တံခါးကို စိုက်ထူခြင်း
Vol. 15 Ch. 225
မြှုပ်နှံခံထားရသော စုံစမ်းရေးမှူးများကြောင့် တံခါး၏မူလအသွင်အပြင်ကို မမြင်နိုင်တော့ပေ။သို့သော်လည်း ကျန်းတင်းသည် တံခါးနောက်ကွယ်တွင် ပုန်းကွယ်နေသော အင်မတန်ကြောက်စရာကောင်းသည့် အရာတစ်ခုကို အာရုံခံမိလိုက်သည်။စုံစမ်းရေးမှူးများအောက်တွင် ပုန်းနေသော ထိုအရာကြီးသည် ကျန်းတင်းကို ပြန်စိုက်ကြည့်နေလေသည်။
"ဒါက ဒုက္ခများတာပဲကွာ "
ကျန်းတင်း ညည်းတွားပြီးရုံသာရှိသေးသည် ကြီးမားသည့် လက်ရှစ်ဖက်က သွေးတံခါး၏ အစွန်းကို ဆုပ်ကိုင်လိုက်သည်။ကုန်းစီက နှိပ်စက်ခန်းထဲမှ ထွက်လာပြီး ကောင်းမင်နောက်တွင် ရပ်လိုက်သည်။မည်သည့်သတိပေးချက်မှ မပါပဲ ကုန်းစီက အကြမ်းတမ်းဆုံးနည်းလမ်းဖြင့် သွေးတံခါးကို ဆွဲဖက်လိုက်လေသည်။ ကောင်းမင်၏အမိန့်ဖြင့် ကုန်းစီသည် သူ့ခြေထောက်များကို သွေးအညစ်အကြေးများအတွင်း နစ်မြုပ်လိုက်သည်။ သူသည် တံခါးကို မြေပြင်ပေါ်မှ ဆွဲတင်ရန် ကြိုးစားရင်း သရဲမျက်နှာလေးခုက ဟိန်းဟောက်လိုက်လေသည်။
"မင်း ရူးနေပြီပဲ ! "
ကျန်းတင်းတွင် ရွေးချယ်စရာမရှိတော့ပဲ ကောင်းမင်နှင့်ပူးပေါင်းလိုက်ရသည်။သူသည် တံခါးနှင့်ကြမ်းပြင်နဲ့ ချိတ်ဆက်ထားသည့် နေရာအား ပေါက်ကွဲစေရန် ရေကို အသုံးပြုလိုက်သည်။သူသည် သွေးအဖုအပိမ့်များကို ဆေးကြောလိုက်ပြီးနောက် အမြစ်ကဲ့သို့ သွေးကြောမျှင်များကို ထွက်ပေါ်စေခဲ့သည်။
"သွေးတံခါးက အဆောက်အဦးထဲမှာ ကြီးထွားလာဖို့ ဒီသွေးကြောတွေကို အသုံးပြုနေတာပဲ "
ဆယ်လွှာတစ်ခုလုံး သွေးကြောမျှင်များ တွားထွက်လာလေသည်။ထိုတံခါးကို ရွေ့ပြောင်းရန်အတွက် သွေးကြောများကို ဦးစွာ ဖယ်ရှားရမည်ဖြစ်သည်။အဆောက်အဦးမှာ တုန်ခါလို့နေ၏။ ကောင်းမင်သည် မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာန၏ ဗဟိုချက်ဖြစ်သော တံခါးကို ဆွဲနူတ်ပစ်လိုက်သည်။
ကောင်းမင်က ကုန်းစီကို သူ့နှလုံးအတွင်း ပြန်ပို့ရန်ကြိုးစားလိုက်သည်။သို့သော်လည်း ကုန်းစီသည် သူ့အနားပင် ချဉ်းကပ်မလာပဲ တံခါးကို သူ့နှလုံးအတွင်း ပစ်ထည့်ခါနီးဖြစ်နေ၏။
"အခု ထွက်သွားကြမယ် "
