သမိုင်းမတိုင်မှီက ငါးကြီး
Vol. 18 Ch. 261
ဒီလိုအကောင်ကို တစ်ခါမှ မမြင်ဖူးကြောင်း လိပ်ကြီး ပြောလိုက်သည်။
လျူယောင်လည်း ထိုနည်းအတိုင်းပင်။ မြင်လည်း မမြင်ဘူး ကြားလည်း မကြားဘူးပေ။
ပင်လယ်နက်ပိုင်းတွင် ထူးဆန်တဲ့ အရာများ ရှိနေတာကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထား ပေမဲ့ ဒီလောက် ကြီးမား လိမ့်မယ်လို့ လျူယောင် မမျှော်လင့်ထားခဲ့ပေ။
ဒီကောင့် ပုံစံက အကြေးခွံမပါဘဲ ခန္ဓာကိုယ် တစ်ခုလုံး အနက်ရောင်ငါး ကြီးတစ်ကောင် ဖြစ်ပြီး ထူးခြားတဲ့ အင်္ဂါရပ်မှာ အကြီးမား ဆုံး ပါးစပ်ပင်ဖြစ်သည်။
ပါးစပ်က အလွန်ကျယ်ဝန်းပြီး ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းထက်မဆို ပိုကြီးမားကာ ပိုကျယ်သည်။ ဧရာမငါးခူကြီးနဲ့ အနည်း ငယ် ဆင်တူပေမဲ့ ပါးစပ်နှင့် ခန္ဓာကိုယ် အ ချိုး အ စားမှာ ငါးခူထက် ပိုပြီး ကြီးမား လွန်းသည်။
ခန္ဓာကိုယ်ကလည်း အလွန်ရှည်လျားသည်။ အနည်းဆုံး မီတာတစ်ရာကျော်ရှိပြီး ပါးစပ် လောက်တော့ မကြီးပေ။ ခန္ဓာကိုယ်က အနည်းငယ်သွယ်လျနေသည်။
ထိုငါးနက်ကြီးက လိပ်ကြီးကို တွေ့လိုက် သည်မှာ ရှင်းနေသည်။ သူက လိပ်ကြီးအား သတိပေးနေသည်။ ပါးစပ်ကြီး အနည်းငယ် ပွင့်သွားပြီး အတွင်းမှာ ရှိတဲ့ ချွန်ထက်ကြီးမ ားတဲ့ သွားများပေါ်လာသည်။
ထိုငါးက ငါးခူနှင့် အနည်းငယ်ဆင်တူ၏။ ပါးစပ်ထောင့်တွင် လက်တံများ ပင်ပါ သေးသည်။ သို့သော် ငါးခူနဲ့အကြီးမားဆုံး ကွာခြားချက်မှာ ကြောက် မက်ဖွယ် ကောင်းတဲ့ ဧရာမပါးစပ်ပဲ ဖြစ်သည်။
ဒါကို ကိုက်ခံလိုက်ရလျှင်တော့ လုံးဝ မသာပေါ်ပြီလို့ထင်ရသည်။ လိပ်ကြီးက ထိုငါးနက်နှင့်ရင်ဆိုင်လိုက်ကာ လျူယောင် ကို လျှာသပ်ကာ ပြောလိုက်သည်။
"သခင်ရေ ဒီလိုမျိုးကြီးမားတဲ့ သတ္တဝါ ကြီးက အရသာ ဘယ်လိုရှိမလဲ မသိဘူး နော်..."
