← Chapters

သရုပ်ဆောင်ခြင်း

Vol. 15 Ch. 218

သရုပ်ဆောင်ခြင်း

Vol. 15 Ch. 218

" ကောင်းမင် ၊ ကောင်းမင် ! ဟန်အန်းအဆောက်အအုံကိုကြည့်လိုက်စမ်း !"

ကျန်းတင်းက မြို့တော်အရှေ့ပိုင်းရှိ စည်ကားနေသော မြင်ကွင်းကို ညွှန်ပြရင်း ကောင်းမင်ကို တိုက်တွန်းလိုက်သည်။ ဟန်အန်းအဆောက်အအုံသည် ဟန်ဟိုင်း၏ စတုတ္ထမြောက် အမြင့်ဆုံး အဆောက်အဦဖြစ်သည်။ ထိုအချိန်တွင် အဆောက်အဦ၏ ဧရာမ စခရင်ကြီးပေါ်တွင် စီတုအန်း၏ ပုံရိပ်များ ဖုံးလွှမ်းနေသည်။ သူသည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေပုံရပြီး စိတ်ပျက်အားငယ်သော ခြေချင်းချိတ်များကို သယ်ဆောင်ထားရသူကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း သူ့မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် တောက်ပနေ၏။ မိမိ သေဆုံးရမည်ကို သိထားသူတစ်ဦး၏ နောက်ဆုံး အားထုတ်မှုဖြင့် အခြားသူများအား မျှော်လင့်ချက်များ ပေးစွမ်းနိုင်ရန် ကြိုးစားနေပုံပင်။

စီတုအန်းသည် ဟန်ဟိုင်းတွင် ဆယ်စုနှစ်များစွာ မိမိ၏ပုံရိပ်ကို ထိန်းသိမ်းထားသူဖြစ်သည်။ ဟန်ဟိုင်းနေပြည်သူ သုံးပုံနှစ်ပုံခန့်သည် သူ့အပေါ် ကောင်းမွန်သော အထင်အမြင်ရှိကြသည်။ သို့သော် ထိုကြီးမြတ်သော လူမှုဖူလုံရေး လုပ်ငန်းရှင်သည် ရုတ်တရက် လူအများ၏ ရှေ့မှောက်တွင် ဤကဲ့သို့ ပင်ပန်းနွမ်းနယ်နေသော ပုံစံဖြင့် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လမ်းသွားလမ်းလာများ ရပ်တန့်သွားကြပြီး ကားများပင်ရပ်တန့်ကာ စခရင်ကြီးကို စိုက်ကြည့်လိုက်ကြသည်။

"စီတုအန်း... သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ "

ကောင်းမင်သည် အဆောက်အဦထိပ်မှ သူ့ ရန်သူအား စိုက်ကြည့်လိုက်သည်။

"ကျွန်တော်ဟာ ဟန်ဟိုင်းမှာ ကြီးပြင်းလာခဲ့သူပါ ဒီမြို့မှာ ကျွန်တော့်ရဲ့ အမှတ်တရတွေ အားလုံးရှိပါတယ် ၊ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ အိမ်ကို ပိုမိုကောင်းမွန်အောင် ဖန်တီးဖို့ အကြိမ်ကြိမ် အားထုတ်ခဲ့ပါတယ် ၊ကျွန်တော် ဟန်ဟိုင်းရဲ့ ကလေးတစ်ယောက်ပါ ၊ ဒါပေမယ့်... မိခင်ရဲ့ ခန္ဓာကိုယ်ဟာ အဆိပ်ပြင်းတဲ့ ဆူးကြိုးတွေနဲ့ ချည်နှောင်ခံထားပြီး အမှောင်ထုထဲမှာ ဖျက်ဆီးတဲ့ သန်ကောင်တွေ ပုန်းခိုနေပါတယ် ၊ သူတို့ဟာ ကျွန်တော့်ကိုပါ သူတို့လိုဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားနေကြတယ် ၊ ကျွန်တော် ငြင်းပယ်လိုက်ရင် ဘာဖြစ်လာမလဲဆိုတာကိုလည်း ကျွန်တော် သိပါတယ် "