ကျန်းတင်းသည် တံခါးကို သူ့လူသေဓာတ်ပုံထဲထည့်၍ သယ်ဆောင်ရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။
"တံခါးက ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးတဲ့ လမ်းကြောင်းပဲ ဒါပေမယ့် ကမ္ဘာနှစ်ခုလုံးက တံခါးကို မတည်ရှိစေချင်ကြဘူး "
ကျန်းတင်းမှာ အခြားရွေးချယ်စရာမရှိတော့ပဲ တံခါးကို အဝတ်နက်တစ်ထည်ဖြင့် ဖုံး၍ သူ့နောက်ကျောတွင် သယ်လိုက်လေသည်။
"သွားကြစို့ ၊ အသုံးဝင်တဲ့ ပစ္စည်းမှန်သမျှ ယူခဲ့ကွာ "
နှစ်ယောက်သား ကော်ရစ်ဒါအတိုင်း ပြေးထွက်လာကြသည်။ကောင်းမင်သည် တစ်စုံတစ်ယောက်က သူ့အားစိုက်ကြည့်နေကြောင်း ခံစားလိုက်ရသည်။၁၁လွှာသို့ ထပ်ကိုသွားသော ကော်ရစ်ဒါကို သူလှည့်ကြည့်လိုက်သည်။ သူ ထွက်သွားခါနီးမှာ ရှရန်ကရုတ်တရက် ပြောလိုက်၏။
"ဒီနေရာက လူသစ်တွေအတွက် ဖန်တီးထားတဲ့ လေ့ကျင့်ရေးပရိုဂရမ်တွေက တော်တော်စိတ်ဝင်စားစရာကောင်းတယ် ၊ အဲ့ထဲက တချို့က မင်းအတွက် အကျိုးရှိနိုင်တယ် "
"ခင်ဗျားရဲ့အာရုံကိုဖမ်းစားနိုင်တဲ့ သရဲက ထူးခြားမှာပဲ "
ကောင်းမင်က ရှရန်ကို ကောင်းကောင်းသိပေသည်။ သူ ၁၁လွှာကို လျှောက်သွားလိုက်သော်လည်း မည်သည့်သရဲ အရိပ်အယောင်ကိုမှ ရှာမတွေ့ခဲ့ပေ။
"မင်းက အမြဲတမ်း ငါ့ကို မယုံကြည်ခဲ့တာပဲလေ "
ရှရန်က ညှဉ်းပန်းနှိပ်စက်သည့်အခန်းကို လှည့်ပတ်သွားလိုက်သည်။ သူ့တွင် အပြုံးတစ်ခုရှိနေ၏။
စီတုအန်းက သူ့ကို စိုက်ကြည့်နေ၏။သူဘာတွေးနေသည်ကို ပြောရခက်ပေသည်။
ကောင်းမင်က များစွာသော ပစ္စည်းကိရိယာများကို တွေ့ရှိခဲ့သည်။သူက ထိုပစ္စည်းအားလုံးကို ရေထဲပစ်ထည့်လိုက်ပြီး ကျန်းတင်းက စူပါမားကတ်ထဲယူဆောင်သွားခဲ့သည်။
"အထောက်အပံ့ဌာန မန်နေဂျာကျန်းချန်ကတော့ ထွက်သွားပြီ ၊ သူ့မှာ စီတုအန်းရဲ့ လူသေပုံတူရှိနေတာ ၊ သူက ငါဟန်ဆောင်ထားတာကို သိပုံရတယ် ၊ ငါ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မပေးခဲ့ဘူးလေ "
ရှရန်က နောင်တရစွာပြောလိုက်သည်။
"ဒါပေမယ့် အထောက်အပံ့ဌာန အဖွဲ့ဝင်တွေ အကုန်လုံးကို ပန်းချီကားတွေထဲမှာ ငါပိတ်လှောင်ထားလိုက်တယ် ၊ မင်း ပစ္စည်းတွေကို ဘယ်လိုခွဲခြားရမလဲ စဉ်းစားနေတုန်း အလုပ်သမားတစ်စုကိုလည်း စတိုခန်းထဲမှာ ငါပိတ်ထားလိုက်သေးတယ် "
