အသက်ရှင်ဖို့အတွက် တိုက်ခိုက်ခြင်း
Vol. 32 Ch. 442
ပြေးရမည်လား။
အကွာအဝေး ကြိုးကိုင်နိုင်သော ပျက်ပြယ်ခြင်းအဆင့် မြူနှင်း နတ်မိမယ်များနှင့် ရင်ဆိုင်ရသောအခါ လွတ်မြောက်ခြင်းက ဝေးကွာလွမ်းလှသော အိပ်မက်မှလွဲ၍ တခြားမဟုတ်ပါပေ...။
တိုက်ခိုက်ရမည်လား။
သူ့ကဲ့သို့ ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးက ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်ငါးဦးကို တစ်ပြိုင်နက်တည်း မည်ကဲ့သို့ တိုက်ခိုက်ရမည်ကို မည်သူပြောပြမည်နည်း။ မြင့်မြတ်နန်းတော် ခေါင်းဆောင် တစ်ဦးတည်းကပင် သူ့ကို အနိုင်ရနိုင်ပေ၏...။ တစ်ပြိုင်နက်တည်း ငါးဦးဆိုသည်မှာ သောက်ကျိုးနည်း ဟာသတစ်ခုပင်။
အန်လင်းက သူနဲ့စုရှောင်လန်တို့ ရင်သန်နိုင်မည့်အခွင့်အရေးမရှိသည်ကို သိလေ၏။
ထိုမြူနှင်းနတ်မိမယ်များက မီးတောက်စုစည်း အဝိုင်းကို မြင့်မြတ်မြို့တော်သို့ ပို့ဆောင်ရန်အတွက် လူစုခွဲခြင်း နည်းဗျူဟာကို လုံးဝအသုံးမပြာခဲ့ပါပေ။ အစကတည်းက မီးတောက်စုစည်း အဝိုင်းမှာ သူတို့၏ စွမ်းအားအကြီးဆုံး ကျင့်ကြံသူများ၏ ထိန်းချုပ်မှုအောက်တွင် တစ်ချိန်လုံး ရှိနေခဲ့ခြင်း ဖြစ်၏။
ဤအစီအစဉ္က သူတို့၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူများကို အလိုရှိသလို စုစည်းခွင့်ပေးသော်လည်း ဗာမီလီယမ်ဂိုဏ်း၏ အင်အားများကိုတော့ တစ်ကွဲတစ်ပြားဖြစ်စေလေ၏။ သို့ဖြစ်၍ သူတို့၏ လိုက်ဖမ်းခြင်းမှ လွတ်မြောင်နိုင်ပေမည်။
သူမက ပျက်ပြယ်ခြင်းအဆင့် မြူနှင်းနတ်မိမယ်ငါးဦးကို စိုက်ကြည့်ကာ စုရှောင်လန်၏ မျက်နှာက ဖြူဖျော့သွားလေ၏။ သူမက အန်လင်းဘက်သို့ သွားပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။ "ငါတောင်းပန်ပါတယ် အန်လင်း။ ငါနင့်ကို နင်နဲ့ဘာမှမဆိုင်တဲ့ ဒီတိုက်ပွဲထဲကို ဆွဲသွင်းလာမိတာ။"
"အဲဒါဆို ငါက ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ တပည့်မဟုတ်ဘူးလို့ပြောနေတာလား။"
အန်လင်းက စုရှောင်လန်ဘက်သို့ လှည့်လိုက်ကာ သူမ၏ ပါးကို အပြုံးဖျော့ဖျော့နှင့် ဖျစ်ညစ်လိုက်၏။
စုရှောင်လန်က အန်လင်းကို စိုက်ကြည့်ပြီး ရုတ်တရက် အပြုံးတစ်ခုက သူမ၏ မျက်နှာထက်တွင်ပေါ်လာလေ၏။ "နင်နဲ့ သေခွင့်ရတာက... အဲ့အတွက် ငါသိပ်စိတ်မဆိုးတော့ပါဘူးလေ။"
