← Chapters

အရိပ်အုပ်ချုပ်သူ ဧကရာဇ်

Vol. 10 Ch. 129

အရိပ်အုပ်ချုပ်သူ ဧကရာဇ်

Vol. 10 Ch. 129

အခန်း (၁၂၉) : အရိပ်အုပ်ချုပ်သူ ဧကရာဇ်

ကံကြမ္မာ အရိပ်ဌာနချုပ်သို့ ဦးတည်သွားကာ ဝမ်ကျူ အခန်းတံခါးပိတ်ထားပြီး လုပ်ဖော်ကိုင်ဖက် တစ်ယောက်နှင့်မျှ မတွေ့ပေ။

ယနေ့ ကျရှုံးမှုက သူမ ထင်ထားတာထက် သူမအပေါ် ပိုပြီး အကျိုးသက်ရောက်မှု ရှိနေခဲ့သည်။ ထိုအရာက တာအိုအခွင့်အလမ်းဂိုဏ်းနှင့် မရဏအမိန့်နန်းတော်တို့ကြားမှာ ပြိုင်ဆိုင်မှုကြောင့် ဖြစ်သည်။

အရိပ်ဆိုသည့်ရာထူးက ဂိုဏ်းအတွင်း ဘာအာဏာ၊ စွမ်းအားမှမရှိသည့် သာမန်ရာထူးတစ်ခု မဟုတ်ပေ။ အရိပ်ကို ဂိုဏ်းချုပ်၏ ယန်အတွက် ယင်ဟု သတ်မှတ်နိုင်သည်။

ထို့ကြောင့် အရိပ်က တချို့အကြီးအကဲချုပ်များပင် သတိမပြုမိသည့် ဗဟုသုတများစွာနှင့် အချက်အလက်များစွာကို သိထားသည်။ တချို့အချက်အလက်များက ကမ္ဘာမြေ၏ တားမြစ်ထားသော အရာများ ဖြစ်နေတတ်သည်။

ထို့ကြောင့် အရိပ်မျိုးဆက်တိုင်းတွင် ထိုလျှို့ဝှက်ချက်များ မပေါက်ကြားရန်အတွက် မရေတွက်နိုင်သော စည်းကမ်းများဖြင့် တားမြစ်ခံထားရသည်။ ထို့အပြင် အရိပ်က သူတို့ တာဝန်ထမ်းဆောင်ပေးမည့် ဂိုဏ်းချုပ်နှင့် အသက်ကို ချည်နှောင်ရသည့် အခမ်းအနားတစ်ခုကို ကျင်းပရသည်။

အကြောင်းပြချက်တချို့ကြောင့် ဂိုဏ်းချုပ် သေသွားခဲ့ပါက လက်ရှိအရိပ်က လက်ရှိတာဝန်နှင့် အာဏာကို နောက်ထပ်ရွေးချယ်ခံအရိပ်ဆီ လွှဲပေးခဲ့ပြီး တမလွန်တွင် ဂိုဏ်းချုပ်ကို အမှုထမ်းရန် သတ်သေရသည်။

ဤချုပ်နှောင်မှုကို ဖြေရှင်းသည့်နည်းလမ်းက ထိုနည်းလမ်းတစ်ခုသာ ရှိသည်။ တစ်ဦးချင်း ယှဉ်ပြိုင်သည့်နေရာတွင် အရိပ်က ဂိုဏ်းချုပ်ကို အနိုင်ယူလိုက်လျှင် ရနိုင်သည်။

ထိုအတွက် အကြောင်းပြချက်က အရိပ်၏ မူလ ဖြစ်သည်။

လျှို့ဝှက်ချက်များ ထိန်းသိမ်းရန်နှင့် ရန်သူဂိုဏ်းဆီ သွားရောက်ပူးပေါင်းခြင်းကို တားဆီးနိုင်ရန်အတွက် အရိပ်ကို ပေါင်းစည်းခြင်းနည်းလမ်းအား ဂိုဏ်းမှ အသုံးပြုခဲ့သည်။

