← Chapters

သက်တမ်းကိုစတေးခြင်း

Vol. 32 Ch. 443

သက်တမ်းကိုစတေးခြင်း

Vol. 32 Ch. 443

"အဲ့ဒီ့ကျင့်ကြံသူ နှစ်ယောက်က ကိုင်တွယ်ဖို့အရမ်းခက်လောက်မယ်လို့ ဘယ်သူက ထင်မှာလဲ...။"

ချင်လီ၏ အမူအရာက အနည်းငယ်ပြောင်းသွားကာ အသက်ယဲ့ယဲ့ကို ကပ်တွယ်နေကြသော ကျင့်ကြံသူနှစ်ယောက်ကို ငုံ့ကြည့်လိုက်လေ၏။

အန်လင်းက သူကိုယ်တိုင် မလှုပ်ရှာနိုင်လောက်သည်အထိ သူ့တစ်ကိုယ်လုံး ဒဏ်ရာအပြင်းအထန်ရ​ေနသော်လည်း စုရှောင်လန်ကို တင်းတင်းဖက်ထားလေ၏။

"အန်လင်း၊ အန်လင်း... နင် အဆင်ပြေရဲ့လား။ ငါ့ကို စကားပြောအုံး။"

စုရှောင်လန်က အန်လင်း၏ အမည်ကို ခေါ်ရင်း ငိုကြွေးနေလေ၏။

ချင်လီက သူတို့အထက်က လေထုကို နင်းကာ သူတို့ကို ငုံ့ကြည့်လိုက်လေ၏။ "ငါအဆုံးသတ်ပေးမယ်။ "မိုးပြာရောင် နတ်ဘုရား မြူနှင်း နည်းစနစ်။"

ဧရာမ မိုးပြာရောင် အံ့ဖွယ် ငှက်ပုံရိပ်တစ်ခုက လေထဲတွင် ထပ်မံပေါ်လာလေသည်။ ထိုသည်က တောင်ပံတစ်ဖျတ်ဖျတ်ခတ်ကာ မရေမတွက်နိုင်သော မိုးပြာရောင် မြူနှင်း ဘောလုံးများက ကောင်းကင်မှ ကျဆင်းလာပြီး ကောင်းကင်နှင့်မြေကြီးကို အေးခဲသွားစေ၏။ လေထုထဲရှိ မြူနှင်းများအားလုံးက မိုးပြာရောင် မြူနှင်းလုံးများနှင့် ထိတွေ့သောအခါ ချက်ချင်း အေးခဲသွားပြီး မမြင်နိုင်သော အားအင်တစ်ခုကြောင့် ဗလာအဖြစ်သို့ လျော့ကျသွားလေ၏။

စုရှောင်လန်က အန်လင်းကို တင်းတင်းဖက်ထားကာ မိုးပြာရောင် မြူနှင်းလုံးများ သူတို့အပေါ်ကျရောက်လာသောအခါ မျက်လုံးမှိတ်ထားလိုက်လေ၏။

"ဒင်းဒေါင်..."

"လက်ခံသူက အလွန်အမင်း ခြိမ်းခြောက်မှုတစ်ခုကို ရင်ဆိုင်နေရသည်ဟု သိရပါသည်။ သင်က သင့်၏ အသက်စွမ်းအား ၅ပုံတစ်ပုံကို စတေးဖို့ ဆန္ဒရှိပါသလား။ သင်က ရလာဒ်အနေနှင့် စိတ်ကူးမယဉ္နိုင်လောက်သော စွမ်းအားရရှိပါမည်။ လက်ရှိ သက်တမ်း၏ ၅ပုံတစ်ပုံက ကုန်ဆုံးပြီး ဖြစ်ပါသည်။"

"လက်ခံပါတယ်..."

ဘုန်း...