"ငါတို့ မသေလောက်ပါဘူး။" အန်လင်းက နှစ်သိမ့်စကားဆိုလိုက်၏။
ချင်လီ၏ မျက်နှာထက်တွင် အပြုံးခပ်ဖျော့ဖျော့ ပေါ်လာလေ၏။ "အို... အဲ့လို ရယ်စရာကောင်းတဲ့ စိတ်ကူးကို ယုံရဖို့ ဘာကများ နင်တို့ကို ယုံကြည်ချက်တွေ ပေးလိုက်သလဲ။"
ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီးပုဂ္ဂိုလ်ငါဦးလုံးက သူတို့၏ ကြောက်မက်ဖွယ် အော်ရာများပို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ကြ၏။ ထို အော်ရာများက အတူအကွ ေပါင်းဆုံသွားပြီး အန်လင်းနှင့် စုရှောင်လန်ဆီသို့ တိုးဝင်လာလေ၏။
အန်လင်းက သူ့၏ ခန္ဓာကိုယ်မှာ တောင်ကြီး တစ်လုံး၏အောက်တွင် ပိတ်မိနေသည်ဟု ခံစားလိုက်ရ၏။ ယခုလောလောဆယ်တွင် အသက်ရှုခြင်းကပင် ခက်ခဲသော လုပ်ငန်းစဉ္ တစ်ခုဖြစ်လာလေ၏။
စုရှောင်လန်၏ ခန္ဓာကိုယ်က ခါရမ်းသွားကာ ပါးစပ်ထောင့်မှ သွေးများစီးကျလာတော့သည်။
...
ထိုအချိန်၌ မြင့်မြတ်ရေခဲကုန်းမြေများ၏ ပတ်ဝန်းကျင်မှ ရေခဲပင်လယ်၏ တစ်ခုသော ဒေသတစ်ခုတွင်...
ဤနေရာရှိ တိုက်ပွဲက အချင်းဝက် ကီလိုမီတာပေါင်းများစွာအတွင်းရှိ နှင်းများကို အရည်ပျော်သွားစေ၏။ ထိုအခိုက်တွင် လောင်ကျွမ်းနေသော အပူလှိုင်းများက နေရာအနှံ့သို့ ဖြာထွင်နေလေ၏။
တိုက်ပွဲ၏ အလဟ်ဗဟိုတွင် အနီရောင် မီးတောက်ဘောလုံးကြီးတစ်ခုက ဒုတိယနေမင်းတစ်စင်းကဲ့သို့ လေထဲတွင် ပေါလောပေါ်နေလေ၏။
ဗာမီလီယမ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက အနီရောင် မီးတောက်ဘောလုံးကြီး၏ စွမ်းအားကို အသက်သွင်းလိုက်ပြီး သူ့ရှေ့မှ မြင့်မြတ်နန်းတော်ခေါင်းဆောင်ဆီသို့ တိုက်ခိုက်မှုများ ပို့လွတ်နေပေ၏။ တိုက်ခိုက်မှုတစ်ခုစီတိုင်းက မြေပြင်ရှိ ရေခဲ တစ်ကီလိုမီတာကျော်ကို အရည်ပျော်သွားစေလေ၏။
"မင်းရဲ့ အချည်းအနှီး ခုခံခြင်းကို ရပ်လိုက်စမ်း။ ဘယ်သူမှ ငါ့ရဲ့ ကြီးမြတ်မီးတောက်နယ်ပယ်ထဲက မလွတ်မြောက်နိုင်ဘူး။" အကြီးအကဲက လက်နှစ်ဖက်ကို သူ့နောက်တွင် ချိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ထွက်နေသော မီးတောက်စွမ်းအင်များက ကောင်းကင်တစ်ခုလုံးကို ပြိုကွဲသွားအောင်ပင် ပြုလုပ်နိုင်ပေ၏။
