တားမြစ်ဂိမ်း
Vol. 15 Ch. 221
ပွင့်ပွင့်လင်းလင်းစော်ကားလိုက်ခြင်းပင်။
ကျင်းထောင်ရှန်းအား ထိုသို့လုပ်ဝံ့သူမရှိသည်မှာ အတော်ပင်ကြာခဲ့ပြီဖြစ်သည်။သူသည် စခရင်ပေါ်ရှိ ထိုထူးဆန်းသည့် မျက်နှာဖုံးတပ်ထားသည့်လူကို ကြည့်နေရင်း သူ့ရင်ဘတ်အတွင်းမှ သေတ္တာနက်တစ်လုံးကို ထုတ်ယူလိုက်သည်။ကျင်းထောင်ရှန်းသည် ထိုလူကို ကြည့်နေရင်း သေတ္တာကို ဖွင့်လိုက်၏။ပုတ်သိုးသိုးအနံ့ဆိုးမှာ ချက်ချင်းလှိုက်တက်လာလေသည်။ ချောမွေ့နေသော သူ့လက်ချောင်းများကို ဆန့်ထုတ်၍ အဝတ်ဟောင်းများဖြင့်ပြုလုပ်ထားသော အရုပ်တစ်ရုပ်ကို ဆွဲထုတ်လိုက်သည်။ကျင်းထောင်ရှန်းသည် တွေဝေခြင်းမရှိပဲ သန့်ရှင်းနေသည့် သူ့လက်ချောင်းများဖြင့် အရုပ်၏နှလုံးသားကို ထိုးဖောက်လိုက်သည်။
အခန်းထဲတွင် ငိုကြွေးသံများပဲ့တင်သွားသည်။လုံခြုံရေးအဖွဲ့ဝင်များက အကြည့်များ လွှဲဖယ်လိုက်ကြသည်။ အရုပ်သည် ကလေးလို ငိုကြွေးနေလေသည်။၎င်း၏ ရင်ဘတ်ထဲက သွေးများ စီးကျလာပြီး ၎င်း၏ ခြေလက်ကလေးများမှာ တွန့်လိမ်နေလေသည်။ ကျင်းထောင်ရှန်းသည် သူ့လက်ဖဝါးထဲတွင် ရုန်းကန်နေသော အရုပ်ကို တင်းကျပ်စွာဖျစ်ညစ်လိုက်သည်။နောက်ဆုံးတွင် အရုပ်သည် အရိပ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
စုံစမ်းစစ်ဆေးရေးဌာနတွင် ကျိန်စာသင့်ပစ္စည်းများ အများအပြားရှိသည်။သုတေသနဌာန၏ အလုပ်သည် ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာရန်နှင့် အရိပ်ကမ္ဘာကို ဖြေရှင်းသည့်နေရာတွင် အသုံးပြုရန်ဖြစ်သည်။သူတို့သည် ကျိန်စာသင့်အိုင်တမ်များကို အဆင့်များစွာ ခွဲခြားထားသည်။ကျင်းထောင်ရှန်းအသုံးပြုလိုက်သော အိုင်တမ်သည် အလွန်အမင်းရှားပါးသော အိုင်တမ်တစ်ခုဖြစ်သည်။အသုံးပြုသည် ပစ်မှတ်၏ နာမည်နှင့်အသွင်အပြင်ကို သိသည်နှင့် ထိုလူ့အပေါ် ဘေးကပ်ဆိုးများဆင့်ခေါ်နိုင်လေသည်။
"ချင်ကျွင်းရန်က အခန်း၁၃က ကျောင်းသားတစ်ယောက်ပဲ ၊ ကျုပ်တို့ သူ့ကို ရှာမတွေ့သေးဘူး ၊ သူ ဒီလိုမျိုး ပေါ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ "
ချန်ကွမ်း၏အကြည့်မှာ ရှုပ်ထွေးနေ၏။သူတို့သည် ခြောက်ခြား ဂိမ်းကစားသမားကို တိုက်ခိုက်ရန် ကြံစည်ခဲ့ကြသော်လည်း ထိုလူများသည် ဘေးကပ်ဆိုးဖြစ်ပွားသောအခါ လူအများကို ကယ်တင်ခဲ့ကြသူများဖြစ်သည်။
"ဒီအဖွဲ့ကို ကျုပ်တို့အရင်က မမြင်ဖူးခဲ့ဘူး ၊ စုံစမ်းစစ်ဆေးရေးဌာနရဲ့ မျက်လုံးအောက်မှာ သူတို့ ဘယ်လိုများကြီးထွားလာကြတာလဲ "
"ပြဿနာက သူတို့က ဟန်ဟိုင်းကို ယုံကြည်မှုအသစ်တစ်ခု ပေးခဲ့တာပဲ "
ချန်းယွင်ထျန်းက ကျင်းထောင်ရှန်းကို တစ်ချက်ကြည့်လိုက်သည်။အကြီးအကဲကြီးအကဲများသည် သူတို့အချင်းချင်း စကားပြောနေကြ၏။ကျင်းထောင်ရှန်းက သူတို့ကို မတားဆီးခဲ့ပေ။သူက သူ့နောက်ကို လိုက်လက်ယမ်းပြလိုက်သည်။ လုံခြုံရေးအဖွဲ့ဝင်သည် အနက်ရောင်သေတ္တာကိုဖွင့်ကာ ပြင်းပြင်ထန်ထန်ပျက်စီးနေသော အနက်ရောင်ဆက်သွယ်ရေးစက်တစ်လုံးကို ထုတ်ယူလိုက်သည်။
ကျင်းထောင်ရှန်းက ဆက်သွယ်ရေးစက်ကို ဖွင့်၍ မျက်လုံးများ မှိတ်ကာ စောင့်ဆိုင်းလိုက်သည်။မိနစ်အနည်းငယ်ကြာသောအခါ အမျိုးသမီးတစ်ဦးအသံထွက်ပေါ်လာ၏။
"ဟယ်လို ဒါက ပြည့်စုံတဲ့ဘဝရဲ့လေးခုမြောက် စကားပြောခန်းပါ ၊ ကျွန်မ ဘယ်လိုကူညီပေးရမလဲ "
ကျင်းထောင်ရှန်းက ကုဒ်တစ်ပြုံလိုက်ကြီး ရိုက်ထည့်လိုက်ရာ အမျိုးသမီးအသံက ပြောင်းလဲသွားသည်။
"ကျေးဇူးပြုပြီး သင့်ဘေးမှာ ဘယ်သက်ရှိလူသားမှ မရှိပါစေနဲ့ ၊ ကျေးဇူးပြုပြီး ဖြတ်တောက်ရေးလိုင်းကို ဖွင့်လိုက်ပါ ၊ အတွင်းကမ္ဘာက တစ်မိနစ်အတွင်း သင့်ကို ပြန်ပါလိမ့်မယ် "
ကျင်းထောင်ရှန်းသည် ဆက်သွယ်ရေးကို ယူ၍ အကြီးအကဲများကို ချန်ထားကာ အခြားအခန်းတစ်ခုဆီသို့ သွားလိုက်သည်။သူက တံခါးကို ပိတ်၍ ဆက်သွယ်ရေးစက်ကို ထိတွေ့လိုက်သည်။နံရံတွင် ပရိုဂျက်တာ မျက်နှာပြင်တစ်ခု ပေါ်လာလေသည်။ပရိုဂျက်တာထဲတွင် အဆိုပါအမျိုးသားသည် စုံစမ်းစစ်ဆေးရေးစင်တာ၏ ယူနီဖောင်းကို ၀တ်ဆင်ထားသည်။ သူသည် စွန့်ပစ်ထားသော ဆေးရုံတစ်ခုတွင် ရှိနေသည်... ဖြစ်နိုင်ချေရှိသည်က ရေခဲတိုက်အတွင်း ဖြစ်နိုင်၏။
"ကျင်းထောင်ရှန်းလား "
ပရိုဂျက်တာမှာ မှုန်ဝါးနေသည်။အသံက ပြတ်တောင်းပြတ်တောင်းဖြစ်နေ၏။
"လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်က ရှင်းလုမှာ မူမမှန်မှုတွေ ပေါက်ကွဲလာချိန်က မင်းဟာ မကောင်းဆိုးဝါးတွေနဲ့ သဘောတူညီမှုရခဲ့ပြီး အတွင်းကမ္ဘာလို့ ခေါ်တဲ့နေရာမှာ လေ့ကျင့်ဖို့ မင်းဝင်ရောက်ခဲ့တယ် ၊ အခု မင်းအခြေအနေက ဘယ်လိုလဲ "
ကျင်းထောင်ရှန်းက နံရံကို စိုက်ကြည့်လိုက်သည်။သူတို့သည် အဆင့်အတန်းချင်းတူသော်လည်း သူ့ကိုယ်ဟန်အနေအထားကို နှိမ့်ချထားသည်။
လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ရှင်းလုသည် စူပါပုံရိပ်ယောင်အစစ်အမှန်ဂိမ်းတစ်ခုကို ပိတ်ချခဲ့သည်။ကမ္ဘာကြီးကို ပြောင်းလဲစေမည့်ဂိမ်းသည် တားမြစ်ချက်တစ်ခု ဖြစ်လာခဲ့သည်။ ရှင်းလု၏ ဧရိယာ တစ်စိတ်တစ်ပိုင်းသာ ၎င်းအတွင်းသို့ ဝင်ရောက်နိုင်သေးသည်။ထင်ရှားသည်စွာဖြင့် ဂိမ်းသည် လူသားတို့၏ နှလုံးသားထဲသို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အရိပ်ကမ္ဘာဆီသို့ တံခါးကို မတော်တဆဖွင့် စေနိုင်လေသည်။၎င်းသည် လူ့နှလုံးသားများအတွင်းမှ မကောင်းဆိုးဝါးများကို လွှတ်ပေးခဲ့ပြီး ပထမဆုံးမူမမှန်မှုပေါ်ပေါက်လာခဲ့သည်။ဂိမ်းကို ပိတ်သိမ်းလိုက်ချိန်၌ စုံစမ်းစစ်ဆေးရေးဌာနကို ရှင်းလုတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ရှင်းလုတွင် မှတ်တမ်းရှိသော စုံစမ်းရေးမှုးများသာလျှင် ထိုဂိမ်းကို ဆော့နိုင်သေးခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးရေးဌာနသည် ထိုဂိမ်းထဲတွင် အခြေစိုက်စခန်းတစ်ခုကို တည်ထောင်ခဲ့သည်။ဌာန၏ အမာခံအဖွဲ့ဝင်များသည် ယခင်က ထိုဂိမ်းကို ကစားဖူးကြသည်။ သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် သာမန်လူများအား ထိုဂိမ်းဖြင့် ဆက်စပ်ခြင်းမရှိစေရန် တတ်နိုင်သမျှ ကြိုးစားခဲ့ကြသည်။
"ဂိမ်းကမ္ဘာနဲ့ အစစ်အမှန်ကမ္ဘာကို ငါမခွဲခြားနိုင်တော့ဘူး ၊ အတွင်းကမ္ဘာဟာလည်း အစစ်အမှန်ကမ္ဘာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေနိုင်တာပဲ ၊ အများကြီး ကြုံတွေ့ရပြီးနောက် အစစ်အမှန်ကမ္ဘာမှာ ငါရှင်သန်နိုင်လိမ့်မယ်လို့ မထင်တော့ဘူး "
ပရိုဂျက်တာထဲရှိလူသည် ဖြည်းညင်းစွာခေါင်းယမ်းလိုက်သည်။
