တိုင်းရေးပြည်ရေး
Vol. 9 Ch. 122
အခန်း(၁၂၂) : တိုင်းရေးပြည်ရေး
အရိပ်အဖွဲ့ဝင်၏ မျက်နှာအထက် တုံ့ဆိုင်းမှုကို မြင်ကာ ဝမ်ဝေ့က ပြောလိုက်သည် “မင်းက မင်းရထားတဲ့ သတင်းကို ပြောရုံပဲ။ တခြားဘာမှတွေးနေစရာ မလိုဘူး ”
ထိုအရာကို ကြားပြီး အဖွဲ့ဝင်က သက်ပြင်းချကာ “ ရှေ့တန်းက ပို့လာတဲ့ သတင်းအချက်အလက်အရ စစ်သူကြီး(၂)နဲ့ သူ့တပ်ဖွဲ့က ဝံပုလွေရိုင်းတိုင်းပြည်ရဲ့ မြို့တော်ကလွဲရင် မြို့အများစုကို သိမ်းပိုက်ထားပြီးပါပြီ။
ဒါပေမဲ့ သူတို့ မြို့တော်ထဲ ဝင်သိမ်းပိုက်ခါနီးမှာ အားကောင်းတဲ့ အံ့ဖွယ်ပလ္လင်အဆင့် ကျင့်ကြံသူငါးယောက် ပေါ်လာပြီး သူတို့ကို တားဆီးနေပါတယ်။ အဲဒီနောက် ကျွန်တော်တို့ ကံကြမ္မာအရိပ်အဖွဲ့ထဲက လက်ရွေးစင်တချို့ကို လွှတ်ပြီး အဲဒီလူတွေရဲ့ အကြောင်းကို စုံစမ်းကြည့်လိုက်တော့ သူတို့က ကျွန်တော်တို့တိုင်းပြည်ရဲ့ ဆွေကြီးမျိုးကြီး မဟာမိတ်အဖွဲ့က ဖြစ်နိုင်ခြေများနေတယ် ”
အဖွဲ့ဝင်က ပြောလိုက်ပြီးနောက် အခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားလေသည်။ အမတ်အားလုံးလည်း မျက်လုံးအပြူးသားဖြစ်သွားကာ လန့်ဖြတ်သွားလေသည်။
ဉာဏ်များသူများက မကြာခင် တစ်စုံတစ်ခု ဖြစ်ပျက်တော့မည် ဖြစ်ကြောင်း ပြောနိုင်လေသည်။
“ ဖြစ်နိုင်ခြေမြင့်တယ်တဲ့လား ” ဝမ်ကျူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
အဖွဲ့ဝင်က မဖြေခင် ခေါင်းငုံ့ထားလိုက်သည်။
“ ကျွန်တော်တို့က သူတို့အနေနဲ့ တာဝန်ရှိတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သက်သေအလုံအလောက် မစုဆောင်းနိုင်သေးခင် တစဖက်လူက သတိထားမိပြီးတော့ ဝံပုလွေရိုင်းတိုင်းပြည်က လူတွေနဲ့ ဆက်နွယ်မှုကို ဖြတ်တောက်လိုက်ပါတယ် ”
ထိုအရာကိုကြားပြီး အမတ်များက ကိစ္စများသည် ပိုရှုပ်ထွေးလာကြောင်း သတိပြုမိလိုက်သည်။ အရှင်က သက်သေမရှိဘဲ ဆွေကြီးမျိုးကြီးများကို ကြုံရာကျပန်းသတ်ပစ်၍ မဖြစ်ပေ။
ဒီတိုင်းပြည်က စည်းမျဉ်းစည်းကမ်းနှင့် အုပ်ချုပ်နေသည့် တိုင်းပြည် ဖြစ်ပေသည်။ ထို့ကြောင့် ကိစ္စများဆောင်ရွက်ရာ၌ လုပ်ရိုးလုပ်ထမ်း လိုအပ်၏။
ခဏကြာစဉ်းစားပြီးနောက် ဝမ်ဝေ့က ပြောလိုက်သည် “ တော်ဝင်အစောင့်တပ်ခေါင်းဆောင်ဆီ ဆွေကြီးမျိုးကြီး အထက်တန်းလွှာအားလုံးကို ဖမ်းဖို့ အမိန့်ချလိုက် ”
အမတ်အားလုံးလည်း တုန်လှုပ်သွားကြသည်။ ထို့နောက် အများစုက ဒူးထောက်ကာ တစ်ပြိုင်နက် ပြောလိုက်ကြသည် “အရှင် အဲဒီလိုလုပ်လို့ မဖြစ်ပါဘူး “
