သို့သော် သူ့အာရုံကို ဖမ်းစားသွားသည်က ဝံပုလွေကြီးများပေါ်တွင် ထိုင်နေသည့် စစ်သားအယောက် တစ်သောင်းကျော်ကို ဖြစ်၏။
သူက ဝံပုလွေရိုင်းတိုင်းပြည်၏ နာမည်ကျော် ဝံပုလွေတပ်ဖွဲ့အကြောင်း ဖတ်ဖူးလေသည်။ သူက ကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေမိ၏။ သို့သော်လည်း ထိုအရာက သူ့တပ်ဖွဲ့အတွက် သေဆုံးမှုအမြောက်အများ ဖြစ်စေနိုင်ကြောင်း သိထားလေသည်။
ထို့ကြောင့် သူက လက်ဝေ့လိုက်သည့်အခါ စစ်သားတစ်ယောက်က ရှေ့ထွက်လာပြီး နတ်ဆိုးမြင်းပေါ် ထိုင်နေသည့် စစ်သူကြီး(၂)ထံ ဆေးလုံးလေး လာပေးသည်။ စစ်သူကြီး(၂)က ထိုဆေးလုံးကို ကြည့်ကာ ပြုံးလိုက်ရင်း လေထဲ ပစ်မြောက်လိုက်သည်။
ဝံပုလွေရိုင်းတိုင်းပြည်၏ စစ်တပ်ခေါင်းဆောင်က သူ့ရန်သူသည် တစ်ခုခု ပစ်လိုက်ကြောင်း သတိထားမိသည့်အခါ သူ့လူများအား ကာကွယ်ရေး အစီအရင် အသက်သွင်းဖို့ အမိန့်ပေးလိုက်သည်။ သို့သော်လည်း သူ့အား အံ့ဩသွားစေသည်မှာ ပစ်လွှတ်လိုက်သည့် ဆေးလုံးက သူတို့တပ်ကို ရည်ရွယ်ထားခြင်း မဟုတ်ပေ။ တိုက်ပွဲအပြင်ဘက် မီတာရာချီဘက် ရည်ရွယ်ထားခြင်း ဖြစ်၏။ ခေါင်းဆောင်က နားမလည်စွာ ကြည့်နေစဉ် ဆေးလုံးက မြေပေါ်ထိသွားပြီး ထူးထူးဆန်းဆန်း အနံ့မျိုး ထွက်ပေါ်လာသည်။
ထို့နောက် အမဲလိုက်ဝံပုလွေတပ်ဖွဲ့အောက်မှ ဝံပုလွေများက စတင်၍ မတည်မငြိမ် ဖြစ်လာသည်။
ဝံပုလွေများကို နှစ်များစွာ လေ့ကျင့်ပေးထားခြင်း ဖြစ်ပြီး အမြဲတမ်းလိုလို ကျိုးနွံ့လေ့ရှိသောကြောင့် စစ်သားများကလည်း အံ့ဩသွားလေသည်။
ထို့ကြောင့် သူတို့က သူတို့ကို ထိန်းချုပ်ရန် လျို့ဝှက်နည်းလမ်း ထုတ်သုံးလိုက်သော်လည်း ထိန်းမရပေ။ အချုပ်အားဖြင့် ဝံပုလွေများသည် ပိုစိတ်လှုပ်ရှားလာပြီး မျက်လုံးများလည်း နီရဲလာသည်။ ဝံပုလွေများက ကောင်းကင်ကို မျက်နှာမူ၍ အူ လိုက်ကြ၏။ ထို့နောက် သူတို့က သူတို့စီးနင်းသူများကို ဂရုမစိုက်ဘဲ ဆေးလုံးရှိရာဆီ အပြေးအလွှား ထွက်သွားကြသည်။
ဝံပုလွေအကောင်တစ်သောင်းကျော် အတူတူ ပြေးထွက်သွားသည့်အခါ ဝံပုလွေတပ်ဖွဲ့ အစီအရင်က ချက်ချင်း ပျက်စီးသွားလေသည်။ စီးနင်းသူအများစုလည်း သူတို့ဝံပုလွေကျောပေါ်မှ လိမ့်ကျကာ ဝံပုလွေအုပ်ထံ သေသည့်အထိ နင်းခြေခံလိုက်ရသည်။
