သာမန်လူ
Vol. 15 Ch. 224
ထူးဆန်းသော လူများ။
ကြောက်မက်ဖွယ်ရာ သရဲများ။
ဆန်းကြယ်သော အခန်းများ။
ထိုအခြေအနေတွင် ဆုမိုသည် သူ့ကို စောင်တစ်ထည်ပေးခဲ့သော ပါးစပ်လေးခု အန်တီကြီးသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု မခံစားရတော့ပေ။ထိုစောင်သည် သူ့တွင်ရှိသည့် တစ်ခုတည်းသော 'ကျိန်စာသင့်ပစ္စည်း'ဖြစ်သည်။စောင်ကို ခပ်တင်းတင်းခြုံထားရင်း ဆုမိုသည် ထွက်ပြေးရန်အတွက် တံခါးနားသွားရန်ကြိုးစားလိုက်သည်။သို့သော် ကျန်းတင်းသည် အပြင်ဘက်တွင် ရပ်လျက်ရှိနေလေသည်။ရင်ဘတ်တွင် ရေများစိမ့်ထွက်နေသော ဘော့စ်ကျန်းသည် ကော်ရစ်ဒါကို ထိုးဖောက်ဝင်ရောက်စဉ် ရေလွှမ်းမိုးမှုထဲသို့ နစ်မြုပ်နေခဲ့သည်။
ဆုမိုသည် ရှေ့တံခါးမှ ထွက်လို့မရနိုင်သောကြောင့် တခြားထွက်ပေါက်တစ်ခုရှာရန် ကြိုးစားလိုက်သည်။သူက ကောင်းမင်ထံမှ ထွက်သွားရန် အကောင်းဆုံးကြိုးစားနေသော်လည်း အရိုးမြို့တော်၏ အစွန်းကို မတော်တဆထိမိသွားလေသည်။ကောင်းမင်သည် မြို့မှတစ်ဆင့် ဆုမို ရောက်ရှိနေခြင်းကို သတိပြုမိသည်။ မြေပုံသည် သူ့အား အချက်အလက်အသစ်တစ်ခု ပေးခဲ့သည်။
"ဆုမို- အကြမ်းဖက်မှု မရှိ ၊ ထကြွမှု မရှိ ၊ အန္တရာယ် မရှိ ။ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု အလွန်နည်းပါးသည်။ အရိပ်၏ တိုက်စားမှု အခွင့်အလမ်း နည်းပါးသည်။ စွန့်ပစ်ရန် အကြံပြုပါသည် "
မြေပုံကို ဆုမိုထိမိခဲ့ပြီးနောက် ကောင်းမင်မှာ သတင်းအချက်အလက်အသစ် ရလာခဲ့သည်။အရိပ်ကမ္ဘာရှိ မိဘအားလုံး၏ နောက်ဆုံးပန်းတိုင်သည် မရဏဟန်ဟိုင်းမြို့တော်၏ ပိုင်ရှင်အသစ်ဖြစ်လာရန်ဖြစ်သည်။သူတို့သည် အရိပ်ကမ္ဘာကို အသက်များရရှိရန် ကူညီပေးကြမည်ဖြစ်သည်။လက်တွေ့ကမ္ဘာတွင် မူမမှန်ဖြစ်ရပ်ကို နိူးဆွ၍ အရိပ်ကမ္ဘာ၏ကောင်းချီးကို ရရှိနိုင်သော မိဘများသည် ထိုကောင်းချီးများကို သူတို့မိသားစုဝင်များထံ ဆုလာဘ်ပေးနိုင်ပေသည်။မိသားစုဆိုသည်မှာ အရိပ်ဟန်ဟိုင်း၏ ပြည်သူလူထုဖြစ်သည်။အရင်က မြေပုံပေါ်မှ နံပါတ်သည် ၂၀၇ ဖြစ်သော်လည်း ထိုမြေပုံကို ကောင်းမင်သိမ်းပိုက်လိုက်ပြီးနောက် နံပါတ်များမှာ သုညပြန်ဖြစ်သွား၏။
"ဒီမှာ ဆုမိုရောက်နေတာဟာ ကံကြမ္မာရဲ့ဝင်ရောက်စွက်ဖက်မှုနဲ့ တူသယ် ၊ သားသတ်သမားတွေရဲ့အိမ်ထဲကို ရှရန်ဝင်လို့ရအောင် သူကူညီပေးခဲ့တဲ့အတွက် ငါ သူ့ကို အကြွေးတင်နေတယ် "