မြူနှင်းနတ်မိမယ်၏ အဝတ်အစားများက စုတ်ပြဲနေပြီး သူမ၏ ပါးစပ်မှ သွေးများစီးကျနေလေ၏။ သူမက သေလုနီးပါူ အခြေအနေဖြစ်နေသည်မှာ သိသိသာသာပင်ဖြစ်သော်လည်း သူမ၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုအနည်းငယ်ပင် မရှိပါချေ။
"ဟင်... ငါတကယ် မလွတ်မြောက်နိုင်ဘူးလို့ နင်ထင်တယ်ပေါ့။" မြူနှင်းနတ်မိမယ်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။
အကြီးအကဲ၏ အမူအရာက မှောင်မဲသွား၏။ "မင်းက အခုအချိန်ထိ အရှုံးမပေးသေးဘူးပေါ့။"
သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး အဆုံးအစမရှိ မီးတောက်ပမာဏများက ကြီးမားသော မီးတောက် လက်သီးကြီး အဖြစ်သို့ စုစည်းသွားပြီး မြူနှင်း နတ်မိမယိသို့ တိုက်ခတ်ပစ်လိုက်၏။
မြူနှင်းနတ်မိမယ်က ကြောက်မက်ဖွယ် မီးတောက်လက်သီးကြီ ဆီသို့ ဧရာမ မြူနှင်းဓားအလင်းတန်းတစ်ခုကို ခုတ်ပိုင်းလိုက်လေ၏။
အင်အားနှစ်ခုက ဝင်တိုက်မိသွားပြီး အချင်းဝက် ကီလိုမီတာပေါင်းများစွာမှ မြေပြင်ကို တုန်ခါသွားစေ၏။ မည်သို့ဆိုဆို အဆုံးတွင်တော့ မီးတောက်များက ဓားအလင်းတန်းကို လွှမ်းခြုံပစ်နိုင်ခဲ့၏။
မြူနှင်းနတ်မိမယ်၏ မျက်နှာထက်တွင် အပြုံးခပ်ဖျော့ဖျော့ပေါ်လာပြီး သွေးအပြည့် အန်ထုတ်လိုက်၏။ "ဒီမှာ ငါနေနေတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ရှင့်ကို သွေးဆောင်ပြီးတော့ တခြားသူတွေကို အချိန်ပိုရအောင်လုပ်ပေးတာပဲ။ နင်က ငါတို့ရဲ့ လှည့်စားမှုကို ဘယ်လောက်ဆိုးဆိုး ခံလိုက်ရလဲဆိုတာ တေ့္ခွင့်ပေးမယ်။ နှုတ်ဆက်ပါတယ် ဟားဟားဟား..."
သူမက ပြုံးကာ သူမ၏ အပြာရောင် အစီအရင်ကို အသက်သွင်းလိုက်လေ၏။
အကြီးအကဲမှာ သူမက လွတ်မြောက်နည်းစနစ်တစ်ချို့အသုံးပြုလိမ့်မည်ဟု ထင်နေပြီး ချက်ချင်းပင် သူတို့ပတ်ဝန်းကျင်မှ နေရာလပ်ကို ချိတ်ပိတ်လိုက်၏။
"ရှင့်ရဲ့ လုပ်ဆောင်ချက်က ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ အသက် အစားထိုးခြင်းဆိုတာ ကြားဖူးလား။" မြူနှင်း နတ်မိမယ်က အမူအရာမဲ့ ခေါင်းခါပြလိုက်၏။
သူမက အပြာရောင် အစီအရင်ကို ဆက်လက်အသက်သွင်းနေကာ ပြောလိုက်၏။
တစ်မိနစ်တိတိ ကုန်ဆုံးသွားသော်လည်း သူမက တစ်နေရာတည်းမှာပင် ရပ်နေဆဲဖြစ်၏။ မြူနှင်း နတ်မိမယ်က စိတ်ရှုပ်ထွေးစွာ မျက်တောင် ခတ်လိုက်၏။
မြူနှင်း နတ်မိမယ် : "..."
