ဧရာမိကျောင်းကြီးကို တိုက်ရန် လိပ်ကြီး လိုက်ရှာပြီ
Vol. 18 Ch. 256
စားသောက်ခန်းထဲမှ လီချန်လဲ့က လျူယောင့်ကို လှမ်းခေါ်လိုက်သည်။
"အစ်ကိုယောင် ထမင်းစားဖို့ အဆင်သင့်ဖြစ်ပြီနော် လာစားတော့..."
လျူယောင်လည်း ကျယ်လောင်စွာ ပြန်ဖြေ လိုက်သည်။
"အင်း ဖုန်းအရင်ပြောလိုက်ဦးမယ်....ပြီးရင် လာခဲ့မယ် "
လျူယောင် ဖုန်းကိုင်လိုက်တာနဲ ဟူဂျွန်းရှီရဲ့ ရင်းနှီးသောအသံက ထွက်ပေါ်လာသည် ။
“အစ်ကိုယောင် လွန်ခဲ့တဲ့ နှစ်နာရီက ကျွန်တော်တို့ရဲ့ ‘ရှီနမ်" သင်္ဘော ကိစ္စတစ်ခုနဲ့ ကြုံခဲ့ရတယ်...ကျွန်တော် အကြာကြီး စဉ်းစားပြီးတော့ အကို့ကိုပဲ အစီရင် ခံသင့်တယ် ထင်လို့ပါ ....”
ယေဘူယျအားဖြင့် သိပ်မအရေးကြီးတဲ့ ကိစ္စဆို အစီရင်ခံရန် မလိုပါ။ဟူဂျွန်းရှီနဲ့ ကျိုးယန်တို့သာ ကိုင်တွယ်နိုင်ပါသည်။
“ ငါ မှတ်မိသလောက် ငါတို့ရဲ့ ‘ရှီနမ်’ သင်္ဘောက လွန်ခဲ့တဲ့ ရက်အနည်းငယ်က သြစတြေးလျကနေ သံရိုင်းအပြည့်နဲ့ ဟွားဟိုင်မြို့ကို ပြန်လာမယ့် နိုင်ငံတကာ ရေလမ်းကြောင်းပေါ်မှာ ရွက်လွှင့်ထွ က်ခွာခဲ့တာမို့လား...ခု ဘာဖြစ်တာလဲ..."
ဒီ စကားပြောနေစဉ် လျူယောင် များစွာ စိုးရိမ်ပူပန် နေခဲ့သည်။
“ကျွန်တော်တို့ရဲ့ ‘ရှီနမ်’ သင်္ဘောက လွန်ခဲ့တဲ့ နှစ်နာရီက ဧရာမမိကျောင်းကြီးတစ်ကောင်နဲ့ တွေ့ခဲ့တယ်..သင်္ဘောသားတွေ အစီရင်ခံတာက အဲ့ မိကျောင်းက မီတာ ၇၀ လောက် ရှည်ပြီး တန်ချိန် ၅၀၀ ကနေ ၆၀၀ လောက် အလေးချိန် ရှိနိုင်တယ်တဲ့...”
ဟူဂျွန်းရှီက အတိုချုပ် ရှင်းပြလိုက်သည်။ ရုတ်တရက် လျူယောင် အံ့ဩမှု့များ ပြည့်နှက်သွားသည်။
" မီတာခုနစ်ဆယ်ကျော် ရှည်တဲ့ ဧရာမ မိကျောင်းတစ်ကောင်လား..."
“ဟုတ်ပါတယ် အကိုယောင် အဲ့ကောင် ကြီးက ကျွန်တော်တို့ရဲ့ "ရှီနမ် "သံရိုင်းတင်သင်္ဘောကိုလည်း တိုက်ခိုက် ခဲ့ပါတယ်...ကံကောင်းလို့ ချီဒုံ သင်္ဘော ကျင်းက တည်ဆောက်ထားတဲ့ ဒီသင်္ဘော ကြီးက အရည်အသွေးကောင်းပြီး ကိုယ်ထည် ခိုင်မာလို့...တိုက်ခိုက်ခံရတဲ့ အစိတ်အပိုင်းက နည်းနည်းလေး ခွက်ဝင်သွားရုံပဲ. ရှီနမ်က ဆက်ပြီး ရွက်လွင့်လို့ ရပါသေးတယ်....”
