← Chapters

အိမ်မှ အိမ်သို့

Vol. 15 Ch. 219

အိမ်မှ အိမ်သို့

Vol. 15 Ch. 219

"ကောင်းမင်လား "

စီတုအန်းသည် ကောင်းမင်ကို မျက်နှာချင်းဆိုင်တွေ့သောအခါ ထိတ်လန့်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းတို့ မရှိပေ။သူ့မျက်လုံးများသည် မှေးကျဉ်းသွားကာ အနည်းငယ် ပျော်ရွှင်နေပုံပေါက်သည်။

"နောက်ဆုံးတော့ စကားပြောဖို့ တစ်ယောက်ယောက်ရှိလာပြီပဲ "

"လူတစ်ယောက်နဲ့ စကားပြောတိုင်း ခင်ဗျားမျက်လုံးတွေ ဘာလို့ကျဉ်းသွားတာလဲ ၊ ရှရန်ရဲ့ အကျင့်ကူးသွားတာလား "

ကောင်းမင်က စီတုအန်း၏ ခန္ဓာကိုယ်ထဲဖြတ်ဝင်နေသော ချိန်းကြိုးကို ဆုပ်ကိုင်ထားသည်။ သူသည် သူ့ရန်သူကို မဟုတ်ဘဲ မိတ်ဆွေတစ်ဦးနှင့် စကားပြောနေသကဲ့သို့ သဘောထားနေ၏။

"အဲဒီပန်းချီဆရာက အရမ်းကြောက်စရာကောင်းတာပဲကွ ၊ သူက တစ်နေ့မှာ မင်းနေရာကို သိမ်းပိုက်လိမ့်မယ် "

စီတုအန်းက ကောင်းမင်ကို စိုက်ကြည့်ရင်း "

"ရိုးရိုးသားသား ပြောရရင် ငါဘာလို့ ရှုံးနိမ့်ရတယ်ဆိုတာ ငါကိုယ်တိုင်လည်း နားမလည်ဘူး ၊ မင်းက ဉာဏ်ကောင်းတဲ့သူတစ်ယောက်ဆိုတာ ငါအသိအမှတ်ပြုပါတယ် ၊ ဒါပေမယ့် ရှရန် ဒါမှမဟုတ် ငါ့လောက်တော့ မမီပါဘူး "

"အဲ့သလိုလား "

"ဘယ်လိုပြောရမလဲ ၊ ငါက ငါ့သားကို ကြည့်နေတဲ့ အဖေတစ်ယောက်နဲ့ တူတယ် ၊ မင်းရဲ့ အကြံအစည်တွေနဲ့ အစီအစဉ်တွေက ကြမ်းတမ်းပြီး ရိုးရှင်းပေမယ့်... ဒါပေမယ့် အဲ့ဒါတွေက အလုပ်ဖြစ်တယ်"

စီတုအန်းက ထိုအကြောင်းကို စဉ်းစားလိုက်သည်။

"မင်းက စာမေးပွဲအတွက် အဖြေကို ကြိုသိထားတဲ့ ကျောင်းသားတစ်ယောက်နဲ့ တူတယ်၊ လှည့်စားတတ်တဲ့သူတစ်ယောက်ပေါ့ "

"ခင်ဗျားပြောတာ မမှားပါဘူး "

ကောင်းမင်က ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် ဒါက ကျုပ်ကို ပျော်ရွှင်စေတုန်းပဲ "

"ဒါပေမယ့် နောက်ထပ် စီတုအန်း ဘယ်သူဖြစ်ဖြစ် အရိပ်ကမ္ဘာက လက်တွေ့ကမ္ဘာထဲကို ကျူးကျော်လာလာဦးမှာပဲ ၊ ဖြစ်ဆိုးရပ်တွေက ဆက်ဖြစ်နေဦးမှာပဲ "

စီတုအန်းသည် ကောင်းမင်နှင့် သူ့ နားလည်မှုကို မျှဝေလိုပုံရသည်။ အရာရာသည် ကံကြမ္မာ၏ အစီအစဉ်ဖြစ်ပြီး လူသားတို့မှာ စွမ်းအားကင်းမဲ့သည်။ယင်းသည် ကံကြမ္မာကို တိုက်ခိုက်ပြီးနောက် သူရောက်ရှိခဲ့သော အနှစ်ချုပ်ဖြစ်သည်။

"မဟုတ်ဘူး ၊ နောက်စီတုအန်း ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိဘူး ၊ ဘေးကပ်ဆိုးနဲ့ လက်တွေ့ကမ္ဘာကို ငါဂရုမစိုက်ဘူး ၊ကျုပ်က ခင်ဗျားကို သတ်ချင်ရုံပဲ ၊ ခင်ဗျားမရှိတဲ့ ကမ္ဘာက ကျုပ်အတွက် အရေးကြီးတယ်"

