← Chapters

အလွန်အမင်း အလိုရှိနေသော အခြေအနေတစ်ခု

Vol. 32 Ch. 441

အလွန်အမင်း အလိုရှိနေသော အခြေအနေတစ်ခု

Vol. 32 Ch. 441

သူတို့က မြူနှင်း နတ်မိမယ်၏ ရှာဖွေခြင်း ခံလိုက်ရသောအခါ အန်လင်းနှင့် စုရှောင်လန် နှစ်ဦးစလုံးက အနည်းငယ် တောင့်တင်းသွားလေ၏။

သူတို့က သူတို့ရှေ့မှ မြူနှင်း နတ်မိမယ်များဆီသို့ ချက်ချင်းပင် အရှိန်အပြည့်တိုးလိုက်လေ၏။

အန်လင်း၏ နောက်ကျောတွင် လေတောင်ပံတစ်ခုက ပေါ်လာပြီး စစ်နတ်ဘုရား ဓားချက် ၆ ချက်ကို ထုတ်လွတ်လိုက်ကာ သူ့၏ အရှိန်ကို သိသိသာသာတိုးလာစေ၏။

သူက မီတာပေါင်းများစွာ အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်းမှာ ရောက်လာပြီး အဖြူရောင် ဓားအလင်းတန်း တစ်ခုကို မီးတောက်စုစည်း အဝိုင်းကိုင်ထားသော မြူနှင်းနတ်မိမယ်ဆီသို့ ခုတ်ပိုင်းလိုက်လေ၏။

စုရှောင်လန်သည်လည်း ချက်ချင်းပင် သူမ၏ ခွန်အားအပြည့်ကို ထုတ်လွှတ်လိုက်၏။ ထိုသည်က ​ေချာင်းမြောင်းတိုက်ခိုက်ခြင်းဖြစ်ကာ သူမက မြူနှင်းနတ်မိမယ်မျကို တတ်နိုင်သမျှ များများ သတ်နို်ငရန်အတွက် အံ့ဩခြင်းကို အခွင့်ကောင်း ယူရမည် ဖြစ်သည်။ သူမ၏ နောက်တွင် ရွှေရောင် တောင်ပံများပေါ်လာပြီး သူမ၏ နဂါးစာကလေးဓားမှ လျှပ်စီးက ထိုးထွက်လာလေ၏။

ပျံသန်းလျှပ်းစီး ခုတ်ချက်...။

မီးတောက်များက လေဆင်နှာမောင်းတစ်ခု အဖြစ်ပြောင်းသွားကာ လျှပ်စီးက လေထုကို ဖြတ်သန်း လင်းလက်လာလေ၏။ ထို့နောက် သူတို့က ချက်ချင်းပင် မြူနှင်း နတ်မိမယ်တစ်ဦးအပေါ်သို့ ကျဆင်းသွားလေ၏။ နဂါးစာကလေးဓား၏ အပြာရောင် ဓားသွားက လျှပ်စီး စွွမ်းအားတစ်ခုကဲ့သို့ ခုတ်ပိုင်းပစ်လိုက်၏။

ဘုန်း...

မြူနှင်း နတ်မိမယ်က မမျှော်လင့်ထားသော တိုက်ခိုပ်မှုကြောင့် လုံးဝပင် သတိလက်လွတ်ဖြစ်နေကာ သူမ နှစ်ပိုင်း အပိုင်းခံလိုက်ရသည့် အချိန်တွင် မျက်နှာထက်၌ အံ့ဩတကြီး အမူအရာပေါ်နေလေ၏။

စုရှောင်လန်၏ မျက်ဆံများက သိသိသာသာပင် ကျုံ့သွားပြီး အန်လင်းဆီသို့ ငေးကြည့်လိုက်လေ၏။

အန်လင်း၏ မိစ္ဆာရှင်းဓားက ရေခဲလွှာတစ်ခုနှင့် တိုက်မိပြီး ထိုသည်က တစ်နည်းနည်းဖြင့် သူ့ဓား၏ လုပ်ဆောင်ချက်ကို အပြည့်အဝ တားဆီးနေပေ၏။