ဝံပုလွေများက ဆေးလုံးဆီ အပြေးအလွှား ထွက်သွားစဉ် သူတို့နောက်တွင် သွေးတန်းကြီး ကျန်နေခဲ့လေသည်။ တပ်ခေါင်းဆောင်က မူလချီဖြင့် အော်ကာ သူတို့ကို တားဖို့ ကြိုးစားသော်လည်း မည်သည့်အကောင်မှ နားမထောင်ကြပေ။
ဝံပုလွေများက တစ်ပြိုင်နက် ရူးသွပ်သွားသလို စိတ်လှုပ်ရှားလာကြသည်။ အတိအကျဆိုရလျှင် သူတို့ အလိုဆန္ဒ၊ လောဘ လွှမ်းမိုးမှုကို ခံလိုက်ရလေသည်။
စစ်သူကြီး(၂) ပစ်လွှတ်လိုက်သည့် ဆေးလုံးက ဝမ်ဝေ့နှင့် ယန်းလီလင်းတို့ အမဲလိုက်ဝံပုလွေတပ်ဖွဲ့နှင့် ရင်ဆိုင်ရန် အထူးဖော်စပ်ထားသည့် ဆေးလုံး ဖြစ်၏။ သူတို့က နတ်ဆိုးသားရဲများကို သွေးမျိုးဆက် ကန့်သတ်ချက် လွတ်မြောက်သွားစေနိုင်သည့် ဝမ်ဝေ့၏ မူလချီ စွမ်းရည်ကို အသုံးပြုထားသည်။
ယန်းလီလင်းက ဝမ်ဝေ့၏ မူလချီအမြောက်အများ ယူကာ မူးယစ်စေသည့် ရနံ့မျိုး ထုတ်ပေးနိုင်သည့် ဝိညာဉ်ဆေးပင်အမြောက်အများနှင့် ရောစပ်ပြီး ဆေးလုံးအဖြစ် ဖော်စပ်ခဲ့သည်။ ထိုဆေးလုံးကို အသုံးပြုလိုက်လျှင် နတ်ဆိုးသားရဲများ ရူးသွပ်သွားစေမည် ဖြစ်ကာ သူတို့သွေးမျိုးဆက်ကို ဆင့်ကဲတိုးတက်ပြောင်းလဲလိုသည့် အလိုဆန္ဒလည်း နှိုးထလာလိမ့်မည်။
ဝံပုလွေများက ဆေးလုံးကျရောက်ရာ နေရာရောက်သည့်အခါ သတ်ဖြတ်ပွဲကြီး ဖြစ်ပွားသွားလေသည်။ ဝံပုလွေတစ်ကောင်က တခြားတစ်ကောင် ဆေးလုံးမရသွားအောင် ကိုက်ပစ်လေသည်။ သို့သော် ထိုဝံပုလွေက အနိုင်ရမှုကို မခံစားရသေးခင် သူ့လည်ပင်းထံ နောက်မှ ချွန်ထက်သည့် အစွယ်တို့က ထိုးဖောက်သွားလေသည်။
ဤသို့ဖြင့် ဝံပုလွေများက တစ်ကောင်နှင့် တစ်ကောင် မျိုးနွယ်တူခြင်းကို မထောက်ထားဘဲ စတင်သတ်ဖြတ်ကြတော့သည်။
နတ်ဆိုးသားရဲအားလုံးက နောက်ဆုံးတစ်ယောက် အနိုင်ရသူ မထွက်လာခင်အထိ ဆက်တိုက် သတ်ဖြတ်နေကြသည်။
လွင်ပြင်ရှိ စစ်သားအားလုံးက ဝံပုလွေများ တစ်ကောင်နှင့် တစ်ကောင် အပြင်းအထန် ကိုက်သတ်နေသည်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။ နေရာတိုင်း၌ သွေးများ၊ အတွင်းအင်္ဂါများနှင့် ဦးနှောက်အပိုင်းအစများပင် မွစာကြဲနေသည်။
မိနစ်ပိုင်းကြာမြင့်ပြီးနောက် ကြမ်းကြုတ်မှုအားလုံး အဆုံးသတ်သွားလေသည်။ ထင်ထားသည့်အတိုင်း အနိုင်ရသူ ပေါ်မထွက်လာပေ။ ဝံပုလွေအများစု သေဆုံးသွားပြီး ကျန်ရှိနေသောအကောင်များကလည်း ဆက်မတိုက်နိုင်တော့ပေ။
