← Chapters

မဖိတ်ခေါ်ထားသော ဧည့်သည်

Vol. 10 Ch. 127

မဖိတ်ခေါ်ထားသော ဧည့်သည်

Vol. 10 Ch. 127

အခန်း (၁၂၇) : မဖိတ်ခေါ်ထားသော ဧည့်သည်

သံမဏိလက်သီးဘုရင်အား လက်အောက်ခံအမှုထမ်းဆိုသည့် သူ့ရာထူးသူ သိအောင် ပညာပေးပြီးနောက် ဝမ်ဝေ့က သိုလှောင်လက်စွပ်ထဲမှ အဆောင်တစ်ခုကို ထုတ်ယူပြီး ထျဲ့ကန်ဆီ လက်လွှဲပေးလိုက်သည်။

သံမဏိလက်သီးဘုရင်က အဆောင်ကို ရရှိပြီးနောက် ကြမ်းပြင်မှ ထလာကာ နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်ပြီး မူလချီကို ထိုအဆောင်ထဲသို့ ထည့်သွင်းလိုက်သည်။

ရုတ်တရက် သူ့စိတ်ထဲသို့ အချက်အလက်များစွာ ရောက်ရှိလာသည်။ သံမဏိလက်သီးဘုရင်က ထိုအချက်အလက်များကို ဖတ်နေရင်း မျက်နှာအထက် ပို၍ အမူအရာ ပျက်ယွင်းလာသည်။

သူ ရရှိလိုက်သော အချက်အလက်က အသင်္ချေအင်ပါယာကမ္ဘာ၏ အခြေခံ ဗဟုသုတသာ ဖြစ်သည်။

ဥပမာအားဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်က ၉လွှာ ရှိသည်ဟု ထင်ခဲ့သော်လည်း ၁၂ လွှာရှိနေခြင်း၊ အံ့ဖွယ်သွေးကြော၏ အမြင့်ဆုံးပမာဏက ၃၆၅ ခု ရှိနေခြင်း စသည်တို့ဖြစ်သည်။

သူ့ဆီမှာ ရှိနေသော သွေးကြော ၂၇၀က နောက်ထပ်နယ်ပယ်အဆင့်သို့ ရောက်ရှိရန် လိုအပ်သည့် အနိမ့်ဆုံးပမာဏ ဖြစ်၏။ သို့သော် ထိုကဲ့သို့ လုပ်နိုင်သူက ကျင့်ကြံသူများ ကြားထဲတွင် အဆိုးဆုံးအုတ်မြစ် ရှိနေနိုင်သည်။

ဆိုးရွားသော အုတ်မြစ်ရှိနေခြင်းက အင်အားနှင့် တိုက်ရိုက်အချိုးမကျကြောင်း ထိုအဆောင်မှ ရှင်းပြထားသည်။ တချို့လူများတွင် ဆိုးရွားသော အုတ်မြစ်များ ရှိသော်လည်း သူတို့၏ ခွန်အားက စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားသည်။

သို့သော် သန်မာသော အုတ်မြစ် မရှိပါက ထိုလူများ၏ အနာဂတ်က ကန့်သတ်ခံထားရလိမ့်မည် ဖြစ်သည်။ ၉လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်သာ ရှိသည့် သာမန်အုတ်မြစ်ကို ပိုင်ဆိုင်ထားသူအနေဖြင့် သူတော်စင် နယ်ပယ်အဆင့်သို့ တက်လှမ်းဖို့ မဖြစ်နိုင်ပေ။

တစ်ချိန်တည်းမှာပဲ ၁၀လွှာမြောက် ရှိသည့် သူတော်စင် အုတ်မြစ် ပိုင်ဆိုင်ထားသူအနေဖြင့်လည်း အထွတ်အထိပ် နယ်ပယ်အဆင့်ကို ရောက်ဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်နေသည်။

“ မဖြစ်နိုင်လုနီးပါး” ဟု ပြောလိုက်သောကြောင့် ဤစည်းမျဉ်းတွင် ခြွင်းချက်များ ရှိနေနိုင်သည်ဟု စဉ်းစားပြီး သံမဏိလက်သီးဘုရင်က ကိုယ့်ကိုယ်ကို နှစ်သိမ့်နေသည်။