မီးတောက် စုစည်းအဝိုင်းနှင့် မြူနှင်း နတ်မိမယ်က အန်လင်းကို မြင်သောအခါ အနည်းငယ်တုန်ယင်သွားလေ၏။ ထို့နောက် သူမ၏ မျက်နှာထက်တွင် လျှို့ဝှက်သော အပြုံးတစ်ခု ပေါ်လာလေ၏။ "နင်ပဲ။ နတ်ဘုရားတွေက ငါတို့ရဲ့ မျိုးနွယ်စုကို အသားပေးနေတာပဲ။ ငါကအရှင် နတ်သမီးအတွက် အခုကို လက်စားချေလေို့ရတာပဲ။"

"မင်းလို ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် မြူနှင်း နတ်မိမယ်​လေးက ငါ့ကို အထင်သေးလို့ ရမယ်လို့ ငါမထင်ဘူး။" အန်လင်းက အေးစက်စက်အမူအရာဖြင့် ပြန်ဖြေလိုက်၏။

မြူနှင်း နတ်မိမယ် လေးယောက်က ရပ်လိုက်ကြပြီး အန်လင်းဆီကို တည်ငြိမ်သော အမူအရာဖြင်လ လှည့်လာကြ၏။ သူတို့အားလုံးက အပြာရောင် အစီအရင်တစ်ခုကို လက်ထဲတွင် ကိုင်ထားလေ၏။

စုရှောင်လန်၏ မျက်ခုံးမျက အနည်းငယ် တွန့်ကွေးသွားလေ၏။ သူမက မျက်စိတစ်မှိတ်အတွင်းမှာပင် မြူနှင်း နတ်မိမယ်တစ်ဦးကို သုတ်သင်လိုက်ပြီးဖြစ်၏။ သို့ဖြစ်၍ ကျန်ရစ်သော မြူနှင်း နတ်မိမယ် ၅ ဦးမှာ အနည်းငယ်တော့ စိုးရိမ် ပူပန်သင့်ပေ၏။ သို့သော်လည်း သူတို့က အလွန်အမင်း တည်ငြိမ်ကာ စုစည်းနေဟန်ရ၏။

သူတို့ မီခို၍ ရနိုင်သော စွမ်းအင်ရစ်မြစ်များ တစ်ချို့ ရှိနေသည်လား။

မီးတောက်စုစည်းအဝိုင်းနှင့် မြူနှင်းနတ်သမီးက နူးညံ့စွာ ရယ်မောလာလေ၏။ "ငါတို့က နင့်လိည အစွမ်းထက်တဲ့ သူတစ်ယောက်ကို အနိုင်ယူလောက်အောင် အးစွမ်း မထက်နိုင်ပါဘူး။ ဒါပေမဲ့... မြင့်မြတ်နန်းတော် ခေါင်းဆောင်တွေက ဘာလို့ ငါတို့ကို မီးတောက်စုစည်း ယုံကြည်ပေူအပ်တယ်လို့ထင်လဲ။"

အန်လင်းက မျက်မှောင်ကြုတ်လိုက်၏။ သူက မီးတောက်စုစည်းအဝိုင်း အတွင်းမှ ဖြာထွက်နေသော မီးတောက်စွမ်းအားကို ခံစားရပေ၏။ ထိုသည်က သူ့ခန္ဓာကိုယ်အတွင်းမှ ဇာမဏီဖြူနှင့် ဆက်သွယ်မှု ရိနေပုံရပေ၏။ သို့ဖြစ်၍ ထိုသည်က မီးတောက်စုစည်းအဝိုင်း အတုဖြစ်ဟန် ရပါချေ။

စုရှောင်လန်က မြူနှင်းနတ်မိမယ်များအား စကားလုံးများဖြင့် အချိန်ထက်မဖြုန်းတော့ပါပေ။ သူမက မြူနှငါးနတ်မိမယ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကာ သူမ၏ နဂါးစာကလေးဓားက လေထုကို ဖြတ်၍ လင်းလက်လာပြီး အကာအကွယ် ရေခဲမှန်ကို ခုတ်ပိုင်လိုက်လေ၏။

