← Chapters

စည်းမျဉ်းအသစ်များ

Vol. 15 Ch. 212

စည်းမျဉ်းအသစ်များ

Vol. 15 Ch. 212

ည ၊ မိုးသက်မုန်တိုင်း ၊ ဖရိုဖရဲများ ။

တိမ်မည်းများအောက်တွင် မြို့တော်အရှေ့ပိုင်းဌာနသည် ထီးတည်းရပ်လျက်ရှိပြီး ထိုနေရာရှိ အလင်းရောင်အနည်းအား ပိတ်ဆို့ထားပေသည်။ဧရာမအရိပ်ကြီးသည် ကွင်းစ်လမ်းရှိ လူတိုင်းအပေါ် ဖုံးလွှမ်းလျက်ရှိသည်။ထိုလူများကြားတွင် ဆုမိုရှိနေခဲ့သည်။ဤ‌ ဘေးဆိုးကို သာမာန်လူတစ်ဦး၏ ရှုထောင့်မှကြည့်လျှင် လူ့အသက်များသည် ကြွေကျနေသော သစ်ရွက်ခြောက်များကဲ့သို့ အရေးမပါဖြစ်နေလေသည်။

"အုပ်စုမြေပုံ စတင်နေပြီ "

ဆုမိုသည် သူ့ စက်ဘီးကို ထွက်ပြေးရန် လမ်းကြောင်းတွင် ရပ်ထားလိုက်ပြီး ဦးထုပ်နှင့် မျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်။သူက အသက်ပြင်းပြင်းရှူပြီး အင်တာနက်မှာဝယ်ထားတဲ့ လက်ဝါးကပ်တိုင်နဲ့ မောင်းချဓားကို ထိတွေ့ရန် သူ့အိတ်ကပ်ထဲ လက်ရောက်သွားသည်။ဆုမိုသည် တစ်လလုံးလုံးအလုပ်ကြိုးစား၍ သူ့စုဆောင်းငွေများဖြင့် ထိုပစ္စည်းများကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဆုမိုက ဒလီဗာရီသေတ္တာကို ယူလိုက်သည်။အတွင်းရှိ ပစ္စည်းများကို ရေတွက်လိုက်သည်။သရဲနှင်ပစ္စည်းအများနှင့်အတူ သူ့အား ပါးစပ်လေးခုအန်တီကြီး ခြုံပေးခဲ့သည့် စောင်ပါးလေးတစ်ထည်လည်း ရှိပေသည်။

"ခြောက်ခြားဂိမ်းဆိုတာ အန္တရာယ်တွေနဲ့ပြည့်နေတာ ဒါပေမယ့် ခြောက်ခြားဂိမ်းကစားသမားတွေအတွက် ဂိမ်းတိုင်းမှာ ပါဝင်တာဟာ ပိုသန်မာလာဖို့ အခွင့်အရေးတစ်ခုပဲ ! "

သူသည် အားနည်းကြောင်း ဆုမိုသိသည်။သူ၏ စွမ်းရည်စုစုပေါင်း၏ အမှတ်သည် တစ်မှတ်သာရှိသည်။သို့သော်လည်း သူလက်မလျှော့ချေ။သူသည် ရှိုနင်မန်ဂါများကို အများအပြားဖတ်ရှုဖူးသူဖြစ်ပြီး ကြီးမားသော မျှော်လင့်ချက်များ ရှိသည်။

"ခြောက်ခြားဇာတ်လမ်းတွေက မြို့တော်ကို သိမ်းပိုက်နေပြီ ၊ ငါ အမှန်တရားကို သိကတည်းက ဒီတိုင်းတော့ ထိုင်မနေနိုင်ဘူး ၊ မြေပုံတွေကို ရှင်းလင်းပြီး ငါရှင်သန်နိုင်ခဲ့ရင် ငါ့ သုတေသနတွေကို လက်လျော့လိုက်တော့မယ် "