သူနှင့် အရမ်းအလှမ်းဝေးနေသည့် အရာမှန်း သိသည်။ ထို့ကြောင့် အပြင်ပန်းတွင် သူက တည်ငြိမ်ပုံပေါ်သော်လည်း သူ၏ အသက်ရှူမြန်ခြင်းနှင့် အဆက်မပြတ်ခုန်နေသော နှလုံးခုန်သံက ဒီလိုမဟုတ်မှန်း ပြသနေသည်။

ဝမ်ဝေ့က သံမဏိလက်သီးဘုရင်၏ တုံ့ပြန်မှုကို သတိထားမိပြီး ပြောလိုက်သည်

“ ခင်ဗျား အဲဒီအရာတွေနဲ့ ပတ်သက်ပြီးတော့ စိတ်ပူစရာ မလိုပါဘူး။ ကျုပ်တို့ အိမ်ပြန်သွားတဲ့အခါ ကျုပ်ရဲ့ လက်အောက်ခံအနေနဲ့ ခင်ဗျား အထွတ်အထိပ်အုတ်မြစ် ရစေဖို့ နည်းလမ်းရစေရမယ်လို့ အာမခံတယ်။

ပိုပြီးစွမ်းအားကြီးတဲ့ တာအိုအုတ်မြစ်ကို ရဖို့အတွက် ဂိုဏ်းရဲ့အမှတ်တွေကို အသုံးပြုဖို့ လိုမယ်။ အဲဒါက ခင်ဗျားရဲ့ လုပ်နိုင်စွမ်းအပေါ်မှာ မူတည်တယ်”

ထိုစကားကို ကြားပြီးနောက် သံမဏိလက်သီးဘုရင်က အသက်ပြင်းပြင်းရှူကာ ဝမ်ဝေ့ကို အရိုအသေပေးလိုက်သည်။ ယခုတစ်ခေါက် သူ အသာလေး အရိုအသေပေးခြင်းမျိုး မဟုတ်ဘဲ ၉၀ဒီဂရီထိရောက်အောင် အရိုအသေပေးလိုက်ပြီးနောက် ပြောလိုက်သည်

“ ကျုပ်ကို အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လီကျွင်းဆီမှာ ရှုံးပြီးနောက် အရှုံးကို အသိအမှတ်ပြုသော်လည်း သံမဏိလက်သီးဘုရင်က ထိုနယ်ခြားနတ်ဆိုးများထက် ဘယ်လိုနည်းနှင့်မျှ နိမ့်ကျခြင်းမရှိဟု ယုံကြည်နေသည့် မာနကြီးသည့် သူတစ်ယောက် ဖြစ်ခဲ့သည်။

ထိုနယ်ခြားဧည့်သည်များနှင့် သူ့ကြားထဲမှ ခြားနားချက်က တူညီသော အရင်းအမြစ် ပမာဏမရှိခြင်းနှင့် မွေးကတည်းက ပေးအပ်သည့် အခွင့်အရေးမရှိခြင်းဟုသာ သူ ယုံကြည်ထားခဲ့သည်။

သို့သော် ထိုအဆောင်ထဲရှိ အချက်အလက်အားလုံးကို ဖတ်ပြီးနောက် ကိစ္စအားလုံးက သူယုံကြည်ထားသလိုမျိုး မရိုးရှင်းဘူးဆိုတာကို သတိထားလိုက်မိသည်။

ဤကမ္ဘာရှိလူများနှင့် ခြားနားနေသည့် အချက်က အရင်းအမြစ်၊ အရည်အချင်းနှင့် အခွင့်အရေးများကြောင့် မဟုတ်ပေ။ နေထိုင်မှုဘဝမှာ အများကြီး ခြားနားနေသောကြောင့် ဖြစ်သည်။ ထိုနယ်ခြားသားများလာသော ကမ္ဘာတွင် ကျင့်ကြံရေးလမ်းကြောင်းအတွက် သာမက မိုးမြေ နည်းလမ်းများနှင့် ပတ်သက်ပြီး ဗဟုသုတနှင့် နားလည်မှုများ ပိုရှိသည်။