မြူနှင်း နတ်မိမယ်၏ မျက်နှာထက်တွင် အပြုံးခပ်မှိန်မှိန်ပေါ်လာလေ၏။ "နင့်ရဲ့ စွမ်းအင်ကို ချွေတာလိုက်ပါ။ နင်က အနည်းဆုံး ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ရင် အဲ့မှန်ကို ဖျက်ဆီးလို့ ရမှာမဟုတ်ဘူး။"

လျှပ်စီးနှင့် မီးတောက်များက ရေခဲမှန်၏ နောက်ကွယ်မှ ဒဏ်ရာမရှိသော မြူနှင်း နတ်သမီးကို ပြသကာ လွင့်ပသွားလေ၏။ ယခုတွင် သူမက လှောင်ပြုံးတစ်ခုကို ဆင်မြန်းထားလေ၏။

သူမက အပြာရောင် အံ့ဖွယ်အစီအရင်တစ်ခုကို ထုတ်လို့်ပြီး စိတ်ပိုင်းဖြတ်ထားသော အပြုံးတစ်ခုက သူမ၏ မျက်နှာပေါ်တွင် ပေါ်လာလေ၏။ "အချိန်ကျပြီ... မင်းတို့အတွက် တကယ်စိတ်ပျက်အားငယ်ခြင်းကို ကြုံတွေ့ဖို့ပေါ့...။"

...

မြင့်မြတ်ရေခဲကုန်းမြေ၏ တစ်နေရာတွင်...

ချင်လီက မြေပြင်ပေါ်တွင် မန္တန်ဖွဲ့စည်းခြင်းတစ်ခု ရေးဆွဲလိုက်၏။ ထိုမန္တန်ဖွဲ့စည်းခြင်း၏ အလယ်တွင် အနားယူနေသည်က နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော အရှင်နတ်သမီး ဖြစ်ပေ၏။

သူမက သူမ၏ ရင်ဘတ်ကို လက်ဖြင့်ဖိကာ ခေါင်းကို ကောင်းကင်သို့ မော့ကြည့်လိုက်လေ၏။ "မြင့်မြတ် နတ်ဘုရားများ အရှင်နတ်သမီးအပေါ် သနားညှာတာပေးပါ။"

မန္တန်ဖွဲ့စည်းခြင်းမှ အလင်းရောင် တောက်တောက်က ထွက်ပေါ်လာပြီး ရွှေရောင် အလင်းက ရုတ်တရက် ကောင်းကင်ပေါ်တွင် ပေါ်လာပြီး မန်ဇီ၏ ခန္ဓာကိုယ်ပေါ်သို့ ဆငသက်လာလေ၏။

ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုက မန်ဇီခန္ဓာကိုယ် ပတ်လည်ရှိ အရာအားလုံးကို ဖျက်ဆီး ပစ်လိုက်လေ၏။

ချင်လီ၏ နောက်ရှိ ကီလိုမီတာ အမြောက်အများမှ လောင်ကျွမ်း မီးတောက်များက ကောင်းကင်တစ်ခုလုံးကို အလင်းပေးနေလေ၏။

သူ့၏ အသက်စွမ်းအင်ကို လောင်ကျွမ်းနေသော ဗာမီလီယမ်မီးတောက်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်က သူမဆီသို့ အံ့ဩဖွဟ် အရှိန်ဖြင့် ချဉ်း ကပ်လာနေ၏။

ချင်လီက ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူမနောက်ရှိ ကြောက်မက်ဖွယ် မီးတောက်ကို လှည့်ကြည့်လိုက်လေ၏။ "အရှင်နတ်သမီးက ဘေးကင်းတယ်။ မြင့်မြတ်မီးတောက်က ဘေးကင်းရဲ့လားဆိုတာ သေချာအောင် လုပ်ရမဲ့ အချိန်ပဲ။"

