အိမ်
Vol. 15 Ch. 223
သားသတ်သမားများ၏အိမ်ထဲ ဆုမိုဝင်လိုက်သောအခါ မြို့တော်ပုံစံငယ်သည် ပြိုကျခဲ့ပြီး တူညီသောအခန်းထဲ ကောင်းမင်ဝင်လိုက်ပြီးနောက် ပြန်လည်တည်ဆောက်သွားခဲ့သည်။အရိပ်ကမ္ဘာက ရွေးချယ်ထားသော ထိုမိဘများသည် အတုမရှိသော ထူးခြားမှုတစ်ခုခုကို ပိုင်ဆိုင်ထားပုံ ရလေသည်။
"မင်းရဲ့ လူသေဓာတ်ပုံကို မြို့ထဲမှာ ထားဖို့ ကြိုးစားကြည့်လိုက် ၊ မင်း စိုးရိမ်နေရင် ငါ့ပုံတူကို ထားလို့ရတယ် "
ရှရန်၏အသံမှာ ချိုသာနေ၏။အကြောင်းမသိသူများမှာ သူသည် ကောင်းမင်၏ မိတ်ဆွေဖြစ်သည်ဟု တွေးမိကြမည်ဖြစ်သည်။
"ရှူး ၊ စဉ်းစားပါရစေဦး "
ကောင်းမင်က မွေးနေ့လူသေဓာတ်ပုံကို ထုတ်၍ အသွေးအသားများဖြင့်ကြီးထွားနေသော မြို့တော်ပေါ်တွင် တင်လိုက်သည်။အသွေးအသားများဖြင့် ပြုလုပ်ထားသော မြို့သည် အသက်ဝင်လာပုံပြီး လူသေဓာတ်ပုံကို မြို့ထဲ ဆွဲသွင်းလိုက်လေသည်။တစ်ချိန်တည်းမှာပင် ကောင်းမင်နှင့် မြို့ပုံစံငယ်တို့ကြား ထူးခြားသည့် နှောင်ကြိုးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့စိတ်ထဲတွင် များစွာသော အချက်အလက်များ ထွက်ပေါ်လာ၏။ မြို့ပုံစံငယ်တွင် အမဲရောင်အစက်အပြောက်များ ပေါ်လာခဲ့သည်။အချို့အမဲရောင်များသည် ပျံ့နှံ့နေဆဲဖြစ်သည်။
"အဖြူရောင်က မြို့တော်ရဲ့သာမန်အဆောက်အဦးတွေပဲ ၊ အမဲရောင်ဖြစ်နေတဲ့ အမှောင်ဧရိယာတွေက မူမမှန်ဖြစ်ရပ်ကို ကိုယ်စားပြုတယ် ၊ အန္တရာယ်ပိုကြီးမားလေ အမှောင်က ပိုကြီးလေပဲ "
ရှရန်က ကြင်နာစွာရှင်းပြလိုက်သည်။
"အမှောင်ဧရိယာတွေထဲမှာ ရွေလျားနေတဲ့ အနီစက်တွေကို မင်းမြင်လား ၊ အဲ့ဒါတွေက သရဲတွေပဲ ၊ မင်းရဲ့ အသိစိတ်ကိုသုံးပြီး သူတို့ဆီ ချဉ်းကပ်လို့ရတယ် "
ကောင်းမင်က မျက်မှောင်ကြုံ့၍ မြေပုံကို စစ်ဆေးလိုက်သည်။သူက အနီစက်များထူထပ်နေသည့် နွေဦးအိမ်ယာကို ရွေးချယ်လိုက်သည်။မရင်းနှီးသည် ကြောက်စရာပုံရိပ်တစ်ချို့ သူ့စိတ်ထဲ ပေါ်လာလေသည်။သူ့အတန်းဖော်ဟောင်း ကျိုက်မေ့မေ့သည် ခေါင်မိုးတစ်လျှောက်တွင် ကင်းခြေများတစ်ကောင်သဖွယ် တွားသွားနေလေ၏။သူမနောက်ကျောတွင် အဆုံးမဲ့ နာကြည်းသရဲများရှိနေလေသည်။
"အနီစက်တစ်ခုတိုင်းက သရဲနီတစ်ကောင်ကို ကိုယ်စားပြုတာပဲ ၊ သရဲတွေရဲ့ မြင်ကွင်းကို ရယူဖို့ ဒီမြေပုံကို မင်းသုံးလို့ ရတယ် ၊ သေချာတာက အဓိကအချက်ကတော့ ဒီသရဲတွေကို အရိပ်ကမ္ဘာက ဝါးမြိုပြီးပြီ ဆိုတာပဲ "