“ဘာလို့လဲ” ဝမ်ဝေ့က တည်ငြိမ်သည့် မျက်နှာထားဖြင့် ပြန်မေးခွန်းထုတ်လိုက်သည်။
“တိုင်းပြည်ရဲ့ ဥပဒေစည်းမျဉ်းအရ လူတွေကို ဖမ်းဆီးဖို့ အကျိုးသင့်အကြောင်းသင့် ရာဇဝတ်မျိုး လိုအပ်ပါတယ် ” အမတ်တစ်ယောက်က ဒူးထောက်လျက် ပြောလိုက်သည်။
“ငါ မှတ်ထားသလောက် ငါ့စကားက ဒီတိုင်းပြည်ရဲ့ ဥပဒေပဲ ” ဝမ်ဝေ့က ပြန်လည်တွေးဆရင်း ပြောလိုက်သည်။
ထိုအရာကိုကြားပြီး အမတ်များ၏ နောက်ကျော၌ ချွေးအေးများ စီးကျလာသည်။ သူက မည်သည့်အရှိန်အဝါမှ မလွှတ်ထားသော်လည်း အခန်းတွင်းရှိ အမတ်အားလုံးက ဝမ်ဝေ့ဆီမှ ဖိအားပြင်းပြင်းကျရောက်လာသည်ကို ခံစားမိလိုက်ကြသည်။ ဤသည်မှာ တိုင်းပြည်တစ်ခုလုံးကို အုပ်ချုပ်သူတစ်ယောက်အနေနှင့် အဆင့်အတန်း မြင့်သူတစ်ယောက်၏ သဘာဝအရှိန်အဝါ ဖြစ်သည်။
အခန်းက တိတ်ဆိတ်သွားလေသည်။ နှစ်များစွာကြာပြီးနောက် အမတ်များက အရှင်၏ တည်ငြိမ်မှု၊ စိတ်အေးလက်အေးနေမှုတို့ဖြင့် အသားကျလာခဲ့သည်။ ဒီကမ္ဘာ၏ ဘုရင်အများစုနှင့် မတူညီသည်က သူတို့အရှင်ဝမ်ဝေ့သည် အမတ်များကို သူ့လိုအပ်ချက်များကို ထောက်ပြစေပြီး သူတို့အမြင်လွတ်လပ်စွာ ဖော်ပြခွင့်ပေးထားသည့် ပညာရှိဝိဇ္ဇာ တစ်ယောက် ဖြစ်ပေသည်။
သို့သော်လည်း ရလဒ်အနေနှင့် အမတ်များစွာက အရှင်သည် သူ့ပလ္လင်ကို သွေးချွေးဖြင့် ထုဆစ်ခဲ့သည့် အားကောင်းသော ကျင့်ကြံသူဖြစ်သည့်အချက်ကို မေ့လျော့သွားတတ်ကြသည်။ မဟာရှားတိုင်းပြည်၌ သူ့စကားများက ဥပဒေ ဖြစ်၏။
ထိုအချက်ကို သတိပြုမိပြီး အမတ်များက တိတ်ဆိတ်သွားကာ ဘာမှဆက်မပြောရဲကြတော့ပေ။
မိနစ်ပိုင်းကြာ တိတ်ဆိတ်သွားပြီးနောက် ဧကရီသုံ့လီဖန်းက ဝင်ပြောလာသည် “အရှင်ရဲ့ စကားက ဥပဒေဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ညင်သာတဲ့ နည်းလမ်း အသုံးပြုတာ ပိုကောင်းပါတယ်။
အရှင်ဆီမှာ ထိန်းသိမ်းရဦးမဲ့ ဂုဏ်သတင်းရှိသေးတယ်လေ။ အရှင်က ဂုဏ်သတင်းကို ဂရုမစိုက်ကောင်း မစိုက်လောက်ပေမဲ့ နာမည်ကောင်းနဲ့ ဂုဏ်သတင်းမွှေးတာက နယ်မြေအသစ်တွေ အုပ်စိုးတဲ့အခါ ကြီးမားတဲ့ အထောက်အကူဖြစ်လာမှာပါ။ အထူးသဖြင့် လူတွကို တည်ငြိမ်စေပြီး စိတ်အေးသွားစေတဲ့အခါမျိုးပေါ့ …”
ဝမ်ဝေ့က ထိုအရာကိုကြားပြီးနောက် တွေးဆဆ ဖြစ်သွားပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဝမ်ကျူအား ကြည့်ကာ မေးလိုက်သည် “ တိုင်းပြည်မတည်ထောင်ခင်တုန်းက အဲဒီအထက်တန်းလွှာတွေ ကျူးလွန်ထားတဲ့ ပြစ်မှုတွေရဲ့ သက်သေတွေ ရှိသေးတယ်မလား”