ဆရာရှသည် သူ့ကိုယ်သူ အဆင့်အတန်းမြင့်မြင့်ထား၏။ သူသည် ကြယ်ငါးပွင့် စားဖိုမှူးတစ်ယောက်ကဲ့သို့ဖြစ်နေသော်လည်း သူ့ကိုယ်သူ ဆူပူနေဆဲဖြစ်သည်။
ကောင်းမင်နှင့်ကျန်းတင်းတို့က စတိုခန်းတံခါးကို ကန်ဖွင့်လိုက်ကြသည်။စုံစမ်းစစ်ဆေးရေးဌာန၏ သိမ်းဆည်းမှုများကြောင့် သူတို့ အံ့အားသင့်သွားကြသည်။ အခန်းထဲတွင် အစားအသောက် နဲ့ ရေ အပါအဝင် ပစ္စည်းမျိုးစုံရှိပေသည်။ စီတုအန်းသည် ကံဆိုးမိုးမှောင်ကျသည့်နေ့သို့ ရောက်ရှိလာခြင်းအတွက် အမှန်တကယ် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။တားမြစ်ဂိမ်းဟဲလ်မက်များ ၊ အခြားနိုင်ငံများက ပိတ်ပင်ထားသော ပစ္စည်းများနှင့် ကောင်းမင်၏နှလုံးကို အေးခဲစေသည့် ပစ္စည်းများလည်း ရှိနေချေသည်။
"ဒီပစ္စည်းတွေအားလုံးကို ငါ့စူပါမားကတ်ထဲ ပို့ရမှာ သေချာရဲ့လား "
ကျန်းတင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"သေချာတာပေါ့ "
ကောင်းမင်က ခေါင်းငြိမ့်လိုက်သည်။
ကျန်းတင်းမှာ အလွန်ပျော်ရွှင်နေတော့သည်။သူ ခုနှစ်ဆယ်ရာခိုင်နူန်းလောက် သိမ်းဆည်းပြီးချိန်တွင် ကောင်းမင်သည် ဝေတယိုထံမှ မက်ဆေ့တစ်စောင်ရလိုက်သည်။ဌာနချုပ်မှ လူများ လာနေကြပြီဖြစ်သည်။
ကောင်းမင်သည် ကျန်းတင်းကို သတိပေးလိုက်ပြီး နှစ်ဦးသား လျင်မြန်စွာ ဆုတ်ခွာလိုက်ကြသည်။
မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနအပြင်ဘက်ရှိ ဖရိုဖရဲဖြစ်ရပ်များသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ထို အဓိပ္ပါယ်မရှိသော ညသည် ဟန်ဟိုင်း၏ ဘေးကပ်ဆိုးကို တရားဝင်စတင်လိုက်ချေပြီ။ဆန့်ကျင်မှုများ ပြင်းထန်လာသော်လည်း အမိန့်ကို ထိန်းသိမ်းထားသည့် လူအနည်းငယ်ရှိပေသေးသည်။လူများသည် သူတို့နှလုံးသားထဲအကြောက်တရားကို ဒေါသတရားဖြင့် ကျော်လွှားခဲ့ကြသည်။လမ်းများမှာ ချိတ်ပိတ်ခံထားရသည်။မုန်တိုင်းသည် ယာဉ်ကြောများကို တားဆီးထားသည်။စုံစမ်းစစ်ဆေးမှုသည် ပို၍ပင် အလေးအနက်ဖြစ်လာ၏။