သူတို့၏ ရှည်လျားသော သမိုင်းကြောင်းကို ထည့်ပေါင်းလိုက်လျှင် ထိုလူများတွင် သူတို့၏ ဘိုးဘေးများဆီမှ ကျန်ရှိသော မရေတွက်နိုင်သည့် အမွေအနှစ်များစွာလည်း ရှိသည်။ တိုက်ပွဲတိုင်းပြည်ကမ္ဘာတွင်လည်း နှစ်ပေါင်း ၂သန်းမှ ၅သန်းအထိ မှတ်တမ်းသမိုင်းများ ရှိသည်။

အရင်ကလိုသာဆိုပါက ထိုအချိန်ကို အရမ်းရှည်ကြာလွန်းသည့်အချိန်ဟု သံမဏိလက်သီးဘုရင် တွေးမိလိမ့်မည် ဖြစ်သည်။ သို့သော် သူ ဖတ်လိုက်သော အချက်အလက်အရ အထွတ်အထိပ် နယ်ပယ်အဆင့် ကျင့်ကြံသူများက အချိန်အကြာကြီး အသက်ရှင်နိုင်ကြောင်း သိလိုက်ရသည်။

ဤကမ္ဘာ၏ ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးသူက တစ်နေရာရာတွင် အသက်ရှင်နေသေးဖို့ အခွင့်အရေး ပိုများသည်။

သံမဏိလက်သီးဘုရင်၏ ပြဿနာကို ဖြေရှင်းပေးပြီးနောက် မဟာရှားတိုင်းပြည်၏ ပြဿနာများကို ဝမ်ဝေ့ စတင်ဆွေးနွေးတော့သည်။

သူက လီကျွင်းကို စိုက်ကြည့်ကာ စစ်ပွဲအခြေအနေကို အစီအရင်ခံဖို့ ပြောလိုက်သည်။

“ လတ်တလော အစီအရင်ခံမှုတွေအရတော့ စစ်သူကြီး(၂)၊ စစ်သူကြီး(၄)နဲ့ စစ်သူကြီး(၅)တို့က ဝံပုလွေရိုင်းတိုင်းပြည်မြို့တော်ကို ချဉ်းနင်းဝင်ရောက်နိုင်ခဲ့ပြီးတော့ တိုင်းပြည်တစ်ခုလုံးကို သေချာ အပိုင်သိမ်းနိုင်ခဲ့ပါပြီ”

“ မဟူရာလမင်းဂိုဏ်းရဲ့ ပိုင်နက်ထဲမှာ ရှိတဲ့လူတွေကလည်း လျောလျောရှူရှူ အညံ့ခံခဲ့တယ်။ အကျဉ်းချုံးပြောရရင်တော့ သူတို့က နွေးနွေးထွေးထွေး ကြိုဆိုပေးခဲ့တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျွန်တော်တို့ သံမဏိလက်သီးတိုင်းပြည်ကို သိမ်းပိုက်ပြီးသွားပေမဲ့ တိုင်းပြည်တစ်ခွင်လုံးမှာ ထွက်ပြေးပုန်ကန်တာမျိုးတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အခု သံမဏိလက်သီးဘုရင် နိုးထလာပြီဆိုတော့ လူတွေရဲ့ ဒေါသကို ချုပ်ငြိမ်းအောင် လုပ်ပေးပြီးတော့ အချိန်တိုအတွင်း ပိုင်နက်ကို တည်ထောင်ရမယ်”

ထိုအကြောင်းကို ပြောရင်း လီကျွင်းက သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည့် သံမဏိလက်သီးဘုရင်ကို ကြည့်လိုက်သည်။

ဝမ်ဝေ့က အမြဲတမ်းလိုလို လီကျွင်း၏ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။

“ အခု ငါတို့ရဲ့ ပိုင်နက်က အရမ်းကျယ်ပြန့်တော့ လက်ရှိဌာနတွေက မလုံလောက်ဘူး…”