ထိုအရာကိုမြင်ပြီး ဝံပုလွေရိုင်းတိုင်းပြည်မှ စစ်သားများက စိတ်ဓာတ်ကျလာကြ၏။ အမဲလိုက်ဝံပုလွေတပ်ဖွဲ့သည် သူတို့တိုင်းပြည်အတွက် ကြီးမြတ်မှုနှင့် ပြိုင်ဖက်ကင်းမှု သင်္ကေတ ဖြစ်လေသည်။
သို့သော် သူတို့က ဒီလိုမျိုး ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားကြ၏။ ပို၍ဆိုးသည်က သူတို့က တိုက်ပွဲထဲ ရှုံးနိမ့်သွားခြင်း မဟုတ်၍ ရှုံးနိမ့်ခြင်း၌ ဂုဏ်သိက္ခာလည်း မရှိချေ။ ဆေးလုံးတစ်လုံးတည်းဖြင့် ဒီတပ်ဖွဲ့ကို အနိုင်ချေမှုန်းလိုက်လေသည်။
စစ်တပ်ခေါင်းဆောင်က သူ့လူများ၏ အခြေအနေကို သတိထားမိကာ စိတ်အားတက်ကြွစေမည့် တစ်ခုခု လုပ်ဖို့ ပြင်လိုက်သည်။
ကံဆိုးစွာဖြင့် စစ်သူကြီး(၂)က သူ့အား အခွင့်အရေး မပေးခဲ့ပေ။ ဝံပုလွေများ သတ်ဖြတ်ပွဲ ပြီးဆုံးသွားသည်နှင့် သူက တပ်ကို ရှေ့ချီတက်ဖို့ အမိန့်ပေးလိုက်သည်။
အမိန့်အောက်တွင် မဟာရှားတိုင်းပြည်၏ တပ်သားအားလုံးက စတင်ချီတက်လာကြသည်။ သူတို့ခြေလှမ်း တစ်လှမ်းလှမ်းလိုက်တိုင်း လှံများဖြင့် ဒိုင်းများကို ရိုက်နေသည့်အတွက် အသံကျယ်ကြီးများ ထွက်လာသည်။
ဒုန်း
ဒုန်း
ဒုန်း
အသံက စည်းချက်ကျနေပြီး လွင်ပြင်တခွင် ပဲ့တင်ထွက်နေသည်။ တိုင်းပြည်၏ စစ်သားများ စစ်ချီတက်လာစဉ် ကြောက်မက်ဖွယ် အဟုန်ကို ဖန်တီးနေကြ၏။
ဝံပုလွေရိုင်းတိုင်းပြည်၏ စစ်သားများက ရုတ်ချည်းဆိုသလို တစ်ယောက်ယောက်က သူတို့နှလုံးသားကို ဆွဲညှစ်နေသလို ခံစားလာရပြီး အသက်ရှုရခက်လာသည်။ အကယ်၍ တင်းကျပ်လွန်းသည့် စစ်တပ်စည်းမျဉ်းများကြောင့်သာ မဟုတ်လျှင် သေမင်းအသံ နီးကပ်လာပြီမှန်း သိနေသောကြောင့် ထွက်ပြေးပြီးလောက်လေပြီ။
တကယ်တော့ စစ်သားအများစုက တိုက်ပွဲမစခင်ကတည်းက ထွက်ပြေးမည့်လမ်းကြောင်းကို စီစဉ်ထားပြီးသား ဖြစ်၏။ စစ်တပ်နှစ်ခု တွေ့ဆုံသည့်အခါ တစ်ဖက်သတ် သတ်ဖြတ်မှုသာ ဖြစ်သွားလေသည်။
မဟာရှားတိုင်းပြည်၏ စစ်သားများက ဝံပုလွေရိုင်းတိုင်းပြည် စစ်တပ်ထက် ပိုသွက်လက်ပြီး အားကောင်းကြလေသည်။ ဒီထက်ပိုသည်က သူတို့တပ်ဖွဲ့၏ စိတ်ဓာတ်က တစ်ချိန်လုံး မြင့်တက်နေဆဲ ဖြစ်၏။
ထို့ကြောင့် စစ်သားများက သူတို့လမ်းတွင် ပိတ်နေသူအားလုံးကို သတ်ဖြတ်ကြတော့သည်။ သူတို့က လက်တစ်ဖက်တွင် ဒိုင်းကိုင်ရင်း တစ်ဖက်တွင် လှံကိုင်ကာ သူတို့ချပ်ဝတ်အရောင်မတူသူအားလုံးကို ထိုးစိုက်ပစ်ကြသည်။