စီတုအန်း၏ စကားလုံးများတွင် ရူးသွပ်မှု သို့မဟုတ် လှည့်ဖြားမှု လုံးဝမပါဝင်ပေ။ သူ၏ မကောင်းသော စိတ်နေစိတ်ထားကို အကောင်းဆုံး ဖုံးကွယ်ထားပြီး ရင့်ကျက်မှု၊ ကရုဏာနှင့် တာဝန်သိမှုတို့သာ ကျန်ရှိနေသည်။ သူသည် အမြဲတမ်း သာမန်ပြည်သူများ၏ ဘက်တွင် ရပ်တည်ခဲ့ပြီး သူတို့၏ အသံကို ကိုယ်စားပြုခဲ့သည်။ သူသေဆုံးသည့်တိုင် ထိုအတိုင်းပင် ဖြစ်သည်။

"ကပ်ဘေးဆိုးဟာ ကျွန်တော်တို့ဆီကို ရောက်လာတော့မယ် ၊ အမှောင်ထုထဲက မိစ္ဆာကောင်တွေဟာ လူတိုင်းကို ဝါးမြိုပစ်လိမ့်မယ် ၊ စုံစမ်းစစ်ဆေးရေးဌာနဟာ ဟန်ဟိုင်းရဲ့ အကာအကွယ်ဖြစ်သင့်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးသင့်တာပါ ၊ ဒါပေမယ့်... သူတို့ဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အပြစ်မဲ့သူတွေကို စတေးပြီး မူမမှန်ဖြစ်ရပ်တွေကို ဖန်တီးနေကြပါတယ် "

"ဒီစကားတွေဟာ မယုံနိုင်စရာကောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ် ၊ ဒါပေမယ့်... ကျွန်တော်က ခင်ဗျားတို့ကို သက်သေအထောက်အထားတွေ ပြသသွားမှာဖြစ်ပါတယ် ၊ ကျွန်တော်သေသွားပြီးတဲ့နောက် သူတို့ဟာ ကျွန်တော့်ကို အပြစ်ဖို့ပြီး ကျွန်တော့်ကို ပြီးပြည့်စုံတဲ့မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပုံဖော်ကြမှာပါ "

"ကျွန်တော်ကိုယ်တိုင်တောင် ပြန်ပြီး ခုခံကာကွယ်လို့မရတော့ပါဘူး ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သေသွားပြီဖြစ်လို့ပါပဲ ၊ ကျွန်တော်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့... တချို့သောသူတွေအနေနဲ့ ကျွန်တော့်ကို လူတွေကို ပိုကာကွယ်နိုင်ဖို့ အရာအားလုံးကို စတေးခဲ့တဲ့သူအဖြစ် မှတ်မိစေချင်တာပါပဲ "

ဗီဒီယိုတွင် ပြသထားသော အထောက်အထားများသည် ကြိုတင်မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး သူ၏ "သက်သေ"များပါ ပါဝင်ပေသည်။ သူသည် ဤနေ့ရက်ကို ကြိုတင်ခန့်မှန်းထားခဲ့သည်။ သူရှုံးနိမ့်မှန်း သိသောအခါ ယင်းသည် သူ၏ နောက်ဆုံး လက်စားချေမှုပင် ဖြစ်သည်။ သူသေဆုံးပြီးနောက် ငွေကြေး သို့မဟုတ် အာဏာမလိုအပ်တော့ပေ။ သူလိုအပ်သည်မှာ လူများ၏ မှတ်မိမှုနှင့် ယုံကြည်မှု၏ စွမ်းအားပင် ဖြစ်သည်။ စီတုအန်းသည် ရှင်းလု၏ သရဲများသည် စွဲလမ်းမှုများမှတဆင့် မပြောနိုင်လောက်သော အရာများဖြစ်လာနိုင်ကြောင်း သိထားသည်။ သူသည် လူသားမဖြစ်နိုင်တော့သောကြောင့် ကြောက်စရာအကောင်းဆုံးသော သရဲတစ်ကောင် ဖြစ်လာရန် ရွေးချယ်လိုက်လေသည်။

"ဒီလူယုတ်မာကတော့ ... သူလုပ်ခဲ့သမျှတွေကို စုံစမ်းစစ်ဆေးရေးဌာနအပေါ် အပြစ်ဖို့လိုက်တာပဲ ၊ ရွံစရာကောင်းလိုက်တာ "

စီတုအန်း သေဆုံးသွားပြီပြီး လူ‌သေများသည် စကားမပြောနိုင်တော့ပေ။ ဤသည်မှာ အဓိကကျသော အချက်ပင်။ စီတုအန်းသည် ထိုအရာများ၏ နောက်ကွယ်တွင် ရှိနေသူဖြစ်သော်လည်း အချို့သော လှည့်စားမှုများဖြင့် သူသည် နူတ်ပိတ်အသတ်ခံလိုက်ရသူအဖြစ် ပုံဖော်လိုက်ပုံရသည်။

