မိဘ
Vol. 15 Ch. 214
"စုံစမ်းစစ်ဆေးရေးဌာနအကြောင်း ကောလဟာလတွေက တကယ်ဖြစ်နေတာပဲ ! လူတစ်ယောက်က အဆောက်အဦးထဲမှာ သရဲတွေ မွေးမြူနေတာပဲ ! "
အရင်ကြုံတွေ့ခဲ့ရမှုများကြောင့် ရှောင်ယွင်သည် အတော်ပင် တည်ငြိမ်နေပြီဖြစ်သည်။သူသည် လုံခြုံရေးအဖွဲ့ဝင်များကို အကူအညီမတောင်းခံတော့ပဲ လှုပ်ရှားခြင်း ရပ်တန့်လိုက်သည်။သူ့နှလုံးသည် အလွန်လျင်မြန်စွာခုန်ပေါက်နေ၏။ရှောင်ယွင်သည် သူ့အသွေးအသားထဲကပင် သွေးတံခါးကို မုန်းတီးနေခဲ့သည်။ယင်းသည် ထူးဆန်းသည့် ခံစားချက်တစ်ခုဖြစ်သည်။ယင်းသည် သူ့စိတ်ဝိဉာည်အနက်ပိုင်းမှ ထွက်ပေါ်လာသော ခံစားချက်တစ်ခုဖြစ်သည်။တံခါးပေါ်ရှိ သွေးကြောများသည် အသက်ဝင်နေပုံရသည်။၎င်းတို့သည် ဖောင်းကြွနေ၏။သွေးများသည် သွေးတံခါးတည်ဆောက်ခြင်းကို ကူညီရန် ဦးခေါင်းမဲ့တံခါးစောင့်၏ နှလုံးသားထံ စုဝေးနေကြသည်။
"ဆယ်လွှာအထက် အထပ်တိုင်းကို တားမြစ်ထားတယ် ! အခု ထွက်သွားကြ ! "
လုံခြုံရေးအဖွဲ့ဝင်များက ခံစားချက်ကင်းမဲ့စွာဖြင့် စက်ရုပ်ဆန်ဆန်ပြောလိုက်သည်။သူတို့တွင် သရဲတစ္ဆေများကို ကိုင်တွယ်ဖို့ လှည့်ကွက်တွေတင်မကဘဲ လူသားတွေကို ကိုင်တွယ်ရန် သေနတ်များလည်း ရှိကြသည်။ မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာန၏ လုံခြုံရေးဌာနကို အရိပ်ကမ္ဘာက 'သန့်စင်' ထားခြင်းဖြစ်သည်။သူတို့၏ စွမ်းအားအဆင့်သည် အခြားလုံခြုံရေးဌာနများထက် သာလွန်ပေသည်။
လုံခြုံရေးအဖွဲ့ဝင်များကို ကြည့်နေရင်း ကျန်းလန်၏မျက်လုံးများသည် စုတ်တံပျောက်နေသော ပန်းချီဆရာတစ်ယောက်ကဲ့သို့ လောဘများဖြင့် တောက်ပသွားသည်။ကျန်းလန်သည် အနက်ရောင်ဆက်သွယ်ရေးစက်ကို ထိတွေ့၍ လုံခြုံရေးအဖွဲ့ခေါင်းဆောင်ထံ မက်ဆေ့ပို့လိုက်သည်။လူတစ်ယောက်သည် အရိပ်ကမ္ဘာရှိ စီတုအန်း၏အိမ်ကို ဖွင့်နိုင်ရန် စတေးခံများကို လိုအပ်ပေသည်။ရှောင်ယွင်နှင့်အခြားကစားသမားများသည် ရှရန်ပြင်ဆင်ထားသော စတေးခံများ ဖြစ်ကြသည်။သူတို့ကို ပိတ်ဆို့ထားသော လုံခြုံရေးအဖွဲ့ဝင်များသည် သူတို့ခေါင်းဆောင်ထံမှ မက်ဆေ့ရလိုက်သောအခါ ချက်ချင်း လေသံပြောင်းသွား၏။
"မင်းတို့တွေ ယာယီတော့ ဒီမှာနေပြီး အန္တရာယ်ကို ရှောင်နေလို့ရတယ် ဒါပေမယ့် သွေးတံခါးနား လုံးဝမကပ်ပါနဲ့ "
