← Chapters

ငါရောက်ပြီ

Vol. 15 Ch. 220

ငါရောက်ပြီ

Vol. 15 Ch. 220

ရေခွက်မှာ ကြမ်းပြင်ပေါ် ကျကွဲသွားသည်။ရေပူများနှင့် ဖန်ကွဲစများမှာ နေရာအနှံ့လွှင့်စင်ကုန်သည်။ကျင်းထောင်ရှန်း၏ လက်ချောင်းထိပ်သည် သွေးထွက်လာသော်လည်း သူသတိပြုမိပုံမရပဲ စခရင်ကိုသာ စိုက်ကြည့်နေ၏။သူ့ပတ်ဝန်းကျင်ရှိလူများမှာ စကားမဆိုဝံ့တော့ပေ။သူတို့သည် ခေါင်းငုံ့လျက် ရပ်နေကြ၏။ထိုကိစ္စများကို စီတုအန်း ထုတ်ဖော်လိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားကြပေ။သူသည် ပြစ်မှုအားလုံးကို စုံစမ်းစစ်ဆေးရေးဌာနထံ ပုံချချဲ့လေသည်။သူသေခဲ့လျှင်ပင် သူနှင့်အတူ အားလုံးကို ဆွဲခေါ်သွားချင်နေခြင်းဖြစ်သည်။

စီတုအန်း၏ နောက်ဆုံးဗီဒီယိုကို ကြည့်ပြီးနောက် အဆင့်နိမ့်စုံစမ်းရေးမှူးတစ်ချို့မှာ စတင်ယိမ်းယိုင်လာကြလေသည်။မူမမှန်ဖြစ်ရပ်များကို စူးစမ်းဖော်ထုတ်ရန် သူတို့သည် သတင်းအချက်အလက်များအတွက် သူတို့၏အသက်ကိုပင် စွန့်စားထားကြသည်။သူတို့သည် စွမ်းအားနှင့်ငွေကြေးအကြောင်းကို မမေးမြန်းခဲ့ကြပေ။သူတို့သည် လူသားတို့၏ ဂုဏ်ဆောင်ဖြစ်ရန်အတွက် ယင်းကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။၎င်းသည် သူတို့တွင် အကြောက်တရားမရှိခြင်းမဟုတ်သော်လည်း သူတို့နှလုံးသားအတွင်းအရှိ တစ်စုံတစ်ရာက အကြောက်တရားကို ကျော်လွှားနိုင်ရန် ကူညီပေးခဲ့သည်။ထိုအရာသည် စုံစမ်းစစ်ဆေးရေးဌာနက သူတို့ကို ပေးအပ်ခဲ့သော ယုံကြည်မှုနှင့် တာဝန်ယူမှုဖြစ်သည်။

ယခုတွင် စီတုအန်းသည် လျှို့ဝှက်ကြံစည်မှုကို ဖော်ထုတ်လိုက်သောကြောင့် စုံစမ်းရေးမှုးအချို့မှာ သူတို့၏ စတေးမှုများသည် ဟန်ဟိုင်း၏လုံခြုံရေးအတွက် မဟုတ်ပဲ ရွေးချယ်ခံလူနည်းစုတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက်သာဖြစ်ကြောင်း သဘောပေါက်လာကြလေသည်။ ယုံကြည်မှုသည် စုံစမ်းရေးမှူးများအတွက် သရဲများကို တိုက်ခိုက်ရန် တစ်ခုတည်းသော လက်နက်သာဖြစ်သည်။ယင်းသည် သူတို့ရဲရင့်မှု၏ ရင်းမြစ်ဖြစ်သည်။သို့သော်လည်း ထိုရင်းမြစ်သည် အဆိပ်သင့်ခဲ့ချေပြီ။