လျူယောင် သေချာ စဉ်းစားလိုက်သည် ။
"ငါ အရင်က သတင်းတွေထဲမှာ မီတာ ၁၀၀ လောက်ရှည်တဲ့ ဧရာမ မိကျောင်း ကြီးအကြောင်း ဖတ်ခဲ့ရတယ် ....အခု ရှီနမ် သင်္ဘောသားတွေက ဒီဧရာမမိကျောင်းကို မီတာ ၇၀ လောက် ရှည်တယ်လို့ မြင်ခဲ့ကြတယ်လား..."
"အရှည် မီတာခုနစ်ဆယ်ကျော် နဲ့ မီတာတစ်ရာလောက် ဘယ်ဟာက အမှန်လဲ "
"ယခင်သတင်းနဲ့ အတော်လေး ကွာဟမှု့ရှိ နေတာပဲ ဒီလို ဧရာမမိကျောင်းကြီး နှစ်ကောင် ရှိနိုင်ပါ့မလား ဟ "
ဧရာမမိကျောင်းကြီးတစ်ကောင် ရှိနေခြင်း ကပင် ကမ္ဘာကို တုန်လှုပ်စေရန် လုံလောက် သည်။ ဒီလို ရဲရင့်တဲ့ ခန့်မှန်းတာ က လျူယောင် တစ်ယောက်တည်းသာ ရှိလိမ့်မည်။
သာမန်လူများဆို ပစိဖိတ်သမုဒ္ဒရာထဲမှာ စူပါဧရာမမိကျောင်းကြီးတစ်ကောင် ရှိတယ်လို့ သင်ပြောလိုက်ရင် သူတို့က မလေးမစား တောင် ကြည့်လောက်ပြီး " ဘယ်သူ့ကို အရူးလုပ်နေတာလဲ ငါတို့ က လူအလားတွေလား "လို့ ပြောလိမ့်မည် ။
လျူယောင် ခန့်မှန်းချက်အရ " ရှီနမ် .သင်္ဘောသားများမလိမ်ခဲ့ပါက ဧရာမမိကျောင်းကြီး နှစ်ကောင် ဖြစ်နိုင်ပြီး တစ်ကောင်က ကြီးပြီး တစ်ကောင်က သေးငယ်ဖို့ အလွန်ဖြစ်နိုင်ခြေရှိသည်။
“အစ်ကိုယောင် အစ်ကိုယောင် ”
ဖုန်းထဲက ဘာသံမှ မကြားရတာကြောင့် ဟူဂျွန်းရှီ နှစ်ကြိမ် လှမ်းခေါ်လိုက်သည်။
“အင်း ငါ နားလည်ပြီ ဒီကိစ္စကို ယာယီလျှို့ဝှက်ထားလိုက် နေရာတိုင်းမှာ ပြောစရာမလိုဘူး..."
ဟူဂျွန်းရှီက ဒီ စကားရဲ့ အဓိပ္ပာယ်ကို အပြည့်အဝ နားလည်နိုင်လိမ့်သည်။ နောက်ဆုံးတော့ ဒါက ဧရာမမိ ကျောင်းကြီးတစ်ကောင်ဖြစ်ပြီး လူတိုင်းရဲ့ ထင်မြင်ယူဆချက်ကို ပြောင်းလဲ ပစ်နိုင်တာကြောင့် နေရာတိုင်းမှာ ကြော်ငြာဖို့ မလိုအပ်ပေ။
ဖုန်းဖြေပြီးနောက် လျူယောင် စားသော က်ခန်းထဲတွင် ဝင်ထိုင်ခဲ့သည်။ လီချန်လဲ့က ဝိုင်နီနှစ်ခွက်ကိုပါ ငှဲ့ပေးထားတာကြောင့် လေထုနဲ့စိတ်ခံစားချက်က ကောင်းမွန် နေသည်။
“ဒီဆိုင်က အစားအစာတွေက ကောင်းတယ် လာအရင်မြည်းစမ်းကြည့်ကြရအောင် ”
နှစ်ယောက်သား သူတို့ခွက်များ မြှောက်ပြီး ထိလိုက်ကာ ဝိုင်နီကို နည်းနည်းစီ သောက်လိုက်သည်။
သောက်ရင်းစားရင်း နှစ်ယောက်သား စကားပြောရင်း ရယ်မောခဲ့ကြသည်။ ညစာစားပြီးနောက် ပန်းကန်များကို အတူတူ သန့်ရှင်းရေးလုပ်ကြကာ ပျော်ရွှင် နေကြ သည်။
လျူယောင် အကြံပေးလိုက်သည်။
“အိမ်အကူ နည်းနည်းလောက် ငှားရမယ် ဒါဆိုရင် ပန်းကန် ဆေးရတာနဲ့ အခန်း သန့်ရှင်းရေးလုပ်တာကို ကိုယ်တိုင်လုပ်စရာ မလိုတော့ဘူး..”