မိုးပြာရောင် မြူနှင်းလုံးကြီးက အောက်ဘက်မှ အချင်းဝက် ကီလိုမီတာပေါင်းများစွာရှိသော မြေပြင်ကို အမှုန့်ချေပစ်လိုက်ကာ မြေပြင်တွင် တွင်းကြီးတစ်ခု ချန်ထားခဲ့လေ၏။

ချင်လီက ထွက်ခွာသွားတော့မည့်အချိန်၌ သူမ၏ အမူအရာက ရုတ်တရက် တုံ့ဆိုင်းသွားပြီး မြေပြင်ရှိ တွင်းနက်ကြီး၏ အလယ်ဗလိုကို မယုံနိုင်သည့် အမူအရာဖြင့် ကြည့်လိုက်လေ၏။

"ဘယ်လိုလုပ်ပြီး..." သူမ၏ အသံက အနည်းငယ် တုန်ယင်နေလေ၏။

တခြားသော မြူနှင်း နတ်မိမယ် လေးဦးသည်လည်း ချင်လီ၏ အမူအရာပြောင်းလဲမှုကို သတိထားမိကာ လေးယောက်စလုံးက တွင်းနက်ကြီး၏ အစွန်းကို ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့၏ မျက်စိရှေ့တွင် ဖြစ်နေသော မြင်ကွင်းကို တွေ့ပြီးနောက် အမူအရာများက သိသိသာသာပြောင်းလဲသွားလေ၏။

ဧရာမတွင်းနက်ကြီး၏ အတွင်း၌ အမျိုးသမီးတစ်ဦးကို ပွေ့ဖက်ထားသော အမျိုးသားတစ်ဦး၏ လက်များက အစိမ်းရောင်အလင်းများနှင့် တောက်ပနေလေ၏။ အလွန်အမင်း အစွမ်းထက်သော ပြန်လည်ကောင်းမွန်ရေး စွမ်းအားများက အမျိုးသမီး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေကာ သူမ၏ ဒဏ်ရာများကို အလျင်အမြန် ကုသပေးနေလေ၏။

"နင် ကြောက်သွားလား။" အန်လင်းက ညင်သာသော အသံဖြင့် မေးလိုက်၏။

စုရှောင်လန်က သူမနှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး မျက်ရည်များ စီးကျနေရင်း ခေါင်းခါပြလိုက်၏။ "မဟုတ်ပါဘူး။ ငါ အရင်က ဒါမျိုးတစ်ခါမှ မမြင်ဘူးသေးလို့ပါ..."

သူမက သူမ၏ လက်ချောင်းသွယ်သွယ်လေးများကို ဆန့်ထုတ်လိုက်ကာ အန်လင်း၏ နဖူးကို ပွတ်ပေးလိုက်၏။ "နင် ဒီစွမ်းအားကို နောက်ဆုံးတစ်ခေါက်င သုံးတုန်းက နင့် နဖူးပေါ်မှာ အနက်ရောင် အမှတ်တစ်ခုတည်းရှိတာပါ။ အခု ဘာလို့ နှစ်ခု ဖြစ်သွားတာလဲ။"

"အဲဒါက ငါ ဒီစွမ်းအားကို ဘယ်နှခါအသုံးပြုသလဲဆိုတာကို မှတ်ထားတာ အရှင်းကြီးပေါ့ကွာ။ ခုဏတုန်းက တိုက်ခိုက်မှုက မင်းရဲ့ အသိတရားတွေကိုပါ ထိသွားတာလား။ ငါ့ရဲ့ ကုသရေး မန္တန်နည်းစနစ်က နင့်ရဲ့ IQကို​တော့ ပြန်ကောင်းအောင် လုပ်လို့မရဘူးထင်တယ်။" အန်လင်းက လက်နက်ချဟန်ဖြင့် ပြောလိုက်၏။

စုရှောင်လန်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး အပြုံးတစ်ပွင့်က သူမ၏ မျက်နှာထက်တွင် ညကောင်းကင်ယံအောက်မှ ကြာပွင့် ဖြူဖြူတစ်ပွင့်ကဲ့သို့ ဖူးပွင့်လာလေ၏။