ဘာလို့ တုန့်ပြန်ချက်မရှိရတာလဲ။ မဖြစ်နိုင်တာ...။
အသက်အစားထိုးခြင်းမှာ တစ်ဖက်တည်းကပင် နေရာဒေသကို ဖွင့်လိုက်ရန် လိုပေ၏။ သို့ဖြစ်၍ အဘယ့်ကြောင့် တုန့်ပြန်ချက် မရှိပါသနည်း။
ထိုအချိန်၌ မြူနှင်းနတ်မိမယ်၏ အတွေးထဲတွင် စိတ်ကူးတစ်ခုက ပေါ်လာပြီး သူမ၏ နှလုံးသားက ချက်ချင်ပင် နစ်မြုပ်သွားလေ၏။
ထိုသည်က... မီးတောက်စုစည်းအဝိုင်းကို စောင့်ရှောက်နေရသော တခြားမြူနှင်းနတ်မိမယ်က သေဆုံးသွားပြီလား။
ထိုအချိန်၌ အကြီးအကဲက စောင့်ရသည်ပို ငြီးငွေ့သွားပြီ ဖြစ်၏။ သူက မီးတောက်ဘောလုံးကြီး ကိုးလုံးကို ဖန်တီးလိုက်ပြီး မြူနှင်းနတ်မိမယ်ဆီသို့ တစ်ချိန်တည်းမှာပင် ပစ်လွှတ်လိုက်လေ၏...။
...
အန်လင်းက မြင့်မြတ်နန်းတော်ခေါင်းဆောင် ငါးဦးနှင့် ရင်ဆိုင်ရသောအခါ စိတ်မပျက်သိလို အရှုံးလဲ မပေးပါချေ။ ထိုအစား သူက သူ့ဦးနှောက်ကို အလုပ်ပေးလိုက်ပြီး ဤသေလုနီးပါးအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုကို တွေးတောရန် ကြိုးစားလိုက်၏။
"ရှောင်လန်၊ ဒီကနေ နင်တတ်နိုင်သလောက် မြန်မြန်ပြေးလိုက်တော့။ ငါမှာ မြူနှင်စ နတ်မိမယ်တွေရဲ့ အကွာအဝေး ချိတ်စည်းကို ချိုးဖျက်နိုင်တဲ့ နည်းတစ်ခုရှိတယ်။ အကွာအဝေး ချိတ်စည်းကျိုးပျက်သွားတာကို အခွင့်ကောင်းယူပြီးတော့ အကြီးအကဲကို ဆက်သွယ်လိုက်။ အနည်းဆုံးတော့ နင်က ငါတို့ရဲ့ တည်နေရာကို ကျန်တဲ့ ဗာမီလီယမ်ဂိုဏ်းအဖွဲ့ဝင်တွေကို ပို့ပေးရမယ်။" အန်လင်းက စုရှောင်လန်ဆီကို အသံကူးပြောင်းလိုက်၏။
"ပြဿနာ မရှိဘူး။" စုရှောင်လန်က အသံကူးပြောင်းခြင်းမှ တစ်ဆင့် ပြန်ဖြေလာ၏။
အန်လင်းက သူမ၏ တုန့်ပြန်ချက်ကို ဖရှိပြီးချက်ချင်းပင် သူ့၏ ဂမ်ဒမ်၂ကောင်ကို လွတ်လိုက်လေ၏။
"ဂမ်ဒမ် ၁နဲ့ ဂမ်ဒမ် ၂ သူတို့ကို တားထားစမ်း။"
တစ်ချိန်တည်းမှာပင် စုရှောင်လန်က သူမ၏ ရွှေရောင်မီးတောင်ပံများကို ဖြန့်လိုက်လေ၏။ လျှပ်စီးက သူမခန္ဓာကိုယ်ကို လွှမ်းခြုံကာ သူမက အရှိန်ပြင်းပြင်းနှင့် အဝေးသို့ ပျံသန်းသွားပြီး ပြေးနေရင်း မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
"ဒါက နသ်တို့ မီခိုနေတဲ့ဟာလား။" ချင်လီက ခပ်ဖျော့ဖျော့ ပြုံးကာ သူမ၏ လက်သွယ်သွယ်ကို လေထဲတွင် ဝှေ့ယမ်းလိုက်လေ၏။
ဂမ်ဒမ်နှစ်ကောင်မှာ မြေပြင်သို့ မဆင်းသက်ခင်မှာပင် အေးခဲသွားလေ၏။
အမြဲတမ်း ယုံကြည်ရသော ဂမ်ဒမ်များမှာ ချင်လီ၏ ပြိုင်ဘက်မဟုတ်ပါချေ။
ဘုန်း...