ထို့ကြောင့် ဟိုးယခင်ကတည်းက အရိပ်တွင် လွတ်လပ်မှုမရှိပေ။ ထိုအရာက အရိပ်အုပ်ချုပ်သူ ဧကရာဇ်မတိုင်ခင် အထိသာ ဖြစ်သည်။

အရိပ်အုပ်ချုပ်သူ ဧကရာဇ်အကြောင်းကို စဉ်းစားပြီးနောက် ဝမ်ကျူ သက်ပြင်းချလိုက်မိသည်။ ထိုသူက ဂိုဏ်း၏ အံ့ဩစရာကောင်းသော ဧကရာဇ် ဖြစ်သည်။

သူက တာအိုအခွင့်အလမ်းဂိုဏ်း၏ အမှုထမ်းအဖွဲ့မှ တစ်ဦးတည်းသော ဧကရာဇ် ဖြစ်သည်။

အရိပ် အုပ်ချုပ်သူ ဧကရာဇ်က သတင်းအချက်အလက် စုဆောင်းသူအဖြစ် လေ့ကျင့်ပေးရန် ဂိုဏ်းမှ မွေးစားခဲ့သည့် မိဘမဲ့ကလေးဆိုသည့်အချက်အပြင် တခြားအကြောင်းအရာများကို မသိရပေ။

များပြားသော ပြိုင်ဆိုင်မှုများကို ဖြတ်ကျော်ပြီးနောက် အရိပ်ဆိုသည့် အမြင့်ဆုံးရာထူးကို ရရှိခဲ့ပြီး ထိုအချိန်မှ စတင်ပြီး ဂိုဏ်းချုပ်ကို စတင်အမှုထမ်းခဲ့သည်။

ဂိုဏ်း၏ မှတ်တမ်းများအရ သူက ကောင်းမွန်သော အရိပ်တစ်ယောက်ဖြစ်ပြီး သူ့အလုပ်မှာလည်း အထူးကျွမ်းကျင်သူ ဖြစ်သည်ဟု သိရသည်။ ထိုအရာက ဘယ်သူမှ မထင်မှတ်ထားသော အရာကို မလုပ်ခင်အထိသာ ဖြစ်ခဲ့သည်။ သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲမတိုင်ခင် ဂိုဏ်း၏ ဂိုဏ်းချုပ်ကို မျှတသော တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့သည်။

ထိုအချိန်တုန်းက အရိပ်၏ ရာထူးက ယနေ့လောက် မမြင့်သေးပေ။ ထို့ကြောင့် အရိပ်အများစုက ဂိုဏ်းမှ ပျိုးထောင်ထားသော ဂိုဏ်းအတွက် အချိန်မရွေး အသက်ကို ပေးဆပ်ဖို့ အသင့်ဖြစ်နေသည့် သေလူများနှင့် မခြားနားပေ။

ထို့ကြောင့် ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဂိုဏ်းချုပ်နှင့် တိုက်ခိုက်ဖို့ တောင်းဆိုလိုက်သည့်အခါ လူအများ ထိတ်လန့်သွားကြပြီး အဆင့်နိမ့်သော ကျွန်က သူတို့၏ ဂိုဏ်းချုပ်ကို စိန်ခေါ်ရဲသည့်အတွက် စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

လူအများက သူ့ကို ကွပ်မျက်ရန် ချက်ချင်း တောင်းဆိုခဲ့ကြသည်။။ သို့သော် အကြီးအကဲတချို့က အနာဂတ် အရိပ်များ၏ ရည်မှန်းချက်ကို ဖျက်ဆီးပြီး ဂိုဏ်းချုပ်၏ သာလွန်မှုကို ပြသနိုင်ရန်အတွက် ဤတိုက်ခိုက်မှုကို ခွင့်ပြုဖို့အတွက် တခြားသူများကိုပါ ဖျောင်းဖျခဲ့ကြသည်။

