အသားလုံး
Vol. 15 Ch. 213
မြို့တော်အရှေ့ပိုင်းဌာန၏ အတွင်းဖွဲ့စည်းပုံသည် ရှုပ်ထွေး၏။အခန်းတစ်ခုချင်းစီသည် ထူးဆန်းသည့်ဖြစ်တည်မှုများ ဖြာထွက်နေလေသည်။ဂါထာရွတ်သံများ၊ ကလေးများ၏ သားချော့တေး သီချင်းဆိုသံများ၊ စပီကာများမှ အသက်ရှုသံများနှင့် ရံဖန်ရံခါ ကြမ်းတမ်းသည့် ခြေသံခပ်ပြင်းပြင်းများ...။ဤနေရာသည် သရဲများကို တိုက်ခိုက်သည့် ခံတပ်မဟုတ်ဘဲ သရဲများ၏ လှောင်အိမ်ဟု ခံစားရသည်။ နံရံပေါ်ရှိ ပုံတူများ၏ မျက်လုံးများ ရွေ့လျားသွားသည်။ ၎င်းတို့သည် ဖြတ်သွားသူတိုင်းကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။
"ဒါက ခြောက်ခြားဂိမ်းဆိုတာလား "
ရန်လင်းသည် ထိုအရာကို ပထမတွင် မယုံကြည်ခဲ့သော်လည်း သူကိုယ်တိုင် ခြောက်ခြားဂိမ်းထဲ ရောက်လာသောအခါ ကြီးမာလှသည့် အန္တရာယ်ခံစားမှုတစ်ခု ၊ အကြောက်တရားနှင့် အကူညီမဲ့မှုတို့သည် သူ့ဝိဉာည်အား ချည်နှောင်သွားလေသည်။သူသည် လွှတ်မြောက်နိုင်ခြင်းမရှိဟု ခံစားနေရသည်။သူသည် ကော်ရစ်ဒါတွင် ဂရုတစိုက်သွားနေ၏။ရန်လင်းသည် လေထဲတွင် သွေးနံ့တစ်ခုကို ထောက်လှမ်းမိလိုက်သည်။သူက ဆုမိုကို နောက်တွင်နေရန် လက်မြောက်ပြလိုက်ဦး ရပ်တန့်ရန်ပြောလိုက်သည်။
အတွေ့အကြုံမရှိသော ဆုမိုသည် ရန်လင်းဘာလုပ်နေမှန်းမသိပေ။သူ မရပ်တန့်ခင် ရန်လင်းဘေးသို့ သွားလိုက်သည်။
"ဘာဖြစ်လို့လဲ "
"ရှေ့တည့်တည့်မှာ သွေးနံ့ရှိနေတယ် ၊ ငါပြေးတော့လို့ ပြောရင် ပြေးပေတော့ ၊ မင်းဘာသာ လျှောက်မသွားနဲ့ "
ရန်လင်း သူ့သေနတ်ကို ဆွဲယူလိုက်သည်။သူက နံရံကို မှီပြီး ရှေ့ကို ဖြည်းညင်းစွာ ရွှေ့လိုက်သည်။ သူ့အာရုံကြောများ တင်းမာလာလေသည်။ ရန်လင်းသည် ဤမျှ ထိတ်လန့်စရာကို မခံစားဖူးပေ။ အဆောက်အဦအတွင်းမှ အရာအားလုံးသည် သူ့ကို ထိတ်လန့်စေ၏။ရန်လင်းသည် သေနတ်ကို ရှေ့တည့်တည့်ချိန်ရင်း ထောင့်ချိုးမှ ပြေးထွက်လိုက်သည်။သူစိတ်ကူးယဉ်ထားသော ကြောက်မက်ဖွယ်မြင်ကွင်းမှာ ပေါ်မလာခဲ့ပေ။တဖျတ်ဖျတ်ဖြစ်နေသော အလင်းရောင်အောက်တွင် အမျိုးသမီးစုံစမ်းရေးမှုးတစ်ယောက် လဲကျနေ၏။ရန်လင်းက သူမထံ တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်သည်။ထိုအမျိုးသမီးစုံစမ်းရေးမှူး၏ မျက်လုံးများသည် လုံးဝပွင့်နေကြောင်း သိလိုက်ရသဖြင့် ရန်လင်းက သေနတ်ကို မြောက်လိုက်သည်။သူတို့ မျက်လုံးချင်းဆုံလိုက်သောအခါ သူ့လည်ပင်းတွင် ကြက်သီးဖုများ ထွက်ပေါ်လာလေသည်။ အဆိုးဝါးဆုံးရာဇ၀တ်ကောင်ဖြင့် ရင်ဆိုင်ခဲ့ရစဉ်ကပင် သူဒီလိုမခံစားခဲ့ရချေ။
"စုံစမ်းစစ်ဆေးရေးဌာနအတွင်းမှာ ပရမ်းပတာဖြစ်ရပ်တွေ ရှိနေတယ် ၊ အကြီးအကဲက ငါတို့ကို သစ္စာဖောက်သွားခဲ့ပြီ ၊ ငါတို့နောက်ကွယ်မှာ ရှိနေတဲ့ သရဲတစ္ဆေတွေက ငါတို့ အမဲလိုက်နေတယ် ၊ သက်ရှိလူသားတိုင်းက သူ့ရဲ့ ကစားစရာအရုပ်နှင့် အစာတွေပဲ "
အမျိုးသမီးက ဖျော့တော့စွာ ပြောလိုက်သည်။
"ထွက်သွားတော့ ၊ ဒီနေရာက နင်တို့ ရှိသင့်တဲ့နေရာ မဟုတ်ဘူး "
ယင်းက သူတို့သည် လမ်းမှန်ကို ရောက်လာကြောင်း သက်သေပြနေသည်။ဆုမိုက ထိုစုံစမ်းရေးမှုးကို စူးစမ်းလိက်သည်။သူမသည် လူဆိုးတစ်ယောက်ဖြစ်မည်မှန်း သူမထင်ပေ။
"သရဲက ဘယ်လိုမျိုးလဲ"
ထိုမေးခွန်းကို ကြားလိုက်သောအခါ ရန်လင်း၏ မျက်ခုံးများ တွန့်ကွေးသွားသည်။တက္ကသိုလ်ကျောင်းသားလေးသည် လူတစ်ယောက်၏ နောက်ခံကို မသိပဲ ထိုကဲ့သို့မေးခွန်းကို တိုက်ရိုက်မေးလိုက်ချေသည်။အမျိုးသမီးက သရဲတစ်ကောင် ဖြစ်နေရင်ကော ။
"သရဲက ပန်းချီဆွဲတဲ့နေရာမှာ အရမ်းတော်တယ် ၊ နံရံပေါ်က ပုံတူတိုင်းက လူသားတွေပဲ ၊ သူ နင့်ကို ပန်းချီဆွဲလိုက်တာနဲ့ မင်းကျိန်စာသင့်သွားလိမ့်မယ် "
အမျိုးသမီး၏ မျက်နှာသည် ဖြူဖျော့နေ၏။
"ငါ့ကို ကူတွဲပေးလို့ ရမလား ၊ ကျန်တဲ့သူတွေကို သတိပေးဖို့ သူတို့ကို သွားတွေ့ဖို့လိုတယ် ! "
ဆုမိုသည် သူ့မျက်နှာကို ဖုံးကွယ်ရန် ဦးထုပ်ကို နှိမ့်လိုက်သည်။ ထို့နောက် အမျိုးသမီးကို ချီမလိုက်ပြီး “ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”
"ကျန်းလန် "
သွေးများစိုရွှဲနေသော စုံစမ်းရေးမှူးသည် သူမ၏ အနက်ရောင်ဆက်သွယ်ရေးစက်ကို ထိတွေ့၍ အဆောက်အဦးအတွင်းမှ အခြေအနေကို ထောက်လှမ်းလိုက်သည်။
"သူတို့က လေးလွှာမှာပဲ ! "
