တော်ဝင်သွေး
Vol. 10 Ch. 128
အခန်း (၁၂၈) : တော်ဝင်သွေး
တော်ဝင်နန်းတော်သို့ ပြန်ရောက်သွားသည့်အခါ ဝမ်ဝေ့က ပျက်စီးသွားသော နေရာများ ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားခဲ့သည်။ အလေးချိန်တန်ပေါင်းများစွာကို အလွယ်လေး သယ်ယူနိုင်သည့် ကျင့်ကြံသူများစွာ၏ အကူအညီကြောင့် နန်းတော်တစ်ခုလုံးကို ပြန်လည်တည်ဆောက်ရန် နာရီအနည်းငယ်သာ ကြာခဲ့သည်။
နဂါးပလ္လင်သို့ ပြန်သွားသည့်အခါ အမှုထမ်းအားလုံး၏ မျက်နှာပေါ်တွင် ပြင်းထန်စူးရှသော အကြည့်များ ရှိနေသည်။ ဧကရာဇ် လုပ်ကြံခံလိုက်ရသည်ကို ဘယ်သူမှ မရိပ်မိသလို ထိုအရာကို ကာကွယ်ဖို့အတွက် ဘယ်သူကမှ အလျင်အမြန် ကြိုတင်ကာကွယ်ခြင်းမျိုး မရှိပေ။
တော်ဝင်အစောင့်မှူးက ဝမ်ဝေ့ရှေ့တွင် ဒူးထောက်ကာ အပြစ်ပေးဖို့ တောင်းဆိုနေသည်။
သို့သော် ဝမ်ဝေ့က သူ့ကို အပြစ်မတင်ခဲ့ပေ။
သူတောင်မှ အဲဒီလူ သူ့အနားကို အရမ်းနီးကပ်လာမှ သတိထားမိတာလေ ဘယ်လိုလုပ်ပြီးတော့ အစောင့်မှူးကို အပြစ်တင်နိုင်မှာလဲ
သို့သော် သူ့ကိုယ်သူ အပြစ်တင်နေတာကို မြင်ရသည့်အတွက် သူ အပြစ်ပေးမခံရလျှင် လက်ခံနိုင်မည် မဟုတ်ကြောင်း ဝမ်ဝေ့ ခန့်မှန်းမိသည်။
ထို့ကြောင့် တစ်နှစ်စာ လစာ၏ တစ်ဝက်ကို လျှော့ချကာ ရှေ့တန်းသို့ ပို့လိုက်သည်။ သူ လုံလောက်သော ကုသိုလ်များ စုဆောင်းရရှိပါက နဂိုရာထူးကို ပြန်ပေးမည် ဖြစ်ကြောင်း ကတိပေးလိုက်သည်။
ဤလုပ်ကြံမှုအတွက် လူအများကြီးက သူတို့ကိုယ်သူတို့ အပြစ်တင်နေကြသော်လည်း တာဝန်အရှိဆုံးသူက ဝမ်ကျူ ဖြစ်၏။
အကြံပေးခြင်းနှင့် လုပ်ကြံသတ်ဖြတ်မှုများအတွက် တာဝန်ရှိသူဖြစ်သလို အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ထိုအရိပ်၏ တည်ရှိမှုကို သူမ သတိပင် မထားမိခဲ့ပေ။
သူမ၏ အလုပ်က ဝမ်ဝေ့ကို ထိုကဲ့သို့သော အခြေအနေများမှ ကာကွယ်ပေးရန် ဖြစ်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းထဲတွင် အရိပ်မျိုးဆက်တိုင်းက ဂိုဏ်းချုပ်အတွက် အချက်အလက်စုဆောင်းသည့် တာဝန်သာမက မကောင်းသည့် နည်းများဖြင့် ထောင်ချောက်ဆင်ခံရခြင်းမှ ကာကွယ်ပေးရမည် ဖြစ်သည်။