လက်ရှိတွင် အကြီးအကဲများသည် မည်သို့ ချေပရမှန်းမသိတော့ချေ။သူတို့သည် ဌာနအတွင်း အကျင့်ပျက်ခြစားမှုအကြောင်း သိသော်လည်း ဖော်ထုတ်ရန် စီတုအန်းကဲ့သို့ အရာရာတိုင်းကို ထုတ်ဖော်ရန် 'သတ္တိ' မရှိကြပေ။

"စီတုအန်း ! "

သွားကြားမှ အေးစက်စက်အသံထွက်ပေါ်လာ၏။ကျင်းထောင်ရှန်းသည် သူ့ဆက်သွယ်ရေးကို ထိလိုက်ပြီး ရှုးရှူးရှားရှားဖြင့် ပြောလိုက်သည်။

"မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနကို အား‌လပ်နေတဲ့ စုံစမ်းရေးမှုးတွေ အကုန်ပို့လိုက် ၊ လုံခြုံရေးဌာနရဲ့ ကွန်ယက်ကို ဆက်သွယ်ပါ ၊ နာရီဝက်အတွင်း အချက်အလက်အားလုံးကို ဖယ်ရှားခိုင်းလိုက်ပါ ၊ ပြီးရင် စီတုအန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ထုတ်ပြန်ပါ "

"ဒါက နည်းနည်းနောက်ကျမနေဘူးလား "

ချန်းယွင်ထျန်းက သက်ပြင်းချလိုက်ပြီး

"စီတုအန်းက ကြောက်စရာကောင်းတဲ့ အရာတွေကို လုပ်ခဲ့တယ်ဆိုရင်တောင် အဲဒါတွေကို အခုဖော်ထုတ်မယ်ဆိုရင် သူ့ဆန္ဒအတိုင်း လိုက်လုပ်နေသလို မဖြစ်သွားဘူးလား ၊ လူတွေက ကျုပ်တို့ သူ့ကို အပြစ်ပုံချတာလို့ပဲ ထင်ကြလိမ့်မယ် "

"ဒါဆို ကျုပ်တို့ ဘာလုပ်သင့်တယ်လို့ ခင်ဗျားထင်လဲ "

"အဲ့ဒါကို မဆန့်ကျင်နဲ့ ၊ အခြေကို တည်ငြိမ်အောင်ကြိုးစားရမယ် ၊ ပြည်သူတွေကို အထိအခိုက်နည်းအောင်နဲ့ စိတ်သက်သာရာရအောင် အိမ်မှာပဲနေဖို့ ပြောပြပါ "

ချန်းယွင်ထျန်းက မျက်မှောင်ကြုံ့၍

"ကျုပ်တို့ရဲ့ ရန်သူတွေက အသိဉာဏ်မရှိတဲ့ မကောင်းဆိုးဝါးတွေမဟုတ်ဘူး ၊ အချက်အလက်အရ သူတို့က အရမ်းတော်တယ် ၊ သူတို့က လူ့စိတ်ကိုခြယ်လှယ်ပြီး ဟန်ဆောင်တဲ့နေရာမှာ အရမ်းကောင်းမွန်တယ် ၊ တိုက်ပွဲစတင်ခဲ့တာ အတော်ကြာနေပြီဖြစ်ပေမယ့် ကျုပ်တို့က အပေါ်ယံက မူမမှန်မှုကိုပဲ မြင်ခဲ့တယ် ၊ တကယ့်အန္တရာယ်ကို ကျုပ်တို့ မသိသေးဘူး "

အခြားအကြီးအကဲဖြစ်သူ ချန်ကွမ်းက ပြောလိုကိသည်။

"စီနီယာချန်းပြောတာ မှန်တယ် ၊ အရိပ်ကမ္ဘာရဲ့ လွှမ်းမိုးမှုက ဒုက္ခအပေးနိုင်ဆုံးပဲ ၊ ကြည့်ရတာ ဒီမြို့ထဲက လူအများအပြားဟာ စီတုအန်းလိုပဲ ပြောင်းလဲသွားလောက်ပြီ "

"ဒါက ကမ္ဘာနှစ်ခုကြားက စစ်ပွဲပဲ ၊ ဟန်ဟိုင်းဟာ ကျည်ဆန်တွေကြားမှာ ရှိနေတာ ၊ ရှင်းလုနဲ့ ကျို့ကျန်းဆီက ကျုပ် အကူအညီတောင်းချင်ပါတယ်..."