ကျန်းလန်သည် ဆုမို၏အကူအညီဖြင့် အရှေ့သို့ သွားလိုက်သည်။ဆုမိုသည် သူမနှင့်အပြည့်အဝ ပူးပေါင်းလိုက်သည်။
ချောင်းခြောက်တစ်ချက်ဆိုး၍ ရန်လင်းက ဆုမိုကို သူ့ဘေးဆွဲခေါ်လိုက်သည်။
"အစတုန်းက မင်းငါ့ကို အများကြီး သံသယဝင်နေတာမဟုတ်လား ၊ သံသယဖြစ်ဖွယ်ကောင်းတဲ့ ဒီမိန်းမကို ငါတို့ အခုမှ တွေ့ရုံပဲ ရှိသေးတယ် ၊ မင်းက သူ့ကို ယုံနေတာလား ! "
"ကျွန်တော်က ဘယ်သူ့ကိုမှ အလွယ်တကူမယုံပါဘူး ၊ အကြီးအကဲက သစ္စာဖောက်သွားပြီလို့ ကျန်းလန်က ပြောခဲ့တယ် ပြီးတော့ သူ့သရဲတွေက လူတိုင်းကို အစုအပြုံလိုက်သတ်ဖြတ်နေတယ် ၊ အဲဒါက ကျွန်တော်တို့မှာရှိနေတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်နေတယ် ၊ ဒါက သူမလိမ်ကြောင်း သက်သေပြနေတာပဲ ၊ လက်ရှိအချိန်မှာတော့ စုံစမ်းရေးမှူးတွေဟာ သရဲတွေရဲ့ လိုက်ဖမ်းခံနေရတယ် ၊ ကျွန်တော်တို့ရဲ့ ရန်သူက အတူတူပဲ ဒါကြောင့် ကျွန်တော်တို့ ပူးပေါင်းလို့ရတယ် "
ဆုမိုသည် ခေါင်းအေးအေးထားရန် ကြိုးစားနေ၏။ပြီးခဲ့သည့်အပတ်က သူသည် တြီဂိုနိုမက်ထရီ ကိုလေ့လာပြီး ညီမျှခြင်းများကိုဖြေရှင်းရခြင်းသည် စိတ်ကူးကြည့်ရန် ခက်ခဲသည်။
"အဲဒါကြောင့် ငါမင်းကို သံသယဖြစ်မိနေတာပဲ ၊ မင်းက သူနဲ့တစ်ဖွဲ့တည်းလား "
ရန်လင်းသည် သူ့ဘာသာသူ သွားချင်နေသော်လည်း ဆုမိုကို သေခြင်းတရားထံ ပို့နိုင်မည်နှလုံးသား သူ့မှာမရှိပေ။ထို့ကြောင့် သူသည် ခပ်လှမ်းလှမ်းမှနေ၍ သူတို့နောက် လိုက်ပါသွားခဲ့သည်။သူတို့သည် လှေကားများအတိုင်း တက်လာရင်း လေးလွှာသို့ ရောက်လာကြသည်။
"အရှိန်လျှော့ကြဦး! "
ရန်လင်းက ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်ပြီး "နံရံတွေမှာ ပုံတူတွေနဲ့ ဖုံးအုပ်ထားတာမရှိတော့ဘဲ အရည်ပျော်နေတဲ့ အလောင်းတွေပဲရှိတယ် ၊ ဒါက လွန်လွန်းတယ် ၊ ပန်းချီဆရာက ဒီဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း မဖော်ပြခင်မှာ အလောင်းအများအပြားကို အရည်ဖျော်ခဲ့တာ ဖြစ်ရမယ် "
အလွန်တရာမှ စိတ္တဇလူသားပုံသဏ္ဍာန်များကို မြင်လိုက်ရသဖြင့် ဆုမိုသည် ၎င်းတို့ကို လူသားဖြစ်ကြောင်း လုံးဝမပြောနိုင်ပေ။သူမေးရန် ပြင်လိုက်စဉ်တွင် တစ်စုံတစ်ခုကို အမှတ်ရလိုက်သည်။