စီတုအန်း၏ ရတနာများအား အိမ်အစစ်ထဲတွင် ဝှက်ထားပေသည်။မြေပုံထဲတွင် စီတုအန်းအသုံးပြုရန် အခွင့်မရေးမရခဲ့သည့် ကောင်းချီးအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ကောင်းမင်က ထိုကောင်းချီးအားလုံးကို ဆုမိုကို ပေးရန် ဆုံးဖြတ်လိုက်သည်။သူ့အသိစိတ်က အရိုးမြို့တော်ကို ထိန်းချုပ်လိုက်လေသည်။အရိပ်သည် ဆုမိုထံ ပြေးဝင်လာပြီး သူ့အား မြေပုံအလယ်သို့ ဆွဲချသွား၏။
ဆုမိုက အော်ဟစ်လိုက်သည်။သို့သော် အရိပ်များက သူ့ကို မထိခိုက်စေကြောင်း မကြာမီ သူနားလည်လိုက်သည်။အရိပ်ကမ္ဘာ၏ ကောင်းချီးပေးခြင်းသည် မတူညီသော လူများအပေါ် မတူညီစွာ အလုပ်လုပ်၏။ကောင်းမင်က ဆုမိုကို ဂရုတစိုက်လေ့လာလိုက်သည်။နောက်ဆုံးတွင် ကောင်းမင် မျက်မှောင်ကြုံ့လိုက်လေသည်။ကြောင်တစ်ကောင်ဖြစ်သော ဖကိုင်ပင်လျှင် အရိပ်ကမ္ဘာ၏ ကောင်းချီးကို ကြိမ်ဖန်များစွာရခဲ့သောကြောင့် သန္ဓေပြောင်းနေခဲ့ပြီဖြစ်သည်။သို့သော် ဆုမိုသည် ရုပ်ပိုင်းဆိုင်ရာအနည်းငယ်သန်မာလာရုံသာ ဖြစ်သည်။
"သူက ဖြောင့်မတ်လွန်းပြီး အရိပ်ကမ္ဘာရဲ့ နိယာမကို ဆန့်ကျင်နေလို့လား ၊ ဒါပေမယ့် ဒီလိုဆိုရင် သူက ဘာလို့ ဒီရောက်နေရတာလဲ ၊ ရှရန်က သူ့ကို တစ်ခုခုလုပ်ထားတာလား "
ဆုမို၏အခြေအနေအရ အရိပ်ကမ္ဘာက ရွေးချယ်ထားခြင်းဖြစ်သည်။အရိပ်ကမ္ဘာ၏ ကောင်းချီးကို ဆက်နားလည်နိုင်ရန် ကောင်းမင်က နောက်ဆုံးကောင်းချီးကို သူ့ခန္ဓာကိုယ်ထဲ လမ်းညွှန်လိုက်သည်။
"ကောင်းချီးဆယ်ခုက ဆုမိုကို ဘာမှ မဖြစ်စေဘူး ၊ ကောင်းချီးတစ်ခုလောက်တော့ ငါ့အတွက် အဆင်ပြေမှာပါ "
အဆောက်အဦးတစ်ခုထဲမှ အရိပ်သည် သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွား၏။သားစားကြူးနတ်က သတိပေး၍ ဟိန်းဟောက်လိုက်သည်။လက်ရှစ်ဖက်သည် ကောင်းမင်၏ ခြေလက်များကို ဆုပ်ကိုင်၍ ၎င်းတို့ကို ဆုပ်ခြေရန် ကြိုးစားလိုက်သည်။သူ့အရေပြားပေါ်တွင် ဒဏ်ရာများ ပေါ်လာခဲ့သည်။အရိပ်များထဲတွင် အော်ဟစ်သံများလည်း ရှိနေ၏။အားတစ်ချို့သည် သားစားကြူးနတ်ကို တိုက်ခိုက်နေလေသည်။၎င်းတို့သည် ကောင်းမင်၏ ခန္ဓာကိုယ်အား စစ်မြေပြင်အဖြစ်သုံး၍ တိုက်ခိုက်နေကြခြင်းဖြစ်သည်။အသားနှင့် အာရုံကြောများ၏ တိုက်ပွဲဖြစ်သည်။