ဝမ်ဝေ့ ရုတ်တရက် ပြောလက်စ စကားကို ရပ်ကာ ထောင့်ဘက်ကို စိုက်ကြည့်ပြီး အော်ပြောလိုက်သည်

“ ညီလာခံ အစည်းအဝေးကို ဘယ်သူ ကျူးကျော်လာရဲတာလဲ”

ရုတ်တရက် အော်ဟစ်မှုက အားလုံး ထိတ်လန့်သွားစေကာ ဝမ်ဝေ့ ကြည့်ရာဘက်သို့ လိုက်ကြည့်လိုက်သော်လည်း ဘာမှမရှိပေ။ ထို့ကြောင့် လူအများ နားမလည်နိုင် ဖြစ်သွားကြသည်။ တချို့က ဝမ်ဝေ့ အမှားလုပ်မိသွားသည်ဟု ယုံကြည်နေကြသည်။

ခြွင်းချက်အနေဖြင့် လီကျွင်း၊ ယန်းလီလင်းနှင့် ဝမ်ကျူတို့က ဝမ်ဝေ့ အမှားလုပ်မိတာ မဖြစ်နိုင်ကြောင်း သေချာသိသည်။ သို့သော် သူတို့ကြည့်လိုက်သည့်အခါတွင်လည်း ဘာမှ မတွေ့ရပေ။

သူ ပြောတာကို ဘယ်သူမှပြန်မဖြေသောကြောင့် ဝမ်ဝေ့က စွမ်းအားကြီးခန္ဓာ၏ ခွန်အားကို စုစည်းကာ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။

သူ၏ အရေပြားနှင့် ကြွက်သားများ အလျင်အမြန် တုန်ခါသွားကာ တုန်ခါမှုက လေထဲမှတစ်ဆင့် ထောင့်တစ်နေရာသို့ ဦးတည်သွားသည်။

ဝုန်း…

နန်းတော်တစ်ခုလုံး တုန်ရီသွားကာ ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာသည်။ နန်းတော်၏ နေရာအနှံ့တွင် အက်ကြောင်းများစွာ စတင်ပေါ်ပေါက်လာသည့်အတွက် နန်းတော်ထဲရှိ အစေခံများနှင့် ကုန်းကုန်းတို့ ကြောက်လန့်တကြား အော်ဟစ်ကုန်ကြသည်။

ခဏအကြာတွင် တစ်စုံတစ်ယောက်က နန်းတော်မှ ပျံသန်းထွက်လာသည်။ လူ သို့မဟုတ် အရိပ်က လမ်းကြောင်းပေါ်ရှိ နံရံများစွာနှင့် တိုင်များစွာကို ထိတိုက်မိပြီးနောက် နန်းတော်၏ ခြံဝင်းထဲသို့ ရောက်ရှိသွားကာ ဒူးထောက်ကျသွားသည်။

ထိုအရိပ်မှ သွေးနှင့် ကိုယ်တွင်းအင်္ဂါများ အန်ထွက်သွားသည်။ သူ့အဝတ်အစားများ တစ်စစီဖြစ်သွားကာ ဖုန်များလည်း ပေကျံနေသည်။

နဂိုအတိုင်း ကျန်ရှိနေသည့်အရာက ထိုအရိပ်ပေါ်တွင် ဖုံးအုပ်ထားသည့် မျက်နှာဖုံး ဖြစ်၏။

ထိုအရိပ် မြေပြင်ပေါ်သို့ ကျသွားသည့်အခါ ဝမ်ဝေ့နှင့် အမှုထမ်းအဖွဲ့ ထွက်ပေါ်လာကာ ထိုအရိပ်ကို ဝန်းရံထားလိုက်သည်။

“ မင်းက ဘယ်သူလဲ” ဝမ်ဝေ့က မေးမြန်းလိုက်သည်။

“ သာမန် လုပ်ကြံရေးသမားတစ်ယောက်ပါ” ထူးဆန်းသော အသံကြောင့် ယောက်ျားလား၊ မိန်းမလားဆိုတာကို ခွဲခြားလို့ မရ ဖြစ်နေသည်။