အရိပ်၏ အလုပ်က ဂိုဏ်းချုပ်အတွက် ညစ်ပတ်သော အလုပ်များကို လုပ်ပေးသူ ဖြစ်သလို ညစ်ပတ်သော အလုပ်များလုပ်သည့် အခြားသူများထံမှလည်း ကာကွယ်ပေးခြင်း ဖြစ်သည်။
ဝမ်ကျူ ငယ်စဉ်ကတည်းက သူမ၏ တာဝန်ကို သေချာသိပြီး ထိုအလုပ်များကို ယနေ့မတိုင်ခင်အထိ အကောင်းဆုံး လုပ်နိုင်ခဲ့သည်။
ယနေ့တွင် ဝမ်ကျူက သူမ၏ မပြည့်စုံမှုကို သတိထားမိသွားသည်။ ယနေ့ခေတ် ကောင်းကင်ရွေးချယ်ခံများက အလျင်အမြန် ကြီးထွားရုံသာမက အရမ်းလည်း စွမ်းအားကြီးကြသည်။
သူတို့က အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်မှာသာ ရှိနေသေးသော်လည်း အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်နိုင်သော စွမ်းအား ရှိနေပြီဖြစ်သည်။
ယနေ့အဖြစ်အပျက်ကြောင့် သူမ၏ အရည်အချင်းက ယနေ့ခေတ် ကောင်းကင်ရွေးချယ်ခံများ၏ အရည်အချင်းကို လိုက်မှီရန် လုံလောက်မှု မရှိသေးကြောင်း ဝမ်ကျူ သိလိုက်သည်။ အနာဂတ်တွင် တစ်ခြားတစ်ယောက်က သူမ၏ ရာထူးကို လုယူသွားနိုင်သည်။
ထိုအကြောင်းကို စဉ်းစားပြီးနောက် သူမ သက်ပြင်းချကာ အတွေးများကို စိတ်ထဲတွင်သာ သိမ်းဆည်းထားလိုက်သည်။ သို့သော် အစည်းအဝေးတစ်လျှောက်လုံး သူမ၏ မျက်နှာက မျက်မှောင်ကြုတ်ထားဆဲ ဖြစ်သည်။
ထိုအချိန်တွင် ဝမ်ဝေ့က လုပ်ကြံမှု ပြီးသွားသည့်နောက် လူအများကို ဘယ်လို စိတ်ငြိမ်အောင် လုပ်ရမလဲဆိုတာကို အရင်ဆွေးနွေးလိုက်သည်။ နန်းတော် ပျက်စီးသွားသည်ကို သတိထားမိဖို့က အင်မတန် လွယ်ကူနေသည့်အတွက် တိုင်းသူပြည်သားများက ယခုလက်ရှိ အခြေအနေအတွက် စိုးရိမ်ပူပန်နေကြသည်။
နောက်ထပ်အဓိက ဆွေးနွေးမှုက မဟာရှားတိုင်းပြည် ရင်ဆိုင်ရမည့် နောက်ထပ်ပြိုင်ဖက်ဖြစ်သော ဖန်းအံ့ဖွယ်တိုင်းပြည် ဖြစ်သည်။
နာမည်ကို ကြည့်လိုက်ရုံဖြင့် ထိုတိုင်းပြည်၏ အုပ်ချုပ်သူက ဘယ်လောက်အထိ မာနကြီးပြီး အတ္တကြီးလည်း ဆိုတာကို မြင်နိုင်နေပြီ ဖြစ်သည်။ သို့သော် သူ ရင်ဆိုင်ခဲ့ရသည့် တခြားရန်သူများနှင့်မတူဘဲ ဤစစ်ဆေးမှုတွင် ပါဝင်နေသော ကောင်းကင်ရွေးချယ်ခံတစ်ယောက် ဖြစ်သည့်အတွက် အလေးအနက်ထားမှ ဖြစ်မည်။
“ စိစစ်ရေးမှူးချုပ်…စိစစ်ရေးမှူးချုပ်…”
“ ဝမ်ကျူ” ဝမ်ဝေ့ အော်လိုက်သည်။
“ အရှင် တစ်ခုခု ပြောလိုက်သေးလား” ဝမ်ကျူက ပြန်မေးလိုက်သည်။
“ဖန်းအံ့ဖွယ်တိုင်းပြည်အကြောင်း အသေးစိတ် ပြောပြဖို့ ပြောနေတာလေ”
“ အရှင့်အမိန့်အတိုင်းပါ” ဝမ်ကျူက အသက်ပြင်းပြင်းရှူကာ သတိပြန်ကပ်ထားလိုက်သည်။
“ ဖန်းအံ့ဖွယ်တိုင်းပြည်ကို ဘုရင်မ ဖန်းလျူကျွမ် အုပ်ချုပ်နေတာ။ သူမက အံ့ဖွယ်မျိုးနွယ်စုဝင် တစ်ယောက်ပဲ။ သူမက ဤစစ်ဆေးမှုမှာ ပါဝင်ဖို့ ရွေးချယ်ခံရတဲ့ ဖန်းမိသားစုရဲ့ အံ့ဖွယ်သမီးတော် တစ်ယောက်ပါ။ ဒီကမ္ဘာမှာ နောက်ထပ် အံ့ဖွယ်မျိုးနွယ်စုဝင် ရှိနေသေးတယ်။ ကျွန်မတို့ သိထားသလောက်ဆိုရင် သူတို့နှစ်ယောက်က မဟာမိတ်ဖွဲ့ထားတဲ့ပုံပဲ။ အံ့ဖွယ်မျိုးနွယ်တွေက ပုံမှန်အားဖြင့် အံ့ဖွယ်တာအို အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတော့ ဒါက ထင်ထားတဲ့အတိုင်း ဖြစ်လာတာပါပဲ”
ဝမ်ကျူ မိတ်ဆက်ခြင်းပြီးဆုံးသွားသည့်အခါ အမှုထမ်းအများအပြား၏ မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ထင်ဟပ်နေသည်။ ထို့ကြောင့် တစ်ယောက်က သတ္တိရှိစွာ မေးမြန်းလိုက်သည်
“ စိစစ်ရေးမှူးချုပ် ကျွန်တော် အားနာပေမဲ့ အတော်လေး နားမလည်နိုင် ဖြစ်နေတယ်။ အံ့ဖွယ်မျိုးနွယ်ဆိုတာ ဘာလဲဟင်။ သူတို့က နတ်ဘုရားတွေလား။ အံ့ဖွယ်တာအို အဖွဲ့အစည်းဆိုတာကရော ဘာကို ဆိုလိုချင်တာလဲ”
ဝမ်ကျူက မေးခွန်းကို ချက်ချင်းဖြေမပေးသေးဘဲ ဝမ်ဝေ့ကို ကြည့်လိုက်သည်။ သူ ခေါင်းညိတ်ပြလိုက်တာကို မြင်မှသာ သူမ ရှင်းပြလိုက်သည်
“ အံ့ဖွယ်မျိုးနွယ်များ ဆိုတာက မဟာဧကရာဇ် တစ်ယောက်ကို မွေးထုတ်ပေးတဲ့ မိသားစုကို ဆိုလိုတာပါ။ ပြီးတော့ မဟာဧကရာဇ်က သူ့တာအိုကို သွေးထဲမှာ ချန်ခဲ့ပြီးတော့ နောက်ထပ်မျိုးဆက်ဆီ လက်ဆင့်ကမ်းပေးတယ်။ အဲဒါကြောင့် အံ့ဖွယ်မျိုးနွယ်စုဝင်တွေက သူတို့မျိုးရိုးကနေ ဆင်းသက်လာတဲ့ လွန်ကဲတဲ့စွမ်းရည် အများအပြားနဲ့အတူ မွေးဖွားလာကြတယ်”
“ ဒါဆိုရင် သူတို့က ဒီကမ္ဘာရဲ့ သွေးလူသားမျိုးနွယ်လိုမျိုးပေါ့” နောက်ထပ်အမှုထမ်းတစ်ယောက်က ဝင်ပြောလိုက်သည်။