ထို့ကြောင့် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်။

သို့သော် ဂိုဏ်း၏ အကြီးအကဲများအားလုံး ကြောက်ရွံ့နေသည့်အတိုင်း ထိုအချိန်တုန်းက ဂိုဏ်းချုပ်က အနိုင်ယူခံခဲ့ရသည်။

မှတ်တမ်းများအရ အရိပ်က ဂိုဏ်းချုပ်ကို အလွယ်တကူ အနိုင်ယူလိုက်နိုင်သည့်အတွက် တိုက်ပွဲဟုပင် မဆိုလိုနိုင်ပေ။ ဂိုဏ်းချုပ်သာ အရိပ်အပေါ်ရှိ တားမြစ်ကန့်သတ်မှုများကို အသက်မသွင်းလိုက်ပါက သူ ထိုတိုက်ပွဲထဲတွင် သေသွားနိုင်သည်။

ထိုတိုက်ခိုက်မှု ပြီးဆုံးသွားသည့်အခါ အကြီးအကဲများ ထိတ်လန့်ကြောက်ရွံ့သွားကြသည်။ ထိုအချိန်တုန်းက ဂိုဏ်းချုပ်က သူတို့၏ စွမ်းအားအကြီးဆုံး ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကောင်းကင်အလိုဆန္ဒအတွက် တိုက်ခိုက်ရန် ရွေးချယ်ခံထားရသည့်သူတစ်ယောက် ဖြစ်သည်။ သို့သော် သူက အလွယ်တကူ ရှုံးနိမ့်သွားခဲ့သည်။

ထို့ကြောင့် ဂိုဏ်းရှိလူအများစုက အနာဂတ်ရန်သူကို ကာကွယ်ရန်အတွက် ထိုအရိပ်ကို ချက်ချင်းသတ်ချင်နေခဲ့ကြသည်။ သူတို့ သူ့အပေါ်တွင် ထားရှိထားသော စွမ်းအားကြီး ကန့်သတ်ချက်များ မရှိလျှင်ပင် သတ်ဖို့အတွက် ဖြစ်နိုင်သည်။

သို့သော် ထိုကဲ့သို့ ခံစားနေရသည်က လူအားလုံး မဟုတ်ပေ။ လူတချို့က အရိပ်ကို ဂိုဏ်းမှ ပျိုးထောင်ပေးခြင်းဖြစ်သည့်အတွက် သူတို့လူဟု ယူဆကြသည်။

သူ့ကို သတ်မည့်အစား သူ့အပေါ်တွင် ထားရှိထားသော တားမြစ်ချက်ကို ဖယ်ရှားပြီး ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဂိုဏ်းချုပ်အစား သူ့ကို ပါဝင်ခွင့်ပြုစေချင်ကြသည်။

အဖွဲ့နှစ်ဖွဲ့ကြားမှ သဘောထားကွဲလွဲမှုက အင်မတန်ဆိုးရွားလာသည့်အတွက် တာအိုအခွင့်အလမ်းဂိုဏ်းထဲတွင် စစ်ဖြစ်မလိုအထိ ဖြစ်သွားခဲ့သည်။

ထို့နောက် စစ်ဖြစ်ခါနီးတွင် စွမ်းအားကြီး အကြီးအကဲတစ်ယောက် ထွက်ပေါ်လာပြီး တိုက်ခိုက်မှုကို ရပ်စဲလိုက်သည်။ အကြီးအကဲက ဘိုးဘေးများ ဆိုဆုံးမထားသည်ကို မေ့သွားသည့် ဂိုဏ်း၏ အကြီးအကဲများအားလုံးကို အပြစ်တင်ဆုံးမလိုက်သည်။