"နေပါဦး ခင်ဗျားက ဒီဖြစ်စဉ်ကို အရမ်းရင်းနှီးနေရတာလဲ "
ရန်လင်းသည် သူ့အိုင်ဒီကို ပြလိုက်ချင်သော်လည်း သူယူလာရန် မေ့လာခဲ့သည်။
"ကယ်ပါဦး ...တစ်ယောက်ယောက်များ ရှိကြလား "
ဖျော့တော့သည့် အကူညီတောင်းသံသည် ကော်ရစ်ဒါအောက်ဘက်မှ ထွက်ပေါ်လာ၏။ဆုမိုသည် တံခါးဆီ ဂရုတစိုက် လျှောက်သွားလိုက်သည်။
"အသံက အခန်း ၄၀၃က ထွက်လာတာပဲ "
ဆုမိုက တံခါးကို တွန်းဖွင့်ရန်ကြိုးစားလိုက်သည်။သူက တံခါးအဟကြားမှ ချောင်းကြည့်လိုက်သည်။တံခါးနှင့် သိပ်မဝေးသောနေရာတွင် စုံစမ်းရေးမှူးတစ်ယောက် လဲကျနေ၏။ထောင့်အနေအထားကြောင့် ဆုမိုက ထိုလူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ မြင်ရလေသည်။သူသည် ဒဏ်ရာရထားပုံ မပေါ်ချေ။
"ငါ့ကို လာကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ..."
စုံစမ်းရေးမှူး၏ ခေါင်းသည်သည် ရုတ်တရက် လည်ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် မျက်နှာကျက်မှ နီညိုရောင် အရည်များ စီးကျလာ၏။စုံစမ်ရေးမှူး၏ခန္ဓာကိုယ်များမှ 'ဘောလုံးများ ' ပြုတ်ကျလာလေသည်။အခန်းတွင်းရှိစုံစမ်းရေးမှူးများသည် အတူတကွ အရည်ပျော်နေကြသည်။အများစုမှာ တံခါးနောက်တွင် လုံးထွေးနေသော မကောင်းဆိုးဝါး တစ်ကောင် သို့မဟုတ် ရွှံ့စေးကဲ့သို့ ပုန်းအောင်းနေကြလေသည်။
"ငါ အရမ်းဆာနေပြီ ! မင်းကို စားပါရစေ ! "
ငါးစာအဖြစ်အသုံးပြုခဲ့သော စုံစမ်းရေးမှူးတွင် ပြသထားသော ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုသာရှိသည်။ သူ၏ အောက်ပိုင်းကိုယ်ထည်သည် မကောင်းဆိုးဝါးဖြင့် ပေါင်းစပ်နေလေသည်။ သူသည် မကောင်းဆိုးဝါး၏အမြီးနှင့်တူနေတော့သည်။
ရန်လင်းက မကောင်းဆိုးဝါးကို သေနတ်ဖြင့် ပစ်ခတ်လိုက်ပြီး ဆုမိုထံ အော်ဟစ်လိုက်သည်။
"ပြေးတော့ ! "
စုံစမ်းရေးမှူးများ၏ အလောင်းများကြောင့် ဖြစ်တည်နေသော ထူးဆန်းသည့် စေးကပ်ကပ်ဖယောင်းလုံးကြီးသည် လျင်မြန်စွာ ရွေ့လျားသွားသည်။၎င်းသည် ကော်ရစ်ဒါပေါ် စီးကျလာ၏။
"ဒီလမ်းဟ ! "
