← Chapters

မြေပုံ

Vol. 15 Ch. 222

မြေပုံ

Vol. 15 Ch. 222

"ကြည့်ရတာ ရှရန်က စီတုအန်း ငါ့ကိုမပြောခဲ့တာတွေ ကို ပိုရှာတွေ့ခဲ့ပုံပဲ "

ကောင်းမင်သည် အသားစိုင်များအပေါ် နင်းဖြတ်၍ သွေးတံခါးဆီ လျှောက်သွားလိုက်သည်။တံခါးသည် ကမ္ဘာနှစ်ခုကို ပိုင်းခြားထား၏။

"ဒါကို မထိနဲ့ ၊ ငါလုပ်လိုက်မယ် "

ကျန်းတင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရေလုံးကြီး၏ အရှိန်ကြောင့် တံခါးပွင့်သွားသည်။ တံခါးနောက်ကွယ်တွင် သွေးတွေနှင့် အရိပ်များဖြင့် ဖန်တီးထားသည့် ကော်ရစ်ဒါတစ်ခုကို တွေ့လိုက်ရသည်။

"ဒီတံခါးက တော်တော် ထိခိုက်ထားတာပဲ ၊ စီတုအန်းက ဒါကို အခြားတစ်နေရာရာက ယူလာပြီး သူ့ရတနာတွေကို သိမ်းဆည်းဖို့ 'ဘေးကင်း' တဲ့နေရာအဖြစ် ပြောင်းလဲထားပုံရတယ် "

"ပျက်စီးနေတဲ့ တံခါးတစ်ခုပေါ့ ...."

တံခါး၏ မူလပုံစံအား လူသားများဖြင့် ဖုံးအုပ်ခံထားရသည်။ကောင်းမင်သည် တံခါးတွင် စတေးခံခဲ့ရသော လူသစ်များကိုသာ မြင်ရသည်။

"ဒီကမ္ဘာကြီးက ပိုလို့တောင် အဓိပ္ပါယ်မရှိ ဖြစ်လာနေတာပဲ ၊ ဆိုးဝါးတဲ့ မိစ္ဆာဆန်မှုတွေဟာ အနာဂတ်မှာ ပိုတောင်ဖြစ်လာဦးမယ် "

လူသစ်များသည် အသက်ရှင်နေသေးကြောင်း ကောင်းမင် အာရုံခံမိသည်။သူတို့၏ နှလုံးခုန်သံကိုပင် ကြားနေရသည်။

"ငါတို့ သူတို့ကို ကယ်တင်ချင်တယ်ဆိုရင် ငါတို့ထွက်သွားတဲ့အချိန်ကျရင် ဒီတံခါးကို ယူသွားရမယ် "

တံခါးထဲ ဝင်လိုက်ပြီးနောက် တံခါးနောက်ရှိလောကသည် ကောင်းမင်ထံ အရိပ်ကမ္ဘာနှင့်မတူသော ခံစားချက်ကို ယူဆောင်လာခဲ့သည်။အကယ်၍ အရိပ်ကမ္ဘာသည် မှောင်မဲ၍ပုတ်သိုးနေသော အမှိုက်ပုံးတစ်ခုဖြစ်သည်ဆိုပါက ထိုကော်ရစ်ဒါသည် သွေးခေါင်းတလားတစ်ခုနှင့်တူ၏။သေခြင်းတရားနှင့် အပျက်အစီးများမှာ နေရာအနှံ့ပင်ရှိနေလေသည်။

"အရင်တုန်းက ငါ့ဆီမှာရှိတဲ့ သတင်းအရ တံခါးတွေက ကျို့ကျန်းမှာပဲ ပေါ်လာတာတဲ့ ၊ စီတုအန်းက ဒီတံခါးကို ကျို့ကျန်းက ယူလာတာလား ၊ သူက ဒီမြို့ရဲ့စည်းမျဉ်းတွေကိုသုံးပြီး ဒီတံခါးကို ပြောင်းလဲချင်နေတာလား "