“ဟုတ် အရှင်” စိစစ်ရေးမှူးချုပ် ဝမ်ကျူက ပြန်ဖြေလိုက်သည်။
“ဒီလိုဆိုရင် အဲဒီသက်သေတွေကို သုံးပြီး ဖမ်းဆီးလိုက် ”
အမတ်များက စိတ်သက်သာရာရစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့အရှင်က ဥပဒေအတိုင်း လုပ်နေသရွေ့ သူတို့ စိတ်သက်သာရာရလေသည်။
ထိုအရာရှိများက တကယ်တော့ ထိုလူများ၏ သေခြင်းရှင်ခြင်းအား ဂရုမစိုက်ပေ။ စည်းမျဉ်းဥပဒေများ မပျက်မစီးရှိနေသရွေ့ သူတို့က အပေါ်ယံဖြစ်နေလျှင်ပင် ကျေနပ်သည်ထက် ပိုလေသည်။
မတ်တတ်ရပ်နေဆဲ အမတ်တစ်ယောက်က ဝင်ပြောလိုက်သည် “အရှင် အဲလို လူသားသာလွန်အဆင့် ကျင့်ကြံသူကို ဘယ်လိုလုပ်ကြမလဲ ”
“အဲကိစ္စကို စိတ်ပူစရာမလိုဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ သူက တော်ဝင်မိသားစုနှင့် မြို့တော်ကို ကာကွယ်ဖို့ တာဝန်ချထားသည့် တော်ဝင်အစောင့်တပ်ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ တပ်မှူးကို သက်တမ်းအရှည်ဆုံးဖြစ်တဲ့ ကျန့်၊ လန်နဲ့ ချန် တို့ကို နောက်ဆုံးမှ ဖမ်းဖို့ ပြောလိုက် ”
တော်ဝင်အစောင့်တပ် ခေါင်းဆောင်က ဦးညွှတ်ပြီးနောက် အရှင်စေခိုင်းချက်ကို လုပ်ဆောင်ဖို့ နန်းဆောင်မှ ထွက်သွားလေသည်။
ထိုစဉ် ယခင် မြို့စားကြီးဟောင်းကျန့်၏ စံအိမ်တော်အတွင်း…
မိသားစုခေါင်းဆောင် ကျန့်ယုံက အခန်းထဲမှ ပစ္စည်းအားလုံကို ဖျက်ဆီးပစ်နေလေသည်။ သူက အဖန်ရည်အိုးနှင့် ခွက်တို့အား နံရံဆီ ကောက်ပေါက်ကာ စားပွဲပေါ်မှ စာအုပ်များကိုလည်း တွန်းဖယ်ချနေသည်။
ထို့နောက် သူက သူ့ရှေ့တွင်ထိုင်နေသော လူနှစ်ယောက်ကို ကြည့်ကာ “မင်းတို့နှစ်ယောက်က တုံးအနေတာလား။ ငါတို့ရှေးဟောင်း တော်ဝင်မိသားစုသုံးခုလုံးကို ဖျက်ဆီးပစ်ချင်နေတာလား ”
“ကျန့်ယုံ … မင်းအပြုအမူတွေက လွန်နေပြီ” မိသားစုခေါင်းဆောင် လန်ကျန့်က ပြောလိုက်သည်။
“ဟုတ်တယ်။ ဘုရင်အသစ်က ဥပဒေကို အလေးပေးတဲ့သူ။ သက်သေမရှိဘဲ သူက ငါတို့မိသားစုတွေကို အလွယ်တကူ လာထိမှာ မဟုတ်ဘူး” မိသားစုခေါင်းဆောင် ချန်လျူက ထောက်လိုက်သည်။
“အရင်နှစ်နှစ်အတွင်းကို သတိမထားမိဘူးလား” သူက ထပ်ပြောလိုက်သည် “ငါတို့မဟာမိတ်အဖွဲ့က ဘယ်လိုလျို့ဝှက်နည်းလမ်းသုံးသုံး ငါတို့သာ သက်သေမချန်ထားသရွေ့ အလွန်ဆုံး အရာရှိတွေဘက်က ငါတို့တွေအပေါ် အဓိပ္ပါယ်မရှိတဲ့ အခွန်အနည်းငယ် တိုးကောက်လိုက်ဖို့ပဲ တင်သွင်းကြမှာ ”