လူသား၏ သဘာဝသည် အားနွဲ့သူကို သနားတတ်‌ပေသည်။ စီတုအန်း၏ ပုံရိပ်နှင့် ပေါင်းစပ်လိုက်သောအခါ စုံစမ်းစစ်ဆေးရေးဌာနသည် စီတုအန်းကြောင့် လုံးဝ သစ္စာဖောက်ခံလိုက်ရလေသည်။ ဗီဒီယိုမှာ မပြီးဆုံးသေးပေ။ စီတုအန်း၏ ပိုမိုကြီးမားသော လျှို့ဝှက်ကြံစည်မှုတစ်ခုကို ဖော်ထုတ်ရန် ရှိသေးသည်။

"သင်တို့ ဒီဗီဒီယိုကို ကြည့်နေစဉ်မှာ ကျွန်တော်သေဆုံးနေလောက်ပါပြီ ၊ ဒါပေမယ့်... ကျွန်တော် လက်လျှော့မှာ မဟုတ်ပါဘူး ၊ ကျွန်တော်ဟာ ဟန်ဟိုင်းမှာ အိမ်တစ်လုံး ဆောက်ထားပါတယ် ၊ ကျွန်တော့်ရဲ့ အဖိုးတန်ပစ္စည်းအားလုံးဟာ အဲ့ဒီအိမ်ထဲမှာပါပဲ ၊ အဲ့ဒီအိမ်ဟာ ကျွန်တော့်ရဲ့ အရာအားလုံးဖြစ်ပြီး ဟန်ဟိုင်းကို စိတ်ပျက်အားငယ်မှုနဲ့ ဘေးကပ်ဆိုးကနေ လွတ်မြောက်စေမယ့် အရာလည်း ဖြစ်တယ် ၊ ကျွန်တော်ဟာ သင်တို့ကို ပိုရှင်းလင်းတဲ့ အချက်လက်တွေ မပေးနိုင်ပေမယ့်... သင်တို့ မှတ်ထားရမယ့် အရာတစ်ခုရှိပါတယ် ၊ ဒီလျှို့ဝှက်ချက်ရဲ့ အဖြေအားလုံးဟာ အစကတည်းက ဖော်ပြထားပြီးသားပါပဲ ! "

စီတုအန်း၏ နောက်ဆုံးစကားများသည် ဟန်ဟိုင်းတစ်မြို့လုံးကို လှုပ်ခတ်သွားစေသည်။ အွန်လိုင်းပေါ်တွင် အစပျိုးနေသော အကြောင်းအရာများလည်း ရှိနေပြီဖြစ်သည်။ စီတုအန်း၏ သေဆုံးမှုသည် ကောလာဟလများကို ပိုမိုခိုင်မာစေပြီး ပြည်သူများအား စုံစမ်းစစ်ဆေးရေးဌာနကို ဆန့်ကျင်ရန် တွန်းအားပေးလိုက်သည်။ ပြည်သူအများစုသည် စုံစမ်းစစ်ဆေးရေးဌာနကို ယုံကြည်နေဆဲဖြစ်သော်လည်း သူတို့၏ ယုံကြည်မှုများ စတင် ယိုင်နဲ့လာတော့သည်။

လူသား အင်အားစုများသည် တစ်ဖန် ကွဲထွက်သွားသည်။ သရဲများသည် အမှောင်ထုထဲတွင်သာမက လူသားတို့၏ နှလုံးသားထဲတွင်လည်း ရှိနေကြပေသည်။

ဗီဒီယိုကို ငါးမိနစ်အကြာတွင် ဖြတ်တောက်လိုက်သည်။ ကောင်းမင်းသည် ထိုအရာကို မြင်သောအခါ ချီးကျူးမိသည်။ စီတုအန်းသည် ဆိုးယုတ်သော်လည်း သူသေဆုံးပြီးနောက် လုပ်ဆောင်မည့် အရာများကို အစီအစဉ်ဆွဲထားသေးသည်။ သူသည် သရဲနီတစ်ကောင် ဖြစ်လာရန် ကြိုးစားနေခြင်းဖြစ်သည်။ အကယ်၍ ကောင်းမင်းသည် စီတုအန်းကို သူ့နှလုံးသားထဲတွင် မပိတ်မိခဲ့ပါက စီတုအန်းသည် သူသေဆုံးပြီးနောက် ယဇ်ပလ္လင်တချို့နှင့် ဆက်စပ်ကာ သူ့ ရည်မှန်းချက်ကို အောင်မြင်စွာ ပြီးမြောက်နိုင်မည် ဖြစ်သည်။