မျက်နှာဖုံးအတွင်းမှ ကောင်းမင်သည် ထိုအကြောင်းကို ကျန်းတင်းနှင့်ဆွေးနွေးနေခဲ့သည်။သားစားကြူးနတ်မှာ အပြင်းအထန်တုန့်ပြန်လာ၏။ရှရန်သည် သူတို့ရှေ့နားလေးတွင် ရှိနေခြင်းဖြစ်သည်။

"ရပ်လိုက်စမ်း ! "

သေနတ်ပြောင်းဝများသည် ကောင်းမင်နှင့်ကျန်းတင်းကို ထိုးချိန်ထားကြသည်။မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနမှ လုံခြုံရေးအဖွဲ့ဝင်များသည် အေးစက်စွာ သတိပေးလိုက်သည်။

"ရှေ့ဆက်မသွားနဲ့တော့ ! "

"ဒီလူတွေက အသက်ရှင်နေသေးတာလား "

ကျန်းတင်းက ဆရာရှကို အထင်ကြီးသွားမိသည်။ထိုလူသည် အားလုံးကို သတ်ဖြတ်လိုက်ပြီဟု သူတွေးထားခဲ့ခြင်းဖြစ်သည်။

"ကျုပ်တို့က အန္တရာယ်ပေးဖို့ မဟုတ်ပါဘူး "

ဘော့စ်ကျန်းက အရှုံးပေးရန် သူ့လက်ကို မြောက်၍ အခြေမနေကို ရှင်းပြမည် ပြုလိုက်သည်။ရုတ်တရက် ကျည်ဆန်များ ပြေးထွက်လာလေ၏။ရေများ တစ်စက်စက် စီးကျသွားသည်။ကျန်းတင်းက သူ့ရင်ဘတ်ရှိ ကျည်ဆန်ပေါက်ရာများကို ငုံ့ကြည့်လိုက်သည်။ကျည်ဆန်များသည် သူ့ခန္ဓာကိုယ်ကို ဖြတ်၍ သူ့နှလုံးရှိသည့်နေရာတွင် ပေါက်ကွဲသွားခြင်းဖြစ်သည်။တစ်ဖက်လူများသည် သူတို့အား ရှင်းပြရန် မည်သည့်အခွင့်အရေးမှ မပေးခဲ့ပေ။သူတို့သည် သတ်ဖြတ်ရန်သာ ရည်ရွယ်ခဲ့သည်။

"ဘာလို့ တိုက်ရိုက်သတ်ဖြတ်ဖို့ လုပ်နေရတာလဲ ၊ မင်းတို့က လူသားတွေမဟုတ်ဘူးလား ၊ မင်းတို့က ဘာလို့...သရဲတွေထက် ဆိုးဝါးနေရတာလဲ "

ကျန်းတင်း၏ ဒဏ်ရာများမှ နောက်ကျိနေသည့် ရေများ စီးထွက်လာလေသည်။ရေများသည် ကော်ရစ်ဒါကို မြှုပ်လုနီးပါးအထိ လျှံတက်လာ၏။ကောင်းမင်က သူ့နှလုံးကို ထိတွေ့လိုက်သည်။သူသည် သားစားကြူးနတ်ကို ရရှိထားသော်လည်း သေစေနိုင်သော ဒဏ်ရာရပါက သူသေနိုင်ဆဲဖြစ်သည်။သေနတ်သံများသည် ရပ်တန့်မသွားပေ။သို့သော်လည်း ကျည်ဆန်များသည် ရေလွှမ်းမိုးမှုကို မည်သို့တားဆီးနိုင်မည်နည်း။