သူမ စကားပြောနေစဉ္ တွင် သူမ ရင်ဘတ်ရှေ့တွင် ကိုင်ထားသော အပြာရောင် အစီအရင်တစ်ခုက တောက်ပသောအလင်းတန်းဖြင့် တောက်ပစပြုလာလေ၏။

"အို... တိုက်ဆိုင်လိုက်တာနော်။" သူမက ရယ်မောလိုက်၏။

"နင်တော့ လွတ်မှာ မဟုတ်ဘူး စုန်းမ...။"

အဝေးမှ မီးတောက်များက ပေါက်ကွဲသွားပြီး အသံတစ်ခုက ပေါက်ကွဲနေသော မီးတောင်တစ်ခုကဲ့သို့ ထွက်ပေါ်လာလေ၏။

အကြီးအကဲ၏ မျက်လုံးများက မီးတောက်များသဖွယ် လောင်ကျွမ်းနေပြီး ချင်လီက အကွာအဝေး မန္တန်နည်းစနစ်တစ်ခုကို အသုံးပြုခဲ့ပင် လျှင်တောင်မှ သူက သူမကို အမီလိုက်နိုင်မည်ဖြစ်သည်။

"ရှင် အသက်အစားထိုးခြင်းဆိုတဲ့ မန္တန်နည်းစနစ်တစ်ခု ကြားဖူးလား။" ချင်လီက ခပ်ဖွဖွ အပြုံးလေးဖြင့် မေးလိုက်၏။

သူမ စကား ပြောနေရင်း သူမ၏ ခန္ဓာကိုယ်က အလင်းမှုန်ကလေးများအဖြစ်​ ပြိုကွဲသွားလေ၏။

"မင်း မလွတ်စေရဘူး..."

အကြီးအကဲက သူ့၏ လက်များကို ဖြန့်ကားလိုက်ရာ အချင်းဝက် ငါးကီလိုမီတာအတွင်းရှိ နေရာလပ်က လုံးဝ ချိတ်ပိတ်သွားလေ၏။

သို့သော်လည်း အလင်းမှုန်လေးများက အကြအကဲ ထုတ်လွတ်လိုက်သော အကွာအဝေး ချိတ်စည်းကို လုံးဝ လျစ်လျူရှုကာ ဆက်လက် ပျောက်ကွယ်သွားလေ၏။

အကြီးအကဲ၏ မျက်လုံးက အလန့်တကြား ပြူးကျယ်သွားလေ၏။

အကွာအဝေး မန္တန်နည်းစနစ်များကို လျစ်လျူရှုနိုင်ရန်အတွက်...။ ဤမြူနှင်း နတ်မိမယ်အသုံးပြုသော နည်းစနစ်က အံ့ဖွယ်တာအို နည်းစနစ်၏ နယ်မြေထဲတွင် အသုံးပြုပြီး ဖြစ်၏။

ဤ မြူနှင်း နတ်မိမယ်က ပျက်ပြယ်ခြင်းအဆင့်တွင်သာ ရှိသေးပြီး တာအိုပေါင်းစပ်ခြင်းအဆင့်နှင့် မည်သည့်နေရာမှပင် မနီးစပ်ပါချေ။ သူမက သူမကိူ ကူညီရန် ကိရိယာတစ်ခု အသုံးပြုလျှင်တောင်မှ ဤကဲ့သို့ နည်းစနစ်ကို အသုံးပြုရန်အတွက် စတေးခံ ခန္ဓာကိုယ်တစ်ခု လိုအပ်ပေ၏။ စတေးခံ ခန္ဓာကိုယ်က မည်သည်နည်း။

အကြီးအကဲက ထိုမေးခွန်းကို းိတ်ရှုပ်ထွေးစွာ တွေးတောနေစဉ္မှာပင် အလင်းမှုန်ကလေးများက စုစည်းလာကြပြီး တခြားသော မြူနှင်းနတ်မိမယ်တစ်ယောက်အဖြစ် ပြောင်းထားလိုက်လေ၏။

ဤဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ရေခဲနတ်သမီးကို တွေ့ပြီးနောက် သူက ရုတ်တရက် စတေးခံ ခန္ဓာကိုယ်က မည်သည်ဖြစ်သည်ကို နားလည်သွားပြီး ဤအသက်အစားထိုးခြင်း နည်းစနစ်က မည်သည်ဆိုသည် ရုတ်တရင် နားလည်သွားပေတော့သည်။

စိတ်ပိုင်းဖြတ်ထားသော အမူအရာတစ်ခု မျက်နှာပေါ်တွင် ဆင်မြန်းထားသော မြူနှင်း နတ်မိမယ်က ရေခဲနှင့် မြူနှင်းဓားကြီးတစ်ချောင်းက သူမလက်ထဲတွင် ထွက်ပေါ်လာလေ၏။ ထိုဓားက အလျား ပေတစ်ထောင်ခန့် ရှိပြီး အကြီးအကဲဆီသို့ အပြင်းအထန် ခုတ်ပိုင်းပစ်လိုက်လေ၏။

သူက လက်ကို ဝေ့ယမ်းလိုက်သောအခါ မီးတေက်များက အကြီးအကဲ၏ ခန္ဓာကိုယ်မှဟထွက်လာလေ၏။ မီးတောင်စွမ်းအင် မရေမတွက်နိုင်သော ပမာဏက ချက်ချင်းပင် ဓားနှင့် မြူနှင်း နတ်မိမယ်ကို ပြာအဖြစ် လျော့ချသွားလိုက်လေ၏။

သူ့၏ လက်များက မထိန်းချုပ်နိုင်အောင် တုန်ယင်နေကာ စိတ်ပျက်ခြင်းနှင့် သိက္ခာကျခြင်းက သူ့နှလုံးသားထဲတွင် ဖြစ်တည်လာပေ၏။

သူက သူ့၏ ကြယ်စင် တစ်ဖန်ပြန် အစီအရင်ကို ထုတ်လိုက်ကာ ထိုအပေါ်တွင် မည်သည့်ကြယ်မှ မရှိတော့သည်ကို တွေ့လိုက်ရ၏။ ထိုသည်က အစီအရင်၏ နယ်ပယ် အပြင်ဘက်သို့ ပစ်မှတ်က လွတ်မြောက်သွားကြောင်း ဖော်ပြခြင်းပင်။

"ဒီဟာက ငါ့ကို နေရာမှားကို ရောက်သွားအောင် ဆွဲဆောင်ခြင်း တစ်ခုပဲ...။ ငါ ကျဆုံးသွားတယ်..."

...

ရေခဲပြင်၏ နောက်တွင် ပြုံနေသော အမျိုးသမီးတစ်ဦးက အန်လင်း၏ မျက်စိရှေ့အောက်တွင် အလင်းမှုန်လေးများ စုစည်းလာသည်ကို တွေ့လိုက်ရ၏။

မီးတောက် စုစည်းအဝိုင်းက လေထုထဲတွင် ပေါလောပေါ်နေပြီး သူက ရေခဲပြင်ကို ထိုးဖောက်ရန်အတွက် သူ့၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်ပေ၏။

သို့သော် အလင်းမှုန်ကလေးများက ရုတ်တရက် ထပိမံစုစည်းသွားလေ၏။ သူတို့က ခအးအထိအောင် ရှည်လျားသော ငွေရောင် ဆံပင်များဖြင့် ရှည်လျား သွယ်လျှသော အမျိုးသမီးတစ်ဦးအဖြစ်ပြောင်းသွားလေ၏။

သူမက တောက်ပသော မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏ သွယ်လျလျ လက်မောင်းများက မီးတောက်စုစည်း အဝိုင်းဆီသို့ လက်ဆန့်တန်းလိုက်ကာ ဂရုတစိုက် ပွေ့ဖက်လိုက်ပေ၏။ ထို့နောက် သူမက ပတ်ဝန်းကျင်ကို လေ့လာရန်အတွက် အကြည့်လွှဲလိုက်ပေ၏။

