← Chapters

လီကျွင်း၏ တာအို

Vol. 9 Ch. 125

လီကျွင်း၏ တာအို

Vol. 9 Ch. 125

အခန်း(၁၂၅)  :  လီကျွင်း၏ တာအို

လီကျွင်းက ထိုမေးခွန်းကို ကြားကာ ပြုံးလိုက်ပြီး ရှင်းပြလိုက်သည်။

“ ခင်ဗျားက သေခြင်းရှင်ခြင်းတိုက်ပွဲကနေ သဘာဝလွန်နယ်ပယ်အဆင့်ကို တက်လှမ်းချင်နေတာ နေမှာပေါ့။ ဒါပေမဲ့ ဒီဟာရဲ့ အောင်မြင်နိုင်ခြေက မဖြစ်နိုင်သလောက်ပဲ”

“ဘာလို့လဲ” သံမဏိလက်သီးဘုရင်က သဘောရိုးဖြင့် မေးလိုက်သည်။

သူက အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်အထိ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့သော်လည်း သူ့ကျင့်စဉ်က နောက်တစ်ဆင့်ကို ချိုးဖောက်ဖို့ နည်းလမ်း မရှိချေ။ ထို့ကြောင့် သူက စိန်ခေါ်မှု ဖိတ်ကြားခံရစဉ်က တုံ့ဆိုင်းခြင်းမရှိ လက်ခံခဲ့သည်မှာ ထိုနယ်ခြားနတ်ဆိုးက သူ့အား ဖိအားပေးနိုင်ကာ အဆင့်တက်လှမ်းစေနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့၍ ဖြစ်သည်။

ကံဆိုးသည်က သူက လူသားသာလွန်နယ်ပယ်အဆင့် တက်လှမ်းဖို့ ခက်ခဲနှုန်းနှင့် သူ့ပြိုင်ဘက်က မည်မျှအားကောင်းကြောင်းကို လျော့တွက်မိခဲ့ဟန်ပေါ်သည်။

“ ခန္ဓာကိုယ်သန့်စင်ခြင်း၊ အံ့ဖွယ်ပင်လယ်နဲ့ အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်တို့မှာ သေခြင်းရှင်ခြင်းတိုက်ပွဲကနေ အဆင့်တက်တာ ဖြစ်နိုင်ပေမဲ့ သဘာဝလွန်နယ်ပယ်အဆင့်က သက်ရှိအဆင့် ပြောင်းလဲသွားတာမျိုးပဲ … အစောပိုင်းကျင့်ကြံဆင့်ကနေ အလယ်အလတ်အဆင့် ဝင်ရောက်တာမျိုး။ နမူနာကောင်းအနေနဲ့ သသာဝလွန်နယ်ပယ်အဆင့် ကျင့်ကြံသူက အံ့ဖွယ်ပလ္လင်အဆင့်ထက် ဆယ်ဆပိုတဲ့ သက်တမ်း .. ပြောရရင် နှစ်တစ်သောင်းရှိလိမ့်မယ်”

“ ခင်ဗျားက ဘာလို့အဆင့်တက်ဖို့ မဖြစ်နိုင်တာလဲဆိုတာ မပြောရသေးဘူး” သံမဏိလက်သီးဘုရင်က ပြောလိုက်သည်။

“အဲဒီအဆင့်ကို ရောက်ဖို့ဆိုရင် ကျင့်ကြံသူက မိုးမြေက ကြမ္မာကောင်းချီကို ဖမ်းဆုပ်ရမယ်။ အဲဒီချီက အံ့ဖွယ်ပလ္လင်နဲ့ ပေါင်းစပ်ရောယှက်သွားတဲ့အခါ ကြမ္မာကောင်း မီးလျှံကို ထိန်းထားဖို့ ရှေးဟောင်းမီးအိမ်တစ်ခု ဖြစ်လာလိမ့်မယ် …

