← Chapters

အိမ်ကို လာလည်တဲ့ ဧည့်သည်များ

Vol. 18 Ch. 262

အိမ်ကို လာလည်တဲ့ ဧည့်သည်များ

Vol. 18 Ch. 262

လူတစ်ဦးမှ အံ့အားသင့်စွာ အော်ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ နံပါတ် ၂ ပြန်လာပါပြီ အရမ်းကောင်းတာပဲ..."

ထိုလူများရဲ့ အကြည့်များ အောက်တွင် ဧရာမမိကျောင်းကြီးက ရေထဲမှတက်လာပြီး ခန်းမထဲရှိ ကွင်းပြင်ကို ရောက်လာခဲ့သည်။

လူတိုင်းနီးပါးရဲ့ မျက်လုံးများက မိကျောင်း ကြီးပေါ်တွင်သာ ရှိနေပြီး နောက်ဆုံးတွင် ထူးခြားမှု့ကို သူတို့ သတိထားမိ လာခဲ့ သည်။ အချို့မှာ အသက်ရှုပင် ရပ်သွား ကြသည်။

"ဘုရားရေ ဒါ အမှန် မဟုတ်ဘူးနော်..."

"ကျွန်တော်တို့ရဲ့ နံပါတ် ၂ က ဘယ်လိုဖြစ် ပြီး ဒီလိုဖြစ်သွားတာလဲ..."

"ဟာကွာ ဘာတွေ ဖြစ်နေတာလဲ..."

နေရာတစ်ခုလုံးတွင် ဆူညံနေပြီး ရမ်စကော့ ပိုမိုဒေါသထွက်ကာ လက်သီးကို တင်းတင်း ဆုပ်ထားသည်။ ဒီမိကျောင်းနှစ်ကောင်က သူ့ရဲ့ အဖိုးတန်လေးများဖြစ်သည်။ နံပါတ် ၂ က ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။

အထူးသဖြင့် တစ်မီတာလောက် အရိုးထိ နက်တဲ့ ဒဏ်ရာတစ်ခုရှိနေသည်။ နောက် ရက်အနည်းငယ်ကြာမှသာ ပြန်လာမယ် ဆိုရင် သူတို့ရဲ့ နံပါတ် ၂ က ချောမွေ့စွာ ပြန်လာနိုင်မလားဆိုတာ မသေချာပေ။

"ဘယ်သူလဲ ..."

"ဘယ်သူက ငါ့ ရဲ့ နံပါတ် ၂ ကို ဒဏ်ရာအပြင်းအထန် ရစေတာလဲကွာ..."

ရမ်စကော့က ဒေါသကြောင့် မျက်လုံးထဲမှ မီးထွက်တော့မဲ့အလား လက်သီးများကို တင်းတင်းဆုပ်ထားသည်။

သိပ္ပံပညာရှင်များက လျစ်လျူ ရှုဝံ့ခြင်း မရှိဘဲ ချက်ချင်းပင် ညွှန်ကြားချက် ကုဒ်မျ ား စွာကို ရိုက်ထည့်လိုက် ကြသည်။ နောက် ဆုံးတွင် မိကျောင်းကြီးက အိပ်ပျော်သွားပြီး သူတို့လူများက စစ်ဆေးမှု့များပြုလုပ်ရန် ချက်ချင်း ဝင်သွားကြသည်။

သူတို့ စစ်ဆေးလေလေ ပို၍ကြောက်ရွံ့ လာလေလေပင်။

မိကျောင်းကိုယ်ပေါ်တွင် ကိုက်ခံ ရတယ် လို့ထင်ရတဲ့ ဒဏ်ရာအချို့ရှိပြီး အချို့ဒ ဏ်ရာများမှာ ထက်မြက်တဲ့ အရာများဖြင့် အထိုးခံရတယ် ဆိုတာ ထင်ရှားနေသည်။

သူတို့စိတ်ထဲတွင် ထိတ်လန့်ကာ အော်လိုက်ကြသည်။

"ဘုရားရေ နံပါတ် ၂ ကို ဒီလိုကိုက်နိုင်တဲ့ တခြားအရာတွေ ရှိသေးလား"

"အထက်မြက်ဆုံးအရာတစ်ခုခုနဲ့ အထိုး ခံရတဲ့ ပုံပဲ ဘာတွေဖြစ်ခဲ့တာလဲ ဘယ် လောက်ကြီးမားပြီး ထက်မြက်တဲ့ဟာလဲ ... ဒီလောက်ကြီးပြီး ထက်မြက်တဲ့အရာကို ဘယ်သူက ကိုင်တွယ်နိုင်မှာလဲ..."