အန်လင်းက အမျိုးသမီးကို မြင်သောအခါ နေရာ၌ပင် မလှုပ်နိုင်ဖြစ်သွားလေ၏။

ချင်လီက အန်လင်းကိုမြင်ပြီး အနည်းငယ် တုံ့ဆိုင်းသွားလေ၏။ ထို့နောက် သူမက တစ်ကိုယ်တည်း ရယ်မောလာလေတော့သည်။ "မင်းလား။ နတ်ဘုရားတွေက ငါတို့မျိုးနွယ်စုကို မျက်နှာသာပေးနေတာပဲ။ ငါက အရှင်နတ်သမီးအတွက် အခုပဲ ဒီနေရာမှာ လက်စာချေပေးရမယ်။"

အန်လင်းက ထိုစကားလုံးများကြားသောအခါ deja vu ကို ခံစားခိုက်ရ၏။ သို့သော် သူက ဤတစ်ကြိမ်တွင်တော့ ပြန်မပြောနိုင်ပါချေ။

သူက နောက်ဆုံးတွင်တော့ စောစောက မြူနှင်းနတ်မိမယ် မည်သည်ကို ပြောနေသလဲဆိုသည်အား သိသွားလေပြီ။ ထိုသည်က လုံးဝပင် ဘေးဒုက္ခပင် ဖြစ်၏။

ထိုအချိန်မှာပင် ကျန်ရစ်သော မြူနှင်းနတ်သမီး၄ယောကမ၏ လက်ထဲရှိ အပြာရောင် အစီအရင်က လင်းလက်လာပေ၏။

...

အကြီးအကဲကျူက မြူနှင်း နတ်သမီးတစ်ယောက်နှင် တောင်တစ်လုံးပေါ်တွငိ တိုက်ခိုက်နေလေ၏။

ကြက်သွေးရောင် မီးတောက်နဂါးကြီးတစ်ကောင်က ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံကာ အော်ဟစ်လိုက်ပြီး တောင်ပေါ်ရှိ မြူနှင်းနတ်သမီးပေါ်သို့ ခုန်အုပ်လိုက်၏။

မြူနှင်းနတ်သမီး၏ လက်ထဲတွင် မြူထူ ပုတီးဖြူတစ်ခု ရှိ၏။ ထို့နောက် သူမက ချက်ချင်းပင် တစ် ကီလိုမီတာ အဝေးသို့ ကူးပြောင်းသွားလေ၏။

ဘုန်း...

မီးတောက် နဂါးကြီက တောင်ကြီးကို မြေပြင်ပေါ်သို့ လုံးလုံးလျားလျား ဖြိုခွင်းလိုက်ပြီး အလွန်မြင့်မားသော အပူချိန်ကြောင့် တောင်ပေါ်ရှိ စုပြုံနေသော ဆီးနှင်းများက ချက်ချင်း အငွေ့ပျံသွားကာ မြူခိုးဖြူကျယ်များ ဖန်တီးပေးနေ၏။

"ဟားဟားဟား... နင်ပြေးလို့ မလွတ်ပါဘူး ကောင်မစုတ်လေး။ မီးတောက်စုစည်းအဝိုင်းက ဘယ်မှာလဲ ငါ့ကို ပြောစမ်း။ အဲဒါဆို ငါမင်ူကို အနာအကျင်မရှိပဲ သတ်ပေးမယ်လို့ ကတိပေးတယ်။" အကြီးအကဲကျူက မီးနတ်ဘုရားတစ်ပါးကဲ့သို့ ကီလိုမီတာပေါင်းများစွာကို တစ်လှမ်းချင်းဆီ ကျော်ဖြတ်ကာ မြူနှင်းနတ်မိမယ်ဆီသို့ နီးကပ်လာလေ၏။

ထိုအချိန်၌ မြူနှင်းနတ်မိမယ်၏ အပြာရောင် အစီအရင်က ရုတ်တရက် လင်းလက်လာ၏။

သူမက ငုံ့ကြည့်လိုက်ကာ ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်ပြီး အပြာရောင် အစီအရင်ကိာ အသက်သွင်းလိုက်၏။