"အရသာရှိတယ်ဆိုရင်တော့ ကောင်းတာပေါ့ ဒီလောက်ကြီးတာ ငါးရက်၊ ခြောက်ရက် လောက်တော့ ကောင်းကောင်း စားလို့ရမ ယ်ထင်တယ်"
လျူယောင် "..." ဟု တွေးလိုက်မိသည်။
ထိုငါးနက်ကြီးကို မြင်လိုက်တော့ လိပ်ကြီးပ ထမဆုံးစဉ်းစားမိတာက ထိုငါးကို စားရန် ပင်။ သမိုင်းမတိုင်မီ ပါးစပ်ကျယ်တဲ့ ဧရာမငါးကြီးရဲ့ အရသာကို လိပ်ကြီးက စမ်းသပ်ကြည့်ချင်နေသည်။
ဧရာမပါးစပ်ကျယ်ငါးကြီးက ဒါကိုမသိပဲ သွားများကိုပင် ဖြဲပြလိုက်သေးသည်။ လိပ်ကြီးထွက်ခွာရန် ရည်ရွယ် ချက်မရှိတာကိုမြင်တဲ့အခါ ပါးစပ်ကြီးကို ဟပြီး လိပ်ကြီးထံ ကူးခတ်လာသည်။
သူ့ပါးစပ်က အလွန်ကြီးမားတာကြောင့် ပါးစပ်တစ်ခုတည်းသာ မြင်နိုင်ပြီး ခန္ဓာကိုယ်ရဲ့ မည်သည့်အစိတ်အပိုင်းကိုမျှ မမြင်နိုင်လုနီးပါးဖြစ်နေသည်။
လိပ်ပြီးလည်း အပြေး အလွှားဝင်တိုက် သည်။
လှံချွန်ရဲ့ အဖျားဖြင့် ကြီးမားတဲ့ ပါးစပ်ကို တိုက်ရိုက်ချိန်ရွယ်ထားပြီး သူက အရှိန်ပြ င်းပြင်း ပြေးတဲ့ ကျွမ်းကျင်မှု့ကို အသက်သွင်းလိုက်ရာ ဧရာမပါးစပ် ကျယ်ငါးကြီးထက် ဆယ်ဆ ပိုမြန်နေသည်။
" ဗြုန်း.."
လိပ်ကြီး၏ အရှိန်က အရမ်း မြန်တာကြောင့် ဧရာမပါးစပ် ကျယ်ငါးကြီး တုံ့ပြန်ရန် အချိန် မရှိဘဲ လှံချွန်အဖျားမှာ သူ့ပါးစပ်ထဲကို တိုက်ရိုက်ဖောက်ဝင်သွားသည်။
“ အွတ်..”
သူ့ရဲ့ ကာကွယ်ရေးက အမှန်တကယ်ပင် မ ကောင်းလှပေ။ မီတာ ၅၀ ရှိတဲ့ ဧရာ မလှံချွန်က ထက်ဝက်နီးပါးပင် ဝင်နေပြီး ခေါင်းကိုလည်း ဖောက်ဝင် သွားဖွယ် ရှိ သည်။ဒါက သေစေနိုင်တဲ့ ထိုးနှက် ချက် ဖြစ်ခဲ့သည်။
ဒါက တစ်ချက်တည်းနှင့် သတ်ပစ် လိုက် ခြင်းပဲ ဖြစ် သည်။
ဧရာမပါးစပ်ကျယ်ငါးကြီး ချက်ချင်းသေ ဆုံးသွားပြီး ပါးစပ်ထဲ ဖောက်ဝင်နေတဲ့ ဧရာမလှံချွန်ကို ချက်ချင်းမထုတ်ဘဲ အစွန်းတစ်ဖက်ကိုဆွဲကာ လိပ်ကြီး ချက်ခြင်း ထွက်ခွာတော့သည်။
ဒီလို နက်ရှိုင်းတဲ့ နေရာက သူ့ကို မသက်မသာဖြစ်စေတာကြောင့် လိပ်ကြီး ထိုအနက်တွင် ကြာကြာမနေနိုင်ပေ။
သူက အရှိန်ပြင်းပြင်းဖြင့် အပေါ် ကူးခတ်သွားပြီး မီတာ ၃၀၀၀ ကျော်အနက်ကို ရောက်တဲ့အခါ ချက်ချင်းပင် ပိုမိုကောင်းမွန်လာပြီး ဖိအားကိုလည်း သိပ် မခံစားရတော့ပေ။
လိပ်ကြီး၏ လုပ်ဆောင်မှု့တစ်ခုလုံးကို လျူယောင် စောင့်ကြည့်နေပြီး သူ့စိတ် ထဲတွင် တွေးနေမိသည်။
"ဒီလိုမျိုး သမိုင်းမတိုင်မီ ပါးစပ် ကျယ်တဲ့င ါးတွေဟာ အနည်းဆုံး မီတာ ၄၀၀၀ လောက် နက်တဲ့ ပင်လယ်နက်ပိုင်းတွေမှာပဲ နေထိုင်ကြတာ ထင်တယ် .... ဥပမာ အချို့ရေနက်ပိုင်းတွေမှာပေါ့... ရေတိမ်ပိုင်းကိုတော့ သူတို့ မသွားကြဘူး ဒီကောင်တွေက ရေတိမ်ပိုင်းရဲ့ ဖိအားကို မခံနိုင်တာလည်းဖြစ်နိုင်လောက်မယ်..."