ဘော့စ်ကျန်းမှာ ကျောင်းအုပ်ယန်ထက်သာ အားနည်းခြင်းဖြစ်သည်။လုံခြုံရေးအဖွဲ့ဝင်များ အနီရောင်ဆက်သွယ်ရေးစက်ကို မသုံးနိုင်သေးခင် သူက သူတို့အား ရေကြီးမှုထဲသို့ ဆွဲထည့်လိုက်သည်။ဘော့စ်ကျန်းသည် သူတို့အား မသတ်ဖြတ်ချင်ပေ။သူသည် သူတို့ကို ပြောင်းလဲချင်ခြင်းဖြစ်သည်။ နောက်ဆုံး သူ့စူပါမားကတ်မှာ လုံခြုံရေးကင်းမဲ့နေသည်မဟုတ်ပါလား။

ကော်ရစ်ဒါမှ ရုန်းရင်းဆန်ခတ်အသံများသည် စိတ္တဇသမားများအိမ်အတွင်းမှ လူများကို အာရုံစိုက်သွားစေသည်။ဘော့စ်ကျန်းသည် စကားများဖြင့် အချိန်ဖြုန်းနေ၍ မရကြောင်း သိသည်။သူက ရေကြီးမှုကို ထိန်းချုပ်၍ ကော်ရစ်ဒါကို ရှင်းလင်းလိုက်သည်။ပုံမှန်အားဖြင့် မြို့တော်အရှေ့ပိုင်း လုံခြုံရေးဌာနသည် သန်မာ၍ အရင်းအမြစ်များ ပြည့်စုံသည်။သို့သော်လည်း ကောင်းမင်နှင့်ကျန်းတင်းတို့က သူတို့အား မည်သည့်အခွင့်အရေးမှ မပေးပေ။သရဲနီနှစ်ကောင်က ချက်ချင်းပင် အားအပြည့်သုံး၍ တိုက်ခိုက်လိုက်ကြသည်။

"စိတ္တဇသမားများ၏အိမ်လား ၊ ဒီမှာ ရှိတဲ့လူတိုင်းက အရူးတစ်ယောက်လား ၊ သူတို့က ငါတို့အတွက် အားလုံးကို သပ်သပ်ရပ်ရပ် စီစဉ်ထားတာပဲ ၊ ဒါက သူတို့ရဲ့အမျိုးအစားပေါ့ "

ကောင်းမင်က ချိတ်ဆွဲထားသော ဓာတ်ပုံများကို ကြည့်လိုက်သည်။

"ရှရန်က ဘယ်လိုလုပ် ဒီမှာ မရှိရတာလဲ ၊ သူက အရိပ်ကမ္ဘာအတွက် အလုံအလောက်မရူးသွပ်သေးလို့လား "

"ငါ ပိုသိချင်တာက မင်းနဲ့ စီတုအန်းက ဘာလို့ဒီမှာမရှိတာလဲ ဆိုတာပဲ "

ကျန်းတင်းက ဟဲ့ယီအား ရေလုံးထဲမှ ဆွဲထုတ်လိုက်သည်။သူက လုံခြုံရေးဌာန ခေါင်းဆောင်အား နံရံတွင် ချိတ်ဆွဲထားလိုက်သည်။

"ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ၊ ခင်ဗျား မရှိပဲ စီတုအန်းရဲ့အိမ်ကို ကျုပ်တို့ ရှာတွေ့မှာ မဟုတ်ဘူး "

"ဒါက သူ့အိမ်မဟုတ်ဘူး ၊ ကျုပ်တို့အားလုံး ထောင်ချောက်မိသွားပြီ "

ဟဲ့ယီက နံစော်နေသော ရေဆိုးများကို ထွေးထုတ်လိုက်သည်။သူသည် သေရာမှ ပြန်ရှင်လာသလို ခံစားရသည်။

"ကျုပ်တို့ နေရာအနှံ့ရှာပြီးပြီ ၊ ဘာမှ မတွေ့ခဲ့ဘူး "