သဘောထားပြောင်းလဲခြင်းသည် ရန်လင်းနှင့် ရှောင်ယွင်တို့ကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်။ သို့သော်လည်း သူတို့တွင် တခြားရွေးချယ်စရာရှိပုံ မပေါ်ပါချေ။ရန်လင်းသည် သူ့လက်အောက်ငယ်သား ပျောက်ကွယ်သွားရခြင်း၏ နောက်ကွယ်ရှိ အကြောင်းပြချက်ကို ရှာဖွေချင်နေခြင်းဖြစ်သည်။သူသည် ယင်းအထဲသို့ ဆွဲယူခံလိုက်ရမည်ဟု မမျှော်လင့်မိခဲ့ပေ။
လူသားများအားလုံးထက်စာလျှင် ဆုမိုက စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။သူသည် လေးလွှာရှိ မကောင်းဆိုးဝါးထံမှ လွှတ်မြောက်ခဲ့ပြီဟု ယုံကြည်နေခြင်းဖြစ်သည်။သူတို့သည် လုံခြုံရေးအဖွဲ့၏ အကူအညီကိုလည်း ရခဲ့ပြီဖြစ်သည်။သရဲသည် သူတို့ထံရောက်လာပါက တိုက်ပွဲတွင် သူတို့ အနိုင်ရနိုင်မည်ဖြစ်သည်။
"စုံစမ်းစစ်ဆေးရေးဌာနက လူတွေအကုန်လုံး လူဆိုးတွေ မဟုတ်ပါဘူး ၊ သူတို့အကြီးအကဲကြောင့် အရူးအမူးဖြစ်နေကြရုံပါပဲ ၊ ကစားသမားတွေက သူတို့နဲ့ ပူးပေါင်းလို့ ရနိုင်တယ် "
ဆုမိုက သူ့ဘာသာ တွေးလိုက်သည်။သူသည် သူ့ကိုယ်သူ ခြောက်ခြားဂိမ်းကစားသမားများနှင့် စုံစမ်းစစ်ဆေးရေးဌာနကြား ပေါင်းကူးတံတားဖြစ်သည်ဟု စိတ်ကူးယဉ်လိုက်မိသည်။နောက်ဆုံးတွင် သူသည် မကောင်းဆိုးဝါးများကို ပြန်မောင်းထုတ်နိုင်သည့် အကြောင်းရင်းဖြစ်ပေတော့မည်။
"မင်းအပြုံးက ရွံစရာကောင်းလိုက်တာ "
ကျန်းလန်၏အသံက ဆုမိုအား လက်တွေ့ဘဝသို့ ပြန်ဆွဲခေါ်လိုက်သည်။စူးစမ်းချင်စိတ်ဖြင့် ကျန်းလန်က ထပ်ပြောလိုက်သည်။
"စုံစမ်းရေးမှူးအသစ်တွေအားလုံး ဘာလို့ မင်းနဲ့ဝေးဝေးနေကြလဲ မတွေးမိဘူးလား "
"ကြည့်ရတာ သူတို့က လေးလွှာက သရဲကို ကြောက်နေလို့ ထင်တယ် ၊ သရဲတွေက လူတွေကို ကျိန်စာတိုက်နိုင်တယ်လေ ဟုတ်တယ်မလား ၊ ကျွန်တော်က ကျိန်စာသင့်နေတယ်လို့ သူတို့ ထင်နေကြတာ နေမှာပေါ့ "
ဆုမိုက ကျန်းလန်ကို အောက်ချလိုက်သည်။
"ဒါမှမဟုတ် ကျွန်တော်က ကစားသမားတစ်ယောက်ဖြစ်တာ သိသွားလို့လား "
ရှရန်မှာ အကျယ်ကြီး အော်ရယ်ချင်နေတော့သည်။ရန်လင်းသည် အစောကြီးကတည်းက သိနှင့်ပြီး ဖြစ်သည်။သူသည် ဆုမိုအား သတိပေးရန် စကားမဟုတ်သော အမူအရာများဖြင့် အသုံးပြုရန် ကြိုးစားခဲ့သော်လည်း ဆုမိုသည် သူ့အတွေးထဲတွင် နစ်မျှောနေခဲ့သည်။
"အားလုံးပဲ ငါနဲ့လိုက်ခဲ့ကြ !"