ကြမ္မာကောင်းမီးလျှံက အတော်လေး မှော်ဆန်တဲ့အရာပဲ။ အဲဒီအရာက ကျင့်ကြံသူရဲ့ မူလချီကို မူလအဆီအနှစ်အဖြစ် ပြောင်းလဲပေးနိုင်ပြီးတော့ သူတို့ရဲ့ နိဝမ်ဆုံမှတ်နဲ့ အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ပေးနိုင်တယ်။ အဲကြောင့် ကျင့်ကြံသူတွေကို သူတို့ဝိညာဉ်အထိ ဝင်ရောက်နိုင်စွမ်း ပေးထားတယ်။

အခု ခင်ဗျားက တိုက်ပွဲအတွင်း အဲလိုအပြောင်းအလဲမျိုး လုပ်ဖို့ ကြိုးစားနေတာလေ။ ဝိညာဉ်စွမ်းအား ပေါကြွယ်ဝပြီး တည်ငြိမ်အေးဆေးတဲ့ ပတ်ဝန်းကျင်မျိုးမရှိဘဲနဲ့ ဒီဖြစ်စဉ်က အသေးအမွှား အမှားလေးနဲ့တောင် ကျရှုံးသွားနိုင်တယ်”

သံမဏိလက်သီးဘုရင်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့အစီအစဉ်သည် အမှန်တကယ်အန္တရာယ်များကြောင်း သဘောပေါက်သွားလေသည်။ သူ့ရန်သူက သူ့ကို အဆင့်တက်လှမ်းဖို့ အချိန်ပေးဦးမည်လား။ အကယ်၍ သူ အချိန်ရခဲ့လျှင်ပင် ကျရှုံးနေဦးမည် ဖြစ်၏။

ပထမဦးစွာ သူက ကြမ္မာကောင်း ချီက ဘာမှန်းပင် မသိသောကြောင့် ထိုအရာကို ဖမ်းဆုပ်ပြီး အဆင့်တက်လှမ်းဖို့ မဆိုထားနှင့်။ အကယ်၍ သူ လုပ်နိုင်ခဲ့လျှင်ပင် အသက်အဆီအနှစ်ဓာတ် ပြောင်းလဲနှုန်းက မည်မျှကြာမြင့်မည်နည်း။ ဆယ်စုနှစ်အထိ မကြာလျှင်ပင် နှစ်ချီကြာမြင့်လိမ့်မည်။

သူ့အသက်အတွက် တိုက်ခိုက်နေစဉ်အတွင်း ဒီလိုအရာမျိုး မည်သို့လုပ်နိုင်မည်နည်း။

သံမဏိလက်သီးဘုရင်က သူ့အမှားများမှာ ဗဟုသုတနည်းပါးမှုနှင့် လက်ဆင့်ကမ်း အမွေအနှစ် မရှိမှုကြောင့်မှန်း သဘောပေါက်ပြီးသည့်နောက် သက်ပြင်းချလိုက်သည်။ သူက ခဏကြာ စဉ်းစားနေပြီးနောက် လီကျွင်းအား ကြည့်ကာ မေးလိုက်သည်။

“ကျုပ်ကို ဘာလို့ဒါတွေ ပြောပြနေတာလဲ။ မင်းက အနိုင်ရမှာကို သေချာနေတာကြောင့်တော့ မဟုတ်ဘူးလို့ ကျုပ်အာရုံက ပြောပြနေတယ် ”

“ခင်ဗျား ပြောတာ မှန်တယ်” လီကျွင်းက အပြုံးလေးဖြင့် ပြောလိုက်သည်  “ အစ်ကိုကြီးက ခင်ဗျားကို သူ့ဆီ သစ္စာခံစေချင်နေတယ်”

“အစ်ကိုကြီးလား … မင်း ပြောတာ မဟာရှားတိုင်းပြည်ရဲ့ အရှင်ဘုရင်က ကျုပ်ကို သူ့လက်အောက်က စစ်သူကြီး ဖြစ်စေချင်နေတာလား”

