← Chapters

ရတနာ

Vol. 15 Ch. 217

ရတနာ

Vol. 15 Ch. 217

"ဒါက အရိပ်ကမ္ဘာထဲက စီတုအန်းရဲ့ အိမ်လား"

ဆုမိုသည် သွေးနီရောင်တံခါးကြီးရှေ့တွင် ရပ်လျက် အံ့အားသင့်နေမိသည်။ သူသည် အဓိကဇာတ်ဆောင်ဖြစ်သော်လည်း ဤနေရာသို့ မည်သို့ရောက်လာသည်ကို သူကိုယ်တိုင်ပင် မသိခဲ့ပေ။ တံခါးကို တွန်းဖွင့်လိုက်သောအခါ သူ့ပေါ်တွင် ရှိနေသော အနီရောင်မိုးကာအင်္ကျီပုံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ရှရန်၏ အသံသည်လည်း အားနည်းလာခဲ့သည်။ လက်တွေ့လောကသို့ အနီရောင်မိုးကာအင်္ကျီကို ခေါ်ဆောင်လာရခြင်းသည် သူ့အား အလွန်အမင်း ပင်ပန်းစေခဲ့ပြီး ထိုမိုးကာအင်္ကျီသည် လက်တွေ့ကမ္ဘာလောကတွင် အချိန်ကြာမြင့်စွာ တည်ရှိနိုင်မည် မဟုတ်ပေ။

"သွားကြတော့ ! "

ဟဲ့ယီ၏ အသံကို နောက်မှ ကြားလိုက်ရသည်။ သူသည် လုံခြုံရေးအဖွဲ့ဝင်များကို ဦးဆောင်ကာ အလောင်းများဖြင့် ပြုလုပ်ထားသော တံခါးကို ဖြတ်ကျော်လာခဲ့သည်။ သူသည် ဆုမိုကို အလွယ်တကူ ဘေးသို့ တွန်းထုတ်လိုက်သည်။ သူ့အား စီတုအန်းပြောခဲ့သော အရာများကို သတိရမိသောအခါ ဟဲ့ယီ၏ အသက်ရှူသံများ လေးလံလာ၏။အိမ်သို့သွားသည့် လမ်းကို မည်သို့မည်ပုံဖြစ်စေ သူကာကွယ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စီတုအန်း၏ အရာအားလုံးသည် ထိုအိမ်အတွင်း၌ ဝှက်ထားသောကြောင့်ဖြစ်သည်။

"စီတုအန်း သေသွားပြီဆိုတော့ ဒီနေရာက အရာအားလုံးက အခု ငါ့အပိုင်ပဲ "

ဘေးဒုက္ခဆိုး ရောက်လာသောအခါတွင် ကိုယ်ကျင့်တရားသည် အသုံးမဝင်ဆုံးသော အရာဖြစ်လာသည်။ စည်းမျဉ်းများကို အာဏာအပေါ်တွင် တည်ဆောက်ထားသည်။ ဟဲ့ယီသည် သူ့ အနာဂတ်ကို တွေးကာ စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် စိတ်အားထက်သန်စွာဖြင့် တံခါးနှစ်ခုရှိရာသို့ လျှောက်သွားလိုက်သည်။

"ဒါပေမယ့်... ဘာကြောင့် အခန်းနှစ်ခုရှိနေတာလဲ။ စီတုအန်းက အိမ်တစ်လုံးပဲရှိတယ်လို့ ငါ့ကိုပြောခဲ့တာ... သားသတ်သမားတွေနဲ့ စိတ္တဇကောင်တွေတဲ့လား ၊ ဘယ်ဟာက သူ့ရဲ့ တကယ့်အိမ်လဲ"

ဟဲ့ယီသည် စီတုအန်း၏ စရိုက်ကို သိသည်။ အရာရာသည် ဤမျှလွယ်ကူမည် မဟုတ်ကြောင်း သူသိ‌ပေသည်။ ဤသည်မှာ နောက်ဆုံးစမ်းသပ်မှု ဖြစ်ပေလိမ့်မည်။

ဟဲ့ယီသည် သေနတ်ဖြင့် ဆူမိုကို ထိုးချိန်လိုက်သည်။

"မင်း စိတ္တဇသမားတွေရဲ့ အိမ်တံခါးကို သွားဖွင့်လိုက် "

"ငါပဲ ထပ်ဖြစ်ပြန်ပြီလား "