လုံခြုံရေးအဖွဲ့ဝင်သည် အမိန့်သစ်တစ်ခု ရလိုက်သည်။သူက သူတို့အား ဆယ်လွှာထဲဝင်ရန် အချက်ပြလိုက်သည်။
သူတို့ လမ်းလျှောက်လာစဉ် လူသစ်တစ်ယောက်က ကျန်းလန်သည် ပူးကပ်ခံနေရကြောင်း လုံခြုံရေးအဖွဲ့ဝင်ထံ ပြောပြရန် ကြိုးစားနေခဲ့သည်။သို့သော်လည်း လုံခြုံရေးအဖွဲ့ဝင်က သူ့အား လျစ်လျူရှုထားလေသည်။သူသည် သူတို့အား အသတ်ခံရမည့် သိုးဝက်များကဲ့သို့ ကြည့်ရှုနေလေသည်။
"လုံခြုံရေးအဖွဲ့ဝင်တွေကိုလည်း အရိပ်ကမ္ဘာက သိမ်းပိုက်ထားတာများ ဖြစ်မလား "
ရန်လင်းမှာ စိုးရိမ်နေလေသည်။သရဲများကို ကိုင်တွယ်ရန် လူသားများ ဖန်တီးထားသော လက်နက်များသည် သရဲများကြောက် ပျက်စီးသွားခဲ့သည်။ ကိစ္စတွေက ပိုးဆိုးလာနိုင်မလား။ထို့နောက် သူက ယင်းကို တွေးလိုက်မိသည်။
"ကျန်းလန်ရဲ့ အနက်ရောင် ဆက်သွယ်ရေးစက်က မက်ဆေ့ ပို့ပြီးတော့ လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ သဘောထားက ပြောင်းလဲသွားခဲ့တယ် ...သရဲနဲ့ မကောင်းဆိုးဝါးတွေက လူသားတွေကို လှည့်စားဖို့ အတူတူ အလုပ်လုပ်ကြတာ ၊ သူတို့က တစ်ဖက်ထဲပဲဟ ! "
ကော်ရစ်ဒါသည် မှုန်ဝါးနေ၏။လူသစ်များသည် လုံခြုံရေးအဖွဲ့ဝင်များထံ နီးနီးကပ်ကပ်ရှိနေကြသည်။သူတို့သည် အလွန်ကြောက်ရွံ့နေခြင်းဖြစ်သည်။သူတို့အနီးအနားရှိ အခန်းများသည် အော်ဟစ်သံ အကူညီတောင်းသံများဖြင့် ပဲ့တင်ထပ်နေ၏။ထိုနေရာ ငရဲထက်ပင် ဆိုးဝါးနေပုံရသည်။
"စိတ်မပူနဲ့ ၊ အခန်းတွေက အရိပ်ကမ္ဘာက ကူးစက်ခံထားရတဲ့ အရူးတွေအတွက် အကျဉ်းခန်းတွေပဲ ၊ သူတို့က ပျက်စီးနေကြပြီ "
လုံခြုံရေးအဖွဲ့ဝင်များက သူတို့အား အေးစက်စက် ကြည့်လိုက်သည်။လူအားလုံး ထိုနေရာသို့ ရောက်လာကြောင်း သေချာပြီးနောက် သူတို့က ရုံးခန်းတံခါးဖွင့်လိုက်သည်။ရုံးခန်းသည် စည်းဝေးခန်းထက် ကြီးမားပေသည်။