မိသားစုခေါင်းဆောင် ကျန့်ယုံက စိတ်ငြိမ်သွားပြီးနောက် ကျန်နှစ်ယောက်အား အရူးသဖွယ် ကြည့်လိုက်ပြီး “ အဲဒါက ငါတို့ အရှင်ရဲ့ အကျိုးမြတ်ထိပါးအောင် ဘာမှမလုပ်ခဲ့သေးလို့လေ ”
ကျန့်ယုံက သက်ပြင်းအရှည်ကြီးချကာ တင်ပျဉ်ခွေထိုင်ချလိုက်သည်။
“မင်းတို့က ဘာလို့အဲလိုလုပ်ရတာလဲ။ အဲဒါက အရှင်ကို ရန်စသလို ဖြစ်မနေဘူးလား ”
ခေါင်းဆောင်ချန်လျူက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် “ ဝံပုလွေရိုင်းတိုင်းပြည်ရဲ့ တော်ဝင်မိသားစုက သူတို့မိသားစုရဲ့ ချမ်းသာကြွယ်ဝမှု ၇၀ ရာခိုင်နှုန်းကျော်နဲ့ ကမ်းလှမ်းလာလို့လေ”
“အစတုန်းက တော်ဝင်မိသားစုက မဟာရှားတိုင်းပြည်ကို အတွင်းကနေ အဖျက်အမှောင့်လုပ်ဖို့ တောင်းဆိုတာ … ” လန်ကျန့်က ပြောလိုက်သည် “ဒါပေမဲ့ မဟာရှားတိုင်းပြည်က နှစ်ပိုင်းလေးအတွင်း ဘယ်လောက်အားကောင်းလာတယ်ဆိုတာကို သိနေတော့ ငါတို့ ငြင်းခဲ့တယ် ”
ထိုအရာကိုကြားပြီး ကျန့်ယုံက သက်ပြင်းချပြီး ဘာမှမပြောတော့ပေ။ ထို့ကြောင့် အခန်းက မိနစ်ပိုင်းလောက် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ အသက်ရှုသံနှင့် အသက်ရှုထုတ်သံသာ ကြားနေရသည်။
“ ကျန့်ယုံ အဲလောက်ကြီး စိုးရိမ်နေစရာ မလိုပါဘူး။ ငါတို့မဟာမိတ် ဘာမှဖြစ်မှာ မဟုတ်ပါဘူး” လန်ကျန့်က ပြောလိုက်သည်။
သို့သော်လည်း သူ့စကားမဆုံးခင် တစ်ယောက်က ဟောဟဲစိုက်ကာ အခန်းထဲ ဝင်လာလေသည်။
ကျန့်ယုံ၏ ဒေါသက ပေါက်ကွဲထွက်လာကာ “ ငါ စာကြည့်ခန်းထဲ ဧည့်တွေ့နေရင် မနှောင့်ယှက်ဖို့ မပြောထားဘူးလား ”
“ဒါပေမဲ့ မြို့စားကြီး အဲလေ ခေါင်းဆောင် သတင်းဆိုးရောက်လာပါတယ်။ တော်ဝင်အစောင့်တပ်က မြို့တော်အတွင်းက အထက်တန်းလွှာ မိသားစုဝင်တွေကို စတင်ဖမ်းဆီးနေပါတယ်” အခန်းထဲဝင်ရောက်လာသူက ပြောလိုက်သည်။
“ဘာ …” ခေါင်းဆောင် လန်ကျန့်နှင့် ချန်လျူတို့နှစ်ယောက်လုံး တစ်ပြိုင်နက် မတ်တတ်ရပ်လိုက်ကြသည်။
ကျန့်ယုံက ထိုသတင်းကို ကြားပြီး တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။ သူ အစိုးရိမ်ဆုံးအရာ ဖြစ်လာလေပြီ။
ထိုစဉ် လန်ကျန့်က အစေခံဆီ ပြေးသွားပြီး လည်ပင်းမှ ကောက်မထားကာ “ ဒီလိုဟာမျိုးကို လာလိမ်နေတာလား ”
“ကျွန် …တော် .. မလိမ်ပါဘူး ”
လန့်ကျန့်က ထိုအရာကို ကြားပြီး အမျိုးသားကို လွှတ်ပေးလိုက်သည်။ ထို့နောက် သူက အခန်းအတွင်း ရှေ့တိုးနောက်ပြန် လျှောက်နေကာ ရေရွတ်နေသည် “ဘာလုပ်ရမလဲ …ဘာလုပ်ရမလဲ ”