“ သာမန် လုပ်ကြံရေးသမား တစ်ယောက်တောင် တော်ဝင်နန်းတော်ထဲကို အလွယ်တကူ ဝင်နိုင်ပြီးတော့ ငါ သတိမထားမိခင်မှာ မီတာ ၂၀ကျော်အထိ သွားနိုင်တယ်ဆိုတော့ သာမန်မဟုတ်တဲ့ လုပ်ကြံရေးသမားတွေက ဘာတွေလုပ်နိုင်မလဲဆိုတာ သိချင်လိုက်တာ” ဝမ်ဝေ့က လှောင်ရယ်ရင်း ပြောလိုက်သည်။

ထိုအရိပ်က သွေးအန်ရင်း မေးလိုက်သည်

“ ဘယ်လိုလုပ်ပြီးတော့ ငါ့ကို ရှာတွေ့သွားလဲဆိုတာ သိချင်လိုက်တာ။ ငါ ပြောချင်တာက ဟိုမှာရှိနေတဲ့ အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့် အမျိုးသမီးတောင် ငါ့ကို ရှာမတွေ့ဘူးလေ”

“ ဘာလို့လဲဆိုတော့ ဝိညာဉ်ရဲ့ လှုပ်ခတ်မှုကို ခံစားရလိုက်လို့” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“ အခု ငါ မင်းရဲ့ မေးခွန်းကို ဖြေပြီးပြီဆိုတော့ ငါ့မေးခွန်းကို ဖြေပေးဖို့ အလှည့်ကျပြီ”

“ မင်းက ဘယ်သူလဲ။ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ”

သို့သော် အရိပ်က ဒူးတစ်ဖက်ကိုသာ ထောက်လိုက်ပြီး မေးခွန်းကို ဖြေမပေးပေ။

ဝမ်ဝေ့က အလွတ်မပေးဘဲ ဆက်မေးလိုက်သည်

“ တကယ်တော့ မင်းရဲ့ ခွန်အားနဲ့ နည်းလမ်းကို ကြည့်လိုက်တာနဲ့ မင်းက မရဏအမိန့်နန်းတော်က ဖြစ်လိမ့်မယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ငါသိချင်တာက မင်းကို ငှားထားတဲ့သူကို သိချင်တာ”

ထိုအရိပ်က စတင်စကားပြောလာသည်

“ ငါက မရဏအမိန့်နန်းတော်ကဆိုတာကို သိမှတော့ ငါတို့ ဖောက်သည်တွေ ဘယ်သူဖြစ်တယ်ဆိုတာ ပြောမပြဘူးဆိုတာ မင်း သိထားမှာပါ”

ထိုစကားကို ကြားသည့်အခါ ဝမ်ဝေ့က လှောင်ရယ်ပြီး ပြောလိုက်သည်

“ ဘယ်သူလဲဆိုတာ သိရဖို့ မင်း ဘာမှပြောဖို့ မလိုပါဘူး။ မင်းတို့ မရဏအမိန့်နန်းတော်က လူတွေက ပိုက်ဆံအတွက်ဆို ဒီလိုအရာတွေ လုပ်တတ်မှန်း အားလုံးသိတယ်လေ။ ဒီစစ်ဆေးမှုမှာ အပြင်လူရဲ့ အကူအညီကို ယူပြီး ဒီလို အရှက်မရှိတဲ့ လုပ်ရပ်တွေ လုပ်မဲ့သူက မဟာရှုတိုင်းပြည်ရဲ့ လူပြက်တွေပဲ ရှိတယ်။

အဲဒါကြောင့် မင်းကို လွှတ်လိုက်တဲ့သူက အိမ်ရှေ့စံမင်းသား စွင်းဝမ်ပဲ ဖြစ်ရမယ် …”

သို့သော် ယခုတစ်ခေါက် အရိပ်က ဘာမှထပ်မပြောတော့ပေ။ ဝမ်ဝေ့ကပဲ ဆက်ပြောလိုက်သည်။

“ အခုလေးတင် လှုပ်ခတ်သွားတဲ့ မင်းရဲ့ ဝိညာဉ်ကြောင့် ငါ ခန့်မှန်းတာ မှန်တဲ့ပုံပဲ”