ဂိုဏ်းက ကမ္ဘာပေါ်ရှိ ဂိုဏ်းများထဲတွင် စွမ်းအားအကြီးဆုံးဂိုဏ်းတစ်ခု ဖြစ်သည့်အတွက် ဘယ်လိုမျိုး မောက်မာခဲ့လဲဆိုသည့်အကြောင်းကို ပြောပြနေသည်။ အကယ်၍ ထိုမောက်မာမှုသာ ရပ်တန့်သွားခြင်းမရှိပါက အနာဂတ်မျိုးဆက်များ၏ လက်ထဲတွင် ဂိုဏ်းပျက်စီးသွားမည်က အနှေးနှင့်အမြန် ဖြစ်သည်။

ထို့နောက် အကြီးအကဲက ပိုမိုပြီး ကျိုးကြောင်းဆီလျော်သောဘက်တွင် ရပ်တည်ကာ အရိပ်အပေါ်ရှိ တားမြစ်ချက်များကို ဖယ်ရှားလိုက်ပြီး ကောင်းကင်အလိုဆန္ဒအတွက် သူ့ကို ဂိုဏ်းကိုယ်စားပြုအဖြစ် ရွေးချယ်လိုက်သည်။

ထိုသမိုင်းကြောင်းကို ဖတ်ခဲ့စဉ်က သူမ ဘယ်လောက်ထိ စိတ်ဝင်စားခဲ့လဲဆိုတာကို ဝမ်ဝေ့ မှတ်မိနေဆဲ ဖြစ်သည်။ ထိုနေရာတွင် ထွက်ပေါ်လာသော အကြီးအကဲက ဘယ်သူလဲဆိုတာကို သူမ အမြဲတမ်း သိချင်နေခဲ့သည်။

မှတ်တမ်းထဲတွင် နာမည်ကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိဘဲ အကြီးအကဲအဖြစ်သာ ဖော်ပြထားသည်။ သို့သော် ထိုလူ၏ အရင်းအမြစ်က သာမန်မဟုတ်ကြောင်း ဝမ်ကျူယုံကြည်ထားသည်။

ထိုအထွတ်အထိပ် နယ်ပယ်အဆင့် အစစ်အမှန် အုပ်ချုပ်သူများကို ဆူငေါက်နိုင်ပြီး သူ့စကား ပြောတာကို နားထောင်စေသည့်အတွက် ထိုသူက ရာထူးကြီးသူ သို့မဟုတ် အရမ်းစွမ်းအားကြီးသူ ဖြစ်ရမည်။ ထိုလူက ဂိုဏ်းမှ လျှို့ဝှက်ချက်အဖြစ် ထားထားသည့် ထာဝရအသျှင် သို့မဟုတ် တာအိုဘိုးဘေးတစ်ယောက် ဖြစ်လိမ့်မည်ဟု ဝမ်ကျူ ယူဆမိသည်။

ဝမ်ကျူက အရိပ်လေ့ကျင့်ရေးစခန်းထဲတွင် ရှိစဉ်အခါက သူတို့၏ တည်ရှိမှုအကြောင်းကို လေ့လာခဲ့သည်။ သို့သော် သူမ သိထားသည့် အချက်အလက်ကလည်း ဝိုးတိုးဝါးတား ဖြစ်နေသည်။ ထို့ကြောင့် သတ်မှတ်ထားသော အဆင့်သို့ ရောက်ရှိသွားမှသာ ထိုလျှို့ဝှက်ချက်များအကြောင်း သိခွင့်ရမည်ဖြစ်သည်။

အရိပ်အကြောင်းကို ပြန်ပြောလိုက်ရအောင်…

ကောင်းကင်အလိုဆန္ဒတိုက်ပွဲအချိန် ကျရောက်လာသည့်အခါ အရိပ်က သူ့ပြိုင်ဘက်အားလုံးကို ဖိနှိပ်ဖို့အတွက် ပါဝင်ခဲ့သည်။ တာအိုအခွင့်အလမ်းဂိုဏ်းကို ကိုယ်စားပြုသည့်သူက ဂိုဏ်း၏ ညစ်ပတ်သော အလုပ်များကို လုပ်ပေးရသည့် အရိပ်ဖြစ်နေသည်ကို သိလိုက်ရသည့်အခါ ကောင်းကင်ရွေးချယ်ခံများ ထိတ်လန့်သွားကြသည်။