ကောင်းမင်သည် သူ့ဘဝကို အသစ်ပြန်စနိုင်ပေသည်။ အနာဂတ်သည် ပိုမိုနာကျင်စရာဖြစ်လာနိုင်သော်လည်း ကောင်းမင်က တွေဝေခြင်းမရှိပေ။သူ့နှလုံးသားထဲတွင် နာကျင်မှုအရင်းအမြစ်နှင့် စိတ်ပျက်အားငယ်မှုတို့ကို သိမ်းဆည်းထားချင်၏။

"ဒါဆို..."

စီတုအန်းက ခဏတိတ်ဆိတ်သွားပြီး

"မင်းက နောက်ထပ်စီတုအန်း ဖြစ်သွားရင်ကော "

"ကျုပ်လား "

"မင်းက ဒီသံသရာကနေ လွတ်မြောက်သွားပြီလို့ ထင်နေနိုင်တယ် ၊ ဒါပေမယ့် ဒါက ကံကြမ္မာရဲ့ အစီအစဉ်ဖြစ်နိုင်တာပဲ "

စီတူအန်၏ မျက်နှာတွင် နက်နဲသော အပြုံးတစ်ခု ပေါ်လာ၏။

"ရှရန်က အချိန်အကြာကြီး ပြန်မလာဘူး သိသိသညသာပဲ မင်းက ငါချန်ထားခဲ့တဲ့ အရာတွေကို တွေ့ပြီးသွားပြီ ၊ ဟန်ဟိုင်းမှာရှိတဲ့ လူတိုင်းက ငါ့ကို လူသားဝါဒအတွက် စုံစမ်းစစ်ဆေးရေးဌာနရဲ့ အသတ်ခံလိုက်ရပြီလို့ သိနေကြပြီ "

"ကျင်းချန်၊ ဟဲ့ယီနဲ့ ဖူနင်းတို့ အကြောင်း ကျုပ်ကို ပြောပြခဲ့တာ ဒီအချိန်အတွက်လား "

ကောင်းမင်က ဘာမှမလုပ်ခဲ့ပေ။ဆရာရှသည် သူ့ နှလုံးသားထဲမှ ထွက်သွားပြီးနောက် သူသည် ရူးသွပ်လာပြီး မြို့ တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာန၏ အန္တရာယ်အဆင့်သတ်မှတ်ချက်သည် အမိုးကို ဖောက်ထွက်သွားသည်။

"ဟုတ်တယ်"

စီတုအန်း၏ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်လာ၏။

"ငါ့ကို မှတ်မိနေသရွေ့၊ ငါ့ကို ယုံကြည်နေသရွေ့၊ ငါဟာ ဘယ်တော့မှ သေမှာ မဟုတ်ဘူး ၊ မင်း ငါ့ကို အပြီးတိုင် ဖယ်ရှားဖို့ အခွင့်အရေးကို လက်လွတ်သွားပြီပဲ "

"လက်ရှိမှာ မြို့သားတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က စုံစမ်းစစ်ဆေးရေးဌာနပဲ ၊ ဒါပေမယ့် ခင်ဗျားက ခင်ဗျားရဲ့ အကျိုးအတွက် မြို့သားတွေကို ဌာနနဲ့ ဆန့်ကျင်အောင် တွန်းပို့လိုက်တယ် "

"ငါသေသွားပြီးရင် ကမ္ဘာကြီးက ပိုဆိုးရွားလာမယ်ဆိုရင် ဒါက ငါ့ရဲ့ ဆိုလိုရင်းကို သက်သေပြလိုက်တာပဲမလား "

စီတုအန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"နောက်ပြီး ငါသေသွားပြီးရင် ငါက ဒီကမ္ဘာအကြောင်း ဘာဖြစ်လို့ ဂရုစိုက်ရမှာလဲ "

"ခင်ဗျားရဲ့ တစ်ကိုယ်ကောင်းဆန်မှုက ရောဂါတစ်ခုပဲ "

ကောင်းမင်သည် သံကြိုးကို ဆုပ်ကိုင်ပြီး စီတုအန်း၏ မျက်လုံးထဲကို ကြည့်လိုက်သည်။

"ကျုပ်ဒီကို ရောက်လာတာ ခင်ဗျားနဲ့ အငြင်းအခုံလုပ်ဖို့ မဟုတ်ဘူး ၊ အရိပ်လောကထဲက 'အိမ်' ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ "

"အိမ်ဆိုတာ အိမ်ပဲ"

စီတုအန်းသည် ကောင်းမင်ဘာမေးနေသည်ကို သိသော်လည်း ရှင်းရှင်းလင်းလင်း အဖြေမပေးပေ။

"မင်း ကြီးလာရင် နားလည်သွားလာလိမ့်မယ် "

"ဒါဆို 'မိဘ' ဆိုတာကရော "

"'မိဘ' ဆိုတာက မင်းအိမ်မှာ သေဆုံးခြင်းမရှိအောင် လုပ်ဖို့နဲ့ အခြားသူတွေရဲ့ အိမ်တွေမှာ သေဆုံးခြင်းတွေ များပြားအောင် လုပ်ဖို့ပဲ "

စီတုအန၏ အသံမှာ အေးစက်သွားသည်။

"ငွေကြေးချို့တဲ့တဲ့ အိမ်မှာ ငွေကြေးက အရေးအကြီးဆုံးဖြစ်ပြီး၊ ချစ်ခြင်းမေတ္တာ ချို့တဲ့တဲ့ အိမ်မှာ ချစ်ခြင်းမေတ္တာကို အလိုချင်ဆုံး ဖြစ်တယ် ၊ မျှော်လင့်ချက် ကင်းမဲ့တဲ့နေရာမှာ မျှော်လင့်ချက်ယူ‌ဆောင်လာနိုင်ရင် အရာအားလုံးကို သတ်ဖြတ်ဖို့ ထိုက်တန်တယ် "

စီတုအန်းသည် ကောင်းမင်၏ အနာဂတ်ကို မြင်နေရသကဲ့သို့ သူခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။

"မင်းဟာ ငါနောက်တစ်ယောက် ဖြစ်လာလိမ့်မယ် ၊ ဘာကြောင့်လဲဆိုတော့ ငါတို့မှာ တူညီတဲ့ တစ်စုံတစ်ခု ရှိနေလို့ပဲ ၊ မင်းငါ့အိမ်တံခါးကိုဖွင့်လိုက်တာနဲ့ ငါဘာလို့ ဒီလိုဖြစ်နေလဲဆိုတာ မင်းနားလည်လာလိမ့်မယ် ၊ လူသေပုံတူတွေရှိတဲ့ နံရံကိုတွေ့တဲ့အခါ အဖြေ ပေါ်လာလိမ့်မယ် "

ကောင်းမင်သည် စီတုအန်းကို ထိုးချင်စိတ်ပေါ်နေ၏။ထိုလူသည် ပဟေဠိဖွက်ရတာ နှစ်သက်ပုံရသည်။

"အဲ့ဒါကို စဉ်းစားကြည့်လိုက် ၊ မင်းရဲ့ပုံတူဟာ သေဆုံးသူတွေရဲ့ ပုံတွေနဲ့အတူ ဘာလို့ နံရံမှာ ရှိနေရတာလဲ ၊ ပို တွေးကြည့်ပါ ၊ ဘယ်သူက လူသားတွေလဲ၊ ဘယ်သူက သရဲတွေလဲ "

ကောင်းမင်သည် အရင်က စီတုအန်း၏ ထိုအမူအရာကို မမြင်ဖူးခဲ့ချေ။ယင်းသည် အလွန်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသည်။

ကောင်းမင်သည် စီတုအန်း၏ ချိန်းကြိုးများကို ထပ်ထည့်လိုက်သည်။ ဒီလူသည် အရမ်းအန္တရာယ်များလွန်းလှသည်။‌ ကောင်းမင် ထွက်သွားခါနီးတွင် ရုတ်တရက် စီတုအန်းက နောက်ဆုံးစကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။

"လူသေအလောင်းတွေကို မင်းအိမ်ထဲမှာ ဘာလို့ သိမ်းထားတာလဲ "

"ဟင်?"

မိုးရေများသည် သူ့ခန္ဓာပေါ်ကို စီးကျနေသည်။ ကောင်းမင်သည် မိုးတွေထဲတွင် ရပ်၍ စီတုအန်း၏ နောက်ဆုံးစကားကို စဉ်းစားနေမိသည်။

"ငါ့အိမ်ထဲမှာ အလောင်းတွေ သိမ်းထားတာလား ... 'အိမ်' ဆိုတာ လူသားရဲ့ နှလုံးသားလား ၊ ဒါက စီတုအန်းက ငါ့အတွက် သဲလွန်စပေးနေတာလား "