ထိုအချိန်မှာပင် အန်လင်းက သူ့၏ လေတောင်ပံများကို ဖြန့်လိုက်ပြီး စုရှောင်လန်နောက်သို့ လိုက်သွားလိုက်၏။ သူ့၏ ခန္ဓာကိုယ်မှ အမဲရောင် မြူခိုးများ ထွက်လာပြီး သူက ကြက်သွေးရောင် လက်သည်းတစ်ခုကို သူ့၏ အင်္ကျီလက်များထဲတွင် ဖွက်ကာ အရှိန်မှာ သိသိသာသာပင်တိုးလာလေ၏။
သူတို့နောက်မှ မြူနှင်းနတ်သမီးတစ်ယောက်မှာ အဝေးမှ အကွာအဝေးကို လှမ်းပြီး ဆုပ်ကိုင်လိုက်သည့် အမူအရာ ပြုလုပ်လိုက်လေ၏။
ခွမ်း...
ဖျက်ဆီးစေတတ်သော အကွာအဝေး ချိတ်စည်းတစ်ခုက ချက်ချင်းပင် အန်လင်းနှင့် စုရှောင်လန်ကို လက်တစ်ချောင်းပင် မလှုပ်ရှားနိုင်အောင် ရပ်တန့်သွားစေ၏။
"ဟွန့်... သနားစရာကောင်းလိုက်တာ...။ မင်းတို့ရဲ့ သနားစရာအရှိန်ဆိုတာ ငါတို့အတွက်တော့ ဘာမှမဟုတ်ဘူး။" ချင်လီက ခေါင်းခါလိုက်ကာ သူမ၏ မျက်နှာက အပြုံးဖြင့် ပြည့်နေလေ၏။
သို့သော် ထိုအချိန်မှာပင် တောက်ပသော ကြက်သွေးရောင် အလင်းတစ်ခုက နယ်မြေထိုးဖောက်လက်သည်းမှ ထိုးထွက်လာလေ၏။
ကြက်သွေးရောင် အလင်းတန်းက လေထုကို ဖြတ်သန်းကာ အကွာအဝေး ချိတ်စည်းကို ကြွပ်ဆပ်သော မှန်တစ်ချပ်ကဲ့သို့ အက်ကွဲွသွားစေ၏။
အန်လင်းနှင့် စုရှောင်လန်တို့က ပြန်လည် လှုပ်ရှားနိုင်လေပြီ။
"ဘယ်လိုလုပ်ပြီး..." မြူနှင်းနတ်မိမယ် ငါးဦးက အနည်းငယ် တုံ့ဆိုင်းသွားလေ၏။ သူတို့က မည်သို့ ဖြစ်သွားသည်ကို နားမလည်နိုင်ပဲ ရှိနေပေ၏။
ထိုသည်က ရွှေရောင် မီးတောင်ဘောလုံးတစ်လုံးက လေထုထဲသို့ မြင့်တက်လာသည့် အချိန်နှင့် တစ်ချိန်တည်းပင်။
တစ်ချိန်တည်းမှာပင် မမြင်နိုင်သော အော်ရာတစ်ခုက အသံကူးပြောင်းခြင်း အစီအရင်တစ်ခုမ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီူကို ပျံ့နှံ့သွားလေ၏။
ချင်လီ၏ အမူအရာက သိသိသာသာပင် ပြောင်းလဲသွားပြီး အံ့ဖွယ်မိုးပြာရောင်ငှက်ပုံရိပ်တစ်ခုက သူမနောက်တွင် ချက်ချင်း ပေါ်လာလေ၏။ ဤပုံရိပ်မှာ အမြင့် ပေတစ်ထောင်ရှိပြီး အချင်းဝက် ၁၀ကီလိုမီတာအတွင်းရှိ ဧရိယာက မိုးပြာရောင်အလင်းဖြင့် လွှမ်းခြုံခြင်းခံလိုက်ရ၏။
"မိုးပြာရောင် အသံဆုံးရှုံးခြင်း နယ်ပယ်။"
ဆန်းကြယ်သော စွမ်းအင်က အလွန်လျင်မြန်သော အရှိန်ဖြင့် အပြင်သို့ ဖြာထွက်လာပြီး ချက်ချင်းပင် စုရှောင်လန်က သူမ၏ အသံကူးပြောင်းခြင်း အစီအရင်ကိုအသုံးပြုကာ ထုတ်လိုက်သော မမြင်နိုင်သည့် အော်ရာက ချက်ချင်း ထွက်ပေါ်လာလေ၏။