သို့သော် အရိပ်က တာအိုကို သက်သေပြနိုင်ပြီး အရိပ်အုပ်ချုပ်သူ ဧကရာဇ်ဟု လူသိများသွားသည့်အတွက် ကျန်သည့်အရာအားလုံး ဘာမှ အရေးမပါတော့ပေ။

ထိုပွဲပြီးသွားသည့်အခါ အရိပ်အနေဖြင့် သူတို့အပေါ်ရှိ ကန့်သတ်မှုများကို ဖယ်ရှားပြီး အရိပ်မှဂိုဏ်းချုပ်အဖြစ် ပြောင်းလဲရန် ဂိုဏ်းချုပ်ကို စိန်ခေါ်ခွင့်ပြုသည့် စည်းမျဉ်းတစ်ခု ထပ်မံထွက်ပေါ်လာသည်။

ဝမ်ကျူက ဂိုဏ်းချုပ်ရာထူးအတွက် ဝမ်ဝေ့ကို စိန်ခေါ်ဖို့ ဆန္ဒမရှိပေ။ ယခု စစ်မှန်သော အရိပ်ရာထူးက ဂိုဏ်းချုပ်ဝမ်ထျန်းကို အမှုထမ်းနေသူ၏ လက်ထဲတွင် ရှိနေသည့်အတွက် သူမက ထိုရာထူးကို မပိုင်ဆိုင်သေးပေ။

ယခု ထိုသမိုင်းကြောင်းကို မှတ်မိသွားရခြင်းအကြောင်းက ဝမ်ဝေ့က သူမကို ယနေ့ ပြောခဲ့သော အကြောင်းအရာကြောင့် ဖြစ်သည်။

အရိပ်အုပ်ချုပ်သူ ဧကရာဇ်က ဂိုဏ်း၏ ဆိုးရွားစွာ ဆက်ဆံခြင်းကို ခံခဲ့ရသော်လည်း သစ္စာရှိနေဆဲ ဖြစ်သည်။

အရိပ်အုပ်ချုပ်သူဧကရာဇ် ဖြစ်လာပြီးနောက် တာအိုအခွင့်အလမ်းဂိုဏ်းကို စွန့်လွှတ်လို့ရသလို ရန်သူဟု သဘောထားလို့ရသော်လည်း သူ မလုပ်ခဲ့ပေ။

ထို့ကြောင့် ဝမ်ဝေ့ ယနေ့ ထိုစကားများကို ပြောလိုက်သည့်အခါ သူက သူမကို လက်အောက်ငယ်သား တစ်ယောက်လို မဟုတ်ဘဲ မိသားစုကဲ့သို့ ဆက်ဆံသည်ကို ပြသနေသည်။

ဂိုဏ်းချုပ်အပေါ် အရိပ်၏ သစ္စာရှိခြင်းက သူမ ယုံကြည်ထားခဲ့သလိုမျိုး တစ်လမ်းသွားသာ မဟုတ်ဘဲ နှစ်ယောက်လုံးကို ချိတ်ဆက်ပေးလိုက်သည့် လမ်းသွားတစ်ခု ဖြစ်နေခဲ့သည်။

ချိုသာသော စကားလုံးများက ဝမ်ကျူအတွက် လုံလောက်နေပြီဖြစ်သောကြောင့် သခင်လေးက တာအိုသန့်စင်ရေးဆေးလုံး ပေးရန် ကတိပေးလာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

ထိုဆေးလုံးကို ပြုလုပ်ရန်အတွက် နှစ်ပေါင်း ၉သန်း ကြာသည့်အပြင် အဖိုးတန်ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့်အတွက် ဘယ်လောက်ထိ တန်ဖိုးရှိလဲဆိုတာ သူမ သိသည်။