မီတာ ၃၀၀၀ အနက်သို့ ရောက်ပြီးနောက် လိပ်ကြီး အပေါ်ကို ဆက်လက် ကူးခတ် တက်လာပြီး တုံဂါရေနက်ပိုင်းမှ တိုက်ရိုက် ကူးခတ်၍ ထွက်ခွာလာခဲ့သည်။
ဒီဧရာမငါးကြီးကိုမူ သူ စားသုံးရပေမည်။ လိပ်ကြီး အလျင်လိုဆုံးအရာမှာ ရေတိမ်ပိုင်း ဖြစ်စေ၊ ဧရာမဂူဖြစ်စေ သင့်တော်တဲ့ နေရာတစ်ခုကို ရှာဖွေရန် ဖြစ်သည်။
တုံဂါရေနက်ပိုင်းနဲ့ မနီးမဝေးတွင် ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားတဲ့ ကျွန်းများ ရှိ သည်။
ထိုကြီးမားသော လခြမ်းပုံသဏ္ဌာန် တောင် ကြီးပေါ်တွင် ကျွန်းငယ်များက နေရာ အနှံ့ တွင် ပျံ့နှံ့နေသည်။
လိပ်ကြီး မကြာမီပင် ထိုကျွန်းစုများ အနီး ရောက်ရှိလာခဲ့သည်။ ကမ်းစပ်အနီးတွင် ကူးခတ်နေစဉ် ရေ ပိုမိုတိမ်လာခဲ့ပြီး ရှေ့တွင် အမည်မသိကျွန်းတစ်ခုရှိနေသည်။
ထိုကျွန်းက အမည်မသိ တောကျွန်းများ စွာထဲမှ တစ်ခုဖြစ်နေတာ ထင်ရှားသည်။ ဧရိယာမှာ သိပ်မကျယ်ဘဲ စတုရန်း ကီလိုမီတာ ၀.၅ တောင်မရှိပေ။
ရေအောက်တောင်တစ်ခုဖြစ်ပြီး ရေပေါ်မှ အပိုင်းက ကျွန်းတစ်ခုဖြစ်လာပြီး ပိုကြီးမ ားတဲ့ အပိုင်းက ရေအောက်တွင်ရှိနေသည်။
လိပ်ကြီးက ရေအောက် မီတာနှစ်ရာ သုံးရ ာခန့်တွင် ရှိနေ၏။ ပင်လယ်ကြမ်းပြင်တွင် အတော်လေး ပြန့်ပြူးနေပြီး အနည်းငယ် အပေါ်ကိုစောင်းနေသည်။ သူ အနည်းငယ် ကူးခတ်သွားရာ ရှေ့တွင် ဒေါင်လိုက်ချောက် ကမ်းပါးကြီးတစ်ခုရှိနေသည်။
ချောက်ကမ်းပါးမှာ ရေထဲကို အနည်းဆုံး မီတာတစ်ရာအထိ ထိုးဆင်းသွားပြီး ရေ အောက်မှ မီတာဒါဇင်များစွာအထိ ထိုးထွက် ကာ ကျွန်းငယ်လေးရဲ့ ချောက်ကမ်းပါး ဘေးဘက်ကို ဖြစ်ပေါ်စေခဲ့သည်။
လိပ်ကြီးအတွက် ဝမ်းသာ စရာကောင်း တာက ချောက်ကမ်းပါးရဲ့အောက်ခြေတွင် ဧရာမဂူတစ်ခုရှိနေခြင်းပဲ ဖြစ်သည်။
အကျယ်က မီတာတစ်ရာနီးပါးအထိရှိပြီး အမြင့် မီတာနှစ်ဆယ်ကျော်ရှိသည်။ ဂူ ကအလုံအလောက် ကြီးမားလှ၏။
လိပ်ကြီး မကြောက်ရွံ့ဘဲ ဧရာမပါး စပ်ကျယ် ငါး ကြီး ကို အတွင်းကို ဆွဲသွင်းလိုက်သည်။ ဂူမှာ အပေါ်ဘက်ကို စောင်းနေပြီးအတွင်းပိုင်းမှာ ရုတ်တရက် ပွင့်လာတာကို တွေ့လိုက်ရသည်။