"ဒီကိစ္စတွေကို ခင်ဗျား ဘယ်လိုသိနေတာလဲ "
ကျိုက်မေ့မေ့သည် ထိုမကောင်းဆိုးဝါးအဖြစ်သို့ ပြောင်းလဲသွားမည်ကို မမျှော်လင့်ခဲ့ပေ။တစ်ချိန်က ချစ်စဖွယ်လှပခဲ့သော မိန်းကလေးသည် သူမအမုန်းဆုံးဖြစ်သည့် တစ်စုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"မင်းမရောက်ခင်မှာ မြေပုံနဲ့ ချိတ်ဆက်ဖို့ ငါ့ကိုယ်ပိုင်ဝိညာဉ်ကို သုံးခဲ့ပြီးပြီ ၊ ဒါပေမယ့် ငါသူ့ရဲ့ ခွင့်ပြုချက်မရခဲ့ဘူး ၊ မကြာခင် မြေပုံပျက်စီးသွားတော့တာပဲ "
ရှရန်သည် ကောင်းမင်အား ကြီးထွားလာသော စူပါမကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။
"မင်းရဲ့ လူသေဓာတ်ပုံကို အလျင်စလို ပြန်မယူလိုက်နဲ့ဦး ၊ မင်းရဲ့ သိစိတ်ကို မြေပုံထဲ အပြည့်အဝ နစ်မြှုပ်သွားဖို့ ကြိုးစားကြည့်လိုက် ၊ ပြီးရင် အံ့ဩစရာတစ်ခုခုကို မင်းမြင်ရလိမ့်မယ် "
သံသယတချို့ဖြင့် ကောင်းမင်က သူပြောသည့်အတိုင်း လုပ်လိုက်သည်။သူ့ သိစိတ်အလျဉ်သည် ဟန်ဟိုင်းမြေပုံနှင့်အပြည့်အဝ ပေါင်းစပ်သွားသောအခါ သူကိုယ်တိုင်သည် မြေပုံဖြစ်လာကြောင်း သဘောပေါက်လိုက်သည်။သူ့မျက်လုံးများသည် အရိပ်ဖုံးလွှမ်းထားသည့် ဧရိယာများကို ကြည့်ရှုနေနိုင်လေသည်။သတင်းအချက်အလက်များစွာသည် သူ့စိတ်ထဲဝင်ရောက်လာပြီး သူ့စိတ်အား ပျက်စီးလုနီးပါးဖြစ်သွားစေသည်။ ကောင်းမင်သည် ချက်ချင်းပင် ကြောက်စိတ်ဖြင့် ဆုတ်ခွာလိုက်သည်။ရှရန်က သူ့နားထဲတွင် တစ်ခစ်ခစ်ရယ်လိုက်သည်။
"ငါမမှားဘူး မလား "
ကောင်းမင်မှာ ရှရန်နှင့်စကားများမနေခဲ့ပေ။သူ့စိတ်ထဲရှိ အချက်အလက်များကို စုစည်းလိုက်သည်။မြို့ပုံစံငယ်သည် စီတုအန်း၏ တန်ဖိုးအရှိဆုံးရတနာတစ်ခုဖြစ်သည်။မြေပုံသည် မူမမှန်မှုများကို မှတ်တမ်းတင်ပြီးနောက် ရရှိနိုင်သော ဆုလာဒ်များနှင့် မူမမှန်မှုများကို နိူးဆွမည့်နည်းလမ်းများကိုလည်း ပြသပေးနိုင်လေသည် ။အရိပ်ကမ္ဘာနှင့် လက်တွေ့ကမ္ဘာကြားတွင် ကန့်သတ်ချက်များရှိသည်။သွေးစတေးခြင်းမှလွဲ၍ မူမမှန်မှုများကို ဖြစ်ပေါ်စေရန် ဒေါသ၊ မုန်းတီးခြင်း သို့မဟုတ် နာကျင်ခြင်းကဲ့သို့သော ပြင်းထန်သည့် ခံစားချက်များ လိုအပ်ပေသည်။မူမမှန်မှု၏ သန္ဓေသားလောင်းသည် နိမိတ်လက္ခဏာတစ်ခုဖြစ်ပြီး မြေပုံပိုင်ရှင်သည် အဆိုပါအရာအား ခြောက်ခြားဇာတ်လမ်းအဖြစ် ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။