“မဟုတ်ဘူး။ ခင်ဗျားက အထင်မှားနေပြီ။ ကျုပ်တို့အတွက် ဒီကမ္ဘာက စစ်ဆေးမှုတစ်ခုအပြင် မပိုဘူး။ ကျုပ်အစ်ကိုကြီးက ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပြီးတော့ ကျုပ်တို့ ဒီကနေ ထွက်သွားတဲ့အခါ ခင်ဗျားကိုပါ လိုက်စေချင်တာ ”

သံမဏိလက်သီးဘုရင်က ထိုအရာကို ကြားပြီး အကြည့်များ လက်ခနဲ ဖြစ်သွားလေသည်။ သူက နယ်ခြားနတ်ဆိုးများသည် အလွန်အားကောင်းသည့် ကမ္ဘာမှ ရောက်လာကြောင်း သိလေသည်။ သူတို့ကမ္ဘာတွင် မဟာဧကရာဇ်များ ရှိသည်ဟူသော ကောလဟာလပင် ရှိသေး၏။

ခဏကြာစဉ်းစားလိုက်ပြီးနောက် သံမဏိလက်သီးဘုရင်က ပြောလိုက်သည်  “ မင်းရဲ့ အဆိုကို သဘောတူနိုင်တယ်။ ဒါပေမဲ့ ကျုပ်ဆီမှာ တောင်းဆိုချက်တစ်ခု ရှိတယ် ”

“ ဘာလဲ … ကျုပ်လုပ်နိုင်စွမ်းထဲရှိရင် အကောင်းဆုံး ကူညီပေးမယ်”

“စောစောလေးက တိုက်ပွဲထဲ မင်းက အားကုန်ထုတ်မသုံးထားဘူးဆိုတာ သိတယ်” သံမဏိလက်သီးဘုရင်က သူ့အကြည့်ထဲ အန္တရာယ်များသည့် အလင်းတစ်ချက် လက်သွားကာ  “ မင်းရဲ့ အားအကောင်းဆုံး တိုက်ကွက်နဲ့ တိုက်စေချင်တယ် ”

“သေချာရဲ့လား” လီကျွင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်  “ ခင်ဗျားရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် ကျုပ်တိုက်ကွက်အောက်မှာ အသက်မရှင်နိုင်လောက်ဘူး ”

“ကိစ္စမရှိဘူး။ ဘာဖြစ်ဖြစ် သေတာလေးပဲလေ” သံမဏိလက်သီးဘုရင်က ဘာမှအမှူမထားသလိုမျိုး ပြောလိုက်သည်။

လီကျွင်းက သူ့ပြိုင်ဘက်၏ မျက်နှာအထက် ဆုံးဖြတ်ချက်ချပြီးသား ပုံစံကို မြင်သည့်အခါ ထိုတောင်းဆိုချက်၏ အကြောင်းအရင်းကို မှန်းဆမိလိုက်သည်။

သံမဏိလက်သီးဘုရင်က သူ ပြောခဲ့သည့် ယခင်စကားများကို ယုံသော်လည်း မကြိုးစားကြည့်ခင်အထိ လက်ခံမည် မဟုတ်ပေ။ သူက စိတ်အားပြင်းပြသည့် လူတစ်ယောက် ဖြစ်ပြီး သူ ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက်ကို မည်သို့အလွယ်တကူ ပြောင်းနိုင်မည်နည်း။ အထူးသဖြင့် သူ့အနာဂတ် ကျင့်ကြံရေးလမ်းစဉ်နှင့် ပတ်သက်နေသည့်အခါတွင် ဖြစ်၏။

ထို့ကြောင့် လီကျွင်းက သူ့အား ဆက်မဖျောင်းဖျတော့ပေ။ သူက အင်အားအကုန်စုစည်းကာ သံမဏိလက်သီးဘုရင်ထံ ပစ်လွှတ်လိုက်သည်။ သူ့လှံက အနီရောင်လက်ခနဲ ဖြစ်သွားလေသည်။ ထို့နောက် သူက တစ်ဖက်လူကို မထိခင် အော်ပြောလိုက်သည်။

“ အထိန်းအကွပ်မဲ့သွေး”

သံမဏိလက်သီးဘုရင်က ထိုတိုက်ကွက်ကို မြင်လိုက်သည့်အခါ အကြည့်တို့ လက်ခနဲ ဖြစ်သွားလေသည်။ သူ့သာ ထိုရိုက်ချက် ထိမိပါက သေဆုံးသွားနိုင်ကြောင်း ခံစားချက်ကြီးစိုးလာသည်။

သံမဏိလက်သီးဘုရင်က အားကောင်းလှသည့် စိတ်ဆန္ဒဖြင့် အကြောက်တရားကို ကျော်လွှားကာ သူ့လက်ကျန်အင်အားကို ပြန်တိုက်ခိုက်ဖို့ အသုံးပြုလိုက်သည်။ သို့သော်လည်း သူ ထိတ်လန့်သွားသည်မှာ သူ့ခန္ဓာက မလှုပ်နိုင်တော့ကြောင်း သိလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲက သွေးတွေက သူ့ထိန်းချုပ်မှုအောက် မရှိတော့ဘဲ မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက် သူ့သွေးတွေက နောက်ပြန်စီးကာ နှလုံးသားဆီ ပြန်ရောက်ဖို့အတွက် လမ်းရှိအတားအဆီးအားလုံးကို ဖျက်ဆီးပစ်နေသည်။

သူ့သွေးအားလုံး နှလုံးသားဆီ ပြန်ရောက်သွားသည်နှင့် ဘောလုံးသဖွယ် စုဝေးသွားပြီးနောက် ပေါက်ကွဲထွက်သွားသည်။

ဝုန်း

သံမဏိလက်သီးဘုရင်က စိတ်ထဲ ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ထို့နောက် သူက သူ့နှလုံးသားနှင့် စင်တီမီတာအချို့သာ ကွာဝေးတော့သည့် လီကျွင်း၏ လှံထိပ်ဖျားကို ကြည့်လိုက်မိသည်။

သူက‌ သွေးအန်လိုက်ရသော်လည်း ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်အနှံ့မှ သွေးများစီးကျလာသည်။ သူ့မျက်လုံး၊ နှာခေါင်း၊ နားနှင့် သူ့အရေပြားမှ ချွေးပေါက်များအထိ ပါဝင်လေသည်။

သံမဏိလက်သီးဘုရင်က တောင့်တင်းနေသော ခန္ဓာကိုယ်နှင့်အတူ နောက်ပြန်လဲကျသွားသည်။

လီကျွင်းက မြေပေါ်မှ သူ့ကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။ ထို့နောက် သူက သိုလှောင်လက်စွပ်ထဲမှ ဆေးတစ်လုံးထုတ်လိုက်ရသည်။ သူက ဆေးလုံးကို ကြည့်နေရင်း စိတ်ထဲ နာကျင်လာမိသည်။

မတတ်နိုင်ဘူးလေ … ဒါက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ အသုံးပြုတဲ့ မြေကမ္ဘာအဆင့်မြင့် ဆေးလုံး ဖြစ်ပေသည်။