အတွင်းပိုင်းတွင် ဘောလုံးကွင်းအရွယ်ရှိ မြေကွက်လပ် တစ်ခုရှိပြီး ရေအထက်တွင် ခြောက်သွေ့နေသည်။
ထိုဘောလုံးကွင်းအရွယ်ရှိ ဂူ အတွင်းပိုင်းက အတော်လေးခြောက်သွေ့ရုံသာမက တောက် ပ တဲ့ အလင်းရောင်လည်း ရနေသည်။
အကျယ်တစ်ဝက်မီတာနီးပါး ကွေးညွှတ် နေတဲ့ အက်ကွဲကြောင်းမှ တစ်ဆင့် အလင်း ရောင်ကို ဝင်ရောက်နေခဲ့သည်။
'ဝိူး ဒီနေရာက အရမ်း ကောင်းတာပဲ..."
လိပ်ကြီး ရုတ်တရက် အလွန်ပျော်ရွှင် သွားသည်။ ဒါ သူ့အိပ်မက်ထဲတွင် ရှာဖွေနေတဲ့ နေရာပင်ဖြစ်သည်။
သူ ဒီနေရာတွင် ပုံမှန်အားဖြင့် အနားယူနိုင် ပြီး အလွန်အဆင်ပြေလှသည်။ ပင်လယ် သွားရန်လည်း လွယ်ကူကာ ဧရာမဂူလမ်း ကြောင်းတစ်လျှောက်မှ ပင်လယ်ထဲသို့ သွားနိုင်သည်။
လိပ်ကြီး နေထိုင်ရာ နေရာကို ကျေနပ်စွာ ကြည့်ရှုလိုက်ပြီး လက်ထဲမှ ဧရာမပါးစပ် ကျယ်ငါးကြီးကို မြေကြီးပေါ် ချလိုက်ပြီး လှံချွန်ကို ဆွဲထုတ်လိုက်သည်။
ဧရာမပါးစပ်ကျယ်ငါးကြီးကိုကြည့်ရင်း သူ့စိတ်ထဲတွင် ကျေနပ်ကာ တွေးလိုက် မိသည်။
"ဒီလိုမျိုး ကြီးမားတဲ့ငါးက အနည်းဆုံး ငါးရက် ခြောက်ရက်လောက်တော့ စားလို့ရနိုင်တယ်... ဒါပေမဲ့ သူ့အရသာက ဘယ်လိုရှိမလဲတော့ ငါ မသိဘူး"
သူ ပါးစပ်ကိုကျယ်ကျယ်ဖွင့်ပြီး အားရပါးရ ကိုက်လိုက်သည်။ ငါးတစ်တန်ကို တစ်ကိုက် တည်း သူ့ပါးစပ်ထဲကို ထည့်လိုက်ပြီး ဝါးစားတော့သည်။
ချက်ချင်းပင် သူ ပို ပျော်ရွှင်လာသည်။
တံတွေးများက ပါးစပ်ထဲမှ ထွက်ကျလု နီးပါးပင်ဖြစ်နေသည်။
'ဝိုး အရမ်းအရသာရှိတာပဲ ငါ အရမ်း ကြိုက်တယ် "
သူအရင်က စားခဲ့ဖူးတဲ့ ထူးဆန်းတဲ့ ငါးဖြူထက်ပင် အရသာပိုရှိနေသည်။
အရသာအလွန်ကောင်းတာကြောင့် ထပ်မံစားချင်စိတ်ပင်ပေါက်လာပြီး သူ ပါးစပ်ဟကာ ပျော်ရွှင်စွာစားခဲ့ပြီး တစ်ကြိမ်လျှင် တန် ၄၀ မှ ၅ဝ အထိ လိပ်ကြီး စားပစ်ခဲ့သည်။