သူတို့ ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။ ဒီအကြောင်းကို တွေးတောရန်အတွက် သူတို့အား အချိန်လုံလောက်စွာ ပေးထားဖွယ်ရှိသည်။

.......

လိပ်ကြီးကတော့ ကောင်းမွန် စွာစားသောက် ခဲ့ပြီး ဒီတစ်ကြိမ်တွင် ဆယ်နာရီကျော် အိပ် ခဲ့သည်။ သူနိုးလာတဲ့ အခါ နောက် နေ့ကိုပင် ရောက်ရှိနေပြီပဲဖြစ်သည်။

'ဝိူး ဒီငါးရဲ့ အရသာက တကယ်ကို ကောင်း တာပဲ ဒီတစ်ကောင်စားပြီးရင် ငါ နောက် တစ်ကောင်ထပ်ဖမ်းရမယ်'

'ဒီနေရာက ငါ့ရဲ့ ယာယီအိမ်အသစ်ပဲ နေလို့ တကယ့်ကိုကောင်းတာပဲ...ဒီနေရာမှာ အိပ် ရတာ တကယ်ကို သက် တောင့် သက် သာ ရှိတယ် တိတ်ဆိတ်ပြီး အနှောင့် အယှက် ဖြစ်မှာကို စိုးရိမ်စရာမလိုဘူး..."

လိပ်ကြီး များစွာတွေးတောပြီးနောက်တွင် စားပြီးပြီဖြစ်တဲ့ ငါးအစိတ်အပိုင်းကို ကြည့် ကာ ပြန်ဆာနေပေမဲ့ ခဏတာ အပြင်ထွက် အပန်းဖြေရန်သာ ဆုံးဖြတ်လိုက်သည်။

ဒါက သူ့ရဲ့ အိမ်အသစ်ဖြစ်သည်။ ပတ်ဝန်း ကျင်အခြေအနေက မည်သို့ရှိသနည်း။

လိပ်ကြီး ဂူထဲမှတစ်ဆင့် ပင်လယ်ကို သွား ပြီး ဆယ်မိုင်အကွာအဝေးပတ်လည်ကို ကြည့်လိုက်သည်။

ဒီနေရာက ကျွန်းများပေါ်တွင် ရှိပြီး ကီလိုမီ တာထောင်ပေါင်းများစွာ ရှည်လျားတဲ့ ရေအောက်တောင်တန်း ဖြစ်နေသည်။

တောင်အချို့က ပင်လယ်ထဲတွင်ပေါ်လာပြီး ကျွန်းများဖြစ်လာခဲ့သည်။

ကျွန်းများရဲ့ဦးတည်ရာတစ်လျှောက်တွင် ရေက သိပ်မနက်ဘဲ မီတာ ဒါဇင် အနည်း ငယ် မှ ရာဂဏန်းအထိ သာ ရှိသည်။

ပင်လယ်ထဲတွင် သတ္တဝါအမျိုးမျိုးမှာ အလွန်ပေါများလှသည်။ ပင်လယ် ကြမ်းပြင်က ရောင်စုံကမ္ဘာတစ်ခုဖြစ်ပြီး ငါးအမျိုးမျိုး ကူးခတ်နေကြသည်။ အချို့ နေ ရာများတွင် ရေမှော်များစွာရှိပြီး ပင် လယ် ကြမ်းပြင်မှာ သစ်တော တစ်ခု သဖွယ် ဖြစ်နေသည်။