ဆုမိုက နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူသည် ကန့်ကွက်လိုသော်လည်း ထိုလူသည် သေနတ်ကိုင်ထားခြင်းဖြစ်သည်။ သူ့တွင် ပါးစပ်လေးခုပါသော အန်တီကြီး၏ စောင်တစ်ထည်သာ ရှိသည်။ ဆူမိုသည် အရိပ်နှင့် သွေးတို့ဖြင့် ရက်လုပ်ထားသော လမ်းပေါ်တွင် လျှောက်သွားလိုက်သည်။ သူသည် စိတ္တဇသမားများ၏ အိမ်တံခါးရှေ့တွင် ရပ်လိုက်ပြီး ဟဲ့ယီဘက်သို့ မသေချာမရေရာစွာ ကြည့်လိုက်သည်။ သူသိကျွမ်းသူတိုင်းသည် တံခါး၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။ တက္ကသိုလ်ကျောင်းသားတစ်ဦးအနေဖြင့် သူသည် ထိုအခြေအနေသို့ ရောက်လာလိမ့်မည်ဟု မထင်ခဲ့‌ချေ။ သရဲများ၊ သေနတ်များ၊ လူသားများနှင့် မိစ္ဆာကောင်များအားလုံးသည် သူ့အား ခြိမ်းခြောက်နေကြလေသည်။

"ဒါက အဓိက ဇာတ်ကောင်ဖြစ်ရတဲ့ ဈေးနှုန်းလားကွာ "

ဆုမိုသည် ခုခံမှုမရှိဘဲ တံခါးကို တွန်းဖွင့်လိုက်သည်။ အခန်းအတွင်းရှိ အရာများသည် အလွန်ပုံမှန်ဖြစ်နေ၏။ သွေးရောင်ပင် မှေးမှိန်သွားခဲ့သည်။ ကြောက်စရာကောင်းသည့် အရာများ ဖြစ်ပျက်မလာခဲ့ပေ။ အခန်း၏ နံရံများတွင် ဓာတ်ပုံများ ချိတ်ဆွဲထားသည်။ ဓာတ်ပုံတိုင်းကို သက်ဆိုင်ရာလူ မသိစေဘဲ ရိုက်ယူထားခြင်းဖြစ်သည်။ သူတို့သည် ဟန်ဟိုင်းတွင် နေထိုင်ကြပြီး အလုပ်အမျိုးမျိုးလုပ်ကိုင်ကြသည်။ ဓာတ်ပုံနှင့်အတူ နာမည်၊ အလုပ်နှင့် ရိုးရှင်းသော မိတ်ဆက်စာတိုများ ပါရှိသည်။ သူတို့အားလုံးသည် မတူညီသော်လည်း တူညီသည့် အချက်တစ်ခုရှိသည်... သူတို့သည် စိတ္တဇဖြစ်နေနိုင်သည့် လူများ ဖြစ်နေကြခြင်းဖြစ်သည်။

"ဟမ် "

ဆုမိုသည် ဓာတ်ပုံအများစုကို မည်သို့မျှ မခံစားရသော်လည်း ကောင်းမင်ဟု အမည်ရှိသော ဓာတ်ပုံတစ်ပုံကို မြင်သောအခါ သူ့ နှလုံးသားနက်နက်ထဲ၌ ဆန့်ကျင်မှုတစ်ခုကို ခံစားရလေသည်။

"ဒီဓာတ်ပုံတွေ ဘာကြောင့် ဒီမှာရှိနေတာလဲ?"

ဆုမိုသည် အရာအားလုံးကို စိတ်ရှည်စွာ လေ့လာနေစဉ် ရှရန်၏ အသံမှာ သူ့နှလုံးသားထဲမှ ပေါ်ထွက်လာ လေသည်။

"နံရံဆီသွားပြီး ကောင်းမင်နဲ့ ရှရန်နာမည်ပါတဲ့ ဓာတ်ပုံတွေကို ဖယ်လိုက် "

"ဖယ်ရမှာလား ၊ ဒါကောင်းပါ့မလား ၊ သူတို့နှစ်ယောက်လုံးက စိတ္တဇဖြစ်နေတဲ့ လူတွေလေ "

"လုပ်လိုက်စမ်းပါ ၊ အခြားသူတွေ မမြင်စေနဲ့ ! "