ထို့နောက် ဝမ်ဝေ့တို့အုပ်စုထဲရှိ လူအားလုံးက ထိုလူကို ဆွံ့အသွားသည့် အကြည့်ဖြင့် ကြည့်နေကြသည်။
“ ရှင် မဟာဧကရာဇ်မျိုးရိုးကို နတ်ဆိုးလူသားတွေနဲ့ နှိုင်းယှဉ်လိုက်တာကို အတော်လေး ဆွံ့အသွားတယ်” ယန်းလီလင်းက ပြောလိုက်သည်။
ထိုစကားကို ပြောလိုက်မိသော အမှုထမ်းလည်း ရှက်သွားကာ ထပ်ပြီး ခေါင်းမထောင်ရဲတော့ပေ။
“ ကျွန်တော် တစ်ခုလောက် ပြောပါရစေ အရှင်” ပညာရေးအမတ်ချုပ်က ဝင်ပြောလိုက်သည်
“ ကျွန်တော်တို့ သိသလောက်ဆိုရင် အရှင်ကလည်း ဧကရာဇ်မျိုးရိုးပဲလေ။ အဲဒါဆိုရင် အရှင့်ရဲ့ ဘိုးဘေးတွေကလည်း မဟာဧကရာဇ် ဖြစ်တယ်လို့ဆိုလိုချင်တာပေါ့။ ဒါဆို အရှင်က ဘာလို့ အံ့ဖွယ်မျိုးနွယ်တွေရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ရတာလဲ”
“ ခင်ဗျားက ဒီ အံ့ဖွယ်မျိုးနွယ်တွေကို အရမ်းအထင်ကြီးနေမိပြီ။ သူတို့က ဘာမှအရေးမပါပါဘူး။ ဒီအတိုင်း သူတို့ဂုဏ်ယူရတဲ့ မျိုးရိုးကြောင့် မောက်မာရိုင်းစိုင်းနေတဲ့သူတွေပါ” ဝမ်ဝေ့က လှောင်ရယ်ရင်း ပြောလိုက်သည်။
သူသာမက လီကျွင်းနှင့် ယန်းလီလင်းတို့၏ မျက်နှာပေါ်တွင်လည်း လှောင်ရယ်သည့် အရိပ်အယောင်များ ရှိနေသည်။ ဝမ်မျိုးနွယ်စု၊ လီမျိုးနွယ်စုနှင့် ယန်းမျိုးနွယ်စုက အံ့ဖွယ်မျိုးနွယ်တွေမှ လူများနှင့် အမြဲတမ်း ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
ဝမ်ဝေ့က သူ့အမှုထမ်းမျက်နှာတွင် စိတ်ရှုပ်ထွေးမှုကို တွေ့နေရသေးသည့်အတွက် ထပ်ပြောလိုက်သည်
“ ကျုပ်တို့ရဲ့ ဘိုးဘေးတွေကလည်း သူတို့ရဲ့တာအိုကို မျိုးရိုးကနေတစ်ဆင့် လက်ဆင့်ကမ်းပေးရမလား ကမ်းမပေးရဘူးလားဆိုတာကို တွေဝေခဲ့ကြတယ်။ ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်ကို လေ့လာကြည့်တော့ မျိုးရိုးရဲ့ အပြစ်အနာအဆာကို သတိထားမိသွားတယ်။
အဲဒါက မျိုးဆက်တွေကို စွမ်းအားကြီး အရည်အချင်းနဲ့ များပြားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်စေမှာ ဆိုပေမဲ့ သူတို့ကို တစ်နည်းအားဖြင့် ထိန်းချုပ်လိုက်သလိုလည်း ဖြစ်သွားတယ်။ မျိုးဆက်ရှိတဲ့သူတွေက တစ်ခါတစ်ရံ အဲဒီမျိုးဆက်ရဲ့ ကန့်သတ်ထိန်းချုပ်တာကို ခံရတတ်တယ်။