ညတာသည် ရှည်လျားလာ၏။မြို့တော်ရှိ အလင်းရောင်များမှာ မှိန်ဖျော့နေခဲ့သည်။လက်တစ်စုံက မြို့တော်ကို ဖုံးအုပ်ထားသလိုပင်။မြို့တော်အပြင်ဘက်ရှိ လူများသည် မြို့တွင်းတွင် ဘာဖြစ်နေမှန်းမသိကြချေ။ဘေးကပ်ဆိုးသည် အခြားနေရာများကို ပျံ့နှံ့သွားပါက ဘာဖြစ်မည်မှန်း မြို့ထဲကလူများ မသိပါချေ။
စီတုအန်း၏ နောက်ဆုံးဗီဒီယိုကြောင့် အင်တာနက်မှာ ကန့်သတ်ခံလိုက်ရသည်။ဟန်ဟိုင်းပြည်သူများသည် ပုဂ္ဂလိကကွန်ယက်များမှသာ သတင်းအချက်အလက်များ ရယူ ဖလှယ်နိုင်တော့သည်။သူတို့အများစုသည် ခြောက်ခြားအစစ်အမှန်ရောက်ရှိနေပြီဖြစ်ကြောင်း သဘောမပေါက်ကြသေးပါပေ။
နံနက် ၂နာရီ၌ ကောင်းမင်က အားလုံးကို ဦးဆောင်၍ လီစန်းသို့ ပြန်လာခဲ့သည်။သူ အရိပ်ကမ္ဘာထဲ ပြန်မသွားခင် ပြဿနာတစ်ခု ကျန်နေသေးသည်။တံခါးကို ဘယ်မှာ ထားရမလဲ ။
တံခါးသည် ၎င်းတည်ရှိသည့် အဆောက်အဦးတစ်ခုလုံးကို သက်ရောက်လိမ့်မည်ဖြစ်သည်။၎င်းသည် စုံစမ်းရေးမှုးများကို ဆွဲဆောင်ပေလိမ့်မည်။အကယ်၍ ၎င်းကို ဝေးလံချောင်ကျသောနေရာတွင် ထားရှိပါက ကောင်းမင်သည် ဟန်ဟိုင်းအရိပ်မြေပုံကို ဝင်ရောက်ရန် အခက်တွေ့မည်ဖြစ်သည်။
"စုံစမ်းစစ်ဆေးရေးဌာနက အခန်း၁၃က ကျောင်းသားတိုင်းကို စာရင်းလုပ်ထားတာ ၊ မင်း ထွက်ပြေးလို့မရဘူး ၊ လုံခြုံရေးအဖွဲ့ဝင်တွေကို မြှူဆွယ်ဖို့ တံခါးကို ငါးစာအဖြစ် မင်း အသုံးပြုသင့်တယ် "
ရှရန်က အကြံပြုလိုက်သည်။
"တံခါးကို ဘာလို့ ငါ့အိမ်မှာ မထားတာလဲ ၊ ငါ့သားနဲ့ ငါက တကျိုက်နဲ့ လီဆန်းလမ်းဆုံမှာ နေခဲ့ဖူးတယ် "
ကျန်းတင်းက အကြံပေးလိုက်၏။
"ဆယ်နှစ်တောင် ကြာခဲ့ပြီဆိုပေမယ့် အဲ့ဒီနေရာက ဟန်ဟိုင်းရဲ့ အညစ်ပတ်ဆုံးဧရိယာဖြစ်နေတုန်းပဲ ၊လူဦးရေက တစ်သောင်းကျော်ရှိပြီး ဥပဒေကင်းမဲ့တဲ့နေရာပဲ ၊ ငါတို့ အဲ့ဒါကို ထားဖို့ တစ်နေရာရှာပြီး အစောင့်အကြပ်ထားဖို့ ငါတို့လူတွေနဲ့ စီစဉ်လို့ရတယ် ၊ စုံစမ်းစစ်ဆေးရေးဌာနက တံခါးကို ရှာတွေ့ဖို့ အချိန်တစ်ချို့တော့ ယူရမှာပဲ "
"သူတို့ ရှာတွေ့သွားရင်ရော "
ရှရန်က စိတ်လှုပ်ရှားမှုဖြင့် ကောင်းမင်ကို ခပ်တိုးတိုးပြောလိုက်သည်။