သူတို့အကြည့်ထဲမှ အေးစက်မှုနှင့် သနားညှာတာမှုကင်းမဲ့မှုတို့ဖြင့် မဟာရှားတိုင်းပြည် စစ်သားများက ရန်သူများ၏ အလောင်းများကို ကျော်လွှားရင်း ဆက်တိုက်သတ်ဖြတ်သွားကြသည်။
စစ်သူကြီး(၂)၊ (၄) နှင့် (၅) တို့က ထိုရလဒ်ကို မအံ့ဩပေ။ ဝမ်ဝေ့ ဒီကမ္ဘာမှ ရရှိထားသည့် အကျိုးမြတ်တစ်ခုမှာ သိုင်းပညာမှတဆင့် စစ်သားများကို အားကောင်းလာအောင် မြန်မြန်လေ့ကျင့်ပေးနိုင်စွမ်း ဖြစ်၏။
အသင်္ချေအင်ပါယာကမ္ဘာတွင် စစ်တပ်အများစုက ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားကြသည်။ ဝမ်ဝေ့က စစ်တပ်များသည် သဘာဝလွန်နယ်ပယ်အဆင့် ကျင့်ကြံသူများဖြင့် ဖွဲ့ထားကြောင်း သိပေသည်။ ဒီထက် ပိုအားကောင်းသူများပင် ပါဝင်နိုင်၏။
သို့သော်လည်း ထိုသို့တပ်မျိုး လေ့ကျင့်ပေးဖို့ ဆိုးကျိုးတစ်ချက်မှာ အချိန်ကြာမြင့်လွန်းခြင်း ဖြစ်၏။ တပ်အတွင်း အသုံးပြုသည့် ကျင့်စဉ်များက အင်အားနှင့် ကျင့်ကြံရေးအရှိန်တိုးမြင့်လာအောင် သက်တမ်းကို စတေးကြခြင်း ဖြစ်သော်လည်း လေ့ကျင့်ပေးဖို့ အချိန်ကြာလှသည်။
သို့သော် ဒီကမ္ဘာရှိ သိုင်းပညာက ကွဲပြားပေသည်။ ဝမ်ဝေ့က အနည်းငယ် အပြောင်းအလဲလုပ်လိုက်ရုံဖြင့် သူ့တွင် အရင်းအမြစ် အလုံအလောက်ရှိနေသရွေ့ အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့်လောက် အားကောင်းသည့် စစ်သားများကို အမြန်အဆန် လေ့ကျင့်ပေးနိုင်သည်။
ဤသည်မှာ အသင်္ချေအင်ပါယာကမ္ဘာအတွင်း ဖြစ်နိုင်သည့်အရာ မဟုတ်ပေ။ သိုင်းပညာ တည်ရှိသော်လည်း အလုံခန္ဓာမရှိသည့် သာမန်လူများ ကျန်းမာသန်မာဖို့အတွက်သာ အသုံးပြုကြလေသည်။ အတိအကျဆိုရလျှင် လူသားသေမျိုး တိုင်းပြည်ငယ်များနှင့် တိုင်းပြည်များရှိ တော်ဝင်မျိုးနွယ်သာ အသုံးပြုကြလေသည်။
သိုင်းပညာအကူအညီဖြင့် သာမန်သေမျိုးများက သူတို့ဘာသာ ဂရုစိုက်သရွေ့ သက်တမ်း ၁၁၅ နှစ်မှ ၁၂၀ အထိ အသက်ရှင်နိုင်ကြသည်။
တကယ်တော့ ဝမ်ဝေ့က သိုင်းပညာကို အသုံးပြု၍ စစ်သားများအား အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် ခွန်အားမျိုးရအောင် လေ့ကျင့်ပေးချင်သော်လည်း သိုင်းပညာမှတဆင့် လူတစ်ယောက်တည်းကသာ ထိုအဆင့်အထိ ရောက်ရှိနိုင်လေသည်။ ထိုလူ့ကို ဒီကမ္ဘာ၏ သိုင်းပညာဘိုးဘေး၊ သိုင်းပညာ ဖန်တီးသူ သို့မဟုတ် တီထွင်ဖန်တီးသူအဖြစ် အသိများကြလေသည်။