တစ်နာရီ၊ နှစ်နာရီခန့် အချိန်ဖြုန်းကာ ပတ် ဝန်းကျင်အသစ်ကို လိပ်ကြီး ကြည့်ရှု လိုက်သည်။ ပတ်ဝန်းကျင်အခြေအနေကို ကြည့်ပြီးနောက်တွင် ဂူအတွင်းရှိ အရသာ ရှိတဲ့ အစားအစာများကို သူ လုံးဝ မစွန့်လွှတ် နိုင်ပေ။

သူ့ အစာအိမ်က ပိုမိုဆာလောင်လာတာ ကြောင့် လိပ်ကြီး က ဝေလငါးဖြူကြီး တစ်ကောင်ကိုပင် ဖမ်းစားလိုက်သည်။

အနည်းငယ်စားပြီးနောက်တွင် အရသာ အလွန်ဆိုးရွားနေတာကို သူခံစားလိုက် ရသည်။

ပင်လယ်စာအလွန်အကျွံစားသုံးလေ့ရှိတဲ့ လူတစ်ဦးက စားသောက်ဆိုင်ငယ်လေးမှ ဟင်းလျာအဆင့်နိမ့်များကို စားချင်သလို ဖြစ်နေသည်။

လိပ်ကြီးက ဂူထဲသို့ ပြန်ဝင်လာသည်။ သမိုင်းမတိုင်မီက ပါးစပ်ကျယ်တဲ့ ဧရာမ ငါးသေကြီးနားရောက်လာပြီး ပါးစပ် ကို ကျယ်ကျယ်ဖွင့်ကာ စားပစ်တော့သည်။ လိပ်ကြီးက နောက်ဆုံးတွင် အဝစားရတဲ့ ခံစားချက်ကို ရရှိသွားပြီး မြေကြီးပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်း နေလိုက် သည်။

ဒီငါးကို စားပြီးနောက်တွင် သူ့ တစ်ကိုယ် လုံးနွေးထွေးနေသလို ခံစားရပြီး အိပ်ချင်စိ တ်ပေါက်လာကာ ခဏအကြာတွင် အိပ်ပျော် သွား တော့သည်။

ဒီတစ်ကြိမ်တွင် ဆယ်နာရီကျော်မအိပ်ခဲ့ဘဲ ငါးနာရီ၊ ခြောက်နာရီခန့်အကြာတွင် လိပ် ကြီး နိုးလာသည်။

နိုးလာပြီးနောက်တွင် ဆာလောင်မှု့ကို ခံစားရပြီး နောက်ထပ် ဗိုက်ပြည့်အောင် စားပြန်သည်။

ဒီရက်များတွင် လိပ်ကြီးက ပုံမှန် စားပြီး အိပ်ခြင်း၊ အိပ်ပြီး စားခြင်းသာ လုပ်နေခဲ့ သည်။ တစ်ခါတစ်ရံ အပြင်ထွက် အပန်း ဖြေပေမဲ့ အချိန် နှစ်နာရီထက် မပိုခဲ့ပေ။

.........

အိမ်ရာရဲ့ဂိတ်ပေါက်ရှေ့တွင်....

လျူကျန်းဖိန် ၊လျူဝမ်ကန်နှင့် လျူဟောင် ယွမ်တို့က ရှေ့မှ တိုက်ခန်းများကိုကြည့်ရင်း အတွင်းကို ဝင်ရန် အနည်းငယ် ကြောက်ရွံ့ နေကြသည်။

သူတို့က လျူယောင်ကိုရှာရန်အတွက် သူတို့ရဲ့ ဇာတိမြို့မှ အထူး တလည် ရောက် ရှိလာကြခြင်း ဖြစ်သည်။ မလာခင်ကပင် သူတို့က လျူယောင်၏ အဖေ ဖြစ်သူ လျူဟုန်ဖူ ကို ဖုန်းဆက်၍ လိပ်စာ တောင်းထားခဲ့ကြသည်။

ဒါပေမဲ့ အခု သူတို့ရဲ့ရှေ့တွင် တိုက်ခန်းမျ ားစွာရှိနေသည်။ ကျေးလက်ဒေသမှ လူများက ဒီလိုမျိုး အိမ်အဆင့်မြင့်မြင့်ကို တစ်ခါမှ မမြင်ဘူးတာကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး အတွင်းထဲဝင်ရန် မဝံ့ရဲဖြစ်နေကြသည်။