"အဲ့တော့ နင်က စုစုပေါင်း အမှတ်ဘယ်နှခု မှတ်လို့ရလဲ။"

"ဘယ်သူသိမှာလဲ။ ၁၀ခုလား... ဒါမှမဟုတ် အခု ၁၀၀လား...။"

"အဲဒါဆိုလဲ အများကြီး မသုံးနဲ့ဟာ...။ အဲ့လိုမှ မဟုတ်ရင် နင် ရုပ်ဆိုးသွားလိမ့်မယ်...။"

"နင်ငါ့ကို မပစ်သွားသရွှေ့ အဲဒါက ပြဿနာမရှိပါဘူး။ ငါက အဲဒါကို ရန်သူတွေကို ခြောက်လှန်ဖို့လဲ သုံးလို့ရတယ်လေ။"

...

အန်လင်းနှင့် စုရှောင်လန်တို့က အချင်းချင်း စကားပြောဆိုနေကြချိန်တွင် မြင့်မြတ် နန်းတော်ခေါင်းဆောင်များက နောက်ဆုံးတွင် အသိစိတ်ပြန်ဝင်လာကြ၏။

မြူနှင်းနတ်မိမယ် ငါးဦးက တစ်ယောက်နှင့် တစ်ယောက်ကြည့်နေကြပြီး သူတို့၏ အဖော်များ၏ မျက်နှာထက်တွင် စိတ်ပိုင်းဖြတ်ထားသော အမူအရာများ ထပ်တူကျနေလေ၏။

"အကုန်လုံး အတူတူ။" ချင်လီက အေးစက်စက်အသံဖြင့် အမိန့်ပေးလိုက်၏။

"မြူထူကြယ် တိုက်ချက်..." ရေခဲ နံရံ ဆေးရေးပန်းချီတစ်ခုက ရေခဲ ပုတီးနှင့် မြူနှင်း နတ်မိမယ်၏ အောက်တွင် ပေါ်လာလေ၏။ မရေမတွက်နိုင်သော ကြယ်သေးသေးလေးများကို ရေခဲနံရံဆေးရေးပန်းချီပေါ်တွင် ရေးချယ်ထားပြီး သူတို့အားလုံးက နံရံဆေးရေးပန်းချီမှ ခွာထွက်လာပြီး အန်လင်းအပေါ်သို့ ကြောက်မက်ဖွယ် အားအင်နှင့် ကျဆင်းလာလေ၏။

"ငရဲ၏ မြူထူ နဂါး" အပြာရင်ရင့် လက်တစ်စုံနှင့် မြူနှင်းနတ်မိမယ်တစ်ဦးက လက်နှစ်ဖက်ကျု ပူးကပ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များအားလုံးကို အသက်သွင်းလိုက်ကာ အလျား ၁၀ ကီလိုမီတာကျော်သော ရေခဲ နဂါးတစ်ကောင် ဖြစ်ပေါ်လာစေ၏။ ရေခဲနဂါးက လေထုထဲတွင် ရစ်ဝဲနေပြီး အန်လင်းဆီသို့ ကျဆင်းလာလေ၏။

"အထူး အလင်းဓား" ဓားသမား မြူနှင်းနတ်မိမယ်တစ်ဦးက သူမ၏ အဖြူရောင် ဓားကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး အလွန်ပင် ရိုးရှင်းလှသော ခုတ်ချက်တစ်ခု ပြူလုပ်လိုက်၏။

သို့သော်လည်း သူမ၏ ရိုးရှင်းပုံထင်ရသော ခုတ်ချက်မှာ ဓား၏ တာအို ဆန္ဒများနှင့် ပြည့်နှက်နေပြီး ကောင်းကင်နှင့် မြေကြီးကို ပြိုင်ဘက်ကင်း လျှပ်စီးအားကြီးတစ်ခုကဲ့သို့ ထိုးဖောက်သွားလေ၏။