"အသန်မာဆုံး စူးစမ်းရှာဖွေရေးအဖွဲ့က အတွင်းကမ္ဘာရဲ့ ဗဟိုချက်ထဲဝင်ရောက်ခဲ့ပြီး အမှောင်ညထဲမှာ ပျောက်ကွယ်သွားကြတယ် ၊ ပြီးခဲ့သောတစ်နှစ်လုံး သူတို့ထံဆီက အကြောင်းပြန်ချက် မရှိခဲ့ဘူး ၊ အခုကစပြီး ပါဖက်လိုက်ဖ်ဆီက မျက်နှာပြင်ကမ္ဘာရဲ့ ဂိမ်းဧည့်ခန်းနှင့်ဥယျာဉ်ကို စုံစမ်းစစ်ဆေးရေးဌာနမှ လွှဲပြောင်းယူလိုက်ပြီ ၊ အဲ့ဒါက အခု အရမ်းလုံခြုံတယ် "
"ရှင်းလုက မင်းကို မလိုအပ်တော့တဲ့အတွက် ဂိမ်းက ချက်ချင်းထွက်လာပြီး ဟန်ဟိုင်းကို ပြန်လာခဲ့ပါ ! "
ကျင်းထောင်ရှန်းက သူ့အား အမိန့်ပေးလိုက်သည်။
"ကျို့ကျန်းမှာရှိတဲ့ မကောင်းဆိုးဝါးတွေက တံခါးနောက်မှာ ပုန်းအောင်းနေကြတယ် ၊ ရှင်းလုက အဲ့ဒီဂိမ်းကို ကြားခံအဖြစ်ထားတယ် ၊ ဟန်ဟိုင်းတစ်ခုပဲ အရိပ်ကမ္ဘာကို တိုက်ရိုက်ရင်ဆိုင်ရမှာ "
"မင်းဘာကို ဆိုလိုတာလဲ "
"အခု မူမမှန်မှုတွေက နေရာအနှံ့ရှိနေပြီဖြစ်တာကြောင့် အရိပ်ကမ္ဘာက ရှင်းလုကို အရိပ်ထဲ ဆွဲသွင်းချင်နေတယ် "
ကျင်းထောင်ရှန်းက အနက်ရောင်ဆက်သွယ်ရေးစက်ပေါ်ရှိ နံပါတ်ကို ကြည့်လိုက်သည်။
"မင်းက ဟန်ဟိုင်းက စုံစမ်းရေးမှူးတစ်ယောက်ပဲ ၊ မင်းကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲကတည်းက တားမြစ်ဂိမ်းထဲကို ပို့ထားတာ ၊ ဒါပေမယ့် အခု ဟန်ဟိုင်းက မင်းကို လိုအပ်နေပြီ "
"နားလည်ပြီ ၊ ငါတို့ ဂိမ်းထဲက တတ်နိုင်သမျှ အမြန်ထွက်လာခဲ့မယ် ဒါပေမယ့် ..."
ထိုလူက ချီတုံချီချ ဖြစ်နေပြီး
"ဟန်ဟိုင်းကို လက်လျှော့လိုက်ဖို့ ဂိမ်းထဲမှာ တစ်ယောက်ယောက်က ပြောတာကို ငါ ကြားခဲ့ရတယ် ၊ အဲဒီမြို့ကို မကြာခင် ပိတ်ပစ်တော့မယ်တဲ့ "
"စွန့်ပစ်မှာလား "
"မြို့တိုင်းမှာ သူ့ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ မစ်ရှင်တွေရှိတယ် ၊ ဟန်ဟိုင်းဟာ အရိပ်နဲ့အတူ ပါဝင်ဖို့ပြင်ဆင်ထားတယ် ၊ ဟုတ်တယ်၊ ဒါတွေက လူပြောသူပြောတွေချည်းပါပဲ "
ထိုလူက သူ့ခေါင်းစဉ်အကြောင်းအရာကို မပြောင်းခဲ့ပေ။
"ငါ တတ်နိုင်သလောက် အဖွဲ့ကို ဦးဆောင်ပြီး ပြန်လာခဲ့မယ် ၊ မင်းကိုကာကွယ်ဖို့ အဲဒီလုံခြုံရေးအဖွဲ့ဝင်တွေနဲ့ ကိုယ့်ကိုယ်ကိုယ်သတိရှိရှိနေကြပါ "