ဆုမိုသည် သူ့အလုပ်အကိုင်ကြောင့် ကွင်းစ် ၁၃လမ်းနှင့် ရင်းနှီးပေသည်။သူသည် လူစုလူဝေးကို ရှောင်ရှား၍ ဖြတ်လမ်းကို သုံးပြုကာ စုံစမ်းစစ်ဆေးရေးဌာန၏ နောက်ဖေးပေါက်သို့ ရောက်ရှိရန် အစီစဉ်ဆွဲလိုက်သည်။

"ဒီလမ်းကို လူတွေ အများကြီး မသိဘူး ၊ ဒီလမ်းက ငါ့စမှတ် ဖြစ်လိမ့်မယ် "

ဆုမိုက လမ်းကြားထဲဝင်လိုက်ပြီး ထောင့်သို့ လှည့်လိုက်သည်။ထို့နောက် 'လူသိနည်းသော ဖြတ်လမ်း' အတွင်းတွင် 'သိပ်မများသည့်လူများ ' ပြွတ်သိပ်နေသည်ကို သူတွေ့လိုက်ရသည်။

"နောက်တစ်ယောက်လားဟ "

မင်လောင်လမ်းရေကြီးမှုမှ ရှင်သန်ခဲ့သူ လူနှစ်ယောက်လည်း ရှိနေပေသည်။အစ်ကိုကြီးဖြစ်သူ လဲ့ကျားသည် ကြွက်သားများဖြင့်တောင့်တင်းသန်မာသူဖြစ်သည်။ညီငယ် လဲ့ရန်သည် ပိန်ပိန်ပါးပါးသာ ဖြစ်သည်။သူတို့၏ ရေကြောက် ရောဂါမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူတို့သည် ကပ္ပတိန်ဦးထုပ်နှင့် အနက်ရောင်မိုးကာအင်္ကျီကို ၀တ်ထားကြသည်။

"ကြည့်ရတာ ဒီမြေပုံက အရမ်းခက်မယ့်ပုံပဲ ၊ ကစားသမားတွေအားလုံး ဒီရောက်လာလိမ့်မယ် "

ဖေးဝူသည် ဟန်ဟိုင်းတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သည်။သူသည် ရေသေဖိုရမ်တွင် ပဟေဠိများကို ဖြေရှင်းပြီးနောက် 'အမှန်တရား' ကို သိရှိခဲ့သည်။သူသည် သူ့အခန်းဖော်များအား ထိုထိတ်လန့်စရာကောင်းသည့်သတင်းကို ဝေမျှခဲ့ပြီး ထိုညတွင် သူတို့လေးယောက်စလုံး ရောက်လာကြခြင်းဖြစ်သည်။

"ဘာလို့ ဒီနေရာမှာ ကျောင်းသားတွေ အများကြီး ရောက်နေရတာလဲ "