မဟာဧကရာဇ်ရဲ့ တာအိုက အံ့ဖွယ်မျိုးနွယ်ရဲ့ မျိုးဆက်ထဲမှာ တည်ရှိနေပြီဆိုတော့ သူတို့မွေးဖွားလာတဲ့ တာအိုမဟုတ်ဘဲ တခြားတာအိုကို ကျင့်ကြံဖို့အတွက် ခက်ခဲမှုက မြင့်တက်သွားနိုင်တယ်။ အဲဒါကြောင့် သူတို့အများစုက တခြားတာအိုလေ့လာဖို့ စွန့်လွှတ်ပြီးတော့ သူတို့နဲ့အတူ မွေးဖွားလာတဲ့ တာအိုအပေါ်ပဲ အာရုံစိုက်ထားတော့တယ်”
“ အဲဒါနဲ့ ပတ်သက်ပြီး ဘာများ မှားလို့လဲ” ပညာရေးအမတ်ချုပ်က မေးလိုက်သည်။
“ သေချာပေါက် ရှိတာပေါ့” ဝမ်ဝေ့က ဖြေလိုက်သည်။
“ ကိုယ်ပိုင်တာအို မရှိဘဲ မဟာဧကရာဇ် ဖြစ်မလာနိုင်ဘူး။ ကောင်းကင်အလိုဆန္ဒက လက်ထဲ လာထည့်ပေးရင်တောင် ဧကရာဇ် မဖြစ်နိုင်သေးဘူး။ အဲဒါရဲ့ အကျိုးဆက်က အံ့ဖွယ်မျိုးနွယ်ရဲ့ မိသားစုဝင်အများစုမှာ မဟာဧကရာဇ်တစ်ပါးတည်း ရှိတယ်။ အဲဒါက သူတို့ရဲ့မျိုးနွယ်ကို ပထမဦးဆုံး တည်ထောင်ပေးခဲ့တဲ့ သူတို့ရဲ့ ဘိုးဘေးလေ။
အနည်းငယ်က ဒုတိယဧကရာဇ်ကို မွေးထုတ်ပေးနိုင်ခဲ့ပေမဲ့ အဲလိုမိသားစုကို လက်တစ်ဖက်တည်းနဲ့ ရေတွက်ကြည့်လို့ရတယ်”
အံ့ဖွယ်မျိုးနွယ်က ဘာကိုဆိုလိုမှန်း အမှုထမ်းအားလုံး နားလည်သွားပြီ ဖြစ်သည်။ သို့သော် သူတို့အရှင်က ထိုမျိုးနွယ်စုများကို ရွံရှာမုန်းတီးနေသော်လည်း အမှုထမ်းအများစု၏ မျက်နှာပေါ်တွင် အားကျသည့် အရိပ်အယောင်များကို တွေ့နေရသည်။
ထိုအရာကို မြင်ပြီးနောက် ဝမ်ဝေ့ တိတ်တဆိတ် ခေါင်းယမ်းကာ ရှင်းပြလိုက်သည်
“ အံ့ဖွယ်မျိုးနွယ်တွေ အချိန်ကြာလာတာနဲ့အမျှ အားနည်းလာတယ်”
“ နှစ်ပေါင်းသန်းချီ ကြာပြီးတော့ သူတို့မျိုးရိုးရဲ့ မကောင်းတဲ့အရာကို သူတို့နားလည်လာတာ ကြာပြီ။ ဒါပေမဲ့ သူတို့က ပြောင်းလဲဖို့ ငြင်းဆန်နေတုန်းပဲ”
“ အဲဒီအစား သူတို့က အံ့ဖွယ်တာအို အဖွဲ့အစည်း ဖန်တီးပြီး ပေါင်းစည်းလိုက်ကြတယ်။ လူမျိုးကွဲသူချင်း လက်ထပ်တဲ့ တစ်လျှောက်အတွင်းမှာ မဟာမိတ်ကို ခိုင်မာအောင် လုပ်ပြီးတော့ မျိုးရိုးရဲ့ စွမ်းအားတွေကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားခဲ့ကြတယ်။