အကြီးအကဲ ကျူက မြူနှင်းနတ်မိမယ်က အလင်းမှုန်များအဖြစ် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ အံ့ဩသွားရလေ၏။ သူက ချက်ချင်းပင် အကွာအဝေး မန္တန်နည်းစနစ်တစ်ခု ထုတ်လွှတ်လိုက်သော်လည်း သူမကို ပျောက်ကွယ်သွားခြင်းမှ မတားဆီးနိုင်ပါပေ။

ထို့နောက် မရင်းနှီးသော မြူနှင်း နတ်မိမယ်တစ်ယောက်က သူ့ရှေ့တွင် ပေါ်လေ၏။

"ဟီးဟီး... ရှင့်ရဲ့ ကြိုးစားမှုတွေ အားလုံးက သဲထဲရေသွန် ဖြစ်ဖို့ ကံပါလာပြီးသား။" မြူနှင်း နတ်သမီးက အေးစက်စွာ ရယ်မောလာ၏။

အကြအကဲ ကျူ၏ မျက်လုံးများက ပြူးကျယ်လာပြီး ရုတ်တရက် အတွေးတစ်ခု ဖြစ်ပေါ်လာ၏။

"မိုးမေလင်းလိုက်..." သူက အော်ဟစ်ကာ မြူနှင်းနတ်မိမယ်ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်ပေ၏။

ဘုန်း...

မြူနှင်းနတ်မိမယ်က ချက်ချင်းပင် သူ့လက်သီး၏ စွမ်းအားကြောင့် သုတ်သင်ခြင်းခံလိုက်ရပြီး သူမ၏ အောက်မြေကြီးတွင် ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာပေ၏။

ကျူးယွမ်ကျိုး၏ အသံက ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပျံ့နှံ့သွားလေ၏။

...

ရေခဲ လွှာကြီးတစ်ခုပေါ်တွင် အကြီးအကဲ ကျိက တစ်ကိုယ်လုံးမီးများလောင်ကျွမ်းလျက် မြူနှင်း နတ်မိမယ်တစ်ဦးဆီသို့ လျှောက်သွားနေ၏။

မြူနှင်း နတ်မိမယ်က ရင်ဘတ်တွင် အပေါက်ကြီးဖြင့် မြေပြင်ပေါ်တွင် လဲနေပြီး သွေးပြာများက သူမ၏ အောက်ဘက်မှ မြူနှင်းများပေါ်သို့ အဆက်အပြတ် ထွက်နေပေ၏။

"မီးတောက်စုစည်းအဝိုင်းရဲ့ တည်ရှိနေရာကို ပြောပြစမ်း။ မင်းကို အသက် ချမ်းသာပေးမယ်။" အကြအကဲ ကျိက ထပ်ပြောလိုက်၏။

မြူနှင်း နတ်မိမယ်က အပြုံးလေး တစ်ခုနှင့် ပြန်ဖြေလိုက်၏။ "မှန်းကြည့်လေ။"

ဘန်း...

မြူနှင်း နတ်မိမယ်က မီးတောက်များဖြင့် ဝါးမြိုခြင်းခံလိုက်ရပြီး အဆုံးမဲ့ တွင်းကြီးတစ်ခုက သူမအောက်တွင် လောင်ကျွမ်းနေပေတော့သည်။

"မအေ-ိုး..." အကြီးအကဲ ကျိက မနေနိုင်တော့ပဲ အကျယ်ကြီး အော်ဟစ် ဆဲရေလိုက်၏။

"မအေ-ိုး..." အန်လင်းသည်လည်း မနေနိုင်တော့ပဲ အော်ဟစ် ဆဲရဲလိုက်တော့၏။

ချင်လီအပြင် ကျန်ရစ်သော မြူနှင်းနတ်မိမယ်များကလည်း အစွမ်းထက် မြင့်မြတ်နန်းတော်ခေါင်းဆောင်များနှင့် လဲလှယ်​ြခင်း ခံလိုက်ရလေ၏။

တနည်းဆိုရသော် ယခုတွင် သူ့ရှေ့၌ မတ်တပ်ရပ်နေသော ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ် ငါးဦးရှိနေလေ၏။

----------

All Chapters