"ကျန်းဖိန် ...ငါတို့...ဖုန်းဆက်ပြီး မေးကြည့် လိုက်တာ ပိုကောင်းလိမ့်မယ် ထင်တယ်... "

လျူဝမ်ကန်က ကျေးရွာကော်မတီရဲ့ အတွင်းရေးမှူးဖြစ်တာကြောင့် ထိုသို့ အကြံပြုခဲ့သည်။ လျူဟောင် ယွမ်ဆိုသူက လျူဟုန်ဖူရဲ့ ဝမ်းကွဲ ညီအစ်ကို ဖြစ်သည်။

လျူကျန်းဖိန် ခေါင်းညိတ်လိုက်ပြီး သူ့ဖုန်းကို ထုတ်ကာ ခေါ်ဆိုလိုက်သည်။ ဖုန်းက လျင်မြန်စွာ ချိတ်ဆက်သွားပြီး လျူဟုန်ဖူရဲ့ ပျော်ရွှင်တဲ့ အသံက အထဲမှ ထွက်ပေါ်လာသည်။

"အာ ကျန်းဖိန် မင်းတို့ ရောက်နေပြီလား ငါလာကြိုမယ် ခနစောင့်အုံး...."

မိနစ်အနည်းငယ်ကြာပြီးနောက် လျူဟုန်ဖူ ပျော်ရွှင်စွာဖြင့် ရောက်လာခဲ့သည်။ သူတို့ တစ်ယောက်ကိုတစ်ယောက်တွေ့တဲ့အခါ အလွန်ပျော်ရွှင်ခဲ့ကြသည်။

လျူဟုန်ဖူက စိတ်အားထက်သန်စွာ ပြော လိုက်သည်။

"ကြည့် အဲ့ဒီအဆောက်အအုံက ငါ့အိမ်ပဲ"

တိုက်ခန်းများအတွင်းကို ဝင်လာတဲ့အခါ လျူကျန်းဖိန် ၊ လျူဝမ်ကန်နှင့် လျူဟောင် ယွမ်တို့သုံးဦးမှာ အရာအားလုံးကို အသစ်အဆန်းဖြစ်နေသည့်အလား ဟိုဘက်ဒီဘက် ကြည့်ရှုရင်း လျူအဖွားအို ငယ်စဥ်တုန်းက ပန်းခြံကို ရောက်လာသလို ပုံစံမျိုး ဖြစ်နေသည်။

"မင်းတို့ ယဉ်ကျေးမနေကြပါနဲ့ ကိုယ့် အိမ်လို့ပဲ သဘောထား..လူတိုင်း ကြိုက်တဲ့နေရာမှာ ထိုင်နိုင်ပါတယ်...."

လျူဟုန်ဖူ ပြောလိုက်သည်။

ထိုသုံးဦးက ဆိုဖာပေါ်တွင် သတိထားပြီး ထိုင်လိုက် ကြသည်။

"ဟုန်ဖူ ဒီအိမ်က မင်းရဲ့သားဝယ်ထားတာလ ား အရမ်းကြီးတာပဲကွာ သန်းပေါင်းများ စွာတော့ ကုန်ကျမှာပဲနော်..."

"သန်းပေါင်းများစွာလား.."

ကျေးလက်ဒေသမှလူ များရဲ့မျက်လုံး ထဲ တွင် ဒါက မဖြစ်နိုင်တဲ့ ကိန်းဂဏန်း တစ်ခုဖြစ်သည်။ လျူဝမ်ကန်နှင့် လျူဟောင်ယွမ်တို့က တိတ်တဆိတ် မှင်သက် သွားကြသည်။

လျူဟုန်ဖူ ပြုံးကာ ပြန်ဖြေလိုက်သည်။

"အစကတော့ သန်း ၂၀ ကျော်နဲ့ ဝယ်ခဲ့တယ် လို့ ငါ ကြားတယ် အခုတော့ ငါတို့ လင်မ ယားပဲ အဓိကနေတာလေ ငါ့သမီးကတော့ တစ်ခါတလေမှ ဒီကိုပြန်လာနေတာ..."