စီတုအန်း၏ ဓာတ်ပုံအား ဘဲဥပုံစားပွဲဝိုင်း၏ အနောက်ဘက်တွင် ထားရှိသည်။အင်္ဂါအစိတ်အပိုင်းနမူနာများကို ရှင်းလင်းစွာပြသထား၏။ ၎င်းတို့ထဲမှ အချို့မှာ လူသားများဖြစ်ပြီး အချို့သည် အရိပ်ကမ္ဘာမှ ထွက်လာသည့် သတ္တဝါများဖြစ်သည်။အဓိကာထိုင်ခုံသည် အလွတ်ဖြစ်နေလေသည်။စီတုအန်းပျောက်နေသော်ငြား ဘယ်သူမှ ယင်းထိုင်ခုံအား မသိမ်းပိုက်ဝံ့ပါချေ။
အဓိက ထိုင်ခုံ၏ မျက်နှာချင်းဆိုင်တွင် လူနှစ်ယောက်ရှိနေ၏ ။တစ်ယောက်သည် ကျင်းချန် ဖြစ်သည်။သူသည် ကြင်နာတတ်ပြီး ပြောဆိုရလွယ်ပုံရသည်။နောက်တစ်ယောက်မှာ ဟဲ့ယီဖြစ်သည်။သူ့လက်များတွင် အရိပ်များ စွန်းထင်းနေ၏။သူသည် လူသားတစ်ဝက် သရဲတစ်ဝက်ဖြစ်ပုံရသည်။သူ့အခြေအနေမှာ ကောင်းမွန်မနေချေ။
"ဖူဆန်းက ဝန်ထမ်းတွေ အကုန်လုံးကို ပြင်ဆင်လာတာပဲ ၊ ခင်ဗျားရဲ့ ခွင့်ပြုချက်ပဲ လိုတော့တယ် ပြီးရင် ကျုပ်တို့ အကြီးအကဲရဲ့ အိမ်ထဲ ဝင်လို့ရပြီ ၊ ကျုပ်တို့ အားလုံးအကျိုးရှိမှာပဲ "
ဟဲ့ယီက သူ့လက်ကို စားပွဲပေါ်တင်လိုက်သည်။ယင်းသည် နာကျင်မှုဖြင့် တုန်ယင်နေ၏။အရိပ်သည် မြွေများကဲ့သို့ သူ့ကြွက်သားထဲတွင် ကူးခတ်နေလေသည်။
"စီတုအန်းက မိဘပဲ ၊ သူက အိမ်ထဲမှာ သရဲနဲ့ မကောင်းဆိုးဝါးတွေ ယုံကြည်တဲ့ တစ်ဦးတည်းသော လူပဲ ၊ ခင်ဗျား တံခါးကို ဖွင့်နိုင်ရင်တောင် အိမ်ထဲကို သွားတာနဲ့ သေရုံပဲ ရှိမယ် "
ကျင်းချန်သည် တည်ငြိမ်နေ၏။
"အဲ့ဒီအိမ်မှာ သူ့ရဲ့ နောက်ဆုံးသက်ရောက်မှုတွေ သာမက သူရဲ့ အပြစ်တွေနဲ့ ကံကြမ္မာတွေပါ ရှိတယ် "
"ကျုပ်ရဲ့ အချိန်တွေကို ဖြုန်းတီးမနေနဲ့ ၊ ခင်ဗျားမှာ ကျုပ်နဲ့အလုပ်လုပ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာရှိလို့လား"
ဟဲ့ယီက ကြမ်းတမ်းစွာ ပြောလိုက်သည်။
"ခင်ဗျား နောင်တမရဖို့ပဲ ကျုပ်မျှော်လင့်ပါတယ် "