လီချန်လဲ့က သဘောမတူပဲ ခေါင်းခါပြီး ပြောလိုက်သည်။
“ကျွန်မတို့ နှစ်ယောက်တည်းပဲ ရှိတာလေ အပြင်လူတွေလည်း မနှောင့်ယှက်ဘူး ဒါက ပြီးပြည့်စုံတဲ့ နှစ်ယောက်ကမ္ဘာပဲ... ကျွန်မ အိမ်မှု့ကိစ္စ နည်းနည်းပါးပါး လုပ်ရတာ ကောင်းပါတယ်..”
အရာအားလုံးကို ပြီးတဲ့အခါ နှစ်ယောက်သ ား ဧည့်ခန်းရှိ ဆိုဖာကြီးပေါ်တွင် တီဗီ ခဏကြည့်ကြပြီး အတူတူ ရေချိုးလိုက် ကြသည်။
ညဉ့်နက်လာတဲ့အခါ လီချန်လဲ့က လျူ ယောင့်ရဲ့ ရင်ခွင်ထဲတွင် အိပ်ပျော် သွားသည်။ လျူယောင်က အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး အိန္ဒိယသမုဒ္ဒရာ မှာ ရှိနေတဲ့ လိပ်ကြီးကို ဆက်သွယ်လိုက်သည်။
ဒီဧရာမမိကျောင်းကြီးနှင့် ရင်ဆိုင်ရန် လိပ်ကြီး ကို တောင်းဆိုခြင်းက လက်တွေ့ မကျပေ။ နှစ်ဖက်ကြားက ကွာဟချက်မှာ တကယ့်ကို အရမ်းကြီးမားတာကြောင့် သူတို့က အရွယ်အစားချင်း မညီမျှချေ။
ဒါပေမဲ့ အနည်းငယ်သေးငယ်တဲ့ ဧရာမမိ ကျောင်းက မီတာ ၇၀ ကျော် ရှည်လျားပြီး တန် ၅၀၀ မှ ၆၀၀ လောက် အလေးချိ န်ရှိနိုင်သည်။
လျူယောင် အိမ်မွေးတိရစ္ဆာန် ချပ်ပြားကို ဖွင့်ပြီး ရက်အနည်းငယ်ကြာ ဂရုမစိုက် မိခဲ့တဲ့လိပ်ကြီး ကို ကြည့်လိုက်ချိန်တွင် သူအံ့သြသွားခဲ့သည်။
"ဟာ ဒီကောင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က တန် ၂၆၀ ပဲ ရှိခဲ့တာလေ ရက်အနည်းငယ် အတွင်းမှာပဲ အလေးချိန်က တန် ၂၈၆ ကို တိုးလာပြီး တန် ၃၀ နီးပါး တိုးလာခဲ့တာပဲဟ "
လျူယောင် ပျော်ရွှင်စွာ မေးလိုက်သည်။
“ လိပ်ကြီး မင်း ရက်အနည်းငယ်အတွင်းမှာ တန် ၂၀ ကနေ ၃၀ အထိ ကြီးလာခဲ့တယ် အဲဒီ့လက်သည်းကြီးနှစ်ချောင်းနဲ့ ဧရာမငါးကို မင်း ထပ်စားခဲ့တာလား...”
လိပ်ကြီးက ဂုဏ်ယူစွာဖြင့် ပြန်ဖြေ လိုက်သည်။
" ဟုတ်တယ် သခင်ရ. ကံကောင်းတာက ကျွန်တော် ချောက်ထဲမှာ တစ်ကောင် ရှာတွေ့ခဲ့တာ ...ကျွန်တော် အဲ့ကောင်ကို ရက်အနည်းငယ်ကြာအောင် စားခဲ့ပြီး တန် ၂၀ ကနေ ၃၀ အထိ အလေးချိန် တက်လာခဲ့တာပဲ...”
လျူယောင် ချီးကျူးလိုက်သည်။
“မဆိုးဘူး နောက်ရက်နည်းနည်းဆို မင်း တန် ၃၀၀ လောက် ရောက်နိုင်မယ်လို့ ငါ ထင်တယ်.... “
ထို့နောက် လျူယောင် ညွှန့်ကြားလိုက်သည်။
“လိပ်ကြီးရေ မင်းကို အိန္ဒိယသမုဒ္ဒရာကနေ ယာယီထွက်ပြီး ပစိဖိတ်သမုဒ္ဒရာထဲကို ဝင်ဖို့ ငါ တောင်းဆိုချင်တယ်....”