"ကောလဟာလတွေ ၊ နိမိတ်တွေ ၊ ကျိန်စာတွေနဲ့ ခြောက်ခြားမှုတွေ ဒါတွေက ငါ့ဂိမ်းဒီဇိုင်းတွေနဲ့ တူနေတာပဲ ၊ ငါ့ဦးနှောက်ထဲမှာ ဒီလိုမှတ်ဉာဏ်တွေ ထိန်းသိမ်းထားတယ် "
ကောင်းမင်၏ဂိမ်းများသည် ယခင်ကဖြစ်ခဲ့ဖူးသည့် ကြောက်မက်ဖွယ်ရာများကို အခြေခံထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သူသည် သူ့လူဝင်စားများထဲမှတစ်ယောက်သည် မြေပုံကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆိုလိုသည်။
"ငါအရင်က ဒီအဆင့်ကို ရောက်ခဲ့ဖူးတာလား "
"အရိပ်ကမ္ဘာမှာရှိတဲ့ မိဘတွေကပဲ မြေပုံပိုင်ရှင်ဖြစ်နိုင်တယ် ၊ မိဘတွေက မြေပုံမှာပြထားတဲ့ တောင်းဆိုချက်ကို ပြည့်စုံအောင်လုပ်နိုင်ခဲ့ရင် သူတို့ဟာ အရိပ်ကမ္ဘာက ဆုလာဒ်တွေ ရနိုင်တယ်"
ကောင်းမင်က သူ့ကို လျစ်လျူရှူထားသောကြောင့် ရှရန်က သူ့ဘာသာ ဆက်ရှင်းပြနေလိုက်သည်။
"မင်း ဒါကို အရင်က မြင်ခဲ့တာပဲ ၊ ဆုလာဒ်က အံ့အားသင့်စရာပဲ မလား "
ကောင်းမင်က ရှရန်ကို ပြန်မဖြေသေးပေ။မြေပုံသည် ရှရန်ကို အသိအမှတ်မပြုသည့်အတွက် သူကျေးဇူးတင်မိသည်။ အရိပ်ကမ္ဘာ၏ဆုလာဘ်များသည် အနည်းငယ်သာလွန်ပေသည်။၎င်းတို့ထဲမှ အချို့သည် ပရမ်းပတာဖန်တီးရန် နည်းလမ်းများ၊ မူမမှန်မှုများကို ပြုစုပျိုးထောင်ရန် နည်းလမ်းများနှင့် အလားအလာရှိတော့ အရူးများကို ရှာဖွေရန် နည်းလမ်းများ ပါဝင်သည်။
ဝိဉာည်ပြောင်းဆေးသည် အရိပ်ကမ္ဘာမှ စီတုအန်းကို ပေးခဲ့သော ဆုလာဘ်များဖြစ်သည်။သူ၏ပထမဆုံးအဆင့် ၃ မူမမှန်မှုကို စတင်နိုင်ခဲ့ပြီးနောက် ဒေါက်တာလုသည် သူ့အား ပေးခဲ့သောလက်ဆောင်ဖြစ်သည်။သူသည် စီတုအန်း၏ ပထမဆုံးမိသားစုဝင်ဖြစ်လာခဲ့သည်။
ထိုအရာထက် မူမမှန်ဖြစ်ရပ်အသစ်တစ်ခုကို လှုံ့ဆော်လိုက်တိုင်း ရရှိနိုင်မည့် အခြေခံဆုလာဘ်များလည်း ရှိနေသေးသည်။အဆင့် ၁ မူမမှန်သည် မြေပုံပိုင်ရှင်အား အရိပ်ကမ္ဘာ၏ကောင်းချီးကို ရရှိစေမည်ဖြစ်သည်။ကောင်းချီးဆယ်ခုသည် လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များကို များစွာတိုးတက်စေမည်ဖြစ်သည်။အဆင့် ၂ မူမမှန်မှုသည် ပိုင်ရှင်အား အဆိုးမြင်စိတ်ခံစားချက်အပိုင်းအစများ ရှိနိုင်စေသည်။အဆင့် ၃ မူမမှန်မှုသည် သရဲတစ်ချို့၏ မပြည့်စုံသော မှတ်ဉာဏ်များကို ရရှိရန် ခွင့်ပြုထားသည်။ထိုမှတ်ဉာဏ်များကို အစာချေဖျက်လိုက်ခြင်းသည် လူသားနှင့်သရဲ နှစ်မျိုးလုံးကို အလွန်အကူအညီဖြစ်စေနိုင်၏။