ထိုကဲ့သို့သော ဆေးလုံးတစ်လုံးကို သန့်စင်ရန်အတွက် ဆေးဆရာ တစ်ယောက်အနေဖြင့် မီးပြင်းဖိုကို အစီအရင်ထဲ ထည့်ရမည်ဖြစ်ပြီး ပြီးဆုံးရန် နှစ်ပေါင်းများစွာ ကြာမြင့်လိမ့်မည်။ အချိန်အများကြီး လိုအပ်သည့်အတွက် ဆေးဆရာအများစုက ဆေးလုံးပြီးသည်အထိ အသက်မရှည်ကြပေ။

ဒီဆေးလုံးရဲ့ ရည်ရွယ်ချက်က ဘာလဲ …

ဆေးလုံးကတော့ နာမည်အတိုင်း တာအိုက လူတစ်ယောက်ရဲ့ ခန္ဓာကို ဆေးကြောပေးပြီးတော့ ဝိညာဉ်ချီကို အာရုံခံခြင်း၊ ခန္ဓာကိုယ်၏ ခွန်အား၊ ပြီးတော့ နားလည်နိုင်စွမ်းစတဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးတယ်

မျိုးဆက်တစ်ခုတွင် အရည်အချင်းရှိသည့် ကောင်းကင်ရွေးချယ်ခံ မရှိသည့်အခါမှသာ ဂိုဏ်းမှ ထုတ်သုံးသည့် ဆေးလုံး ဖြစ်သည်။ ထိုဆေးလုံးကို အသုံးပြုလိုက်ပါက သာမန်ပါရမီရှင်တစ်ယောက်ကို ထူးခြားခန္ဓာရှိသည့် သူများနီးပါး အရည်အချင်းရှိသည့် ကောင်းကင်ရွေးချယ်ခံအဖြစ် ပြောင်းလဲနိုင်သည်။

ထိုသို့ဆိုလျှင်ပင် ဂိုဏ်း၏ စည်းမျဉ်းများအရ ထိုဆေးလုံးအား ဘယ်သူ့ကို ပေးရမလဲဆိုတာ ဂိုဏ်းချုပ် တစ်ယောက်ထဲ ဆုံးဖြတ်ခွင့် မရှိပေ။ အကြီးအကဲ လေးပုံသုံးပုံထက်ပိုသည့် အကြီးအကဲများက လူတစ်ယောက်ထဲကို သဘောတူမှသာလျှင် ထိုဆုံးဖြတ်ချက်ကို ချနိုင်မည်ဖြစ်သည်။

သို့သော် တာအိုအခွင့်အလမ်းဂိုဏ်း၏ မိသားစုကြီးသုံးခုက သူတို့၏ မျိုးနွယ်စုထဲတွင် ထိုဆေးလုံးကို ဝှက်ထားကြောင်း ဝမ်ကျူ ရိပ်မိသည်။ အမှုထမ်းများတွင် ဆေးလုံးမရှိသည့်အတွက် ထိုမျိုးနွယ်စုများက သူတို့ဆီမှာ ထိုဆေးလုံးရှိနေကြောင်း ဘယ်တော့မှ ထုတ်ပြောမည် မဟုတ်ပေ။

မိသားစုသုံးခုက တာအိုသန့်စင်ရေးဆေးလုံး ဖော်စပ်နည်းကို ထိန်းသိမ်းရန် အတွေ့အကြုံများစွာ ဖြတ်ကျော်ခဲ့ရသည်။ ထိုအရာက အမှုထမ်းအဖွဲ့များ၏ ခွန်အားကို ယုတ်လျော့သွားစေသည်။

ထို့ကြောင့် ဝမ်ဝေ့က ဆေးလုံးပေးမည်ဟု ပြောလာသောအခါ ဝမ်ကျူ သံသယမဝင်ခြင်း ဖြစ်သည်။

All Chapters