အဖြူရောင် ပုတီးနှင့် မြင့်မြတ်နန်းတော် ခေါင်းဆောင်က သူမ၏ လက်မောငကို မြှောက်လိုက်ပြီး တောက်ပသော အလင်းတစ်ခုက ချက်ချင်းပင် ပုတီးမှ ထွက်လာလေ၏။ မျက်တောင် တစ်ခတ်အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်က လေထုကို ကီလိုမီတာပေါင်းများစွာ ဖြတ်သန်းကာ ချက်ချင်းပင် ကောင်းကင်၌ တောက်ပနေသော ရွှေရောင် မီးတောက်ဘောလုံးဆီသို့ ရောက်သွားလေ၏။ ထို့နောက် သူမက ရွှေရောင် မီးတောက်များကို ဒေါသတကြီး ရိုက်ချလိုက်လေ၏။
အထူးမြူနှင်း၏ စွမ်းအားက ရွှေရောင်မီးတောက်ဘောလုံး၏ ပတ်လည်ရှိ အချင်းဝက် ၁ကီလိုမီတာ အတွင်းရှိ လေထုကိုပင် အေးခဲသွားစေကာ မီးခိုးများ ထွက်ပေါ်လာစေ၏။
"ဖွီး... ကြည့်ရတာ ငါတို့ သူတို့ကို လျော့တွက်ထားမိပြီထင်တယ်...။ သူတို့က ငါ့တို့ကို အသားစီးရသွားတော့မလို့...။" ချင်လီ၏ မျက်နှာထက်တွင် အကြောက်တရာတစ်ခုက ယစ်ဝဲနေလေ၏။
စုရှောင်လန်၏ အမူအရာက သိသိသာသာပြောင်းလဲသွားပြီး မန္တန်ကို ဒုတိယအကြိမ် ရွတ်ဆိုရန် ပြင်ဆင်လိုက်၏။
ထိုအချိန်မှာပင် ဗိုက်တွင် အပေါက်အကြီးကြီးတစ်ခုရှိနေသော မြူနှင်းနတ်မိမယိ ၁ယောက်က သူမရှေ့တွင် ပေါ်လာလေ၏။ သူမက စုရှောင်လန်ဆီသို့ အညှာအတာမဲ့ လက်ဝါးတစ်ချက် ရိုက်ချလိုက်လေ၏။
အလွန်အမင်း ကြောက်မက်ဖွယ် လက်ဝါးပုံအလင်းတန်းတစ်ခုက စုရှောင်လန်အပေါ်သို့ ကျရောက်လာကာ သူမပတ်လည်ရှိ မီးတောက်များနှင့် လျှပ်စီးကို ပြိုပျက်သွားစေ၏။ ထို့နောက် ထိုသည်က သူမ၏ အတွင်း အင်္ဂါများ အားလုံးကို တုန်ယင်သွားစေ၏။
စုရှောင်လန်၏ မင်နက်ကျောက်စိမ်းဝတ်ရုံက သွေးများစွန်းကာ အနီရောင် ပြောင်းသွားပြီး သူမက မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
ထိုအချိန်မှာပင် အဖြူရောင် ပုတီးကို ကိုင်ထားသော မြူနှင်းနတ်မိမယ်သည်လည်း စုရှောင်လန်ထံသို့ လက်ဝါးဖြင့် ရိုက်ချလိုက်လေ၏။
အလျား ၁ကီလိုမီတာကျော် ရှိသော ရေခဲလက်ဖဝါးကြီးက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းကာ စုရှောင်လန်အပေါ်သို့ ကြောက်မက်ဖွယ် အင်အားဖြင့် ကျဆင်းလာလေ၏။
"စုရှောင်လန်..."