သို့သော် ထိုလူ သေဆုံးသွားသည်မှာ နှစ်များစွာကြာမြင့်နေပြီ ဖြစ်ရာ သိုင်းပညာမှတဆင့် အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် ခွန်အားမျိုး ရနိုင်သည့် နည်းလမ်းမျိုး သို့မဟုတ် ကျင့်စဉ်မျိုး ချန်ထားခဲ့သည့် မှတ်တမ်းမျိုး မရှိနေပေ။
ဝမ်ဝေ့က သူ့အမွေအနှစ်များ ရှာတွေ့မလားဆိုသည့် မျှော်လင့်ချက်ဖြင့် သူ့အကြောင်း ကမ္ဘာအနှံ့ လိုက်ရှာဖွေနေသည်။
သူက ကိုယ်တိုင်မဖန်တီးသည့် အကြောင်းအရင်းမှာ အချိန်များစွာ ပေးရမည်ဖြစ်သလို ထိုသိုင်းပညာက သူ့ကျင့်ကြံရေး အစောပိုင်းအဆင့်တွင်သာ အကူအညီဖြစ်လောက်မည် ဖြစ်၍ အချိန်ပေးရမည်နှင့် မတန်ပေ။
……….... .
မဟာရှားတိုင်းပြည်နှင့် ဝံပုလွေရိုင်းတိုင်းပြည်ကြားက တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေသည်။
သူ့စစ်တပ် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားသည်ကို မြင်ပြီး ဝံပုလွေရိုင်းတိုင်းပြည်၏ စစ်တပ်ခေါင်းဆောင်က ကျန်စစ်သူကြီးလေးယောက်အား တိုက်ပွဲထဲ ဝင်ပါဖို့ အမိန့်ပေးလိုက်သည်။ သို့သော်လည်း စစ်သူကြီး (၂)၊ (၄) နှင့် (၅)တို့က ထိုလူများအား ကြားဝင်ဖြတ်တိုက်လိုက်သည်။
အရေအတွက်အားဖြင့် ငါးယောက် သုံးယောက် ဖြစ်နေသော်လည်း စစ်သူကြီး (၂)၊ (၄)နှင့် (၅)တို့ထဲ နှစ်ယောက်က အံ့ဖွယ်ပလ္လင်အဆင့် ဖြစ်နေသောကြောင့် တစ်ဖက်လူကို ဖိနှိပ်ထားနိုင်ကြသည်။
အနိုင်ရရှိပြီးနောက် စစ်သူကြီး(၂)က မဟာရှားစစ်တပ်ခေါ်၍ ဝံပုလွေရိုင်း တိုင်းပြည်၏ မြို့တော်ဆီ ချီတက်သွားကြသည်။
ဤသို့ဖြင့် တစ်လကုန်ဆုံးသွားလေသည်။
ရှေ့တန်းမှ သတင်းပို့လာသောကြောင့် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည့် ဝမ်ဝေ့က အမတ်တချို့ဖြင့် ညီလာခံထိုင်နေသည်။
“ အဲဆို ငါတို့တိုင်းပြည်က ဝံပုလွေရိုင်းတိုင်းပြည်ကို သိမ်းပိုက်တုန်း အပြင်အင်အားတချို့က ကြားဝင်နှောင့်ယှက်တယ်လို့ ပြောနေတာလား” ဝမ်ဝေ့က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“ ဟုတ်ပါတယ် အရှင် ” စိစစ်ရေးမှူးချုပ် ဝမ်ကျူ၏ လက်အောက်မှ ကံကြမ္မာအရိပ် အဖွဲ့ဝင်တစ်ယောက်က ပြောလိုက်သည်။
“ ဘယ်သူလဲ ” ဝမ်ဝေ့က မေးခွန်းထုတ်လိုက်သည်။
“ အဲဒါက … ”