အခန်းနှစ်ခန်း
Vol. 15 Ch. 216
ဦးခေါင်းမဲ့တံခါးစောင့်သည် သတ်ဖြတ်ရန် စိတ်အားထက်သန်နေခဲ့သည်။ သွေးကြောမျှင်များသည် လူသစ်စုံစမ်းရေးမှူးများထံမှ သွေးများကို စုပ်ယူနေ၏။လူသစ်များသည် ရွေးချယ်စရာတစ်ခုသာ ရှိတော့သည်။ယင်းသည် သူတို့မသေခင် တံခါးကို တွန်းဖွင့်ရန်သာ ဖြစ်သည်။
"တွန်းကြစမ်း ! မင်းတို့ရဲ့ ရှင်သန်ရေးဗီဇကို လှုံ့ဆော်ကြ ! တံခါးကို တွန်းဖွင့်ကြ ! "
ထိုလူသစ်များအားလုံးသည် ရှရန် ရွေးချယ်ထားခြင်းဖြစ်သည်။သူ့အတွက် သူတို့ကို သတ်ဖြတ်ရန်မှာ လွယ်ကူလှသည်။ထိုအစား သူသည် သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် သူတို့ကို ရွေးချယ်ခဲ့သည်။အကြောက်တရားနှင့် သေခြင်းတရားကို တွေ့ကြုံပြီးနောက် လူသစ်များသည် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအရ အလွန်တိုးတက်ကောင်းမွန်လာခဲ့သည်။ ပိုအရေးကြီးသည်က ရှရန် စိုက်ပျိုးထားခဲ့သည့် မျိုးစေ့များ စတင်အပင်ပေါက်လာကြခြင်းဖြစ်သည်။ရှရန်၏ လူသေပုံတူတွင် အလွန်ထူးခြားသည့် စွမ်းအားတစ်ခုရှိသည်။ယင်းသည် သူ့အား သက်ရှိများ၏ လူသေပုံတူကို ရေးဆွဲရန် ခွင့်ပြုထားသည်။ရှရန်သည် ထိုနည်းလမ်းကို သုံး၍ လူသားများ၏စိတ်ဝိဉာည်ကို ထိန်းချုပ်နိုင်ပေသည်။အရိပ်ကမ္ဘာသည် အစစ်အမှန်ကမ္ဘာကို ဖောက်ပြန်ပျက်စီးစေနိုင်ပြီး ရှရန်သည် သူတို့၏ နှလုံးသားအတွင်းရှိ စွဲလမ်းမှုကို ချဲ့ထွင်ခြင်းဖြင့် သာမာန်ဝိညာဉ်များကို ဖောက်ပြန်ပျက်စီးစေနိုင်သည်။
"တွန်းကြ ! ငါ အစားခံနေရပြီ ! "
ရှေ့ဆုံးမှ တွန်းနေသော လူသစ်၏ခန္ဓာကိုယ်သည် တံခါးဝတွင် ကပ်သွား၏။ သူ့လက်များသည် တံခါးထဲ နစ်ဝင်သွားလေသည်။သူ့ခန္ဓာကိုယ်မှ ထွက်လာသော သွေးကြောများသည် သူ့အား တံခါးဆီဆွဲခေါ်နေလေသည်။
လူသစ်၏ မျက်နှာသည် တံခါးထံ တိုးဝင်သွားသည်။အဆုံးမရှိသော သွေးကြောများသည် သူ့မျက်စိနှင့်နားများထဲ စိုက်ဝင်သွားသောကြောင့် အော်ဟစ်နေရလေသည်။တံခါးသည် သူ့ ခံစားချက်များကို ဝါးမြိုလိုက်သကဲ့သို့ သူ့မျက်လုံးများ ငေးကြောင်မသွားခင် စက္ကန့်အနည်းငယ်လောက်သာ အော်ဟစ်လိုက်နိုင်သည်။