အန်လင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်ကို အန်ကီရင်၏ လျှပ်စီး စွမ်းအင်နှင့် ပေါင်းစည်းလိုက်လေ၏။ သူ့ခန္ဓာကိုယ်ပေါ်၌ ရွှေရောင် ဝတ်ရုံတစ်ခု ဖြစ်ပေါ်လာပြီး သူ့၏ အော်ရာက သိသိသာသာ ထိုးတက်သွားလေ၏။
ဤသည်က သူ့၏ နောင်ဆုံး ဝှက်ဖဲဖြစ်ပြီး ထိုသည်ကို ယခု အသုံးပြုရန်အပြင် ရွေးချယ်စရာမရှိပါပေ။
လျှပ်စီးများက ပေါက်ကွဲထွက်လာပြီး သူက လေထုကို ထိုးဖောက်ကာ စုရှောင်လန်ဘေးသိုလ ချက်ချင်းရောက်သွားလေ၏။ သူက သူမကို ညင်သာစွာ ပွေ့လိုက်လေသည်။
"ထွက်သွားစမ်း..."
အန်လင်းက ဒေါသတကြီး အော်ဟစ်လိုက်ရာ ရွှေရောင်ပျက်ပြယ်ခြင်း လျှပ်စီးက သူ့၏ မိစ္ဆာရှင်းဓားမှ ထိုးထွက်လာလေ၏။ ကောင်းကင်တစ်ခုလုံးမှာ နေရာလပ်တစ်ခုလုံးကို စုတ်ဖြဲပစ်နိုင်သော လျှပ်စီးဓားအလင်းတန်းဖြင့် ရွှေရောင် ခြယ်နေပြီး ကြီးမားသောရေခဲ လက်ဝါးကြီးကို ခုတ်ပိုင်း ပစ်လိုက်၏။
ကြောက်မက်ဖွယ် အားအင် နှစ်ခုက တိုက်ခတ်သွားပြီး သူ့ပတ်လည်မှ နေရာလပ်ကို တုန်ခါ လှုပ်ယမ်သွားစေကာ သူတို့ပတ်ဝန်းကျင်တွင်လေပြင်းများ တိုက်ခတ်သွားစေတော့၏။
အဆုံးတွင် ရွှေရောင် လျှပ်စီဓားအလင်းတန်းက ရေခဲလက်ဝါးကြီးကို ထိုးဖောက်သွားပြီး အဖြူရောင် ပုတီးနှင့် မြူနှင်းနတ်မိမယ်ဆီသို့ ဆက်သွားလေ၏။
ပျက်ပြယ်ခြင်းအဆင့် မြူနှင်းနတ်မိမယ် ငါးဦးက ထိုသည်ကိုတွေ့ကာ အံ့ဩတကြီး ဖြစ်နေကြ၏။
အဖြူရောင် ပုတီးက လင်းလက်သွားပြီး မြူနှင်းနတ်မိမယ်၏ ရှေ့တွင် ရေခဲနံရံတစ်ခုက ထွက်ပေါ်လာလေ၏။
ဘုန်း...