ဝတ်စုံပြောင်ဝတ်ထားသော ယန်လင်းသည် ထောင့်တစ်ခုတွင် ရပ်လျက်ရှိသည်။သူသည် လီစန်းရဲဌာနတွင် အကျွမ်းကျင်ဆုံး စုံထောက်တစ်ယောက်ဖြစ်သည်။သူသည် သူ့ငယ်သားတစ်ယောက် ဆန်းကြယ်စွာ ပျောက်ဆုံးမသွားခင်အထိ အင်တာနက်ပေါ်မှ သတင်းများကို စိတ်မဝင်စားခဲ့ပေ။သူ့ငယ်သား၏ တည်နေရာကို ရှာဖွေရန် ရန်လင်းသည် စတင်စုံစမ်းခဲ့သည်။ထိုလူသည် ခြောက်ခြားဂိမ်းကစားသူတစ်ယောက်ဖြစ်လာပြီ ‌‌ ခြောက်ခြားဂိမ်းတစ်ခုတွင် သေဆုံးသွားခဲ့သည်ကို သူသဘောပေါက်ခဲ့သည်။နောက်ကွယ်တွင် ကျန်ရစ်ခဲ့သော သဲလွန်စများမှာ တဆင့် ရန်လင်းသည် ပိုကြောက်စရာကောင်းသည့် ကိစ္စများကို ရှာတွေ့ခဲ့သည်။သူ့နှလုံးသားထဲတွင် တရားမျှတမှုနှင့် စည်းမျဥ်းစည်းကမ်းများကို ကိုယ်စားပြုသည့် စုံစမ်းစစ်ဆေးရေးဌာနသည် သက်ရှိလူသားများအား အရိပ်ကမ္ဘာသို့ စတေးခြင်းကဲ့သို့ စားပွဲအောက်တွင် ဆက်ဆံခဲ့သော ဖြစ်ရပ်များစွာရှိခဲ့သည်။ရန်လင်းသည် စိတ်ထဲတွင် ပဋိပက္ခဖြစ်ခဲ့ရသည်။ထို့ကြောင့် သူသည် အုပ်စုမြေပုံထဲ ပါဝင်ရန် ဆုံးဖြတ်ခဲ့ပြီး အမှန်တရားကို သိရရန် မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနထဲသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

မိုးကြီးလျှပ်စီးများ ပေါက်ကွဲသွားသည်။ဖုန်းစခရင်များ လင်းလက်လာ၏။နောက်ဖေးလမ်းကြားက လူတိုင်းသည် ဖုန်းများကို လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် မစ်ရှင် မက်ဆေ့ချ် အသစ်တစ်ခု ရခဲ့ခြင်းဖြစ်သည်။

"စုံစမ်းစစ်ဆေးရေးဌာန (‌အုပ်စုဖွဲ့ခြောက်ခြားမြေပုံ): အန္တရာယ်အဆင့် သာမန် ။ ဗီဇပြောင်းဖြစ်စဉ် သုည။အရိပ်ဖုံးလွှမ်းမှု ၂၀ရာခိုင်နူန်း။ အသက်ရှင်သည့် ကစားသမား ၁၂၇ ယောက် ။ အံ့ဖွယ်အခွင့်အရေး ၁/၁၀၀၀ "

"မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးဌာနရဲ့ ယာယီအကြီးအကဲ စီတုအန်းက ဟန်ဟိုင်းကို သစ္စာဖောက်သွားပြီ ၊ သူက စွမ်းအားရဖို့အတွက် လူသားတွေကို အရိပ်ကမ္ဘာနဲ့ အလဲအလှယ်လုပ်ခဲ့တယ် ၊ မြို့တော်အရှေ့ပိုင်းစုံစမ်း စစ်ဆေးရေးဌာနဟာ အခု သရဲတွေပြည့်နေတဲ့ သရဲအိမ်တစ်ခု ဖြစ်နေပြီ ၊ အခန်း ၁၃က ကျောင်းသားဟောင်းတွေက စီတုအန်းရဲ့ အပြစ်တွေကို တွေ့ရှိခဲ့တယ် ၊ သင်တို့ဟာ ဖမ်းဆီးခံရတဲ့ အခန်း ၁၃ ကျောင်းသားတွေကို ရှာဖွေပြီး သူတို့လွတ်မြောက်အောင် ကူညီပေးဖို့ အဆောက်အဦးထဲ ဝင်မှရမယ် ၊ ထို့နောက် သင်တို့ဟာ မြို့ တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနရဲ့ အပြစ်‌တွေကို အင်တာနက်ပေါ်မှာ ဖော်ထုတ်ဖို့ ကြိုးစားရမယ် ၊ သရဲပူးခံထားရတဲ့ စုံစမ်းရေးမှူးတွေကို သတိထားပါ "