ကောင်းမင်၏နာကျင်မှုသည် တိုင်းတာမရပေ။အရိပ်ကမ္ဘာ၏ကောင်းချီးများသည် သူ၏အဆိုးမြင်အတွေးတိုင်းထဲသို့ ဖောက်ဝင်သွားပြီး ကြောက်စရာကောင်းသောအတွေးအခေါ်များ ကြီးထွားလာစေသည်။သားစားကြူးနတ်သည် သဘာဝကျစွာပင် ပြင်ပစွမ်းအားကြောင့် ကောင်းမင်အား အသွင်ပြောင်းစေရန် ခွင့်ပြုလိမ့်မည်မဟုတ်ချေ။သူသည် အတွေးများကို တွန်းထုတ်လိုက်ပြီး အရိပ်များအားလုံးကို ဖြိုခွဲရန် ကောင်းမင်၏ သွေးထဲသို့ ဝင်ရောက်သွားလေ၏။
ဆုမိုသည် ကောင်းချီးများစွာ ရခဲ့သော်လည်း အဆင်ပြေနေသေးသည်။ကောင်းမင်မှာ ကောင်းချီးတစ်ခုတည်းသာ သုံးခဲ့သော်လည်း အသက်ဆုံးရှုံးလုမတတ်ဖြစ်နေ၏။သားစားကြူးနတ်သည် အရိပ်ကို ဖျက်ဆီးရန်အတွက် သူ့ကို သတ်မိလုနီးပါးဖြစ်ခဲ့သည်။
"သားစားကြူးနတ်က အရိပ်ကမ္ဘာကို ဆန့်ကျင်တိုက်ခိုက်နေတယ် ၊ သူက အရိပ်ကမ္ဘာက ငါ့ကို ကောင်းချီးပေးမှာကို ခွင့်မပြုဘူးပဲ "
ကောင်းမင်သည် ကောင်းချီးမင်္ဂလာကို ခံစားရန် ကံမပါသောကြောင့် အခြားအရာများကို စုပ်ယူလိုက်ရသည်။ အတွေ့အကြုံက လုံးဝအသုံးမဝင်သည်တော့ မဟုတ်ပေ။ဒဏ်ရာဗလပွဖြစ်သော ကောင်းမင်၏ ရုပ်ပိုင်းဆိုင်မှာ တိုးတက်လာခဲ့ပြီး အမှောင်ထဲတွင် ဆက်လက်မြင်နိုင်စွမ်း ရှိလေသည်။အကြံဉာဏ်များစွာသည် သူ့စိတ်ထဲတွင် ပိုမိုခိုင်မာလာခဲ့သည်။ယင်းသည် ဖော်ပြရန် ခက်ခဲသော ခံစားချက်တစ်ခုဖြစ်သည်။ယင်းသည် ကြောက်စရာအရာများကို သူလုပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါက သူအောင်မြင်လိမ့်မည်ဟူသော ခံစားချက်မျိုးဖြစ်သည်။
"သာမာန်ကောင်းချီးပေးတာက တစ်ဦးချင်းပေါ်မူတည်ပြီး ကွဲပြားတယ် ၊ လူတစ်ဦးချင်းစီဟာ အရိပ်ကမ္ဘာရဲ့ သဘောသဘာဝနဲ့ နီးကပ်လေလေ ကောင်းချီးရဲ့ အကျိုးသက်ရောက်မှု ကြီးမားလေလေပဲ ၊ ငါ့အတွက်တော့ သားစားကြူးနတ်က ကောင်းချီးကို တိုက်ရိုက်စားပစ်လိုက်တာပဲ "
နည်းလမ်းတကျဆိုလျှင် ကောင်းမင်သည် အရိပ်ကမ္ဘာ၏ အဖွဲ့ဝင်မဟုတ်ပေ။ အရိပ်ကမ္ဘာသည် သူ၏များစွာသော သေဆုံးမှုများအတွက် 'တာဝန်' ရှိပေသည်။
ကောင်းမင်သည် စီတုအန်းက အိမ်အဖြစ်မှတ်သားထားသော ဆေးရုံသို့ ရောက်လာခဲ့သည်။သူက အဆောက်အဦးထဲ သူ့သိစိတ်အလျဉ်ကို ပို့လွှတ်ရန် ကြိုးစားလိုက်သော်လည်း ဘာမှ မမြင်ရပေ။
"စီတုအန်းက ဒီဆေးရုံမှာ မိဘတစ်ယောက်ဖြစ်လာဖို့ ရွေးချယ်ခံခဲ့ရတာလား "
ကောင်းမင်က အရိုးမြို့တော်ထဲမှ ပြန်ထွက်လိုက်ပြီး သူ့မွေးနေ့ဓာတ်ပုံကို ပြန်ထုတ်လိုက်သည်။အရိုးမြို့တော်သည် သူ့ရှေ့တွင် ပြိုကျသွားလေသည်။အရိုးနှင့်အသားများသည် တုန်ယင်နေကြသည်။