အပြင်းအထန် ဝမ်းဗိုက်ဒဏ်ရာနှင့် မြူနှင်းနတ်မိမယ်သည်လည်း သူမ၏ လက်ဝါးကို ဆန့်ထုတ်လိုက်ကာ အရွယ်အစားပေ၁၀၀၀ကျော်သော မြူထူလက်ဝါးကြီးတစ်ခု ဖန်တီးလိုက်လေ၏။

အံ့ဖွယ် မိုးပြာရောင်ငှက်ပုံရိပ်တစ်ခုက တောင်ပံများကို ဖြန့်ကာ အဆုံးအစမဲ့ အံ့ဖွယ်ခွန်အားဖြင့် အန်လင်းဆီသို့ တစ်ဟုန်ထိုး လာခဲ့လေ၏။

"နာနေသေးလား။" အန်လင်းက ညင်သာလှသောပသံဖြင့် မေးမြန်းလိုက်လေ၏။

"မနာတော့ဘူး။" စုရှောင်လန်က ခေါင်းကို ညင်သာစွာ ခါပြလိုက်လေ၏။

"အဲဒါဆို ငါ့ကို ၁မိနစ်လောက် အချိန်ပေးနော်။" အန်လင်းက ပြုံးလိုက်လေ၏။

စုရှောင်လန်က ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်လေ၏။ "OK..."

စုရှောင်လန်၏ ခန္ဓာကိုယ်ကို အဖြူရောင်အလင်းပြားလေးတစ်ခုက လွှမ်းခြုံထားပြီး အန်လင်းက ့လက်ထဲတွင် အနည်းငယ် တုန်နေသော သူ့၏ မိစ္ဆာရှင်းဓားနှင့် လေထဲသို့ ခြေချလိုက်လေ၏။

"ပထမ နည်းစနစ်၊ ဝါယောဓား..."

ကမ္ဘာမြေ အက်ကွဲစေလောက်သည့် တိုက်ခိုက်မှု ငါးခုနှင့် ရင်ဆိုင်ရသောအခါ သူက ဂရုမစိုက်ဟန်ဖြင့် သူ့ဓားနက်ကို လွှဲယမ်းလိုက်လေ၏။

လေက သူ့၏ ဓားကို မြင့်တင်လိုက်၏။

မမြင်နိုင်သော လေပြင်းများက နေရာအနှံ့သို့ ဖြာထွက်လာပြီး ကမ္ဘာပေါ်ရှိ တည်ရှိရန် မထိုက်တန်သော အရာဝတ္ထုများအားလုံးကို သုတ်သင်ပစ်ရန် စွမ်းအားကို သူနှင့် အတူယူဆောင်လာလေ၏။

ထိုသည်က လေထုထဲရှိ မသန့်စင်မှုများအားလုံးကို ရှင်းလင်းပေးသည့် လေပြည်လေးကဲ့သို့ပင်။

ထိုသည်က ကောင်းကင်နှင့် မြေကြီးကြားရှိ ရေခဲနှင့် မြူနှင်းများအားလုံးကို လှည်းကျင်းသွားမည့် နွေဦးလေပြည် နွေးနွေးလေးတစ်ခုကဲ့သို့ပင်။