"မင်းမုန်းတီးတဲ့ လူတိုင်းကို ဖြေရှင်းဖို့ ငါကူညီပေးနိုင်တယ် ၊ ငါ့ကို မင်းနှလုံးသားထဲကနေ ယာယီလွှတ်ပေးဖို့ပဲ လိုတယ် ၊ ငါ သူတို့ကို မင်းဆီ ပြန်ယူလာခဲ့မယ် "
ရှရန်သည် မြို့တော်အရှေ့ပိုင်းစုံစမ်းရေးဌာနကို သိမ်းပိုက်ပြီးနောက် ပို၍ သန်မာလာခဲ့သည်။ကောင်းမင်သည် သူဘယ်လိုလုပ်ခဲ့မှန်းမသိသော်လည်း သူ့စွမ်းများက ပို၍ပင် ထူးဆန်းလာချေ၏။
"ကောင်းမင် ငါတို့ ပြန်သွားဖို့လိုတယ် "
ဝေတယိုက ဌာန၏ကားထဲမှ ထွက်လာ၏။
"ဒီလူတွေက ကူးစက်ခံထားရလို့ အရိပ်ကမ္ဘာရဲ့အဝေးမှာ အချိန်အကြာကြီး မနေနိုင်ဘူး "
"ကောင်းပြီ ၊ ငါတို့ ဘော့စ်ကျန်းရဲ့ အကြံအတိုင်း လုပ်ကြတာပေါ့ "
သူတို့သည် ကားများကို ပစ်ထားခဲ့ပြီး ရှုပ်ထွေးလှသည့် လမ်းကြားများထဲ ဝင်လိုက်ကြသည်။ထိုနေရာသည် တရားမဝင် အဆောက်အအုံများဖြင့် ပြည့်ကျပ်နေ၏။ နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် ကျန်းတင်း၏ အိမ်သို့ ရောက်လာခဲ့ကြသည်။ဆယ်နှစ်ကျော်သွားသော်လည်း တစ်စုံတစ်ယောက်သည် ကျန်းတင်း၏အိမ်ရှေ့တွင် လတ်ဆတ်သောပန်းများနှင့်ဖယောင်းတိုင်များချပေးထားသည့်အတွက် လူတိုင်းအံ့သြသွားကြသည်။
အခြားအိမ်များသည် ညစ်ပတ်ရှုပ်ပွနေသော်လည်း ကျန်းတင်း၏အိမ်မှာ သန့်ရှင်းနေလေသည်။သူ့အိမ်တွင် အခြားမည်သူမှ နေထိုင်ခြင်းမရှိပေ။
"ရေဘေးမှာ ဒီလူတွေကို ငါကယ်ခဲ့လို့လား"
ကျန်းတင်းက ခေါင်းကုတ်လိုက်သည်။
"ငါမပြန်တာ ကြာပြီလေ"
ကျန်းတင်းသည် မီးဖိုချောင်တံခါးကို ဖယ်ရှားပြီးနောက် သွေးစွန်းနေသော တံခါးကို နံရံဆီ မှီလိုက်သည်။ တံခါးသည် တံခါးကိုထိလိုက်သည်နှင့် သွေးကြောများတွားထွက်လာပြီး မြေကြီးထဲကို စီးဝင်သွားကြလေသည်။မကြာမီ ယင်းသည် အဆောက်အဦးတစ်ခုလုံးသို့ ဝါးမြိုလိုက်ပြီး မူမမှန်ဖြစ်ရပ်အသစ်တစ်ခုအဖြစ် ပျံ့နှံ့သွားလေတော့သည်။
"ဒီက လူတွေကို ကျုပ်တို့ ဖယ်ပေးရမလား"
ကောင်းမင်က ကျန်းတင်း၏ ထင်မြင်ချက်ကို မေးလိုက်ရာ ကျန်းတင်းက ခေါင်းခါလိုက်သည်။
"မြို့တော်ဟာ အနာဂတ်မှာ ပိုအန္တရာယ်များလာတော့မယ် ၊ တစ်ခုခုဖြစ်လာခဲ့ရင် ဒီနေရာက မင်းရဲ့အကာအကွယ်နဲ့ အလုံခြုံဆုံးဖြစ်လာလိမ့်မယ်လို့ ငါထင်တယ် "