"မြေပုံကို သားသတ်သမားရဲ့အိမ်ကနေ ယူသွားလို့ မရဘူးပဲ ၊ ဒါက တော်တော်လေး ဒုက္ခများတယ် ၊ တံခါးတစ်ချပ်ကိုတော့ တစ်ချိန်လုံး ငါမသယ်ထားနိုင်ဘူးနော် "
မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနသည် စီတုအန်း၏ နယ်မြေဖြစ်သည်။ထို့ကြောင့် တံခါးကို ထိုနေရာတွင် သူဝှက်ထားခြင်းဖြစ်သည်။ကောင်းမင်မှာ အိမ်ရာအတည်တကျ မရှိသေးချေ။လက်ရှိ သူ့အိမ်သည် ကိတ်မုန့်ဆိုင်သူဌေးထံမှ ငှားထားခြင်းဖြစ်သည်။
"ထားလိုက်ပါတော့ ၊ အရင်ဆုံး ငါထွက်သွားရမယ် ၊ပြီးတော့ တံခါးထဲက စုံစမ်းရေးမှူးတွေကို ငါခေါ်ထုတ်သွားဖို့လိုတယ် "
ကောင်းမင်က သူ့ခန္ဓာကိုယ်ကို အလုပ်ပေး၍ ဆုမိုထံ လက်ဆန့်လိုက်သည်။
ယင်းကိုမြင်သောအခါ ဆုမို၏ ပထမဆုံးတုန့်ပြန်မှုမှာ နောက်ဆုတ်ရန်ဖြစ်သည်။
"မင်း အခုထိ ရှင်သန်နိုင်သေးတာ ဆန်းကြယ်ဖြစ်ရပ်တစ်ခုပဲ ၊ကံကြမ္မာကြောင့် မင်းကျရှုံးနေတယ်ဆိုရင်တောင် အရေးမကြီးပါဘူး "
ကောင်းမင် က ဆုမိုကို ထရပ်နိုင်အောင် ကူညီပေးလိုက်သည်။
"မင်းရဲ့ ခန္ဓာကိုယ်က သန်မာလာပြီ ၊ မင်းရဲ့နှလုံးသားကို လမ်းကြောင်းမှန်ပေါ် ထားပြီး ရှင်သန်သွားပါ "
"ဆန်းကြယ်တာလား "
ဆုမိုက မရေမရာမေးလိုက်သည်။
"ကျွန်တော်က မြေပုံရဲ့ ဆန်းကြယ်အခွင့်အရေးကို နိူးဆွနိုင်ခဲ့တာလား ၊ ခင်ဗျားက ဘယ်သူလဲ ၊ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ ၊ ဘာလို့ ခင်ဗျားက အရမ်းရင်းနှီးသလိုဖြစ်နေတာလဲ "
ကောင်းမင်က ပြန်မဖြေခဲ့ပေ။အခန်းထဲမှ ထွက်ခွာပြီး သူပထမဆုံးလုပ်သည့်အရာမှာ ရွှမ်ဝမ်ထံ မက်ဆေ့တစ်စောင်ပို့လိုက်ခြင်းပင်။
မကြာမီ ကစားသမားများအားလုံး မက်ဆေ့တစ်စောင် ရလိုက်ကြသည်။
"ကစားသမား အသံတိတ်သိုးကလေးဟာ အံ့ဖွယ်ဖြစ်ရပ်ကို နိူးဆွခဲ့ပါတယ် "
"ကြံ့ခိုင်သော ခန္ဓာကိုယ် + ၁
ယင်ဝိဉာည် + ၃ !
သူဟာ အရိပ်ကမ္ဘာရဲ့ ဟန်ဟိုင်းမြို့သားအဖြစ် သာမန်အိုင်ဒီကို ရရှိခဲ့ပါတယ် "
ကောင်းမင်၏ ပန်းတိုင်မှာ အောင်မြင်ခဲ့ပြီဖြစ်သည်။ ဟန်ဟိုင်း၏ လူအများသည် ခြောက်ခြားဂိမ်းကစားသူများအကြောင်း သိရှိသွားကြချေပြီ။ သူသည် စီတုအန်း၏ အရေးကြီးဆုံးရတနာကိုလည်း ရရှိခဲ့လေသည်။
"ငါတို့ ဒီတံခါးကို လူသေဓာတ်ပုံထဲ ထည့်မရဘူးကွ ၊ တံခါးရဲ့ တစ်ဖက်က လက်တွေ့ကမ္ဘာကို ဆက်သွယ်ထားပြီး နောက်တစ်ဖက်က အရိပ်ကမ္ဘာနဲ့ ဆက်သွယ်ထားတာ ၊ ငါတို့ ဒါကို သယ်သွားမှ ဖြစ်မယ် "
ကျန်းတင်းက ဆုမိုကို ပစ်ထုတ်လိုက်ပြီးနောက် သွေးတံခါးအနီး ချည်းကပ်ရန် ကြိုးစားလိုက်သည်။