ဟဲ့ယီသည် နောက်ဆုံးတွင် အကြွင်းမဲ့အာဏာမရှိတော့သဖြင့် နှိမ့်ချမှုကို သင်ယူခဲ့သည်။

"ဒီနေရာကို စိတ္တဇသမားများရဲ့အိမ်နဲ့ သားသတ်သမားများ၏အိမ်လို့ ခေါ်တယ် ၊ ကျုပ် တုံးအနေတာလို့များ ထင်နေတာလား "

ကျန်းတင်းက ဟဲ့ယီကို ကိုင်ပေါက်လိုက်သည်။သူ့စိတ်ထဲတွင် စီတုအန်းသည် အရူးသွပ်ဆုံး သားသတ်သမားဖြစ်သည်။

"ဉာဏ်များတဲ့ ယုန်တစ်ကောင်မှာ တွင်းသုံးပေါက်ရှိတယ် ၊ စီတုအန်းရဲ့ သေဆုံးဗီဒီယိုကို ခင်ဗျား မြင်ဖူးခဲ့တာပဲ ၊ သူ့ရဲ့ ပင်ကိုယ်စရိုက်အရ အိမ်တစ်လုံးကို အတုလုပ်ထားလိမ့်မယ် "

ကောင်းမင်က စိတ္တဇသမားများ၏ ဓာတ်ပုံများကို သိမ်းဆည်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။

"စီတုအန်းက တံခါးပျက်တစ်ခုကို ရှာတွေ့နိုင်ခဲ့တာကို ကျွန်တော် လေးစားမိတယ် "

"သွေးတံခါးက အနီရောင်တစ္ဆေတစ်ကောင်နဲ့ ဆက်စပ်နေတာ ၊ မြို့တော်အရှေ့ပိုင်းက လုံခြုံရေးဌာနရဲ့ စွမ်းအားရင်းမြစ်က အနီရောင်တစ္ဆေဆီက လာတာပဲ ၊ ကျုပ်တို့ အားလုံးကို သတ်ဖြတ်လိုက်ရင် အနီရောင်တစ္ဆေက လွတ်လပ်မှုပြန်ရလာပြီး အနီးအနားက လူတိုင်းကို သတ်ပစ်လိမ့်မယ် "

ဟဲ့ယီက သူ့တန်ဖိုးကို ညှိနှိုင်းရန် ကြိုးစားလိုက်သည်။

"ဒါက ခင်ဗျားကို အသက်ရှင်ရက်ထားဖို့ အကြောင်းရင်းမလုံလောက်ဘူး "

ကောင်းမင်က ဓာတ်ပုံအားလုံးကို သိမ်းဆည်းလိုက်ပြီး နောက်တစ်ခန်းဖြစ်သော သားသတ်သမားများ၏ အိမ်သို့ လမ်းလျှောက်သွားလိုက်သည်။အပြင်ဘက်ရှိ ရုန်းရင်းဆန်ခတ်များသည် အလွန်ကျယ်လောင်လှသော်လည်း ထိုအခန်းအတွင်းတွင် မည်သည့်လှုပ်ရှားမှုမှ မရှိချေ။ယင်းသည် အလွန်ပင် မူမမှန်ဖြစ်နေ၏။

"ရှရန်က ဒီအခန်းထဲမှာပဲ ၊ သူဘာလုပ်နေတာလဲ "

ကောင်းမင်က သားစားကြူးနတ်ကို ဆင့်ခေါ်လိုက်သည်။သူက ကုန်းစီကို သူ့အား ကာကွယ်ခိုင်းလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။