အစွမ်းထက် လျှပ်စီးများ လင်းလက်သွားကာ ရေခဲနံရံကို ဖြတ်သန်းပြီး မြူနှင်း နတ်မိမယ်များကို မီတာပေါင်းများစွာ နောက်ဆုတ်သွားစေ၏။
ထိုသည်က မြူနှင်းနတ်မိမယ်များက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကြောင့် နောက်ဆုပ်ရသည့် ပထမဆုံး အကြိမ်ဖြစ်လေ၏။ သူမ၏ မျက်နှာထက်တွင် သိက္ခာထိခိုက်သော အမူအရာတစ်ခု ပေါ်လာလေ၏။
ကျန်ရစ်သော မြူနှင်းနတ်မိမယ်လေးဦးမှာ သူတို့မြင်လိုက်ရသည်ကို အလွန်အမင်း အံ့အားသင့်နေကြ၏။
အန်လင်းက စုရှောင်လန်ကို လွတ်မြောက်လမ်း ဖန်တီးနေသကဲ့သို့ အစွမ်းကုန် ဖက်ထားလေ၏။ ဝမ်းဗိုက် ဒဏ်ရာဖြင့် မြူနှင်းနတ်မိမယ်က သူ့နှင့် အနီးဆုံးဖြစ်ကာ သူမက ပထမဆုံး သတိပြန်ဝင်လာသော မြူနှင်း နတ်မိမယိလဲ ဖြစ်လေ၏။ သူမက ချက်ချင်းပင် အန်လင်းနှင့် စုရှောင်လန်ဆီသို့ နောက်ထပ် အစွမ်းထက် လက်ဝါးတစ်ချက် ထုတ်လွတ်လိုက်လေ၏။
"မြူနှင်း ကျဆင်း အင်မော်တယ်သုတ်သင် လက်ဝါး..."
တစ်ခြားသော ဧရာမရေခဲလက်ဝါးကြီးတစ်ခုက အန်လင်းနှင့် စုရှောင်လန် အပေါ်သိုလ ကျဆင်းလာလေ၏။
အန်လင်းက ဧရာမလက်ဝါးကြီးကို သူ့၏ မိစ္ဆာရှင်းဓားနှင့် ခုခံလိုက်ကာ ရွှေရောင် လျှပ်စီးများက အလွန်အမင်စ ဖျက်ဆီးစေတတ်သော စွမ်းအားဖြင့် ထိုးထွက်လာလေတော့သည်။
သို့သော်လည်း မြူနှင်းနတ်မိမယ်က သူမ၏ အစွမ်းကုန် ထုတ်လွှတ်လိုက်ခြင်း ဖြစ်ကာ သူမ၏ လက်ဝါးအတွင်းရှိ စွမ်းအားမှာ အလွန်အမင်း ကြောက်မက်ဖွယ် ပမာဏသို့ ရောက်ရှိနေပြီး ဖြစ်လေ၏။ အန်လင်း၏ နှလုံးသားထဲတွင် စိတ်အားငယ်ခြင်းများ ဖြစ်ပေါ်လာလေ၏။
မြူနှင်း ကျဆင်း အင်မော်တယ် သုတ်သင် လက်ဝါးက ရွှေရောင်လျှပ်စီးကို ပျောက်ကွယ်သွားစေကာ အန်လင်းနှင့် စုရှောင်လန်ပေါ်သို့ ကျဆင်းလာလေ၏။
အန်လင်းက စုရှောင်လန်ကို သူ့၏ ရင်ဘတ်တွင် တင်းတင်းကပ်ကာ သူအကို သူ့၏ ကျောနှင့် ကာပေးထားလိုက်၏။ စုရှောင်လန်၏ နှုတ်ခမ်းများက ရွေ့လျားသွားပြီး သူမ၏ ဒဏ်ရာများက စကားပြောခြင်းမှ တားဆီးနေပေ၏။ သူမက မျက်ရည်များကျဆင်းနေကာ ဝမ်းနည်းသောအမူအရာဖြင့်သာ ငေးကြည့်နေနိုင်၏။
ဘုန်း...
ကောင်းကင်နှင့် မြေကြီးက ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ကြီးမားသော မြူနှင်းကျဆင်း အင်မော်တယ်သုတ်သင် လက်ဝါးကြီးက အန်လင်းနှင့် စုရှောင်လန်ကို မြေပြင်ပေါ်သို့ ရိုက်ခတ်ပစ်ကာ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်လာစေ၏။
---------------