ကံမကောင်းစွာနဲ့ အဲဒီနည်းလမ်းက သူတို့စွမ်းအား နည်းသွားမှာကို နှေးကွေးဖို့ပဲ အသုံးပြုလို့ရခဲ့တယ်။ သူတို့က မျိုးဆက်တစ်ခုနဲ့ တစ်ခု ပိုပြီးတော့ ဆက်စပ်မှု မရှိတော့ဘူး။ အံ့ဖွယ်တာအိုအဖွဲ့အစည်းအနေနဲ့ ကောင်းကင်ဆန္ဒတိုက်ပွဲမှာ ကိုယ်စားပြုပေးမဲ့ ကောင်းကင်ရွေးချယ်ခံ မရှိတာ နှစ်တွေ ဘယ်လောက်ကြာနေပြီလဲ ဆိုတာကိုတောင် မသိတော့ဘူး။
ဒါပေမဲ့ ကြည့်ရတာ ဒီတစ်ခေါက်တော့ သူတို့မှာ တစ်ယောက်ထက်ပိုတဲ့ပုံပဲ”
ဖန်းအံ့ဖွယ်တိုင်းပြည်နှင့် ပတ်သက်သော အချက်အလက်များကို စစ်ဆေးပြီးနောက် သူတို့ တိုင်းပြည်သုံးခုကို သိမ်းပိုက်ပြီးသော်လည်း အပြည့်အဝ မထိန်းချုပ်နိုင်သေးသည့်အတွက် စစ်ပွဲကို တစ်လနောက်ဆုတ်ရန် စီစဉ်လိုက်ကြသည်။
တစ်လကြာပြီးနောက် လီကျွင်းနှင့် စစ်သူကြီးငါးယောက်တို့ ပြန်လည်စုစည်းပြီး ဖန်းအံ့ဖွယ်တိုင်းပြည်ကို တိုက်ခိုက်ကြလိမ့်မည်။ ထို့နောက် အစည်းအဝေးပြီးသွားသည့်အခါ ဝမ်ကျူမှလွဲပြီး ကျန်သည့်သူများအားလုံး ထွက်သွားကြသည်။
သူက အစေခံခေါင်းဆောင်ကို သူ့အနားလာဖို့ ပြောလိုက်သည်။
ဝမ်ဝေ့က သူ့အမေ လုပ်ပေးသလိုမျိုး ခေါင်းကို ပွတ်ပေးကာ ပြောလိုက်သည်
“ ခင်ဗျားရဲ့ အခက်အခဲကို နားလည်ပါတယ်။ ကျွန်တော် လမ်းလျှောက်တတ်ကတည်းက ခင်ဗျားက အနားမှာ ရှိနေခဲ့တာ။ အဲဒါကြောင့် ခင်ဗျားနေရာကို အစားထိုးပစ်မှာနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာ မလိုပါဘူး။
ဒီစစ်ဆေးမှု ပြီးသွားရင် ခင်ဗျားရဲ့ အရည်အချင်း တိုးတက်လာအောင် လုပ်ဖို့အတွက် အထွတ်အထိပ်အဆင့် တာအိုသန့်စင်ရေးဆေးလုံး ထောက်ပံ့ဖို့ အဖေကို ပြောပေးမယ်။ အဲဒါဆိုရင် ခင်ဗျားလည်း ဧကရာဇ်လမ်းစဉ်အဆုံးအထိ ကျွန်တော်နဲ့ အတူတူ လိုက်လာလို့ရပြီ”
ဝမ်ကျူ ရုတ်တရက် အံ့ဩသွားပြီးမှ သစ်တောက်ငှက်လိုမျိုး ခေါင်းညိတ်ပြတော့သည်။ ထို့နောက် မျက်ရည်များကျလာသည့်အတွက် သုတ်လိုက်သော်လည်း ဘာမှမထူးပေ။
ထို့ကြောင့် ဝမ်ဝေ့ကို အရိုအသေပေးကာ တော်ဝင်နန်းတော်ထဲမှ ထွက်ပြေးသွားသည်။ သူမလိုမျိုး အရိပ်အတွက် ငိုခြင်းက ကြီးမားသော အရှက်ရစရာ ဖြစ်သည်။