ဆုမိုသည် ဆရာရှ၏ တိုက်တွန်းချက်ဖြင့် အခြားသူများ၏ အမြင်အား သူ့ခန္ဓာကိုယ်ဖြင့် ကွယ်လိုက်ပြီး ကောင်းမင်နှင့် ရှရန်တို့၏ ဓာတ်ပုံများကို နံရံမှ ဖယ်ရှားလိုက်သည်။ ဓာတ်ပုံများ နံရံမှ ကျွတ်ထွက်သွားသောအခါ အရောင်များ မှေးမှိန်သွားခဲ့သည်။ ဤသည်မှာ ဒိုမီနိုအကျိုးသက်ရောက်မှုတစ်ခုကို ဖြစ်စေခဲ့ပြီး ဓာတ်ပုံထဲရှိ လူတိုင်းသည် ဆုမိုဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ ကံကြမ္မာသည် ဆူမို၏ ကံကြမ္မာနှင့် ဆက်စပ်နေသည်ဟု ထင်ရသည်။တစ်ချိန်တည်းတွင် ဆုမိုသည် သူတို့၏ရူးသွပ်နေသော ဝိညာဉ်များကို ထိတွေ့မိလိုက်သည်။ ဓာတ်ပုံများသည် နံရံမှ ပြုတ်ကျလာကြလေသည်။ ထို့နောက် ဆုမိုနှင့် ရှရန်သည် ဓာတ်ပုံများအောက်တွင် ဝှက်ထားသည့် ထူးဆန်းသော အမှတ်အသားများကို မြင်တွေ့လိုက်သည်။ ထိုအမှတ်အသားများသည် စာလုံးများမဟုတ်သော်လည်း သူမြင်လိုက်ရသည်နှင့် အချက်အလက်အချို့သည် ဆူမို၏ ဦးနှောက်ထဲသို့ အလိုအလျောက် ပေါ်ပေါက်လာလေသည်။

"ဟန်ဟိုင်းမှာ နေထိုင်တဲ့ စိတ္တဇသမားတွေဟာ အရိပ်ကမ္ဘာမှ လက်တွေ့ကမ္ဘာသို့ ဝှက်ထားတဲ့ နယ်ရုပ်တွေဖြစ်တယ် ၊ သူတို့ရဲ့ ရူးသွပ်မှုဟာ အရိပ်လောကမှ လာခြင်းဖြစ်တယ် ၊ သူတို့ဟာ သာမန်လူတွေပဲ ဖြစ်သင့်တယ် ၊ ဒါပေမယ့် မိဘဟာ သေဆုံးသွားခဲ့ပြီ၊ လူတိုင်းအပေါ်ရှိ ကန့်သတ်ချက်တွေဟာ မိဘအသစ်ပေါ်လာသည်အထိ ဖယ်ရှားခံထားရမယ် "

ဆုမိုသည် သူ့ဦးနှောက်ထဲသို့ ရောက်ရှိလာသော အချက်အလက်များကို အသံထွက်ဖတ်လိုက်သည်။ ရှရန်က သူ့စကားကို ဖြတ်‌ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာပဲ ! ငါဒီလိုဖြစ်နေတာက ငါဒီလိုဖြစ်ချင်လို့ပဲကွ ! "

"မင်း အဲဒီမှာ ဘာတွေ ဆူညံနေတာလဲ ၊ အခန်းထဲက ပစ္စည်းတွေကို မင်းကို ထိဖို့ ဘယ်သူပြောခဲ့တာလဲ "

ဟဲ့ယီသည် တံခါးအပြင်ဘက်တွင် ရပ်၍ အော်ဟစ်လိုက်သည်။ အန္တရာယ်မရှိကြောင်း သေချာသွားပြီးနောက် သူသည် အဖွဲ့ဝင်များကို အတွင်းသို့ ဝင်ခိုင်းလိုက်သည်။

"ဘာမှ မလွတ်စေနဲ့ ၊ ဓာတ်ပုံတွေအားလုံးကို သိမ်းလိုက် ၊ အဲ့ဒါတွေကို သေသေချာချာစစ်ဆေးကြစမ်း ! "

ဆုမို ရပ်နေသည်ကို မြင်သောအခါ ဟဲ့ယီက မဲမှောင်စွာပြောလိုက်သည်။

"ဒီကိုလာပြီး နောက်တစ်ခန်းကို ဖွင့်စမ်း "

ဟဲ့ယီလိုချင်သော အရာသည် စိတ္တဇသမားများ၏ အိမ်တွင် မရှိခဲ့‌ပေ။သူသည် အခြားအခန်းအပေါ်တွင် မျှော်လင့်ချက်ထားလိုက်သည်။ သို့သော် သူသည် တစ်ခုခု မှားယွင်းနေသည်ကို ခံစားခဲ့ရပြီး ဖြစ်သည်။အိမ်အစစ်သို့ ဝင်ရန် စီတုအန်း၏ လူသေဓာတ်ပုံကို လိုအပ်ပေသည်။ သို့သော် ထိုအခန်းနှစ်ခုတွင် 'သော့' မလိုအပ်ခဲ့ပေ။

"စီတုအန်းက ငါ့ကို သတင်းအတုတွေ ပေးခဲ့တာလား ၊ သူက ငါ့ကို ထောင်ချောက်တစ်ခုကို ကာကွယ်ခိုင်းထားတာလား ! အိမ်အစစ်ကို တစ်ခြားနေရာမှာများ ဝှက်ထားတာလား "