"မြို့တော်အရှေ့ပိုင်း စုံစမ်းရေးဌာနထဲမှာ ကျိန်စာသင့်ပစ္စည်းတွေကို သင်တို့ ရနိုင်မယ့် အခွင့်ရေးရှိတယ် ၊ ဖိုရမ်မှာ ကျိန်စာသင့် ပစ္စည်းတွေအားလုံးကို ရောင်းဝယ်တာနဲ့ အထောက်အထားပြုတာတွေ လုပ်ဆောင်နိုင်တယ် "

"ဒီ‌မြေပုံဟာ စည်းမျဉ်းဟောင်းတွေ ပြိုလဲခြင်းကို ကိုယ်စားပြုတယ်၊ စည်းမျဥ်းအသစ်တွေဟာ သင်တို့လက်ထဲမှာ ပေါ်လာလိမ့်မယ် "

မက်ဆေ့သည် ဆုမို၏အတွေးကို အတည်ပြုလိုက်သည်။သူက သူ့သေတ္တာကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ရန်လင်းသည် သူ့ငယ်သား၏ ဖုန်းကို ကိုင်ထားခဲ့ခြင်းဖြစ်သည်။မက်ဆေ့ကို ဖတ်လိုက်ပြီးနောက် သူမျက်မှောင်ကြုံ့လိုက်သည်။ အပေါ်ယံတွင် ကစားသမားများသည် မျှခြေအသစ်တစ်ခုအတွက် ရည်မှန်းထားဟန်တူသော်လည်း လက်တွေ့တွင်မူ စုံစမ်းစစ်ဆေးရေးဌာနကို တိုက်ခိုက်ရန်သာ ဆန္ဒရှိကြသည်။

"ဘေးကပ်ဆိုးက ဒီကို ရောက်နေပြီ ၊ ဒါပေမယ့် လူသားတွေက အချင်းချင်းတိုက်ခိုက်နေကြတုန်းပဲ ၊ ဒါက လူသားသဘာဝပဲ ဖြစ်ပုံရတယ် "

သူတို့ဖုန်းများကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ဖေးဝူနှင့် သူ့အတန်းဖော်များက လူခွဲလိုက်ကြသည်။

"ဟေး မင်း အသင်းဖွဲ့ချင်လားကွ "

ရန်လင်းက ဆုမိုထံလျှောက်သွားလိုက်သည်။သူသည် စုံထောက်တစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားတစ်ယောက်ကို အလွယ်တကူခွဲခြားနိုင်သည်။အခြားကစားသမားများနှင့် ယှဉ်လျှင် ဆုမိုသည် ရိုးသား၍ အပြစ်ကင်းပုံရသည်။

"ရပါတယ် ကျွန်တော်က တစ်ယောက်ထဲ နေရတာ ကြိုက်လို့ပါ "

ရန်လင်းကို အထစ်ထစ်‌အငေါ့ငေါ့ ငြင်းဆန်ရင်း ဆုမိုက အမြန်ထွက်ခွာသွားသည်။

ရန်လင်းသည် ကမူးရှူးထိုးထွက်သွားသော လူငယ်လေးကို ကြည့်နေရင်း စိတ်ရှုပ်ထွေးသွားသည်။

"သူ့ကိုယ်သူ မိုက်တယ်လို့ ထင်နေတာလား ၊ ခြောက်ခြားဂိမ်းကစားသူတိုင်းက ဒီလောက် အထင်ကြီးစရာမဟုတ်ပါဘူး "

ရန်လင်းသည် ဆုမိုအား သူ့အတွက် ဦးဆောင်ခွင့်ပေးလိုက်ပြီး နောက်မှ တိတ်တဆိတ် လိုက်ပါသွား၏။

လမ်းတစ်လျှောက်တွင် ဆုမိုသည် ဆင်ခြေများစွာကို လေ့ကျင့်ခဲ့သည်။ သူ့ကို တားပါက ဒလီပို့ရန် ရောက်လာသည်ဟု ပြောမည်ဖြစ်သည်။သို့သော်လည်း နောက်တံခါးကို ရောက်သောအခါ ထိုနေရာတွင် အစောင့်များ မရှိကြောင်း သူသဘောပေါက်လိုက်သည်။