သုံးယောက်သား ကော်ရစ်ဒါတစ်လျှောက် ပြေးလွှားနေကြသည်။ လေးလွှာနှင့် ငါးလွှာ၏ ထောင့်ဝန်းကျင်တွင် သူတို့သည် အခြားစုံစမ်းရေးမှူးများနှင့် ဝင်တိုက်မိလိုက်ကြသည်။ ရှောင်ယွင်၏ မိတ်ဆွေများသည် အခန်း ၄၀၃ တွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။သူနှင့် အခြား အသက်ရှင်ကျန်ရစ်သူများက တစ်ချက်ကြည့်ရင် ပြန်လာချင်နေကြသည်။သူတို့ ထောင့်ဘက်သို့ ချိုးလိုက်သောအခါ ကျန်းလန်ကို သယ်ဆောင်လာသော ဆုမိုကို တွေ့လိုက်ရသည်။
ရှောင်ယွင်သည် သူ့ကိုယ်သူ ရဲရင့်သည်ဟု ထင်ထားသော်လည်း ကျန်းလန်ကို တွေ့လိုက်ရသောအခါ သူ့ခြေထောက်များ ပျော့ခွေသွားသည်။
ရှောင်ယွင်သာမက အခြားလူသစ်များအားလုံးလည်း သတိလက်လွတ် ကြောက်လန့်သွားကြသည်။သူတို့ ရပ်တန့်သွားသည်။
"သရဲ! နောက်မှာ သရဲရှိတယ် ! "
"ဟုတ်တယ် ၊ အဲ့ဒါက ကျွန်တော့်နောက်မှာပဲ "
ဆုမိုက သူတို့ကို မြင်လိုက်ပြီး ကျန်းလန်ကို အမြန်ထမ်းတင်လိုက်သည်။
"သရဲက အလောင်းတွေ အရည်ပျော်နေတဲ့ ဖယောင်းလုံးကြီးလိုပဲ "
"ချီးပဲ ! ဝေးဝေးနေစမ်း ! "
ရှောင်ယွင်က ရှင်းမပြခဲ့ပေ။သူက နောက်ပြန်လှည့်လိုက်ပြီး အခြားလူသစ်များနှင့်အတူ အပေါ်ထပ်သို့ ပြေးတက်သွားလေသည်။သူတို့သည် အလွန်ပင်ပန်းနေကြပြီး ဖြစ်သည်။သို့သော်လည်း သူတို့ကန့်သတ်ချက်ကို ချိုးဖြတ်ရန် တွန်းအားပေးခံလိုက်ရသည်။ကြောက်ရွံ့ခြင်းသည် သူတို့၏ တည်မြဲစွမ်းအင်များကို လှုံ့ဆော်လိုက်လေသည်။လူတိုင်း စတင်ပြေးလွှားလိုက်သောကြောင့် ဆုမိုလည်း ပြေးလွှားလိုက်သည်။ပြဿနာကို သတိထားမိသော ရန်လင်းသည် သူ့အား ရပ်တန့်ရန် ခေါ်လိုက်သော်လည်း ဆုမိုက နားမထောင်ပေ။
သူတို့သည် ငါးလွှာမှ ဆယ်လွှာအထိ တောက်လျှောက်ပြေးလွှားလာကြသည်။အနီရောင် ဆက်သွယ်ရေးစက်များဖြင့် လုံခြုံရေးအဖွဲ့ဝင်များက သူတို့ကို တားဆီးလိုက်သည်။ယခင်က ချိတ်ပိတ်ထားသော အထပ်ပေါ်တွင် သွေးစွန်းနေသော တံခါးပေါက်တစ်ခုကို လူတိုင်းမြင်လိုက်ရသည်။တံခါးသည် သွေးကြောများနှင့်အတူ တွားသွားထွက်လာခြင်းဖြစ်သည်။ဦးခေါင်းမဲ့ တံခါးစောင့်သည် ယင်းအပေါ်တွင် ပိတ်ဆို့နေလေသည်။