စီတုအန်းသည် ထိုကဲ့သို့သော အရာမျိုးကို လုပ်နိုင်ပေသည်။

ဆုမိုသည် သားသတ်သမားများ၏ အိမ်သို့ နာခံစွာ လျှောက်သွားလိုက်သည်။ တံခါးဖွင့်လိုက်သောအခါ သွေးနံ့များက သူ့ကို လာရိုက်ခတ်၏။ အခန်းအတွင်းတွင် သွေးများစိုရွှဲနေပြီး အလယ်တွင် အရိုးများဖြင့် တည်ဆောက်ထားသော ဟန်ဟိုင်း၏ ပုံစံငယ်တစ်ခု ရှိသည်။ အရိုးအဆောက်အဦးများသည် အသားများမှ ပေါက်ထွက်လာကြခြင်းဖြစ်သည်။

ဆုမို အတွင်းသို့ဝင်လိုက်အခါ အမြင့်ဆုံးသော အရိုးအဆောက်အဦသည် ပြိုကျသွားခဲ့သည်။ကြမ်းပြင်မှ သွေးများစိမ့်ထွက်လာကာ အရိုးမြို့တော်တစ်ခုလုံးကို နစ်မြှုပ်သွားစေသည်။ အရိုးမြို့တော်အတွင်းတွင် အော်ဟစ်သံများ ပဲ့တင်ထပ်နေ၏။ဤသည်မှာ လက္ခဏာတစ်ခု ဖြစ်နိုင်ပေသည်။

"လူတွေ အများကြီး သေဆုံးကြတော့မယ် ..."

ရှရန်သည် အရိုးမြို့တော်ဟန်ဟိုင်း ပြိုကျသည်ကို မြင်သောအခါ တစ်ခုခုကို နားလည်သဘောပေါက်သွားခဲ့သည်။

"စီတုအန်းသည် ဘာရတနာကိုမှ မချန်ခဲ့ဘူး ၊ သူ့လိုလူတစ်ယောက်အတွက် သူသေသွားတောင် တတ်နိုင်သလောက် လူများများကို သူနဲ့အတူ လိုက်သေဖို့ နည်းလမ်းရှာမှာပဲ "

လူတစ်‌ယောက်သည် သွေးတံခါးကို ဖွင့်ရန် ကျန်းချန်၊ ဟဲ့ယီနှင့် ဖူနင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။ သူတို့သည် စီတုအန်း၏ နောက်ဆုံးကျန်ရှိသော ဝှက်ဖဲသုံးချပ် ဖြစ်သည်။ သို့သော် သူတို့အားလုံးသည် သူ့ကို သစ္စာဖောက်ခဲ့ကြသည်။ စီတုအန်းအတွက် သွေးတံခါးကို အင်အားသုံး၍ ဖွင့်ခံလိုက်ရသည်နှင့် သူ့တွင် မျှော်လင့်ချက် မရှိတော့ပေ။

*

ည ၉:၀၄ တွင် သွေးတံခါးကို အင်အားသုံး ဖွင့်လိုက်ပြီး ဆူမိုက စိတ္တဇသမားများနှင့် သားသတ်သမားများ၏ အိမ်များအတွင်းသို့ ဝင်ရောက်သွားသည့် အချိန်တွင် ဟန်ဟိုင်း၏ အင်တာနက်ဌာနသည် တိုက်ခိုက်ခံလိုက်ရသည်။ Channel များ၏ ငါးဆယ်ရာခိုင်နှုန်းကို ဟက်ကာများက ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ဗီဒီယိုတစ်ခုကို အထပ်ထပ်ပြန်လည်ပြသနေခဲ့သည်။

"မင်္ဂလာပါ ၊ ကျွန်တော်က ဟန်ဟိုင်း ပရဟိတအဖွဲ့ရဲ့ ဒုဥက္ကဌ ၊ ဟန်ဟိုင်းကုန်သည်အသင်း ဒုဥက္ကဋ္ဌနဲ့ မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနအကြီးအကဲ စီတုအန်း ဖြစ်ပါတယ် ၊ ဒီဗီဒီယိုကို မြင်ရတဲ့အခါ ကျွန်တော် သေပြီးသားဖြစ်နေပြီ "

"ကျွန်တော့်အသက်ကို စွန့်စားပြီး သင်တို့အတွက် အမှန်တရားကို ပြန်လည်တည်ဆောက်ဖို့ ကျွန်တော်အရာအားလုံးကို အသုံးပြုခဲ့ပါတယ် ၊ သင်တို့ မြင်ဖူးသမျှထဲမှာ ကြောက်စရာအကောင်းဆုံး အမှန်တရားတစ်ခု ရှိပါတယ် "

All Chapters