ပရိုဂျက်တာက ပျောက်ကွယ်သွားသည်။ကျင်းထောင်ရှန်းသည် အနက်ရောင်ဆက်သွယ်ရေးစက်ကို မထိသေးပဲ သန့်ရှင်းနေပြီးသား သူ့လက်များကြိ သန့်ရှင်းရန် လက်ကိုင်ပုဝါတစ်ထည် ထုတ်လိုက်သည်။
*
ကောင်းမင်သည် ကောင်မလေးအား သူ့မိခင်ဆီ ပြန်ပို့လိုက်ပြီး မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနထဲ ဝင်လိုက်သည်။ရှရန်သည် သူထင်ထားသည်ထက် ပိုစွမ်းဆောင်နိုင်ခဲ့သည်။ ဌာနအတွင်းရှိ အန္တရာယ်အားလုံးကို သူဖယ်ရှားလိုက်ပြီဖြစ်သည်။ အဆောက်အဦအတွင်းရှိ တစ်ခုတည်းသော အန္တရာယ်မှာ ရှရန်ပင် ဖြစ်သည်။
နံရံပေါ်ရှိ ရေးခြစ်ထားသော ပန်းချီများနှင့် စုံစမ်းရေးမှူးများ၏ ပုံတူများကို မြင်လိုက်ရသောအခါ ကောင်းမင်သည် ရှရန်၏ စွမ်းရည်ကို လျှော့တွက်ထားကြောင်း ဝန်ခံမိသည်။သူက ရှရန်သည် ဖူနင်း၏သားကို ပူးကပ်၍ လူတိုင်းနှင့်ပူးပေါင်းရန် မျှော်လင့်ထားသော်လည်း ရှရန်သည် ဂိမ်းကို သူ့ကိုယ်ပိုင်နည်းဖြင့် ရှင်းလင်းခဲ့လေသည်။
"လူတွေကို ရှရန်နဲ့ စီတုအန်းတို့လို သရဲတွေဖြစ်လာအောင် မင်းလုပ်ခိုင်းလို့မရဘူးနော် "
ကျန်းတင်းက နံရံများကို ထိတွေ့လိုက်သည်။သူသည် ပန်းချီကားများအတွင်းမှ အသက်ရှူသံများကို ခံစားနေရသည်။ထိုအရာကို သူတွေးထားခဲ့လျှင်ပင် ကြောက်မက်ဖွယ်ကောင်းနေသေးသည်။
"လုံခြုံရေးအဖွဲ့ဝင်တွေက အရင်းအမြစ်တွေ အကုန်လုံးကို ယူသွားကြပြီ "
သူ့နှလုံးထဲရှိ သားစားကြူးနတ်မှတဆင့် ကောင်းမင်က ရှရန်၏ တည်နေရာကို သိပေသည်။သူနှင့်ကျန်းတင်းတို့သည် ဓာတ်လှေကားစီး၍ ဆယ်လွှာသို့ ရောက်လာကြသည်။
ကောင်းမင်သည် လေထဲရှိ သွေးနံ့ကို ရသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ရှရန်သည် သွေးဆာသော လူမဟုတ်ပေ။ သူက ရိုးရိုးရှင်းရှင်း အရူးတစ်ယောက်သာဖြစ်သည်။
"တစ်စုံတစ်ယောက်က ဒီနေရာမှာ သွေးစတေးမှုလုပ်ခဲ့တာပဲ "
ကျန်းတင်းက သူ့မျက်နှာဖုံးကို ဖယ်လိုက်ပြီး
"အဲဒီတစ်ဝက်ပွင့်နေတဲ့ သွေးတံခါးကို ကြည့်လိုက်စမ်း!"
သန္ဓေပြောင်းနေသော လူသစ် စုံစမ်းရေးမှူးများသည် တံခါးအတွင်း၌ တွန့်လိမ်နေကြသည်။ သူတို့သည် ရှင်နေရခြင်းထက် သေခြင်းကမှ ပိုပျော်ရမည့်ပုံပေါက်နေလေသည်။