စားပြီးနောက်တွင် လိပ်ကြီး အိပ်ချင်လာပြီး မြေကြီးပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းနေလိုက်သည်။
ထိုအချိန်တွင် သူ အိပ်ချင်စိတ် ပြည့်ဝ နေတာကို ခံစားရကာ တစ်ချိန်တည်းတွင် အစာအိမ်အတွင်းပိုင်းမှာ နွေးထွေးနေပြီး အပူလှိုင်းတစ်ခုက ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့နေသလို ခံစားလိုက်ရသည်။
ပထမအကြိမ်တုန်းက ဧရာမရေခူ စားပြီ းတဲ့အခါတွင်လည်း ထိုနည်းအတိုင်း ခံစား ခဲ့ရသည်။ ရလဒ်အနေဖြင့် ထိုငါးမျိုးကို စားပြီးနောက်တွင် ဆေးတစ်လုံး စားလိုက် သလို ကြီးထွားလာပြီး ပုံမှန်ထက် ဆယ်ဆ ကျော်ပိုမြန်ခဲ့သည်။
'ဒီငါးမျိုးကလည်း အကျိုးသက်ရောက်မှု့ မျိုးရှိနိုင်မလား'
လိပ်ကြီး တွေးလိုက်မိပေမဲ့ သူ အလွန်အိပ် ချင်နေတာကြောင့် ချက်ချင်းပင် အိပ်ပျော် သွားတော့သည်။
......
ရေအောက်လျှို့ဝှက်အခြေစိုက်စခန်းဖြစ်တဲ့ Fast ကုမ္ပဏီတွင်…..
ရမ်စကော့ ဦးဆောင်ပြီး သူ့နောက်တွင် အဖြူရောင်အင်္ကျီဝတ်ဆင်ထားတဲ့ သိပ္ပံပည ာရှင်အချို့အပါအဝင် လူအများအပြား လိုက်ပါလာသည်။ သူတို့က ဓာတ်လှေကာ းမှတစ်ဆင့် မြေအောက်ခန်းမကို ရောက် လာကြသည်။
အဝေးတွင် မီတာတစ်ရာရှည်လျားတဲ့ မိကျောင်းကြီးက သတိလစ်နေသလို မလှုပ် မယှက်ရှိနေပြီး လူအနည်းငယ်က ဆက်စပ် အလုပ်များကို လုပ်ဆောင် နေကြ သည်။
ရမ်စကော့ရဲ့အကြည့်များက ဧရာမမိ ကျောင်းကြီးပေါ်တွင် မရှိဘဲ ပင်လယ်ဆီ ကိုစောင်းနေတဲ့ ဂူတွင်ရှိနေသည်။
"အကြီးအကဲ ကျွန်တော်တို့ရဲ့ နံပါတ် ၂ က မကြာခင် လမ်းကြောင်းထဲကနေ ဝင်လာ ပါလိမ့်မယ် မကြာခင်မှာ တွေ့ရပါ တော့ မယ်"
သိပ္ပံပညာရှင် တစ်ယောက်က သတင်းပို့ လိုက်သည်။
ရမ်စကော့ ခေါင်းကိုညင်သာစွာ ခါလိုက်ပြီး သူ့က ထိုလမ်းကြောင်းရဲ့ ရေမျက်နှာပြင်ကို စူးစိုက်ကြည့်နေသည်။
" ဗွမ်း...ဗွမ်း... "
ခဏအကြာတွင် တည်ငြိမ်နေတဲ့ရေ မျက်နှာ ပြင်ပေါ်တွင် လှုပ်ရှားမှု့တစ်ခု ရှိလာပြီး မကြာမီတွင် ဧရာမမိကျောင်းခေါင်းကြီးက ထိုနေရာမှ ထွက်ပေါ်လာ ခဲ့သည်။