ကျင်းထောင်ရှန်းက ချန်ကွမ်းကို တားဆီးလိုက်သည်။

"တခြားမြို့တွေလည်း သိပ်ကောင်းမနေဘူး ၊ ရှင်းလုက ငါတို့ကို အစွမ်းကုန်ကူညီခဲ့ပြီးပြီ ၊ ကျို့ကျန်းကတော့ ငါတို့ဘက်မှာ ရှိမှာမဟုတ်ဘူး "

ကျင်းထောင်ရှန်းက သူ့လက်ချောင်းထိပ်မှ သွေးများကို သုတ်လိုက်သည်။

"ခင်ဗျားတို့ရဲ့ စိုးရိမ်ပူပန်တာတွေ ၊ ပင်ပန်းတာတွေ သိမ်းထားလိုက်ဦး ၊ အခုက စိတ်ပျက်အားငယ်ရမယ့် အချိန်မဟုတ်ဘူး ၊ စီတုအန်းကြောင့် ပြည်သူတွေ ယာယီအရူးလုပ်ခံရရင်တောင် ကိစ္စမရှိဘူး ၊ အဆုံးမှာ စုံစမ်းစစ်ဆေးရေးဌာနကိုပဲ သူတို့ အားကိုးနိုင်လိမ့်မယ် ၊ သူတို့ဟာ နတ်ဘုရားတစ်ပါးကိုပဲ ကိုးကွယ်လို့ရမယ် ၊ အဲ့ဒါက ကျုပ်တို့ပဲ "

ကျင်းထောင်ရှန်းက ဟန်ဟိုင်းပြည်သူများကို သူတို့ဟု ခေါ်လိုက်သောအခါ ချန်းယွင်ထျန်း နှင့် ချန်ကွမ်းတို့သည် လမ်းကြောင်းတစ်ခုကို ခံစားခဲ့ကြသော်လည်း ဘာမှမတတ်နိုင်ကြပေ။

စခရင်ပေါ်မှ ဗီဒီယိုမှာ ပြောင်းလဲသွားခဲ့သည်။စီတုအန်း၏နောက်ဆုံးတစ်ဦးတည်းပြောဆိုမှုကို မြို့တော်အ‌ရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနမှ အစားထိုးရန် ဖြတ်တောက်လိုက်သည်။ ထို့နောက် ကျင်းထောင်ရှန်း သည် ဖူနင်းထံမှ အရေးပေါ်အကူညီတောင်းသည့်မက်‌ဆေ့ကို လက်ခံရရှိခဲ့သည်။မြို့တော်စုံစမ်းစစ်ဆေးရေးဌာနအတွင်းပိုင်းမှ အခြေအနေသည်လုံးဝ အထိန်းအကွပ်မဲ့နေပြီဖြစ်သည်။အစောင့်များအားလုံး ရှင်းလင်းခံလိုက်ရသည်။အဆောက်အဦးတစ်ခုလုံးသည် ခြောက်ခြားဇာတ်လမ်းတစ်ခု ဖြစ်လာတော့သည်။

ဖုန်းထဲတွင် ဖူနင်း၏စိုးရိမ်မှုသည် မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာန အပြင်ဘက်အခြေအနေ၏ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် အကြီးအကျယ် ဆန့်ကျင်ဘက်ဖြစ်နေသည်။ဆန္ဒပြနေသည့် လူအုပ်ကြီးအား ထိန်းသိမ်းလိုက်သည်။လူအုပ်ကြီးကို ညွှန်ကြားနေသည့် စုံစမ်းရေးမှူးတစ်ချို့ ရှိနေလေသည်။သူတို့က ထီးများ ဝေပေးနေသည်။ အရာအားလုံး အဆင်ပြေနေပုံရသည်။