"ချီးပဲ ! တောင့်ခံထားကြ ! မင်းရဲ့ စွဲလမ်းမှုကို အာရုံစိုက်ထားဖို့ လိုတယ်ကွ ၊ မင်းနဲ့ လက်တွေ့ကမ္ဘာနဲ့ ဆက်သွယ်ချက်ကို မမေ့ကြနဲ့ ၊ မင်းရဲ့ မှတ်ဉာဏ်အနက်ထဲ တူးဆွလိုက် ! "
ဟဲ့ယီသည် သွေးတံခါးကို ဖွင့်ချင်နေခြင်းဖြစ်သည်။လူသစ်များ ကျရှူံးသွားပါက သူ့ကိုယ်ပိုင်လူများကို လွတ်ရတော့မည်ဖြစ်သည်။
"အာရုံစိုက်ထား ! အမှတ်ရကြ ! "
လူသစ်သည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။သူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် ပြန်ရောက်လာပြီး သူ့ခန္ဓာကိုယ်သည် နာကျင်မှုကို ပြန်ခံစားလာရသည်။
"ကယ်ပါဦး ! ငါမသေချင်ဘူး ! "
သူက အရှုံးပေးရန် ငြင်းဆန်လိုက်သော်လည်း တံခါးကို မဖွင့်နိုင်ခဲ့ပေ။သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်းဖြင့် တံခါး၏အစိတ်အပိုင်းဖြစ်လာသကဲ့သို့ ထိုလူသည် မယုံနိုင်ဖွယ် နာကျင်မှုကို ခံစားနေရသည်။သူ့အော်ဟစ်သံကို ကြားနေရခြင်း အခြားလူများက ပိုမိုအားစိုက်၍ တွန်းလိုက်ကြသည်။သွေးကြောများသည် လူတိုင်းအပေါ် ဖြည်းညင်းစွာ တွားဝင်နေကြသည်။လူတိုင်းသည် အတိုင်းအတာတစ်ခုအထိ ပြောင်းလဲလာကြသည်။ တစ်ချို့က သူတို့၏ အသားထဲတွင် ထက်မြိနေသည့် ဓားသွားများ ပေါက်လာကြသည်။အချို့၏ ကျောပြင်တွင် မီးလောင်ဒဏ်ရာများ ပေါ်လာ၏။ အထင်ရှားဆုံးသော ပြောင်းလဲမှုသည် ရှောင်ယွင်ဖြစ်သည်။သူ့ခန္ဓာကိုယ်တွင် သွေးစွန်းနေသော အတောင်များ စတင်ထွက်ပေါ်လာလေသည်။တခါက သူစားဖူးခဲ့ဟန်ရှိသည့် ခြေချောင်းငါးချောင်းရှိသော ကြက်သည် ကြက်မဟုတ်သော်လည်း တခြားတစ်မျိုးဖြစ်နိုင်ပေသည်။
အဆောက်အဦးထဲတွင် သေနတ်သံနှစ်ချက်ထွက်ပေါ်လာ၏။သေနတ်ပစ်လိုက်သူမှာ ရန်လင်းဖြစ်သည်။ထိုရဲစုံထောက်တွင်လည်း ဆိုးဝါးသည့်အတိတ်များ ရှိခဲ့သည်။ သူ့ပခုံးမှ လက်အသစ်တစ်ချောင်း ထွက်ပေါ်လာ၏။ဂြိုလ်သားလက်မောင်းသည် သူ၏ယူနီဖောင်းကို ဖောက်ထွက်၍ ပစ္စတိုကိုင်ထားသည့်လက်ကို ဖမ်းဆုပ်လိုက်သည်။
"သူက သူ့အသင်းဖော်ကို ဒဏ်ရာရစေခဲ့တယ် ...မဟုတ်ဘူး ..."