လီကျွင်းက ထို့ထက်မြင့်သည့် ဆေးလုံးကို မရနိုင်သည့်အတွက် မဟုတ်ဘဲ ဒီအဆင့်က ဒီစစ်ဆေးမှုထဲ ခွင့်ပြုပေးထားသည့် အဆင့်မြင့်ဆုံး ဆေးလုံး ဖြစ်ပေသည်။ ပို၍ဆိုးသည်က ဤဆေးလုံးက ကုသရေးဆေးလုံး ဖြစ်၍ ပို၍ အဖိုးတန်လေသည်။ သို့သော်လည်း လီကျွင်းက တုံ့ဆိုင်းမနေဘဲ ထိုဆေးလုံးကို သံမဏိလက်သီးဘုရင်ဆီ တိုက်ကျွေးလိုက်သည်။ သူ ဒီလိုအဖိုးတန်ဆေးလုံး ရွေးချယ်လိုက်သည့် နောက်ထပ်အကြောင်းအရင်းမှာ ထိုဆေးအာနိသင်က သံမဏိလက်သီးဘုရင်၏ သက်တမ်း ပြဿနာကို လျော့ပါးစေ၍ ဖြစ်သည်။

ဆေးလုံးတိုက်လိုက်ပြီးသည့်နောက် သူက စစ်တန်းလျားဆီ ပြန်ခေါ်လာလိုက်၏။

သံမဏိလက်သီးဘုရင်က အနားယူနေစဉ် လီကျွင်းက တိုက်ပွဲမှာ နောက်ဆုံးထုတ်သုံးခဲ့သည့် တိုက်ကွက်ကို ပြန်လည်သုံးသပ်နေသည်။ တကယ်တော့ ထိုတိုက်ကွက်က ကောင်းကင်တိုက်ခိုက်ရေးကျမ်းထဲမှ မဟုတ်ပေ။ သူ နှစ်များစွာ လေ့လာပြီးနောက် ကိုယ်တိုင် ဖန်တီးထားသည့်တိုက်ကွက် ဖြစ်၏။

သူ စတင်ကျင့်ကြံကတည်းက သူ့အစ်ကိုကြီးဝမ်ဝေ့က သူ့အား ကျမ်းအတိုင်း အတင်းအကျပ် လိုက်နာစရာမလိုဘဲ သူ့ကိုယ်ပိုင်တာအိုကို ဖန်တီးဖို့ သတိပေးခဲ့သည်။

ကောင်းကင်တိုက်ခိုက်ရေးကျမ်းက တိုက်ခိုက်ရေးတာအို ကျင့်ကြံနိုင်စေရန် တစ်ဆင့်ချင်းစီလိုက် လမ်းညွှန်မှုပေးထားသော်လည်း လီကျွင်းက သူ့ပင်မတာအိုကို သတ်ဖြတ်ရေး တာအို ဖြစ်ဖို့ ရွေးချယ်ခဲ့သည်။

သူ့အိပ်မက် သို့မဟုတ် ရည်မှန်းချက်က သူ့အစ်ကိုကြီး၏ မဟာဧကရာဇ်လမ်းစဉ်ကို တားဆီးနှောင့်ယှက်မည့် ရန်သူမှန်သမျှကို သုတ်သင်ပစ်နိုင်သည့် စစ်သူကြီး ဖြစ်ဖို့ ဖြစ်သည်။ လီကျွင်းက ထိုအရာသည် လက်တွေ့မဆန်သည့် ရည်မှန်းချက်ဖြစ်မှန်း သိသော်လည်း သူက အားစိုက်ထုတ်ကာ ကြိုးစားထားသည်။

ဤအထိန်းအကွပ်မဲ့သွေး ကျင့်စဉ်သည် သူ့သတ်ဖြတ်ရေးတာအိုကို ကျင့်ကြံစဉ် ပထမဆုံး ခြေလှမ်း ဖြစ်ပြီး ရလဒ်နှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။

ဤသို့ဖြင့် လေးရက်တာ ကုန်ဆုံးသွားပြီး သံမဏိလက်သီးဘုရင်လည်း နောက်ဆုံးတော့ သတိရလာလေပြီ။ သူက ဘေးပတ်လည်ကို ကြည့်ကာ ရေရွတ်လိုက်သည်  “ကျုပ် မသေသေးဘူးလား ”