ထို ဧရာမမိကျောင်းကြီး နှစ်ကောင် အကြောင်း လိပ်ကြီးကို လျူယောင် အတိုချုပ်ရှင်းပြလိုက်သည်။
ဒီစကားကို ကြားပြီးနောက် လိပ်ကြီးက ယုံကြည်မှု့ရှိစွာနဲ့ သဘောတူလိုက်သည်။
“အိုကေဘာ သခင် တကယ့်ပြိုင်ဘက်နဲ့ ကျနော် မတွေ့ရတာ အတော်ကြာနေပြီ ကျနော် သွားတွေ့လိုက်ဦးမယ်..."
လျူယောင် စိုးရိမ်ကာ သတိ ပေးလိုက် သည်။
“အကြီးကောင်နဲ့ တွေ့ရင်တော့ ထွက်ပြေးပြီး ဝေးဝေးမှာ ပုန်းအောင်းနေ .... မင်းက သူ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ငါထင်တယ်...အသေးကောင်နဲ့ တွေ့ရင်တော့ ကိုယ့်ဘာသာ ဂရုစိုက်... သူ့ရဲ့ တန်ချိန်က မင်း တန်ချိန်ထက် အများကြီး ပိုတယ်... ”
ထို မိကျောင်းအသေး ကပင် တန် ၅၀၀ ဒါမှမဟုတ် ၆၀၀ ရှိကာ ဒီကောင်က လိပ်ကြီးရဲ့ အလေးချိန်ထက် နှစ်ဆကျော် ပိုများနေသည်။
လိပ်ကြီး ဂရုမစိုက်ပဲ ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့ သခင်ရ ကျွန်တော် ဘေးကင်းရေးကို ပထမဦးစားပေးမှာပါ ...”
လိပ်ကြီး ပြောပြီးနောက် ဧရာမလှံ ကိုကိုင်ပြီး ထွက်ခွာသွားတော့သည်။နှစ်လ သုံးလကြာ နေထိုင်ခဲ့တဲ့ ယာယီနေရာမှ ထွက်လာပြီး ပစိဖိတ်သမုဒ္ဒရာသို့ နောက်တစ်ကြိမ် ဦးတည်သွားခဲ့သည်။
လိပ်ကြီး ဂူထဲမှ ထွက်သွားတာကို မြင်တဲ့အခါ လျူယောင် အိမ်မွေးတိရစ္ဆာန် ချပ်ပြားကို ပိတ်ပြီး အိပ်စက်ခဲ့သည်။
လိပ်ကြီးက မလက္ကာရေလက်ကြားကို ရှောင်ပြီး ယန်နိုင်ငံရဲ့ တောင် တရုတ်ပင်လယ်ကို ဝင်ရောက်ကာ ခဏတာ အနားယူပြီးနောက် ပစိဖိတ်သမုဒ္ဒရာရဲ့ အလယ်ဗဟိုကို ဦးတည်သွားသည်။
ယာယီအားဖြင့် လိပ်ကြီးအတွက် ဦးတည် ရာမရှိသေးပေ။ လျူယောင်ပင် ထိုဧရာမ မိကျောင်းကြီး နှစ်ကောင်ရဲ့ တည်နေရာကို အတည်အကျ မသိသေးပေ။
"ရှီနမ် သင်္ဘော အတိုက်ခိုက်ခံရတဲ့ ပင်လယ်ဧရိယာက နှစ်ရက် သုံးရက် ကြာသွားခဲ့ပြီမို့ ဧရာမမိကျောင်းက အဲ့ ဧရိယာအနီးတွင် ရှိနေသေးလား "
ဘယ်လိုပဲ ဖြစ်ဖြစ် ဧရာမမိကျောင်းကြီး နှစ်ကောင်ရဲ့ တည်နေရာကို ယာယီ မသိသေးတာကြောင့် ငါ အဲ့နေရာပဲ့ သွားပြီးကံစမ်းကြည့်မယ်ကွာ... "
လိပ်ကြီး သူ့ဘာသာ ဆုံးဖြတ်ချက်ချကာ ရှီနမ်သင်္ဘော အတိုက်ခိုက်ခံရတဲ့ ယခင်ပင်လယ်ဧရိယာကို ဦးတည် သွားလိုက်သည်။
ကံကောင်းပါက ထိုဧရိယာအနီးတွင် ဧရာမ မိကျောင်းနဲ့ လိပ်ကြီး တွေ့ဆုံနိုင် လောက် မည်။