သူတို့အပေါ်သို့ သက်ဆင်းလာနေသော ကြယ်ပွင့် သေးသေးလေးများ အားလုံးက လေကြောင့် မိုးရေစက်များကဲ့သို့ တိုက်ခတ်ခြင်း ခံလိာက်ရပြီး အလွန်ကြီးမားလှသော ငရဲ၏ မြူနှင်းနဂါးကြီးက ရေငွေ့အဖြစ် လျော့ချမခံရမီ အော်ဟစ်ချိန်ပင် မရလိုက်ပါပေ။ ပြိုင်ဘက်ကင်း အထူးအလင်းဓား၏ ခွန်အားက ချက်ချင်းပင် လေနှင့်တိုက်ခတ်သွားသော ဖုန်မှုန့်များအဖြစ် အပိုင်းပိုင်း ကွဲကြေသွားကာ မြူနှင်းလက်ဝါးကြီး၏ စွမ်းအားက ဗလာအဖြစ်သို့ ချက်ချင်းလျော့ချခံလိုက်ရလေ၏။ အံ့ဖွယ် မိုးပြာရောင် ငှက်က ပြာယာခပ်ကာ နောက်ဆုတ်ရန် ပြင်လိုက်သော်လည်း လေက သူ့၏ အမွှေးများအားလုံးကို ချွတ်ပစ်ကာ မိုးပြာရောင် မီးခိုးအဖြစ် ပျောက်ဆုံးသွားလေ၏။

အချင်းဝက် ကီလိုမီတာ ၁၀၀ကျော်အတွင်းရှိ ခေါင်းပေါ်မှ တိမ်မည်းများက ဤညင်သာပုံရသော လေပြည်၏ တိုက်ခတ်ခြင်းခံလိုက်ရ၏။

နေမင်း၏ အလင်းရောင်က မြေပြင်ပေါ်သို့ ကျရောက်နေကာ မြင့်မြတ်ရေခဲကုန်းမြေများကို အချိန်အကြာကြီးနေမှ ပထမဆုံးအကြိမ်အဖြစ် အနွေးဓာတ်ကို ယူဆောင်လာပေး၏။

"ဟူး... ဒီနေ ရာသီဥတုက အတော်လေး ကောင်းနေတာပ​ဲ။" အန်လင်း၏ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ပေါ်လာပြီး တောက်ပနေသော နေမင်းကြီးကို ကြည့်လိုက်၏။

ပျက်ပြယ်ခြင်းအဆင့် မြူနှင်းနတ်မိမယ် ငါးဦးစလုံးက အံ့ဩတကြီး မျက်လုံးပြူးနေကြပြီး အိပ်မက်မက်နေသည်ဟု ခံစားလိုက်ရ၏။

"မဖြစ်နိုင်တာ... ဒါက ဘယ်လို စွမ်းအားမျိုးလဲ..." ချင်လီက အထိတ်တလန့် ရေရွတ်လိုက်လေ၏။

ထို့နောက် သူမက သူမ၏ အံ့ဖွယ်မိုးပြာရောင်ငှက် ပျောက်ကွယ်သွားခြင်း၏ အကျိုးဆက်အနေနှင့် သွေးအပြည့် အန်ထုတ်လိုက်လေ၏။

"ဒီစွမ်းအားက ငါတို့နားလည်နိုင်တာထက် ပိုနေတယ်...။ သူက အံ့ဖွယ်တာအို သေတ္တာ ချိတ်ပိတ်ခြင်းကို တားဆီးနိုင်ပြီး ကြီးမြတ်အရှင်မကို ဒဏ်ရာရစေတာ အံ့ဩစရာမရှိတော့ဘူး။ ငါတို့အားလုံးက အရမ်း သတိလက်လွတ်ဖြစ်သွားတာ။ ငါတို့ရဲ့ ရန်သူက သေချာ​ပေါက်ကို ပျက်ပြယ်ခြင်းအဆင့်ထက် သာလွန်နေတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။" တခြားသော မြူနှင်းနတ်မိမယ်က သူမ၏ ဓားကွဲကြေသွားသည့် အကျိုးဆက်ကြောင့် သွေးအပြည့်အန်ထုတ်လိုက်လေ၏။