ရှရန်တောင်မှ ရန်လင်းဆီမှ အရာကို သတိမထားမိဘူး။ ထိုအဖြစ်အပျက်သည် ရန်လင်း၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခြင်းဖြစ်သည်။
ရန်လင်းနှင့် လူသစ်များအားလုံးသည် ပြောင်းလဲနေကြပြီဖြစ်သည်။ဆုမိုသည် တံခါးဖွင့်နိုင်ရန် အကောင်းဆုံး ကြိုးစားနေ၏။သူတစ်ယောက်သာလျှင် သာမန်အတိုင်းကျန်ခဲ့သည့်သူဖြစ်သည်။သူသည် အခြား စတေးခံများနှင့်မတူဘဲ ဤနေရာကိုရောက်ရှိရန် သူ၏ 'ထက်မြက်မှု' ကို အားကိုးခဲ့ခြင်းဖြစ်သည်။ သူ၏စွမ်းရည်ငါးမျိုးအနက် လေးမျိုးသည် သုညဖြစ်သည်။
သူ၏ အသန်မာဆုံး ဆန္ဒသည် ပါးစပ်လေးခုနှင့်အန်တီကြီးကို ပြန်တွေ့ရန်ဖြစ်ပြီး အကြီးမားဆုံးဆုတောင်းမှာ တက္ကသိုလ်၏သင်ရိုးတိုင်းကို အောင်မြင်ရန်ဖြစ်သည်။သူသည် သူ့ကိုယ်သူ အောင်မြင်စေရန် ကြိုးစားနေပြီး ထက်မြက်သည့် လူငယ်တစ်ယောက်ဖြစ်သည်။ အရိပ်ကမ္ဘာသည် ဘယ်လောက်ပင် ခက်ခက်ခဲခဲ ကြိုးစားနေပါစေ သူ့အပေါ် တွင် ဗီဇပြောင်းလဲနိုင်ခြင်း မရှိပေ။သူ့ပတ်ဝန်းကျင်ရှိ လူသစ်စုံစမ်းရေးမှူးများမှာ တံခါးဆီသို့ တစ်ယောက်ပြီးတစ်ယောက် စုပ်ယူခံနေရသည်။
သူတို့၏ ပြောင်းလဲသွားသော ခန္ဓာကိုယ်များသည် တံခါးဝတွင် အဓိပ္ပါယ်မဲ့သည့် အလှဆင်မှုများ ဖြစ်လာခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများသည် တံခါးကိုတွန်းဖွင့်ရန် အစွမ်းကုန်ကြိုးစားနေကြသည်။ သွေးတံခါးသည် စုံစမ်းရေးမှူးများကို စားသုံးပြီးသောအခါ ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
"အလုပ်ဖြစ်ပြီကွ ၊ ယဇ်ကောင်တွေရဲ့ အရေအတွက်နဲ့ အရည်အသွေးက ကျေနပ်စေခဲ့ပြီ ! "
ဦးခေါင်းမဲ့ တံခါးစောင့်၏ လှုပ်ရှားမှုသည် အများကြီးစားလိုက်ရသဖြင့် နှေးကွေးနေခဲ့သည်။ဟဲ့ယီက မျှော်လင့်ချက်ကို မြင်လိုက်ရသည်။
လူသစ်များတွင် ရှောင်ယွင်တစ်ယောက်သာ တောင့်ခံနေခြင်းဖြစ်သည်။သူသည် အံကြိတ်ထားရသဖြင့် သူ့ပါးစပ်မှ သွေးများ စီးကျနေလေသည်။
"မဖြစ်နိုင်ဘူး ! ဦးလေးက ငါတို့ကို လိမ်မှာ မဟုတ်ဘူး ! ငါတို့ ကြက်သားစားနေကြတာ ! မင်းက ငါ့ကိုလိမ်ဖို့ကြိုးစားနေတဲ့ သရဲတစ်ကောင်ပဲ ! "
ရှောင်ယွင်က ဟိန်းဟောက်လိုက်ပြီး တံခါးကို ရိုက်ချလိုက်သည်။ဦးခေါင်းမဲ့တံခါးစောင့်က လွှတ်လိုက်သည်။ ရှောင်ယွင်သည် လက်မောင်းတစ်ဖက်စာအဟအထိ တံခါးကိုဖွင့်နိုင်ခဲ့သည်။
ရှောင်ယွင်နောက်လိုက်လာသူမှာ ရန်လင်းဖြစ်သည်။သူသည် အပြစ်မဲ့သူများကို မထိခိုက်စေရန် သူ့ခန္ဓာကိုယ်မှ ပေါက်ထွက်လာသော တတိယလက်ကို ဖမ်းကိုင်ထားခဲ့သည်။သူ့ဘေးတွင်ရှိသော ဆုမိုကို ကာကွယ်ရန် သူက ရှောင်ယွင်ကို အတုယူ၍ တံခါးကို တိုက်ခိုက်လိုက်လေသည်။