"ဘာ "

"သန်း ၂၀ ကျော်လား.."

ရုတ်တရက် လျူကျန်းဖိန် တို့သုံးဦးသား အတူတကွ အသက်ကိုပြင်းပြင်း ရှူလိုက် ကြပြီး သူတို့မျက်နှာပေါ်တွင် ထိတ်လန့် နေတဲ့ အမူအရာများပေါ်လာသည်။ဒီအိမ်ကို အဲ့လောက်စျေးကြီးလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားကြပေ။

ထိုအချိန်တွင် ကျိုးရိူ့ယင်းက သစ်သီးဗ န်းကိုင်လာပြီး စိတ်အား ထက်သန်စွာ ပြောလိုက်သည်။

"အားလုံး အသီးစားကြပါအုံး... စမ်းစာ းကြည့်ကြပါ အရသာကောင်းတယ်..."

ဒီအသီးများအားလုံးက ပြည်ပမှတင်သွင်း လာတဲ့ အဆင့်မြင့်အ သီးများဖြစ်သည်။ သူတို့သုံးဦးက တစ်ခါမှမစားဖူးပေမဲ့ ဒီအကြောင်းကိုမသိဘူးလို့ မဆိုလိုပေ။

အသီးများကို တစ်ချက်ကြည့်လိုက်ရုံနှင့် စျေးကြီးတာ သေချာသည်။

သူတို့သုံးဦးစလုံး အနည်းငယ် စိတ် လှုပ် ရှားနေပြီး အသီးစားရန် မဝံ့ရဲကြ ပေ။ ဒါကြောင့် ကျိုးရိူ့ယင်းက အသီးအချို့ယူပြီး လက်ထဲ ထည့်ပေးလိုက်သည်။

ချယ်ရီသီးတစ်လုံးကို လျူကျန်းဖိန် မြည်းစမ်းကြည့်ပြီးနောက် မေးလိုက်သည်။

"လျူယောင်ကရော ဘယ်မှာလဲ .. အလုပ်သွား ပြီလား..."

"ကုမ္ပဏီမှာ ရှိနေမယ်ထင်တယ်.အခုတော့ သူက တစ်ခါတစ်လေမှ ပြန်လာတာ... သူ့ရဲ့ဗီလာကြီးထဲမှာပဲ အဓိကနေတာလေ..."

လျူဟုန်ဖူ ပြန်ဖြေလိုက်သည်။

"ဘာ "

"လျူယောင်က နောက်ထပ် ဗီလာကြီးကို ထပ်ဝယ်ခဲ့သေးတာလား..."

လျူဝမ်ကန်က သိချင်စိတ်နဲ့ မေးလိုက် သည်။

"လျူယောင်က ဗီလာကို ထပ်ဝယ် ခဲ့တယ် ဆိုတော့ ဧရိယာကလည်း အတော် လေး ကြီးပြီး ငွေတွေအ များကြီး ကုန်ကျခဲ့ မှာပဲ...."

လျူဟုန်ဖူက ဂုဏ်ယူနေတဲ့မျက်နှာနဲ့ ပြန်ဖြေလိုက်သည်။

"အင်း ငါးဧက ခြောက်ဧကလောက် ကျယ်တယ်ထင်တယ်.သန်းတစ်ရာနှစ်ရာလောက် ကုန်ကျခဲ့တယ်လေ...."

"ဘုရားရေ..."

သူတို့သုံးဦး အတူတကွ မှင်တက်သွားကြပြီး ပါးစပ်ဟောင်းလောင်း ဖြစ်နေကြသည်။

ငါးဧက ခြောက်ဧကကို သန်းတစ်ရာ၊ နှစ်ရာသုံးစွဲခြင်းမှာ ဘယ်လို သဘော တရားဖြစ်တယ်ဆိုတာ သူတို့ နားမလည် နိုင်တော့ပေ။

လျူယောင် ချမ်းသာကြောင်းကို သူတို့ သိကြပေမဲ့ ဒီလောက်ချမ်းသာလိမ့်မယ်လို့ တစ်ခါမှ သူတို့မျှော်လင့် မထား ခဲ့ကြပေ။

All Chapters