"နန်းတော် ခေါင်းဆောင် ချင်လီ၊ ငါတို့ တပ်ဆုပ်သင့်-" အပြာရောင်လက်များနှင့် မြူနှင်းနတ်မိမယ်မှာ သူမ၏ စကားကိုပင် ပြီးအောင် ပြောခွင့် မရသေးခင်မှာပင် သူမ၏ မျက်လုံးများက အလန့်တကြား ပြူးကျယ်သွားကာ ဒဏ်ရာတစ်ခု သူမ၏ ဦးခေါင်းမှ ဝမ်းဗိုက်အောက်ပိုင်းအထိ ကျယ်ပြန့်လာလေ၏။

အန်လင်းက သူမနောက်တွင် ပေါ်လာပြီး ဖြစ်ကာ သူမ၏ အသက်ကို ဓားတစ်ချက်တည်းနှင့် အဆုံးသတ်ပေးလိုက်၏။

သူက မည်သည့်အချိန်က ထိုနေရာတွင် ပေါ်လာသနည်း။ ထိုနေရာ၌ အဘယ်ကြောင့် မည်သည့် အကွာအဝေး အတက်အကျမှ မရှိပါသနည်း။"

ကျန်ရစ်သော မြူနှင်းနတ်မိမယ်များ အားလုံးက နှစ်ပိုင်း ဖြတ်ခံလိုက်ရသော မြူနှင်းနတ်မိမယ်ကို  အလန့်တကြား ကြည့်လိုက်ကြ၏။

"လူစုခွဲပြီး ပြေးကြတော့။" ချင်လီက အော်ဟစ်လိုက်၏။

မြူနှင်းနတ်မိမယ် လေးဦးစလုံးက ချက်ချင်းပင် နေရာအနှံ့သို့ အရှိန်အပြည့်နှင့် တပ်ဆုတ်သွားကြလေ၏။

အန်လင်းက ကောင်းကင်နှင့် မြေကြီးကို လေ့လာလိုက်ပြီး အရာအားလုံးမှာ သူ့၏ ထိန်းချုပ်မှုအောက်တွင် ရောက်နေသည်ဟု ခံစားလိုက်ရ၏။  သူက လေထဲရှိ နှင်းပွင့်များအားလုံးနှင့် ဆက်သွယ်နိုင်သည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး ကောင်းကင်ဘုံနှင့် မြေကြီးကြားရှိ အက်တမ်တစ်ခုစီတိုင်းနှင့်ပင် ဆက်သွယ်နေနိုင်ပေ၏။

လျှပ်စီး ခြယ်လှယ် နည်းစနစ်။

ဘုန်း...

လျှပ်စီးကြောင်းကြီးတစ်ခုက ရုတ်တရက် ကြယ်လင်နေသော ကောင်းကင်ပြာဆီမှ ဆင်းသက်လာပြီး ဓားသမား မြူနှင်းနတ်သမီးကို အံ့ဖွယ်တုံ့ပြန်စွမ်းအားဖြင့် ရိုက်ခတ်လိုက်လေ၏။ သူမက ချက်ချင်းပင် ပြာနှင့် ဖုန်မှုန့်မျအဖြစ်သို့ လျော့ချခံလိုက်ရ၏။

တောင်ခွင်းလက်သီး နည်းစနစ်။

ကမ္ဘာမြေကြီး၏ စွမ်းအားက သူ့၏ လက်သီးမှ ဖြာထွက်လာပြီး သူပတ်ဝနကျင်မှ နေရာလပ်ကို ချိတ်ပိတ်ကာ အဖြူရောင် ပုတီးနှင့် မြူနှင်း နတ်မိမယ်ကို ချေမွ ပစ်လိုက်တော့သည်။

မြူနှင်းနတ်မိမယ်က ကြောက်လန့်တကြား အော်ဟစ်ကာ သူမ၏ ရှေ့တွင် ရေခဲအကာအကွယ်တစ်ခုကို ထုတ်လွှတ်လိုက်လေ၏။

ဘုန်း...