ထို့နောက် သူက ကျန့်ယုံကို ကြည့်လိုက်သည်။ ချန်လျူလည်း သူတို့ ဒီတစ်ခါ အဆုံးအဖြတ် မှားယွင်းသွားကြောင်း သတိပြုမိသွား၍ ကျန့်ယုံအား ကြည့်လိုက်သည်။
ကျန့်ယုံက အသက်ပြင်းပြင်းရှုကာ “ စိတ်မပူနဲ့။ ငါ အားလုံးကို ကိုင်တွယ်လိုက်မယ်။ ဒါပေမဲ့ မင်းတို့တွေ အခုတလော သိုသိုသိပ်သိပ်နေကြ ”
ထိုသို့ပြောပြီးနောက် သူက အခြားနှစ်ယောက်ကို လျစ်လျူရှလိုက်ပြီး စံအိမ်အတွင်းမှ တခြားအခန်းတစ်ခုဆီ ဦးတည်လိုက်သည်။ ထိုနေရာတွင် ခေါင်းဆောင်ကျန့်ယုံက အခြားလူများနှင့် ဆက်သွယ်ဖို့ ဆဋ္ဌမခိုပျံ တပ်ဆင်ထားလေသည်။
သူက အမှတ်အသားပြားကို ယူကာ မူလချီဖြင့် အစီအရင်ကို အသက်သွင်းလိုက်ပြီး သတင်းလှမ်းပို့လိုက်သည်။
“ဘိုးဘေး … ကျွန်တော် ဒီတစ်ခါ အကူအညီထပ်လိုပြန်ပြီ ”
“ဒီတစ်ခါ ဘာလဲ ”
ထို့နောက် ကျန့်ယုံက သူ လုပ်မည့်အပြုအမူကို အသေးစိတ်ရှင်းပြလိုက်သည်။
ထိုစဉ် နန်းတော်အတွင်း ဝမ်ဝေ့နှင့် အမတ်များက တိုင်းပြည်ရှိ တခြားကိစ္စများ ဆွေးနွေးရင်း တော်ဝင်အစောင့်တပ်ဆီမှ သတင်းကို စောင့်နေကြသည်။
နာရီအနည်းငယ်ကြာမြင့်သွားပြီးနောက် တစ်ယောက်က အစည်းအဝေးခန်းထဲ ဝင်လာကာ ဝံပုလွေရိုင်းတိုင်းပြည်အကြောင်း သတင်းပို့ဖို့ တာဝန်ရှိသူထံ အဆောင်တစ်ရွက် လာပေးလေသည်။ ထိုသူက ဝမ်ကျူထံ ပြန်လည်တင်ပြပေးသည်။
“ဘာကိစ္စလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ အရှင် … မြို့သုံးမြို့မှာ လူသုံးယောက် ပျံသန်းလာပြီးတော့ အိမ်တချို့ ဖျက်ဆီးသွားတယ်လို့ သတင်းရရှိပါတယ်။ ဒါပေမဲ့ သေဆုံးမှုတော့ မရှိခဲ့ပါဘူး” ဝမ်ကျူက ဖြေလိုက်သည်။
“အဲဒီလူသုံးယောက်ကရော ”
“သူတို့က အစီအရင်အသက်မဝင်လာခင် ထွက်ပြေးသွားကြပါတယ်” ဝမ်ကျူက ဖြေလိုက်သည်။ ထိုအဖြေက ဝမ်ဝေ့အား သက်ပြင်းချစေ၏။
“ ကြည့်ရတာ ကျွန်မတို့မျှားခေါ်တာ မအောင်မြင်တဲ့ပုံပဲ” ယန်းလီလင်းက ရုတ်ချည်း ပြောလိုက်သည်။
“ ကံမကောင်းဘူးပဲ ” ဝမ်ဝေ့က ပြောလိုက်သည်။
“တော်ဝင်အစောင့်တပ်ကို ကျန့်၊ လန်နဲ့ ချန်မိသားစုတွေရဲ့ ပစ္စည်းဥစ္စာတွေကိုပဲ အကုန်သိမ်းခိုင်းလိုက် ”
အမတ်များက အရှင်နှင့် အမတ်ချုပ်ကြားမှ စကားဝိုင်းကို နားမလည်ကြသော်လည်း တချို့က နောက်ကျောတွင် ချွေးစို့နေကြလေသည်။
သူတို့အရှင်က အရှင်ဘုရင် ဖြစ်လာဖို့ ခွန်အားသပ်သပ်ချည်း အသုံးပြုခဲ့သည် မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူ့တွင် ပရိယာယ်ဆင်တတ်သည့် စိတ်ဓာတ်မျိုးလည်း ပိုင်ဆိုင်ထား၏။ သူက အချိန်အများစုတွင် ထုတ်မသုံးရုံမျှ ဖြစ်လေသည်။