အရိပ်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ မရေတွက်နိုင်သော ရယ်သံများ အတူတကွထွက်ပေါ်လာသကဲ့သို့ သူ့ ရယ်သံက ကြောက်စရာကောင်းလှသည်။

“ အမွေခံသားတော် ဝမ်ဝေ့ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်။ ဒီမျိုးဆက်ရဲ့ ခြိမ်းခြောက်နိုင်ဆုံး ကောင်းကင်ရွေးချယ်ခံလို့ ပြောလို့ရတယ်။ ခွန်အားတင် ပြိုင်ဖက်ကင်းတာ မဟုတ်ဘူး။ တိုင်းဆလို့မရနိုင်တဲ့ ဉာဏ်ပညာကိုလည်း ပိုင်ဆိုင်ထားတယ်။ လူအများက မင်းက မင်းအဖေနဲ့ တူနေမှာကို ကြောက်ရွံ့နေကြတာ။ ဒါပေမဲ့ သူတို့မှားသွားပြီ။ အဖေဖြစ်သူထက် ပိုပြီး ကြောက်စရာကောင်းနေမလားဆိုတာကို စိုးရိမ်သင့်တာ”

“ ကြုံရာကျပန်းလူတစ်ယောက်က ချီးကျူးတာကို ဂုဏ်ယူသင့်လား” ဝမ်ဝေ့က တည်ငြိမ်သော အကြည့်ဖြင့် ဖြေလိုက်သည်။

“ ဟား…ဟား…ဟား…ဂုဏ်မယူသင့်ဘူးဆိုတာ မှန်တယ်” အရိပ်က ပြန်ဖြေလိုက်သည်

“ အနောက်ပိုင်းကျားဖြူ ကုန်းမြေက တစ်ယောက်နဲ့ ယှဉ်လိုက်ရင် မင်းက နည်းနည်း နောက်ကျကျန်နေခဲ့တယ်”

ထိုစကားကို ပြောပြီးနောက် အရိပ်၏ အကြည့်ထဲတွင် ကြောက်ရွံ့မှုတစ်ခု ဖြတ်ပြေးသွားသည်။ ဝမ်ဝေ့ကလည်း ထိုစိတ်ခံစားချက်ကို ဝိညာဉ်လှုပ်ခတ်မှုမှတစ်ဆင့် သိရှိလိုက်သည်။

သို့သော် ခဏအကြာတွင် ထိုအရိပ်က အားလုံးရှေ့မှ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။

ဝမ်ဝေ့က ချက်ချင်း ဝိညာဉ်လှုပ်ခတ်မှုကို ခံစားကြည့်ရန် အာရုံစိုက်လိုက်သော်လည်း ယခုတစ်ခေါက် ဘယ်သူ့ကိုမှ ရှာမတွေ့တော့ပေ။ ထို့ကြောင့် အစစ်အမှန် အမြင်စွမ်းရည်ကို အသက်သွင်းလိုက်သည့်အခါ ပတ်ဝန်းကျင်ရှိလူများ၏ ချီကံကောင်းမှုနဂါးကို မြင်သွားရသည်။

ရုတ်တရက် သူ မြို့တော်၏ အပြင်ဘက်ရှိ ထူးဆန်းသည့် ခရမ်းရောင်ချီနဂါးကို သတိထားမိလိုက်သည်။ တွေဝေခြင်းမရှိဘဲ ကောင်းကင်သို့ ပျံသန်းသွားသည်။

သို့သော် လမ်းတစ်ဝက်၌ ထိုချီနဂါး ပျောက်ကွယ်သွားကာ ဝမ်ဝေ့ မြို့အပြင်သို့ ရောက်သွားသည့်အခါ ဘာမှရှာမတွေ့တော့ပေ။

မိနစ်အနည်းငယ်ကြာ ရှာဖွေပြီးနောက် ဝမ်ဝေ့ နန်းတော်သို့ ပြန်လာကာ အပျက်အစီးများအား ပြန်လည်တည်ဆောက်ဖို့အတွက် ညွှန်ကြားလိုက်သည်။

All Chapters