ကောင်းမင်သည် သူ၏ ပထမဆုံး လူသေဓာတ်ပုံကို ထုတ်ကြည့်လိုက်သည်။ သူ့မွေးနေ့ပွဲတွင် သူ့အား သူ့မိဘများက ဝန်းရံနေ၏။

"ငါလည်း မိဘတစ်ယောက်ပါပဲ ၊ ငါ့အိမ်က ဘယ်မှာလဲ "

"မင်း အိမ်ကို လွမ်းနေရင် အိမ်ပြန်သင့်တယ်"

ကျန်းတင်းက ကောင်းမင်၏ ပခုံးကို ပွေ့ဖက်လိုက်သည်။

"ဒါပေမယ့် ငါတို့ အခု လုပ်ရမှာက ရှရန်ကို ပြန်ခေါ်ဖို့ပဲ ၊ ဒီလူက ရူးနေပြီ ၊ ဒီထက် ပိုနောက်ကျရင် စုံစမ်းစစ်ဆေးရေးဌာနထဲမှာ အသက်ရှင်နေသူ ဘယ်သူမှ ရှိမှာ မဟုတ်တော့ဘူး "

"ဟုတ်တယ် ၊ ခင်ဗျားပြောတာ မှန်တယ် "

စီတုအန်းသည် ဟန်ဟိုင်းမြို့အား ပရမ်းပတာဖြစ်ရပ်ထဲ ထည့်သွင်းခဲ့သည်။သူသည် လူများကို သူ့အကြောင်း ပိုမှတ်မိစေဖို့အတွက် အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။သရဲနီများ၏ လျှို့ဝှက်ချက်မှာ ဖော်ထုတ်ခံလိုက်ရသည်။ညနက်လာသည်နဲ့အမျှ လူသားတွေရဲ့ ဘဝကပ်ဆိုးများ ပိုများလာလေသည်။ယခင်က ထက်မြက်သော ထိုမြို့သည် ဒေါသ၊ ကြောက်ရွံ့မှု ၊ ပူပင်သောကများဖြင့် ဖျက်ဆီးခံခဲ့ရသည်။ ညနက်လာသည်နှင့်အမျှ လူသားများထံ ပိုမိုကူးစက်လာလေတော့သည်။

မူမမှန်မှုအစီရင်ခံစာများကို စုံစမ်းစစ်ဆေးရေးဌာန၏ စားပွဲပေါ်တွင် စုစည်းထားသည်။ တစ်ဝက်ခန့်သည် သရဲများနှင့် မသက်ဆိုင်‌ပေ။ စီတုအန်းသည် ဖိနှိပ်ထားသော လူသားတို့၏ စိတ်ခံစားချက်များကို လောင်ကျွမ်းစေခဲ့သည်။အပြင်မှာ သရဲတစ္ဆေများစွာရှိမှန်း သူတို့သိသော်လည်း 'မြို့သားများ'မှာ လမ်းမများ‌ပေါ် လှည့်လည်သွားလာနေကြသည်။

"စီတုအန်းက လက်တွေ့ကမ္ဘာကို ဖျက်ဆီးချင်နေတာ ဒါပေမယ့် ဒါက ငါတို့လို ခြောက်ခြားဂိမ်းကစားသမားတွေအတွက် ပြည့်စုံတဲ့ အခွင့်အရေးပဲ ၊ ငါတို့ဟာ မြို့သားတွေရဲ့ ကျောက်ဆောင်အသစ်ဖြစ်လာလိမ့်မယ် "

ရွှမ်ဝမ် ပြုလုပ်ထားသော စူးစမ်းလေ့လာသည့် မျက်နှာဖုံးကို ဝတ်ဆင်ကာ ကောင်းမင်သည် အခြား 'ကစားသမားများ' နှင့်အတူ ကွင်းစ်လမ်းသို့ ဝင်ရောက်လာခဲ့သည်။

ကစားသမားအတုများသည် ဌာနတွင် ဂရုတစိုက် စူးစမ်း ပေါက်ကွဲထွက်လာ၏။အစစ်အမှန် ခြောက်ခြားဂိမ်းကစားသူများသည် မျှော်လင့်ချက်နှင့် ယုံကြည်ချက်ကို ရရှိရန်အတွက် သူတို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်နေပြီဖြစ်သည်။

ကောင်းမင် မှလွဲ၍ အခန်း ၁၃ မှ အခြားသော 'လက်ရွေးစင်' များသည်လည်း သူတို့၏ ခုခံမှုကို စတင်ခဲ့သည်။

သူတို့သည် ဟန်သဲ့ကိုယ်ပိုင်ကျောင်း တွင် 'ပညာရေး' ကို တွေ့ကြုံပြီးနောက် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

All Chapters