"နေပါဦး ၊ ကွင်းစ်လမ်း‌ပေါ်က အဲ့ဒီစုံစမ်းရေးမှူးတွေက မြို့တော်အရှေ့ပိုင်းက မဟုတ်ဘူးလို့ ပြောနေတာလား "

ကျင်းထောင်ရှန်းသည် ဖူနင်းဆီမှ သတင်းကြောင့် ထိတ်လန့်သွားခဲ့သည်။

"ဒါဆို သူတို့ ဘယ်ကရောက်လာကြတာလဲ "

"အရိပ်ကမ္ဘာထဲမှာ စုံစမ်းရေးမှူးတွေအများကြီး ပျောက်ဆုံးသွားခဲ့တာ ၊ သူတို့ ပြန်လာကြတာပဲ ၊ သူတို့က သရဲတွေအဖြစ် ပြောင်းလဲခံလိုက်ရပြီ ! "

ဖူနင်းသည် သူ့သားနှစ်ယောက်ကို ရှာဖွေရန် အဆောက်အဦးအတွင်း လှည့်ပတ်ပြေးရင်း အော်ဟစ်လိုက်သည်။

စီတုအန်းကို ကျေးဇူးတင်ရမည်က မြို့တော်၏စောင့်ကြည့်မှုသည် မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနအပေါ်ရှိနေခြင်းဖြစ်သည်။ကျင်းထောင်ရှန်း၏ မျက်လုံးများ ‌ကျဉ်းမြောင်းသွားသည်။လူအုပ်ကြားထဲမှ သက်လတ်ပိုင်းအရွယ်အန်တီကြီးတစ်ယောက်သည် မိုးကာအင်္ကျီမှ ဦးထုပ်ကို ချွတ်လိုက်လေသည်။သူမသည် ကင်မရာထံ စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။သူမမျက်နှာတွင် မျက်စိ နှာခေါင်းများ မရှိဘဲ ပါးစပ်လေးခုသာ ရှိလေသည်။

စီတုအန်း မှန်ကန်ကြောင်း သက်သေပြလိုက်သလိုပင် မူမမှန်မှုသည် လူတိုင်း၏ မျက်လုံးရှေ့တွင် ပေါ်ထွက်လာတော့သည်။ပါးစပ်လေးခုအန်တီကြီးက သူမခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်ပြီး ရူးသွပ်စွာ ရယ်မောလိုက်သည်။တစ်ချိန်တည်းမှာပင် လမ်းထဲရှိအရိပ်ထဲမှ အဆုံးမရှိသော သရဲတစ္ဆေများ ထွက်ပေါ်လာကြတော့သည်။၎င်းတို့တွင် ယင်စွမ်းများ ဖြာထွက်နေ၏။ဆန္ဒပြသူများသည် ထိတ်လန့်နေသော သိုးအုပ်ကဲ့သို့ပင်။သူတို့သည် စတင်၍ ဦးတည်ရာမရှိ ပြေးလွှားကြတော့သည်။အော်ဟစ်သံများနှင့် ငိုကြွေးသံများက တစ်ညလုံး ပဲ့တင်ထပ်နေ၏။ ရုပ်ပုံသည် အကျိုးသက်ရောက်ခဲ့သည်။ ကြောက်ရွံ့မှုသည် ဆန္ဒပြသူများသာမက ဟန်ဟိုင်းတစ်ခုလုံးကိုပါ သက်ရောက်စေခဲ့သည်။