ကျင်းချန်က လူသေဓာတ်ပုံတစ်ခုကို ထုတ်လိုက်သည်။ဓာတ်ပုံ၏ အရှေ့ဘက်တွင် ငယ်ရွယ်သောစီတုအန်းသည် အခန်းအလွတ်ထဲ ထိုင်နေ၏။သူ့ဘေးပတ်လည်တွင် သန္ဓေပြောင်း မကောင်းဆိုးဝါးများ ရှိနေလေသည်။၎င်းတို့အားလုံးတွင် စီတုအန်း၏ အပြစ်ကင်းသော သားဖြစ်သူ၏ မျက်နှာများ ရှိနေပေသည်။စီတုအန်းသည် သူတို့၏ဖခင်ဖြစ်ပြီး သူတို့အားလုံးကို မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲ ပေးခဲ့သူတစ်ယောက်ဖြစ်သည်။
ဟဲ့ယီသည် ထိုဓာတ်ပုံကို မြင်လိုက်သောအခါ လုယူချင်နေ၏ ။ကျင်းချန်က ထိုင်ခုံကို မှီလိုက်ပြီး ဓာတ်ပုံကို လှည့်ကြည့်လိုက်သည်။
"အရမ်း စိုးရိမ်မနေပါနဲ့ ၊ အရင် ကြည့်လိုက်ပါဦး "
ဓာတ်ပုံနောက်ကျောတွင် ဝါကျအနည်းငယ် ရေးသားထား၏။
"ချစ်လှစွာသော အဖေ ၊ သင်ပြောသလို ကျွန်တော့်ကိုယ်ကျွန်တော် မိဘတစ်ယောက်အဖြစ်ပြောင်းလဲခဲ့ပြီ ၊ အခုကစပြီး မိဘအသစ်ဖြစ်လာဖို့ ကျွန်တော့ရဲ့ကံကြမ္မာကို သင်တာဝန်ယူရလိမ့်မယ် ၊ မိဘတစ်ယောက်အနေနဲ့ သင့်မှာ အိမ်သော့ ရှိပါတယ် "
"ကျွန်တော်တို့အိမ်ဟာ တည်ရှိခြင်းနဲ့ မတည်ရှိခြင်း ကြားမှာ တည်ရှိတယ် ၊အဲ့ဒါက အိပ်မက်ဆိုးအတွင်းမှာ နက်ရှိုင်းစွာ ဖုံးကွယ်ထားပြီး လက်တွေ့ဘဝရဲ့ အစွန်းမှာ နီးနီးကပ်ကပ်ရှိနေပါတယ်၊အဲ့ဒါဟာ သင်နဲ့ အလွန်ကွာဝေးပေမယ့်လည်း လူသားတိုင်း၏ နှလုံးသားနဲ့ ချိတ်ဆက်ထားပါတယ် "
"မိဘတစ်ယောက်အနေနဲ့ သင်ဟာ ဘယ်မိသားစုကို မဆို ကယ်တင်ဖို့ရွေးချယ်ပြီး ချစ်ခြင်းမေတ္တာတွေ ပေးနိုင်ပါတယ် ဒါမှမဟုတ် သူတို့ကို ကိရိယာတွေ အဖြစ် ဆက်ဆံလို့ရပါတယ် ၊ သူတို့ကို သင်လိုချင်သလို နှိပ်စက်လို့တောင်ရပါတယ် "
"သင့်မှာ လွတ်လပ်မှုအပြည့်ရှိပါတယ် ၊ ပြီးတော့ ကျွန်တော် သင့်ကို လုပ်ခိုင်းရမှာက အရမ်းရိုးရှင်းပါတယ် ၊ အရိပ်ကမ္ဘာဟာ အရှိတရားကို အအပြည့်အ၀ဆင်းသက်လာကြောင်း သင်သေချာမှ ရပါမယ် ၊လက်တွေ့ကမ္ဘာမှာ မူမမှန်မှုတစ်ခုပေါ်လာတဲ့အခါတိုင်း သင်ဟာ အရိပ်နဲ့ အမှောင်ထုကနေ ဆုလာဘ်တွေ ရမှာဖြစ်တယ် "