"စိတ်အေးအေးထား ၊ မင်းက တခြားလူတွေထက် အဆိုးဆုံးလူမဟုတ်ပါဘူး "

ဆုမိုက သူ့ကိုယ်သူ အားပေးလိုက်သည်။သူက အဆောက်အဦးထဲ ဝင်လိုက်သည်။အချိန်အတော်ကြာမှ သူသိလိုက်သည်… သူလမ်းပျောက်သွားလေသည်!။

"မင်းကတော့ တစ်ခုခုပဲ "

ရန်လင်းက ထပ်ကြည့်မနေနိုင်တော့ပေ။သူက ဆုမိုဆီ သွား၍ သူ့အင်္ကျီကို ဆွဲလိုက်သည်။

"လျှောက်သွားမနေနဲ့တော့ ၊ ငါနဲ့ လိုက်ခဲ့ "

ရန်လင်းသည် ကြင်နာတတ်နေ၏။သူသည် ထိုလူငယ်အား ထားရစ်ခဲ့ပါက ဒုတိယထပ်တွင် သူသေလိမ့်မည်ဟု ခံစားရသည်

"ခင်ဗျား ကျွန်တော့်ကို ဘာလို့ ဒီလောက်ထိ ဂရုစိုက်နေတာလဲ "

ဆုမိုသည် အလွန်ဂရုစိုက်တတ်သူဖြစ်သည်။ထို သေမင်းဂိမ်းထဲတွင် လူတိုင်းသည် ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်ကြပေသည်။

"ငါ့ကို ကံမကောင်းဘူးလို့ပဲ ပြောပါ "

ရန်လင်းက သူ့သေနတ်ကို ထုတ်လိုက်သည်။သူက လမ်းများကို မှတ်မိပေသည်။သူက ဆုမိုအား ဒုတိယထပ် ကော်ရစ်ဒါအဆုံးထိ အလွယ်တကူဦးဆောင်သွားလိုက်သည်။သူတို့သည် ထိုနေရာမှ ပထမထပ်ခန်းမအား အလွယ်တကူမြင်နိုင်မည်ဖြစ်သည်။

ကြမ်းပြင်တွင် ကြီးမားသည့် သွေးကန်ကြီးတစ်ခု ပေါ်လာ၏။ကျိုးဘိုသည် သေတ္တာငယ်လေးတစ်ခုအတွင်း ကွေးကွေးလေးဖြစ်နေ၏။သူသည် မရပ်မနား အော်ဟစ်နေလေသည်။သူသည် လူသားများကို အပူပေးရန်အတွက် တောင်ပေါ်တွင် ချိတ်ဆွဲထားသော ပရိုမီးသီးယပ်စ် နှင့်တူပေသည်။

"သူက အခန်း ၁၃က ကျိုးဘိုပဲ ၊ ဌာနက သူတို့ကို တကယ်ဖမ်းနေတာပဲ ! "

ဆုမိုသည် သူ့ဖုန်းထဲမှ အချက်အလက်များကို စစ်ဆေး၍ ဗီဒီယိုရိုက်ရန် စီစဉ်လိုက်သည်။

ရန်လင်းကို ကြည့်ရသည်မှာ စိတ်ခံစားချက် ပြင်းထန်‌ နေပုံရသည်။ မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာန၏ အပြစ်များသည် သူ့မျက်စိရှေ့တွင် ပွင့်ပွင့်လင်းလင်း ပြသနေလေသည်။သူ့စိတ်ထဲရှိ ခံယူချက်မှာ ယိမ်းယိုင်သွားရသည်။

"ဘာကိုမှ မတင်နဲ့ဦး ၊ ပထမထပ်ကို အရင်သွားစစ်ကြည့်ရအောင် "

All Chapters