"ငါတို့ နှစ်ယောက်ပဲ အသက်ရှင်တော့တယ် ! "
ဆုမိုသည် အဓိကဇာတ်ကောင်ဖြစ်ရခြင်းမှာ အလွန်ကြောက်စရာကောင်းကြောင်း မထင်ထားခဲ့ပေ။သူသည် အသက်ရှင်ချင်ရုံသာဖြစ်သည်။
"အဆင်ပြေပါတယ် ၊ မကြာခင် မင်းတစ်ယောက်ပဲ ကျန်ခဲ့မှာပါ "
ကျန်းလန်က ပြုံးလိုက်သည်။သူမက တံခါးကို မှီလိုက်သည်။ထို့နောက် ဆုမိုခန္ဓာကိုယ်ပေါ်မှ ဆေးသားများ စီးကျသွား၏။
"သန်မာတဲ့နှလုံးသား သုည ၊ သန်မာတဲ့ခန္ဓာကိုယ် သုည ၊ ယင်ဝိဉာည် သုည ၊ စွဲလမ်းမှု သုည ၊ ဦးနှောက်စွမ်းအား ၁ တဲ့ ...ပြန်လည်စတင်ဖို့ မင်းကိုယ်မင်း သတ်သေချင်လား "
"ဘယ်သူ စကားပြောနေတာလဲ "
တံခါးရှေ့တွင် ဆုမိုတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
"ရှူး ...သူတို့ မသေသေးဘူးကွ ၊သူတို့က တံခါးရဲ့ အစိတ်အပိုင်း ဖြစ်လာရုံပါပဲ ၊ ယဇ်ပူဇော်မှုက အောင်မြင်သွားပြီ ၊ မင်းကို တံခါးဖွင့်ပေးမယ့်သူဖြစ်အောင် ငါလုပ်ပေးမယ်၊ အပြန်အလှန်အားဖြင့် မင်းက ငါ့အတွက် အရာရာကို လုပ်ပေးဖို့လိုတယ် "
ရှရန်သည် ဆိုမိုအား အခြားရွေးချယ်စရာများ မပေးခဲ့ပေ။ဆုမိုပေါ်တွင် သူရေးဆွဲခဲ့သော ပန်းချီကားကို လှုံ့ဆော်လိုက်သည်။ အနီရောင် အပိုင်းအစများသည် အနီရောင် မိုးကာအင်္ကျီဖြင့် အနီရောင်တစ္ဆေ အဖြစ် ပြောင်းလဲသွားခဲ့သည်။
"တံခါးကို တွန်းဖွင့်လိုက်တော့ ! "
သူ့ခန္ဓာကိုယ်ပေါ်သို့ အနီရောင်မိုးရေများ ရွာချလာလေသည်။ဆုမိုက သူ့နှလုံးသားသည် ထူးဆန်းသည့် ကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။လက်တစ်စုံသည် သူ့နောက်ကျောမှ ထွက်လာပြီး သူ့ရင်ဘတ်ကို ထိုးဖောက်လိုက်သည်။ လက်များသည် သူ့နှလုံးသားကို ဖုံးအုပ်လိုက်သောကြောင့် ထူးခြားသည့်စွမ်းအားတစ်ခု ရလာခဲ့သည်။စွမ်းအားသည် သွေးတံခါးဆီသို့ ဆက်သွယ်နေ၏။ကျန်ရစ်ခဲ့သော သက်ရှိလူသားတစ်ယောက်အနေဖြင့် ဆုမိုသည် တံခါးကို ဖြေးညင်းစွာတွန်းဖွင့်လိုက်သည်။
တံခါးနောက်တွင် မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာန ရှိနေသေးသည်။၎င်းသည် အရိပ်နှင့်သွေးများ ဖုံးလွှမ်းခံထားရသည်။လက်တွေ့ကမ္ဘာနှင့် နှိုင်းယှဉ်ပါက စီတုအန်း၏ရုံးခန်းအတွင်း ကပ်လျက်အခန်းအသစ်နှစ်ခန်းရှိနေလေသည်။၎င်းတို့ထဲမှ တစ်ခန်းအား သားသတ်သမားများ၏အိမ်ဟု ခေါ်ပြီး နောက်တစ်ခန်းမှာ စိတ္တဇသမားများ၏ အိမ်ဟု ခေါ်သည်။