လက်သီးပုံရိပ်ကြီးက ရေခဲအကာအကွယ်နှင့်တိုက်မိပြီး တိုက်ခတ်မိရာ ဒေသ၏ ပတ်ဝန်းကျင်ရှိ နေရာလပ်ကို ကြီးမားလှသော အကွာအဝေးအက်ကွဲကြောင်းများအဖြစ် ကွဲအက်သွားစေ၏။

ရွှေရောင် လက်သီး ပုံရိပ်ကြီးက ရေခဲ အကာအကွယ်ကို ကြိတ်​ခြေကာ အဖြူရောင် ပုတီးကို စိစိညက်ညက်ကြေသွားစေပြီး မြူနှင်း နတ်မိမယ်ကို လွှမ်းခြုံပစ်လိုက်လေ၏။

ချင်လီမှာ အလွန်အမင်း ကြောက်လန့်နေပြီး သူမ၏ အကွာအဝေး ခြယ်လှယ်ခြင်း စွမ်းအားများကို အသုံးပြုကာ လေထုကို ဖြတ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်၏။ သူမက မီးတောက်စုဆောင်းအဝိုင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အဆုံးမရှိသော နောင်တတရားက သူမ၏ နှလုံးသားဆီသို့ လှိုက်တက်လာလေ၏။

ချင်လီက အန်လင်း၏ စွမ်းအားမှာ အထူးအ​ခြေအနေများကြောင့် တိုးပွားလာသည်ကို သိပေ၏။ သို့မဟုတ်ပါက သူက လွတ်မြောက်ရန် အပြင်းအထန် ကြိုးစားမည်မဟုတ်ပါချေ။

သူမက ထိုနှစ်ယောက်ကို ပစ်မှတ်မထားပဲ မြင့်မြတ်မြို့တော်သို့ တိုက်ရိုက် ပျံသန်းသွားပါက ဤသည်များ တစ်ခုမှ ဖြစ်လာမည်မဟုတ်ပါပေ။

သူမက အဘယ့်ကြောင့် သူတို့ကို ပစ်မှတ်ထမိပါသနည်း။ သူမက အဘယ့်ကြောင့် အန်လင်းကို အဆုံးထိ တွန်းပို့မိပါသနည်း။

ချင်လီ၏ နှလုံးသားမှာ နောင်တတရားများနှင့် ပြည့်နှက်နေသော်လည်း လက်မလျော့ပါချေ။ သူမက တစ်ခုခု လုပ်ရပေမည်...။

မိုးပြာရောင် ပုတီးစေ့တစ်ခုက သူမ၏ ပါးစပ်ထဲမှ ပျံထွက်လာပြီး သူမ၏ အော်ရာမှာ လျင်မြန်စွာ မှေးမှိန်သွားလေ၏။ သို့သော် သူမက အံတင်းတင်းကြိတ်ကာ သူမ၏ အသက်အတွက် တိုက်ခိုက်ရန် လွတ်မြောက်ဖို့ ဆက်လက်ကြိုးစားနေဆဲပင်။

ထိုအချိန်၌ သူမက အပူလှိုင်းတစ်ခု သူမဆီသို့ နီးကပ်လာသည်ကို ရုတ်တရက် ခံစားလိုက်မိ၏။

အနီရောင် အလင်းတန်းကြီးတစ်ခုက သူမ၏ ခနဓာကိုယ်ကို ထိုးဖောက်သွား၏။ ထိုသည်က ကြက်သွေးရောင် မီးတောက်မြှားတစ်ခုပင်။

မြှားက ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ကာ ချက်ချင်းပင် မြူနှင်းနတ်မိမယ်ကို ကီလိုမီတာ ၄၀၀ကျော် အဝေးသို့ လွင့်ထွက်သွားစေ၏။

လောင်ကျွမ်းမီးတောက်များက သူမ၏ ခန္ဓာကိုယ်တွင် ဧရာမ တွင်းကြီးတစ်ခု လောင်ကျွမ်းသွားစေပြီး သူမ၏ အသက်စွမ်းအားကို ချက်ချင်းပင် နုတ်ယူသွားလေ၏။

----------------

All Chapters