အဆင့် ၄ မူမမှန်မှုမှ စတင်၍ ဆုလာဘ်များသည် ခြောက်ခြားဖွယ်ရာများနှင့် ပိုဆက်နွယ်လာပေသည်။အဆင့် ၅ မူမမှန်မှုတစ်ခုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါက အရိပ်ကမ္ဘာသည် မြေပုံပိုင်ရှင်အား အရိပ်ကမ္ဘာ၏ သတ်မှတ်ထားသော စည်းမျဉ်းများ အသုံးပြုပိုင်ခွင့်ကိုပင် မြေပုံပိုင်ရှင်အား ပေးအပ်ရန် ဖြစ်စေနိုင်သည်။အရိပ်ကမ္ဘာသည် စီတုအန်းအား သူ့အတွက် အလုပ်လုပ်ပေးရန် များစွာဆွဲဆောင်ခဲ့သည်။
"ချင်ဂီက အမြင်အာရုံပျောက်ကွယ်သွားတာတောင် ဆက်တိုက်ခိုက်နိုင်သေးတာ အံ့ဩစရာမဟုတ်တော့ဘူး "
စီတုအန်း၏ လက်အောက်ငယ်သားအားလုံးသည် စူပါလူသားများဖြစ်ကြသည်။သူတို့အား ဒေါက်တာလုက အရိပ်ကမ္ဘာဖြင့် အဆင့်မြင့်တင်ထားခြင်းဖြစ်ပေသည်။အကယ်၍ ကောင်းမင်သည် သူ့ဘဝကို ပြန်လည်မစတင်ခဲ့ပဲ အရာအားလုံး စီတုအန်းနားမလည်သေးခင် ချင်ဂီနှင့်ဒေါက်တာလုတို့အား မဖယ်ရှားခဲ့ပါက စီတုအန်းမှာ အလွယ်တကူ အသတ်ခံခဲ့ရမည် မဟုတ်ပေ။
"ဒီမြေပုံက အရမ်းဆွဲဆောင်နေတော့တာပဲ "
ဟန်ဟိုင်းမြေပုံသည် အလွန်တန်ဖိုးရှိ၏။ ကောင်းမင်သည် စီတုအန်း၏ ပင်ကိုယ်စရိုက်ကြောင့် အလွန်အရေးကြီးသော အရာတစ်ခုတွင် ဗုံးတစ်လုံးကို ချိတ်ထားခဲ့သလို ခံစားရသည်။သူသေဆုံးပြီးနောက် ယင်းကို မီးစာတပ်ထားခဲ့ပေသည်။ သူသေပြီးတော့ ဘာကြောင့် ဒီလောက်ကောင်းတဲ့ အရာကြီးကို ချန်ထားခဲ့ရတာလဲ။
"သူဒါကို လုပ်ရတဲ့ အကြောင်းပြချက် ရှိကို ရှိရမယ် ..."
ထိုအရာကိုတွေးမိခြင်းသည် ကောင်းမင်ရူးနေသောကြောင့်မဟုတ်ပေ။ မြေပုံတွင် အမှတ်အသားပြုထားသည့် တည်နေရာတစ်ခုရှိသည်။ မြို့ဟောင်းဆေးရုံကြီးအနီးတွင်ဖြစ်သည်။
စီတုအန်းသည် ထိုနေရာကို 'အိမ်'ဟူသော စကားလုံးဖြင့် အမှတ်ပြုထား၏။ဆေးရုံသည် သူ၏အိမ်အစစ်အမှန်ဖြစ်ကြောင်း ပြောပြနေပုံရသည်။
"စီတုအန်းက အရမ်းသဘောကောင်းလိမ့်မယ် မထင်ဘူး၊ သူက တခြားမိဘတွေကို ဆေးရုံထဲ ဝင်စေချင်နေတာပဲ "
မြို့ပုံစံငယ်ရှေ့တွင်ရပ်နေရင်း ကောင်းမင်၏ မျက်လုံးများသည် ချိုင့်ဝင်လို့နေ၏။အခန်းတွင်းအပူချိန်မှာ လျော့ကျလာခဲ့သည်။ထောင့်တစ်ခုတွင် ရှိနေသော ဆုမိုသည် စောင်တစ်ထည်ကို တိတ်တဆိတ်ထုတ်၍ သူ့ကိုယ်သူ ခြုံလိုက်လေသည်။