ပြည်သူများကို ကာကွယ်ရန် စုံစမ်းရေးမှူးများ ထွက်မလာကြပေ။ကျင်းထောင်ရှန်းသည် စုံစမ်းရေးမှူးအများစုကို အခန်း၁၃မှ ကျောင်းသားများကို ဖမ်းဆီးရန် စေလွှတ်ထားခြင်းဖြစ်သည်။နောက်ကွယ်တွင် ရှိနေသူများသည် ရှရန်နှင့် ဆက်ဆံရမည်ဖြစ်သည်။ စိတ်ပျက်အားငယ်မှုမှာ ပျံ့နှံ့သွားခဲ့သည်။ လူတိုင်း ပြေးလွှားနေကြသော်လည်း ထွက်ပေါက်ကို မည်သူမျှ ရှာမတွေ့ပေ။

ကလေးတစ်ယောက်က အော်ဟစ်လိုက်သည်။ကလေးမလေးတစ်ယောက်သည် မိဘနဲ့ ကွဲကွာသွားခဲ့သည်။သူမသည် မြေပြင်ပေါ်မှောက်လျက် လဲကျသွားပြီး ပြန်မထနိုင်ခဲ့ပေ။သူမကို ဘယ်သူမှ မကူညီခဲ့ပါက သေသည်အထိ တက်နင်းခံလိုက်ရမည်ဖြစ်သည်။ နာကျင်မှုက နေရာတိုင်းမှထွက်လာနေ၏။အသံဝင်သည်အထိ သူမ၏မိခင်ကို အော်ခေါ်နေခဲ့သည်။လက်တစ်စုံက သူမကို ဆုပ်ကိုင်လိုက်သောအခါ သူမသည် မူးမေ့လဲလုနီး ဖြစ်နေပြီဖြစ်သည်။

"မကြောက်နဲ့နော် "

မျက်နှာဖုံးနောက်မှ ချိုသာသောအသံတစ်ခု ထွက်ပေါ်လာ၏။ကောင်းမင်သည် ပင်လယ်ထဲမှ ကျောက်ဆောင်ကြီးတစ်ခုနှင့် တူ၏။လှိုင်းလုံးများ မည်မျှပင်ကြီးမားသည် ဖြစ်ပါစေ သူမယိမ်းယိုင်ခဲ့ပေ။ထို့နောက် ထူးဆန်းသည့် မျက်နှာဖုံးတပ်လူများ ပိုရောက်လာကြသည်။စုံစမ်းစစ်ဆေးရေးဌာနက အခြေအနေအား ထိန်းချုပ်နိုင်စွမ်းမရှိသောအခါ ခြောက်ခြားဂိမ်းကစားသမားများက တာဝန်ယူလိုက်ကြသည်။

ပြည်သူပေါင်းများစွာက ယင်းကို မြင်လိုက်ရသည်။ဘေးကပ်ဆိုး ရောက်လာသောအခါ သရဲများကို တာဝန်ယူလိုက်သောသူများမှာ ထို ထူးဆန်းသည့် မျက်နှာဖုံးတပ်လူများဖြစ်သည်။

တစ်စုံတစ်ခုကို အာရုံရလိုက်သလိုပင် ကောင်မလေးကို ပွေ့ဖက်ထားသော ကောင်းမင်သည် မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနရှေ့မှ ကင်မရာကို လှည့်ကြည့်လိုက်သည်။သူသည် ကင်မရာနောက်ကွယ်ရှိ ကျင်းထောင်ရှန်းကို မြင်နေရဟန်ရှိသည်။

"အခန်း ၁၃က လူတွေကိုဖမ်းဖို့ ခင်ဗျားရှာနေတာမဟုတ်လား ၊ ကျုပ်က အခန်း၁၃က အင်္ဂလိပ်စာကိုယ်စားလှယ် ချင်ကျွင်းရန်ပဲ ၊ ကျုပ်ဒီကို ရောက်နေပြီ "

All Chapters