သူက လက်မြောက်ကြည့်လိုက်သည့်အခါ တစ်ခုခု ကွဲပြားနေသည်ကို သတိပြုမိလိုက်သည်။ သူ့လက်များက သူ မှတ်မိထားသလို ရှုံ့တွမနေတော့ပေ။ သူ့အသံပင် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ ယခု အသက်ဓာတ်အပြည့် ဖြစ်နေလေသည်။

မိနစ်ပိုင်းကြာမြင့်ပြီးနောက် လီကျွင်းက သူ့ဆီ လျှောက်လာကာ  “ ကြည့်ရတာ ခင်ဗျားက မြန်မြန်ဆန်ဆန် ပြန်ကောင်းလာသားပဲ ”

“ ဒါတွေအားလုံး မင်းကြောင့်ပဲ နေမှာပါ ”

“ကောင်းပြီ … ခင်ဗျား ကတိစကားကို ပြန်မရုတ်သိမ်းသရွေ့ အားလုံးအဆင်ပြေတယ် ”

“ကျုပ် ထျဲ့ကန်က ကတိတည်တဲ့သူပါ။ အရှင်ဝမ်ဝေ့ဆီ သစ္စာခံဖို့ ကတိပေးထားမှတော့ အဲဒီအတိုင်း လုပ်မှာပါ ”

လီကျွင်းက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ သူက သံမဏိလက်သီးဘုရင်နှင့် ခဏကြာ စကားစမြည်ပြောနေပြီးနောက် အနားယူခိုင်းလိုက်ပြီး ထွက်သွားလိုက်သည်။

………….

ထိုစဉ် မဟာရှုတိုင်းပြည်အတွင်း၊ ဆရာသခင်ဖုန်းဟွမ်က မျက်မှောင်ကြုတ်လျက် လမ်းလျှောက်နေသည်။

မြို့တော်ရှိ တာအိုဘုရားကျောင်းအားလုံးကို စစ်ဆေးလိုက်ပြီးနောက် ထိုနေရာရှိ ကိုးကွယ်ယုံကြည်မှုစွမ်းအားက ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားကြောင်း သတိထားမိလိုက်သည်။ သူက အကြမ်းဖျင်းစစ်ဆေးကြည့်လိုက်သော်လည်း အကြောင်းအရင်းကို မသိရသေးပေ။

သူက လမ်းလျှောက်နေစဉ် တစ်ယောက်ယောက်က ဖုန်းဟွမ်ဆီ ရောက်လာပြီး စာတမ်းတစ်ခု လာပေးလေသည်။ သူက ဖတ်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိ၏။

သူ ရရှိထားသော သတင်းအချက်အလက်အရ ဤအခြေအနေသည် မဟာရှုတိုင်းပြည်ရှိ တခြားသော ဘုရားကျောင်းများတွင်လည်း အတူတူ ဖြစ်နေကြောင်း သိလိုက်ရသည်။

ဖုန်းဟွမ်က ထိုက်ယီနက်နဲမုခ်တွင် ယုံကြည်မှုစွမ်းအား စုပ်ယူခြင်းနှင့် ပတ်သက်သည့်အခါ တင်းကျပ်သည့် စည်းမျဉ်းရှိကြောင်း သိလေသည်။

သူ့ကိုယ်တိုင် ဒီလိုမလုပ်မှန်း သိထားသော်လည်း သူ့ပြိုင်ဘက်များသာ ဒီအကြောင်းအရာကို သူ့အား တိုက်ခိုက်ဖို့ အကြောင်းပြချက်အနေနှင့် အသုံးပြုလာခဲ့လျှင် သူ့အနေနှင့် အခက်တွေ့လိမ့်မည်။

ထို့ကြောင့် ဖုန်းဟွမ်က တိုင်းပြည်၏ စွမ်းအားအကုန် သုံးကာ ထိုအခြေအနေကို လေ့လာဆန်းစစ်ဖို့ ဆုံးဖြတ်လိုက်သည်။

All Chapters