ယခင်က စီတုအန်းသည် စီ‌စွေ့အိမ်ယာရှိ လူသတ်သမားဝိညာဉ်နှင့် ပေါင်းစည်းကာ သူ၏ ရည်မှန်းချက်ကို အောင်မြင်စေခဲ့သည်။ စီတုအန်းသည် အဘွားရှန်းကဲ့သို့သော ထူးဆန်းသည့် ဖြစ်တည်မှုများစွာကို သိထားသည်။ သူသည် လျှို့ဝှက်ချက်များစွာကို သိသည်။သူသေဆုံးပြီးနောက်ပိုင်းတွင်ပင် သူသည် အလွန်ကြောက်စရာကောင်းသော သရဲတစ်ကောင် ဖြစ်လာနိုင်ပေသည်။

ရှရန်သည် နောက်ထပ်ဥပမာတစ်ခုဖြစ်သည်။ သူသည် သေဆုံးပြီးနောက် သူ၏ အစစ်အမှန် ရည်ရွယ်ချက်ကို တွေ့ရှိခဲ့သည်။

"ကျေးဇူးတင်ရမှာက... ငါဒီနှစ်ယောက်ကို ငါ့နှလုံးသားထဲမှာ သိမ်းထားမိတာပဲ ၊ တကယ်လို့ ငါသာ နှောင့်နှေးခဲ့ရင် သူတို့ရဲ့ စွမ်းအားဟာ ထောင်တက်လာနိုင်တယ် "

ကောင်းမင်တွင် အကြံအစည်အသစ်တစ်ခု ရှိလာ၏။ စီတုအန်း၏ အရန်အစီအစဉ်သည် စုံစမ်းစစ်ဆေးရေးဌာနကို လှုပ်ခတ်သွားစေသည်။ ကောင်းမင်သည် ထိုအခွင့်အရေးကို အသုံးချကာ ခြောက်ခြားဂိမ်း ကစားသမားများ၏ လွှမ်းမိုးမှုကို ချဲ့ထွင်နိုင်မည်ဖြစ်သည်။

"ဒါပေမယ့်... စီတုအန်းပြောတဲ့ အိမ်ဆိုတာ ဘာကိုဆိုလိုတာလဲ ၊ သူလည်း မိဘတစ်ယောက်လား "

ကောင်းမင်သည် သူ၏ မွေးနေ့ ပုံတူကို ထုတ်ယူလိုက်သည်။ ဓာတ်ပုံ၏ နောက်ဘက်တွင် မိဘများက သူ့ကို မိဘအသစ်တစ်ဦးအဖြစ် ဖော်ပြထားသည်။

"စီတုအန်းနဲ့ ငါ နှစ်ယောက်လုံးက မိဘတွေလား ၊ အရိပ်ကမ္ဘာထဲက အင်အားစုတွေက မိသားစုတွေအလိုက် ခွဲထားတာလား "

ဟန်ဟိုင်းရဲ့ အရိပ်ကမ္ဘာကို သရဲတွေရဲ့အိမ်တွေနဲ့ ဖန်တီးထားခြင်းလော!။

သို့မဟုတ်... အရိပ်မြို့‌တော်ဟန်ဟိုင်းရဲ့ ပိုင်ရှင်ဖြစ်လာဖို့ မတူညီတဲ့ သရဲအိမ်တွေရဲ့ အသိအမှတ်ပြုမှုကို ရယူရမည်လော။

ကောင်းမင်သိထားသည်မှာ အလွန်နည်းပါးလှသဖြင့် သူသည် သူ့နှလုံးသားထဲရှိ ပုဂ္ဂိုလ်ကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

ကျန်းတင်းက သူ့ကို စောင့်ကြပ်နေစဉ် ကောင်းမင်၏ သိစိတ်သည် သူ့နှလုံးသားထဲသို့ ဝင်ရောက်သွားသည်။ သူသည် ဒဏ်ရာရနေသော စီတုအန်းကို မြင်လိုက်ပြီး ယခင်က ဗီဒီယိုထဲတွင် မြင်ခဲ့ရသော စီတုအန်းနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။

"ခင်ဗျား အဆင်မပြေရင် တခြားလူတွေလည်း အဆင်မပြေဖြစ်ရလိမ့်မယ် ၊ ဘယ်လောက်ကောင်းတဲ့ သရုပ်ဆောင်လဲ "

All Chapters