အခန်းထဲမှ လူကို မြင်လိုက်ရသောအခါ ကောင်းမင်က လေအေးတစ်ချက် ရှူသွင်းမိလိုက်သည်။သူသည် ကံကြမ္မာကို မြင်လိုက်ရပုံ ရသည်။ဆုမိုသည် ပို့ဆောင်ရေးယူနီဖောင်းကို ၀တ်ဆင်ထားပြီး တံခါးဝတွင် ရပ်နေကာ တုန်လှုပ်သွားနေသည်။ သူသည် သားစားကြူးနတ်ကို အလွန်ကြောက်ရွံ့နေပြီး အသက်ရှုရန် မေ့နေခဲ့သည်။ဤမြင်ကွင်းသည် ကောင်းမင်နှင့် အလွန်ရင်းနှီးသည်။ အချို့သောအရာများသည် ပြောင်းလဲ၍မရပေ။ ကံကြမ္မာသည် သူ့အား မှတ်သားထားခဲ့ခြင်းဖြစ်သည်။

"ငါမင်းကို ရှရန်လို့ခေါ်ရမလား ဆုမိုလို့ ခေါ်ရမလား "

"ခင် ခင်ဗျား ကြိုက်သလို ခေါ်လို့ရပါတယ် "

ဆုမိုသည် ဒလီသေတ္တာကို ပိုက်၍ နံရံနှင့်တိုက်မိသည်အထိ နောက်ပြန်ဆုတ်လိုက်သည်။

ဆုမိုဆီမှ ဆေးသားများစီးကျလာပြီး ကောင်းမင်၏ နှလုံးသားထံ ပြန်ရောက်လာကြသည်။နတ်ဘုရား၏စွမ်းအားဖြင့် ဆရာရှသည် ကောင်းမင်၏ နှလုံးအတွင်း ပြန်ခေါ်ခံလိုက်ရသည်။

ကောင်းမင်သည် ဆုမိုကို လျစ်လျူရှု၍ အိမ်အတွင်း လျှောက်ဝင်လိုက်သည်။သူမြင်ရသော အရာသည် ဆုမိုမြင်ရသည်နှင့် ကွာခြား၏။

ပြိုကျနေသော အရိုးမြို့တော်ကြီးသည် စွမ်းအားတချို့ကြောင့် နိုးထလာပုံရသည်။ကောင်းမင်သည် သူ့နှလုံးသားထဲမှ နွေးထွေးမှုတစ်ခုကို ခံစားရသည်။သူက မွေးနေ့လူသေဓာတ်ပုံကို ထုတ်လိုက်သည်။ဓာတ်ပုံထဲမှ မိဘများသည် ပျက်စီးနေသောမြို့တော်ကြီးကို လှည့်ကြည့်လိုက်ကြသည်။

ဓာတ်ပုံထဲမှ အရိပ်များ သွန်းကျလာပြီး သွေးမြို့တော်ကြီးတစ်ခုလုံးကို စိုစွတ်သွားစေသည်။ အရိုးအပိုင်းအစများသည် အသက် ပြန်ဝင်လာပုံရသည်။ ၎င်းတို့သည် ကြီးထွားလာပြီး မကြာခင်မှာပဲ ဟန်ဟိုင်း၏ပုံစံငယ်မြို့သစ်တစ်ခုသည် ကောင်းမင်ရှေ့တွင် ပေါ်လာလေသည်။

"ဒါက ဘာလဲ "

"အရိပ်ကမ္ဘာရဲ့ မြေပုံပဲ "

ရှရန်၏အသံက ပြောလိုက်သည်။

"ငါ မင်းအတွက် အားလုံးအဖြေရှာပေးထားတယ် ၊ မင်းနဲ့ စီတုအန်းပဲ ဒီမြို့တော်ပုံစံငယ်ကို အမိန့်ပေးနိုင်တယ် ၊ ဒါက တံခါးနောက်မှာ ရှိသမျှထဲမှာ တန်ဖိုးအရှိဆုံး အရာပဲ ၊ မူမမှန်မှုတွေကြောင့် ဖြစ်ပေါ်လာသော လွှမ်းမိုးမှုတိုင်းကို ဒီမြေပုံကတစ်ဆင့် မင်း တိုက်ရိုက်ကြည့်လို့ ရတယ် "

All Chapters